Chapter 77
Viewers 3k


🦊Chapter 77

Arc 6 Data in Love

6.2 – ကစားသမားများက လရောင်တွင်ခိုရန် မြေပြင်ပေါ်တွင်တစ်ဦးပြီးတစ်ဦး လှဲချလဲလျောင်းနေကြသည်။




ထိုဇာတ်လမ်းတွင် အလှည့်အပြောင်း များစွာမရှိပေ။ မူရင်းအချက်အလက်များ၏ မူလဒေတာလိုင်းက မူလဇာတ်လမ်းတွင် အသိဉာဏ်နိမ့်ပါးသည်။ သူက အမှန်ပင်ဇာတ်ကောင်gongအသင်း၏ အဓိက ကစားသမားများထဲမှ တစ်ဦးဖြစ်ခဲ့သော်လည်း အများအားဖြင့် သူကတိတ်ဆိတ်ပြီး အနည်းငယ်ထိုင်းမှိုင်းနေကာ လူအနည်းငယ်ကသာ သူ့ကိုသတိထားမိသည်။ သူ့ကျွမ်းကျင်မှုက အလွန်မဆိုးကြောင်းသတိရခြင်းမှလွဲ၍ အခြားသူများက ဘာကိုမှ မှတ်မိနိုင်ခြင်းမရှိဘဲ သူဂိမ်းထဲမှပျောက်ကွယ်သွားသည့်အခါတွင်လည်း မည်သူမျှဂရုမစိုက်ကြပေ။


နောက်ဆုံးတွင် ၎င်းက ဂိမ်းတစ်ခုမျှသာဖြစ်၍ ထွက်ခွာသွားသူများနှင့် ပျောက်ကွယ်သွားသောလူ များစွာရှိသည်။ သင့်အားဂရုစိုက်သောသူ တစ်ယောက်မှမရှိလျှင် သင် ၈နှစ်၊၁၀နှစ်ကြာမျှ AFK(away from keyboard) ဖြစ်သွားလျှင်ပင် မည်သူမျှသတိထားမိကြမည်မဟုတ်ပေ။


ရွှယ်လင်က ဇာတ်လမ်းကို အကြမ်းဖျင်းနားလည်လိုက်သည်။ သူတို့ဇာတ်လမ်းက ကံကောင်းခြင်းအပေါ် အမြဲမှီခိုနေရသောကြောင့် ဤတစ်ကြိမ်တွင် ဇာတ်လိုက်များ၏ ကံကြမ္မာကိုပြောင်းလဲရန် ပိုမိုလွယ်ကူလိမ့်မည်။ နောက်ဆုံးတွင် ဂိမ်းလောက၌ စစ်မှန်သောတည်ရှိမှုများဖြစ်လာပြီး အခြေခံအားဖြင့် ထာဝရအသက်ကို ရနိုင်သည်အထိဖြစ်သည်။


အဆိုပါ ဂိမ်းဇာတ်လမ်းက အဖွင့်အခန်းနှင့် နိဒါန်းတွင် ပေါ်လာသော လူငယ်အပေါ် အခြေခံသည်။ ထိုစဉ်က လူငယ်လေးက ယခုအခါ ကုန်းမြေကြီးတစ်ဝက်ကျော်ကို အုပ်ချုပ်ခဲ့ပြီး နတ်ဘုရားနယ်မြေကို တစ်ကိုယ်တည်းဖျက်ဆီးပစ်နိုင်သည်။ သို့သော်နတ်ဘုရားများ ဒုက္ခရောက်စေရန် သူက အခြားနည်းလမ်းတစ်ခုကိုရွေးချယ်လိုက်သည်။ နတ်ဘုရားများအတွက် အလွန်အရေးကြီးသည့်နယ်မြေကိုညစ်ညမ်းစေခြင်းပင်။


ချိတ်ပိတ်ခံထားရသော နတ်ဆိုး၏အမည်မှာ ကျို့ကျိုးပြည်နယ်ရှိ ညအချိန်တွင် ငိုနေသောကလေးများကို တိတ်ဆိတ်စွာနေစေနိုင်သည့် နာမည်ဖြစ်သည်။ သူ့သိက္ခာကြောင့် နတ်ဆိုးလမ်းကြောင်းပေါ်ရှိ သူများက ကြောက်ရွံ့တုန်လှုပ်နေစဉ် ဖြောင့်မတ်သောလမ်းကြောင်းရှိလူတို့အတွက်မူ အားဖြစ်စေသည်။ သူက အမှန်တကယ်ပင် ရူးနေသောသူပင်။


