Chapter 34
Viewers 3k

🦊Chapter 34

အချစ်စစ်ဟု သတ်မှတ်နိုင်သော



ရုပ်ရှင်အား ထုတ်လွှင့်တော့မည့်အချိန်တွင် ရှောင်ရှားရမည့်အရာများ ရှိသည်။ သို့သော် ရွှယ်လင်က ၎င်းတို့အား စိတ်ပူမနေပေ။ ရုပ်ရှင်ရိုက်ပြီးသောအခါ သူက ပြင်းထန်သော နှောင်းပိုင်းထုတ်လုပ်ရေးအဆင့်ကို ဝင်ခဲ့လေသည်။ သို့ဖြစ်၍ လင်းရိမဆိုနှင့် ပိုင်ဟောက်နှင့်ပင် မတွေ့ခဲ့ရချေ။ 


လင်းရိက လူထူးလူဆန်းဖြစ်သည်။ သူ၏ နှလုံးသားထဲတွင် ပိုင်ယွဲ့ရှိသော်လည်း လင်းရိက အစားထိုးခဲ့ပြီး သူ၏ နေ့ရက်များကို လူစားထိုးနှင့် အေးအေးချမ်းချမ်း ဖြတ်သမ်းနေသည်မှာ ငတုံးတစ်ကောင်ကဲ့သို့ပင်။ သို့သော် သူ့တွင် လူစားထိုးနှင့် လရောင်ဖြူလေးသာ ရှိသည်။ လင်းရိက သူတစ်ယောက်တည်းနှင့်သာ အတူရှိနေသောကြောင့် စွန်းကျန့်အန်းက ထိုလူအား လူယုတ်မာဟု မသတ်မှတ်နိုင်ဟု ခံစားမိလေသည်။


စွန်းကျန့်အန်း၏ အမြင်တွင် လင်းရိက အမှားလုပ်သူ မဟုတ်ဘဲ အမှားလုပ်သူမှာ လင်းရိကို ဆွဲဆောင်ဖြားယောင်းခဲ့သော ပိုင်ယွဲ့ပင်။


သခင်ငယ်လေးပိုင် လက်တစ်ချက်ဝှေ့လိုက်လျှင်ပင် လင်းရိက နောက်ကကောက်ကောက်ပါမည်ဖြစ်ပြီး ဆွဲဆောင်စရာပင် မလိုကြောင်း သူ မတွေးမိပေ။ သူသာ စကားတစ်ခွန်းပြောလိုက်ပါက လင်းရိက စွန်းကျန့်အန်းအား စွန့်လွှတ်လိုက်မည်ပင်။ သူတို့က အကြိမ်ပေါင်းများစွာ ကွဲကွာသွားပြီး အခါခါ ပြန်ဆက်စရာပင် မလိုချေ။ သူတို့ ကျောက်တုံးကဲ့သို့ ဆက်ဆံရေးဖြစ်နေရသည့်အကြောင်းအရင်းမှာ လင်းရိ၏ စိတ်အတွင်း ရုန်းကန်လွန်ဆွဲနေရသည်များကိုသာ အပြစ်တင်နိုင်သည်။


လင်းရိက ပိုင်ယွဲ့နှင့် စွန်းကျန့်အန်းကြားတွင် ဝေခွဲမရ ဖြစ်နေသည်။ ပိုင်ယွဲ့နှင့် စကားပြောတိုင်း အပြစ်ရှိစိတ်ကို ခံစားရကာ စွန်းကျန့်အန်းနှင့် လမ်းခွဲချင်စိတ် ဖြစ်ပေါ်ပြီး ပိုင်ယွဲ့ကို ပိုးပမ်းချင်လေသည်။ သို့သော် ပိုင်ယွဲ့က သာမန်ကိစ္စများကိုသာ ဆွေးနွေးပြောဆိုပြီး သူတို့၏ ခံစားချက်များကိုမူ တစ်ခါမှမပြောပေ။ သို့သော် သူက စွန်းကျန့်အန်း၏ အနားသို့ ပြန်ရောက်လာသည်နှင့် စွန်းကျန့်အန်း၏ စဥ်းစားတွေးခေါ်တတ်ကာ နူးညံ့ညင်သာမှုများဖြင့် ချော့မော့ခံရပေသည်။ ယခု သူ့အပေါ်တွင် ခံစားချက်မရှိသော ပိုင်ယွဲ့ ကြောင့် သူတို့လမ်းခွဲမည့် ကိစ္စကို ဆက်လက် အချိန်ဆွဲထားသည်။ သူက စွန့်ကျန့်အန်းအား အမှန်တကယ် သဘောကျလေသည်။


ထိုကဲ့သို့ ရယ်စရာကောင်းသော စိတ်အခြေအနေမျိုးက အလွန်ထူးဆန်း၏။ သူ ပိုင်ယွဲ့အား လိုက်လံပိုးပန်းသည်နှင့် သူ့အားပြန်ကြိုက်မည်ဟုသော သူ၏ အတွေးက မှားနေသည်ဟုလည်း မထင်ပေ။


