Part 4
ဝမ်ယွီ သည် ရုတ်တရက်ပင် သူတို့အမြင်တွင် ဟာသတစ်ခု ဖြစ်လာသည်။
သို့သော်လည်း သူထိုအရာများကို ဂရုမစိုက်ခဲ့ပေ။
အိမ်မှ စောစောထွက်ပြီး နောက်ကျမှ ပြန်လာတတ်ကာ တခြားသူများ သူ့အပေါ် လှောင်ပြောင်နေသည်ကို ခွင့်ပြုထားလေသည်။ ထို့နောက် သူ့ထောင်ချောက်အတွင်းကျဆင်းသွားသည့် ချီနှင့်ဝမ် မိသားစုနှစ်စုကို မပြောင်းလဲသည့် မျက်နှာထား လှောင်ပြောင်သည့်အကြည့်တို့ဖြင့် ကြည့်ကာ လျစ်လျူရှုထားခဲ့သည်။
တစ်နှစ်အတွင်းမှာပင် သူတို့ကိုယ်သူတို့ ဂုဏ်ယူနေခဲ့သော ချီနှင့်ဝမ်မိသားစုသည် ဝမ်ယု၏ လက်တစ်ချက်ဝှေ့လိုက်ယုံနှင့်ပင် ပျက်စီးသွားလေသည်။
ချီကျန်းကျန်း ‘ ဒီ အဓိကဇာတ်လိုက်က အရမ်းမိုက်တာပဲ…’
(သူပါ ရောသေမှာကို မေ့ပြီး အားပေးနေသော ချိမ)
အားပါးတရကြွေးကြော်ပြီးနောက် ဒီစာအုပ်သည် မည်သည့်အချစ်ဇာတ်ကွက်မျှ မပါသည်ကို သူမ သတိရသွားမိသည်။
ချီကျန်းကျန်း အေးခဲသွားသည်။
တွဲဖက်မပါဘူး… ဒါဆို အမျိုးသမီးဇာတ်လိုက်မလဲ မရှိဘူးပေါ့….
ဒါဆို အခု သူမက သူ့ရဲ့ စေ့စပ်ထားသူလေ…
သူမ ဂရုတစိုက်ဖြင့် မူလပိုင်ရှင်၏ ဖော်ပြချက်ကို ကြည့်လိုက်မိသည်။ ထိုအရာကို စာကြောင်း နှစ်ကြောင်းဖြင့်သာ ဖော်ပြထားလေသည်။
ပထမ စာကြောင်းမှာ [ မစ်ချီသည် အိပ်ယာပေါ်တွင် တိတ်ဆိတ်စွာဖြင့် လှဲလျောင်းနေပြီး ဝမ်ယွီ သည် သူမအား သေလူတစ်ယောက်ကဲ့သို့ အေးစက်စွာဖြင့် စိုက်ကြည့်နေသည် ]
ဒုတိယ စာကြောင်းမှာ [ ချီမိသားစု ဒေဝါလီခံပြီးနောက် သူမအတွက် ဆေးရုံစာရိတ်မပေးနိုင်သောကြောင့် မကြာခင်မှာပင် သူမလည်း သေဆုံးသွားလေသည်။ ထိုသတင်းအားကြားပြီးနောက် ဝမ်ယွီ သည် နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး ထိုအရာအားစိတ်ထဲမှ ထုတ်လိုက်လေသည် ]
ချီကျန်းကျန်း ‘ !!! ‘
ထိုအရာအား အတည်ပြုရန် သူမ စိတ်တွင်းမှ ထပ်ခါထပ်ခါ သေချာအောင်ပြုလုပ်နေမိသည်။
အဲ့မှာ လုံးဝကို စာကြောင်းနှစ်ကြောင်းတည်းနဲ့ ဖော်ပြထားတာပဲ… သူမတွေ့လိုက်သည့်စာလုံးမှာ ‘’ သေ ‘’ တစ်လုံးတည်းသာဖြစ်သည်။ ဒါက သူမရဲ့ အဆုံးသတ်ပဲ….
ထို့ကြောင့် တစ်နှစ်အကြာတွင် ချီမိသားစုသည် ဒေဝါလီခံရမည်ဖြစ်သည့် ချီကျန်းကျန်းသည်လည်း သေဆုံးမည်ဖြစ်သည်။
ကူးပြောင်းလာပြီးနောက် သူမ၏အဆုံးသတ်က သေဆုံးခြင်းပင်… ဒီလိုမျိုး တစ်နှစ်ပတ်လုံး အိပ်ယာပေါ်မှာ အသုံးမကျတဲ့ အသီးအရွက်လို နေရပြီးမှ ဒီလိုအခြေအနေနဲ့ အဆုံးသတ်ရမယ်တဲ့လား…
ဘယ်လိုစာအုပ်မျိုးထဲကို သူမ ကူးပြောင်းလာမိတာလဲ…
စိတ်တိုလိုက်တာ….
