🍵Chapter 379 [End of Story]
ချွေ့ရုန်ရုန်နှင့် နှုတ်ဆက်လိုက်ပြီးနောက်တွင် ထုံရွှယ်လူက ချမ်ချိုက်ရှင်း၏ကိစ္စကိုစိတ်ထဲမှထုတ်လိုက်သည်။
အတိတ်တွင် ဘယ်လိုဘဲရှုပ်ထွေးနေခဲ့ပါစေ အခုချိန်၌အသုံးမဝင်တော့ပေ။
သုံးရက်မြောက်နေ့တွင် သူမက ကလေးနှစ်ယောက်နှင့်အတူ ပြည်မသို့ပြန်လာရန်လုပ်ကာ စုယွဲ့ရှန်း၏လက်ထောက်က ပေကျင်းသို့ပြန်သယ်မည့်ပစ္စည်းများကိုစီစဉ်ပေးလာသည်။
သူ့မိန်းမနှင့် ကလေးများက မြို့တော်မှလဝက်ကြာအောင်ထွက်သွားသော်လည်း ဝမ်ရူကွေ့အတွက်မူ နှစ်ချီနေသည်ဟုတောင်ထင်ရသည်။
အထူးသဖြင့် သူ့သားက ထုံရွှယ်လူသည်အခြားယောက်ျားတစ်ယောက်ကြောင့်ငိုခဲ့ကြောင်းပြောပြလာသောအခါ သူကဟောင်ကောင်သို့ ပျံသွားချင်သွားသည်။
ပေကျင်းသို့လာရန်ခက်ခဲသဖြင့် သူက ရှန်းကျန့်မြို့တွင်ကားဖြင့်လာကြိုလိုက်သည်။
ဝမ်ရူကွေ့က ဟိုင်ခန်းမသို့ တစ်နာရီအကြာတွင်ရောက်လာကာ စောင့်နေလိုက်သည်။
ပင်လယ်ကူးနေသည့် လူသိပ်မရှိသဖြင့် သူကထုံရွှယ်လူတို့မြန်မြန်ရောက်လာမည်ဟုထင်လိုက်သည်။သို့သော်နာရီဝက်ကြာသွားသော်လည်း ဘယ်သူ့ကိုမှမတွေ့ရသေးပေ။
အချိန်ကတဖြေးဖြေးကုန်လာရာ ဝမ်ရူကွေ့မျက်မှောင်ကြုတ်လိုက်မိသည်။
သူ့ယောက်ဖက အိုးပူပေါ်မှပုရွက်ဆိတ်တစ်ကောင်လိုဖြစ်နေသည်ကိုမြင်သောအခါ ရှောင်းကျားမင်ကနှစ်သိမ့်လိုက်၏။
“ယောက်ဖ စိတ်မပူပါနဲ့၊ တစ်ခုခုကြောင့်နောက်ကျနေတာဖြစ်မှာ ဒီနေ့ကလူအများကြီးမှမရှိတာ မကြာဘူးထွက်လာတော့မှာပါ”
ဝမ်ရူကွေ့က စိတ်လွတ်နေပြီး အင်းဟုအသံပြန်ပြုကာ ထွက်ပေါက်ကိုဘဲဆက်ကြည့်နေလေသည်။
နောက်ထပ်နာရီဝက်ကျော်သွားသော်လည်း ဘယ်သူ့ကိုမှမတွေ့ရသေးပေ။
ရှောင်းကျားမင်တောင်မှ စိတ်မသက်မသာဖြစ်လာသည်။
“ကျွန်တော်ဦးလေးစုကိုဖုန်းခေါ်ပြီး သူ့လက်ထောက်နဲ့ အဆက်အသွယ်ရမရမေးလိုက်ဦးမယ်”
