‘’အကိုဝမ်…
ကျန်းကျန်းက မကြာခင်မှာ နိုးလာမယ်လို့ အကိုထင်ကတည်းက ဘာလို့ ကျန်းကျန်းနဲ့ ရိရန်တို့ရဲ့
စေ့စပ်ပွဲကို ဖျက်သိမ်းဖို့လုပ်ရတာလဲ…’’ ရုတ်တရက် ချီယန် မေးလိုက်သည်။
တဖက်သူမှာ
တခဏမျှ ပြောစရာစကားများ ပျောက်ရှသွားသည်။
‘’အန်ကယ်ချီ…
အန်တီချီ… ဒီလက်ထပ်ပွဲကို ကျွန်တော့်ဘက်က ဖျက်သိမ်းမှဖြစ်မယ်… ကျွန်တော်နဲ့ ကျန်းကျန်းကြားမှာ
ဘာဆက်ဆံရေးမှရှိမနေဘူး… တကယ်လို့ ကျန်းကျန်းသာ ကိုမာဖြစ်မနေဘူးဆိုရင် ဒီလက်ထပ်ပွဲကို
ကျွန်တော်ဖျက်သိမ်းမှာ အသေအချာပဲ… အချစ်ကို ဘာနဲ့မှ တွန်းအားပေးလို့မရနိုင်ပါဘူး… ဒါကြောင့်
အန်ကယ်နဲ့ အန်တီ ကျွန်တော့်ကို နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်…’’
ဝမ်ရိရန်
သူ့ဖခင်အရှက်ရမည်ကို သည်းမခံနိုင်ပဲ အရှေ့သို့ထွက်ကာ အပြစ်ရှိသောလေသံဖြင့် လေးလေးနက်နက်ပြောလိုက်သည်။
တင်းရိကျွင်း
ဒေါသထွက်စွာဖြင့် ‘’ ရိရန် … မင်း တော်တ်ာလွန်နေပြီ… ကျန်းကျန်းက အိပ်ယာပေါ်မှာ လှဲနေတုန်းရှိသေးတယ်…
မင်းက ဒီလိုစကားမျိုး ပြောထွက်တယ်ပေါ့’’
ပြောရင်းဖြင့်
သူမ ငိုလိုက်မိသည်။
‘’အန်တီ…
အရမ်းဝမ်းမနည်းပါနဲ့… အစ်မ ကျန်းကျန်းကလဲ အန်တီ ဒီလိုငိုနေတာကို မြင်ချင်မှာမဟုတ်လောက်ဘူး’’
မျက်ဝန်းများအနီရောင်သို့
ပြောင်းလဲလာသည့် အန်းချင်ယုက ဝမ်ရိရန်ကို ကြည့်လိုက်ပြီး ‘’ အကိုရိရန်… ဒီအကြောင်းကို
ဆက်မပြောပါနဲ့တော့…’’
စေ့စပ်ပွဲ
မဖျက်သိမ်းမည်ကိုစိုးရိမ်သွားသော်လည်း အန်းချင်ယု၏သနားစဖွယ် အမူအယာကိုကြည့်ပြီး အံကြိတ်လိုက်မိကာ
သူ့မျက်နှာထက်တွင် ခိုင်မာသည့် ဆုံးဖြတ်ချက်ကိုချလိုက်ပုံပေါ်သည်။
သူ့အနေဖြင့်
ချင်ယုကို ဒီထက်ပိုပြီးခံစားရအောင် မလုပ်သင့်တော့ပေ။ ဒီလက်ထပ်ပွဲကို ဖျက်ပစ်မှဖြစ်မသည်။
‘’ချင်ယု..’’
