Chapter 33
Viewers 3k

🦊Chapter 33




ပိုင်ဟောက်၏အကူအညီကြောင့် ရွှယ်လင် သူကိုယ်တိုင်လုပ်ရန် လိုအပ်သောအရာ အနည်းငယ်မျှသာရှိခဲ့သည်။ မကြာသေးမီက ပြည်တွင်းရုပ်ရှင်ပွဲတော်များမှ ရုပ်ရှင်အသစ်များနှင့် ဆုရရုပ်ရှင်အချို့ကို သူ တွေ့ရှိခဲ့ပြီး သူ့ကိုယ်ပိုင်ဇာတ်ညွှန်းအတွက် အလုပ်လုပ်စဉ် နေ့စဉ်နေ့တိုင်းအိမ်တွင်ကြည့်ရှုခဲ့သည်။


သူက အရာများစွာကို ပြုလုပ်ခဲ့ပြီး ယခင်က သရုပ်ဆောင်ရန်ပင် ကြိုးစားခဲ့သော်လည်း ရုပ်ရှင်ရိုက်ကူးခြင်းက သူ့အတွက်ပထမဆုံးဖြစ်သည်။ မူရင်းပိုင်ရှင်မှ ဇာတ်ညွှန်း နှင့်အခြားအသုံးဝင်သော ဗဟုသုတများကဲ့သို့သော မှတ်ဥာဏ်များစွာ ကျန်ရှိခဲ့ပြီး အကူစနစ်လေးကလည်း သူ့အတွက်များစွာပြင်ဆင်ပေးထားသည်။ သို့သော် ရွှယ်လင်က စနစ်တကျသင်ယူရန် အလွန်လေးနက်နေဆဲဖြစ်သည်။


သူက ဤကမ္ဘာတွင် ပိုင်ယွဲ့အဖြစ် တစ်သက်တာနေထိုင်တော့မည်ဖြစ်သည်။ သူက ရုပ်ရှင်နှစ်ခုသာ ထုတ်လုပ်ပြီး အနားယူနိုင်ပေ။ အကယ်၍ သူက တစ်ပွဲထိုးအောင်မြင်၏သူတစ်ယောက်သာ ဖြစ်လာသည်ဟု သိကြပါက အလွန်ဆိုးရွားလိမ့်မည်။ ထို့အပြင် သူကရုပ်ရှင်ရိုက်ကူးရန် စိတ်ဝင်စားခဲ့၍ စနစ်တကျလေ့လာရန် ထိုအခွင့်အရေးကို အရယူနိုင်သည်။


အကူစနစ်လေးက သူ့အရှင်တွင် ထိုကဲ့သို့သော အကျိုးစီးပွားနှင့် ဝါသနာအမျိုးမျိုးရှိကြောင်း မသိရှိခဲ့၍ ယခု သူ၏လုပ်နိုင်စွမ်းအပေါ်တွင်သာ အံ့အားသင့်နေရသည်။


အကူစနစ်လေး၏ အတွေးများကိုကြားသောအခါ ရွှယ်လင်က ရယ်မောလိုက်သည်။

“ ငါအရင်ကပြောဖူးတယ်လေ...ငါက နှစ်ထောင်နဲ့ချီ ကျင့်ကြံလာတဲ့ မြေခွေးနတ်ဆိုးပါလို့…အဲဒီနှစ်တွေအားလုံး ဂူထဲမှာပဲအသိုက်လုပ်ပြီး ကျန်တာဘာမှမလုပ်ဘဲ ထိုင်ပြီး ကျင့်ကြံနေတယ်လို့ ထင်နေတာလား… ”


“ မဟုတ်ဘူးလား… ” 

စနစ်လေးက လက်ရှိတွင် မြေခွေးပုံစံနှင့်တူသောကြောင့် ထိုအကြောင်းကို အလွန်စိတ်ဝင်စားနေသည်။


ရွှယ်လင်က သူ့ခေါင်းကိုခါပြလိုက်သည်။


“ မှန်ကန်တဲ့ စိတ်စည်းဘောင်မရှိဘဲ ပိုမြင့်တဲ့ ကျင့်ကြံမှုဆင့်ရှိလာဖို့က အဓိပ္ပာယ်မရှိဘူး… ငါ ကိုယ့်ကိုယ်ကို ကျင့်ကြံအားထုတ်ဖို့ အတင်းအကျပ် ဖိအားမပေးဘူး….ငါအခုချို့တဲ့နေတဲ့အရာတွေက လက်တွေ့ အတွေ့အကြုံတွေ…ဒီကမ္ဘာတွေရဲ့ အတွေ့အကြုံတွေက အရမ်းအသုံးဝင်တာမို့ ငါ့အမြီးတွေကို ပြန်ရပြီးတဲ့အချိန်ကျ ဆင်းရဲဒုက္ခတွေကြားမှာ ကောင်းကောင်းရှင်သန်နိုင်ဖို့အတွက် ပိုပြီး ပြင်းထန်တဲ့ စွမ်းအင်ပုံစံတစ်ခုအဖြစ်လည်း သတ်မှတ်လို့ရတယ်…"