ဖန်တီးထားသောနတ်ဆိုးနှင့် အရူးနတ်ဆိုးက စကားလုံးတစ်လုံးတည်းသာကွာသည်။


ကျို့ကျိုးပြည်နယ်ကြီးတစ်ခုလုံးကို တစ်ဦးတည်းလက်ဖြင့် ဖျက်ဆီးနိုင်သူတစ်ဦးနှင့် ကျိုးကြောင်းဆင်ခြင်ရန် မဖြစ်နိုင်ပေ။ နောက်ဆုံးတွင် သူ့မျက်လုံးများထဲမှ ကမ္ဘာတစ်ခုလုံးက သူပိုင်ဆိုင်သောဂိမ်းတစ်ခုဖြစ်သည်။ သူက သူလိုသလိုပင် ထိုသာမန်သတ္တဝါများကို လက်တစ်ဖက်ဖြင့်ဖျက်ဆီးနိုင်သည်။ သူက ဂိမ်း၏ အကြီးမားဆုံးဘော့စ်ဖြစ်သည့်အပြင် မည်သည့်အခြေအနေတွင်မှ အသတ်မခံရနိုင်သော ဘော့စ်ဖြစ်သည်။


ဇာတ်လိုက်က ဂိမ်း၏ ဇာတ်လမ်းနောက်သို့ လိုက်ကြည့်သောအခါ သူတို့က ဘော့စ်၏ဘဝအကြောင်းနှင့် သူ့အကြောင်းကို ပိုမိုသင်ယူသိရှိလာသည်။ သူ့အကြောင်းကိုလေ့လာနေသော အချိန်ကာလအတွင်း ဘော့စ် ဘက်တွင်ရပ်တည်ရန်နှင့် နတ်ဆိုးလမ်းကြောင်းသို့ကျရန် ရွေးချယ်မိလိမ့်မည်။ ဖြောင့်မတ်သူနှင့် နတ်ဆိုးတို့ အုပ်စုများအကြား နောက်ဆုံးတိုက်ပွဲတွင် သူတို့က ဘော့စ်ကို သတ်ရန်လာခဲ့သည့် ကစားသမားများအား ဆန့်ကျင်သူများဖြစ်လာလိမ့်မည်။ နောက်ဆုံးတွင် သူတို့က အောင်ပွဲတစ်ခုရရှိလိမ့်မည်။ ကြီးမြတ်လှသော နတ်ဆိုးဘုရင်က သူတို့အား စစ်မှန်သောနတ်ဆိုးများ ဖြစ်လာစေလိမ့်မည်။


ထို့နောက် ဇာတ်ကောင်နှစ်ဦးက ထိုကမ္ဘာက ရိုးရှင်းသောဂိမ်းတစ်ခုမျှသာမဟုတ်ကြောင်း သဘောပေါက်သွားသည်။ သူတို့ ထိုနေရာတွင် ကြာကြာနေလေလေ ကမ္ဘာကြီးနှင့် ပိုအသားကျလာလေလေဖြစ်ကာ နောက်ဆုံးတွင် စစ်မှန်သော ကမ္ဘာ့အဖွဲ့ဝင်ဖြစ်လာလေလေဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဂိမ်းပြင်ပရှိ အစစ်အမှန်ကမ္ဘာတွင် နဂါးငွေ့တန်းတစ်ခုလုံးယိုယွင်းသွားပြီး သူတို့၏ဖြစ်တည်မှု အစစ်အမှန်မရှိတော့ဘဲ ဂိမ်းသာ ကျန်ခဲ့တော့သည်။


ဂိမ်းအား မူလကတည်းက ဝင်ရောက်ထားသူတစ်ဦး အနေဖြင့် အချက်အလက်ဒေတာလိုင်းက ရွှေလက်ချောင်းကြီးဖြစ်သည်။ သို့သော် သူ့အား စောစီးစွာထုတ်ဖော်ပြထားသဖြင့် လူထိန်းချုပ်ထားသော အဓိကကွန်ပျူတာနှင့်ယှဉ်ကာ အရှုံးနှင့်ထွက်လိုက်ရသည်။


