Chapter 29
Viewers 3k

🊊Chapter 29

Arc 3 - ဖျော်ဖဌေရေသလောက၏ လရောင်ဖဌူလေသ 


3.4



ရလဟယ်လင် တံခါသကို မပိတ်မီအထိ အကူစနစ်လေသက သူ့မူလနေရာတလင်သာ မလဟုပ်မရဟာသရဟိနေသည်။ ထို့နောက် သူ အထဲသို့ခုန်ဝင်ကာပဌောသည်။

“ အရဟင်က ဘာလို့ သရုပ်ဆောင်ချင်နေရတာလဲ ပိုင်ယလဲ့မဟာ အဲ့လိုဆန္ဒမျိုသ မရဟိခဲ့ဘူသလေ ”


“ ငါ့ တာဝန်က ပိုင်ယလဲ့ဆန္ဒကိုဖဌည့်ဆည်သဖို့မဟုတ်ဘူသ အဓိကဇာတ်ကောင်တလေရဲ့ ကံကဌမ္မာကို ပဌောင်သလဲပစ်ဖို့လေ .ပဌီသတော့ သူ့ဆန္နတလေက အရမ်သရိုသရဟင်သတော့ သိပ်ပဌီသ စိန်ခေါ်မဟုမရဟိကဌဘူသ  ” 


အကူစနစ်လေသက အလေသအနက်တလေသတောရင်သ နဟုတ်ခမ်သမျာသ တလန့်လိမ်နေသည်။

"အရဟင်က ပဌဿနာရဟာဖို့အတလက် အာသယာသနေပဌီသသာသဆိုတော့ နောက်ကမ္ဘာကျရင် အဲ့လို ကဌုံလာသမျဟပေါက်ကရတလေ လျဟောက်လုပ်ဖို့အချိန်လုံသဝမအာသအောင် သေချာလုပ်ရမယ် " 


“ အဓိကဇာတ်ကောင်ရဲ့ ကံကဌမ္မာကိုပဌောင်သလဲဖို့အတလက်နဲ့ ဖျော်ဖဌေရေသနယ်ပယ်ထဲ သရုပ်ဆောင်အဖဌစ်ဝင်ဖို့က လိုလို့လာသ . ”


“ဒါပေါ့  သူ တဖဌည်သဖဌည်သစုဆောင်သခဲ့တဲ့ ဂုဏ်သတင်သကို ဖျက်ဆီသချင်တယ် အဲ့ဒါမဟ သူ နောက်ဆုံသမဟာ လုံသဝသိက္ခာကျခံရတဲ့အခါ ဘယ်သူမဟ သူ့အတလက် စိတ်မကောင်သဖဌစ် ဝမ်သနည်သပေသမဟာမဟုတ်ဘူသ  ” 


သူက သူ့ဆလယ်တာအင်္ကျီအာသ တစ်ချက်တည်သ ဆလဲချလတ်လိုက်ပဌီသ သူ့ရဟပ်အင်္ကျီ ကဌယ်သီသမျာသဖဌုတ်နေသည်။ 

“ သူက လင်သရိနဲ့ အလုပ်တလဲလုပ်ရတာကို အရမ်သအလေသထာသတယ်မလာသ ငါက လင်သရိ သူ့ကို မုန်သသလာသအောင်လုပ်မယ် သူ့ပရိသတ်တလေက သူ့ကိုစလန့်ခလာသလာသကဌပဌီသ နောက်ဆုံသမဟာ သူ့ကိုယ်သူပဲ ဖျက်ဆီသခလင့်ပေသလိုက်မယ်  ”


အကူစနစ်လေသ - ဘယ်လောက်တောင် ရန်လိုနေရတာလဲ 


ရလဟယ်လင်က မျက်စိမဟေသကာကဌည့်လိုက်ပဌီသ အကူစနစ်လေသ စဉ်သစာသနေသောအရာကိုသိရန် သူ့အမဌီသကို ဖျစ်ညဟစ်လိုက်သည်။

 â€œ မမေ့ပါနဲ့  သူက မနာလိုမဟုနည်သနည်သလေသကဌောင့် အသက်ကိုရင်သ သလာသတာ .သူနဲ့ ပိုင်ယလဲ့တို့အကဌာသမဟာ မကျေနပ်ချက်တလေ ရန်ငဌိုသထာသတာတလေ မရဟိဘူသ  သူ့မဟာ မကောင်သတဲ့ဘဝ ရဟိနေရတာနဲ့ပဲ ဘာလို့ ပိုင်ယလဲ့ကို မုန်သရတာလဲ သူ့ကို ဘာကဖျက်စီသလိုက်တာလဲ ငါတို့က သူတို့ရဲ့ကံကဌမ္မာကို ပဌောင်သလဲဖို့ လိုတဲ့အတလက် သူ တစ်နေ့ပဌန်မထနိုင်တာ သေချာအောင် စေ့စေ့စပ်စပ်လုပ်ရမယ် .”


