Chapter 30
Viewers 3k


🦊Chapter 30

Arc 3 - ဖျော်ဖြေရေးလောက၏ လရောင်ဖြူလေး 



3.5



စွန်းကျန့်အန်း၏မျက်လုံးများက နောက်ဆုံးတွင် ရွှယ်လင်ပေါ်သို့ ကျရောက်သွားသည်။ သူက ထူးဆန်းစွာဖြင့်မျက်တောင် တဖျတ်ဖျတ်ခတ်သွားပြီး နှုတ်ဆက်လိုက်သည်။

 “ မင်္ဂလာပါ…..ကျနော်က စွန်းကျန့်အန်းပါ… ကျွန်တော် ဥက္ကဌလင်းနဲ့ တူတူလာတာပါ…”


ရွှယ်လင်က သူ့စကားများကို လျစ်လျူရှုပြီး သူ့ကိုကြည့်လိုက်သည်။ ထို့နောက် လင်းရိကိုသာ မေးလိုက်သည်။

“ မင်းရဲ့ချစ်သူလေးကို ခေါ်ခဲ့တာလား…”


လင်းရိ၏ခန္ဓာကိုယ်တစ်ခုလုံး အေးခဲတောင့်တင်းသွားပြီး သူ့အမူအရာများမှာ အနည်းငယ်ထူးဆန်းနေသည်။ လူတိုင်း၏ အကြည့်များက ကရုဏာသက်သောအကြည့်များသို့ ပြောင်းသွားသည်။ သူက ပိုင်ယွဲ့ကိုကြိုက်နေသည်ဟု သိထားကြသော ထိုနေရာမှလူများက စွန်းကျန့်အန်းကို အစားထိုးတွေ့လိုက်ရသောကြောင့် သူ့ ခေါင်းထဲတွင် မည်သို့တွေးနေသည်ကို နားမလည်ကြတော့ပေ။ 


သူ့ကို အစားထိုးတွေ့တာကဟုတ်ပါပြီ…


ဒါပေမယ့် တကယ့် မူရင်းအရင်တစ်ယောက်ကိုတွေ့ဖို့ကို သူ့ကိုပါ ခေါ်လာသေးတာလား…


သူ့ခေါင်းထဲ ဘာတွေတွေးနေတာလဲ…


လင်းရိက တောင့်တင်းစွာဖြင့် ခေါင်းညိတ်ပြပြီးပြောသည်။

“ ငါ တော်တော်လေးသောက်ထားတယ်လေ….အဲ့ဒါကြောင့် သူ့ကိုလာပြီး ကားမောင်းခိုင်းတာ…"


ရွှယ်လင်က အသိအမှတ်ပြုမှု အသံတစ်ခုပြုလုပ်ပြပြီး သူ့အသက်ရှူသံမျှဖြင့် ခပ်တိုးတိုးပြောသည်။

 “ အိုး….သူက ရွေးခံထားရတဲ့ ယာဉ်မောင်းပဲပေါ့…. ဘာလို့ ပါတီရဲ့ပိုင်ရှင်လို သရုပ်ဆောင်ခဲ့တာလဲ… ”


စွန်းကျန့်အန်းက သူနှင့်နီးနေ၍ သူပြောသည်များကိုကြားသောအခါ သူ့မျက်နှာအသွင်အပြင်က ချဉ်တူးသွားသည်။


သူက ရှုပ်ထွေးသောအကြည့်နှင့်အတူ စွန်းကျန့်အန်းကိုကြည့်နေကာ သူ့အား စကားမပြောခဲ့ပေ။ လင်းရိ၏အမူအရာက အဆင်ပြေမနေဘဲ ဝိုင်တစ်ခွက်ကို မြှောက်ကိုင်လိုက်ကာ ပြောသည်။ 

“ လာပါ…မင်းနဲ့အတူ နောက်တစ်ခွက်ထပ်သောက်မယ်…”


ရွှယ်လင်က သူ့ခွက်ကို ထိန်းကိုင်ထားလိုက်ပြီး သူ့စကားများအား မတုံ့ပြန်ခဲ့ပေ။ သူက သူတို့နှင့်အတူထိုင်နေသော လူအားလုံးဘက် မျက်နှာမူရန်လှည့်ကာ ပြောလိုက်သေးသည်။

