‘’ အကို
ရိရန် အင်း… ငြင်သာပါဉီး…’’
‘’ဘေဘီ…
မင်းလေးက အရမ်းဆွဲဆောင်မှုရှိတာပဲ… ကိုယ်ဘယ်လို ငြင်သာနိုင်တော့မှာလဲ…’’
‘’ ဟူး….’’
ထိုစုံတွဲမှာ
နွေဉီးရာသီတွင် အလွန်ပျော်ရွှင်နေလေသည်။
သို့သော်လဲ
ထိုအရာများက သူတို့အနီး အိပ်ယာပေါ်တွင် လှဲနေရသည့် ချီကျန်းကျန်းအတွက်တော့ ဘာမှမထူးခြားပေ။
တကယ်တော့
ဒီအချိန်လေးအတွင်းမှာ ထို့အရှက်မရှိသည့်အတွဲ၏ဒရာမာကို ကြားနေရသော်လဲ သူမ နှလုံးသားတွင်
မည်သည့်တုန်လှုပ်ခြင်းမှ မရှိသည့်အပြင့် သူမ စိတ်ထဲမှာတော့ လဲကျမတတ် ရယ်ချင်နေမိသည်။
ဒီစိတ်လှုပ်ရှားဖွယ်ကောင်းသည့်
ဒရာမာကို နှစ်ပေါင်းများစွာ သူမ နားထောင်ပြီးသည့်အပြင့် သူမ နှလုံးသားထဲတွင်လဲ မည်သည့်ခံစားချက်မှ
မရှိပေ။
ထိုဒရာမာက
သိပ်မကြာခင်မှာပင် အဆုံးသတ်သွားသည်။
ချီကျန်းကျန်း
‘ ကျွတ်.. အဲ့ဒါကလဲ အမြဲတမ်းခဏလေးနဲ့ပြီးရတယ်လို့’
အခုတော့
ထိုနှစ်ယောက် စကားစပြောဖို့ အချိန်ကျပြီဖြစ်သည်။
‘’ အကို
ရိရန်… အိုး… ကျွန်မတို့ လုပ်လို့မဖြစ်ဘူးလေ’’ အန်းချင်ယုက အော်ဟစ်လိုက်သည်။
ချီကျန်းကျန်း
‘ညီမလေး… အိပ်ယာထဲမှာလဲ အဲ့လိုပဲပြောခဲ့တာ မဟုတ်လား’
ဝမ်ရိယန်
သူမခေါင်းကို အသာကိုင်လိုက်ရင်း နူးညံစွာဖြင့် ‘’ချင်ယု… ကိုယ်သူမကို သဘောမကျဘူး… ကိုယ်မင်းကိုပဲကြိုက်တာ…
ချီကျန်းကျန်းတစ်ယောက် အခုလိုအခြေအနေဖြစ်နေတာ အရမ်းကောင်းတာပဲ…ဘယ်သူမှ ကိုယ်တို့ကိုမခွဲနိုင်တော့ဘူး’’
ချီကျန်းကျန်းက
စိတ်ထဲမှ မျက်လုံးကိုလှိမ့်လိုက်ရင်း ‘ဒီလိုမျိုးငါ့ကိုထားခဲ့ပေးတာ ကျေးဇူးပါပဲနော်’
အန်းချင်ယုသည်
ချောင်းတစ်ချက်ဟန့်လိုက်ရင်း အပြစ်ရှိသောလေသံဖြင့် ‘’ ဒါ…ဒါပေမယ့် အကိုရိရန် က အစ်မ
ကျန်းကျန်းနဲ့ စေ့စပ်ထားတဲ့သူဖြစ်နေတုန်းပဲလေ… အစ်မကျန်းကျန်း အခုလိုဖြစ်နေချိန်မှာ
ညီမတို့က ဒီလို… ညီ…ညီမ တကယ်ပဲ သူမအတွက် စိတ်မကောင်းဘူး… ညီမတို့ မလုပ်သင့်…’’
ထိုအရာအားနားထောင်ရင်း
ချီကျန်းကျန်း မပျော်ရွှင်တော့ပေ။
ဟုတ်ပါသည်။
သူတို့နှစ်ယောက် ဒီလောက်တွယ်ချိတ်နေတာကိုကြည့်ပြီး သူမ မပျော်ရွှင်တာတော့မဟုတ်ပေ။ ခြုံပြောရရင်