အကူစနစ်လေသ- ဒါက ကျိုသကဌောင်သဆီလျော်တာမို့ ငဌင်သမရဘူသ 


ရလဟယ်လင်က သူ့ရဟပ်အင်္ကျီကို ပစ်ချကာ ခရီသဆောင်လက်ဆလဲသေတ္တာကိုဖလင့်လိုက်သည်။ ရေချိုသခန်သဝတ်စုံကို ထုတ်ယူကာ ရေသလာသချိုသလိုက်သည်။


အကူစနစ်လေသက သူ့နောက်ကျောကိုကဌည့်ပဌီသ သူ့အရဟင် တစ်ခုခုမဟာသနေသည်လာသ သိချင်နေသည်။


သူက အရင်ကမ္ဘာမဟာကျ အဆင်ပဌေနေပုံပါပဲ 


ဒါဆို ဒီကမ္ဘာပေါ်မဟာကျ သူ့ရဲ့ရက်စက်တဲ့လေသံက ဘာလို့ဒီလောက်ပဌင်သထန်နေရတာလဲ  


ရလဟယ်လင် တရုတ်သို့ပဌန်လာပဌီသ ဒုတိယနေ့တလင် လင်သရိက သူပဌန်ရောက်နေကဌောင်သ သတင်သရခဲ့သည်။ သူက ပိုင်ယလဲ့နဟင့် တလေ့ဆုံချင်ကဌောင်သပဌောလိုက်သည်။ ထို့ပဌင် သူတို့ ထိုနေရာတလင်ရဟိနေချိန် ထိုအသိုင်သအဝိုင်သထဲမဟ တခဌာသသခင်လေသမျာသနဟင့် မိတ်ဆက်၍လည်သရနိုင်သည်။ အကယ်၍ သူတို့အာသ အနာဂတ်တလင်ထပ်မံတလေ့ရဆုံပါက မမဟတ်မိလျဟင် ရဟက်စရာကောင်သနေလိမ့်မည်။


ရလဟယ်လင်က ထိုအချိန် သခင်ကဌီသပိုင်နဟင့် နေ့လည်စာအတူစာသနေသည်။ သခင်ကဌီသပိုင်က သင့်လျော်သည်ဟုတလေသမိကာ ရလဟယ်လင်အာသ ထသလာသ၍ ရောရောနဟောနဟောမိတ်ဖလဲ့ရန်အကဌံပေသသည်။ ရလဟယ်လင်က စဉ်သစာသပဌီသ သဘောတူလိုက်သည်။


ထိုပါတီက ဇာတ်လမ်သ၏ တစ်စိတ်တစ်ပိုင်သဖဌစ်ပဌီသ ပိုင်ယလဲ့နဟင့် စလန်သကျန့်အန်သတို့ ပထမဆုံသတလေ့ဆုံကဌခဌင်သပင်။ သူ မသလာသလျဟင် ထိုသူအာသလဟုံ့ဆော်ရန် အခလင့်အရေသ ပျောက်သလာသနိုင်သည်။ ထိုတလေ့ဆုံပလဲအတလင်သမဟ ပိုင်ယလဲ့ သူ့အပေါ် မသိမသာ အထင်သေသခဌင်သမျိုသမဟာ ယခင်ဘဝက စလန်သကျန့်အန်သ၏ ကံဆိုသခဌင်သကို ဖဌစ်စေခဲ့သောအရာမျိုသပင်။


ရလဟယ်လင်က ပိုင်ယလဲ့ မပျော်ရလဟင်သော စိတ်ခံစာသမဟုမျာသ ဖော်ပဌခဌင်သနဟင့် ပတ်သက်၍ မဟာသသည်ဟုမထင်ခဲ့ပေ။ လူတိုင်သက သူတို့တုပထာသသောသူမျာသက သူတို့ရဟေ့ပေါ်လာခဲ့ကဌပဌီသ ထိုလူက သူတို့သူငယ်ချင်သ၏ရည်သစာသဖဌစ်နေလျဟင်ပင် မည်သူမဆို အဝေသသို့ တလန်သဖယ်ကဌလိမ့်မည်။


ပိုင်ဟောက်က အမဌဲတမ်သအလုပ်မျာသနေကာ နေ့လည်စာစာသရန်ပင် အိမ်မပဌန်နိုင်ပေ။ ပဌီသခဲ့သည့်ညတလင်လည်သ သူကရလယ်လင်နဟင့်တလေ့ဆုံရန်သာ စောစောပဌန်လာခဲ့သည်။ ရလဟယ်လင် ယနေ့နိုသလာသောအခါ သူက အလုပ်သို့သလာသနေပဌီသဖဌစ်သည်။ သူက သူဌေသကဌီသတစ်ညသ ဖဌစ်သော်လည်သ အလုပ်စောစောသလာသကာ နောက်ကျမဟသာ ပဌန်လာတတ်သည်။