ဂိမ်း ဇာတ်လမ်းအဆုံးသတ်အရ ကစားသမားများအကြား ဂိမ်းမျှသာမဟုတ်ဘဲ အဓိကကွန်ပျူတာနှင့် ချိတ်ပိတ်ခံထားရသောနတ်ဆိုးအကြား စစ်ပွဲဖြစ်သွားသည်။ အဓိကကွန်ပျူတာက လူ့ထိန်းချုပ်မှုအောက်တွင် ဖန်တီးမှုတစ်ခုအနေဖြင့် မသေနိုင်သော စွမ်းအားကျင့်ကြံသူများ၏ ခေါင်းဆောင်ဖြစ်ကာ တံဆိပ်ခတ်ထားသောနတ်ဆိုးကိုသတ်ရန်ရည်ရွယ်ချက်ရှိသည်။ သို့သော် နတ်ဆိုးက ကိုင်တွယ်ဖြေရှင်းရန် မလွယ်ကူပေ။ ဇာတ်ကောင်နှစ်ဦးနှင့် အတူတကွ ပျော်ရွှင်စွာနေထိုင်ခဲ့ကြသော ဇာတ်လမ်းအဆုံးတွင်ပင် ချိတ်ပိတ်ခံထားရသော နတ်ဆိုးက တည်ရှိနေဆဲဖြစ်ပြီး ကောင်းစွာနေထိုင်နေဆဲပင်။


ဂိမ်း၏အဓိကဇာတ်လမ်းကို အပြီးသတ်လုပ်ရသည်။ သို့သော် ဇာတ်လိုက်တစ်ဦးတည်းက မလုပ်နိုင်ပေ။


ရွှယ်လင့်နားလည်မှုကို အခြေခံကြည့်သည့်အခါ၎င်းက ချစ်ခြင်းမေတ္တာဇာတ်လမ်းဖြစ်နေခဲ့ကာ ဂိမ်း၏ဇာတ်လမ်းက အဓိက မဟုတ်နေပေ။အကယ်၍ ထိုသို့ဖြစ်ခဲ့လျှင် ရွှယ်လင်က သူတို့နှစ်ဦးအား ချစ်ကျွမ်းဝင်ခြင်း မရှိစေရန်၊ စစ်ပွဲကိုလည်း အနိုင်မရစေရန်နှင့် နတ်ဆိုးများအဖြစ်သို့ မပြောင်းလဲစေရန် တားဆီးဖို့ရန် လိုသည်။


မှန်ပေသည်။ နတ်ဆိုးဖြစ်လာရန် လမ်းကြောင်းကိုကျင့်ကြံခြင်းနှင့် နတ်ဆိုးဖြစ်လာခြင်းက ကွဲပြားသောအယူအဆနှစ်ခုဖြစ်သည်။ ထာဝရရှင်သန်ခြင်းလမ်းကြောင်းကို ကျင့်ကြံခြင်းနှင့် ထာဝရရှင်သန်နိုင်သူဖြစ်လာခြင်းဟူ၍ ကွဲပြားသလိုပင်ဖြစ်သည်။


ယခု သူက ခန့်မှန်းခြေအစီအစဉ်တစ်ခုရှိကာ စောင့်ဆိုင်းရန်သာ ကျန်တော့သည်။


ရွှယ်လင်က ဂိမ်း စတင်ကတည်းက ဝင်ရောက်ကစားခဲ့သည်။ သူက ဒေတာလိုင်းတစ်ခုအနေဖြင့် အသက်မရှင်ခဲ့သော်လည်း အနည်းဆုံးသူ့တွင် ခန္ဓာကိုယ်ရှိသဖြင့် သူက ဇီဇာကြောင်ခြင်းမရှိခဲ့ပေ။ ဒေတာများ လုပ်နိုင်သည့် မည်သည့်အရာမဆို စနစ်ကလည်းလုပ်နိုင်ပြီး သူက ပိုမိုလျှို့ဝှက်စွာပင် ပြုလုပ်နိုင်သေးသည်။ ကမ္ဘာ့ဆန္ဒနှင့်ဆက်စပ်နေသောကြောင့် အဓိကကွန်ပျူတာကို မဆန့်ကျင်ခြင်းက ပိုကောင်းသော်လည်း စနစ်က ရွှယ်လင် ကိုအသေးစားပြုပြင်မှုများ ပြုလုပ်ရန် ကူညီပေးနိုင်သေးသည်။


စနစ်က သူ့အရှင် မည်မျှသတ္တိပြောင်သည်ကိုယုံကြည်သည်။ ဇာတ်လိုက်Gongအား ကစားသမားအဆင့်သတ်မှတ်ချက်မှ သူ့သဘောနှင့် ထုတ်လိုက်ခြင်းနှင့် ပတ်သတ်၍ ပြဿနာမရှိလောက်ပေ။


