Ch-74
Viewers 8k

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း 


အပိုင်း (၇၄)


"ကောင်းပါပြီ ဒါဆိုလည်း ဒီအတိုင်းပဲ ဆက်နေကြတာပေါ့" 


"အစ်မဟွမ် ရောက်ပြီပဲ။ သူမကို နှုတ်ဆက်ရအောင်" 


လုယန်က အချစ်ကို ဘယ်လို​ဖော်ပြရမှန်း မသိသော်လည်း သူမကို အိတ်ဆောင်နာရီတစ်လုံး ပေးခဲ့ပေသည်။ အဲ့ဒါက အိတ်ဆောင်နာရီတစ်စုံပေါ့။ ထင်ရှားသည်မှာ ဤခေတ်ကာလရှိ လူတွေက နာရီပေးရတာ ကြိုက်ကြသောကြောင့် အိတ်ဆောင်နာရီတစ်စုံနဲ့ လှည့်စားနေတဲ့ တစ်ယောက်ယောက်ကို သူရှာတွေ့ခဲ့သည်။ သူက သူ့ရဲ့ ကိုယ်ပိုင်ငွေအားလုံးကို အသုံးပြုခဲ့ပြီးနောက် ကျန်ငွေကိုတော့ ချင်းရို့က ပေးချေခဲ့သည်။  


လက်ဖွာတဲ့အမျိုးသားလေးပဲဟေ့! 


အနှီအိတ်ဆောင်နာရီမှာ ငွေရောင်မျက်နှာပြင်နှင့် ရိုးရိုးရှင်းရှင်း ပုံစံလေးဖြစ်ပြီး အလွန်လှပကြည့်ကောင်းလေ၏။ 


သို့သော် အိတ်ဆောင်နာရီကို ဖွင့်လိုက်သည်နဲ့ အတွင်းထဲမှာတော့ ကလေးကလားဆန်နေလျက်။ 


တစ်ဖက်မှာ ဒိုင်ခွက်ဖြစ်ပြီး ကျန်တစ်ဖက်မှာတော့ - 


- တပ်မတော်အရာရှိတစ်ဦးရဲ့ ID ဓာတ်ပုံပင်။ 


ဓာတ်ပုံထဲက အမျိုးသားဟာ ချောမောခန့်ညားတဲ့အသွင်အပြင်ရှိနေပြီး သူက စစ်တပ်ထဲဝင်ကာ စစ်မြေပြင်ကို သွားချင်သကဲ့သို့ ဖော်မပြနိုင်လောက်အောင် တက်ကြွနေတဲ့ အသွင်အပြင်ရှိနေလျက်။ ဒီလိုပုံမျိုးကို လူသိရှင်ကြား ဓာတ်ပုံအဖြစ် သုံးလို့ရပါသည်။ 


ချင်းရို့: "…" 


ချင်းရို့က လုယန်ရဲ့ အိတ်ဆောင်နာရီထဲရှိ သူမရဲ့ ဓာတ်ပုံကို သိချင်သော်လည်း လုယန်က သူမကို မပြခဲ့ပါချေ။ နောက်ပိုင်းတွင်မူ အဲဒီပုံဟာ သူမ အလုပ်လျှောက်လွှာအတွက် ရိုက်ခဲ့တဲ့ IDဓာတ်ပုံဖြစ်ကြောင်း သိခဲ့ရလေသည်။ 


သူမဟာ ချောမောလှပပြီး လေးနက်လွန်းပုံပေါ်​နေသလို သူမသည်လည်း စစ်မြေပြင်သို့ သွားနေရသကဲ့သို့ပင် စိတ်ဓာတ်တက်ကြွနေတဲ့ အသွင်အပြင်ရှိနေခဲ့သည်။ 


နောက်ဆုံးတော့လည်း အဲဒါဟာ အလုပ်အတွက် ဓာတ်ပုံဖြစ်သည်မို့ စိတ်ဓာတ်ကျနေပုံမပေါက်သဖြင့် သူမ ဂုဏ်ယူရမည်ပင်။ 


သူတို့ဇနီးမောင်နှံရဲ့ နာရီပေါ်တွင် အချင်းချင်းရဲ့ ID ဓာတ်ပုံ ရှိနေလျက်။ မျက်နှာသာပေးတာမျိုး လုံးဝမရှိဘဲ အတူတူပင်ဖြစ်လေသည်။ 


ချင်းရို့က ဒီနာရီနှစ်လုံးကို အတူတကွ ကိုင်ထားသည့်အခါ ရှင်းပြရခက်တဲ့ CP ခံစားချက်မျိုးကို အနည်းငယ် ခံစားမိတယ်လို့ ပြောလို့ရပေသည်။ 