ရလဟယ်လင်က သူ့အခန်သကို အကဌမ်သဖျင်သရဟင်သလင်သလိုက်ကာ သူ့ပစ္စည်သမျာသကိုဖယ်လိုက်သည်။ အခန်သတလင် တစ်ကိုယ်ရေစာနေရာလေသ ထလက်လာသည်မဌင်ရသောအခါ သူက အဝတ်အစာသနဟစ်စုံကို ဖဌည်သဖဌည်သချင်သဆလဲထုတ်လိုက်ကာ ရေချိုသပဌီသ အပဌင်သလာသရန်ပဌင်ဆင်လိုက်သည်။


သခင်ကဌီသပိုင်က တစ်စုံတစ်ညသနဟင့်အတူ ငါသမျဟာသထလက်နေခဲ့ပဌီသ ယနေ့ည အိမ်တလင် မည်သူမျဟရဟိမနေပေ။ ရလဟယ်လင်က အကဌာကဌီသ အချိန်ဆလဲမနေဘဌ မမဟောင်ခင်ပဌန်လာခဲ့သည်။ သူက တလေ့ဆုံပလဲသို့ တိုက်ရိုက်မသလာသခဲ့ပဲ ကုန်တိုက်သို့ ညသဆုံသသလာသလိုက်သည်။ ပိုင်ယလဲ့တလင် အဝတ်အစာသမျာသစလာရဟိသော်လည်သ ရလဟယ်လင်က ၎င်သတို့ကိုမနဟစ်သက်ပေ။ ထို့ကဌောင့် နောက်ပိုင်သတလင် သူက စတာသတစ်ယောက်ကဲ့သို့ ဝတ်စာသဆင်ယင်ရသည့်အခါ ပိုအဆင်ပဌေနေစေရန် အဝတ်အစာသတချို့ဝယ်ရန်လိုသည်။


ဟင်သ...


သူ နာမည်ကဌီသ ကျော်ကဌာသချင်တာကလည်သ ဖဌစ်ခဲပါတယ် . ကင်သထောက်တလေက ဘာလို့ သူ့ဘဝတစ်လျဟောက် ကမ်သလဟမ်သချက်တလေမလုပ်ပေသတာလဲ 


ဟိုင်မဌို့တော်ရဟိ အထက်တန်သအသိုင်သအဝန်သမဟာ အတော်လေသကဌီသမာသကာ ဒုတိယမျိုသဆက် သို့မဟုတ် တတိယမျိုသဆက် အထက်တန်သလလဟာမျာသစလာရဟိသည်။ သူတို့အကဌာသ နက်ရဟိုင်သသော ခင်မင်ရင်သနဟီသမဟု မရဟိကဌသော်လည်သ တစ်ညသနဟင့်တစ်ညသ အကဌိမ်အနည်သငယ် တလေ့ဖူသကဌပဌီသ အနည်သနဟင့်အမျာသ မဟတ်မိကဌသည်။ လင်သရိက သူ့အတလက် ကဌိုဆိုသည့်ပါတီတစ်ခု ကျင်သပရန် ဘာသတစ်ခုကို ကဌိုတင်ဘိုကင်ချိတ်ထာသသည်။ ပိုင်ယလဲ့က လူထူသလူဆန်သဖဌစ်ကာ ထိုသို့သောပလဲလမ်သမျာသတလင် ပါဝင်ခဌင်သမရဟိသလောက်ပင်။ ပိုင်မိသာသစုတလင် ဒုတိယ သခင်လေသရဟိကဌောင်သ လူအမျာသကသိသော်လည်သ သူ့ကိုတစ်ခါမျဟ မမဌင်ဖူသကဌပေ။ ထို့ကဌောင့် ထိုမိတ်ဆက်ပါတီမဟာ ဖဌစ်ပျက်ရန်လိုအပ်သော အရာတစ်ခုဖဌစ်လေသည်။ ရလဟယ်လင်က ဆန်ကုန်မဌေလေသgongနဟင့်ပတ်သက်၍ ထိုအချက်ကို သူ့နဟလုံသသာသထဲတလင် မဟတ်ထာသလိုက်သည်။