သူ့ကိုယ်ရေး အချက်အလက်နှင့်ပတ်သက်၍ မည်သည့်ပြဿနာမျှ ရှိလိမ့်မည် မဟုတ်ဟု သေချာစေရန်အလို့ငှာ ရွှယ်လင်လည်း သင့်လျော်သောလုပ်ငန်းစဉ်ကို လိုက်နာကာ စနစ်၏ လမ်းညွှန်မှုနှင့်အတူ အကောင့်တစ်ခုဖန်တီး မှတ်ပုံတင်လိုက်သည်။ သူက ခမ်းနားထည်ဝါသော အဖွင့်မြင်ကွင်းကို ကျော်ဖြတ်ခဲ့ပြီး သူ့ဇာတ်ကောင်ကို တန်း၍ဖန်တီးလိုက်သည်။


အစကတည်းကပင် နတ်ဆိုးအားချိတ်ပိတ်ခြင်း ဂိမ်းထဲမှ မျိုးနွယ်တွင် ရွေးချယ်စရာ ၂မျိုးသာရှိသည်။ ၎င်းက လူသားမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်တို့ ဖြစ်သည်။ မျိုးနွယ်တစ်ခုစီတွင် မတူညီသော အတတ်ပညာအလုပ်များရှိပြီး မတူသောအုပ်စုများကိုရွေးချယ်နိုင်သည်။ နောက်ပိုင်း ဂိမ်းထဲတွင် အထူးပြု အတတ်ပညာရပ်များရရှိရန် အခွင့်အလမ်းများရှိသေးသည်။


လူသားမျိုးနွယ်က ကျင့်စဉ်များအတွက် အသင့်တော်ဆုံးဖြစ်သည်။ သူတို့က လိမ္မာပါးနပ်ကာ ကျွမ်းကျင်ကြပြီး အရာရာအပေါ် သူတို့ကိုယ်ပိုင်ထင်မြင်ချက်များ ရှိသည်။ မသေနိုင်သော ထာဝရရှင်သန်သူများအကြား အပြန်အလှန်တိုက်ပွဲကပင် သူတို့အား ပျောက်ကွယ်စေနိုင်ခြင်းမရှိဘဲ သူတို့က အကြမ်းခံကြောင်းပြသနေသည်။ နတ်ဆိုးမျိုးနွယ်ကမူ ကွဲပြားသည်။ သူတို့ ဇာတ်ကောင်ရွေးချယ်မှုတွင် ကံအချို့ လိုအပ်သည်။ အကယ်၍ ဝံပုလွေ သို့မဟုတ် ကျားမျိုးနွယ်ကဲ့သို့ အစွမ်းထက်သောမျိုးနွယ်စုမှ နတ်ဆိုးတစ်ဦးဖြစ်လျှင် အနာဂတ်တွင် ကစားရန်ပိုမိုလွယ်ကူလိမ့်မည်။ သို့သော် တခြားမျိုးနွယ်များ အတွက်မူ မတူညီလောက်ပေ။


နတ်ဆိုးနှင့် လူသားမျိုးနွယ်နှစ်ခုလုံးမှာ ဖြောင့်မတ်သည့်လမ်းကြောင်း သို့မဟုတ် နတ်ဆိုးလမ်းကြောင်းကို ရွေးချယ်နိုင်သည်။ သူက ဂိမ်းတွင်ရရှိနိုင်သည့် အုပ်စုနှစ်စုသာ ဖြစ်ကောင်းဖြစ်နိုင်သည်။ ဂိမ်းအစတွင် အုပ်စုနှစ်ခုအကြား သဘောထားများမှာ မထင်ရှားသော်လည်း အုပ်စုနှစ်စုအကြား ခြားနားချက်က နောက်ပိုင်းအဆင့်များတွင် အလွန်ကြီးမားလာသည်။