ပိုင်ယွဲ့၏ ရုပ်ရှင်ရိုက်ကူးရေး ပြီးဆုံးသွားပြီဟု ကြားသောအခါ လင်းရိက ရွှယ်လင်ကို ဖုန်းခေါ်ဆိုခဲ့ပြီး ထပ်မံ ရင်းနှီးမြှုပ်နှံမှု လိုမလိုကိုပင် မေးခဲ့လေသည်။ ရွှယ်လင်၏ ပိုင်မိသားစုက ပိုက်ဆံအနည်းငယ်တတ်နိုင်သည်ဟုပြုံးကာ ငြင်းဆိုမှုကြောင့် စိတ်ဓါတ်ကျသွားကာ သူ ပိုင်ယွဲ့ကို မကူညီနိုင်တော့ကြောင်း ခံစားလိုက်ရသည်။


ရုပ်ရှင်ရိုက်ကူးရေး လုံးလုံးပြီးသွားသောအခါ အကဲဖြတ်စီစစ်ရေးဘုတ်များ၏ သုံးသပ်ချက်များကို စောင့်ရန်သာ ကျန်တော့သောကြောင့် ရွှယ်လင်က နောက်ဆုံးတွင် ကိုယ်ပိုင်အားလပ်ချိန်များ ရရှိလိုက်လေသည်။


ပိုင်ယွဲ့က သူ၏ ပထမဆုံး ကိုယ်ပိုင်ရုပ်ရှင်ကို သူကိုယ်တိုင် သရုပ်ဆောင်ကာ သူကိုယ်တိုင် ဒါရိုက်တာ လုပ်ခဲ့ခြင်းကြောင့် ကျီလွေ့ရှစ်က အံ့အားသင့်သွားလေသည်။ သို့သော် သူက ပိုင်မိသားစု၏ ညီငယ်လေး ဖြစ်သည့်အတွက် အခြားကုမ္ပဏီမှ သရုပ်ဆောင်များနှင့် မနှိုင်းယှဥ်နိုင်ပေ။ သူ ကြိုးစားလုပ်ကိုင်ခဲ့ပြီး ရွှယ်လင်၏ နောက်ထပ် အလုပ်တစ်ခုအတွက် ဇာတ်ညွှန်းများကို ပြသရန် ရှာဖွေခဲ့လေသည်။ 


"အဲဒါတွေအကုန် သိပ်မကြာတော့မဲ့ အနာဂါတ်မှာ ပရိတ်သတ်အာရုံစိုက်လာမယ့် ရုပ်ရှင်တွေချည်းပဲ... မင်း အဲ့ထဲက တစ်ခုခုကို လုပ်ကြည့်ချင်မလားလို့ ကြည့်လိုက်ပါဦး..." 

ကျီလွေ့ရှစ်က ရွှယ်လင်၏ ပထမဆုံး ရုပ်ရှင်ရိုက်နေချိန်တွင် တစ်ချိန်လုံး ရွှယ်လင်နောက်သို့ လိုက်နေခဲ့ခြင်း ဖြစ်ပြီး သူ၏ထုတ်လုပ်မှု ပြီးဆုံးသွားသည်ကိုပင် တွေ့ခဲ့ရလေသည်။ ရွှယ်လင်က ဤရုပ်ရှင်ကားအား ထုတ်လွှင့်ပြီးသည်နှင့် နာမည်ကြီးလာမည်သာမက မြောက်များစွာသော အရင်းအမြစ်များ သူ့အတွက် ရရှိလာမည်ကိုလည်း ကျီလွေ့ရှစ် အသေအချာ သိလေသည်။ ထိုကျော်ကြားမှုကြောင့် စိတ်လွတ်သွားမည်ကို သူမ စိုးရိမ်ခဲ့သည်။ ရွှယ်လင်၏ လက်ရှိတည်ငြိမ်နေသော အခြေအနေကို အခွင့်ကောင်း ယူကာ ယ သူ၏ တစ်ညတာအတွင်း တစ်ဟုန်ထိုးတိုးတက်မှုကို ခပ်မှန်မှန်ဖြင့် ဆက်သွားစေချင်သောကြောင့် ထိုဇာတ်ညွှန်းများကို ကြည့်စေချင်ခဲ့သည်။ 


ရွှယ်လင်၏ စိတ်အခြေအနေက ကောင်းမွန်သောကြောင့် သူမ မလိုအပ်ဘဲ စိတ်ပူနေခြင်းပင်။ သို့သော် သူကလည်း ကျီလွေ့ရှစ်၏ ထိုကဲ့သို့ ကိစ္စများကို ဖြေရှင်းသည့် နည်းလမ်းကို သဘောကျလေသည်။ သူသည်လည်း သူ့သရုပ်ဆောင်မည့် ကောင်းမွန်သော ရုပ်ရှင် သို့မဟုတ် ရှိုးတစ်ခုကို မရှာချင်ပေ။