ထိုဝမ်းနည်းမှုသည် ဒီခနာကိုယ်၏ မူလပိုင်ရှင်ဆီမှ ထွက်ပေါ်လာခြင်းပဲဖြစ်သည်။ သူမသည်
လွန်ခဲ့သောရက်အနည်းငယ်ကမှ ကူးပြောင်းလာသူဖြစ်သည့်အတွက် ထိုခံစားချက်များသည် သူမ ဆီမှမဟုတ်ပေ။
သူမ
ကူးပြောင်းလာပြီးနောက် ဟင်းသီးဟင်းရွက်လို အသုံးမဝင်ပဲ အိပ်ယာပေါ်မှာ လဲလျောင်းနေရသည်ကို
အတော်လေးစိတ်ပျက်နေမိသည်။
သူမ
အမည်မှာ ချီကျန်းဖြစ်သည်။ လွန်ခဲ့သောရက်အနည်းငယ်က ပန်ကိတ်, သစ်သီး, ခေါက်ဆွဲအေးတချို့ဝယ်ပြီးသည့်နောက်
လမ်းတွင်စားရင်းနှင့် အလုပ်မှ အိမ်သို့ပြန်လာသည်။ ထိုအချိန်တွင် ထရပ်ကားကြီးတစ်စင်းမှ
အထိန်းအကွပ်မဲ့စွာဖြင့် သူမဆီသို့ဝင်လာသည်ကို သတိမထားမိပေ။
ထို့နောက်…
ဘုရားသခင်၏ကောင်းချီးဖြင့် … ဟင်းသီးဟင်းရွက် တဖြစ်လဲ ချီကျန်းကျန်း ဖြစ်လာသည်။
အသက်ရှင်သန်နေခြင်းမှာ
ကောင်းသော်လည်း လူသားဟင်းသီးဟင်းရွက် အခြေအနေဖြစ်နေလေသည်။
ရုတ်တရက်ပဲ
သေသွားတာနှင့် လူသားဟင်းသီးဟင်းရွက်အဖြစ်ကူးပြောင်းလာတာ နှစ်ခုထဲမှ ဘယ်ဟာပိုကောင်းလဲဆိုတာ
သူမ မသိတော့ပေ။
ချီကျန်း
… မဟုတ်သေးဘူး… အခု ချီကျန်းကျန်း၏ ခံစားချက်မှာ အတော်လေး ရှုပ်ထွေးနေသည်။
သူမဘေးမှ
ချီကျန်းကျန်း၏ သတို့သားလောင်းသည် တဖက်သို့လှည့်ကာ အန်းချင်ယုကို နမ်းလိုက်ရင်း ဝေဝါးနေသော
လေသံဖြင့် ‘’ ဘာဖြစ်လို့လဲ… ‘’
ထို့နောက်
အသံများ ထပ်မံထွက်ပေါ်လာသည်။
ချီကျန်းကျန်း
‘’ ဟမ်… နောက်တစ်ကြိမ် ထပ်စကြပြန်ပြီလား…’’
အကိုကြီး
ရှင့်ကျောက်ကပ်ကို ပိုကောင်းအောင် ဘာလို့များ ဟိုဆေးတွေနဲ့ မသောက်ရတာလဲ…
သိပ်မကြာခင်မှာပင်
ဒုတိယအချီမှာ ပြီးဆုံးသွားလေသည်။
နှစ်ယောက်သား
အဝတ်များပြန်လည်ဝတ်ဆင်လိုက်ပြီးနောက် အန်းချင်ယုက ဝမ်ရိရန်ကိုတွန်းလွှတ်လိုက်ပြီး အိပ်ယာပေါ်တွင်လှဲနေသည့်
ချီကျန်းကျန်းကို ကြည့်ကာ အသံမထွက်အောင် သူမ ပါးစပ်ကိုလက်ဖြင့်အုပ်ရင်း ငိုကြွေးတော့သည်။
ဝမ်ရိရန်
ချက်ချင်းပင် သူမကို နှစ်သိမ့်ပေးလိုက်ရင်း ‘’ ချင်ယု… ဝမ်းနည်းမနေပါနဲ့ … ကိုယ်တို့နှစ်ယောက်လုံးက
တစ်ယောက်ကို တစ်ယောက် မေတ္တာစစ် မေတ္တာမှန်နဲ့ ချစ်နေကြပြီပဲ… ပြီးတော့ ကိုယ်တို့မိသားစုကို
