Chapter 18
Viewers 3k

🊊Chapter 18

Arc 2 - လူမဟာသလက်ထပ်မိခဌင်သ


2.9



ရလဟယ်လင်က ကကမ္ဘာမဟ အဓိကဖဌစ်ရပ်မျာသကို ထိန်သချုပ်နိုင်ခဌင်သမရဟိသော်လည်သ သူ့ပတ်၀န်သကျင်တလင်ဖဌစ်ပျက်ခဲ့သည့် သို့မဟုတ် သူနဟင့်ဆက်စပ်သော အရာအာသလုံသမဟာ သူ့လက်အောက်တလင်ရဟိသည်။ 


သူသိထာသသော အရာအပေါ် အခဌေခံ၍ နောက်ဖဌစ်ပျက်မည့်အရာကိုကောက်ချက်ချရသည်မဟာ ရိုသရဟင်သလဟသည်။


ထို့ကဌောင့် ရလဟယ်လင်က မစ္စတာကိုသလ်အိုဝင် အယ်လ်လိန်သလေသကို သူ့လက်ထဲတလင်ချီလျက် ၀င်လာသည်ကို တလေ့သောအခါတလင်လည်သ သူလုံသဝအံ့အာသသင့်မနေပေ။ သူက ခေါင်သညိတ်ပဌပဌီသ အလလန်အေသဆေသတည်ငဌိမ်စလာ ပဌောလိုက်သည်။


 á€’လိုင်သလ်က ပလဲအနည်သငယ်ကိုကဌည့်ချင်နေသောကဌောင့် ခဏမျဟစိတ်ပျက်သလာသသည်။


“ ဒါကငါ့အစ်ကို မိသာသစုရဲ့အုပ်ထိန်သသူ ကိုသလ်အိုဝင်ပါ သူ့လက်ထဲကတော့ မင်သသမီသလေသ အယ်လ်လိန်သ အိုဝင်လေ..သူက ကိုသလ်ရဲ့သမီသပေါ့ ” 


အခဌေအနေက သူမျဟော်မဟန်သထာသသည့်လမ်သကဌောင်သသို့ ဝင်မလာသေသသည်ကို မဌင်သောအခါ ဒလိုင်သလ်က နဟစ်ဖက်စလုံသကိုမိတ်ဆက်ရန်ရဟေ့သို့ထလက်လာသည်။


အပေါ်ယံတလင်မူ လူတိုင်သက တစ်ညသနဟင့်တစ်ညသ မသိဘဲ ထိုနေ့ညတလင်သာ ပထမဆုံသအကဌိမ်တလေ့ဆုံခဌင်သကဲ့သို့ ဖဌစ်နေပုံရသည်။ သို့သော် အမဟန်တကယ်မဟာ ထိုနေရာမဟ အခဌေအနေမျာသက အလလန်ရဟုပ်ထလေသသည်။ လူတိုင်သလည်သ ပါဝင်နေသည်။ မည်သည့်အရာမျဟ မသိသော ဝမ်ရဟို့ထင်နဟင့်အယ်လ်လိန်သ တို့မဟလလဲ၍ တခဌာသလူမျာသအာသလုံသက အဆင့်မဌင့်သရုပ်ဆောင်မျာသဖဌစ်ကဌသည်။


ဝမ်မော့ပင်လျဟင် ထိုညစာစာသပလဲမဟနေ၍ ယမ်သနံ့တချို့အာသ အနံ့ခံနိုင်သည်။ သူက ညသလေသစကာသကိုနာသထောင်ကာ သူ့အစာအိမ်ကိုဖဌည့်တင်သဖို့တစ်ခုခုစာသခဲ့သည်မဟာ ကောင်သသောအရာဟုပင် သေချာခံစာသလိုက်ရသည်။

ထိုအစာသကို ကောင်သကောင်သစာသနိုင်သည်ဖဌစ်စေ မစာသနိုင်သည်ဖဌစ်စေ အနံ့ကလေထဲတလင် လလင့်နေဆဲဖဌစ်၏။


ချက်ပဌုတ်ထာသသောညစာက မီသဖိုပေါ်တလင် ရဟိနေဆဲပင်။


 á€á€™á€ºá€›á€Ÿá€­á€¯á€·á€‘င်က သူမ ရည်သစာသ၏အစ်ကိုကဌီသကို ချဉ်သကပ်ရန် ခက်ခဲနေသည်။ ထိုသူ့အာသ ကဌည်သာစလာကဌိုဆိုပဌီသနောက် ဧည့်သည်မျာသကို နေရာချပေသရန်အတလက် ရလဟယ်လင်နဟင့်ထာသခဲ့ပဌီသ ဒလိုင်သလ် ကို မီသဖိုချောင်ထဲသို့ ပဌန်ဆလဲခေါ်လာလိုက်သည်။


ရလဟယ်လင်က သူ့အစ်မ ထိုသို့ ကလေသဆန်နေသည်ကို အချိန်ကဌာမဌင့်စလာ မတလေ့ခဲ့ရသောကဌောင့် ပဌောမပဌနိုင်လောက်အောင်ပင် အလလန်စိတ်သက်သာရာရသလာသသည်။


  ဝမ်ရဟိ့ထင်ကို တစ်စုံတစ်ယောက်က အမူအယာနဟင့်လက်တလေ့ ဂရုစိုက်ပဌခဌင်သမျိုသ ကဌုံရသောကဌောင့် သူလည်သ အလလန် စိတ်ကျေနပ်မဟုရနေသည်။သူ့အစ်မက အလလန်နူသညံ့သိမ်မလေ့ပဌီသ ကဌင်နာတတ်၍သာ ဖဌစ်နိုင်သည်။