ကံဆိုးစွာဖြင့် သူ့တွင် အနည်းငယ်သော ကျွမ်းကျင်မှုသာရှိသည်။ ထိုရုပ်ရှင်များထဲရှိ သူသရုပ်ဆောင်ရမည့် နေရာများကို ရိုးရှင်းသော သာမန် သရုပ်ဆောင် စွမ်းရည်ဖြင့် မရနိုင်ပေ။ သူက အပြောင်းအလဲ ပရောဂျက် အနေဖြင့် ကျီလွေ့ရှစ်အား ရသစုံရှိုးတစ်ခုကို ရှာခိုင်းလိုက်လေသည်။ ထိုအခါ သူ၏ ရုပ်ရှင်အား ထုတ်လွှင့်ချိန်တွင် ၎င်းကို ရှိုးတွင် ကြေငြာမည် ဖြစ်သည်။


သူပြောပြီးသည်နှင့် ကျီလွေ့ရှစ်က သူ့ကို ပုံမှန်အားဖြင့် စိတ်ပျက်စေမည် မဟုတ်ပေ။ သူမက ပြင်ဆင်နေဆဲ သို့မဟုတ် စီစဥ်နေသည့် အခြေအနေ ရှိနေသည့် ရသစုံရှိုးများကို ရှာဖွေခဲ့လေသည်။ နောက်ဆုံးတွင် သူမ ဉာဏ်စမ်း ရှိုးတစ်ခုကို ရွေးချယ်ခဲ့လေသည်။ ထို ရှိုးစီးရီးက ပိုင်ကွမ်း အင်တာတိမ်းမန့်၏ ယခုတလော ထုတ်လွှင့်ပြသမည့် ရှိုးအမျိုးအစားအသစ် ဖြစ်လေသည်။ ၎င်းက ယခင်ကဲ့သို့ အတွေးအခေါ်များနှင့် စိတ်လှုပ်ရှားဖွယ်ကောင်းသည့် ရှိုးများလို မဟုတ်ဘဲ တရုတ်တွင် အတော်လေး ဆန်းသစ်လေသည်။ ကျီလွေ့ရှစ် ယခင် ဧည့်သည်တော်များကို ကြည့်လိုက်ပြီး သူတို့သည်လည်း အတော်လေး ကျွမ်းကျင်သူများ ဖြစ်ကြောင်း သိလိုက်ရလေသည်။ 


ရွှယ်လင်က ရသစုံရှိုး၏ မိတ်ဆက်ကို ကြည့်လိုက်ပြီး ပျော်စရာကောင်းသည်ကို တွေ့လိုက်ရသည်။ ကျီလွေ့ရှစ် သူ့နေရာအတွက် စီစဥ်ပေးမှုကို သဘောတူလိုက်ပြီး အနောက် တံခါးမှ တန်းတန်း ဝင်သွားတော့သည်။ သူက လုံးဝ ကျော်ကြားသူမဟုတ်သော်လည်း ပိုင်ကွမ်း Entertainment၏ရသစုံရှိုးတွင် ပါဝင်ခွင့်ရှိသည်မှာ သိသာပေသည်။ အဖွဲ့ထဲမှ လူအများစုက အစပိုင်းတွင် သမကျေနပ်သော်လည်း သူတို့က ထိုလူ၏ မူလဇစ်မြစ်ကို သိလိုက်ရချိန်တွင် မကျေနပ်သော အတွေးများကို မပြောရဲတော့ဘဲ ပါးစပ်များကို ပိတ်လိုက်ရလေသည်။ 


အဆုံးတွင် ထိုလူက ရုပ်ရှင်လောက၏ မင်းသားလေးဟုပင် သတ်မှတ်နိုင်လေသည်။ သူ၏ ကိုယ်ပိုင်ပရိုဂရမ်တွင် ပါဝင်ကစားချင်ပါကစားမည်ဖြစ်ပြီး မပါဝင်မှသာလျှင် ထူးဆန်းနေလိမ့်မည်ပင်။


ရွှယ်လင်က ရိုက်ကူးရေးစတင်တော့မည်ကို သိလိုက်ရသောအခါ မနက်ခင်းတွင် လက်ထဲမှ ပေါင်မုန့်ကို ကိုက်ရင်း အိမ်မှ ထွက်သွားလေသည်။


ဆောင်းရာသီ အစောပိုင်း ဖြစ်သောကြောင့် သူက ကုတ်အရှည်ကို ဝတ်ဆင်ထားပြီး သူ့ခြေထောက်များ သွယ်လျဖြောင့်တန်း နေပုံကို မြင်နေရလေသည်။ သူ ကားထဲမှ ထွက်လိုက်သည်နှင့် ကင်မရာ မီးရောင်များ တဖျတ်ဖျတ် တောက်ပသွားလေသည်။ 