ရွှယ်လင်က ရှေ့ကဖြစ်စဉ်များနှင့် ပတ်သက်၍ တွေးရင်း အနည်းငယ်ဝမ်းနည်းနေပြန်သည်။


ရှေးခေတ်ကတည်းက ယခု ပစ္စုပ္ပန်အထိ နတ်ဆိုးကျင့်ကြံခြင်းလမ်းကြောင်းက အနာဂတ်တွင် လူတို့အတွက်လမ်းကြောင်းထက် ပို၍ ခက်ခဲလာသည်။ လူသားမျိုးနွယ်စုများနှင့် ဂိုဏ်းဂဏများက သူတို့အား အမြဲဆန့်ကျင်ကြသည်။ ကောင်းကင်ဘုံကပင် သူတို့ကို ကြင်နာစွာဆက်ဆံခြင်းမရှိပေ။ သူက လျှပ်စီးအတိဒုက္ခနှင့် ရင်ဆိုင်ရသည့်အခါတိုင်း မြင့်မြတ်သောကောင်းကင်ဘုံမှ ၉၉ချက်သော လျှပ်စီးကြောင်းများက သူ့ထံရောက်လာတတ်သည်။ ၎င်းက မထူးဆန်းသော်လည်း လျှပ်စီးများဆက်တိုက် ပစ်ချကာ ရွှယ်လင့် ဘဝသက်တမ်း၏ အနည်းဆုံးထက်ဝက်မျှကိုနုတ်ယူသွားသည်။ ရွှယ်လင်၏ ကောင်းကင်ဘုံအပေါ် မကျေနပ်မှုက အသစ်အဆန်းမဟုတ်သော်လည်း သူဘာမှ မတတ်နိုင်ခဲ့ပေ။ ထို့ကြောင့် သူက ဇာတ်ကောင်များ၏ ကံကြမ္မာကို ဖယ်ရှားရန်နှင့် ထိုကမ္ဘာ၏ ကံကြမ္မာလမ်းကြောင်းကို ပြောင်းလဲခြင်းတို့အတွက် လုံ့လဝီရိယစိုက်ခဲ့သည်။


ဘုရားသခင် အကြိုက်ဆုံးသားတော်နှင့် ထိုသို့သောအရာများက တစ်ခါတစ်ရံ အတော်လေး စိတ်ပျက်ဖွယ်ရာမျိုး ဖြစ်တတ်သည်။


ပိုင်ဟောက်က ရွှယ်လင်အတွက် ထုတ်လုပ်သူတစ်ဦးကို တွေ့ရှိခဲ့ပြီး ထုတ်လုပ်သူက ထိုအဖွဲ့တွင် သူ့ကိုယ်ပိုင် ရိုက်ကူးရေးအဖွဲ့ ၊ ကင်မရာအလင်းအမှောင်များအထိ သူ့ကိုယ်ပိုင်ပြည့်စုံသော ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့ရှိသည်။ ပိုင်ဟောက်က နှစ်ဖက်စလုံးကို စတင်မိတ်ဆက်ပေးပြီးနောက် ရွှယ်လင့်ဇာတ်ညွှန်းကို ဖတ်ပြီးအလွန်ကောင်းသည်ဟုပြောသော ထိုထုတ်လုပ်သူထံသို့ လွှဲပြောင်းပေးခဲ့သည်။ အကယ်၍ ထိုဇာတ်လမ်းကို သေချာစွာရိုက်ကူးပါက ငွေဆုံးရှုံးခြင်းနှင့် ပတ်သက်၍ လုံးဝစိုးရိမ်စရာမရှိပေ။ ပိုင်ဟောက်က ရန်ပုံငွေများကို တိုက်ရိုက်အတည်ပြုခဲ့ပြီး ရုပ်ရှင်တစ်ခုလုံးကို ပိုင်ကွမ်းမှ ငွေကြေးထောက်ပံ့ခဲ့သည်။ ကံကောင်းထောက်မစွာပင် ဇာတ်လမ်းက စာပေရေးရာနှင့် အနုပညာရေးရာမျိုးဖြစ်ပြီး ရင်းနှီးမြုပ်နှံမှု များများစားစားလည်း မလိုအပ်ပေ။ ရွှယ်လင်က အတည်တကျဖြစ်စေ အပျော်ဖြစ်စေ ရိုက်ကူးသော်လည်း မည်သည့်အောင်မြင်မှုမျိုးကို သူရယူနိုင်သည်နှင့် ပတ်သက်၍ ရှယ်ယာရှင်များနှင့် ဒါရိုက်တာများက ဦးစွာ ထိုရိုက်ကူးရေးကို ကန့်ကွက်ကြမည်ဖြစ်သည်။


