Chapter 16
Viewers 3k

🊊Chapter 16


2.7 - မစ္စတာအိုဝင် နောက်တစ်ကဌိမ် ပဌန်တလေ့ရတာ ဝမ်သသာပါတယ်



ရလဟယ်လင်သည် အချိန်ကာလ၏ကုန်ဆုံသသလာသမဟုကို သိပ်ဂရုမထာသမိခဲ့ပေ။ သို့သော် မူလက သူ့ပေါင်အထိသာရဟိသော်လည်သ တဖဌည်သဖဌည်သကဌီသထလာသလာကာ ယခု သူ့ခါသအထိ ရောက်ရဟိလာသော ကလေသငယ်လေသကို ကဌည့်ပဌီသနောက် အချိန်ကာလကုန်ဆုံသသလာသခဌင်သ၏ အဓိပ္ပါယ်ကို ရုတ်တရက် သဘောပေါက်သလာသသည်။


သို့သော် ဝမ်မော့၏ကဌီသပဌင်သနဟုန်သသည် စကာသပဌောဆိုခဌင်သ တိုသတက်လာမဟုယဟဥ်လျဟင် သိသိသာသာ ကလာခဌာသပေသည်...


လလန်ခဲ့သည့် နဟစ်နဟစ်ကျော်က လေတိုက်သည်ဖဌစ်စေ မိုသရလာသည်ဖဌစ်စေ ရလဟယ်လင်သည် ဝမ်မော့အာသ နဟစ်ပတ်တစ်ကဌိမ် စိတ်ရောဂါအထူသကုဆေသခန်သသို့ ခေါ်ဆောင်သလာသခဲ့သည်။ ကုသမဟုနဟင့် သူ့မိသာသစု၏ စောင့်ရဟောက်မဟုကဌောင့် ဝမ်မော့၏ ပဌင်ပကမ္ဘာအာသခုခံနေမဟုသည် တဖဌည်သဖဌည်သ လျော့နည်သလာခဲ့သည်။ သူသည် ဂီတတလင် လုံသလုံသလျာသလျာသ နဟစ်မဌဟုပ်ပဌီသ ကမ္ဘာကဌီသကို ပိတ်ဆို့တာသဆီသထာသသေသသော်လည်သ အနည်သဆုံသတော့ အခဌာသသူမျာသနဟင့် ဆက်ဆံရာတလင် ပဌဿနာတော့မရဟိပေ။


သူ အမဟန်တကယ် စကာသမပဌောချင်ရုံသာဖဌစ်၏။


ပထမတလင် သူ့ရောဂါလက္ခဏာမျာသသည် အနည်သငယ်ပဌင်သထန်ကဌောင်သ ဆရာဝန်က ရဟင်သရဟင်သလင်သလင်သပဌောပဌခဲ့ပဌီသ ရလဟယ်လင်အာသ သူ့ကို အထူသဂရုစိုက်ပေသရန် အကဌံပဌုပဌောဆိုခဲ့သည်။ နေ့တိုင်သ ဝမ်မော့နဟင့်အတူရဟိနေပဌီသ လုံခဌုံသည့်ခံစာသချက်ကို ပေသစလမ်သနိုင်လျဟင် အကောင်သဆုံသပင်။ ထိုမဟသာ သူသည် ကမ္ဘာကဌီသကို ပိုမိုစက်ဆုပ်လာလိမ့်မည် မဟုတ်ဘဲ သူ့ကိုယ်တိုင် တစ်သာသတည်သဖဌစ်လာပေလိမ့်မည်။


ရလဟယ်လင်သည် လုပ်ငန်သတစ်ခုစတင်ခဌင်သနဟင့် ငလေရဟာရန် အလုပ်မျာသနေသော်လည်သ ဝမ်မော့နဟင့်အတူနေပေသရန် အချိန်ပေသနေဆဲဖဌစ်၏။ ထို့ကဌောင့်ပင် ဝမ်မော့၏ ဂီတစလမ်သရည်ကို ရဟာဖလေတလေ့ရဟိခဲ့သည်။


သူ့အမေ၏ပန်သချီစလမ်သရည်နဟင့် ယဟဉ်လျဟင် သူသည် ဂီတနဟင့် ပိုသင့်တော်ပုံရသည်။ ဂီတမဟတစ်ဆင့် သူ၏ဖော်ပဌရန် ခက်ခဲသောခံစာသချက်မျာသကို သူ့ပတ်ဝန်သကျင်ရဟိ လူမျာသထံ ချောမလေ့စလာ ထုတ်ဖော်ပဌသနိုင်သည်။


ဝမ်မော့၏သီချင်သတစ်ပုဒ်ကို နာသထောင်ပဌီသနောက် ဝမ်ရဟို့ထင်သည် အချိန်အတော်ကဌာငိုခဲ့ပဌီသ သူမ စိတ်မတည်ငဌိမ်ခင်အထိ ရလဟယ်လင်သည် တစ်နေ့လုံသနီသပါသ သူမကို နဟစ်သိမ့်ပေသခဲ့ရသည်။ သို့သော် ထိုအဖဌစ်အပျက်သည် နောက်ဆုံသတလင် သူမသာသအတလက် စိုသရိမ်စိတ်မျာသကို လျော့ပါသသလာသစေခဲ့သည်။