"ကဲ သောက်နိုင်ကြသေးလား… ကျွန်တော်နဲ့အတူ နည်းနည်းထပ်သောက်ကြပါဦး…"


အစောပိုင်းတွင် အနည်းငယ် ရှက်ရွံ့နေခဲ့ကြသော လူအနည်းငယ်က ဝိုင်အချို့ ချက်ချင်းလောင်းထည့်ကာ ၀င်ရောက်လာကြသည်။


စွန်းကျန့်အန်းက တစ်ဖက်မှလျစ်လျူရှုထားခြင်း ခံလိုက်ရ၍ သူ့မျက်နှာမှာ ရှုံ့တွနေသည်။ သူက လက်သီးဆုပ်လိုက်ကာ ပိုင်ယွဲ့အားချက်ချင်း လက်တုံ့ပြန်၍ လက်စားချေချင်သော်လည်း မလုပ်နိုင်ခဲ့ပေ။ လင်းရိက ပိုင်ယွဲ့ကို အလျှော့မပေးနိုင်သေးပေ။ ပိုင်ယွဲ့၏လက်ရှိအနေအထားကို သူ့ကဲ့သို့ ပုံမှန်အနုပညာရှင်တစ်ဦးအနေနှင့် သွားရှုပ်၍မရပေ။ သူ ယခုလုပ်နိုင်သည်မှာ သည်းခံခြင်းသာဖြစ်သည်။


ရွှယ်လင်က ထိုသူများနှင့်စကားပြောခဲ့ပြီး သူက ဘွဲ့ရရန်အတွက် တရုတ်သို့ပြန်လာကာ ဆုရရုပ်ရှင်ရိုက်ကူးရန် လိုအပ်ကြောင်းပြောပြသည်။ သူက ဘွဲ့ရရန် မကြန့်ကြာလိုပေ။ ထိုသို့ဆိုပါက အလွန်ရှက်စရာကောင်းပေမည်။ 


ထိုလူငယ်အုပ်စုတွင် ကျောင်းသားအချို့လည်းရှိခဲ့ပြီး ရွှယ်လင်၏ညည်းညူနေပုံကို သူတို့ကြားရသောအခါ မနေနိုင် ဘဲ ထရယ်ကြသည်။ သူတို့နှင့် ဒုတိယသခင်လေးတို့အကြား ကွာခြားမှုမှာ မကြီးမားလွန်း၍ သူ့အကြောင်းသိရန် ထိုက်တန်သည်ဟု ခံစားမိကြသည်။


မြေခွေးငယ်လေးက ရွှယ်လင့်အနားတွင် နီးကပ်စွာနေပြီး စိုးရိမ်တကြီးနှင့် လှည့်ပတ်နေသည်။ 

“ အရှင်… သိပ်မသောက်ပါနဲ့…”


ရွှယ်လင်က အနည်းငယ် မူးဝေနေပြီဖြစ်သည်။ အမှန်တကယ်မှာ ထိုခန္ဓာကိုယ်က ထိုမျှအရက်ကို ထိန်းထားနိုင်သည်ကိုမြင်သောအခါ သူအံ့ဩနေမိသည်။ သူက သန့်စင်ခန်းသို့ဝင်ရန်အကြောင်းပြချက်ဖြင့် အိမ်ထိန်းအား ယာဉ်မောင်းတစ်ဦး ခေါ်ပေးရန် တောင်းဆိုလိုက်သည်။သူက ဘားလိပ်စာပေးခဲ့ပြီး သူတို့ရောက်လာသည့်အခါ သူ့ကို လာခေါ်ရန် မှာထားလိုက်သည်။