အခုချိန်တွင်မိုဘိုင်းဖုန်း၊ တယ်လီဖုန်းနှင့် ပေဂျာစက်များရှိနေပြီဖြစ်သော်လည်း ပြည်မကြီးနှင့်ဟောင်ကောင်၏ ဆက်သွယ်ရေးမှာမတူပေ။ ဟောင်ကောင်သို့ရောက်လျှင် ပေဂျာစက်များကို သုံးမရတော့သဖြင့် သူတို့ကိုဆက်သွယ်ရန်နည်းလမ်းမရှိပေ။
ဝမ်ရူကွေ့က ပြန်တုံ့ပြန်တော့မည့်အချိန်တွင် ပင်လယ်ကူးလာသည့်လူများ၏အသံကိုကြားလိုက်ရသည်။
“နင်တို့ဒီနေ့လာတာ ဘာလို့နာရီဝက်လောက်နောက်ကျနေတာလဲ”
“ကားမတော်တဆမှုဖြစ်သွားလို့လေ အိမ်စီးကားနဲ့ ကုန်တင်ကားတစ်စီးက ငါတို့ရှေ့မှာတင်တိုက်သွားတာ တစ်ယောက်လား၊သုံးယောက်လားမသိ နေရာမှာတင်ပွဲချင်းပြီးဆုံးသွားတယ်”
“ဘုရားရေ ဒါကအရမ်းကြောက်ဖို့ကောင်းလိုက်တာ”
“ဟုတ်ပါ့ ငါကြားတာတော့ အဲ့ဒါကအမြွှာလေးနှစ်ယောက်နဲ့အမေတစ်ယောက်ဆိုဘဲ ကလေးတွေကကားတိုက်ပြီးတဲ့နောက်မှာ ဒဏ်ရာတွေနဲ့ သွေးတွေရွှဲနေကြတာ၊ ငါဖြင့်သေမတတ်ကြောက်သွားရတာပါဆို”
တစ်ယောက်၊ဒါမှမဟုတ်သုံးယောက်။
အမေငယ်ငယ်လေး၊ အမြွှာတွေ။
သွေးသံတရွှဲရွှဲဖြစ်နေကြတယ်။
ဝမ်ရူကွေ့ရင်ထဲတွင် ဒိန်းခနဲဖြစ်သွားကာ သူ့မျက်လုံးများကနက်မှောင်လာပြီး သွေးအန်မိလုနီးပါးဖြစ်သွားသည်။
သူက ထိုလူများဆီသို့ပြေးသွားကာ ရူးသွပ်နေသလိုမေးလိုက်သည်။
“ကလေးတွေက ကောင်လေးတစ်ယောက် ကောင်မလေးတစ်ယောက်လားဟင်၊ အမေဖြစ်သူကရော အသက်ရှင်နေသေးလား”
စကားပြောနေသောလူနှစ်ယောက်သည် သူ့ကြောင့်လန့်သွားကာ ဆဲဆိုတော့မည့်အချိန်၌ တစ်ဖက်လူက အလွန်ခန့်ညားပြီး စိတ်လောနေသည်ကိုမြင်သောအခါ ကျိန်ဆဲမည့်စကားလုံးများကို ပြန်မြိုချလိုက်သည်။
“မင်းက သူတို့ရဲ့ဆွေမျိုးတော့ မဟုတ်လောက်ဘူးမလား၊ ငါကနည်းနည်းဝေးတဲ့နေရာမှာရှိနေတော့ ရောင်စုံစကတ်လေးဝတ်ထားပြီး ဆံပင်ခါးလောက်ရှိတဲ့ မိန်းကလေးတစ်ယောက်ကိုဘဲမြင်လိုက်တယ်၊ ငါ့အမေပြောတာတော့ သူတို့က နေရာမှာဘဲ ဆုံးသွားတယ်တဲ့”
" "..."