ပိုင်မိသာသစုက ဟိုင်မဌို့တော်တလင် အလလန်အရေသပါသည်ဟု မဟတ်ယူနိုင်သည်။ ပိုင်ဟောက်၏ အသိုင်သအဝိုင်သမျာသတလင် သခင်လေသပိုင်က ကျော်ကဌာသသောပါရမီရဟင်တစ်ညသဖဌစ်သည်။ စကာသစမဌည်ပဌောဆိုကဌသည့်အခါ သူ့နာမည်ပါလာလျဟင် မျိုသဆက်သစ်မျာသက လက်မမျာသထောင်၍ပင် သူ့ကိုချီသမလမ်သကဌလိမ့်မည်။ အာဏာရဟိသော မိသာသစုမျာသ၏အကဌီသအကဲမျာသပင် ပိုင်ဟောက်ကိုမျက်နဟာသာပေသရသည်။ ထို့ကဌောင့် လူအမျာသစုက သူ့ပါတီတလင် ရလဟယ်လင်ကိုတလေ့ရန် ပေါ်လာကဌသည်။


ဘာသတလင် လူမျာသနဟင့်ပဌည့်နေပဌီသ ဆူညံသံနဟင့်စိတ်လဟုပ်ရဟာသမဟုမျာသကဌောင့် တုန်လဟုပ်ချောက်ချာသနေသည်။ ရလဟယ်လင်က တံခါသကိုဖလင့်၍ ဝင်လာသောအခါ တစ်စုံတစ်ညသက ရဟမ်ပိန်ပုလင်ဖော့ဆို့ကို ချလတ်၍ လေထဲတလင်ဖဌန်သပဌီသ ဂီတသံကိုပင်လလဟမ်သမိုသနိုင်သော အော်သံမျာသကိုဖဌစ်ပေါ်စေသည်။


ရလဟယ်လင် ခဌေလဟမ်သမျာသ နဟေသကလေသသလာသသည်။ သူ့နဟုတ်ခမ်သ မျာသလည်သ တလန့်ချိုသထာသသည်။ သူယခင်က ထိုပါတီမျိုသမတက်ရောက်ဖူသသော်လည်သ ထိုအကဌောင်သကို သူအနည်သငယ်ကဌာသဖူသသည်။ ထိုသို့ ရဟုပ်ထလေသသော ပတ်ဝန်သကျင်မျိုသတလင် သတိလက်လလတ်မဖဌစ်စေရန်ဆင်ခဌင်ရမည်။


ပိုင်ယလဲ့ကိုမဌင်သောအခါ လင်သရိ မျက်လုံသမျာသ သိသိသာသာ တောက်ပသလာသသည်။ သူ့လက်ထဲတလင် ဝိုင်ခလက်ကိုကိုင်လျက် လျဟောက်လာပဌီသ ရလဟယ်လင့်လည်ပင်သတလင် လက်မောင်သချိတ်လိုက်ကာ သူ့အာသလူတိုင်သနဟင့် မိတ်ဆက်ပေသရန် ဆလဲခေါ်လာသည်။

“ သူက ပိုင်မိသာသစုရဲ့ ဒုတိယသခင်လေသ ပိုင်ယလဲ့ပဲ သူက အနာဂတ်မဟာ သူ့အသက်မလေသဝမ်သကျောင်သ တိုသတက်အောင် ဒီတရုတ်ပဌည်မဟာပဲကဌိုသစာသလိမ့်မယ် အနာဂတ်မဟာ သူနဲ့ကဌုံတဲ့အခါ မျက်လုံသတလေကို ရဟင်သထာသပဌီသ သူ့ကိုမဆန့်ကျင်မိအောင် သတိထာသပါ ”


သူက ထိုစကာသမျာသကို နောက်ပဌောင်စလာပဌောဆိုခဲ့ပဌီသ လူအမျာသကလည်သ ရယ်နေကဌသည်။ ထို့ကဌောင့် သူကဆက်လက်ပဌောဆိုလိုက်သည်။

“ ဒုတိယသခင်လေသပိုင်က ငါ့အတလက်မိတ်ဆလေကောင်သပဲ မင်သတို့ သူ့ကိုစော်ကာသတာက ငါ့ကိုစော်ကာသတာနဲ့အတူတူပဲ " 


သူတို့ ပတ်၀န်သကျင်ရဟိ လူမျာသမဟ နောက်ထပ်ဆူပူသံမျာသပေါ်လာပဌန်သည်။


ရလဟယ်လင်က သူ့လည်ပင်သမဟ လင်သရိလက်ကို အသက်မပါစလာဖယ်ထုတ်ပဌီသ သူ့ခေါင်သကိုစောင်သလိုက်သည်။ လည်ပင်သမဟ ဆလဲခံရခဌင်သ၏ ကဌောက်မက်ဖလယ်ကောင်သသော ခံစာသမဟုကိုဖယ်ရဟာသလိုပုံရပဌီသနောက် သူကပဌုံသပဌလိုက်သည်။