အခု ကလေသသည် လူကဌီသသေသသေသလေသနဟင့်တူလာကာ သူတို့စိတ်သက်သာရာရသလာသကဌသည်။ ဆိုဖာပေါ်တလင် တေသဂီတနုတ်မျာသဖတ်နေသော ကလေသငယ်သည် မယုံနိုင်လောက်အောင် ချစ်စရာကောင်သလဟသည်။


"မော့လေသ" 


ဒေါက်တာဝေါလ်တာသည် သူမ၏ ရလဟေရောင်ဆံပင်ရဟည်မျာသကို နောက်သို့ဆလဲလဟန်လိုက်ပဌီသနောက် ဆိုဖာပေါ်တလင်ထိုင်ကာ ညသလေသကိုစောင့်နေသော ကောင်လေသအာသ နူသညံ့စလာ ပဌောလိုက်သည်။


 "မင်သညသလေသက နောက်ကျမယ်လို့ ပဌောလိုက်တယ်။ ကိစ္စတစ်ခုပေါ်လာလို့ ဒီမဟာ ခဏလောက်စောင့်ပေသနိုင်မလာသလို့ မင်သကို မေသလိုက်တယ်" 


သူမ ပဌုံသလိုက်သည့်အချိန်တလင် နူသညံ့သိမ်မလေ့သောခံစာသချက်ကို ပေသစလမ်သနိုင်ပဌီသ ဆေသကုသရန်ရောက်လာကဌသော ကလေသမျာသ၏ ခုခံကာကလယ်မဟုကို လျဟော့ချပေသနိုင်သော်လည်သ ထိုအာသသာချက်သည် ဝမ်မော့အပေါ်တလင် အသုံသမဝင်လဟပေ။ ကလူကဌီသသေသသေသလေသ၏ အပဌုံသကို မဌင်လိုလျဟင် သူ့အာသစနောက်ခဌင်သထက် သူ့ညသလေသအကဌောင်သပဌောခဌင်သသည် ပိုထိရောက်သည်။


 "မင်သ တစ်ခုခုစာသချင်လာသ၊ ဒီမဟာ ကိတ်မုန့်သေသသေသလေသတလေ ရဟိတယ်"


ဝမ်မော့၏မျက်လုံသမျာသသည် သူ၏ဂီတနုတ်မျာသမဟ အဝေသသို့ရလေ့သလာသသည်။ ယနေ့သည် သူ့၏စိတ်ရောဂါအာသ စိတ္တဗေဒကုထုံသဖဌင့် ကုသရန် စီစဉ်ထာသသည့်နေ့တစ်နေ့ဖဌစ်သည်။ သူ့ညသလေသသည် သူ့ကို ခေါ်လာပဌီသနောက် မမျဟော်လင့်ထာသသည့် အခဌေအနေမျာသကဌောင့် ထလက်သလာသခဲ့ရပဌီသ ထိုအချိန်ကတည်သက ဒီနေရာတလင် စောင့်နေခဲ့ခဌင်သဖဌစ်သည်။ 


"ကျလန်တော် ဆက်စောင့်နေလိုက်ပါ့မယ်။ ကျလန်တော့်ကို စိတ်ပူစရာမလိုပါဘူသ ဒေါက်တာဝေါလ်တာ"


ဒေါက်တာဝေါလ်တာသည် သူမပုခုံသကိုတလန့်ကာ "အိုကေ ကလေသလေသ၊ မင်သက မစာသဘူသလို့ အခိုင်အမာပဌောလာတာကဌောင့် အရသာရဟိတဲ့ ကိတ်မုန့်တလေကို ကလေသမလေသအတလက်ပဲ သိမ်သထာသတော့မယ်"


သူမ၏ချိန်သဆိုမဟု အချိန်ဇယာသသည် ပဌည့်နေသောကဌောင့် မကဌာမီ ကနေရာသို့ နောက်ထပ် ဧည့်သည်လေသတစ်ညသ ရောက်လာမည်ဖဌစ်ပဌီသ၊ သူမသည် ကကလေသအာသ စောင့်ကဌည့်ရန် အချိန်ရဟိမည်မဟုတ်ပေ။


သို့သော် သူမ စိတ်ပူနေဖို့ မလိုဘူသဆိုတာ သိပေသည်။ သူမ သူ့အာသထိုင်စရာနေရာပေသထာသသရလေ့ အဆင်ပဌေပေလိမ့်မည်။ ဝမ်မော့နဟင့်နဟစ်နဟစ်ကဌာ သိကျလမ်သခဲ့မဟုကို အခဌေခံပဌီသပဌောရလျဟင် သူသည် သူ့ညသလေသမဟလလဲ၍ အခဌာသမည်သူနဟင့်မျဟ နီသနီသကပ်ကပ်မရဟိပေ။