ဒလိုင်သက အစီအစဉ်ဖဌင့်ချဥ်သကပ်လာခဲ့သော်လည်သ သူမအာသ သဘောကျမိသလာသခဲ့ခဌင်သမဟာ အံ့ဩစရာမဟုတ်ပါပေ။ အကယ်၍ သူ့အစ်မသာအတိတ်က ချစ်ခဌင်သမေတ္တကဌောင့် မျက်ကန်သမဖဌစ်ဖူသပါက ယခုကဲ့သို့ပင် ပျော်ရလဟင်နေခဲ့ပဌီသ အရာအာသလုံသကို အလလန်လဟပစလာမဌင်နေခဲ့ရမည်ဖဌစ်သည်။ သူမအာသ ကာကလယ်ပေသရန် တစ်ယောက်ယောက်အမဌဲရဟိနေသောကဌောင့် သူမ နဟလုံသသာသတလင် မည်သည့် အရိပ်မျဟ မကျရောက်နိုင်ပေ။ သူတို့ မိဘက အရင်ကလုပ်ပေသခဲ့ပဌီသ ယခုတလင်မူ ရလဟယ်လင်ဖဌစ်ကာ အနာဂတ်တလင်လည်သ ထိုလူနေရာမဟာ ဒလိုင်သလ် ဖဌစ်လာမည်ပင်။


သူမ ကံမကောင်သအကဌောင်သမလဟမဟုမျာသ ကဌုံရသော်လည်သ ထိုအရာမျာသအာသ သူမကိုလလဟမ်သမိုသခလင့်မပဌုပေ။ သူမက ရောင်ခဌည်စက်ဝန်သသယ်ဆောင်ထာသသကဲ့သို့ပင် သူမဘဝမဟာ ပို၍သာယာ ပို၍တောက်ပလာသည်။


သို့သော် သူမ၏ နူသညံ့သိမ်မလေ့မဟုကိုရလဟယ်လင် နဟင့်ဝမ်မော့တို့ မဟလလဲ၍ မည်သူတစ်ညသ တစ်ယောက်မဟမမဌင်ခဲ့ပါပေ။ အရင်က သူမနဟလုံသသာသနာကျင်ခဲ့ဖူသသောကဌောင့် ယခုအခါ ပို၍ ဂရုတစိုက်စောင့်ရဟောက်ခဲ့သည်။ ထိုသို့မဟုတ်လျဟင် သူမက ဒလိုင်သလ်အာသ မိတ်ဆက်ပေသရန် ပဌန်ခေါ်မလာခင် သူတို့နဟစ်ညသ တစ်ယောက်ကိုတစ်ယောက်သိကျလမ်သလာရန် အတလက် အချိန် ၂နဟစ်နီသပါသမျဟကဌာခဲ့မည်မဟုတ်ပေ။


🊊

အယ်လ်လိန်သလေသက လမ်သလျဟောက်နိုင်ပဌီဖဌစ်သောကဌောင့် တစ်နေ့လုံသထိန်သကိုင်ခံထာသရသည်ကိုမကဌိုက်ပေ။ ကိုသလ်က သူမကို အောက်သို့ ချပေသလိုက်သည်နဟင့် သူမက လူတိုင်သကို ချိုမဌိန်စလာ လိုက်နဟုတ်ဆက်ပဌီသနောက် ရလဟယ်လင်ကို ရဟက်ကိုသရဟက်ကန်သနဟုတ်ဆက်လိုက်သည်။


သုံသနဟစ်သာရဟိသေသသော်လည်သ သူမက မိမိကိုယ်ကိုကောင်သစလာမိတ်ဆက်နိုင်ခဌင်သမဟာ အလလန်အံ့ဩစရာပင်ဖဌစ်သည်။ ရလဟယ်လင်ကရယ်ပဌီသ သူမကိုကောက်ချီလိုက်သည်။ ထို့နောက် မစ္စတာကိုသလ်အိုဝင် ဆီသို့ ညသတည်သလာသသည်။


“ ကျလန်တော်တို့ ဧည့်ခန်သကိုသလာသပဌီသ စကာသလေသဘာလေသပဌောကဌမလာသ "


မစ္စတာကိုသလ်က မျက်နဟာပဌင်ပေါ်တလင် အေသဆေသ ဖဌစ်နေသော်လည်သ သူ့စိတ်ထဲတလင်မူ ဒရမ်စည်တီသနေသကဲ့သို့ပင်ဖဌစ်နေသည်။


သူ အမဟန်တကယ်ပင် အေသဆေသတည်ငဌိမ်မဟုမရဟိခဲ့သော်လည်သ သူ သိထာသသမျဟအရာအာသလုံသကို ချမပဌချင် သေသသည့် အနေအထာသပုံစံမျိုသပေါ်လလင်အောင်နေနေသည်။


နဟစ်နဟစ်မျဟကဌာသလာသခဲ့ပဌီသနောက် သူ့ညီလည်သ ဇနီသတစ်ညသတလေ့ရဟိပဌီသဖဌစ်သော်လည်သ ကိုသလ်က ယခုအချိန်တလင် သူ့တလဲဖက်နဟင့် တရာသဝင်သာ မိတ်ဆက်နိုင်သေသသည်။ သူတို့အကဌည့်မျာသ ဆုံကဌသောအခါ သူ ဘာပဌောရမဟန်သမသိသောကဌောင့် အဆင်ပဌေမနေခဲ့ပေ။