ရွှယ်လင်က သူလိုအပ်သည်များ လုပ်ပြီးနောက် ပွဲထဲပြန်သွားသောအခါ သူ့ အရက်သောက်ပုံနှင့် ပတ်သက်၍ သတိမပြုတော့ပေ။ ထိုအခါမျိုးတွင် သူ အလုံအလောက်မသောက်လျှင် အခြားသူများက လက်ခံမည် မဟုတ်ပေ။ သူက ထိုလူများ၏ ထင်မြင်ယူဆချက်များကို ဂရုစိုက်ရန်လိုအပ်သည်ဟု မခံစားရသော်လည်း အနာဂတ်တွင်သူတို့အကူအညီများ လိုအပ်လာလိမ့်မည်ဟုလည်း မတွေးမိခဲ့ပေ။ သူငယ်ချင်းများစွာနှင့် ရွေးချယ်စရာများစွာရှိခြင်းက အသုံးဝင်နေဆဲပင်ဖြစ်သည်။ သူက စွန်းကျန့်အန်းနှင့် မိမိကိုယ်ကိုနှိုင်းယှဉ်နိုင်ရန်အတွက် ကောင်းမွန်စွာဖျော်ဖြေပြခဲ့သည်။ သူ့ရည်ရွယ်ချက် အောင်မြင်ခဲ့ရုံမျှနှင့် သူလမ်းတစ်ဝက်တွင် ရပ်တန့်မနေသင့်ပေ။


စွန်းကျန့်အန်းက အနည်းငယ် မငြိမ်မသက်ဖြစ်နေသည်။ လင်းရိက သူ့အားခေါ်ခဲ့သော်လည်း သူ့ကိုဂရုစိုက်ရန် လုံးဝရည်ရွယ်ချက်မရှိခဲ့ဘဲ တစ်ယောက်တည်း ထိုင်နေစေသည်။ ဤသည်မှာ သူတို့ အတူဆုံပြီးချိန်မှစ၍ ပထမဆုံးအကြိမ် လင်းရိထံမှ အေးတိအေးစက် ပြောဆိုဆက်ဆံခံရခြင်းဖြစ်သည်။


သူက လက်သီးများ ဆုပ်လိုက်ပြီး သွားများကို အံကြိတ်နေကာ ပိုင်ယွဲ့ ခန္ဓာကိုယ်မှ အသားတစ်တုံးကို ကိုက်ခွင့်ရရန်သာ ဆုတောင်းနေလိုက်သည်။


ပိုင်ယွဲ့ကြောင့်သာမဟုတ်ရင် ဒီလိုမျိုး ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး…


ရွှယ်လင်က အတော်အတန်သောက်ထားပြီး ရီဝေနေပြီဖြစ်ကာ ဖြူဖွေးနေသော သူ့မျက်နှာပေါ်တွင်လည်း ပါးများကရဲတက်လာ၍ သူ့ကို မြင်ရသော လူတချို့ကိုပင် အံ့အားသင့်သွားစေသည်။ ထိုလူအားလုံးမှာ ဒုတိယသခင်လေးပိုင်က အမှန်တကယ်ကြည့်ကောင်းသောသူဖြစ်သည်ဟု ခံစားရစေသည်။


လင်းရိက သူ့အားအနည်းငယ်စိတ်ပူပြီး ဖန်ခွက်ကို ဆွဲယူလိုက်ကာ သူ့ပခုံးတွင် လက်တင်၍ မေးလိုက်သည်။

 “ ရွှယ်လေး…ရွှယ်လေး…မင်းအဆင်ပြေရဲ့လား…”


အခြားတစ်ဖက်တွင်လည်း တစ်စုံတစ်ဦးက ပေါ်လာပြီး စနေပြန်သည်။

“ ဒုတိယသခင်လေးပိုင် က အရက်မူးနေပြီ… ဒါပေမယ့် သူ့ကို ဖိတ်ထားတာ ဥက္ကဌလင်းရိမလား..သူ့ကိုအိမ်ပြန်ပို့ပေးဖို့ကို မင်းပဲတာ၀န်ယူသင့်တယ်နော်…”


“ ဘာတွေ အကျယ်ချဲ့နေတာလဲ…ဥက္ကဌလင်းရဲ့ လူက ဘေးမှာထိုင်နေတာကို မမြင်ဘူးလား… ”


“ ရွေးခန့်ထားတဲ့ ယာဉ်မောင်းမဟုတ်ဘူးလား…သွားပါ.. ဒုတိယသခင်လေးပိုင်ကို ပြန်သွားပို့ပေးလိုက်… ငါတို့ပါတီဆက်လုပ်ဖို့ လိုသေးတယ်… ဒုတိယသခင်လေးက အရမ်းချောတာမို့ သူ ဘာမှမဖြစ်ဘူးဆိုပြီး ဒီတိုင်းနေလို့မရဘူး…"