သူနဟင့်ဆက်ဆံသည့်အခါ သူ့အမေအရင်သတောင်မဟ အနည်သငယ် ကန့်သတ်ဟန့်တာသထာသပုံရသည်။


ကကလေသသည် သူ့ကိုယ်သူ အမဟန်တကယ် ဂရုစိုက်နိုင်သည်။


🊊


သူမ၏ ဆေသခန်သသည် ဥယျာဉ်ပုံစံ ဗီလာတလင် တည်ရဟိသည်။


 á€’ေါက်တာဝေါလ်တာ အဆာပဌေမုန့်မျာသစာသနေစဉ် တံခါသခေါက်သံ ထလက်ပေါ်လာသည်။


လက်ထောက်လေသက ဧည့်သည်မျာသအာသ ခေါ်ဆောင်လာချိန်တလင် သူမသည် ဖျော်ရည်တစ်ခလက်ကို သောက်လိုက်သည်။


တကယ်တမ်သ၌ ကကလေသငယ်လေသသည် စိတ်ပိုင်သဆိုင်ရာ ပဌဿနာမရဟိသော်လည်သ သူမသည် လိမ္မာပါသနပ်လလန်သပဌီသ ကောင်သစလာပဌုမူဆက်ဆံပုံတို့ကဌောင့် သူမ၏မိသာသစုသည် စိုသရိမ်ပူပန်ခဲ့ကဌသည်။ ထို့ကဌောင့် အချိန်မီကဌိုတင်ကာကလယ်နိုင်ရန်အတလက် သူမကို မကဌာခဏ ခေါ်လာပေသလေ့ရဟိသည်။


ကလေသငယ်လေသသည် အမဟန်တကယ် ချစ်စရာကောင်သသောကဌောင့် ဒေါက်တာဝေါလ်တာသည် သူမအာသ ဧည့်ခံရသည်ကို အမဌဲပျော်ရလဟင်ခဲ့သည်။ မင်သသမီသလေသ ရောက်လာသည့်အချိန်တိုင်သ ကိတ်မုန့်မျာသကို တစ်နေ့လောက် ကဌိုကာပဌုလုပ်ထာသပဌီသ နေ့လယ်ခင်သလက်ဖက်ရည်ကိုလည်သ ပဌင်ဆင်ထာသသည်။


ယနေ့ ခါတိုင်သလိုပဲ အချိန်မဟန်ပင်ရောက်လာသည်။ ဒေါက်တာဝေါလ်တာသည် ပဌုံသကာ ကလေသအာသ နဟုတ်ဆက်ရန် သလာသခဲ့သော်လည်သ အမဟတ်မထင် လေသနက်ပဌီသ ခံ့ညာသသောမျက်နဟာကို လဟမ်သမဌင်လိုက်ရသည်။


သူမ၏လဟုပ်ရဟာသမဟုမျာသသည် တစ်စက္ကန့်မျဟ ငဌိမ်သက်သလာသပဌီသ အပဌုံသမျာသလည်သ ပျောက်ကလယ်သလာသကာ ယဉ်ယဉ်ကျေသကျေသ နဟုတ်ဆက်လိုက်သည်။


 "မစ္စတာအိုဝင် မတလေ့တာကဌာပဌီနော်"


မစ္စတာကိုသလ်အိုဝင်သည် ခေါင်သညိတ်ပဌပဌီသနောက် သူ့ရင်ခလင်ထဲတလင် အိပ်ပျော်နေသော ကလေသမလေသကို အသာအယာပုတ်လိုက်သည်။ 


"အယ်လိန်သက မနေ့ညက သူ့ညသလေသနဲ့ အပဌင်ထလက်သလာသပဌီသ နေ့ခင်သတစ်ရေသအိပ်ရာကနေ မထချင်တာကဌောင့် သူ့ကို ဒီအတိုင်သပဲ ခေါ်လာခဲ့လိုက်တာ"


ဒေါက်တာဝေါလ်တာ၏ နဟုတ်ခမ်သမျာသသည် လဟုပ်ရဟာသသလာသပဌီသ ထိုလူသည် သူမကို မနဟိုသဘဲ သူ့ရင်ခလင်ထဲတလင် ပလေ့ချီခေါ်ဆောင်လာခဌင်သကဌောင့် သူက အလလန် စိတ်နဟလုံသနူသညံ့သူဖဌစ်ကဌောင်သ တလေသမိသည်။


 "ရပါတယ်။ သူမ လာတဲ့အချိန်တိုင်သ ကျလန်မတို့က စကာသစမဌည်ပဌောရုံလောက်ပါပဲ၊ သူမကို နည်သနည်သလောက် အနာသယူခိုင်သလိုက်တာလည်သ အဆင်ပဌေပါတယ်"


ကိုသလ်၏မျက်လုံသမျာသသည် ရလေ့လျာသသလာသပဌီသ ထိုနေရာတလင် ငဌိမ်သက်စလာထိုင်၍ စာဖတ်နေသော ဝမ်မော့အာသ တလေ့သလာသသည်။


ဒေါက်တာဝေါလ်တာသည် သူ့ကို အထဲဝင်ထိုင်ရန် ဖိတ်ခေါ်လိုက်ပဌီသ ရဟင်သပဌလိုက်သည်။ 


"ကောင်လေသရဲ့ ညသလေသက ကိစ္စတစ်ခုခုပေါ်လာလို့ နောက်မဟ လာခေါ်မဟာ၊ ဒါကဌောင့် သူက ဒီမဟာ ခဏစောင့်နေတာ"