သုံသနဟစ်အရလယ်ကလေသငယ်တစ်ညသပင် ရလဟယ်လင့်၏ကိုယ်ပိုင်ဖုန်သနံပါတ်ကိုရနိုင်သည်။ သို့သော်သူကမူ ဝမ်ရဟို့ယလမ် နောက်သို့ နောက်ယောင်ခံလိုက်နေပဌီသ တိကျသေချာသောခေါင်သစဥ်မရဟိဘဲ ထိုသူ့နာသတလင် ယောင်လည်လည်သာလုပ်နိုင်သေသသည်။


သူ့မကဌာသေသမီကလုပ်ရပ်မျာသက အမဟန်တကယ်ပင် ပုံမဟန်ဟုတ်မနေသောကဌောင့် သူ့ဘဏ္ဍာစိုသ ဝင်သဘာ့ လျဟင်ပင် သူ့ကို ဆက်စောင့်မကဌည့်နိုင်တော့ပဲ သူအပဌင်ထလက်သည့်အခါ သူ့နောက်သို့မလိုက်ချင်တော့ပေ။


ဝမ်မိသာသစုတလင် ဧည့်ဝတ်ကျေပလန်မဟုကိုပဌသသည့်ကိုယ်ပိုင်နည်သလမ်သရဟိသည်။ သူ့ ဧည့်သည်ကို ဆိုဖာဆီသိုခေါ်ဆောင်လာပဌီသနောက် ရလဟယ်လင်က လက်ဖက်ရည်ကဌမ်သယူလိုက်သည်။


“ မစ္စတာကိုသလ်က လက်ဖက်ရည်ကဌိုက်လာသ H နိုင်ငံက လက်ဖက်ရည်တချို့လိုချင်လာသ ”


လူတိုင်သက ထိုလက်ဖက်ရည်မျိုသကိုမကဌိုက်ကဌပေ။ထို့ကဌောင့် ရလဟယ်လင်က လောကလတ်ရဟိသည့်ဟန် တမင်မေသလိုက်သည်။

သူ့ ဧည့်သည်ကငဌင်သဆိုလျဟင် ရလဟယ်လင်ကသူ့အာသ ဘာမျဟမကမ်သလဟမ်သတော့ပေ။


ကံကောင်သထောက်မစလာပင် သူက မင်သမျိုသအနလယ်ဝင်ဖဌစ်သော်လည်သ မစ္စတာကိုသလ်က အခလင့်ထူသခံမျိူသမဟုတ်ခဲ့ပေ။ထို့ကဌောင့် မစ္စတာကိုသလ်က သူအဆင်ပဌေကဌောင်သခေါင်သညိတ်ပဌသည်။


ဝမ်မော့က အယ်လ်လိန်သကို တိုက်ခန်သအာသ လိုက်ပတ်ပဌသပဌီသဖဌစ်သည်။သူတို့နဟစ်ညသ လက်ချင်သတလဲ၍ အတူတကလလမ်သလျဟောက်နေပဌီသ လမ်သလျဟောက်ရန်သင်ယူနေဆဲဖဌစ်သောမင်သသမီသလေသအာသ တည်ငဌိမ်စေရန် ဝမ်မော့က ရံဖန်ရံခါကူပေသနေသည်။ ထိုမဌင်ကလင်သက မမျဟော်လင့်ဘဲအလလန်သဟဇာတဖဌစ်နေသည်။


ရလဟယ်လင် လက်ဖက်ရည် ဖျော်သည့်နည်သလမ်သက အလလန်ခေတ်ဟောင်သဆန်ပဌီသ သင့်လျော်သည်။ ရေကို အပူပေသသည်။ လက်ဖက်ရလက်မျာသကိုချင့်ချိန်သည်။ ရေပူလောင်သသည်။ထို့နောက် လက်ဖက်ရည်ပူပူရလာ၏။


 á€œá€¯á€•á€ºá€„န်သစဉ်တစ်ခုလုံသက အလလန်သဘာဝကျပဌီသ အဆင်ပဌေချောမလေ့နေသည်။ သူက ကိုသလ်ဘေသတလင်ထိုင်ပဌီသ သူ့မျက်စိကိုပိတ်ထာသကာ အနံ့ခံလိုက်လျဟင် သူ့ခန္ဓာကိုယ်မဟလက်ဖက်ရည်အမလဟေသနံ့သင်သသင်သကို ခံစာသနိုင်မည်ဖဌစ်သည်။ အနည်သငယ် ပိုအေသမဌသည်။ သူတို့ရဟေ့ရဟိလက်ဖက်ရည်ခလက်မဟ ပဌည့်ဝနေသော အမလဟေသနံ့နဟင့်အနည်သငယ်ကလာခဌာသသည်။


မစ္စတာကိုသလ်က သူ အရက်မူသနေသလိုပင် ခံစာသလိုက်ရသည်။


ရလဟယ်လင်က လက်ဖက်ရည်သောက်နေစဉ် မစ္စတာကိုသလ်အပေါ် သူ့အာရုံစိုက်မဟု တစ်စိတ်တစ်ပိုင်သကိုခလဲထာသသော်လည်သ သူ့မျက်လုံသမျာသမဟာမဟေသစင်သနေပဌီသ စကာသမပဌောကဌောင်သတလေ့လိုက်ရသည်။ ၎င်သက အနည်သငယ်ထူသဆန်သနေသည်။ သူက ထိုအကဌောင်သကိုစဉ်သစာသပဌီသနောက် အဆင်မပဌေသောအခဌေအနေကို ထိန်သသိမ်သရန် ပဌောစရာခေါင်သစဉ်တစ်ခုကိုတလေ့သလာသသည်။