တင်းရိကျွင်း အန်းချင်ယုကိုဖက်ရင်း ငိုတော့သည်။
ချီယန်
စီးကရက်တစ်လိပ်ကို မီးညှိရင်း ဖွာလိုက်သည်။ သူ့အမူအယာသည် ရှုပ်ထွေးနေကာ အချိန်တစ်ခုကြာပြီးနောက်
‘’ ကျန်းကျန်းက ရိရန်ကို အရမ်းသဘောကျတာ… ပြီးတော့
မိသားစုနှစ်ခုရဲ့ ပူးပေါင်းဆောင်ရွက်မှုအသစ်မှာလဲ ငါတို့ချမ်းသာသမျှရဲ့ တဝက်လောက်ကို အရင်းထုတ်ထားတယ်…
အဲ့ဒါက မိသားစုနှစ်စုရဲ့ လူနှစ်ယောက်တည်းအပေါ်ကို အကျိုးသက်ရောက်မှာမဟုတ်ဘူး… ဒီကိစ္စက
ငါတို့နှစ်ဖက်ကုမ္မဏီနဲ့ လုပ်ဖော်ကိုင်ဖက်အားလုံးရဲ့ အကျိုးစီးပွားနဲ့ဆိုင်တယ်’’
ဝမ်ကျင်စန်း
သက်ပြင်းချလိုက်ပြီး တုန့်ဆိုင်းသွားသည်။
သူသည်လည်း
ချီယန်ပြောသကဲ့သို့ပင် ထိုကိစ္စအပေါ်တွင် များပြားလှသည့်အဓိပ္ပာယ်များကို စဉ်းစားပြီးဖြစ်သည်။
ယခုအချိန်သည် စေ့စပ်ပွဲဖျက်ရန်ကောင်းသည့် အချိန်အခါမဟုတ်ပေ။ ဒီတစ်ကြိမ်တွင် စေ့စပ်ပွဲကို
ဖျက်လိုက်ပါက ဝမ်မိသားစုနှင့်ပတ်သတ်သော ဆိုးရွားလှသည့် ကောလဟာလများ ထွက်ပေါ်လာပေလိမ့်မည်။
အကောင်းဆုံးကတော့
စောင့်နေယုံသာဖြစ်သည်။ အကယ်၍ ချီကျန်းကျန်းသာ သေဆုံးသွားမည် သို့မဟုတ် ချီကျန်းကျန်းသာ
လုံးဝနိုးထမလာဘူးဆိုလျင် သူတို့အနေဖြင့် လက်ထပ်စာချုပ်ကိုဖျက်သိမ်းရန် အခွင့်အရေးရလာမည်ဖြစ်သည်။
ထို့ကြောင့် မည်သူမျှ ရိရန်ကို ထိုအကြောင်း ပါးစပ်ဟတော့မည် မဟုတ်ပေ။
‘’ အဖေ…’’
ဝမ်ရိရန် တစ်ယောက် အကျပ်ရိုက်စွာဖြင့် ဝမ်ကျင်စန်းကို ရုတ်တရက်တောင်းပန်သံသည့်လေသံဖြင့်
ခေါ်လိုက်သည်။
ထိုအချိန်တွင်
တောက်ပသောအမျိုးသမီးတစ်ယောက်သည် ရုတ်တရက် သက်ပြင်းချက်လိုက်ပြီး ‘’ ယုလေးက လက်မထပ်ရသေးဘူး
မဟုတ်လား… တကယ်လို့ ချီကျန်းကျန်းသာ ဒီလိုကိုမာအခြေအနေ မဟုတ်ဘူးဆိုရင်… သူမက အတော်လေး
မာနကြီးတဲ့ပုံစံမဟုတ်လား… ပြီးတော့ ယွီလေးကလဲ တိတ်တိတ်ဆိတ်ဆိတ်ပဲ နေတတ်တာဆိုတော့… သူတို့နှစ်ယောက်ဆိုရင်
အတော်လေး လိုက်ဖက်နေမှာပဲ’’
ထိုစကားများကြားလိုက်သည်နှင့်
အခန်းတွင်း လုံးဝတိတ်ဆိတ်သွားသည်။
ထို့နောက်
ဝမ်ကျင်စန်းမှ တစ်စုံတစ်ခုကို တွေးတောလိုက်ပြီး အပြုံးဖြင့် ‘’ ငါ့သားအကြီးဆုံးက ဒီလိုအခြေအနေနဲ့