မိသားစုစီးပွားရေးလုပ်ငန်းဖြစ်သော်လည်း ပျော်စရာအတွက် ငွေကြေးများစွာမဖြုန်းတီးချင်ကြပေ။

ကံကောင်းထောက်မစွာပင် သခင်လေးပိုင်က သူက ချမ်းသာ၍ လွတ်လပ်စွာသုံးစွဲလိုကြောင်းနှင့် ထုတ်လုပ်သူက သူ့သဘောထားကိုနားလည်ကြောင်း သဘောထားကြီးစွာ ထုတ်ဖော်ပြောကြားလိုက်သည်။ ထို့ကြောင့် ထုတ်လုပ်မှုအဖွဲ့က ကဏ္ဍအားလုံးတွင် ကောင်းစွာကြိုတင်ပြင်ဆင်ထားကြတော့သည်။


ရွှယ်လင်က ရုပ်ရှင်များကြည့်ခြင်း၊ သရုပ်ဆောင်စွမ်းရည်နှင့် သေနတ်ပစ်နည်းစနစ်များကို လေ့လာခြင်း၊ အယ်ဒီတာများနှင့် ဇာတ်ညွှန်းများအကြောင်း ဆွေးနွေးခြင်း၊ထုတ်လုပ်သူနှင့်အတူ ပြင်ဆင်ရန်လိုအပ်သည့် သေနတ်ပစ်နေရာများနှင့် အကြောင်းအရာများကို ဆွေးနွေးခြင်းတို့ကို နေ့စဉ်စိတ်နှစ်၍လုပ်နေခဲ့သည်။ တစ်လတာ လျင်မြန်စွာဖြတ်သန်းသွားကြပြီး နောက်ဆုံးတွင် ရွှယ်လင် အချိန်ကြကြာ စောင့်မျှော် နေသူက ပေါ်လာပြီး သူ့ကိုပြန်ရှာဖွေနေသည်ကို သိလိုက်ရသည်။


မူရင်းဇာတ်လမ်းအရ လင်းရိက ပထမဆုံးရုပ်ရှင်တွင် ရင်းနှီးမြှုပ်နှံသူဖြစ်သင့်ပြီး ပိုင်ယွဲ့က သူလိုအပ်သောလူများကိုရှာဖွေပေးရန် သူ့ထံသို့လာလိမ့်မည်ဖြစ်သည်။ သို့ဖြစ်၍ စွန်းကျန့်အန်းက ယခင်ဘဝမှ သူ့ရုပ်ရှင်၏ ဂုဏ်သတင်းကိုပျက်စီးစေသော သရုပ်ဆောင်အား နောက်ကွယ်တွင်မရေမရာ သတင်းဖြန့်လိုက်ခြင်းဖြင့် အသင်းသို့ ၀င်ရောက်ရန် စီစဉ်မှု လွယ်ကူစေသည်။ သို့သော် လိပ်ပြာကူးထားသော အကျိုးသက်ရောက်မှုက ထူးထူးခြားခြား ကျယ်ပြန့်စွာ ပျံ့နှံ့ခဲ့ပြီး အချို့အရာများမှာ ကွဲပြားနေသည်။ စွန်းကျန့်အန်းက ထိုနည်းဗျူဟာကို သုံးချင်ပါက လင်းရိ ရွှယ်လင့်ကိုရှာကာ လူချင်းတွေ့၍ ဆွေးနွေးမှသာ ရနိုင်မည်။


ရွှယ်လင်က ထိုနေ့ကိုစောင့်နေသည်။ ထို့ကြောင့် လင်းရိက သူနှင့်တွေ့ရန် တောင်းဆိုသောအခါ မြန်မြန်ဆန်ဆန် သဘောတူလိုက်သည်။


သူက အိမ်မှထွက်သွားသည်နှင့်တစ်ပြိုင်နက် လင်းရိက ပိုင်ယွဲ့နှင့်တွေ့ဆုံရန် တောင်းဆိုခဲ့သော အစီရင်ခံစာမှာ ပိုင်ဟောက်၏စားပွဲခုံပေါ်သို့ ရောက်သွားခဲ့သည်။ ဥက္ကဌပိုင်က ထိုစာရွက်ကို တစ်ချက်ကြည့်လိုက်ပြီး ဂရုမစိုက်ပေ။ သူ့ညီငယ်လေးက မကြာသေးမီကပင် မိမိကိုယ်ကို အိမ်တွင်းပုန်းကာ ပိတ်လှောင်ထားခဲ့ပြီး သေချာဂရုမစိုက်ခဲ့ပေ။ ယခု အပြင်ခဏ ထွက်သွားခြင်းက ပိုကောင်းလိမ့်မည်။