သူမ နှလုံးသားထဲတွင် မီးဟုန်းဟုန်းတောက်လောက်နေပြီး ဖုန်းတဖက်သို့ အမိန့်ပေးနေသော ဆွဲငင်အားကောင်းသည့် ဝမ်ယု၏ အသံကို ကြားနေရသည်။
ဒါ သူမရဲ့ စေ့စပ်ထားသူပဲ… သူက လုံးဝစူပါဟီးရိုးလေ…
ဒါပေမယ့် သူမကတော့ သေတော့မလိုဖြစ်နေတယ်….
သေမည့်အကြောင်းကိုပြန်တွေးမိရင်း သူမ ကားတိုက်ခံပြီး သေဆုံးသည့်အကြောင်းကို ပြန်တွေးမိသွားသည်။
ချီကျန်းကျန်း အလွန်ထိတ်လန့်သွားပြီး သူမ မျက်လုံးကို ဖွင့်လိုက်မိသည်။
အလောင်းကောင်ကဲ့သို့ပင် ဆတ်ကနဲထထိုင်လိုက်ပြီး သူမရှေ့တွင်ရှိသော အရာအားလုံးမှာ ရှင်းလင်းသွားသည်။ သူမ မျက်လုံးကို ပြူးကျယ်အောင်ဖွင့်လိုက်ပြီး ဖုန်းပြောနေသည့် ဝမ်ယွီအပေါ်သို့ လဲကျသွားတော့သည်။
ချီကျန်းကျန်း ထိုအမျိုးသား၏ အသွင်အပြင်ကို တွေ့မြင်လိုက်ရပြီး သူမခြေထောက်များ ပျော့ခွေသွားသည်။
သူ၏ ပုံစံသည် သူ၏အသံနှင့်ထိုက်တန်နေပြီး အဓိကအမျိုးသားဇာတ်လိုက်၏ အသွင်အပြင်နှင့် ကိုက်ညီလေသည်။
ဝမ်ယွီ သည် ချီကျန်းကျန်းတွေ့မြင်ဖူးသည့် အမျိုးသားများထဲတွင် အခန့်ညားဆုံးသူဖြစ်သည်။
သူသည် ၁.၈ မီတာအရပ်ရှည်ပြီး သွယ်လျသည့်အသွင်နှင့် ပြည့်စုံသည်ခန္ဓာကိုယ်ရှိပြီး အနက်ရောင်အကျီဝတ်ဆင်ထားသည်။ သူ၏လက်ချောင်းထိပ်များသည် ဖုန်းကိုကိုင်ထားပြီး အနည်းငယ် ဂရုမစိုက်သည့် အမူအယာရှိသည်။ သူ၏ ထင်ရှားသောမျက်ခုံး, နှာတံမြင့်မြင့်, နက်နဲသည့်မျက်နှာသွင်ပြင် နှင့် သူသည် ဘုရားမှမျက်နှာသာပေးခြင်းခံထားရသော သူတစ်ဉီးဖြစ်သည်။ မျက်ဝန်းအစုံ၏အောက်ခြေမှ ထက်မြတ်မှုအပြည့်ရှိသည့်အကြည့်ကို မြင်ရသည်။
( ML ရဲ့အသွင်အပြင်ကို ဒီလောက်ပဲ ချီးမွန်းခန်းဖွင့်နိုင်ပါတယ် လိုအပ်ချက်များရှိပါက ဘာသာပြန်သူ၏ အမှားဟု ယူဆကြပါကုန်)
‘ဘုရားရေ… အဲ့ဒါက ..ေ-ာက်ရမ်းကို ကြည့်ကောင်းနေတာပဲ’
ဝမ်နဲ့ချီမိသားစု နှစ်ခုလုံးက မျက်လုံးကန်းနေကြတာလား… ဒီလိုနတ်ဘုရားမျိုးကို လျစ်လျူရှုထားရတယ်လို့….
သူမ ရုတ်တရက်နိုးလာမည်ဟု ဝမ်ယွီ လုံးဝထင်မှတ်မထားပေ။ သူ မျက်မှောင်ကြုတ်လိုက်ပြီး ဘယ်လောက်အထိ သူမကြားသွားလဲဆိုသည်ကို တွေးနေမိသည်။
သူမ၏ ထက်မြက်သည့်မျက်လုံးများက သူ့မျက်လုံးတွင်းမှ သူမအပေါ်ကြည့်သည့်အကြည့်များကို နားလည်လိုက်သည်။ သူ သူမကို သတ်ချင်နေတာလား….
ချီကျန်းကျန်း ချက်ချင်းပင် သဘောပေါက်သွားသည်။ သူ သူမကို သတ်တော့မှာလား…
သူမ အလွန်ထိတ်လန့်တုန်လှုပ်သွားသည်။ သူမဦးနှောက်က တုန်ယင်နေသည့် သူမခန္ဓာကိုယ်ထက် လျင်မြန်စွာဖြင့် တုန့်ပြန်လိုက်မိကာ မသိစိတ်မှနေ၍ ချက်ချင်းပင် ပြောလိုက်မိသည်။
‘’ယောကျာ်း…’’
အော်ခေါ်ပြီးနောက် သူမ အေးခဲသွားသည်။
ဝမ်ယွီ၏ စူးရှထက်မြက်သည့် မျက်လုံးအစုံသည် အံ့အားသင့်မှုဖြင့် ပြည့်နှက်သွားသည်။