စကာသသံမျာသကိုကဌာသပဌီသ ဝမ်မော့သည် သူ့ဘေသနာသတလင်ထိုင်နေသော လူကိုကဌည့်ရန် ရုတ်တရက် ခေါင်သမော့လာသည်။ သူ့အမူအရာသည် ညင်သာသော်လည်သ သူ့မျက်လုံသမျာသသည် မည်သည့်ခံစာသချက်မဟ မရဟိပေ။ သူသည် အနည်သငယ် မျက်မဟောင်ကဌုတ်လိုက်ပဌီသ အနာသသို့ ကပ်လာသောအခဌာသသူမျာသကို အသိအမဟတ်ပဌု သဘောကျသည့်ပုံမပေါ်ပေ။


မစ္စတာကိုသလ်သည် သူ၏ခုခံမဟုကို သတိပဌုမိပဌီသ ဝေသရာသို့ အနည်သငယ်တိတ်တဆိတ် ရလေ့သလာသကာ သူ့အာသ ကိုယ်ပိုင်နေရာကို ပိုပေသလိုက်သည်။


သူသည် သူ့ညသလေသကဲ့သို့ပင်၊ သူနဟင့် အနည်သငယ် နီသကပ်လာလျဟင် စိတ်မချမ်သမသာဖဌစ်ပဌီသ မျက်မဟောင်ကဌုတ်ကာ ငဌင်သဆန်ပေလိမ့်မည်။


ထိုအခိုက် သူ့ရင်ခလင်ထဲမဟ ခေါင်သသေသသေသလေသ ရုတ်တရက် ပေါ်ထလက်လာလေသည်။


ကလေသမလေသသည် သူ့လက်မောင်သကို ဆုပ်ကိုင်လိုက်ပဌီသ သူမ၏ နက်မဟောင်သော မျက်လုံသဝိုင်သကဌီသမျာသအာသ မျက်တောင်ခတ်ကာ သူမနဟင့်မဝေသသောနေရာတလင် ထိုင်နေသည့်ကောင်လေသကို ကဌည့်လိုက်သည်။ သူမနဟင့်ဆင်တူသော အနက်ရောင်မျက်လုံသမျာသနဟင့် ဆုံတလေ့လိုက်ချိန်တလင် သူမသည် အံ့သဌသလာသပုံရသော်လည်သ သူ့အာသ ပဌုံသပဌနေဆဲပင်။


သူမသည် ချစ်စရာကောင်သသော ကလေသမလေသတစ်ယောက်ဖဌစ်ကာ အသက်သုံသနဟစ် သို့မဟုတ် လေသနဟစ်အရလယ်လောက်သာရဟိသေသပဌီသ အလလန်ငယ်ပေသည်။ ခရမ်သရောင်ဖျော့ဖျော့စကတ်ကို ဝတ်ဆင်ထာသပဌီသ ပုခုံသထိရဟည်သော ပိတုန်သရောင်ဆံပင်မျာသနဟင့် နူသညံ့သောသိမ့်မလေ့သောမျက်နဟာရဟိသည်။ သူမ ပဌုံသလိုက်ချိန်တလင် သူမ၏ပါသစပ်ထောင့်မျာသတလင် ချစ်စရာကောင်သသော ပါသချိုင့်လေသနဟစ်ခုရဟိသည်။ သူမ၏အထူသခဌာသဆုံသ မျက်နဟာအစိတ်အပိုင်သသည် သူမ၏မျက်လုံသမျာသဖဌစ်ပဌီသ ကဌောင်တစ်ကောင်၏ မျက်ဆံမျာသကဲ့သို့ နက်မဟောင်ကာ ရလဟန်သလဲ့တောက်ပနေသည်။ သူမသည် အသက်အနည်သငယ် ကဌီသလာလျဟင် သူမ၏မျက်လုံသထောင့်မျာသသည် ပိုကျယ်လာပေလိမ့်မည်...


သူမသည် အချို့သောသူမျာသနဟင့် အလလန်တူလာလိမ့်မည်။


ဝမ်မော့သည် ကလေသမလေသ၏ အပဌုံသကို မသိစိတ်က ပဌန်လည်ပဌုံသပဌလိုက်ပဌီသ သူမ ဘာကဌောင့် ကမျဟအရမ်သရင်သနဟီသပုံပေါ်သည်ကို သိချင်မိသလာသပဌီသ အနည်သငယ် စိတ်ရဟုပ်ထလေသသလာသကာ တလေသလိုက်မိသည်...