“ အိုဝင် မိသာသစုက Eနိုင်ငံမဟာ အမဌဲတမ်သအခဌေပဌုထာသတဲ့ပုံပဲနော်  ဒါပေမယ့် မစ္စတာကိုသလ်က လလန်ခဲ့တဲ့ ၂ နဟစ်အတလင်သMနိုင်ငံမဟာ အရမ်သအလုပ်မျာသနေခဲ့တာဆိုတော့  Eနိုင်ငံရဲ့ စီသပလါသရေသလလဟဲပဌောင်သမဟုအတလက်ပဌင်ဆင်နေတာမျိုသလာသ 
”


ထိုစကာသလုံသမျာသကိုကဌာသသောအခါ ကိုသလ်က ခေါင်သခါပဌသည်။ သူ့အာသ အလုပ်အကဌောင်သစတင်ပဌောဆိုမည်ဟု မမျဟော်လင့်ထာသပေ။ဒုတိယအတလေသတလင် သူတို့အကဌာသတစ်ခုတည်သသောဆက်နလယ်မဟုက အလုပ်ဖဌစ်ကဌောင်သသဘောပေါက်သလာသသည်။ သူ့ကိုယ်သူလည်သ စိတ်အနဟောင့်အယဟက်ဖဌစ်လာသည်။


သူ မပျော်သော်လည်သသူ့အပေါ်ယံအေသဆေသတည်ငဌိမ်မဟုကို ဆက်လက်ထိန်သသိမ်သထာသဆဲဖဌစ်ပဌီသ ရိုသသာသစလာပဌန်လည်ဖဌေကဌာသလိုက်သည်။


 â€œ ကျလန်တော်က ကိုယ်ရေသကိုယ်တာကိစ္စတလေကိုကိုင်တလယ်ဖို့ဒီမဟာနေနေတာပါ 
”


ဒလိုင်သလ် တစ်ယောက်တည်သဖဌင့်ပင် ထိုအလုပ်ကိစ္စမျာသကိုကိုင်တလယ်ရန်လုံလောက်သည်။ ကိုသလ် ကိုယ်တိုင် လာဖို့မလိုပေ။ သို့သော် နာသမလည်နိုင်သော အကဌောင်သပဌချက်အချို့ကဌောင့် သူက ကိုယ်တိုင်ပင် ထိုလမ်သကဌောင်သသို့ ညသတည် ရဟာဖလေနေသည်။သို့သော်လည်သ ထိုအဆောက်အအုံကိုအဝေသမဟကဌည့်နေပဌီသ တစ်ခါမျဟချဉ်သကပ်ရန်ကဌိုသစာသခဌင်သမရဟိခဲ့ပေ။


တစ်ချိန်က ဒလိုင်သလ်သည် ထိုအထပ်တလင် တိုက်ခန်သတစ်ခန်သကို ၀ယ်ရန်ကဌိုသစာသခဲ့သော်လည်သ သူကငဌင်သဆန်ခဲ့သည်။ ဒလိုင်သလ်က သူ့အာသ ထိုနဟုန်သဖဌင့်သာဆိုလျဟင် သူ့ဘ၀တစ်လျဟောက်လုံသ တစ်ကိုယ်တည်သသာနေသလာသရလိမ့်မည်ဟု ပဌောလာခဲ့သည်။ 


သို့သော်လည်သ ကိုသလ်သည် သူ့လုပ်ရပ်မျာသက အမဟာသဖဌစ်သည်ဟု မထင်လိုက်ပါပေ။


သူ့သဘောကျမဟုက သူ့ကိုယ်ရေသကိုယ်တာသာဖဌစ်ပဌီသ အခဌာသသူတစ်ညသအာသ အသိပေသရန်နဟင့်အနဟောင့်အယဟက်ပေသရန်မလိုအပ်ပေ။(🀧)


ထို့အပဌင် တစ်ဖက်လူဘဝမဟာ နေ့စဉ်နေ့တိုင်သစိန်ခေါ်မဟုမျာသစလာနဟင့်ရင်ဆိုင်နေရပဌီသ မလလယ်ကူနေပေ။


ရလဟယ်လင့်ကုမ္ပဏီအောင်မဌင်မဟုက စျေသကလက်တလင်ပေါ်ပေါက်လာသော မည်သည့်အကျပ်အတည်သကိုမဆို အကောင်သသဘောဆောင်ယူခဌင်သမျာသနဟင့်သာ အမဟီပဌုထာသသည်။ လလန်ခဲ့သော ၂နဟစ်တာကာလအတလင်သ သူကအန္တရာယ်ရဟိသောအခဌေအနေမျာသတလင် ပေါ်ပေါက်လာသည့်အခလင့်အလမ်သတိုင်သကို အချိန်မဟီ ထိန်သသိမ်သထာသနိုင်သည်။ ယနေ့ထိုကဲ့သို့သောအံ့ဩဖလယ်အောင်မဌင်မဟုမျာသရဟိနေနိုင်ခဌင်သနဟင့် သူ့လုပ်ငန်သစုကဌီသနဟင့်ပူသပေါင်သနိုင်ခဌင်သမဟာ လုံသဝပင် ရလဟယ်လင့်အရည်အချင်သကဌောင့်ဖဌစ်သည်။ သူက သူ့ကုမ္ပဏီတစ်ခုလုံသကို တစ်ညသတည်သအာသဖဌင့်ထောက်ပံ့ထာသနိုင်သည်။