ရွှယ်လင်က ဇာတ်ကောင်များနှင့် သူတို့လူမျိုးများနှင့်ပတ်သက်သော သတင်းအချက်အလက်များကို သာရရှိလိုက်သည်။ ကမ္ဘာ့ဆန္ဒအရ မည်သည့်ကွဲလွဲချက်ကိုမှ မရိပ်မိစေကြောင်း သေချာစေရန် သူက ဒေတာလိုင်း၏ မူလရွေးချယ်မှုနောက်လိုက်၍ နတ်ဆိုးမျိုးနွယ်ကိုရွေးချယ်လိုက်သည်။ ထို့နောက်သူက ထိုအကြောင်းကိုစဉ်းစားကာ ဂိမ်းကို လက်ခံခြင်းနှင့် ၀င်ရောက်ခြင်းမပြုမီ မိမိကိုယ်ကို အံ့အားသင့်စရာမကောင်းဘဲ ကြည့်ပျော်ရှုပျော်ခန့်သာဖြစ်စေရန် သူ့အသွင်အပြင်ကို အနည်းငယ် အဆင့်ချလိုက်သည်။


တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သောလူများက ဂိမ်းအဝင် လက်ခံရေးပလက်ဖောင်းမှတစ်ဆင့် ဂိမ်းအတွက်မှတ်ပုံတင်နေကြသည်။ နည်းပညာက အင်အားကြီးမားသောကြောင့် သောင်းနှင့်ချီသောကစားသမားများက တူညီသောဆာဗာထဲသို့ ၀င်ရောက်သည့်တိုင် ဆာဗာက ရပ်တန့်သွားရခြင်းမျိုးမရှိဘဲ မှော်ဆန်ဆန်ပင် အရာအားလုံး ပုံမှန်လည်ပတ်နေဆဲဖြစ်သည်။

မှန်သည်။ ထိုဂိမ်းဒီဇိုင်းက အလွန်ထူးဆန်းသည်။ သတ်မှတ်ထားသော နယ်မြေဆိုင်ရာ နယ်နိမိတ်မျိုး မရှိပေ။ လူတစ်ဦးက စစ်မှန်သောလက်တွေ့ဘ၀ မည်သည့်နေရာတွင်ရှိနေစေကာမူ သူတို့အားလုံးက ကျို့ကျိုးပြည်နယ်တွင်ဆင်းသက်ကြလိမ့်မည်။ ကျို့ကျိုးပြည်နယ်ကြီးအား နယ်မြေကိုးခုခွဲထားကြပြီး လူသားနှင့်နတ်ဆိုးခေါင်းဆောင်နှစ်ဦးစလုံး အတူတကွအုပ်ချုပ်ကြသည်။ ဇာတ်လိုက်တစ်ဦးချင်းစီ၏မွေးရပ်မြေမှာ ကျပန်းဖြစ်ကြကာ ကစားသမားများအနေဖြင့် သူတို့လိုချင်သည့်အချိန်မရွေး မည်သည့်နေရာမဆိုသွားရန် သွားလာရလွယ်ကူသော နယ်မြေကိုးခုအကြားဆက်သွယ်ရေး အစီအစဉ်များစွာလည်းရှိသည်။


သို့သော် အမှန်တကယ်မှာ ထိုမြေပုံများတွင် ကျို့ကျိုးပြည်နယ်ကြီးတစ်ခုလုံး မပါဝင်ပေ။ ကျို့ကျိုးအား မျက်နှာပြင် သုံးခုခွဲထားသည်။ သူတို့အထက်တွင် မြင့်မြတ်သော နတ်ဘုရားလောကရှိသည်။ အောက်တွင်မူ နတ်ဆိုးလောကအပြင် လျှို့ဝှက်လျှို့ဝှက်ဆန်းကြယ်သော နတ်ဆိုးလောကများလည်းရှိသည်။


ကမ္ဘာပေါ်တွင် စစ်မှန်သောနတ်ဆိုးမျိုးနွယ်မရှိသေးသောကြောင့် နတ်ဆိုးဘုရင် ချိတ်ပိတ်ထားသော နတ်ဘုရားများကို သဂြိုဟ်ထားသော အသူရာချောက်အား နတ်ဆိုးများနယ်မြေဟု လူသိများသည်။ ယခုတွင် နတ်ဆိုးဘုရင်ကြီးမှလွဲ၍ မည်သူတစ်ဦး တစ်ယောက်မျှ ပါ၀င်ပတ်သက်ခြင်းမရှိပေ။


နောက်ဆုံးတွင် သူက နတ်ဆိုးများအားချိတ်ပိတ်ခြင်းဂိမ်းတွင် ချိတ်ပိတ်ခြင်းခံထားရသော နတ်ဆိုး ဖြစ်နေသည်။ ဘော့စ်က ထိုနည်းအတိုင်းလိုချင်ပုံရသည်။ ဘော့စ်က အလွန်တဇွတ်ထိုးနိုင်ကာ မည်သူကိုမျှ လေးစားမှုမရှိဟုထင်ရသည်။