ချင်းရို့က အိတ်ဆောင်နာရီကို ရလိုက်သဖြင့် လွန်စွာပျော်ရွှင်နေသော်လည်း မတော်တဆ ပျောက်သွားမှာကို စိုးရိမ်နေမိတာကြောင့် အသုံးပြုရန် ဝန်လေးနေခဲ့သည်။ 


*** 


ချင်းရို့က ရေဒီယိုအသံလွှင့်ဌာနရဲ့ အလုပ်တွေနဲ့ စတင်ရင်းနှီးလာပြီဖြစ်သည်။ အစ်မဖြစ်သူ ချင်းမျန့်က သူမဆီ ဖုန်းခေါ်လာခဲ့ရာ ဖုန်းထဲတွင် သူမမိသားစုလည်း ချုံးကျိုးကျွန်းကို လာတော့မည်ဖြစ်ကြောင်း ပြောပြလာခဲ့၏။ "ဟိုင်းခန်စိုက်ပျိုးရေးခြံမှာ လစ်လပ်နေတဲ့ နေရာရှိတယ်ဆိုလို ငါလျှောက်ထားခဲ့တာ" 


ချင်းရို့က ဒီလိုတိုက်ဆိုင်မှုမျိုးကို မမျှော်လင့်ထားသလို သူမရဲ့ အစ်မနဲ့ ခဲအိုတို့ မကြာခင်မှာရောက်လာလိမ့်မယ်လို့လည်း မမျှော်လင့်ထားခဲ့ပေ။ "ဒီကိုလာဖို့ အချိန်ကောင်းပါပဲ။ ဒီက ဆောင်းရာသီက သိပ်မအေးဘူးဆိုတော့ အသက်ကြီးသူတွေအတွက်လည်း သင့်တော်တယ်။ အစ်မရေ နင့်ယောက္ခမရဲ့ ကျန်းမာရေးကို ဂရုစိုက်လို့ရတာပေါ့ဟယ်" 


"ငါလည်း အဲ့လိုပဲတွေးတယ်" 


"ခဲအိုရော သဘောတူလား?" 


"သဘောတူတယ်" 


ချင်းမျန့်က ဖုန်းချလိုက်၏။ အမှန်တကယ်တော့ သူမခင်ပွန်းက သဘောမတူခဲ့ပေ။ သူ့စိတ်ထဲမှာ ခေါင်းမာလွန်းနေကာ အတွေးတစ်ချို့ကြောင့် ဖြစ်နိုင်ပါတယ်လေ။ 


သူတို့မိသားစုဟာ တက်ကြွတဲ့ ပြုပြင်ပြောင်းလဲရေးသမားအဖြစ် နိုင်ငံတော် တည်ဆောက်ရေးတွင် မြှုပ်နှံထားသည့် နယ်စပ်အခွဲတစ်ခုဖြစ်သော ပင်လယ်ပြင်၏ စွန့်ပစ်စိုက်ပျိုးရေးခြံကို သွားလိုကြသည်။ 


ဒါပေမယ့် သူ့မှာ အမှားအယွင်းတစ်စုံတစ်ရာ မရှိသဖြင့် ပြုပြင်ပြောင်းလဲဖို့ မလိုအပ်ဘူးလို့ တွေးနေခြင်းသာ။ 


သူမ ခင်ပွန်းဖြစ်သူရဲ့ စဥ်းစားတွေးခေါ်ပုံမှာ အနည်းငယ် လွဲချော်နေလေရဲ့။ သူဟာ လုံ့လဝီရိယရှိပြီး လူတွေကို ပညာသင်ကြားပေးတဲ့ ဆရာတစ်ယောက်ဖြစ်ခဲ့ဖူးသလို ကျောင်းသားတွေကိုလည်း စည်းကမ်းတင်းကျပ်သူပင်။ သူက ဘာအမှားမှ မလုပ်ခဲ့ဘူးလို့ သူ့ကျောင်းသားတွေနဲ့ ထိုက်တန်ပါတယ်လို့ တွေးတောနေလျက်။ 


အပေးအယူလုပ်ရင်း တကယ်ပဲ တစ်ခုခုအမှားလုပ်မိသွားသလိုပင်။ 


ချန်မိသားစုဟာ ယခင်က မြင့်မြတ်သော ပညာတတ်မိသားစုဖြစ်ခဲ့ပါသည်။ 


သူတို့ရဲ့သမီး ချန်ကျွမ်းကျွမ်းကို ယခင်က ချန်ကျင်းရှီးလို့ ခေါ်ပေသည်။ နောက်ပိုင်းမှသာ သူမပတ်ဝန်းကျင်ရှိ လိလိ၊ လင်းလင်း၊ ဖန်းဖန်းလိုမျိုး ကျွမ်းကျွမ်းအဖြစ် နာမည်ပြောင်းလိုခဲ့ခြင်းပင်။ 


