အပိုင်း ၃
Viewers 25k

Part 3


ဒီ တွဲဖက်မပါသည့် ဇာတ်လမ်းထဲမှ အမျိုးသား ဇာတ်ဆောင်သည် ဝမ်ယွီ ဖြစ်သည်။


ဝမ်ယွီ၏ မိဘများသည် စီးပွားရေးသပ်သပ်သာ လက်ထပ်ခဲ့ခြင်းဖြစ်သည်။ သူတို့ လက်ထက်ပြီးသည့်နောက် အဖေဖြစ်သူ ဝမ်ကျင်စန်းသည် ရက်စက်တတ်သူတစ်ယောက်ဖြစ်လာခဲ့သည်။ အမေဖြစ်သူသည် တခြားတစ်ယောက်နှင့် ချစ်ကြိုက်နေပြီး သူမ မချစ်နှစ်သက်သော တစုံတစ်ယောက်ကို လက်မထပ်ချင်ခဲ့ပေ။


ဘဝနှစ်ခုအကြောင်းကြားပြီးနောက် အငယ်တစ်ယောက်မှာ အပြင်ဘက်တွင် ကျွေးမွေးပြုစု စောင့်ရှောက်ခံရပြီး နောက်တစ်ယောက်မှာမူ ဘဝအတွက် ငိုကြွေးညည်းညူရင်း ကြီးပြင်းလာရသည်။


ထို့နောက် ဝမ်ကျင်စန်း နှင့် မယားငယ် ရှုဝေသည် ဝမ်ယွီ ထက် နှစ်နှစ်ငယ်သည့် ဝမ်ရိရန်ကို မွေးဖွားခဲ့သည်။ ထိုအချိန်မှာပင် ဝမ်ယွီမိခင်နှစ်သက်သည့် တခြားအမျိုးသားသည်လည်း လက်ထပ်သွားသည်။ ထို့ကြောင့် သူမ ဘာကိုမှ မတွေးတောနိုင်တော့ပဲ ဝမ်ယွီ ရှေ့မှာပင် ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့လေသည်။


အရာအားလုံးသည် အမျိုးသားဇာတ်လိုက်၏ နှလုံးသားထဲတွင် မေ့ပျောက်လို့မရသည့် အမှတ်တရဆိုးများအဖြစ် ကျန်ရစ်ခဲ့လေသည်။


သူသည် လုံလောက်သည့်အရွယ် မရောက်သေးသည့်အတွက် ဝမ်ကျား တွင်ဆက်လက်နေထိုင်ခဲ့ရသည်။


ဝမ်ယွီ၏ မိထွေးဖြစ်သူ ရှုဝေသည် ကြယ်ပွင့်လေးတစ်ပွင့်ဖြစ်သည်။ ဝမ်ယွီ၏ မိခင်သေဆုံးပြီးနောက် ဝမ်ကျင်စန်းသည် ရှုဝေ နှင့် လက်ထပ်ခဲ့သည်။ ထို့အပြင် ဝမ်ကျင်စန်းသည် ဝမ်ယွီအပေါ်တွင် မည်သည့်ခံစားချက်မျှ ရှိမနေပေ။


ဝမ်ယွီ ဘဝ မည်သို့ဖြစ်နေမည်ကို စိတ်ကူး၍ပင် ရနိုင်လေသည်။


သူသည် ဝမ်ကျင်စန်းနှင့် ရှုဝေကြားမှ မှားယွင်းသော တွယ်ဆက်မှုတစ်ခုသာဖြစ်ခဲ့သည်။ အမှားများအားလုံးသည် ဝမ်ယွီ လုပ်ခဲ့သည်ဖြစ်ပြီး မှန်သောအရာများအားလုံးသည် ဝမ်ရိရန်၏ လုပ်ဆောင်ချက်များသာ ဖြစ်ခဲ့သည်။ သူသည် ချမ်းသာသော မိသားစုမှ မွေးဖွားခဲ့သော်လည်း ဗိုက်ဟောင်းလောင်းဖြင့်သာ ကျောင်းသို့ သွားရသည်။ ထို့အပြင့် ဝမ်ရိရန် ရှေ့တွင် သေမတတ်အရိုက်ခံရလေ့ ရှိသည်။


ထိုအဖြစ်အပျက်ကို သိသည့် ချီကျန်းကျန်းတစ်ယောက် ဒေါသထွက်လာသည်။


ဒါဘယ်လိုငရဲလဲ …


ချီကျန်းကျန်းသည် သတိမထားမိပဲ ဝတ္ထုထဲတွင် လုံးဝနစ်မြောနေသည်။ ဝမ်ယွီ တုန့်ပြန်ပြီးသည့်နောက် ဝမ်ကျင်စန်း တစ်ယောက် သဘောတူကြောင်း ခံစားလိုက်မိသည်။