သခင်လေးပိုင်အား လာခေါ်သူက စကားပြောနေရင်း လင်းရိက ပိုင်ရွှယ်ကို ထိန်းကိုင်ပေးထားသည်ကို မြင်လိုက်သည်။


 “ သူ မူးနေတယ်… ငါသူ့ကို အရင်ဆုံး ခေါ်သွားလိုက်မယ်…"


ထို့နောက် ထိုလူအုပ်က သူတို့၏ဆူညံမြူးကြွနေသောပါတီကို ပြန်ဆက်လိုက်ကြသည်။


စွန်းကျန့်အန်းက သူ့သွားများ အက်ကွဲကြေတော့မတတ် အံကြိတ်နေသည်။ ရွှယ်လင်ကို သတ်ပစ်ချင်နေသော်လည်း သူ့အကြည့်များက ရွှယ်လင်အပေါ်သာ ရောက်နေသည်။


ရွှယ်လင်က ဝိုင်များစွာသောက်ခဲ့ပြီး သူ့ခန္ဓာကိုယ်တွင် အရက်နံ့စွဲနေသည်။ လင်းရိက သူ့နှာခေါင်းကိုရှုံ့တွကာ ခါးသို့လက်လှမ်းလိုက်သော်လည်း သူ့လက်အား တစ်စုံတစ်ယောက်၏ ဆွဲချလိုက်ခြင်းကို ခံလိုက်ရသည်။


သူ မော့ကြည့်လိုက်သည့်အခါ မျက်ဝန်းတစ်စုံက သူ့ကိုစူးစိုက်ကြည့်နေပြီး သူတို့အတွင်းစိတ်ထဲတွင် မုန်တိုင်းကြီးတစ်ခု အစပျိုးနေသယောင်ပင်။ လင်းရိက ရွှယ်လင်ကို ထိန်းကိုင်ပေးသောလက်ကို မသိစိတ်ကြောင့် လွှတ်ချလိုက်ပြီး နားမလည်စွာ ရပ်ကြည့်နေသည်။ တစ်ဖက်လူက မကျေနပ်သော အမူအရာနှင့်ပင် ရွှယ်လင်ကို သူ့ဘက်သို့ဆွဲခေါ်လိုက်သည်။


စိတ်လှုပ်ရှားစရာပါတီနှင့် ရုံအပြည့်ပျော်ပါးနေကြသော လူများက စကားလုံးဝမပြောကြတော့ပဲ ရုတ်တရက် အသံတိတ်ငြိမ်ကျသွားသည်။ အခြားရည်ရွယ်ချက်များထက် ထိုလူ၏ ခန့်ညားသော ဟန်ပန်အမူအရာက ပြင်းထန်သောကြောင့်ဖြစ်သည်။ သူ့ခန္ဓာကိုယ်နှင့် ကိုယ်ဟန်ပန်တစ်ခုလုံးက "ငါ့ကိုလာမဆွနဲ့…စိတ်ကြည်နေတာမဟုတ်ဘူး" ဟူသော ပုံစံမျိုးနှင့်ပင်။ သူတို့အားလုံး အသက်ရှူသံများ ချုပ်တည်းထားကြရပြီး သူတို့ကိုယ်သူတို့ သတိထားနေကာ စကားလုံးဝ မပြောရဲကြပေ။


လင်းရိက နောင်တရစွာဖြင့် သူ့လက်ချောင်းထိပ်များကို ပွတ်သပ်နေပြီး လွှတ်ပေးရန်တွန့်ဆုတ်နေသည်။ သူက မျက်လုံးမှေး၍ကြည့်ကာ ခေါ်လိုက်သည်။

"ဥက္ကဌပိုင်…"


ပိုင်ဟောက်က သူ့ကိုပြန်မဖြေဘဲ ပါးစပ်မဖွင့်မီ သူ့အား အေးတိအေးစက်အကြည့်နှင့် ကြည့်ခဲ့သည်။

 “ငါသူ့ကို ခေါ်ဖို့လာခဲ့တာ.."