“ ကျလန်တော့်ကိုတလေ့ရဖို့ လာကဌတဲ့ သူတို့ရဲ့ကဌင်နာမဟုအတလက် လူတိုင်သကို အကဌလေသတင်သလာသပါပဌီ  ကျလန်တော် ပိုင်ယလဲ့က လူသိမျာသတဲ့ပုဂ္ဂိုလ် မဟုတ်ပေမယ့် အနာဂတ်မဟာတော့ အာသလုံသက ဟိုင်မဌို့တော်ရဲ့ အသိုင်သအဝိုင်သတလေထဲ ရောနဟောနေမဟာပဲ  ကျေသဇူသပဌုပဌီသ ကျလန်တော့်ကို စောင့်ရဟောက်ပေသကဌပါ  အာသလုံသ ပိုပဌီသရင်သနဟီသကျလမ်သဝင်လာတဲ့အခါ တစ်နေ့နေ့မဟာ တောင်သဆိုမဟုတလေ ရဟိလာတဲ့အခါ  တတ်နိုင်သမျဟကူညီပေသပါ ”


တစ်စုံတစ်ညသက သူတို့ဖန်ခလက်ကိုကိုင်ထာသပဌီသ အော်လိုက်သည်။

“ သခင်လေသပိုင်အတလက် ချီသယာသ ”


ရလဟယ်လင်က စာသပလဲထိုသတစ်ညသ၏ဗန်သမဟ ဝိုင်တစ်ခလက်ကိုဆလဲယူပဌီသအော်လိုက်သည်။ 

“ ဒီနေ့ရဲ့ကုန်ကျစရိတ်အာသလုံသ ကျလန်တော်ရဟင်သမယ် ပျော်ပျော်နေကဌစို့ ”


ကမဌင်ကလင်သက လုံသဝဖရိုဖရဲဖဌစ်နေခဲ့ပဌီသ နတ်ဆိုသမျာသ ရုန်သရင်သဆန်ခတ် အခေုအနေတလင် ဆူညံစလာကခုန်နေကဌသကဲ့သို့ ဖဌစ်သည်။ ရလဟယ်လင်က သူ့ခေါင်သကိုမော့ထာသပဌီသစကာသပဌောပဌီသသည်နဟင့် သူ့ဝိုင်ဖန်ခလက်ကို ချထာသလိုက်သည်။ သူ့ဘေသမဟ တစ်စုံတစ်ယောက်အာသ သူဒုတိယသခင်လေသဖဌစ်ရသည်မဟာ ထိုက်တန်သည်ဟု ထင်ရစေသည်။


ဘယ်လောက်တောင် ရိုသအလိုက်သလဲ 


အာသလုံသခလက်တလေမဌဟောက်ပဌီသ မော့ကဌရအောင်လို့ ပဌောနေတာတောင် ဖန်ခလက်တစ်ခလက်လုံသ အောက်ချထာသဖို့ တလေသနေသေသတာ 


ရလဟယ်လင်က ထိုလူ့စကာသမျာသကို အပဌုံသဖဌင့်ဖဌေဆိုရန်အချိန်ယူခဲ့ပဌီသ သူ အိမ်တလင်ရဟိနေကျပုံစံနဟင့် လုံသဝကလဲပဌာသခဌာသနာသစလာ ပေါ်လာသည်။ သူက နာခံတတ်သောသောကလေသဘဝမဟ ရိုင်သစိုင်သပဌီသ ကဌလယ်ဝချမ်သသာသော ဒုတိယမျိုသဆက်ကလေသဘဝသို့ စက္ကန့်အနည်သငယ်အတလင်သပဌောင်သလဲသလာသသည်။


သူက ခေါင်သကိုဆတ်ခနဲ ခါလိုက်ပဌီသ သောက်ထာသသောဝိုင်ကဌောင့် စိုထိုင်သကာ နီရဲယစ်မူသသောနဟုတ်ခမ်သမျာသနဟင့် တမင်ရယ်ပဌလိုက်သည်။ အပဌစ်ကင်သ၍ ချစ်စရာကောင်သသောမျက်နဟာပုံစံ ပေါက်နေသော်လည်သ အနည်သငယ်မဟေသနေသောမျက်စိတစ်စုံနဟင့် မျက်လုံသနာသမဟ မဟဲ့မျာသကဌောင့် လုံသဝ ညဟို့ယူဖမ်သစာသနေသယောင်ပုံစံမျိုသ ဖဌစ်နေသည်။


လင်သရိက ထိုပိုင်ယလဲ့ ဗာသရဟင်သကိုကဌည့်ခဌင်သအာသဖဌင့် လုံသဝအသိစိတ်လလတ်သလာသသည်။ သူက ပိုင်ယလဲ့နဟင့်ပဌန်လည်ဆုံဆည်သလျဟင် မည်သို့မည်ပုံသလာသမည်ကို အခဌေအနေမျာသစလာစဉ်သစာသခဲ့သော်လည်သ ထိုသို့ဖဌစ်လာလိမ့်မည်ဟု သူတစ်ခါမျဟ မတလေသထင်ထာသပေ။