လင်းရိက သူ့ကိုတွေ့ခွင့်ရသည့်အတွက် ၀မ်းသာအားရဖြစ်ပြီး ရွှယ်လင်ကိုတွေ့သောအခါ သူ့နှလုံးသားက ရင်ခုန်နှုန်း ပိုမြန်ဆန်လာသည်။


အစပိုင်းတွင် သူက ပိုင်ယွဲ့ကို သူ့အသွင်အပြင်ကြောင့်စိတ်ဝင်စားခဲ့သည်။ သို့သော် နောက်ပိုင်းတွင် သူတို့နှစ် ယောက် နှစ်ပေါင်းများစွာ အတူတကွ ရှိနေခဲ့ပြီးနောက် သူ့အကျင့်စရိုက်ကိုပါ အလွန်သဘောကျမိသည်ကို သိလိုက်ရသည်။ အထူးသဖြင့် သူအနည်းငယ် ဂုဏ်ယူသည့်အခါမျိုးတွင် သူ့ပုံစံမှာ လင်းရိကို မကြာခဏ အသည်းယားစေသည်။ ပိုင်ယွဲ့က အတူရှိနေရန် မလွယ်ကူသောသူ ဖြစ်သည်။ တစ်ဖက်လူ သူ့ထံမှ ရှောင်ဖယ် ပုန်းကွယ်မနေရန် လင်းရိက တိုးပွားလာသော သူ့ဆန္ဒကိုနှိမ့်သိမ့်ဖြေဖျောက်ရန် အစားထိုးစရာလူရှာရန်သာ ရွေးချယ်နိုင်သည်။


သူ အမှားတစ်ခုခုပြုလုပ်မိခဲ့ကြောင်း ချက်ချင်းသဘောပေါက်သွားသည်။ သူက ပိုင်ယွဲ့ကို မမေ့နိုင်ရုံသာမက သူ့ကို ပိုချစ်လာနေမိသည်။ သို့သော် စွန်းကျန့်အန်းက သူ့နှလုံးသားထဲသို့ တဖြည်းဖြည်းချင်း ၀င်ရောက်လာပြီး သူတို့နှစ်ယောက်ကြားမှ အသေးအမွှားဆက်ဆံမှုလေးများကြောင့် စွန်းကျန့်အန်း၏အလိုက်သိတတ်မှုနှင့်နွေးထွေးမှုတို့ကို သူပိုချစ်မိလာသည်။


သို့သော် လင်းရိက ရွှယ်လင်ကို မြင်လိုက်ရသောအခါ စွန်းကျန့်အန်း၏ ကောင်းမွန်သောအချက်များကို လုံးဝမေ့လျော့သွားပြန်သည်။ သူက တစ်လအတွင်း တစ်ဖက်လူကို မတွေ့ခဲ့ရ၍ ပိုင်ယွဲ့က ယခင်ကထက် ပို၍ တောက်ပခန့်ညားနေပုံရသည်။ သူက လမ်းလျှောက်ခြင်း သို့မဟုတ် အခြားသူများကို နှုတ်ဆက်နေသော်လည်း သူ့လှုပ်ရှားမှုတိုင်းက ညှိုယူဖမ်းစားနေကာ ဆွဲဆောင်နိုင်စွမ်းရှိသည်။ တစ်ချိန်တည်းမှာပင် သူက လူများကို အကွာအဝေးတစ်ခုတွင် ထားခဲ့သည်။ လင်းရိ၏ နှလုံးသားကို ကလိကလိဖြစ်စေ၍ လင်းရိက သူ့ကိုပိုင်ဆိုင်ချင်လာသည်။


သူက လင်းရိအပေါ် အေးအေးဆေးဆေးနှင့် အများနှင့်တန်းတူဆက်ဆံနေပုံရသော်လည်း ထိုတန်းတူဆက်ဆံပုံက လင်းရိ၏အောင်နိုင်သူ ဖြစ်ချင်လာသောဆန္ဒကို နှိုးဆွပေးခဲ့သလိုပင် ဖြစ်နေသည်။ သူက ရွှယ်လင်ကို ထူးထူးခြားခြား ပူပြင်းသော မျက်လုံးများနှင့်ကြည့်နေ၍ ရွှယ်လင်က ထိုမျက်လုံးများကို ဖောက်ထုတ်ပစ်ချင်နေသည်။


“ ငါ့ရုပ်ရှင်အတွက် သရုပ်ဆောင်တွေနဲ့ မိတ်ဆက်ပေးချင်လား...” 