လင်းရိက ခေါင်းညိတ်ပြလိုက်သည်။

 “အခု ဥက္ကဌပိုင်က ရွှယ်လေးကို ပြန်ပို့ပေးဖို့ လာခေါ်တာပေါ့…ဒါဆို ကျွန်တော် စိတ်အေးသွားပါပြီ… သူ အိမ်ပြန်နိုင်ဖို့ကို အရက်မူးလွန်းနေတော့ ကျွန်တော် စိုးရိမ်နေခဲ့တာ…"


“ ဥက္ကဌလင်းက ဒီလိုကိစ္စတွေနဲ့ ပတ်သက်ပြီး ကိုယ်တိုင် ဒုက္ခခံဖို့မလိုအပ်ပါဘူး…ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ်လူတွေကိုပဲ သေချာ ထိန်းသိမ်းနိုင်ရင် လုံလောက်ပါပြီ…” 


ပိုင်ဟောက်က ထိုသို့ ပွဲလမ်းများတက်ရသည်ကို သဘောမကျတတ်သည့်အချက်မှာ ဤအသိုင်းအဝန်းအတွင်းမှ လျှို့ဝှက်ချက်တစ်ခုမဟုတ်ပေ။ သူ မည်မျှ စိတ်မသက်မသာ ဖြစ်နေရသည်ကို လူအများသိသည်။ အားလုံးက သူ့ဘေးတွင် ထိန်းကိုင်ထားရသော ရွှယ်လင်ကိုသာ နောင်တများစွာနှင့် ကြည့်နေလိုက်ပြီး ဒုတိယသခင်လေးပိုင် နှင့် သူ့အစ်ကိုကြား ကောင်းမွန်သောဆက်ဆံရေး ရှိနေကြရန်သာ ဆုတောင်းနေမိသည်။ မဟုတ်လျှင် သူ့အား လုံးဝ ဇာတ်လမ်းဖြတ်ပစ်လိမ့်မည်။


ဘားတစ်ခုလုံးထံမှ ထောက်ခံမှုများရရှိပြီး နောက်ဆုံးတွင် ရွှယ်လင်က ခေါင်းကိုမော့ကာ အေးတိအေးစက်ကြည့်နေသော ပိုင်ဟောက်နှင့် အကြည့်ချင်းဖလှယ်နေသည်။ သူကအားတုံ့အားနာနှင့် ပြုံးပြလိုက်ပြီး သနားစဖွယ်နှင့် ချစ်စဖွယ်ပုံစံ အနည်းငယ်ပေါက်နေသည်။


သူ အမှန်တကယ်မူးနေသည်။ သို့သော် လုံးဝ လမ်းမလျှောက်နိုင်တော့သကဲ့သို့ မဟုတ်ပေ။ သူက စွန်းကျန့်အန်းအပေါ် ဒေါသထွက်ခြင်းနှင့် လင်းရိအကျိုးအမြတ်အတွက် ဤမတိုင်မီ စိတ်ရှုပ်ထွေးနေသည့်ပုံစံ ဟန်ဆောင်ခဲ့သည်။ကံကောင်းထောက်မစွာပင် ပိုင်ဟောက်က အချိန်မီရောက်လာကာ လင်းရိသူကို အခွင့်ကောင်းယူခြင်းအား တားဆီးခဲ့သည်။ ထိုသို့မဟုတ်လျှင် နောက်ဆုံး စာရင်းရှင်းသည့်အချိန်တွင်လင်းရိ၏ လက်နှစ်ဖက်စလုံး ဖြတ်တောက်ခံရလိမ့်မည်။


သို့သော် သူ့အားခေါ်ရန် လာခဲ့သူမှာ ပိုင်ဟောက်ဖြစ်နေသောကြောင့် သူ အနည်းငယ် အံ့ဩနေမိသည်။ သူ့အား ရှာဖွေရန်အတွက် ဘားထဲသို့ပင် ဝင်လာခဲ့သေးသည်။ သူက သူ့အစ်ကိုနှင့်သူ၏ ဆက်ဆံရေး ထိုမျှအဆင်ပြေလောက်မည်ဟု မထင်ခဲ့ပေ။ 


“ မင်း ဟန်ဆောင်လို့ပြီးပြီလား …” 