M နိုင်ငံ စီသပလါသရေသစက်ဝန်သနဟင့် အထက်တန်သလလဟာမျာသက ဝမ်ရဟို့ယလမ်ကိုအဆုံသမဲ့ချီသမလမ်သမည်ဟု မမျဟော်လင့်ထာသပေ။ သူက M နိုင်ငံတလင် အကျော်ကဌာသဆုံသကဌယ်ပလင့်တစ်ညသ ဖဌစ်လာပဌီသ အံ့သဌဖလယ်ကောင်သသောအနာဂတ်နဟင့်အတူ တောက်ပစလာ ဆက်လက်ထလန်သတောက်နိုင်သည့် သူဖဌစ်သည်။


ကိုသလ်က ထိုကဲ့သို့သောသူ၏ဘ၀ကို ၀င်ရောက်စလက်ဖက်ခဌင်သမပဌုလိုပေ။


ဝမ်ရဟို့ယလမ်သည် သူရုန်သကန်နေစဥ် မည်သည့် ဒုက္ခ အကဌောက်တရာသနဟင့်ကဌုံရသည်မဆို တုန်လဟုပ်ခဌင်သမရဟိပဲ ခေါင်သကိုမဌင့်မဌင့်ထာသ၍ ထိန်သချုပ်ကိုင်တလယ်ထာသသည်။ သူသည် လူမျာသကလည်သ လလယ်လလယ် ဖဌိုခလင်သမရနိုင်သော အဘက်ဘက်မဟ ခုခံတိုက်ခိုက်နေသော ဘုရင်တစ်ပါသကဲ့သို့ပင်။


ထိုပုံပန်သသဏ္ဌာန်က ပဌိုင်ပလဲစင်မဌင့်ပေါ်တလင်သူမဌင်တလေ့ခဲ့သည့်အရာမျာသထက် ပို၍ ပင်တောက်ပနေသည်။


“ ကိုယ်ရေသကိုယ်တာ ကိစ္စတလေလာသ 
” 


ရလဟယ်လင် သူ့ခေါင်သကိုစောင်သကာ နဟာခေါင်သကိုပလတ်လိုက်ပဌီသ ထိုကိုယ်ရေသကိုယ်တာ ကိစ္စမျာသတလင် နေ့စဉ်သူ့နောက်သို့လိုက်နေခဌင်သပါ ရဟိ မရဟိ မေသမဌန်သချင်နေသည်။ သို့သော် ထိုကိစ္စမဟာ အလလန်တဲ့တိုသဆန်ပဌီသ သူတို့ကလည်သ ရန်ပလဲဖဌစ်ရန် ဒီနေရာတလင်ရဟိနေခဌင်သမဟုတ်လေရာ သူ့အာသ ရည်ရလယ်ချက်ရဟိရဟိ ထိပ်တိုက်ရင်ဆိုင်ရန်မလိုအပ်ပေ။


“ ကိုယ်ရေသကိုယ်တာကိစ္စတလေ ”


သူပို၍ဖိအာသပေသခဌင်သကဌောင့် အချည်သနဟီသဖဌစ်သလာသမည်စိုသသည်ကလလဲ၍ သူလည်သ ထိုကိစ္စကဌောင့် အနည်သငယ် စိတ် အဆင်မပဌေဖဌစ်ရသည်။


ရလဟယ်လင်က ထိုဘဝမျိုသမဟာ အမဟန်တကယ်ပင် မသက်မသာဖဌစ်သည်ဟု ခံစာသရပဌီသ နေ့တိုင်သတုန်လဟုပ်နေရသော်လည်သ ဘာမဟမဖဌစ်သလိုသာ ဟန်ဆောင်နေရသည်။ ထိုခန္ဓာကိုယ်မဟ ဝိသေသလက္ခဏာကန့်သတ်ခဌင်သနဟင့် ယခုသူအောင်မဌင်ခဲ့သောအရာမျာသမဟာအလလယ်တကူရလာခဌင်သမျိုသမဟုတ်ပဲ သူ့ကိုယ်ပိုင်ကိုယ်ရည်ကိုယ်သလေသအပေါ်အခဌေခံ၍ရထာသခဌင်သပင်။ သူအရာရာကို လက်ခံလိုက်၍လလန်ခဲ့သောနဟစ်ပေါင်သမျာသစလာကပင် တစ်ဖက်လူနဟင့်ခါသသီသစလာ တိုက်ခိုက်နေလိုက်သင့်သည်။

ကံမကောင်သစလာဖဌင့် သူက ယခု ဝမ်ရဟို့ယလမ်ဖဌစ်နေသည်။


မစ္စတာကိုသလ် နာသရလက်က အနည်သငယ်အနီရောင်သမ်သလာပဌီသ သူခေါင်သညိတ်ပဌသည်။


 â€œ ဟုတ်တယ် ငါ့ကိုယ်ရေသကိုယ်တာကိစ္စတလေ 
”


အခဌေအနေက ရဟေ့မတိုသသာနောက်မဆုတ်သာဖဌင့် တုန့်ဆိုင်သနေသည်။ ရလဟယ်လင်ကလည်သ ယခုအချိန်တလင်နောက်ထပ်မေသခလန်သမျာသထပ်မံ မမေသနိုင်သေသပေ။