"ငါမသွားဘူး" ချန်မျန့်က အေးစက်စွာ ငြင်းပယ်လိုက်သည်။ 


"ရှင်မသွားရင်လည်း ကျွန်မ ကလေးနှစ်ယောက်နဲ့ ယောက္ခမကို ခေါ်သွားမယ်" 


လောကကြီးမှာ အမြဲတမ်း ပြောင်းလဲနေတယ်ဆိုတာ အမှန်ပဲလေ။ အတိတ်တုန်းကတော့ သူမရဲ့ ယောက္ခမဟာ ပညာမတတ်တဲ့ သူမကို သိပ်မကြိုက်ပေမယ့် အခုတော့ အဆင်ပြေလာခဲ့ပြီ။ 


ချန်မျန့်က ကြောင်အသွားရလျက် "ငါ့အဖေက သွားချင်တယ်လား?" 


"ရှင့်အဖေက ကျွန်မတို့ကို သွားဖို့အတွက် ထောက်ခံတယ်လေ" 


အရာအားလုံးက အသစ်တစ်ဖန်ပြန်လည် စတင်ခဲ့ပြီး ဒီခင်ပွန်းသည်ကို ထပ်မတွေ့ချင်တော့ပါဘူး။ 


သူမ တခြားတစ်နေရာကို သွားချင်တယ်လေ။ 


ချင်းရို့က အစ်မဖြစ်သူ မိသားစု ရောက်လာတော့မှာကို သိလိုက်ရလို့ ပျော်ရွှင်နေလေပြီ။ သူမက သူမတူလေး ချန်ကျင်းရိကို ပွေ့ဖက်ကာ နမ်းလိုက်ရင်း "ငါတို့ကျင်းရိလေးရဲ့ မိဘတွေ လာနေပြီဟေ့" 


"အမေ...အမေ?" 


"ဒေါ်လေး!" 


ချင်းရို့ ထွက်လာချိန်တုန်းက သူမရဲ့ အစ်မဖြစ်သူနဲ့ သတို့မိသားစုကို ဓာတ်ပုံရိုက်ယူခဲ့ပြီး ကျင်းရိလေးကို မကြာခဏဆိုသလို မှတ်မိအောင် သင်ပေးခဲ့သဖြင့် ကလေးဟာ သူ့မိဘတွေကို မှတ်မိနေဆဲ။ 


ချင်းရို့က အစ်မဖြစ်သူနဲ့ ခဲအိုတို့ရဲ့ အလုပ်ကို ပြောင်းစေချင်သေးသော်လည်း အရင်ကလောက် မပြင်းထန်တော့ပေ။ ချင်းရို့က ကျောင်းအုပ်ဝူမင်ထံ သွားမေးထားခဲ့ပေမယ့် သူမဖက်က သတင်းတစ်ခုကို ရထားခဲ့သည်။ ကျွန်းပေါ်မှာ ပညာရေးနှင့် ပတ်သက်ပြီး အရင်းအမြစ် နည်းပါးလှသလို ဆရာ၊ ဆရာမကောင်းတွေလည်း ရှားပါးလာခဲ့ပါသည်။ 


"သူ့ကို အထက်တန်းဂျူနီယာအတန်းမှာ ဆရာလုပ်ဖို့ စီစဉ်ပေးလို့ရတယ်" 


"မင်းရဲ့ခဲအိုက အထက်တန်းကျောင်းဆရာတစ်ယောက်ဖြစ်ဖို့ဆို လုံလုံလောက်လောက် တော်နေပါပြီ" 


ဘာသာပြန်သူမှာ ပြောစရာရှိပါတယ်။ 


အင်း ဒီအပိုင်းကို ဘာသာပြန်ရတာ သိပ်စိတ်တိုင်းမကျဘူးဖြစ်နေတယ်။ ချင်းရို့အစ်မ မိသားစုအကြောင်း၊ သူ့ယောကျ်ားက ဘာဖြစ်သွားတာလဲဆိုတာတွေကို ကိုယ် ဖတ်ပြီးသလောက်ထိလည်း မတွေ့မိသေးလို့ Etranအတိုင်းပဲ ရေးထားလိုက်တယ်နော်။ 


Thanks for reading!