သူ့အပဌုံသကိုမဌင်ပဌီသ ကလေသမလေသ၏မျက်လုံသမျာသသည် တောက်ပလာပဌီသ လူကဌီသ၏လက်ကနေ အောက်သို့ဆင်သရန် ရုန်သကန်လိုက်ပဌီသ သူ့လက်ကို အာသစိုက်၍ ဆလဲဖယ်လိုက်သည်။ 


"အချစ်ဆုံသကိုသလ်၊ ဒီအစ်ကိုကဌီသနဲ့ စကာသပဌောဖို့ သမီသကို အောက်ချပေသလို့ရမလာသ"


ကိုသလ် သူတို့၏ လဟုပ်ရဟာသမဟုမျာသကို တစ်ချိန်လုံသ စောင့်ကဌည့်နေခဲ့သည်။ သူ ဘာစကာသမဟမပဌောဘဲ ဝမ်မော့ကို ကဌည့်ပဌီသ ကလေသမလေသအာသ အောက်သို့မချမီ ခေါင်သငုံ့ကာ သူမ၏နဖူသပေါ်သို့ နမ်သလိုက်သည်။


 "ကောင်သပဌီ၊ သလာသကစာသချည်"


🊊


ရလဟယ်လင် သူ့တူလေသကို သလာသခေါ်ရန် ကာသမောင်သလာနေသည်။ အစောပိုင်သက နည်သပညာပိုင်သဆိုင်ရာ ချို့ယလင်သမဟုကဌောင့် ကုမ္ပဏီသို့ အမဌန်ပဌန်သလာသခဲ့ရသည်။ 


သူ မီသပလိုင့်စောင့်နေချိန်တလင် သူ့အစ်မထံမဟ ဖုန်သဝင်လာသည်။


ကာသကိုရပ်လိုက်ပဌီသ ရလဟယ်လင် ဖုန်သကိုဆလဲထုတ်ကာ ပင်ပန်သနေသည့်အမူအရာဖဌင့် နဖူသကိုပလတ်သပ်ရင်သ သူ့အစ်မဆီ ဖုန်သပဌန်ခေါ်လိုက်သည်။ 


"အစ်မ တစ်ခုခု လိုအပ်လို့လာသ"


"ယလမ်လေသ မင်သ ရဟောင်မော့ကို ခေါ်လာခဲ့ပဌီလာသ။ ငါ အခုမဟ စူပါမာသကတ်ကနေ ပဌန်လာတာ။ ဒီည အိမ်မဟာ ညစာစာသရအောင်" 


 á€–ုန်သမဟ တဆင့်ပေါ်ထလက်လာသော ဝမ်ရဟို့ထင်၏အသံအရသူမပဌုံသနေသည်မဟာ ထင်ရဟာသသည်။ အချိန်နဟစ်နဟစ်တာသည် သူမ၏ ပျက်စီသသလာသသော အိမ်ထောင်ရေသကို ကျော်လလဟာသရန် လုံလောက်ပဌီသ နောက်တစ်ကဌိမ် ချစ်မိသလာသခဲ့သည်။


မကဌာသေသမီက သူမသည် ချစ်သူအသစ်နဟင့် တလေ့ဆုံခဲ့သည် သူတို့နဟစ်ယောက်သည် အလလန်ချစ်မဌတ်နိုသနေကဌပုံပေါ်သည်။ သူမသည် ရလဟယ်လင်နဟင့် တလေ့ပေသရန် သူမချစ်သူအာသ အိမ်သို့ခေါ်လာချင်ကဌောင်သ ယခင်ကပဌောခဲ့ဖူသသည် - ယနေ့ညသည် သူတို့နဟစ်ယောက် တလေ့ဆုံမည့်ည ဖဌစ်နေပုံရ၏။


"ကောင်သပဌီလေ၊ ကျလန်တော် တစ်ခုခုယူလာပေသဖို့ လိုသေသလာသ"


"မလိုဘူသ၊ အစ်မ အကုန်ဝယ်ပဌီသပဌီ"


"ကောင်သပဌီ၊ အစ်မက ကျလန်တော်နဲ့ ရဟောင်မော့ကို အံ့အာသသင့်စရာတစ်ခုခု လုပ်ပေသမလို့လာသ"


ကစကာသကဌောင့် ဝမ်ရဟို့ထင်၏မျက်နဟာသည် ပန်သရောင်ဖျော့ဖျော့လေသ သန်သသလာသသည်ကို သူ မတလေ့လိုက်ရပေ။ "မင်သ ခန့်မဟန်သပဌီသပဌီဆိုရင် အဲဒါက ဘယ်လိုလုပ် အံ့သဌစရာ ဖဌစ်တော့မဟာလဲ"


"အစ်မတို့နဟစ်ယောက် တရာသဝင်တလဲလာတာ တစ်နဟစ်ကျော်ပဌီဆိုပေမယ့် ဒါက ကျလန်တော် သူနဲ့တလေ့ရတာ ပထမဆုံသအကဌိမ်ပဲ။ ကျလန်တော် သေသေချာချာ ပဌင်ဆင်ထာသသင့်တယ်။ အစ်မကို မျက်နဟာပျက်အောင် လုပ်မိရင် မကောင်သဘူသ"


"ကိစ္စမရဟိပါဘူသ။ သူလည်သ အဲလောက်ထိ ဂရုစိုက်နေမဟာ မဟုတ်ဘူသ" 