ဝမ်ရူကွေ့၏မျက်နှာက ဖြူလျော်လာကာ ချက်ချင်းဆိုသလို သူ့မျက်နှာပေါ်မှ သွေးများဆုတ်ယုတ်သွားလေသည်။
သူတို့ပြန်မလာခင်တွင် ဖုန်းပြောခဲ့ကြကာ သူ့သမီးကဒီနေ့တွင်အရောင်စုံစကတ်လေးကိုဝတ်ထားကြောင်းပြောပြခဲ့၏။
သူ့လက်များက တုန်ယင်လာ၏။
မဟုတ်ဘူး သူတို့မဖြစ်နိုင်ပါဘူး။
ဘေးဘက်မှရှောင်းကျားမင်ကလည်း အလွန်ပူပန်လာ၏။
“ယောက်ဖ မစိုးရိမ်နဲ့နော် ကျွန်တော်အခုဘဲ ဦးလေးရှန်းကို ဖုန်းဆက်ကြည့်လိုက်မယ်”
သူဖုန်းထုတ်ပြီးဆက်လိုက်သောအခါ စုယွဲ့ရှန်းက လျင်မြန်စွာဖုန်းကိုင်လာသည်။
သို့သော်ကိစ္စများက မချော့မွေ့လာပေ။စုယွဲ့ရှန်းကလည်း သူ့လက်ထောက်ကိုဆက်သွယ်လို့မရပေ။
အဆက်အသွယ်ကိုချော့မွေ့စေရန်အတွက် သူ့လက်ထောက်ကို ယွမ်တစ်သောင်းကျော်သည့် မိုဘိုင်းဖုန်းအား အထူးတလည်ဝယ်ပေးလိုက်ခြင်းဖြစ်သည်။ တစ်ဖက်လူပြန်ရောက်လာပါက ဆက်သွယ်နိုင်ရမှာဖြစ်သည်။သို့သော်အခုတွင်မူ ဖုန်းဆက်၍မရပေ။
ဖုန်းချပြီးသောအခါ ရှောင်းကျားမင်၏မျက်နှာက အနည်းငယ်ဖြူဖျော့လာပြီး သူ့မျက်လုံးများကနီရဲလာသည်။
“ဦးလေးစုကပြောတယ် ......ဆက်သွယ်လို့မရဘူးတဲ့”
ဝမ်ရူကွေ့က သူ့ကိုကြောက်စရာကောင်းစွာကြည့်ကာ ဘာမှမပြောလာပေ။
ရှောင်းကျားမင်က သူ၏ဝမ်းနည်းမှုနှင့်စိုးရိမ်မှုများကို ဖိနှိပ်လိုက်သည်။
“ယောက်ဖ ဒီကိစ္စကတကယ်ဟုတ်မဟုတ် မသိရသေးဘူးလေ၊ အစ်မတို့ကအခုမှပြန်လာနေတာလည်းဖြစ်နိုင်တယ် ကိုယ့်ကိုကိုယ်မခြောက်လိုက်ပါနဲ့”
ဒေါက်တာချန်းက လူနာသည်လှုံ့ဆော်မှုမခံရသရွေ့ စိတ်ကစဉ့်ကလျားရောဂါတွင် တစ်သက်လုံးပြန်ဖြစ်လာမည်မဟုတ်ကြောင်းပြောပြခဲ့သည်။
ယခုတွင်မူ......
ရှောင်းကျားမင်သည် သူ့အစ်မနှင့်ကလေးများ တစ်ခုခုဖြစ်သွားပါက သူ့ယောက်ဖသည်လည်း သေသွားနိုင်ကြောင်းခံစားမိသွားသည်။
ဝမ်ရူကွေ့က ခနလောက်ငြိမ်သွားပြီးနောက် ရုတ်တရက်ပင်လယ်ခန်းမဆီလျှောက်သွားသည်။
ရှောင်းကျားမင်က နောက်မှအမြန်လိုက်သွားသည်။
“ယောက်ဖ ဘာလုပ်မလို့လဲ”
“ရွှယ်လူက ဘာမှဖြစ်မှာမဟုတ်ဘူး၊ သူကဒီတစ်သက်လုံးမှာ ငါ့ကိုစွန့်ပစ်မသွားဘူးလို့ ကတိပေးထားတယ် ငါသူ့ကိုသွားရှာချင်တယ်”