သူ့အား နောက်ထိုင်ခုံပေါ်သို့ ပစ်ချပြီးနောက် ပိုင်ဟောက်ကိုယ်တိုင်လည်း နေရာဝင်ယူထိုင်ကာ ဒရိုင်ဘာအား ကားမောင်းထွက်ရန် အချက်ပြလိုက်သည်။


ရွှယ်လင်က သူ့ကိုယ်ဟန်အနေအထားကို ပြောင်းလဲပြီး ပျင်းရိလေးတွဲ့စွာ လှဲနေလိုက်ကာ သူ့အား ကျေးဇူးတင်ကြောင်းပြောပြီး အားရဝမ်းသာရယ်မောနေသည်။ 

“ အစ်ကိုကြီး ကျွန်တော့်ကို စိတ်ဆင်းရဲစရာ ဒုက္ခပင်လယ်ထဲကနေ ကယ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်… ”


“ နောက်ဆို ဒီလိုပွဲတွေ နည်းနည်းပဲတက်…သူတို့အားလုံးက တစ်နေ့တစ်နေ့ လုပ်စရာမရှိတဲ့ မိုက်မဲတဲ့ကလေးတွေ…သူတို့နဲ့ မိတ်ဆွေဖွဲ့လို့ဘာအကျိုးမှမရှိဘူး… ”


ရွှယ်လင်က သူ ထိုအဆက်အသွယ်များကို တန်ဖိုးမထားကြောင်းသိသည်။ နောက်ဆုံးတွင် ပိုင်ဟောက်နှင့်အပြန်အလှန်ဆက်သွယ်သူများမှာ အကြီးအကဲများသို့မဟုတ် စီနီယာအစ်ကိုများ ဖြစ်သည်။ နှိုင်းယှဉ်ကြည့်ရလျှင် ထိုသခင်လေးများအား ထည့်တွက်ခြင်းမရှိပေ။ ရွှယ်လင်လည်းသူတို့အား မော့မကြည့်ခဲ့ပေ။ ထို့ကြောင့် သူကခေါင်းညိတ်ကာ သဘောတူလိုက်သည်။

“ဟုတ်ပြီလေ… အစ်ကို့ကြီးစကားကို နားထောင်ပါ့မယ်…” 


ထိုသို့ပြောပြီးနောက် သူက သက်သောင့်သက်သာရှိသော နေရာတစ်ခုကို တွေ့ရှိခဲ့ပြီး အိပ်လိုက်သည်။ သူ အမှန်တကယ်အရက်မူးပြီး ရီဝေနေပြီဖြစ်သည်။


ပိုင်ဟောက်က ဆက်ပြောမည့်စကားများအတွက် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ပြီး နောက်ဆုံးတွင် သူ့ခေါင်းကိုလှည့်ကြည့်လိုက်သောအခါ အိပ်ပျော်နေပြီးဖြစ်သော ပိုင်ယွဲ့ကို တွေ့လိုက်ရသည်။ သူ့မျက်လုံးများကို ပိတ်ထားကာ မျက်တောင်များက မသိမသာအနည်းငယ်တုန်ခါနေပြီး သူ့အသက်ရှူသံအတိုင်း သူ့ပါးစပ်မှာ ဖွင့်လိုက်ပိတ်လိုက် ဖြစ်နေသည်။ သူ့ခန္ဓာကိုယ် ပတ်ပတ်လည်မှ အရက်နံ့ကမွှန်ထူစွာ စွဲကျန်မနေပါလျှင် အမှန်တကယ်ပင် ချစ်စရာကောင်းနေလိမ့်မည်။


သို့သော် သူ့ကိုယ်မှ အရက်နံ့သည်လည်း ရွံရှာဖွယ်မကောင်းပေ။


ပိုင်ဟောက်က အိပ်ပျော်နေသော သူ့ညီကိုငေးကြည့်လိုက်ပြီး အနည်းငယ် ကြည်နူးပီတိ ဖြစ်နေမိသည်။


ညသန်းခေါင်ယံအချိန် ရောက်နေပြီဖြစ်သည်။ ပိုင်ဟောက်ကိုယ်တိုင်က သူ့အိမ်ထိန်းအား ဒရိုင်ဘာနှင့်အတူ လိုက်သွားရန်နှင့် နိုင်ငံခြားမှ အိမ်သို့ယခုမှ ပြန်ရောက်လာသော်လည်း နောက်ရက်တွင် ချက်ချင်းပါတီတက်နေသော သူ့ညီအား သွားခေါ်ယူရန် မည်သို့စီစဉ်ခဲ့သည်ကို နားမလည်တော့ပေ။