ရွှယ်လင်က ဂိမ်းထဲသို့ ၀င်ရောက်ရောက်ခြင်း မြင်ကွင်းမှပေါ်ထွက်လာပြီး သူရှေ့မှ မြင်ကွင်းကိုကြည့်ရှုလိုက်သည်။


သူက လက်ရှိတွင် ထူထပ်သောသစ်တောထဲတွင်ရှိနေသည်။ ရွှယ်လင်က နေရာအကန့်အသတ်ရှိသော သစ်ပင်ငယ်လေး၏ လိုဏ်ခေါင်းတွင်းတစ်ခုတွင် ပေါ်လာသည်။ ဝင်ပေါက်မှ လိုဏ်ခေါင်းထိ ထူထဲသောမြက်များပေါက်နေကာ သူ့မြင်ကွင်းကိုပိတ်ဆို့ထားသကဲ့သို့ အခြားသူများလှမ်းကြည့်လျှင် မမြင်ရအောင်လည်း ကာကွယ်ထားသည်။ 


ရွှယ်လင် အနည်းငယ်ရွှေ့လိုက်သည်။ သူ့ခြေသည်းများမှာ သေးငယ်ပြီး အမြီးတစ်ချောင်းသာရှိကာ သူ့နားရွက်များမှာထူးဆန်းနေသည်။ သူက ထူးဆန်းသောအခြေအနေမျိုးကိုရောက်သွားပုံရသည်။ မူလ ဒေတာလိုင်း၏ရွေးချယ်ထားသောပြိုင်ပွဲအကြောင်းကို စဉ်းစားကာ ရွှယ်လင်က ဇာတ်ကောင်အချင်းချင်း ဆက်သွယ်သည့်စနစ်ကို ကိုဖွင့်လိုက်သည်။


သူ့ခြေသည်းလေးက ပုံစံပြောင်းသွားပြီး သူ့ရှေ့တွင် ဝင်ပေါက်တံခါးပုံစံ တစ်ခုပေါ်လာသည်။ ဇာတ်ကောင်ပုံရိပ်ဖြစ်သင့်သည့်နေရာတွင် အလွန်သေးငယ်နူးညံ့သော အဖြူရောင်သားမွေးလုံး ဖြစ်သည်။ အဆိုပါ ဝင်ပေါက်ပုံစံတံခါးက သူဂိမ်းထဲသို့ဝင်လာစဉ်က ပုံစံနှင့် များစွာကွဲပြားခြင်းမျိုး မရှိပေ။ သူ့အရည်အချင်း အခြေအနေမှာ ပြည့်စုံပြီးအခြားအစွမ်းထက်သော အခြေအနေများမှာလည်း မပြောင်းလဲသွားပေ။ ထိုအစား သူ့ပြိုင်ပွဲအောက်တွင်ရေးသားထားသောစကားလုံးများက ရွှယ်လင့်မျက်ခုံးများကို တွန့်စေသည်။


" အမြီးကိုးချောင်း မြေခွေး….မြေခွေးမျိုးနွယ်စုမှာ အမြီးကိုးချောင်းရှိတဲ့ မြေခွေးမျိုးလည်းရှိတယ်ပေါ့…"  


စနစ်က သူ့ရှေ့တွင်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် သူက သူ့အရှင်ကဲ့သို့ အရွယ်အစားကြီးမားနေကာ ၀မ်းသာအားရ မဖြစ်ဘဲ မနေနိုင်ပေ။


" ကျွန်တော်ဘာမှ အပြောင်းအလဲမပြုလုပ်ခဲ့ဘူး…အဲ့ဒါ အဓိကကွန်ပျူတာက hostအတွက် အလိုအလျောက်သတ်မှတ်ထားတာ ဖြစ်မှာပေါ့... Hostရဲ့မူလဒေတာက အရမ်းဆွဲဆောင်မှုရှိနေတာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်တာပဲ…. Hostရဲ့ပုံစံကို အဆင့်လျှော့ချလည်း ဂိမ်းထဲမှာ hostလိုမျိုး ဒုတိယမျက်နှာရှိမှာမဟုတ်ဘူး… မြေခွေးဖြစ်တာက ကောင်းတာပဲမဟုတ်လား... "