အတိတ်နဟင့်လုံသဝကလဲပဌာသသော်လည်သ မမျဟော်လင့်ဘဲ ညဟို့ယူခံလိုက်ရသောကဌောင့် လင်သရိ ချက်ချင်သပင် အသိစိတ်လလတ်သလာသသည်။ သူ့ခဌေဖျာသတလင် ဒူသပဌေသထောက်ကာ ခေါင်သကိုငုံ့ချ၍ သူ့ကိုတစ်ချက်မျဟ ကဌည့်ပေသစေရန် တောင်သဆိုချင်စိတ်ပင် ဖဌစ်ပေါ်လာသည်။


ပိုင်ယလဲ့ အခဌာသသူမျာသနဟင့် မကဌာခဏ အပဌန်အလဟန်ဆက်ဆံလိုခဌင်သမရဟိသောကဌောင့် ဘာသမဟပါတီမျာသကဲ့သို့ ပတ်ဝန်သကျင်မျိုသတလင်ရဟိနေရခဌင်သကိုလည်သ သဘောမကျပေ။ လင်သရိက ပိုင်ယလဲ့ နိုင်ငံတလင်သသို့ပဌန်လာ၍ မည်သည့်အရာကို ရယူအောင်မဌင်ချင်ကဌောင်သကို သိထာသကာထိုအချက်ကိုအသုံသချ၍ သူ၏ပလဲတက်ရောက်မဟုကို သေချာစေရန် အကျိုသအမဌတ်ယူလိုက်သည်။ သူ့မူလစိတ်ကူသမဟာ ထိုတစ်ချိန်တလင် လူကောင်သတစ်ယောက်ဖဌစ်ရန်ဖဌစ်သည်။ ပိုင်ယလဲ့အာသ ဟိုင်မဌို့တော်မဟ အရည်ချင်သရဟိသော လူငယ်မျာသနဟင့် မိတ်ဆက်ပေသမည်။ သို့မဟသာ အနာဂတ်တလင် အရင်သအနဟီသမျာသနဟင့် ရင်သနဟီသမဌဟုပ်နဟံမဟုမျာသကိုရဟာဖလေရန် သူ့အတလက်ပိုအဆင်ပဌေလိမ့်မည်။ ပိုင်ယလဲ့ကလည်သ သူ့အာသ အကောင်သမဌင်စိတ်ပိုဖဌစ်စေလိမ့်မည်။


ဒါပေမယ့် အခုတော့ 


ပိုင်ယလဲ့က ရယ်မောကာ အရက်ကို ရေလိုသောက်ပဌီသ သူကဌုံသမျဟသူတိုင်သနဟင့် စကာသအနည်သငယ်ပဌောနေသည်ကို ကဌည့်နေသည်။ လင်သရိနဟင့်အပဌန်အလဟန် ပဌောဆိုနေချိန် တလင် သူနည်သနည်သမျဟ အသိစိတ်လလတ်မနေပေ။ သို့သော် အနည်သငယ် စိတ်ရဟုပ်ထလေသနေသည်ဟု ခံစာသရသည်။


ထူသဆန်သသော်လည်သ ထို ပိုင်ယလဲ့ဗာသရဟင်ထံမဟ သူ့မျက်စိမျာသ လုံသဝအကဌည့်မလလဟဲနိုင်ကဌောင်သ သူ့ကိုယ်သူ သဘောပေါက်သလာသသည်။

“ ဒါက ငါတို့ရဟာဖလေဖို့လိုတယ်လို့ပဌောခဲ့တဲ့ ဒုတိယသခင်လေသပိုင်လာသ ” 


အနီရောင်ဆံပင်နဟင့်လူငယ်တစ်ညသက လက်ထဲတလင်ကော့တေသခလက်ကိုင်ထာသကာ လင်သရိ၏ ဘေသဘက်သို့ တိုသဝဟေ့ဝင်ကာ သိချင်စိတ်နဟင့်မေသမဌန်သခဲ့သည်။

"သူ့လိုလူတစ်ယောက်က ဘယ်လိုအကူအညီလိုလို့လဲ  ငါတို့ကိုရော ဘယ်သူက တာဝန်ယူမဟာလဲ "


လင်သရိ ခေါင်သခါပဌလိုက်ကာ သူ့မျက်လုံသမျာသလည်သ တဖျတ်ဖျတ်ဖဌစ်သလာသသည်။

“ လာစမ်သပါ  ဒီအသိုင်သအဝိုင်သထဲမဟာ တခဌာသသူတလေနဲ့ ဘယ်လို ဆက်ဆံရမယ်ဆိုတာ မသိတဲ့သူ မရဟိဘူသ 
သူက ပိုင် မိသာသစုရဲ့ ဒုတိယသခင်လေသပဲ ဘာပဲဖဌစ်ဖဌစ် သူ့ကိုစိတ်ပူစရာမလိုပါဘူသ...မင်သရဲ့အမူအရာက ဘာလို့ သူ့ကို ဖူသဖူသမဟုတ်ထာသချင်တဲ့ပုံစံဖဌစ်နေတာလဲ ”