ရွှယ်လင်က ကင်မရာများအတွက် ပို့စ်ပေးရန် နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး သူ့ကို လာခေါ်သူနောက် လိုက်ကာ ပိုင်ကွမ်းအဆောက်အဦးထဲသို့ လျှောက်ကာ ဝင်သွားလိုက်သည်။ နှစ်ဖက်လုံးမှ ဝန်ထမ်းများက သူ့ကို ယခုတလောတွင် မကြာခဏတွေ့နေရပြီး တစ်ခါတစ်ရံ ပိုင်ဟောက်နှင့်ပင် တွဲတွေ့တတ်လေသည်။ သူတို့ သူ့ကို နှုတ်ဆက်လိုက်လေသည်။ ရွှယ်လင်၏ အပြုအမူများက ယခင်ကဲ့သို့ပင် ညင်သာနေပြီး သူသည်လည်း ထိုဝန်ထမ်းများကို ပြန်နှုတ်ဆက်လိုက်လေသည်။


စတူဒီယို တည်ရှိရာအထပ်သို့သွားရာတွင် သူ မှတ်မိရန် သတိထားသော ထူးဆန်းသည့် လူများနှင့် တွေ့ကြုံခဲ့ရလေသည်။ ၎င်းရသစုံရှိုးက ဥာဏ်စမ်းများနှင့် လော့ဂျစ်များကို အခြေခံထားခြင်း ဖြစ်ကြောင်း မမေ့ခဲ့ပေ။ အသေအချာပင် သူအပေါ်ထပ်သို့ ရောက်သောအခါ အခန်းထဲသို့ ဝင်လိုက်ချိန်တွင် အခန်းထဲတွင် သွေးများဖြင့် လဲနေသော လူ့ခန္ဓာကိုယ်ကို တွေ့လိုက်ရပြီး ၎င်းက ပထမဆုံး စမ်းသပ်ချက်ဟု အပြောခံလိုက်ရလေသည်။ 


ရွှယ်လင် အတော်ကြာ စကားမပြောနိုင် ဖြစ်သွားပြီး ကင်မရာထံသို့ ကူကယ်ရာမဲ့နေသည့် ပုံလေး လုပ်ပြလိုက်လေသည်။ ထို့နောက် သူ၏ လက်များနှင့် ခြေထောက်များကို စိတ်အားထက်သန်စွာ လှုပ်ရှားလိုက်ပြီး အခန်းတွင်းသို့ စတင်ရှာဖွေလိုက်သည်။ 


ပရိုဂရမ်ကို "အခင်းဖြစ်ပွားရာနေရာအား စုံစမ်းစစ်ဆေးခြင်း" ဟုခေါ်ဆိုပြီး ၎င်းက ဂိမ်းပုံစံ ရသစုံရှိုးဖြစ်ကာ ပိုင်ကွမ်းကုမ္ပဏီက နိုင်ငံခြားမှ မူပိုင်ခွင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ အပိုင်း တစ်ခုစီတိုင်းတွင် အမြဲတစေ ဧည့်သည် ငါးယောက်ပါဝင်ပြီး ဂိမ်းကစားမည့် ဧည့်သည် တစ်ယောက်ပါဝင်လေသည်။ ထိုခြောက်ယောက်ထဲမှ တစ်ယောက်က စုံထောက်အဖြစ် အရွေးခံရမည် ဖြစ်ပြီး ကျန်ငါးယောက်သည် သံသယရှိသူများ ဖြစ်ကြလေသည်။ ငါးယောက်က ပြစ်မှုကျူးလွန်သူနှင့် သူတို့၏ ပန်းတိုင်ရောက်သည်အထိ မတွေ့နိုင်စေရန် လိမ်လည်နိုင်ပြီး အခြားလူများက ပြစ်မှုကျုးလွန်သူကို ရှာဖွေရန် တာဝန်ရှိလေသည်။


ထိုကဲ့သို့သော ဂိမ်းရှိုးမျိုးက အတော်လေး ဆန်းစစ်သော်လည်း တွေးခေါ်ချက် စွမ်းဆောင်ရည်များကို လိုအပ်လေသည်။ ဂိမ်း၏ အရေးအကြီးဆုံးအရာမှာ ကစားသမားများက သက်သေကို အများဆုံး ရှာဖွေနိုင်သည့် မှုခင်းမြင်ကွင်းပုံစံ ပြင်ဆင်ရမည်ဖြစ်ပြီး ဧရိယာကိုလည်း နှစ်နေရာလုပ်ထားပြီး ပြစ်မှုကျူးလွန်ထားသည့် လူများနှင့် သံသယ ရှိသူများအတွက် လုပ်ပေးခဲ့လေသည်။ သဲလွန်စများက ရှုပ်ထွေးလွန်းသောကြောင့် သံသယရှိသူတိုင်း၏ စိတ်လှုံ့ဆော်မှုကို မေးခွန်းထုတ်စေလေသည်။ ယေဘုယျအားဖြင့် ပြောရလျှင် ၎င်းက ဦးနှောက်ဆဲလ်များကို ပူအောင် အလုပ်လုပ်ရသည်အထိ လိုအပ်သော ရသစုံရှိုး ဖြစ်လေသည်။ 