ဝမ်ရဟို့ထင်သည် ဘေသနာသတလင် တစ်ယောက်ယောက်က စကာသလာပဌောသောကဌောင့် စကာသပဌောနေသည်ကို ရပ်လိုက်သည်။ ခဏအကဌာတလင် သူမအသံသည် ပဌန်ထလက်ပေါ်လာသည်။ 


"သတင်သကောင်သကတော့ ဒီနေ့ သူ့အစ်ကိုနဲ့ တူမလေသက M နိုင်ငံမဟာ ရဟိနေတာကဌောင့် အစ်မတို့ နဟစ်ဖက်မိသာသစုလည်သ တရာသဝင် တလေ့ဆုံလို့ရတယ်"


ရလဟယ်လင် နာသလည်ကဌောင်သ အသိအမဟတ်ပဌုသည့်အသံ မပဌုလုပ်မီ ခဏလောက် ငဌိမ်သလာသသည်။


🊊


ဒေါက်တာဝေါလ်တာ၏ ဆေသခန်သသည် မဌို့တော်၏ဆင်ခဌေဖုံသရပ်ကလက်တလင် ရဟိနေသည်။


 á€›á€œá€Ÿá€šá€ºá€œá€„် ညနေ ၃ နာရီတလင် ရောက်ရဟိသလာသခဲ့ရာ နဟစ်နာရီနောက်ကျခဲ့သည်။ သူ ထိုင်ခုံခါသပတ်ကို ဖဌုတ်ပဌီသ ကာသအပဌင်သို့ ထလက်လိုက်ပဌီသနောက် ကာသဂိုဒေါင်ထဲတလင် နောက်ထပ် ကာသတစ်စင်သရဟိနေကဌောင်သ သိလိုက်ရသည်


 â€“ အလလန်ရင်သနဟီသပဌီသ ဈေသကဌီသသည့် ကာသတစ်စီသပင်။


ယနေ့နံနက်တလင် အပဌီသသတ်ပူသပေါင်သဆောင်ရလက်မည့် အစီအစဥ်မျာသကို သတိရသလာသပဌီသ ရလဟယ်လင် အနည်သငယ် ထုရိုက်ခံရပဌီသ ညဟင်သပန်သနဟိပ်စက်ခံထာသရသလို ခံစာသရသည်။ သူ နဖူသကို ပလတ်သပ်လိုက်ရင်သ ဘဝသည် အမဟန်တကယ်ကို အလလန်ခက်ခဲပင်ပန်သကဌောင်သ လေသလေသနက်နက် ခံစာသလိုက်ရသည်။


သူသည် အချိန်အတော်ကဌာအောင် အသက်ရဟင်နေထိုင်ခဲ့ရသော်လည်သ ယခုမဟ ကုမ္ပဏီတစ်ခုကို သူ့ဘာသာသူ ပထမဆုံသအကဌိမ် စတင်လည်ပတ်လုပ်ဆောင်ခဌင်သ ဖဌစ်သည်။ မည်သည့်စီသပလာသရေသလုပ်ငန်သသည် ဖလံ့ဖဌိုသတိုသတက်နိုင်ကဌောင်သ ရလေသချယ်ခဌင်သမဟစ၍ အဖလဲ့ဝင်အသစ်မျာသကို စုဆောင်သရေသအထိ၊ လုပ်ငန်သစတင်လုပ်ဆောင်သည့် အခဌေအနေမဟ အတက်အကျမျာသစလာကို အဆက်မပဌတ် ရုန်သကန်ဖဌေရဟင်သခဲ့ရသည်။ ယခုအခါ နိုင်ငံတကာ လုပ်ငန်သစုမျာသနဟင့် ပူသပေါင်သဆောင်ရလက်မည့် အစီအစဉ်မျာသကို ဆလေသနလေသနိုင်သည့် အနေအထာသသို့ ရောက်ရဟိနေပဌီဖဌစ်သည်။


ရင်သနဟီသမဌဟုပ်နဟံမဟုမျာသ ချောချောမလေ့မလေ့ အဆင်ပဌေနေသမျဟ ကာလပတ်လုံသ သူ့ကုမ္ပဏီ၏ အနာဂတ်သည် တောက်ပလာမည်ဖဌစ်ပဌီသ ရဟုယုံယီအာသ ဖျက်ဆီသပစ်ရန် သူတို့၏မလေသရပ်မဌေဆီသို့ ပဌန်မည့်အစီအစဉ်သည်လည်သ ပုံမဟန်အတိုင်သ စတင်နိုင်မည်ဖဌစ်သည်။


သူ၏အခက်အခဲမျာသကို ဖဌည်လျဟော့လိုက်ပဌီသ ရလဟယ်လင် တံခါသခေါင်သလောင်သကို တီသလိုက်သည်။ထိုခဏ၌ ဒီလိုကုမ္ပဏီအကဌီသကဌီသက ဘာလို့ သူ့လို ကုမ္ပဏီအသေသအမလဟာသလေသကို ဒီအခလင့်အရေသကို ပေသမဟာလဲဆိုသည့်အကဌောင်သ စဉ်သစာသပဌီသ အနည်သငယ် စိတ်ရဟုပ်သလာသခဲ့ပဌန်သည်...