ရွှယ်လင်က သူ့ပန်းကန်ပေါ်ရှိ အသားကင်ကို ဖြည်းဖြည်းချင်းဖြတ်လိုက်ရင်း ပူပြင်းနေသောမျက်လုံးများနှင့်ကြည့်ကာ သူ့မျက်စောင်းထိုးတွင် ထိုင်နေသော သူကို ကြည့်ကာ မေးလိုက်သည်။ သူ အနည်းငယ် ကျေနပ်စွာပြုံးနေသည်။


သူ့အား ထိုမျက်လုံးများနှင့်ကြည့်နေသော်လည်း စွန်းကျန့်အန်းက လုပ်ခိုင်းသည့်အတိုင်း လုပ်နေသော လင်းရိက ယခင်ကထက်ပို၍ အမှိုက်သရိုက်ဖြစ်နေဆဲပင်။


“ အင်း….မင်း သိပ်မကြာခင်က လူတွေရှာနေတာ ငါကြားတယ်… ငါမင်းကို အကြံပေးနိုင်တဲ့ သရုပ်ဆောင်ကောင်းတချို့တော့သိထားတယ်…”


ရွှယ်လင်က သူ့နှုတ်ခမ်းများကို သပ်လိုက်ကာ သူ့ဓားနှင့်ခက်ရင်းခွကိုချထားပြီး သူ့အတွက် ဝိုင်နီတစ်ခွက်လောင်းထည့်လိုက်သည်။ 

“ ငါ တကယ် တစ်ယောက်ယောက်ကို မေးချင်နေတာ အမှန်ပဲ ..ငါ့ရုပ်ရှင်မှာ အဓိကဇာတ်ကောင်နှစ်ယောက်ရှိရမှာ… အခု တစ်ယောက်လိုသေးတယ်…”


“ အိုး…”


“ ငါ သိပ်မကြာသေးခင်ကပဲ ရုပ်ရှင်တွေအတော်လေးကြည့်လိုက်သေးတယ်… မင်း အရင်တစ်ခေါက်တုန်းက ခေါ်ခဲ့တဲ့ ရွေးထားတဲ့ယာဉ်မောင်း မစ္စတာ စွန်းကျန့်အန်းလေ...” 


သူက ဖန်ခွက်ကို မော့သောက်လိုက်ပြီး သူ့လည်ချောင်းရှိ လည်စလုတ် လှုပ်ရှားမှုက လင်းရိ၏စိတ်ကို ပူပြင်းထကြွစေသည်။ သူက နှုတ်ခမ်းကို လျှာအဖျားနှင့် သပ်ကာလျက်ရင်း ရွှယ်လင်ဆက်ပြောမည့်စကားကို ဆက်လက်စောင့်ဆိုင်နေသည်။


"သူက ငါနဲ့ တော်တော်ဆင်ပြီး ဒီအခန်းကဏ္ဍတွေ အတွက် အတော်လေးသင့်တော်တယ်… သူ့သရုပ်ဆောင်စွမ်းရည်ကလည်း ကောင်းတယ်လို့ ငါကြားထားတယ်… ”


လင်းရိက ပိုင်ယွဲ့ပါးစပ်မှ စွန်းကျန့်အန်း နာမည်ကိုကြားရသောအခါ အံ့အားသင့်သွားပြီး ခဏမျှ ပျာယာခတ်သွားကာ မကြာမီ စိတ်ပြန်ငြိမ်သွား၍ ပြောသည်။

“ သူက သရုပ်ဆောင်တစ်ယောက်ဆိုတာ အမှန်ပါပဲ.. ပြီးတော့ သူ့သရုပ်ဆောင်စွမ်းရည်က အရမ်းကောင်းတယ်… ငါ ဒီအကြောင်းနဲ့ပတ်သက်ပြီး သူ့ကိုပြောကြည့်လိုက်မယ် ဒါပေမဲ့ သူလုပ်ချင်လား မလုပ်ချင်လားတော့ မသေချာဘူး...”


ရွှယ်လင်က သူ့ကိုပြုံးပြကာ စိုက်ကြည့်နေ၍ လင်းရိ၏ပါးစပ်ကို ခြောက်သွေ့သွားစေသည်။

“ ကိစ္စမရှိပါဘူး… သူ့ကိုသာ ပြောပြလိုက်ပါ…အဲ့ဒါမှသ စဉ်းစားနိုင်မှာ… သူ့ကိုဆက်သွယ်ဖို့ တစ်ယောက်ယောက် ငါစီစဉ်ပြီးပြီ….ငါကတော့ ဒိီလိုကောင်းတဲ့ ဇာတ်ညွှန်းကို ဘယ်သူမှ ငြင်းလိမ့်မယ်လို့ မထင်ဘူး….”