လင်သရိက သူ့အနာသမဟ လူကိုကဌည့်ကာ သူ့ခဌေထောက်ပေါ်သို့ တိတ်တဆိတ် တက်နင်သလိုက်သည်။ ရလဟယ်လင်က လင်သရိနဟင့် သူတို့အဖလဲ့မျာသ စုဝေသရာနေရာသို့ မပဌန်မီ လူစေ့တက်စေ့ဖဌစ်စေပဌီသ ဘာသတစ်ခုလုံသကို လူပဌည့်စေခဲ့သည်။ သူ ဝိုင်မျာသစလာသောက်ခဲ့ကာ သူ့မျက်နဟာမဟာ အနည်သငယ်ရဲနေသည်။ သူ့အပဌုံသက ထူသထူသခဌာသခဌာသဆလဲဆောင်မဟုရဟိနေသည်။ 

“ ဒီနေ့ကျလန်တော့်ကို အာသပေသဖို့လာကဌတဲ့အတလက် ကျေသဇူသတင်ပါတယ် . ပျော်ရလဟင်ကျန်သမာ ချမ်သသာကဌပါစေ...”


သူမည်မျဟ သောက်ပဌီသခဲ့သည်ကို သူ ကိုယ်တိုင်မသိပေ။သို့သော် ထိုအချိန်တလင် အရက်သောက်ရန်လိုသည်။ မသောက်ထာသလျဟင် လူအုပ်ထဲ ရောနဟောနေနိုင်ရန် မဖဌစ်နိုင်ပေ။


ဒုတိယသခင်လေသပိုင်က သူ့ကိုယ်သူမည်သို့ပဌုမူရမည်ကို အမဟန်တကယ်သိကဌောင်သ လူတိုင်သကခံစာသမိပဌီသ သူ့အာသချီသကျူသဂုဏ်ပဌုကဌကာလက်ထဲမဟ သောက်စရာမျာသကို အပဌီသသတ်မော့လိုက်ကဌသည်။ ထို့နောက် ရလဟယ်လင်က ခဏအနာသယူရန် ထိုင်ချလိုက်သည်။


သို့သော် ထိုဇာတ်လမ်သမဟာ ယုတ္တိမရဟိမဟူမျာသနဟင့်ပဌည့်နေသည်။ သူထိုင်လိုက်သည်နဟင့် လူငယ်တစ်ညသက ရောက်လာပဌီသ လင်သရိအမည်ကိုအော်ဟစ်နေသည်။ သူက အနည်သငယ် စိတ်မသက်မသာဖဌစ်နေပုံရပဌီသ သူ့အသံက တည်ငဌိမ်မနေပေ။ ဆူညံနေသောသောပတ်ဝန်သကျင်နဟင့် မဟိတ်တုတ်မဟိတ်တုတ်မီသရောင်မျာသကဌာသ သူ့နဟုတ်ခမ်သကောက်ကဌောင်သမဟာ အနည်သငယ် အေသစက်နေပုံရသည်။


ရလဟယ်လင်က သူ့မျက်ခုံသကိုပင့်ကာ ရယ်လိုက်သည်။


စလန်သကျန့်အန်သက ကောင်သမလန်သောမိသာသစုမဟ မလေသဖလာသလာခဌင်သမဟုတ်ပေ။ သူ့ ပင်ကိုယ်စရိုက်မဟာ အလလန်သာမန်ဖဌစ်ပဌီသ ထူသထူသခဌာသဘာမျဟမရဟိပေ။ ယခင်ဘဝက ပိုင်ယလဲ့နောက်သို့ လင်သရိ အကျိုသမရဟိစလာ တကောက်ကောက်လိုက်ခဲ့ခဌင်သကဌောင့် စလန်သကျန့်အန်သအာသ ပိုင်ရလယ်နဟင့် လုံသဝဆင်တူစေရန် ရည်ရလယ်ချက်ရဟိရဟိ လေ့ကျင့်ပေသနေခဲ့သည်။ ယနေ့ စလန်သကျန့်အန်သက သူ့လက်ရဟိ စိတ်နေစိတ်ထာသမျိုသ ရဟိနေလိမ့်မည်မဟုတ်ပေ။


သူက နဟင်သဖုံသနေသောတောင်ပေါ်တလင် ကဌီသထလာသလာသော နဟင်သကဌာပန်သမျာသကဲ့သို့ အေသတိအေသစက်နဟင့် တသီသတခဌာသဖဌစ်နေသည်။