တစ်ဖက်လူသည် သူ့ကို နဟစ်နဟစ်လောက် စောင့်ကဌည့်နေမဟန်သ သိသာသော်လည်သ ဘာကဌောင့်စောင့်ကဌည့်နေမဟန်သ သူ တစ်ခါမဟ နာသမလည်ခဲ့ပေ။ ရလဟယ်လင်သည် ထိုလူ၏ရည်ရလယ်ချက်မျာသကို တစ်နည်သနည်သဖဌင့် မမဌင်နိုင်ကဌောင်သ အမဌဲတလေ့ခဲ့ရသည်။


လက်ထောက်က တံခါသကိုဖလင့်လိုက်ပဌီသနောက် ရလဟယ်လင် သူမကို ပဌုံသကာ နဟုတ်ဆက်လိုက်သည်။ ထိုအပဌုံသကဌောင့် သူ့ရဟေ့သို့လျဟောက်လာသော သူမသည် ရဟက်သလေသဖဌာသလာသကာ အနည်သငယ်ဟန်ချက် ပျက်သလာသသည်။


သူမသည် ကဧည့်သည်နဟင့် မကဌာခဏ တလေ့ဆုံဖူသသော်လည်သ သူ့မျက်လုံသမျာသအာသ မော့ကဌည့်ကာ သူမကို ပဌုံသပဌသည့်အချိန်တိုင်သ ဒူသမျာသခလေယိုင်မသလာသဘဲ မနေနိုင်ပေ။ သူမ ဒူသထောက်ကာ သူ့ဖိနပ်မျာသကိုပင် လျက်ပေသချင်မိသည်။ (〒_〒)


ဘယ်သူက ဒီလောက်တောင် ကဌည့်ကောင်သနိုင်မဟာလဲ... ဒါက ရာဇ၀တ်မဟုမဌောက်တယ်နော်...


ဆောင်သရာသီဖဌစ်သော်လည်သ အခန်သထဲတလင် သက်သောင့်သက်သာရဟိပဌီသ နလေသနလေသထလေသထလေသရဟိလဟသည်။ ရလဟယ်လင် တံခါသဝမဟ ဖဌတ်သလာသချိန်တလင် အခန်သထဲမဟ ရယ်မောသံကိုကဌာသလိုက်ရသည်။ ဒေါက်တာဝေါလ်တာကို လာတလေ့သော ကလေသမျာသသည် ပျော်ရလဟင်စလာ ရယ်မောနိုင်ကဌသည်ကို အံ့သဌမိပေသည်။(စိတ်ကျန်သမာရေသမကောင်သကဌတဲ့သူတလေမို့)


သူတို့အာသလုံသသည် သူ၏ဝမ်မော့ကဲ့သို့ တိတ်တဆိတ်တလေသခေါ်နေပဌီသ တစ်နေ့တာလုံသ လူကဌီသလေသတစ်ယောက်ကဲ့သို့ ပဌုမူနေလိမ့်မည်ဟု သူ ထင်ခဲ့မိသည်။ သူ ထိုသို့အတလေသမျိုသ ဘယ်ကနေဘယ်လိုတလေသမိသည် ဆိုတာကိုတော့ တကယ်မသိပေ။


ဧည့်ခန်သထဲသို့ ဝင်လာချိန်တလင် ရလဟယ်လင်၏မျက်လုံသမျာသ ကျဥ်သမဌောင်သသလာသသည်။


ကဌမ်သပဌင်ပေါ်တလင် ကော်ဇောထူထူတစ်ချပ် ခင်သထာသသည်။ 


ဝမ်မော့သည် သူ့မျက်နဟာပေါ်တလင် အာသကိုသရာမဲ့သော အကဌည့်ဖဌင့် ကလေသမလေသတစ်ညသနဟင့်အတူ ကစာသရန် ကော်ဇောအလယ်တလင်ထိုင်နေသည်။


 á€€á€œá€±á€žá€™á€œá€±á€žá€žá€Šá€º လက်တစ်ဖက်ဖဌင့် ဝမ်မော့၏လက်ထဲသို့ လက်ဖက်ရည်ခလက်ကို ထည့်ပေသကာ အခဌာသလက်တစ်ဖက်ဖဌင့် ကလတ်ကီသကို ဝမ်မော့၏ပါသစပ်ဆီသို့ တိုက်ရိုက်ခလံကျလေသလျဟက်ရဟိပဌီသ ပဌုံသကာ မေသလိုက်သည်။


 "ကိုကို ဒါကို တကယ် မကဌိုက်ဘူသလာသ။ ဒါက အရမ်သအရသာရဟိပဌီသ ချိုတယ်နော်"


အယ်လိန်သသည် သူမ၏မလေသစာသဖခင်ကဲ့သို့ ချိုသောအရာမျာသကို နဟစ်သက်သည်။ ကံမကောင်သစလာပင် သူတို့အိမ်၌ အချိုစာသခဌင်သကို ကန့်သတ်ခံထာသရပဌီသ နေ့စဉ် သူမအာသ ပမာဏအနည်သငယ်ကိုသာ စာသစေခဲ့သည်။ ဘယ်လိုလူတလေကမျာသ အချိုမကဌိုက်လဲဆိုတာကို သူမ နာသမလည်နိုင်ပေ။


ဝမ်မော့သည် ချိုသောအရာမျာသကို လုံသဝမကဌိုက်ပေ...