ဝမ်ရူကွေ့၏မျက်လုံးများကနက်ရှိုင်းနေပြီး သူ့မျက်လုံးများ၏အောက်ခြေတွင် အတွေးတစ်ခုသာကျန်တော့သည်။
သူ ထုံရွှယ်လူကိုသွားရှာချင်သည်။သူတို့သေမည်ဆိုလျှင်တောင်မှ အတူတူသေရလိမ့်မည်။
ရှောင်းကျားမင်က သူ့ယောက်ဖတစ်ယောက် သူ့အစ်မအကြောင်းကိုသာပြောပြီး ကလေးနှစ်ယောက်မပါသည်ကိုကြားလိုက်ရသောအခါ စိတ်ထဲတွင်ညည်းညူလိုက်မိသည်။
“ယောက်ဖ စိတ်ကိုငြိမ်ငြိမ်ထားပါ ယောက်ဖဆီမှာ ဘာအချက်အလက်မှမရှိဘူးလေ ဒီလိုမျိုးတိုးဝင်သွားရင် အဖမ်းခံရလိမ့်မယ်”
သုတေသီများအနေဖြင့် သူတို့သည်ခွင့်ပြုချက်မပါဘဲ ပြည်မကြီးမှထွက်ခွာခွင့်မရှိပေ။ထို့ကြောင့် ဝမ်ရူကွေ့က ဟောင်ကောင်ကိုမလိုက်သွားနိုင်ခြင်းဖြစ်သည်။
ဝမ်ရူကွေ့က ရှောင်းကျားမင်၏စကားများကိုမကြားသလို အခြားဘာအသံကိုမှမကြားတော့ပေ။ထုံရွှယ်လူတစ်ယောက်တည်းကသာ သူ့စိတ်ထဲတွင်ကျန်နေခဲ့သည်။
သူမကိုရှာရမယ်။
ရှောင်းကျားမင်က သူ့ယောက်ဖ၏လက်မောင်းကို လှမ်းဆွဲလိုက်သည်။
သို့သော် ဝမ်ရူကွေ့ကအလွန်သန်မာကာ အထူးသဖြင့်သူစိတ်လွတ်နေသည့်အချိန်မျိုး၌ဖြစ်သည်။သူက ဆတ်ခနဲခါလိုက်ရုံဖြင့်တင် ရှောင်းကျားမင် လဲကျသွားသည်။
ဝမ်ရူကွေ့က ငရဲမှာတက်လာသည့် အဇူရာလိုပင် ပင်လယ်ခန်းမဆီသို့လျှောက်လာခဲ့သည်။
ရှောင်းကျားမင်က ကုန်းထကာ သူ့ကိုပြေးဆွဲလိုက်သည်။ဤမြင်ကွင်းကိုမြင်လိုက်ရသည့် ဆိပ်ကမ်းဝန်ထမ်းများသည် ရန်သူတစ်ယောက်ကိုရင်ဆိုင်နေရသည့်အတိုင်း ဝမ်ရူကွေ့ကိုသတိတကြီးကြည့်လာကြသည်။
ဝန်ထမ်းများက ဝမ်ရူကွေ့ကိုပြေးဖမ်းတော့မည့်အချိန်တွင် ဆန့်ကျင်ဘက်ဝင်ပေါက်မှ အသံတစ်ခုထွက်လာလေသည်။
“ရူကွေ့ ရှင်ဘယ်ကိုသွားနေတာလဲ”
ရှောင်းကျားမင်က တုန်ယင်သွားပြီး လှည့်ကြည့်လိုက်သောအခါ သူ့အစ်မနှင့် ကလေးနှစ်ယောက်ကိုမြင်လိုက်ရသည်။သူတို့သုံးယောက်က ဝင်ပေါက်နားတွင်ရပ်ကာ သူတို့ကိုကြည့်နေ၏။
သူ့နှာခေါင်းကကျင်ခနဲဖြစ်သွားကာ ငိုမိတော့ပေမည်။
“ယောက်ဖ အစ်မက ဟိုမှာလေ”
ဝမ်ရူကွေ့သည် ထုံရွှယ်လူအသံကိုကြားလိုက်ကတည်းက ရှောင်းကျားမင်ကိုတွန်းထုတ်ကာ ခြေတံရှည်များဖြင့် ထုံရွှယ်လူဆီပြေးသွားလိုက်ပြီးဖြစ်သည်။
နောက်သို့သုံးလှမ်းလောက်အတွန်းခံလိုက်ရသည့် ရှောင်းကျားမင် :? ? ?