ရှင်းလင်းအောင်လုပ်ပေးမယ်… ချီကျန်းကျန်း ကားအက်စီးဒင့်ဖြစ်တဲ့နေကတည်းက ကိုယ်နဲ့သူ့ကြားမှာ
ရှင်းလင်းသွားခဲ့ပြီးပြီ… ကားအက်စီးဒင့်သာ မဖြစ်ခဲ့ဘူးဆိုရင် ကိုယ်တို့ရဲ့ စေ့စပ်ပွဲကလဲ
ပျက်သွားတာကြာပြီ… ဘယ်သူ့မှ မင်းကိုအပြစ်မတင်ပါဘူး…’’
ချီကျန်းကျန်း
‘ ??? ‘
ဘာ…
မူလကိုယ်
ကားအက်စီးဒင့်ဖြစ်တဲ့နေ့မှာမှ သူတို့က ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်လား…
ဒါဆို
မူလပိုင်ရှင်က ဘယ်လိုလုပ်ပြီး ကားအက်စီးဒင့်ဖြစ်ရတာလဲ…
ချီကျန်းကျန်း
အလွန်သံသယ ဖြစ်သွားမိသည်။
သူမအနေဖြင့်
ကြားရသမျှထဲမှ အချက်အလက်တစ်ချို့သာ ရရှိထားသော်လည်း သူမတွင် မူလပိုင်ရှင်၏ မှတ်ညဏ်များ
လုံးဝမရှိပေ။
အန်းချင်ယု
မျက်ရည်များကျရင်း ဆို့နစ်သည့်လေသံဖြင့် ‘’ အစ်မကျန်းကျန်းမှာ အကိုတစ်ယောက်တည်းရှိတာပါ…
အဲ့ဒါကို ညီမက ဘယ်လိုလုပ်ပြီး ယူနိုင်မှာလဲ… ဒါ… ဒါပေမယ့်… ညီမ အကို့ကို အရမ်းချစ်တယ်’’
သူမ၏
ငိုသံကြောင့် ဝမ်ရိရန်တစ်ယောက် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ ထို့အပြင့် သူတို့နှစ်ယောက်သည်
ကံကြမ္မာက သတ်မှတ်ထားသော စုံတွဲဖြစ်သည်ဟု ခံစားလိုက်မိပြီး ‘’ အကိုလဲ ညီမကိုချစ်တယ်…
ကိုယ်တို့နှစ်ယောက်ကို ဘယ်သူမှ လာခွဲလို့မရစေရဘူး’’
အန်းချင်ယု
ရုတ်တရက်ပဲ သူ့ကိုအဝေးသို့တွန်းလွှတ်လိုက်ကာ သနားစဖွယ်လေသံဖြင့် ‘’ မဟုတ်ဘူး… ညီမ အကိုကို့
အစ်မကျန်းကျန်းဆီ ပြန်ပေးပါမယ်’’
ပြောပြီးနောက်
တစ်ဖက်သို့လှည့်ကာ ဆေးရုံခန်းထဲမှ ပြေးထွက်သွားလေသည်။
‘’ချင်ယု…’’
ဝမ်ရီရန် အလျင်အမြန်ပင် အနောက်မှ ပြေးလိုက်သွားတော့သည်။
ချီကျန်းကျန်း
‘’ ဖူး…ဟားဟားဟား’’
တောင်းပန်ပါတယ်
သူမ အရမ်းရယ်ချင်နေလို့ပါနော်…
ဒီလိုမျိုးဇာတ်ကွက်တွေဆိုတာက
သူမ အဖွားနဲ့အတူတူ ည ၈ နာရီတိုင်း ကြည့်နေကျ ဒရာမာကားထဲက ဇတ်ကွက်တွေပဲမဟုတ်လား… ဒါမျိုးတွေ
မြင်ဖူးတာ များလွန်းလို့…
အဲ့ဒါက
ကြာပန်းဖြူနဲ့ ငတုံးကောင် ဇာတ်ကွက်မျိုးလေ… အဲ့ဒါက အရမ်းကိုခန့်မှန်းလို့လွယ်တဲ့ ပုံစံမျိုးပဲလေ…
အခု