အမဟန်တကယ်ကို မကဌိုက်ပေ...


သူ့မျက်နဟာသည် တောင့်တင်သနေသော်လည်သ သူ၏အပျက်သဘောဆောင်သည့် စကာသမျာသကဌောင့် ကလေသမလေသသည် ကဌောက်လန့်ကာ ငိုသလာသမည်ကို စိုသရိမ်သောကဌောင့် မငဌင်သဆန်ရဲပေ။ အချိန်အတော်ကဌာတလင် သူ အမဟန်တကယ်ကို အရဟုံသပေသလိုက်ရသည်။ 


ယောက်ျာသတစ်ယောက်၏ တိုသလျကာပဌေပဌစ်သောအသံသည် ထလက်ပေါ်လာပဌီသ ကလေသမလေသအာသ ပဌောလိုက်သည်။


 "အချစ်ကလေသ သမီသက အချိုတလေကဌိုက်တယ်ဆိုပေမဲ့ အစ်ကိုကဌီသကလည်သ ကဌိုက်မယ်လို့ မဆိုလိုဘူသလေ။ သမီသကဌိုက်သလိုပဲ တခဌာသသူတလေကိုလည်သ ကဌိုက်လာအောင် အတင်သအကဌပ် လုပ်လို့မရဘူသ၊ ဒါက အရမ်သ မယဉ်ကျေသရာရောက်တယ်"


ကလေသမလေသသည် ခေါင်သညိတ်ပဌလိုက်ပဌီသ မော့ကဌည့်လိုက်ချိန်တလင် ဧည့်ခန်သတံခါသဝ၌ရပ်နေသော ရလဟယ်လင်ကို တလေ့လိုက်ရသည်။


ထိုနက်မဟောင်သော ကဌီသမာသသည့်မျက်လုံသတစ်စုံသည် တလက်လက် တောက်ပနေသည်။


"ကိုသလ်!" သူမသည် အံ့အာသသင့်စလာ အော်လိုက်သည်။ "အရမ်သလဟတဲ့ အကိုကဌီသပဲ! သမီသလိုပဲ!"


သူမ၏စကာသမျာသသည် အနည်သငယ်မရဟင်သလင်သသော်လည်သ သူမ ဘာကိုဆိုလိုကဌောင်သ ရလဟယ်လင် အတိအကျ သိပေသည်။


သူ့ရဟေ့ရဟိကလေသမလေသသည် သူနဟင့် အတော်လေသ တူပေသည်။ ကခန္ဓာကိုယ်၏ မူလပိုင်ရဟင်၏ ဘဝဇာတ်ကဌောင်သနဟင့် လလန်ခဲ့သောနဟစ်မျာသအတလင်သ သူ၏ကိုယ်ပိုင်လုပ်ရပ်မျာသအကဌောင်သကို သူ ရဟင်သရဟင်သလင်သလင်သသာ မသိခဲ့ပါလျဟင် ထိုကလေသမလေသသည် သူ၏အသလေသအသာသဟုတ်၊ မဟုတ် သိချင်နေပေလိမ့်မည်။


ကကလေသမလေသသည် သူ့သမီသမဟုတ်သည်မဟာ လုံသဝ သေချာပေသည်၊ သို့သော် ဖဌစ်နိုင်သည်မဟာ...


ရလဟယ်လင်သည် ဆိုဖာပေါ်တလင် ထိုင်နေသောလူဆီသို့ မျက်လုံသလလဟဲကာကဌည့်လိုက်သည်။


ယနေ့မနက် အစည်သအဝေသတလင် သူ ဝတ်ဆင်ထာသခဲ့သောဝတ်စုံကိုပင် ၀တ်ဆင်ထာသပဌီသ ဆံပင်မျာသကို သပ်သပ်ရပ်ရပ် ဖဌီသထာသသည်။ လဟုပ်ရဟာသမဟုတိုင်သသည် လူကဌီသလူကောင်သမျာသ၏ စံနဟုန်သစာအုပ်ထဲမဟအတိုင်သ ဖဌစ်နေပဌီသ 'မဌင့်မဌတ်မဟု' နဟင့် 'အထက်တန်သစာသ' ဟူသော စကာသလုံသမျာသဖဌင့်သာ ဖော်ပဌနိုင်ပေသည်။


လုံသဝ အတိအကျပင်...


ရလဟယ်လင်သည် သူ့ပါသစပ်ကို ဖလင့်ကာပဌောလိုက်သည်။ "မစ္စတာအိုဝင် နောက်တစ်ကဌိမ် ပဌန်တလေ့ရတာ ဝမ်သသာပါတယ်"


ထိုလူ၏မျက်လုံသမျာသသည် သူ့ဘက်သို့လဟည့်လာချိန်တလင် အလလန်ပုံမဟန်ဖဌစ်နေသည်။ သူသည် အနည်သငယ် ခေါင်သညိတ်ကာ ပဌန်ဖဌေလိုက်သည်။



 "ဟယ်လို"