ဝမ်ရူကွေ့က အပြေးသွားကာ သူ့ကိုယ်ထဲ၌ ထုံရွှယ်လူကို ထွေးပွေ့ထားတော့မလို အင်အားမျိုးဖြင့် ပွေ့ဖက်လိုက်သည်။
ထုံရွှယ်လူက ဘာဖြစ်နေသည်ကိုမသိသော်လည်း ဝမ်ရူကွေ့၏ကြောက်လန့်မှုနှင့် တုန်ယင်နေမှုများကိုခံစားမိသည်။
သူက သူမကိုတင်းတင်းဖက်ထားကာ သူ့ရင်ခွင်နှင့်လက်မောင်းများကတုန်ယင်နေပြီး သူ့လက်များကရေခဲတမျှအေးစက်နေလေသည်။
ထုံရွှယ်လူက သူမလက်ထဲမှအိတ်ကိုပစ်ထုတ်ကာ ဝမ်ရူကွေ့ကိုပြန်ဖက်လိုက်သည်။
“ကျွန်မက ဒီမှာလေ”
ထိုရိုးရှင်းသည့် စကားလုံးလေးလုံးက စိတ်ငြိမ်ဆေးတစ်လုံးလိုပင် ဝမ်ရူကွေ့၏ကိုယ်ကတုန်နေသည်ကိုရပ်သွားစေသည်။
သူမ ဘာမှမဖြစ်ဘူး။
သူမက သူ့ကိုထားမသွားဘူး။
ဝမ်ရူကွေ့က သူ့ကိုယ်အစိတ်အပိုင်းများက ပြန်လှုပ်ရှားလာပြီး သွေးများလည်းပြန်ရွေ့လျားနေကာ ကိုယ်အပူချိန်က ဖြေးဖြေးချင်းပြန်တက်လာသည်ကို ခံစားမိသွားသည်။
“ကိုယ့်ကို ထပ်မထားသွားနဲ့တော့နော်”
ဝမ်ရူကွေ့က သူမလည်ပင်းဆီသို့ မျက်နှာအပ်လာသည်။
ထုံရွှယ်လူက သူမလည်ပင်းဆီမှ စိုစွတ်မှုကိုခံစားလိုက်ရသောအခါ လန့်သွား၏။
“ဟုတ်ပါပြီ ကျွန်မရှင့်ကို မထားသွားတော့ဘူးနော်”
ဝမ်ရူကွေ့က သူမခါးကိုလှမ်းဖက်လိုက်ကာ ခြေတံရှည်များဖြင့် ပင်လယ်ခန်းမဆီမှထွက်သွားလေသည်။
ရှောင်းကျားမင် :?
ထုံယန်းယန်:? ?
ဝမ်ကျင်းရန်:? ? ?
ယောက်ဖ/အဖေ ကျွန်တော်တို့/သားတို့ကျန်နေသေးတယ်လေ။
ဝမ်ရူကွေ့က ဘယ်သူ့ကိုမှမမြင်တော့ပေ။သူက ရှောင်းကျားမင်ကိုမသိသလို သူ့သိပ်ချစ်ရသည့် သားသမီးများကိုလည်း သတိမရတော့ပေ။သူမက ထုံရွှယ်လူကိုကားထဲဝင်စေကာ ဟိုတယ်သို့မောင်းသွားလိုက်သည်။
သူတို့ဟိုတယ်သို့ရောက်ရောက်ချင်းပင် ဝမ်ရူကွေ့က သူမကိုပြင်းထန်စွာနမ်းရှိုက်လာပြီး သူမအင်္ကျီများကိုလည်း ခက်ထန်စွာစုတ်ဖြဲလာ၏။
သူက အရင်တုန်းကမရှိခဲ့ဖူးသည့် ရက်စက်မှုမျိုးဖြင့် သူမကိုကြမ်းတမ်းစွာအပိုင်ယူလာသည်။
အခန်းထဲတွင် လေအေးပေးစက်မရှိပေ။ သူတို့နှစ်ယောက်က အချင်းချင်းဆက်နွယ်ထားကာ ချွေးများစိုရွှဲနေကြ၏။
ဘဝ၏သဟဇာတဖြစ်မှုသို့ရောက်သွားသောအခါ သူကသူမကိုတင်းကြပ်စွာပွေ့ဖက်လိုက်သည်။
“မင်းမရှိရင် ကိုယ်ကဝမ်ရူကွေ့မဟုတ်တော့ဘူး”