လင်းရိက သဘောတူညီပြီး ခေါင်းညိတ်ပြသည်။

“ ကောင်းပြီလေ…မင်း အဲဒီလိုလုပ်တယ်ဆိုတည်းက ကောင်းမှာပါ… ”


ရွှယ်လင့်မျက်လုံးများက ကျေနပ်စွာနှင့် မှေးသွားသည်။သူက ဂုဏ်ယူနေပုံပေါက်သည်။


ထိုညစာမှာ ဧည့်သည်နှင့်ကျွေးမွေးသူ နှစ်ဦးစလုံးအတွက် အဆင်ပြေခဲ့သည်။ ရွှယ်လင်က ကားမောင်းသူကို ခေါ်ရန်အလွန်ပျင်းသောကြောင့် လင်းရိ၏ကားနှင့်သာ အိမ်ပြန်လာလိုက်သည်။ ကံကောင်းထောက်မစွာပင် သူ များများစားစားမသောက်ခဲ့ပေ။ ထို့ကြောင့် လင်းရိကသူ့အပေါ် အခွင့်ကောင်းယူ၍ မရပေ။ အမှန်တကယ်မှာ လင်းရိက သူ့အား အိမ်ပြန်ပို့ပေးရသည်ကို ဝမ်းသာနေမိသည်။


သူ ထွက်သွားခါနီး၌ ရွှယ်လင်ကို နောက်တစ်ကြိမ်ထပ်တွေ့နိုင်မည်လားဟု မေးလိုက်သည်။ သူ့ကို ချည်နှောင်ထားရန် ကြိုးစားနေသော ရွှယ်လင်က မကြာမီ ရိုက်ကူးရေး စတင်တော့မည်ဖြစ်ကြောင်းနှင့် လင်းရိအားပါက ရိုက်ကူးရေးသို့ လာလည်ရန်ကြိုဆိုဖိတ်ခေါ်လိုက်သည်။ ဤအကြောင်းကြောင့် လင်းရိ၏စိတ်က လုံးဝနူးညံ့ပျော့ပျောင်းစေခဲ့ပြီး သူ့ခေါင်းထဲတွင် ပိုင်ယွဲ့က သူ့အား ပိုမိုရင်းနှီးလာသည်ဟုတွေးပြီး စိတ်ဓာတ်တက်ကြွနေခဲ့သည်။ တစ်စုံတစ်ဦးက သူ့အား ပိုင်ဗီလာဒုတိယထပ်မှ အေးစက်၍ ရွံရှာနေသော မျက်ဝန်းများဖြင့်ကြည့်နေသည်ကို မသိလိုက်ပေ။ 


ရွှယ်လင်က လင်းရိထွက်သွားသည်ကို ကြည့်ပြီးနောက် မော့ကြည့်လိုက်သည့်အခါ ပိုင်ဟောက်က သူ့အား နူးညံ့သောအကြည့်ဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။


သူက ပိုင်ဟောက်ကို ပြုံးပြပြီး လက်ဝှေ့ယမ်းပြလိုက်ကာ အိမ်ထဲဝင်လိုက်သည်။


သူ့ပခုံးပေါ်အသိုက်လုပ်ထားသော အကူစနစ်လေးက အပေါ်ထပ်ကိုကြည့်ပြီး အိမ်ရှင်ကိုကြည့်လိုက်သည်။ သူတို့နှစ်ဦးကြားက အခြေအနေကို သူ သိချင်နေသည်။


စွန်းကျန့်အန်း၏ အစီအစဉ်များတွင် သစ္စာဖောက်သွား သောသူ့သူငယ်ချင်းအား ရုပ်ရှင်ထဲသို့ ပါဝင်စေရန် ပထမဦး ဆုံးစီစဉ်လိုပြီး ထိုရုပ်ရှင်ကိုဖျက်ဆီးရန် သူငယ်ချင်း၏ အရှုပ်တော်ပုံတစ်ခု ပြင်ဆင်ထားခဲ့သည်။ သို့သော် သူ ဇာတ်ညွှန်းကိုဖတ်ကာ အဆက်အသွယ်ရှိသူများနှင့် ထိုအခြေအနေများ အကြောင်းပတ်သက်၍ စကားပြောဆိုပြီးနောက် မမျှော်လင့်သော အရာများသာ မဖြစ်ပျက်ခဲ့ပါလျှင် ထိုရုပ်ရှင်က အလွန်လူကြိုက်များလာလိမ့်မည်ဟု သဘောပေါက်သွားသည်။


သူ ဆုရရန် ထိုရုပ်ရှင်အပေါ်မှီခိုနိုင်သည်။ သူက တစ်ဖက်လူအား အကျိုးပြုမည်လားဆိုသည်ကို စိတ်မ၀င်စားပေ။ သူက မည်သည့်အချိန်တွင်မဆို ပိုင်ယွဲ့ကိုလက်တုံ့ပြန်နိုင်ရန် သာ တွေးနေသည်။ သို့သော် သူက ပိုင်ယွဲ့ထံမှ လင်းရိကို ယုံကြည်စိတ်ချစွာ လုယူနိုင်ရန် ပုဂ္ဂိုလ်ရေးခွန်အား ပိုမိုလိုအပ်လိမ့်မည်။