တကယ်သင့်တော်တယ်… ချီကျန်းကျန်းက ကိုမာဖြစ်နေပေမယ့်လဲ အနာဂါတ်မှာ သေချာပေါက် နိုးလာမှာပဲလေ…
နှစ်အနည်းငယ်လောက်ကတော့ ယုလေး စောင့်နိုင်ပါတယ်… အဲ့ဒါက အေးဆေးပဲ’’
ချီယန်
အံ့အားသင့်သွားပြီး အလိုမကျသည့်လေသံဖြင့် ‘’ ကျန်းကျန်းနဲ့စေ့စပ်ထားတာက ရိရန်လေ… ဝမ်ယွီက
ကျန်းကျန်း သဘောကျတဲ့သူမှ မဟုတ်တာ…’’
ဝမ်ရိရန်သည်
ဝမ်မိသားစု၏ အမွေခံသားတစ်ယောက်ဖြစ်သည့်အတွက် မည်သူကမျှ ဝမ်ယွီကို ထည့်မတွက်ကြပေ။
ဝမ်ကျန်စန်းက
ဆက်ပြောလိုက်သည် ‘’ ကျန်းကျန်းက အခုလိုဖြစ်နေပြီပဲ… သူမ ဖြစ်ချင်တာကို မေးဖိုဘယ်နည်းလမ်းမှ
မရှိတော့ဘူးလေ…’’
ချီကျန်းကျန်းက
ဒီလိုအခြေအနေရောက်နေမှတော့ သူမအနေနဲ့ ဘယ်လိုလုပ်ပြီးတော့များ ရွေးချယ်နိုင်တော့မှာလဲ…
နှစ်ဖက်လူများသည်
စေ့စပ်ပွဲမှတဆင့် စတင်ငြင်းခုံလာတော့သည်။
အန်းချင်ယုသည်
တင်းရိကျွင်းကို ဖျော့တော့သည့်လေသံဖြင့် နှစ်သိမ့်ပေးလိုက်သည်။ ‘’ အန်တီ… ဒါက စေ့စပ်ပွဲလေးပါပဲ…
ရိရန်ဖြစ်ဖြစ် ယွီလေးဖြစ်ဖြစ် နှစ်ယောက်လုံးကို အစ်မ ကျန်းကျန်းက သဘောကျတာမှမဟုတ်တာ…
သူမ နိုးလာတာနဲ့ ဒီကိစ္စကိုသေချာပေါက် ပြောမှာပဲလေ…’’
ဝမ်းနည်းနေသည့်လေသံဖြင့်
သူမ ဆက်ပြောသည်။
‘’ သမီးလဲ အစ်မ ကျန်းကျန်းကို မြန်မြန်နိုးလာစေချင်နေပြီ’’
ထိုစကားလုံးများထွက်လာပြီးသည့်နောက်
အခန်းထဲတွင် နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြန်သည်။
ချီကျန်းကျန်း
ကိုမာဖြစ်နေပြီးသူမ နိုးလာရန် မသေချာသောကြောင့် မည်သူနှင့်စေ့စပ်ထားသည်မှာ အရေးမကြီးတော့ပေ။
ဝမ်မိသားစုဝင်
တစ်ဉီးဖြစ်နေသရွေ့ ကုမ္ပဏီနှစ်ခုအကြား ပူးပေါင်းဆောင်ရွက်မှုသည် ခိုင်မာနေမည် ဖြစ်သည်။
ဆန့်ကျင်ဘက်အနေဖြင့်
ဝမ်မိသားစုဘက်မှ ချီမိသားစုအပေါ်တွင် စိတ်မကောင်းယုံသာ တတ်နိုင်ပြီး သူတို့ပူးပေါင်းမှုမှ
အကျိုးအမြတ်တစ်ချို့ကို ချီမိသားစုအတွက် ပေးဆပ်ပေလိမ့်မည်။
ထို့ကြောင့်
မကြာခင်မှာပင် ချီမိသားစုဘက်မှ သဘောတူလိုက်လေသည်။
ချီကျန်းကျန်း၏
စေ့စပ်ထားသူသည် ဝမ်မိသားစု၏ဒုတိယသခင်လေး မှ ဝမ်မိသားစု၏အကြီးဆုံးသခင်လေး အဖြစ်သို့
ပြောင်းလဲသွားသည်။
ချီကျန်းကျန်းသည်
ကိုမာအခြေအနေဖြစ်နေသောကြောင့် လစ်လျူရှုခံရသည်မှာ ပုံမှန်ဖြစ်သော်လည်း ဝမ်မိသားစုထံမှ