သူ အိမ်ပြန်ရောက်သောအခါ စိတ်မကြည်နေဘဲ သူ့ညီငယ်ကိုလည်း မတွေ့ခဲ့ရကြောင်း သိလိုက်သည်။ သူ့ညီက ထို ဗရုတ်သုတ်ခလူအုပ်နှင့်အတူ ပါတီပေးရန် ဘားသို့သွားကြောင်း သူသိလိုက်ရပြီးနောက် သူ့စိတ်အခြေအနေက ပိုဆိုးရွားလာသည်။ သူ့ကိုယ်သူ ဒေါသကြီးနေရာမှ ပိုဆိုးမလာစေရန် ဘားသို့ရောက်အောင်သွားပြီး ပိုင်ယွဲ့ကို မဟုတ်မမှန်စိတ်ထားရှိသူများထံမှ ပြန်ခေါ်လာလိုက်သည်။


သခင်လေးပိုင်က လင်းရိရဲ့စိတ် ညစ်ပတ်တယ်ဆိုတာ ဘယ်လိုသိလဲ မေးမနေနဲ့…


သူ့ထင်မြင်ချက်တွေ အတိုင်းသာဆို သူ့ညီကလွဲပြီး ဘားမှာရှိတဲ့လူတိုင်းက ညစ်ပတ်တဲ့စိတ်ရှိတဲ့သူတွေချည်းပဲ….


သူ့ညီကိုချဉ်းကပ်ဖို့ ကြိုးစားသမျှသူတွေလည်း ဘယ်သူပဲဖြစ်ဖြစ် လူရှုပ်ပဲ…


ပိုင်ယွဲ့က သူကားထဲဝင်သည်နှင့် အိပ်ပျော်သွားသည်။ ပိုင်ဟောက်က သူကိုယ်တိုင် အဘယ့်ကြောင့်ဒေါသထွက်ခဲ့ရသည်ကို မမှတ်မိတော့ပေ။ သူက အိပ်ပျော်နေသော လူအပေါ် ဒေါသထွက်နေခြင်းလည်း မဟုတ်ပေ။ သူ့စိတ်ခံစားမှုများကို ပိုမိုထိန်းချုပ်လေလေ သူ့စိတ်အခြေအနေမှာ ပိုဆိုးလာလေဖြစ်သည်။ ဒရိုက်ဘာက ခရီးတစ်လျှောက်လုံးချွေးပြန်နေပြီး ဒုတိယသခင်လေးအတွက် သနားစိတ်ဝင်မိသည်။


ခုမှပြန်လာတာကို ဒီလိုတွေ ဖြစ်နေပြီ…သူတော့ သခင်လေးကြောင့် သေတော့မှာပဲ….


ရွှယ်လင်က အိပ်မောကျနေပြီး ပိုင်မိသားစုဗီလာသို့ ရောက်သောအခါ မထချင်ခဲ့ပေ။ ပိုင်ဟောက်က သူ့ကိုလှုပ်ခါကာ နှိုးလိုက်ပြီး ကားထဲကထွက်ရန် ကူကြိုးစားပေးသည်။ သို့သော် သူက သူ့အစ်ကိုကိုလည်ပင်းပတ်လည်တွင် သူ့လက်မောင်းဖြင့်ချိတ်ပြီး ခဏမျှ စိတ်ရှုပ်ထွေးစွာဖြင့် စွေကြည့်နေသေးသည်။ အမူအယာက သူ့အား ချီ၍သယ်သွားစေလိုကြောင်း ရှင်းလင်းစွာဖော်ပြလိုက်သည်။


ပိုင်ဟောက်က မှင်သက်ကာ ရုတ်တရက် တောင့်တင်းသွားသော်လည်း ခဏမျှစိတ်ရှုပ်ထွေးပြီးနောက် သူ အလွန်ပျော်သွားသည်။ သူက ကားမောင်းသူကိုငေးကြည့်ပြီးနောက် ရွှယ်လင်ကို ပွေ့ဖက်ပြီး ဂရုတစိုက် ပွေ့ချီလာခဲ့သည်။