ထို့ကြောင့် သူ အသင်းထဲဝင်လိုက်သည့်အခါ ရုပ်ရှင်ထဲမှ တခြားဇာတ်ကောင်မှာ ပိုင်ယွဲ့ဖြစ်နေသည်ကို သိလိုက်ရသည်။


၎င်းက သူ့အား ပိုပျော်ရွှင်စေခဲ့သည်။ ပိုင်ယွဲ့က ရိုက်ကူးနေစဉ်အတွင်း သူ့သရုပ်ဆောင်စွမ်းရည်များကြောင့် ဖိနှိပ်ခံရသရွေ့ လက်စားချေရန် အခွင့်အရေးအချို့ကို ရရှိသောကြောင့် ၎င်းတို့ကိုပါ လက်စားချေမှု တစ်စိတ်တစ်ပိုင်းအဖြစ် ထည့်ရေတွက်နိုင်သည်။ 


တစ်ဖက်လူက အဲဒီရုပ်ရှင်ရဲ့ ဒါရိုက်တာဖြစ်နေပေမယ့် သူ့သရုပ်ဆောင်စွမ်းရည်က မကိုက်ညီဘူးဆိုရင် သူဘာပြောနိုင်မှာလဲ…


ပိုင်ဟောက်၏ brother complexစိတ်မှာ မကြာသေးမီက ပိုဆိုးလာသည်။ 

( Brother complexဆိုတာ ကိုယ့်အစ်ကိုအရင်း ဒါမှမဟုတ် ညီအရင်းကို လိုတာထက်ပိုပြီး အလွန်အကြူးချစ်တာမျိုးပါ၊ anime ကြည့်နေကျလူတွေဆို bro comတို့ sis comတို့ကို သိမှာပါ )


အစပိုင်းတွင် သူက တစ်စုံတစ်ဦးအား ပိုင်ယွဲ့ အတိတ်ကို စုံစမ်းစစ်ဆေးရန်စီစဉ်ခဲ့သည်။ နောက်ပိုင်းတွင် သူက ထိုအကြောင်းကို မေ့လျော့နေသော်လည်း တစ်ဖက်လူက ပိုင်ယွဲ့ လှုပ်ရှားမှုများကိုဆက်၍ သတင်းပို့နေသည်။ ထို့ကြောင့် သူက သူ့ညီ နေ့တိုင်းဘာလုပ်ခဲ့သည်များကို ကြည့်ရင်း တဖြည်းဖြည်းပို၍ ချစ်ကျွမ်းဝင်လာသည်။ လူတစ်ယောက်၏ဘ၀ကို အနီးကပ်စောင့်ကြည့်ခြင်းနှင့် အရာအားလုံးကိုသိရှိရခြင်း ခံစားချက်မှာ အလွန်ကောင်းပြီး တဖြည်းဖြည်းနှင့် သူ့အား မစွန့်လွှတ်နိုင်ရုံသာမက ပို၍ပင် လေးနက်လာစေသည်။ ပိုင်ယွဲ့ အိမ်၌ရှိနေစဉ် သူက မော်နီတာကိုဖွင့်ကြည့်သည်။ သူ့ညီက ရုပ်ရှင်ကြည့်ရှုရန်အတွက် ဧည့်ခန်းတွင်းသာထိုင်နေသည်ကို သူက အရူးတယောက်ကဲ့သို့ ထိုင်ကြည့်နေနိုင်သည်။


 á€›á€˝á€žá€šá€şá€œá€„်က သူစောင့်ကြည့်ခံရသည်ကို သိသော်လည်း သူက ပိုင်ဟောက်၏ Brother Complexက မကြာမိ ထပေါက်ကွဲတော့မည်ဟု ညည်းညူလျက် ဥပေက္ခာပြုထားလိုက်သည်။


နောက်ဆုံးတွင် သူ(ပိုင်ဟောက်)က ရွှေပေါင်လုံးဖြစ်ပြီး ယခုအချိန်တွင် စိတ်အနှောင့်အယှက်မဖြစ်နိုင်ပေ။


ရွှယ်လင်၏ဇာတ်ညွှန်းမှာ ယခင်ဘ၀က ဆုရရှိခဲ့သည့် မူလ ပိုင်ယွဲ့က ရေးသားခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင် ရွှယ်လင်က အခန်းများစွာကိုပေါင်းစပ်ပြီး များစွာပြောင်းလဲခဲ့ကာ သူ မရိုက်ကူးမီ ဇာတ်ညွှန်းကိုစေ့စေ့စပ်စပ် စုံလင်စေသည်။ ဆုတစ်ခုရရှိရန်မှာ ကျိန်းသေပင်။