လစ်လျူရှုခြင်းခံထားရသည့် ယွီလေးဟု အခေါ်ခံရသူ၏ စိတ်အခြေအနေမှာ မည်သို့ရှိနေမည်ကို
သူမ မသိပေ။
‘’အကို…
ဒီကိစ္စကို အကို့ဘက်ကကော ဆန္ဒရှိရဲ့လား’’ ဝမ်ရိရန် ရုတ်တရက်မေးလိုက်သည်။
ချီကျန်းကျန်
အံ့အားသင့်မှုကြောင့် ခဏမျှ အေးခဲသွားသည်။
ဘာ…
သူမ၏ စေ့စပ်ထားသူအသစ်လဲ ဒီနေရာမှာ ရှိနေတာလား…
သူတို့က
သူ့ကို ဒီလိုမျိုးကြီး လစ်လျူရှုထားတာလား…
သူ့ကိုအရှေ့မှာထားပြီး
ဒီလိုကိုမာဖြစ်နေတဲ့သူနဲ့ စေ့စပ်ပွဲကိစ္စကို ပြောနေကြတာလား…
သူ့ထံမှ
အဖြေကို မည်သူမျှမကြားရပေ။
ဝမ်ကျင်စန်း
ဒေါသတကြီးဖြင့် ‘’ ဝမ်ယွီ… မင်းဘာပြောချင်တာလဲ…’’
အမှန်တကယ်ပင်
ဝမ်ရိရန်နှင့် နှိုင်းယှဉ်ကြည့်လျင် ဝမ်ယွီ အပေါ် သူ၏ခံစားချက်သည် စိတ်ရှည်သည်းခံမှု
မရှိသည်မှာ ထင်ရှားလှသည်။
နောက်ဆုံးတွင်
ခဏကြာပြီးနောက် အမျိုးသားတစ်ယောက်အသံထွက်ပေါ်လာသည်။
‘’အိုး…’’
သူ့ဆီမှ
သဘောတူသည်လဲမဟုတ် မတူဘူးလဲမဟုတ်သည့် အသံတစ်ခုသာထွက်လာသည်။
အဲ့ဒါက
စကားလုံးတစ်လုံးတည်းသာဖြစ်သည်။ ချီကျန်းကျန်းတစ်ယောက် သူမ ခြေထောက်များပင် အားနည်းသွားသည်ဟု
ခံစားလိုက်မိသည်။
အဲ့ဒါက
အရမ်းကို ဆက်စီကျတဲ့လေသံပဲ…
စကားသံမှာ
ခပ်ဩဩဖြစ်ပြီး လေသံသည်တိုးလျနေသည်။ သူမ ထိုအသံကို ဖော်ပြစရာ စကားလုံးရှာမတွေ့နိုင်ပေ။
လေသံကိုနားထောင်ရုံဖြင့်
သူမ ခန့်မှန်းနိုင်သည်မှာ ထိုသူသည် အတော်လေးခန့်ညားသောသူ ဖြစ်သည်ဟူ၍ပင်…
သူ့နာမည်က
ဘာပါလိမ့်…
ဝမ်ယွီ
လား…
သူမ
ရုတ်တရက်စဉ်းစားလိုက်ပြီးနောက် သူမခေါင်းထဲသို့ များပြားလှသည့်အချက်အလက်များ ဝင်ရောက်လာပြီး
ရုတ်တရက်ခေါင်းကိုက်လာသည်။
ထို့နောက်
ချီကျန်းကျန်းသည် သူမစိတ်ကိုအတင်းအကြပ်ထိန်းချုပ်လိုက်ပြီးနောက် ထိုသူသည် တွဲဖက်မရှိသည့်ဝတ္တုထဲမှာ
အဓိကဇာတ်လိုက်မှန်း သိသွားတော့သည်။ (တွဲဖက်မရှိဆိုသည်မှာ အမျိုးသမီးဇာတ်လိုက် မပါသည်ကိုဆိုလိုခြင်းဖြစ်သည်)
ထိုစာအုပ်၏
အကြောင်းအရာသည် သူမကို အတော်လေး အထိတ်တလန့်ဖြစ်သွားစေသည်။ ထို့နောက် ချီကျန်းကျန်း
စိတ်ထဲမှ စကားတစ်ခွန်းသာ ပြောနိုင်တော့သည်။
‘ဘယ်လိုတောင်ကောင်းတဲ့
ဇာတ်ကွက်ပါလိမ့်’
xxxxxx