မျိုးနွယ်နှင့်မျိုးနွယ်စုက ကျင့်ကြံခြင်းအမျိုးအစားအားလုံးအပေါ် သက်ရောက်မှုရှိသော်လည်း ရွှယ်လင်က သူ့နောက်ဆုံးအစီအစဉ်မှာ မူလရည်ရွယ်ချက်များအတိုင်းဖြစ်လာမည်လား မပြောနိုင်နေပေ။ အဓိကကွန်ပျူတာ၏ အာရုံစူးစိုက်မှုကို ဆွဲဆောင်နိုင်သည့်အရာများကို လျော့နည်းစွာလုပ်ဆောင်ခြင်းက ပိုမိုလုံခြုံသောကြောင့် ယခုသူ့မျိုးနွယ်ကိုပြောင်းလဲပစ်ရန် ရမှာ နောက်ကျနေပြီဖြစ်သည်။


ရွှယ်လင်က အဝင်တံခါးပုံစံလမ်းကြောင်းကို ပိတ်ထားလိုက်ကာ သူ့စိတ်အနေအထားကို လက်ရှိအခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် ပြုပြင်လိုက်သည်။ မြက်များကိုဆွဲနှုတ်ကာ သူ့သစ်ပင်လိုဏ်ခေါင်းတွင်းမှ ပေါ်ထွက်လာပြန်သည်။


သူထွက်လာပြီးနောက် လိုဏ်ခေါင်းတွင်းဘေးတွင် ဝပ်နေသော မြေခွေးတစ်ကောင်နှင့်တွေ့သည်။ နောက်ဆုံးတွင် သူထွက်လာသည်ကို ထိုမြေခွေးကမြင်သောအခါ ဦးခေါင်းကို ညွှတ်ပြီးပြောသည်။

" သခင်…နောက်ဆုံးတော့ နိုးထလာခဲ့ပြီပဲ..." 


ရွှယ်လင်က ခဏမျှစဉ်းစားပြီးနောက် တည့်တည့်ထိုင်ကာ ဂုဏ်ယူစွာ ခေါင်းညိတ်ပြသည်။

သူက စကားမပြောပေ။ သို့သော် NPC(ထိန်းချုပ်ထားသောကစားသမား မရှိသည့် non-player character)က ဆက်လုပ်နေသည်။


 "သခင် နိုးလာဖို့ကို ကျွန်တော်တို့က နှစ်ပေါင်းများစွာစောင့်နေတာ… သခင့်ခေါင်းဆောင်မှုကြောင့် လေးနှစ်အတွင်း စစ်ပွဲနှစ်ခုအပြီးမှာတောင် အားအင်မကုန်ခန်းနိုင်သေးတဲ့ လူသားမျိုးနွယ်ထက် နတ်ဆိုးမျိုးနွယ်က ပိုသာတော့မယ်… "


ရွှယ်လင်က ယခုအချိန်တွင် သားမွေးလုံးငယ်မျှသာသာပင်။ အနီရောင်မြေခွေးက ထိုသို့ချစ်စရာကောင်းသောမျက်နှာလေးကိုကြည့်ပြိီး ထိုနတ်ဆိုးမျိုးနွယ်အား ပြန်လည်ထကြွစေခြင်းကိစ္စမျိုးအား မည်သို့ပြောရက်နိုင်ကြောင်း မသိရပေ။


မြေခွေးနီက ရွာအကြီးအကဲဖြစ်သည်။ သူက စကားများစွာ မပြောပေ။ ရွှယ်လင်က ထိုနေရာတွင် မွေးဖွားခဲ့သော အခြားနတ်ဆိုးများအား သူ့ကဲ့သို့ မစ်ရှင်၏ မဟာအဆင့်အဖြစ် ပေးအပ်ခြင်းကို နားမလည်သေးပေ။ သူ့ပထမဆုံး ရှာပုံတော်ဖွင့်မှုအား လက်ခံရရှိပြီးနောက် သူက ရှေ့သို့ ခြေလှမ်းခပ်ကျဲကျဲဖြင့်သွားကာ သူ့ခြေထောက်ပုတိုတိုလေးများဖြင့် ထွက်သွားတော့သည်။


စနစ်က သူ့နောက်ကွယ်တွင် ရှိနေဆဲဖြစ်သည်။ အမြဲတမ်း မည်သူမှ စနစ်အား မြင်နိုင်မည်မဟုတ်ပေ။ သို့သော် သူက ရွှယ်လင့်ကိုထိနိုင်ကာ ကြည့်ရှုစောင့်ရှောက်နိုင်သည်။