ရွှယ်လင်းက နိုင်ငံခြားမှ မူလထုတ်လွှင့်မှု season နှစ်ခုလုံးကို အိမ်တွင် ကြည့်ခဲ့သောကြောင့် ဒါရိုက်တာ၏ စမ်းသပ်မှုအတွက် အဆင်သင့် ဖြစ်နေလေသည်။ အသုံးဝင်သောအရာများကို ရှာတွေ့ခဲ့သောကြောင့် သူအလွန်နှစ်သက်ခဲ့သည်။ အိမ်ပြန်ရောက်သောအခါ သူ ပိုင်ဟောက်ကို အတော်ကြာနေသည်အထိ ကြွားဝါနေလေသည်။ သူ ရမှတ်ဘုတ်ပြားတွင် တတိယနေရာကို ရခဲ့ခြင်းမှာ ဘာကိုမှ မရှာနိုင်သောကြောင့် မဟုတ်ဘဲ ဦးနှောက်ကို လှည့်စားသည့် လှည့်ကွက်များ များပြားလွန်းသောကြောင့် သူ့အား မူလဇာတ်ကွက်မှ လမ်းလွဲသွားစေခြင်းကြောင့်ဟု ပြောပြနေလေသည်။


အစ်ကိုကြီးပိုင်က ပြုံးလိုက်ပြီး သူ့ညီငယ်လေး၏ ခေါင်းလုံးလုံးလေးကို ထိလိုက်ကာ သူပျော်နေသ၍ ကောင်းသည်ဟု ပြောခဲ့လေသည်။ သူ ထိုကဲ့သို့ ရသစုံ ရှိုးမျိုးကို ကြိုက်နှစ်သက်ပါက သူတို့ ထိုကဲ့သို့သော ရသစုံ ရှိုးများကို မှတ်တမ်းတင်ထားမည်ပင်။ 


ရွှယ်လင့်ကို ပရိုဂရမ်၏ အမြဲတမ်းဧည့်သည်ဟု သတ်မှတ်နိုင်သည်။ သူက ပထမ season အတွက် မှတ်တမ်းတင်ရန် နောက်တစ်နေ့တွင် ထပ်သွားပြန်သည်။ အိမ်ပြန်ရောက်သောအခါ သး အသုံးပြုခဲ့သော ဦးနှောက်ဆဲလ်များကို အနားယူရန် တစ်ညလုံး အိပ်လိုက်ပြီးနောက် ရုပ်ရှင်ကို လူရှေ့ထုတ်ပြရန်ကြေငြာရန်အတွက် စတင်ပြင်ဆင်တော့သည်။


သူ၏ ရုပ်ရှင်ကို တည်းဖြတ်ရင်း အလုပ်ရှုပ်နေချိန်တွင် စွန်းကျန့်အန်း၏ ကျော်ကြားမှုက မြင့်တက်လာပြန်သည်။ သူ၏ ပြန်လည်မွေးဖွားပြီးနောက် ယခင်ဘဝတွင် အောင်မြင်ခဲ့သော ရုပ်ရှင်များတွင် ပါဝင်ရမည်ကို ရှောင်ရှားရန် မလုပ်ခဲ့ပေ။ ယခုတွင် ၎င်းတို့ထဲမှ တစ်ခုသည် ထုတ်လွှင့်ပြီးဖြစ်သည်။ ထိုထဲတွင် လူများကို သတိထားမိစေနိုင်သော ခဏခဏ ပါဝင်ရသည့် ဇာတ်ရံနေရာကို ကောင်းကောင်းသရုပ်ဆောင်ခဲ့လေသည်။ သူနှင့် ယခင်က အတူသရုပ်ဆောင်ခဲ့သော သူများက weibo ပေါ်တွင် သူ့ကို အလုပ်ကြိုးစားသူ သရုပ်ဆောင် ကောင်းသူ စသည်ဖြင့် မြှောက်ပင့်ကာ ထောက်ပံ့ပေးခဲ့လေသည်။