အကူစနစ်လေးတစ်ခုဖြစ်သော အဖြူရောင်မြေခွေးငယ်လေးက သူ့သွားများကိုကြိတ်နေပြီး သားမွေးများဖွာပြကာ ထိုလူအားခြောက်လှန့်ချင်သော်လည်း လုံးဝအသုံးမဝင်ခဲ့ပေ။ ပိုင်ဟောက်က သူ့ကိုမမြင်နိုင်ပေ။ ထို့အပြင် အမည်မသိသော အကြောင်းပြချက်အချို့ကြောင့် အကူစနစ်လေးက ထိုလူနှင့် ပိုမိုနီးကပ်လာသည့်အချိန်တိုင်း သူ့ ဦးရေပြားနှင့်အရေပြား နှစ်ခုလုံး ထုံထိုင်းသွားပြီး အလွန်မသက်မသာခံစားရသည်။ တစ်နေရာရာတွင် တစ်ခုခုမှားနေသလိုပင် ခံစားရသည်။


အိမ်ထိန်းက ထိုသခင်ငယ်လေးနှစ်ဦးအတွက် မီးဖွင့်လိုက်သည်။ အရက်မူးနေသော ညီငယ်သခင်လေးပိုင်အားအစ်ကိုဖြစ်သူသခင်လေးပိုင်က ပြန်လည်ခေါ်ဆောင်လာခြင်းကိုတွေ့ရသည့်အတွက် အံ့အားသင့်ခဲ့သည်။ သူ့စိတ်ထဲ အလွန်ကျေနပ်သည်ဟုလည်း ခံစားလိုက်ရသည်။


ပိုင်မိသားစုရှိ အမွေခံများအတွက် အမွေဆက်ခံသူဆုံးဖြတ်ပြီးသည်နှင့် ကျန်ရှိသောပိုင်မိသားစုမှ ကလေးများကို ဗီလာတွင် ကြီးပြင်းလာခွင့် မပြုပေ။ ထို့ကြောင့်လည်း ပိုင်ယွဲ့ကို ပြည်ပသို့ ပို့လိုက်ကြသည်။ ထိုအကြောင်းကြောင့် ပိုင်မိသားစုနှင့် မိသားစုများမျိုးဆက်အခွဲများ ဆက်ဆံရေးမှာ အလွန်အားနည်းသည်။ ညီငယ်သခင်လေးက အရွယ်ရောက်လာပြီး အကိုသခင်လေးနှင့် နီးစပ်ရန်ဆန္ဒရှိရန်မှာ ခက်ခဲသည်။ ပိုင်ဟောက်က ထိုသခင်လေးကို လျင်မြန်စွာလက်ခံ၍ သူ့ပုံစံကို ထည့်သွင်းစဉ်းစားရန်မှာလည်း ခဲယဉ်းသည်။


ရွှယ်လင်ကို အပေါ်ထပ်သို့ သယ်ချီခဲ့သော်လည်း ပိုင်ဟောက်က ထိုကိစ္စမျိုးကို ကျွမ်းကျင်မှုမရှိသောကြောင့် လုပ်ငန်းစဉ်က အနည်းငယ်ရှုပ်ထွေးနေသည်။ အိပ်ပျော်နေသောလူကို စိတ်မပျော်စေ၍ သူမျက်မှောင်ကြုတ်လိုက်သည်နှင့် သူ့နဖူးက ရှုံ့တွသွားသည်။


ပိုင်ဟောက်က ရွှယ်လင်ကို အိပ်ရာပေါ်တင်လိုက်ပြီး ပြဿနာအနည်းငယ် ဖြစ်နေသည်ဟုခံစားလိုက်ရသည်။သူက သူ့အား အရက်နံ့မွန်ထူစွာနှင့် မအိပ်စေချင်ပေ။ သူခဏမျှ စဉ်းစားပြီးနောက် ရေချိုးခန်းမှ မျက်နှာသုတ်ပုဝါကို ကောက်ယူကာ နွေးထွေးသောရေတွင်နှစ်ကာ စိုစွတ်စေပြီး သူ့မျက်နှာကိုသုတ်ပေးလိုက်သည်။



🦊🦊🦊