ထို့ကြောင့် ဝမ်နှင့်ချီ နှစ်အိမ်လုံးသည် ပျော်ရွှင်စွာဖြင့် အခန်းထဲမှ ထွက်ခွာသွားကြသည်။


အခန်းထဲတွင် ဝမ်ရိရန်နှင့် ဝမ်ယွီသာ ကျန်ရစ်ခဲ့သည်။


ဝမ်ရိရန် ဝမ်ယွီကိုကြည်ပြီး ရှင်းမပြနိုင်သည့် လေသံဖြင့် ‘’ အကို… ချီကျန်းကျန်းက သတိမေ့နေပြီး သုံးမရတဲ့ ဟင်းသီးဟင်းရွက် ဖြစ်နေပြီ.. အကိုသာ သူ့ကိုလက်ထက်မယ်ဆိုရင် အဲ့ဒါက မှားနေတယ်လို့ ကျွန်တော် ထင်တယ်’’


သူ၏လေသံမှာ ကိုယ်ချင်းစာသကဲ့သို့ ဖြစ်နေသည်။


ဝမ်ယွီ ဘာမှ ပြန်မပြောပေ။ သူ မျက်ခွံကိုဖွင့်လိုက်ရင်း ခပ်မှုန်မှုန် အကြည့်တစ်ချက်ဖြင့် ဝမ်ရိရန်ကို ကြည့်လိုက်သည်။


ထိုအကြည့်မှာ ပုရွက်ဆိတ်တကောင်အား ကြည့်လိုက်သကဲ့သို့ ခံစားချက်မပါသည့် တစိမ်းတစ်ယောက်ကို ကြည့်လိုက်သည့် အကြည့်တစ်ချက်ပင်ဖြစ်သည်။ 


ဝမ်ရိရန် ဒေါသထွက်သွားသည်။


ဝမ်ယွီဆိုသည်မှာ ဘာဆိုဘာမှ မရှိသည့် သူတစ်ယောက်သာသာဖြစ်သည်။ အဖေမရှိ… အမေမရှိ… ကုမ္ပဏီမရှိ… မိသားစုပိုင်ဆိုင်မှုမရှိ..သည့် သူတစ်ယောက်ဖြစ်သည်။ ထိုကဲ့သို့သောလူက ဘာကြောင့် သူ့အား ဒီလိုမျိုးကြည့်နေရသနည်း…


ထိုအရာသည် ဝမ်ရိရန် အမုန်းဆုံးအရာဖြစ်သည်။


‘’ဟမ့်… ဝမ်ယွီ… မင်းရဲ့ စေ့စပ်ထားတဲ့သူနဲ့သာ နေခဲ့လိုက်တော့… သူမ အစောကြီးသေမသွားဖို့ ငါမျှော်လင့်ပါတယ်’’ မင်းဘဝမှာ ဒီလိုအသီးအရွက် စေ့စပ်ထားတဲ့သူရှိတာ အကောင်းဆုံးပဲ…


ပြောပြီးနောက် ဝမ်ရိရန်တစ်ယောက် နှုတ်ခမ်းတွင်အပြုံးတစ်ခု ချိတ်ဆွဲကာ အခန်းထဲမှ အောင်မြင်စွာဖြင့်ထွက်ခွာသွားသည်။


သိပ်မကြာခင် အခန်းထဲတွင် ဝမ်ယွီနှင့် အိပ်ယာပေါ်တွင် လှဲလျောင်းလျက်ရှိသော ချီကျန်းကျန်းသာ ကျန်ခဲ့တော့သည်။


သူ့တွင် မပျော်ရွှင်မှု မရှိသလို ဝမ်ရိရန်အပေါ်တွင်လည်း စိတ်ဆိုးသည့်ပုံ မပေါ်ပေ။  သူ၏မျက်ဝန်းထဲတွင်လည်း မည်သည့်ခံစားချက်မျှ ဖြစ်ပေါ်မနေသလို အိပ်ယာပေါ်တွင်လှဲနေသည့် ချီကျန်းကျန်းအား မမြင်သလိုလှည့်ကြည့်လိုက်သည်။


ထိုအချိန်တွင် သူ့ ဖုန်း ရုတ်တရက်မြည်လာသည်။


ဝမ်ယွီ ဖုန်းကိုင်လိုက်သည်။ 


တဖက်မှ အမျိုးသား၏အသံမှာ သူ့အပေါ်တွင် လေးစားသည့်အသံဖြစ်နေပြီး အလုပ်အကြောင်းကို သေသေချာချာ တင်ပြနေသည်။ 


‘’ဥက္ကဌဝမ်… မန်နေဂျာရှုက …’’


အိပ်ယာပေါ်မှ ချီကျန်းကျန်းသည် ဝတ္ထုထဲမှ ဇာတ်ကြောင်းအား တွေးလိုက်မိသည်။


အဓိကဇာတ်ဆောင် ဝမ်ယွီက အမြဲတမ်း ဖိနှိပ်ခံရမှာလား….