ရွှယ်လင်က weibo ပေါ်တွင် ဆွဲကြည့်နေခြင်းဖြစ်ပြီး စွန်းကျန့်အန်း၏ နာမည်နှင့် ပိုစ့်ကို တွေ့လိုက်ရချိန်တွင် မကျေမနပ် ဖြစ်သွားလေသည်။ သူက စွန်းကျန့်အန်းနှင့် ပွင့်ပွင့်လင်းလင်း တိုက်ခိုက်ရန် စိတ်ကူးမရှိသော်လည်း သူ့ကို မြင်ရခြင်းက ရွှယ်လင်ကို လမ်းကြောင်းလွဲစေသည်။ ထို့အပြင် ထိုသူ ချောချောမွေ့မွေ့ တိုးတက်လာသည်ကို မြင်ရခြင်းအား သူ မနှစ်သက်ပေ။ ယခင်က သူ သရုပ်ဆောင် လောကကို ဝင်ချင်ရသည့်အဓိကရည်ရွယ်ချက်မှာ သရုပ်ဆောင်တစ်ယောက်အဖြစ် သူ၏ နယ်ပယ်တွင် စွန်းကျန့်အန်းကို ဖိနှိပ်ချင်သောကြောင့်ပင်။ ယခုတွင် ရုပ်ရှင်က မထုတ်လွှင့်ရသေးကြောင့် ထိုသူကို လူသိရှင်ကြား လှုပ်ခတ်၍ မရနိုင်ပေ။ ရွှယ်လင်း၏ အကြည့်များက အေးစက်နေပြီး သူ့စိတ်ပြောင်းလဲသွားသည်နှင့် အတွေးများသွားလေသည်။


သူ ယခုအချိန်တွင် မည်သည့် လှုပ်ရှားမှုအစီအစဥ်မှ မရှိသောကြောင့် ရုပ်ရှင်အတွက် အနာဂါတ်တွင် ကြေငြာရန် လိုအပ်လေသည်။ သူက စွန်းကျန့်အန်းနှင့် ရှိုးတစ်ခုထဲတွင် ကြေငြာရမည်ကို စိတ်မရှိပေ။ ထို့ကြောင့် သူက ကျီလွေ့ရှစ်ကို စုံထောက်ရှိုးမှ လူများအား ဆက်သွယ်ပြီး စွန်းကျန့်အန်းအား ဖိတ်ခေါ်နိုင်ချေကို ဆွေးနွေးခိုင်းခဲ့လေသည်။ 


ကျီလွေ့ရှစ်က သူမတာဝန်ခံရသူ၏ တစ်ခါတစ်ရံ လှုပ်ရှားမှုများကြောင့် စိတ်ရှုပ်ထွေးသွားခဲ့လေသည်။ သို့သော် သူမဘောစ့်၏ ညွှန်ကြားချက်များကို သတိရလိုက်သောအခါ သက်ပြင်းချကာ သူလိုချင်သည်ကို စီစဥ်ပေးရန်သာ တတ်နိုင်လေသည်။

လူတစ်ချို့က တခြားလူတွေ လိုချင်လို့ ကြိုးစားနေရတဲ့ ငွေပုံပေါ်မှာ ကြီးပြင်းလာကြတာပဲ ငါ ဘာတတ်နိုင်မှာလဲ...


ကံကောင်းစွာဖြင့် ထိုရှိုး၏ မန်နေဂျာများသည်လည်း အလွန်လိုလားသောကြောင့် ကျီလွေ့ရှစ် အလွန် စိတ်ဖိစီးနေရန် မလိုအပ်တော့ပေ။


Systemက မတတ်နိုင်ဘဲ ရွှယ်လင်ကို လက်ညှိုးထိုးလိုက်လေသည်။

" အရှင် လုပ်နေတာက ကြာပန်းဖြူလေးတွေပဲ လုပ်တတ်တာမျိုးတွေဆိုတာ သိရဲ့လား... ရသမျှ နည်းလမ်းပေါင်းစုံနဲ့ ဇာတ်လိုက် shou ကို ဖိနှိပ်ဖို့ လုပ်ပြီး ဇာတ်တိုက် gongကိုလည်း ချိတုံချတုံနဲ့ ဝေခွဲမရဖြစ်အောင် ကြိုးနဲ့ ကစားနေသေးတယ်... အရှင်က ဝတ္ထုတွေထဲက သေဖို့ကို တောင်းတနေတဲ့ အမြောက်စာအဖြစ် မြန်မြန်ဆန်ဆန်ကို ပြောင်းလဲလာပြီပဲ..."


ရွှယ်လင် မျက်လုံးလှိမ့်ကာ ပြောလိုက်လေသည်။

" ဒီခန္ဓာကိုယ်ကလည်း အမြောက်စာလေးပဲမလား..."


"အမ်... မှန်သလိုလိုပါပဲ..."


" ငါက ခံရသူသားကောင်အဖြစ်ကနေ အပြစ်ကျူးလွန်သူအဖြစ် ပြောင်းလဲလိုက်ရုံပါပဲ..."

ရွှယ်လင်က အကူစနစ်လေး စုဆောင်းခဲ့သော ပိုင်ဟောက်၏ နောက်ဆုံးဇာတ်ညွှန်းကို လှန်ကြည့်လိုက်ပြီး အကူစနစ်လေး၏ ခေါင်းကို ခေါက်လိုက်လေသည်။

 " မင်းက အခု နှလုံးသား နူးညံ့သွားပြီလား..." 