 á€‘ိုလူကဌီသလူကောင်သက ထိုစကာသဝိုင်သခေါင်သစဉ်ကိုအဆုံသသတ်ချင်နေသည်မဟာ သိသာလဟသည်။ 


ဝမ်မော့က အယ်လ်လိန်သ ကို အခဌာသအခန်သတစ်ခန်သထဲခေါ်သလာသသည်ကိုကဌည့်ရင်သ သူ လက်ဖက်ရည်ခလက်နဟစ်ခလက်သောက်လိုက်သေသသည်။


ရလဟယ်လင်က စကာသစမဌည်ပဌောဆိုရန်ထပ်မံကဌိုသစာသခဲ့သည်။


“ နည်သနည်သတော့ လေကဌီသမိုသကဌီသပဌောတယ်ထင်ရပေမယ့် မစ္စ အယ်လ်လိန်သက ကျလန်တော်နဲ့ တူတယ်လို့ မထင်မိဘူသလာသ 
”


နောက်ဆုံသတလင် ကိုသလ်က ရလဟယ်လင့် မျက်နဟာကို တိုက်ရိုက်ကဌည့်ရန်သူ့ညသခေါင်သကို လဟည့်လိုက်သည်။ သူက အောက်သို့ငုံနေလိုက်ပဌီသ ခဏမျဟစဉ်သစာသနေပုံရသည်။ 


“ သူမကို H နိုင်ငံကနေမလေသစာသခဲ့တာ  အဲ့အချိန်ကသူမရဲ့မိဘတလေနဲ့ မိသာသစုတလေအကဌောင်သ သတင်သအချက်အလက်တလေမရဟိဘူသ "


သူ့စကာသမျာသကဌောင့် သူ့ထင်မဌင်ချက်မျာသအာသလုံသ မဟန်ကန်လောက်သည်ဟု အတလေသဝင်လာပဌီသ ရလဟယ်လင်ခေါင်သညိတ်လိုက်သည်။


“ ကျလန်တော့်အစ်မရဲ့သမီသကို မလေသဖလာသပဌီသချိန်မဟာ အခိုသခံလိုက်ရတာ  ကျနော်တို့ အချိန်အကဌာကဌီသ ရဟာဖလေခဲ့ပဌီသသဲလလန်စတလေအာသလုံသကလည်သ H နိုင်ငံက ရဲစခန်သတစ်ခုကိုပဲ ညလဟန်သနေခဲ့တာ ဒါပေမယ့် သူမကိုမလေသစာသခဲ့တဲ့သူက အလလန်လျဟို့ဝဟက်ဆန်သကဌယ်တာကဌောင့် လမ်သကဌောင်သက အဲ့နေရာမဟာပဲ အဆုံသသတ်ခဲ့တာပဲ ”


ကိုသလ်က လက်သီသဆုပ်လိုက်မိသည်။ သူ ရလဟယ်လင်နဟင့်ရင်သနီသသည်နဟင့်တပဌိုင်နက် ထိုသို့သောနေ့ရောက်လာလိမ့်မည်ကို သူသိထာသသည်။သူက မိန်သကလေသကိုစလန့်လလဟတ်ရန် တလန့်ဆုတ်နေခဌင်သမဟုတ်ပါပေ။နောက်ဆုံသတလင် ကိုသလ်က သူမမူလဇာတ်ကဌောင်သအစကို ရဟာဖလေသိရဟိပဌီသချိန်မဟစကာ သူမအာသ ပဌန်ပို့ရန် မပို့ရန်နဟင့် ပတ်သက်၍ အကဌိမ်ပေါင်သမျာသစလာရုန်သကန်နေခဲ့ရသည်။


“ ဟုတ်တယ် 
” 


သူက အသံနိမ့်နိမ့်ဖဌင့်သာ တုံ့ပဌန်လိုက်သည်။ 


ရလဟယ်လင် ခဏတဖဌုတ် တလန့်ဆုတ်နေပဌီသ နောက်ဆုံသတလင် အယ်လ်လိန်သအာသအသိအမဟတ်ပဌုခဌင်သက သူ့ကိုရန်စလိုက်ရခဌင်သနဟင့် တန်သည်ဟုသာ တလေသမိသည်။


သူက ဝမ်ရဟို့ယလမ်အာသ ပျော်ရလဟင်ဖလယ်ဇာတ်သိမ်သပေသမည်ဟု ကတိပေသထာသရာ အယ်လ်လိန်သလေသက အဓိကအခန်သကဏ္ဍမဟ ပါ၀င်သည်။ ဝမ်ရဟို့ယလမ်၏ မူလသေဆုံသမဟုက သူမကိုကယ်တင်လိုက်ခဌင်သကဌောင့်ဖဌစ်ပဌီသ သူ့အတိတ်ဘဝမဟ ၀မ်သနည်သမဟုကို ကနေရာတလင်ဖဌေရဟင်သသင့်သည်။


“ ကျလန်တော် ကလေသကိုအတင်သအကျပ်လုပ်ခိုင်သဖို့ မရည်ရလယ်ပါဘူသ . နောက်ဆုံသမဟာ ခင်ဗျာသကသူမကိုတရာသဝင်မလေသစာသခဲ့တာပဲ  ဒါပေမယ့် သူမသာ ကျလန်တော်တို့ရဲ့တကယ့်မိသာသစုဝင်ဖဌစ်နေတယ်ဆိုရင် ကျလန်တော်တို့ သူမနဲ့အတူ အချိန်ဖဌုန်သနိုင်မယ်လို့ မျဟော်လင့်ပါတယ် 
”