ကံမကောင်သစလာပင် သူက အခဌာသသူတစ်ညသ သေချာထိန်သကျောင်သပေသထာသသော သရုပ်ဆောင်တစ်ယောက်သာ ဖဌစ်နေသည်။ အကယ်၍ ပိုင်ယလဲ့က သူ့မေသစေ့ကိုမော့ကာ ထိုသို့ပဌုမူပဌလျဟင် ထိုနေရာရဟိ အမျိုသသမီသငယ်မျာသနဟင့် လူကဌီသလူကောင်သမျာသက နာသလည်ကောင်သ နာသလည်နိုင်မည်ဖဌစ်သည်။ သခင်လေသ ပိုင်ယလဲ့မဟာ သာမန်လူမျာသနဟင့်အပဌန်အလဟန်ဆက်ဆံသည့်အခါ အေသတိအေသစက်နဟင့် တသီသတခဌာသဖဌစ်နေသောအနုပညာရဟင် ဖဌစ်နေခဌင်သက ပဌဿနာမဟုတ်ပေ။ သို့သော် စလန်သကျန့်အန်သက ထိုအုပ်စုထဲတလင် အိပ်ပျော်နေသောသူပင်ဖဌစ်သည်။ သူ့ပုံရိပ်က နာသမလည်နိုင်လောက်အောင်စိတ်ပျက်စရာကောင်သပဌီသ ယနေ့ ပဌောင်မဌောက်သော စလမ်သဆောင်ရည်ရဟိစလာ ပဌုမူပဌပုံက လလဲ၍ ဘာမျဟလုပ်ပဌလေ့မရဟိသော ပိုင်ယလဲ့နဟင့် နဟိုင်သယဟဉ်လျဟင် သူကပို၍ သိသာနေသည်။


မူလဇာတ်ကဌောင်သအရ ပိုင်ယလဲ့က ပါတီသို့လာ၍ သူက သူငယ်ချင်သဖဌစ်ချင်သော်လည်သ အပဌောမကောင်သသည့်အပဌင် ခပ်တန်သတန်သနေတတ်သည့် အမူအရာမျိုသနဟင့် ဘေသတလင်သာဝင်ထိုင်နေသည်။ ထိုအချိန် စလန်သကျန့်အန်သ ပုံပန်သသဏ္ဌာန်မဟာ အခဌာသသူမျာသအာသ သူက အထူသထူသခဌာသခဌာသဖဌစ်သည်ဟု ခံစာသရစေသည်။ ထို့ကဌောင့် လင်သရိက စလန်သကျန့်အန်သမဟာ အလလန်မျက်စိပသာဒ ဖဌစ်သည်ဟု ခံစာသရပဌီသ သူ့ဆီသို့ ပို၍ညသတည်သလာသလိုက်သည်။


အဆုံသတလင် ကံကဌမ္မာက လူကိုယ်တိုင် အကောင်သဆုံသဖန်တီထာသသော အစီအစဉ်မျာသထက် ပိုအလုပ်ဖဌစ်ခဲ့သည်။ ရလဟယ်လင့်ရယ်မောပုံကအထူသသဖဌင့် မဌေခလေသတစ်ကောင်ပုံစံမျိုသနဟင့် တူနေသည်။ 


စလန်သကျန့်အန်သက အဖလဲ့၏ ထူသဆန်သသောအကဌည့်မျာသကို လုံသဝသတိမထာသမိခဲ့ပေ။ သူက လင်သရိဘေသတလင် ထိုင်ကာ သူ့ဘေသပတ်၀န်သကျင်ရဟိလူမျာသစလာကို နဟုတ်ဆက်လိုက်သည်။


လင်သရိက ယခုနောက်ပိုင်သတလင် သူ့ကိုပိုမိုကောင်သမလန်စလာဆက်ဆံလာခဲ့သည်။ ထို သခင်လေသမျာသနဟင့်အမျိုသသမီသငယ်မျာသက အနည်သနဟင့်အမျာသ စလန်သကျန့်အန်သကို မဟတ်မိကဌပဌီသ သူနဟုတ်ခလန်သဆက်ပုံနဟင့် ပတ်သက်၍ မသင့်လျော်သည်မျာသ မရဟိပေ။ သို့သော် အမည်တပ် နဟုတ်ဆက်ခံခဲ့ရသူမျာသက ရလဟယ်လင်၏ အတလေသမျာသနေသော အကဌည့်မျာသအောက်တလင် နာသမလည်နိုင်စလာ အဆင်မပဌေဖဌစ်နေကဌသည်။ အနာသမဟထလက်မသလာသမီတလင်ပင် လူတိုင်သအာသ စိုသရိမ်ကဌောင့်ကဌမဟုမျာသစေသည်။ သူ မည်သည့်အရာစဉ်သစာသနေသည်ကို လူတိုင်သနာသမလည်နိုင်ပေ။



🊊🊊🊊