"အဲ့လို မဟုတ်ပါဘူး အခုတလော host ရဲ့ အပြုအမူတွေက ပြုပြင်းရင်းနဲ့ ပြသနာလုပ်မိနေတဲ့ အမြောက်စာ ဇာတ်ကောင်လေးနဲ့ ပိုတူလာလို့ပါ အရှင်အလွန်အကျွံ လုပ်မိပြီး သေမယ်လို့ ထင်နေမိလို့..."


" ကိုယ့်ကိုယ်ကို သေအောင် တွန်းပို့မိတဲ့သူတွေက ဇာတ်လိုက်ကိုတွေ့တိုင်း ကိုယ့်ကိုယ်ကို ကမ္ဘာကြီးဆီကနေ ဘက်လိုက်ခံရတယ်လို့ ထင်ပြီး မိုက်မဲတဲ့ ရောဂါကြီးကို ခံစားနေရတဲ့ လူတွေပဲ... ငါက အင်အားမရှိ ကျောထောက်နောက်ခံ မရှိသူမှ မဟုတ်တာ သူ့ကို ဖိနှိပ်တော့ ဘာဖြစ်လဲ..."


"မဖြစ်ပါဘူး ... အဲ့ဒါက ..." 

ငါ အတွေးမှားနေတာများလား... ဘာလို့ host က ဒီကမ္ဘာကို ဝင်လာတည်းက စိတ်ဆတ်တဲ့ပုံ ပေါက်နေတာလဲ... အရင်ကလည်း စိတ်ဆတ်ပေမဲ့ အခုကျတော့ သူ့ရဲ့ စိတ်က ဘာလို့ပိုပြီး နားမလည်နိုင်ဖြစ်လာရတာလဲ ...


အဓိပ္ပာယ် မရှိတာတွေ သူ အရင်ဘဝက ကိုးလ်ကို အရမ်း ဒေါသထွက်နေတာပဲ ဖြစ်မယ်...


"ဒါဆို ပြဿနာ မရှိပါဘူး..."

 á€›á€˝á€žá€šá€şá€œá€„်က စွန်းကျန့်အန်း၏ weibo ပေါ်ရှိ ရုပ်ရှင်ထဲမှ ဓါတ်ပုံများကို ကြည့်လိုက်ပြီး စခရင်ပေါ်မှ သူ့မျက်နှာကို ထိကာ ရိုးသားသည့် အပြုံးလေး ပြုံးလိုက်လေသည်။

" သနားစရာပဲ သူ့ပုံစံနဲ့သူနေပြီး အဲ့ဆန်ကုန်မြေလေးနဲ့ ရိုးရိုးသားသား နေဖို့ပဲ လုပ်ခဲ့ရင် ငါ သူ့ကို အခုလို သွားရှုပ်မှာ မဟုတ်ဘူး... ဒါပေမဲ့ သူ့ကို ပိုင်ယွဲ့ကို အရမ်းအာရုံစိုက်ပြီး မုန်းနေဖို့ ဘယ်သူက ပြောလို့လဲ..."


ရွှယ်လင်က အရာရာကို ငြိမ်ခံနေမည့် ပိုင်ယွဲ့နှင့် မတူပေ။ သူ့ကို မည်သူက မလိုမုန်းထား ဖြစ်နေသည်ကို သူ ရှင်းရှင်လင်းလင်း သိ၏။ အထူးသဖြင့် စွန်းကျန့်အန်း ရိုက်ကွင်းတွင် သူ့နားကပ်သည်နှင့် မလိုမုန်းထားမှု အပြည့်ကို ခံစားမိလေသည်။ အကယ်၍ ရွှယ်လင်သာ သူ့ကို လွှမ်းမိုးရန်အတွက် သူ၏ သရုပ်ဆောင်စကေးများ မတိုးတက်စေခဲ့ပါက ထိုသူက သူ့ကို လွယ်လွယ် အနိုင်ကျင့်နိုင်မည်ဟု ထင်နေသေးလောက်သည်။


သူတို့ စာချုပ်ကို လက်မှတ်ထိုးချိန်တွင် အနုပညာရှင်များက ရုပ်ရှင်အတွက် အတူတူ ကြေငြာရာတွင် ပူးပေါင်းဆောင်ရွက်ရမည်ဟု စာရွက်တွင် ပြဌာန်းထားလေသည်။ ထို့ကြောင့် ပရိုမိုးရှင်း စတင်ချိန်တွင် ရွှယ်လင်နှင့် စွန်းကျန့်အန်းက ပို၍ တွေ့ဆုံဆက်ဆံရန် အခွင့်အလမ်းများလာသည်။ စွန်းကျန့်အန်းက အမြဲတမ်း မျက်နှာပေါ်တွင် နွေးထွေးသော အမူအရာရှိလေသည်။ သို့သော် သူ၏ အတွေးတွင် ၎င်းက ရန်စပေးနေခြင်းပင်။ ရွှယ်လင်က များသောအားဖြင့် အပြုံးဖြင့်သာ သူတို့၏ လှပသောချစ်ခြင်းတရားနှင့် သူနှင့် လင်းရိ၏ ရှက်ဖွယ် ဇာတ်လမ်းများကို နားထောင်ပြီးနောက်တွင် အိမ်သို့ပြန်ကာ ပိုင်ဟောက်ရှေ့တွင် ညည်းညူကာ ပြောပြလေသည်။


"အဲ့ဒါကို ဘယ်လိုများ အချစ်စစ်လို့ ယူဆရတာလဲ ဟမ့်...လင်းရိက သူ့ကို အစ်ကိုကြီး ကျွန်တော့်ကို ဆက်ဆံသလိုတောင် ကောင်းကောင်း မဆက်ဆံဘဲနဲ့များ..."