သူက ပထမဆုံးအကြိမ် ဒါရိုက်တာလုပ်ခြင်းဖြစ်ပြီးအချို့နေရာများတွင် ကျွမ်းကျင်မှုမရှိသော်လည်း သူသင်ယူခဲ့သည်များကိုတဖြည်းဖြည်းချင်း စတင်အသုံးပြုခဲ့၍ အကျိုးသက်ရောက်မှု အားကောင်းလှသည်။ ပိုင်ဟောက်က လက်ထောက်ဒါရိုက်တာများ၊ အလုပ်အမှုဆောင်ဒါရိုက်တာများနှင့် လှုပ်ရှားမှုဒါရိုက်တာများကို လူရှာဖွေရာတွင် ကူညီခဲ့ပြီး ဒုတိယသခင်လေး၏ ရိုက်ကူးမှုက ပိုမိုကောင်းမွန်လာကြောင်း တွေ့လိုက်ရသည်။


သူရိုက်ကူးခဲ့သောအခန်းများ သို့မဟုတ် သူကိုယ်တိုင်သရုပ်ဆောင်ခဲ့သည့် အခန်းများတွင် မည်သို့ပင်ဖြစ်စေကာမူ သူတို့နှစ်ဦးစလုံး အလွန်ကောင်းမွန်စွာ လုပ်ဆောင်နိုင်ကြသည်။ အဖွဲ့တစ်ခုလုံးအတွင်းရှိ လေထုအခြေအနေက အလွန်ကောင်းမွန်ပြီး အလုပ်မှာ ချောချောမွေ့မွေ့တိုးတက်နေသည်။


စွန်းကျန့်အန်းက ရွှယ်လင်ကို အတူတကွလုပ်ဆောင်သည့်အချိန်တိုင်း ဗိုလ်ကျရန်ကြိုးစားခဲ့သော်လည်း မလွယ်ကူခဲ့ပေ။ သူ မအောင်မြင်လေလေ ပိုင်ယွဲ့အပေါ် သူ့မုန်းတီးမှုများ ပိုမိုများပြားလာလေဖြစ်သည်။ ရွှယ်လင်က စွန်းကျန့်အန်း မကောင်းသောစိတ်ရှိပြီး သူသေဆုံးရန်ဆန္ဒရှိသည်ထိ မုန်းနေသည်ကို သိသော်လည်း သူ့ပတ်၀န်းကျင်ရှိ ပုံမှန်အခြေအနေနှင့် တန်းတူဆက်ဆံရေးကို ထိန်းသိမ်းထားကြောင်းကိုလည်း သိသည်။ 


သူက ပြောဖို့လိုတဲ့အချိန်ပြောတယ်…ဒေါသထွက်ရမယ့်အချိန်ဆို ထွက်တယ်…ရုပ်ရှင်အတွက်ပဲ…ဒါပေမယ့် စွန်းကျန့်အန်းဘက်က ကြည့်ရင်တော့ ပိုင်ယွဲ့က သူ့အတွက် ရည်ရွယ်ချက်ရှိရှိ ဒုက္ခရောက်အောင်လုပ်နေတဲ့ပုံစံဖြစ်နေတယ်….


စွန်းကျန့်အန်းက သူ့ယခင်ဘ၀တွင် ပိုင်ယွဲ့က လင်းရိကို လှည့်ဖြားခဲ့ခြင်းမရှိပါက လင်းရိ သူ့ကိုချဉ်းကပ်လိမ့်မည်မဟုတ်ဟု ယုံကြည်နေသည်။ နောက်ဆုံးတွင် သူက လင်းရိစိတ်နှလုံးထဲမှ မြင်သာမြင်၍ ထိတွေ့မရသော ၊လေးစားနိုင်၍ ဖျက်ဆီး၍မရသော အဖြူရောင်ကြာပန်းလေးသာ ဖြစ်နေတော့သည်။ ပိုင်ယွဲ့က လင်းရိနှင့် ပိုမိုနီးကပ်စွာ ရှိမနေခဲ့ပါက လင်းရိ ပိုင်ယွဲ့နောက်လိုက်သို့ခြင်းကို ရပ်တန့်လိုက်ခြင်းမှ မိမိကိုယ်ကိုကယ်တင်နိုင်မည်ပင် မဟုတ်ပေ။


သူ အမြဲလိုချင်ခဲ့၍ ကြိုးစားအားထုတ်ခဲ့ရသော သူ့အပိုင်ဖြစ်ခဲ့သင့်သောသူကို ပိုင်ယွဲ့က လုံးဝဂရုမစိုက်ပဲ ငြင်းပယ်ခဲ့သည်။ ပိုင်ယွဲ့၏ အမူအကျင့်ကြောင့် စွန်းကျန့်အန်းက သူ့အား ပိုပြီးမုန်းလာရသည်။


ကောင်းကင်ဘုံ၏ဂုဏ်ယူရသော သားတော်မှာ အခြားသူများ အမြဲတမ်းမုန်းတီးခြင်းကို ခံရပြီး ပိုင်ယွဲ့သည်လည်း ထူးမခြားနားပေ။



🦊🦊🦊