သူမ ဝမ်းကွဲအစ်မက သူမနဲ့မျက်နှာချင်းမဆိုင်နိုင်လို့ ငိုပြီးထွက်ပြေးသွားပေမယ့် နောက်တစ်နေ့ကျရင်
ထပ်ရောက်လာပြီး မတော်တဆပုံစံနဲ့ ဝမ်ရိရန်ကို လာတွေ့ဦးမှာပဲလေ… ပြီးရင် သူတို့ကိုယ်သူတို့
မထိန်းနိုင်ပဲနဲ့ နက်ရှိုင်းတဲ့အရာတွေ ထပ်လုပ်ကြဦးမှာ မဟုတ်ပါလား…
ဘာပဲဖြစ်ဖြစ်
အဲ့ဒါက မနေ့ကလိုပဲလေ… အိုး မနေ့ကရဲ့ မနေ့က ကော.. အဲ့မတိုင်ခင် မနေ့ကရဲ့ မနေ့ကလဲ ဒီအတိုင်းပဲ…
မနက်ဖြန်လဲ
ဒီအတိုင်းပဲဖြစ်မယ်လို့ သူမ မှန်းဆပြီးသားပင်…
အာယား…
သူမက တကယ်တော့ လှုပ်မရ အသုံးမကျတဲ့ဟင်းသီးဟင်းရွက်ဖြစ်နေပြီး အဲ့ဒီခွေးသွေး ဒရာမာကို
ဆက်တိုက်ကြည့်နေရတာပဲ…
တကယ်တမ်း
နောက်တစ်ရက်တွင် ထိုထူးမခြားသည့် ဇာတ်ကွက်ပြောင်းလဲသွားရန် သူမ စိတ်ထဲမှ မျှော်လင့်နေမိသည်။
နောက်တစ်နေ့တွင်
ဝမ်ရိရန်ထပ်ရောက်လာပြီး ကြာပန်းဖြူမသည်လည်း တခြားသူများနှင့်အတူ ချီကျန်းကျန်းဆီသို့
ထပ်မံရောက်ရှိလာသည်။
လူအများအပြား
သူမဆီသို့အလည်လာသည်မှာ ရှားပါးလွန်းသည်ဖြစ်ရာ ချီကျန်းကျန်း မျက်လုံးဖွင့်ကြည့်ချင်သော်လည်း
အသီးအရွက်ကဲသို့ ကိုမာဖြစ်ကာ လဲလျောင်းနေရသော သူမ အခြေအနေဖြင့် မျက်လုံးဖွင့်ရန် မဖြစ်နိုင်ပေ။
စိတ်တိုလိုက်တာနော်…
ဒါပေမယ့်လဲ
နားထောင်လို့ရတာပဲကို….
‘’ကျန်းကျန်း…
ဒီနေ့ ပိုသက်သာလား… မြန်မြန် နိုးလာပါတော့နော်.. မာမား ပါးပါးကော သမီးရဲ့မောင်လေးကော
အားလုံးစိတ်ပူနေကြတယ်… သမီးရဲ့ အစ်မဝမ်းကွဲ ချင်ယုဆို ငိုရလွန်းလို့ မျက်လုံးတွေတောင်
ယောင်ကိုင်းနေပြီ…’’ အမျိုးသမီးတစ်ယောက်က အက်ကွဲသံနှင့်အတူ ငိုရင်းပြောနေသည်။
ဒါ အရင်နေ့တွေက
သူမဆီရောက်လာတတ်သည့် သူ၏မိခင် တင်းရိကျွင်းမှန်း သိလိုက်သည်။
‘’ဟင်း…’’
အမျိုးသားတစ်ယောက်မှ သက်ပြင်းချလိုက်သည်။ ထိုသူသည် သူမ ဖခင် ချီယန်ဖြစ်သည်။
နောက်ထပ်
အမျိုးသားတစ်ယောက်မှ ပြောလိုက်သည်။ ‘’ ချီယန်… အရမ်းလဲ ဝမ်းနည်းမနေပါနဲ့…ကျန်းကျန်းက
တစ်နေ့တော့ သေချာပေါက် နိုးလာမှာပါ’’
ချီကျန်းကျန်း
’…..’
‘ကျေးဇူးတင်ပါတယ်နော်’
သို့ပေမယ့် သူမတွင် ထိုယုံကြည်ချက် ရှိမနေပေ။ ဒီအကိုကြီးက အရမ်းကိုယုံကြည်မှု လွန်ကဲနေတာပဲ
ဖြစ်မည်။
xxxxxxx