သူက နို့သောက်နေပြီး သူ၏ ခြေထောက်များကို ပိုင်ဟောက်၏ ပေါင်ပေါ်တွင် ဆန့်တင်ထားလေသည်။ သူ့အစ်ကိုကြီးက သူ့ကို ခြေသည်းညှပ်ပေးနေပြီး သူ၏ လှုပ်ရှားမှုများက အံ့အားသင့်စရာ ကောင်းလောက်အောင် ညင်သာနေသည်။


သူ့ စကားများကို ကြားလိုက်ရသောအခါ ပိုင်ဟောက်က လုပ်လက်စကို ဆက်လက် လုပ်ဆောင်နေသော်လည်း သူ့မျက်နှာက အနည်း ထူးဆန်းနေသည်။ သူ ရွှယ်လင်ပြောသည်ကို သံယောင်လိုက်ပြောလိုက်လေသည်။

"ဟုတ်တာပေါ့ စွန်းကျန့်အန်းက ကိုယ့်ကလေးလေးရဲ့ တစ်ဝက်လောက်တောင် မကောင်းဘူး..."


ရွှယ်လင်က မျက်မှောင်ကြုတ်လိုက်ပြီး ထိုသို့ အခေါ်ခံရသည်ကို နေသားကျနေသကဲ့သို့ပင်။ ယွဲ့ယွဲ့ဟု အခေါ်ခံရသည်နှင့် နှိုင်းယှဥ်ကြည့်သောအခါ သူက ထိုနှစ်ခု၏ ခြားနားမှုကို မခံစားရပေ။ ထိုနှစ်မျိုးလုံးက သူ၏ ဦးရေပြားကို ထုံကျင်စေသည်။

 " ဒါနဲ့ ကျွန်တော် ဒီနေ့ ကျွန်တော် ပါထားတဲ့အပိုင်း လွှင့်မှာ အစ်ကိုကြီး ကြည့်ဖြစ်အောင် ကြည့်ဖို့ သတိရနော်..."


ပိုင်ဟောက်က ထိုမှတ်တမ်းအား အစောကြီးတည်းက ကြည့်ပြီးပြီ ဖြစ်ကြောင်းကို မပြောခဲ့ပေ။ ဖြတ်ထားသည့် အပိုင်းလေးများပင် မကျန်သည့်အပြင် ကော်ပီလည်း နှစ်ခု ကူးထားသေးသည်။ သူက ဖြတ်တည်းသူအား ရွှယ်လင်၏ မြင်ကွင်းအားလုံးကို ဖြတ်ထားသည့် တည်းဖြတ်မှုကို သူ့ကို လုပ်ပေးရန်ပင် တောင်းဆိုခဲ့သည်။ သူ ၎င်းကို ယူလာပြီး အရူးကဲ့သို့ အတော်ကြာသည်အထိ စောင့်ကြည့်နေလေသည်။ သူ TVကို ဖွင့်လိုက်ပြီး ပိုင်ကွမ်း ချန်နယ်ကို ဖွင့်လိုက်ပြီး ထုတ်လွှင့်မည်ကို စောင့်နေလေသည်။


သူတစ်ယောက်တည်း ကြည့်ခြင်းနှင့် သူ့ညီငယ်လေးနှင့်အတူ ကြည့်ခြင်းက လုံးဝ ကွာခြားလေသည်။ 


အဖိုးပိုင်က ပန်းသီးကို ရေဆေးလိုက်ပြီး စားနေကာ ညီအစ်ကို နှစ်ယောက်နားမှ ဖြတ်လျှောက်သွားချိန်တွင် အနည်းငယ် ထူးဆန်းစွာ ကြည့်လိုက်သော်လည်း သူက အပြင်ထွက်ကာကရန် အဆင်သင့် ဖြစ်နေသည့်အတွက် များများစားစား တွေးမနေပေ။


အကူစနစ်လေးက ဆိုဖာပေါ်တွင်ထိုင်နေပြီး သခင်ကြီးကဲ့သို့ လုပ်နေသော host ကို ကြည့်ကာ သူတို့ ပြုလုပ်နေပုံက အနည်းငယ် မျက်စိကန်းစေသည်ဟု နားမလည်နိုင်စွာ ခံစားလိုက်ရသည်။



🦊🦊🦊