ဘယ်ဟုတ်မလဲ…


ဝမ်ယွီသာ ဖိနှိပ်ခံနေရမယ်ဆိုရင် ဘယ်လိုလုပ်ပြီး အဓိကဇာတ်ကောင် ဖြစ်နေတော့မှာလဲ… 


ဝမ်ယွီ သည် အိုင်ကျူအလွန်မြင့်ပြီး စီးပွားရေးအမြင်ရှိသောကြောင့် ဝမ်မိသားစုအကြောင်း ဂရုမစိုက်ပေ။ ရှုဝေသည် ဝမ်ယုအတွက် ပေးရမည့်နေထိုင်စရိတ်နှင့် ကျူရှင်ခများကို အမြဲမေ့နေလေ့ရှိသည်။ ထို့ကြောင့် ဝမ်ယွီ အထက်တန်းကျောင်းသားဘဝ ကတည်းကပင် လမ်းကြောင်းအမျိုးမျိုးမှ ဝင်ငွေရအောင် ကြိုးစားရှာခဲ့ရသည်။


တက္ကသိုလ်ရောက်သောအချိန်တွင် သူပိုင်ပိုက်ဆံအားလုံးကို စတော့ဈေးကွက်ထဲသို့ ရင်းနှီးမြှုပ်နှံလိုက်ပြီးနောက် ငွေများမှာ နှစ်ဆအမြတ်ရရှိခဲ့သည်။ ထို့နောက် နှစ်နှစ်အတွင်း အဆတစ်ရာခန့် ကြီးထွားလာပြီး နောက်ဆုံးတွင် ကိုယ်ပိုင်လုပ်ငန်းတစ်ခု စတင်ဖို့ဆုံးဖြတ်လိုက်သည်။


သူသည် ငွေရှာဖို့နှင့် သူ့ကိုယ်ပိုင် စီးပွားရေးအင်ပါယာကြီးကို တည်ထောင်ရန် အလွန်အလုပ်များသူဖြစ်သည့်အတွက် စေ့စပ်ပွဲအကြောင်းကို ပြောရန်အတွက် အချိန်မရှိပေ။


ဝမ်မိသားစုကလည်း သူ့ကို လုံးဝလစ်လျူရှုထားပြီး တခြားချမ်းသာသည့်မိသားစုများမှလည်း သူ့ကို လေလိုပင်သဘောထားကြသည်။ မည်သူမျှ သူ့အားတန်ဖိုးမထားကြသလို လျစ်လျူရှုခြင်းခံရသည် သူ့ထံတွင် များပြားလှသည့် အောင်မြင်မှုများရှိသည်ကိုလဲ မသိကြပေ။


တက္ကသိုလ်မှ ဝမ်ယွီဘွဲ့ရပြီးနောက် ဝမ်ကျင်စန်းသည် ဝမ်ရိရန်အား ဝမ်မိသားစု၏ တရားဝင်အမွေဆက်ခံသူအဖြစ် လူသိရှင်ကြားကြေညာခဲ့ပြီး ဝမ်ယွီအား တစ်ပြားတစ်ချပ်မှပင် မပေးခဲ့ပေ။


ဝမ်ယွီ ကိုယ်တိုင်ကလည်း ထိုအကြောင်းကို သူ့ဘက်မှအစပျိုးခဲ့ခြင်းမရှိပေ။ ထို့အစား သူ၏ စီးပွားရေးအင်ပါယာကို ချဲ့ထွင်ရန်အတွက်သာ အပြည့်အဝ အာရုံစိုက်ခဲ့သည်။ 


ဝမ်ယွီ သည် လွန်ခဲ့သော ၃ နှစ်ကဘွဲ့ရခဲ့ပြီး ယခုအချိန်တွင် အသက် ၂၆ နှစ်ရှိပြီဖြစ်သည်။ ထို့အပြင့် သူသည် ဝမ်နှင့်ချီ  စီစဉ်မှုကြောင့် ချီမိသားစု၏ ကိုမာဖြစ်နေသော သခင်မလေး ချီကျန်းကျန်း၏ စေ့စပ်သူဖြစ်လာသည်။