သူအပြင်းအထန်နေမကောင်းဖြစ်နေချိန်တွင် သူမကသာ သူ့ကိုအသူတရာချောက်နက်ထဲမှ ဆွဲထုတ်ပေးခဲ့၏။
ထိုအချိန်မှစ၍ သူ့ဘဝကသူမအပိုင်သာဖြစ်သည်။
ထုံရွှယ်လူက သူတုန်နေသည်ကိုခံစားမိသဖြင့် သူ၏လည်စိကို မက်မောစွာနမ်းလိုက်သည်။
“ကျွန်မက ရှင့်ဘေးနားမှအမြဲရှိသွားပေးမှာ”
သူမက ဆံဖြူသွားကျိုးသည့်အချိန်ထိ သူ့ကိုအဖော်ပြုပေးမှာဖြစ်သည်။
သူတို့အသက်ကြီးလာသောအခါ မီးပုံဘေး၌ထိုင်ပြီး အတိတ်ကအိပ်မက်များအကြောင်းကို အတူတူဖတ်ကြမည်။
သူမ၏ဘဝအဆုံးတိုင်အထိ သူ့ကိုအဖော်ပြုပေးသွားမှာဖြစ်သည်။
🍵
နှစ်တွေအများကြီးကြာသည့်နောက်တွင် ဝမ်ကျင်းရန်က ရူပဗေဒတွင်နိုဘယ်ဆုရသည့် တရုတ်နိုင်ငံ၏ပထမဆုံးအမျိုးသမီးဖြစ်လာခဲ့သည်။
သူမက စတော့ဟုမ်းမြို့တော်၏ ဆုချီးမြှင့်သည့်စင်မြင့်ပေါ်၌ရပ်နေ၏။သူမက ဆုရခြင်း၏စိတ်လှုပ်ရှားမှုအကြောင်းမပြောသလို ခက်ခဲမှုများကိုလည်းမပြောပေ။သူမက သူမမိဘများအကြောင်းပြောလာ၏။
“ကျွန်မဘဝမှာ အကြီးမားဆုံးလွှမ်းမိုးမှုက ကျွန်မမိဘတွေပါဘဲ၊ သူတို့ရဲ့ဆက်ဆံရေးက ကျွန်မကိုစိတ်လှုပ်ရှားစေပြီး အင်အားပေးခဲ့တယ်၊ သူတို့ဘဝကို စာအုပ်ထဲကကဗျာတွေလိုမျိုး အကောင်းဆုံးဖြတ်သန်းနေကြတာ 'ငါတို့က ကြီးမားတဲ့နှောင်ကြိုးတွေနဲ့ မွေးဖွားလာပြီး အိုတဲ့အထိအတူလက်တွဲသွားကြမှာ' ဆိုသလိုပေါ့”
“ကျွန်မအဖေက ကျွန်မတို့မောင်နှမကိုအရမ်းချစ်တယ်၊ တစ်ချိန်တုန်းက ကျွန်မကိုယ်ကျွန်မ အဖေရဲ့အချစ်ဆုံး အနွေးဂျက်ကတ်လေးလို့ထင်ခဲ့ဖူးတယ် နောက်ပိုင်းမှာ ကျွန်မသိလိုက်ရတာက ကျွန်မအမေနဲ့ယှဉ်လိုက်ရင် ကျွန်မကခွေးစာတွေစားနေရတဲ့ တစ်ကိုယ်တည်းသမားခွေးလေးတစ်ကောင်ဘဲဆိုတာကိုပေါ့...”
ထိုရယ်စရာစကားလုံးများက ပရိသတ်များကို ပွဲကျသွားစေသည်။
🍵
ဝေးကွာသောတရုတ်ပြည်မှ ဗီလာတစ်ခုတွင်။
ဝမ်ရူကွေ့က ငှက်သိုက်တစ်ပန်းကန်ကိုကိုင်ကာ မီးဖိုထဲမှထွက်လာခဲ့သည်။
“ပူနေတုန်းသောက်လိုက်နော်”
ထုံရွှယ်လူက တီဗီကြည့်နေ၏။
“ရန်ရန်ပြောတာကြည့်ပြီးမှ သောက်လိုက်မယ်”
ဝမ်ရူကွေ့က သူမဘေးတွင်ထိုင်ကာ ငှက်သိုက်တစ်ဇွန်းခွံ့ကျွေးလာ၏။
“ကိုယ်မင်းကို ခွံ့ပေးမယ်”
“ဟုတ်ပြီလေ”
ကိုယ့်ဘဝဆုံးသွားသည်အထိ မင်းကကိုယ်ရဲ့ရတနာလေးဖြစ်နေမှာပါ။
🍵🍵🍵 ပြီးပါပြီ 🍵🍵🍵
Translated By - IQ Team
Thank youuu♥️