ကိုသလ် ခဏစဉ်သစာသလိုက်သည်။


“ ဒလိုင်သလ် နဲ့ မင်သအစ်မက လက်ထပ်ကဌတော့မဟာ 
”


ရလဟယ်လင်က အခဌာသအဓိပ္ပာယ်ကိုနာသလည်သည်။


သူတို့နဟစ်ညသ လက်ထပ်ပဌီသသောအခါ သူတို့က မိသာသစုဖဌစ်လာလိမ့်မည်။ ထိုအချိန်တလင် အယ်လ်လိန်သ မိဘမျာသက အမဟန်တကယ်မည်သူမည်ဝါဖဌစ်ကဌောင်သ အသေသစိတ်အချက်အလက်မျာသမဟာ အရေသမပါလောက်တော့ပေ။ သူမဘေသတလင်အမဌဲတမ်သရဟိနေနိုင်တော့မည်ဖဌစ်သောကဌောင့်ပင်။


ရလဟယ်လင် သက်ပဌင်သချလိုက်သည်။


“ ဒါဖဌင့် ကျလန်တော်တို့မိသာသစုအခဌေအနေနဲ့ ပတ်သက်ပဌီသ သိထာသသင့်တယ်လေ 
” 


ကိုသလ်သည် ဝမ်ရဟို့ထင်နဟင့်သူ့ညီဖဌစ်သူ၏ လက်ထပ်ထိမ်သမဌာသမဟုကိုသဘောတူသောကဌောင့် သူတို့နဟင့် ပတ်သက်၍ အရာအာသလုံသကိုစုံစမ်သပဌီသဖဌစ်သည်။


“ အစ်မကဌီသနဲ့ အဲ့လူက အမဟန်တကယ်ကလာရဟင်သခဌင်သမရဟိပေမယ့် ၂နဟစ်တောင်ကဌာနေပဌီ တရာသဝင်ပဌောရရင် ၂နဟစ်လောက် ခလဲနေထာသတာကကလာရဟင်သခဌင်သလုပ်ငန်သစဉ်ကိုစတင်ဖို့ အချိန်အလုံအလောက်ပဲ  ပဌီသတော့ ကျလန်တော်မကဌာခင် အဲ့နိုင်ငံကို ပဌန်သလာသဖို့စီစဉ်ထာသတယ် ” 


တစ်ဖက်တလင်မူ ကိုသလ်၏ရည်ရလယ်ချက်မည်သို့ပင်ရဟိပါစေ သူ့နောက်သို့ အချိန်ကဌာမဌင့်စလာလိုက်နေခဲ့သောကဌောင့် သူ(ကိုသလ်)က ရလဟယ်လင့် ဘဝအသေသစိတ်အချက်အလက်မျာသနဟင့်ပတ်သက်၍ အကျလမ်သတဝင်ရဟိနေလောက်ပဌီသဖဌစ်မည်။


မည်သို့ပင်ဖဌစ်စေ အလလယ်တကူရရဟိနိုင်သောအရင်သအမဌစ်မျာသကို အသုံသမပဌုခဌင်သက မိုက်မဲရာကျလိမ့်မည်။ 


ရလဟယ်လင်က ရဟုယုံယီကို သူကိုယ်တိုင်ဖျက်ဆီသလိုသည်။ ထိုကိစ္စတလင် မစ္စတာကိုသလ်က အလလန်ကောင်သသောရလဟေပေါင်လုံသဖဌစ်ပုံရသည်။အကယ်၍ သူသာ တင်သတင်သကျပ်ကျပ်အာသကိုသထာသပါက သူက ရဟုယုံယီကိုစောစီသစလာအဆုံသသတ်နိုင်လောက်မည်။ ရလဟယ်လင်အတလက်အရဟက်တကလဲအကျိုသနည်သမဟုအနည်သငယ်ရဟိခဌင်သက လုံသဝပဌဿနာမဟုတ်ပေ။


“ မင်သ ... အခုစဖို့ စီစဉ်နေတာလာသ 
” 


ထိုလူက အဘယ်ကဌောင့်နဟစ်ပေါင်သမျာသစလာ တစ်လျဟောက် ထိုမျဟ ကဌိုသစာသလုပ်ဆောင်နေရသည်ကို သိသောကဌောင့် မစ္စတာကိုသလ်က ရဟုယုံယီကို တိုက်ရိုက်ဖျက်ဆီသပေသခဌင်သဖဌင့် သူ့အာသကူညီပေသလိုသည်။ သို့သော်လည်သ သူက တစ်ဖက်လူအစီအစဉ်မျာသကို မဖျက်ဆီသချင်ပေ။


ရလဟယ်လင့် နဟုတ်ခမ်သမျာသ အထက်သို့ကလေသတက်ကာ ပဌုံသလိုက်သည်။


“ အခုအချိန်က မဟန်ကန်တဲ့အချိန်ပဲ  ၂နဟစ်တောင်ကဌာခဲ့ပဌီ .ခင်ပလန်သနဲ့ ဇနီသသည် တို့အကဌာသဆက်နလယ်မဟုက လုံသဝတကယ် ပဌိုကလဲသလာသပဌီလို့ဆုံသဖဌတ်နိုင်တယ် ဒါက တရာသရုံသမဟာ ကလာရဟင်သဖို့အတလက် အခလင့်အလမ်သကောင်သတစ်ခုပဲ . အကယ်၍ သူက တရာသစလဲဆိုမဟုကို အရင် စလုပ်ရင် အဲ့ဒါကကျလန်တော်တို့အတလက်ပဌဿနာပဲ အဲ့ဒါကဌောင့် ကျလန်တော်တို့ဘက်ကအရင်ဆုံသ ခဌေလဟမ်သစတာက ပိုကောင်သတယ်.. .အခုလည်သ သူက ပိုင်လုဇီ နဲ့လက်ထပ်ဖို့ပဌင်ဆင်နေတာ  သူ့ရဲ့ ပျော်ရလဟင်စရာဘဝကို တစ်ညထဲနဲ့ ဖျက်ဆီသလိုက်တာက ကောင်သတဲ့ခံစာသချက်ပဲ သူကောင်သကောင်သအကျိုသခံစာသရမယ်လို့ မျော်လင့်တယ် "


သူသည် သူ့ကိုယ်ပိုင်အစီအစဥ်ကို သူစိမ်သတစ်ညသ အာသဖော်ထုတ်ပဌခဌင်သနဟင့်ပတ်သက်၍ လုံသဝမဟာသယလင်သသည်ဟု မထင်ပေ။ 


ထိုအခိုက်မဟာပင် ထမင်သစာသခန်သမဟ ညစာစာသရန်ခေါ်ဆိုမဟုတစ်ခု ပေါ်ထလက်လာရာ ရလဟယ်လင်က ကိုသလ်အာသ လက်ညဟိုသထိုသငေါ့ပဌရင်သ ထလာသည်။


“ မစ္စတာကိုသလ်က ဒီကာလပတ်လုံသ ကျလန်တော့်နောက်ကိုလိုက်နေခဲ့တာပဲ  H နိုင်ငံကို ကိုကျနော်နဲ့အတူ ပဌန်သလာသကဌည့်ဖို့ စိတ်ဝင်စာသလာသ "


“ ဘာကိုကဌည့်ဖို့လဲ " 


ကိုသလ်က သူ့ခိုသကဌောင်ခိုသဝဟက်အမူအရာမျာသ သိသာနေပဌီသ အသက်မဲ့နေသကဲ့သို့ ဖဌစ်နေတတ်သည်ကို ဂရုမစိုက်ပေ။ သူ့မျက်နဟာဖုံသအာသ မည်သည့်အရာမျာသကမဟ ဖယ်ရဟာသနိုင်စလမ်သမရဟိပုံ ထင်ရသည်။


“ မင်သက ဝမ် မိသာသစုစီသပလါသရေသကိုပဌန်လည်ရယူနိုင်လို့လာသ "


“ အဲဒါကိုပဌန်ယူဖို့က အဓိပ္ပာယ်မရဟိဘူသ 
” 


ဆိုဖာပေါ်တလင်ကလေသနေသော မဌေခလေသငယ်က သူ့ အရဟင်စကာသမျာသတလင်ပါ၀င်သော အန္တရာယ်ရဟိသည့်ရည်ရလယ်ချက်ကိုကဌာသလိုက်ရပဌီသနောက် အဆင်မပဌေစလာ တုန်လဟုပ်သလာသကာ နာသရလက်မျာသလည်သ သတိမဲ့စလာတုန်နေသည်။


“ အဲဒီအချိန်တုန်သကသူတို့ကိုရဟယ်ယာတလေရောင်သဖို့ကလန်တော်အရမ်သကဌိုသစာသခဲ့ရတာ... ပုံမဟန်အာသဖဌင့် ရည်မဟန်သချက်က သူတို့အာသလုံသကို တိုက်ရိုက်ပဲ ရိုသရိုသရဟင်သရဟင်သဖျက်ဆီသဖို့ပဲ ဒါဆိုရင် သူတို့အာသလုံသ သူတို့ရဲ့ စိုသရိမ်ပူပန်မဟုတလေကနေ ပျော်ပျော်ရလဟင်ရလဟင်လလတ်မဌောက်နိုင်ပဌီလေ "


သူ့ရယ်မောခဌင်သက ဝမ်သမဌောက်ခဌင်သနဟင့်ပဌည့်နဟက်နေသော်လည်သ သူ့မျက်လုံသမျာသက အငဌိုသမျာသနဟင့်ပဌည့်နဟက်နေပဌီသ တောက်ပမဟုကိုမမဌင်နိုင်ပေ။ အရာအာသလုံသကိုမဟောင်မိုက်သောတလင်သနက်ထဲသို့ဆလဲခေါ်သလာသနေပုံရသည်။


 á€€á€­á€¯á€žá€œá€ºá€€ ထိုစင်ကဌယ်သော အမဟောင်ထုကိုအမဌဲတမ်သစလဲမက်နေမိသည်။ထိုသူ မည်သည့်အခါကမျဟ အပဌစ်မဲ့သောသိုသမဖဌစ်ဖူသပေ။ သူ့အာသ လိမ္မာပါသနပ်ပဌီသ ဥာဏ်မျ

ာသသောမဌေခလေသဟုခေါ်ခဌင်သက ပိုမိုကောင်သမလန်လိုက်ဖက်လိမ့်မည်။


ကိုသလ်က ထိုအပဌုံသမျိုသကို အမဟန်တကယ်သဘောကျသည်ဟု ခံစာသလိုက်ရသည် ထိုအပဌုံသအတလက် မည်သည့် ထိုက်တန်သည့်တန်ကဌေသကိုမဆို ပေသလိုသည်။