"ကျွန်တော် အခုပဲ အဓိကကွန်ပျူတာရဲ့ ဒေတာဘေ့စ်ထဲ ၀ င်ပြီး အရှင့်ရဲ့မျိုးနွယ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုတွေ့ပြီ… "


" အိုး... ဘယ်လိုမျိုးလဲ…"


"အမြီးကိုးချောင်းရှိတဲ့ မြေခွေးက ကမ္ဘာမှာမွေးဖွားလာတဲ့အခါ ကမ္ဘာကြီးက မလွှဲမရှောင်နိုင်ဘဲ ဖရိုဖရဲဖြစ်လာမှာတဲ့…" 


စနစ်က ထိုစကားများကို ရယ်သည်။

" ဆက်စပ်မှတ်တမ်းတွေ အများကြီးတော့မရှိဘူး…ဒေတာဘေ့စ်ထဲမှာရှာတွေ့နိုင်အားလုံး ဒီမျိုးနွယ်စုနဲ့ အနွယ်ဖွားတွေရဲ့နိဒါန်တွေချည်း…အဓိကကွန်ပျူတာက သိသွားမှာစိုးလို့ နှိုက်နှိုက်ချွတ်ချွတ် မရှာတော့ဘူး… "


ရွှယ်လင်က သူမြေခွေးဖြစ်လာသည် ဟူသောအချက်ကိုအပြည့်အဝလက်ခံသည်။ တစ်နေ့တာကုန်ဆုံးချိန်တွင် ထိုသည်မှာ သူ့ဇာစ်မြစ်လည်းဖြစ်နေသောကြောင့် သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ရန် အချိန်များစွာ မလိုပေ။ သူ့ တာဝန်များလုပ်ရန်အတွက် အလွန်ရိုးရှင်းသည်။ သူ့၏ မြင့်မြတ်သော အဆင့်အတန်းကြောင့် ကျေးရွာအကြီးအကဲက သူ့အား အတော်ခက်ခဲအလုပ်များကို ပေးရုံသာမက ထိုတာဝန်များကလည်း အတွေ့အကြုံများစွာပေးသည်။ ရက်တစ်ဝက်အတွင်း သူက အဆင့်သုံးဆင့်အထိ ရာထူးတိုးမြှင့်ခံရသည်။ သူ့အဆင့်မှာ အလွန်မြင့်မားသည် မဟုတ်သော်လည်း အတွေ့အကြုံမရှိသေးသော ရွာရှိ လူသစ်ကစားသမားအများစုမှာ ယခုအချိန်တွင် ခြေထောက်လေးချောင်းဖြင့် လမ်းလျှောက်ရန် ကြိုးစားနေစဉ် အကြိမ်ကြိမ်လဲကျနေဆဲဖြစ်သည်။ တာဝန်တစ်ခုကိုပင် လက်ခံရရှိခြင်းမရှိပေ။ သူတို့ အနှုတ်လက္ခဏာအဆင့်သို့ မကျဆင်းသေးသည်ဆိုလျှင်ပင် လုံလောက်ပြီဖြစ်သည်။


ကစားသမားများက သူတို့၏ တိရိစ္ဆာန်ခန္ဓာကိုယ်အသစ်များနှင့် မည်သို့လမ်းလျှောက်ရမည်ကို လေ့လာရန် ကြိုးစားနေကြစဉ် စနစ်အား ကျိန်ဆဲခြင်းနှင့် ကျိန်ဆိုခြင်းများပြုလုပ်ကြသည်။ အတွေ့အကြုံမရှိသေးသော ကျေးရွာတစ်ရွာစီက အတွေ့အကြုံမရှိသော လူသစ်အနည်းငယ်နှင့်ပြည့်နေသည်။ အချို့မှာ စကားများလွန်းသောကြောင့် သူတို့၏မိုက်ရိုင်းသော ပါးစပ်များကို ရှင်းလင်းရေးလုပ်ရန်အတွက် သင်ယူနိုင်ရန် စနစ်က အနက်ရောင်အခန်းငယ်တစ်ခုသို့ တိုက်ရိုက်ပို့ပေးသည်။


ဂိမ်းထဲတွင် အချိန်က လက်တွေ့မှ ကွဲပြားခြားနားစွာ သွားနေသည်။ လက်တွေ့မှ တစ်ရက်တာက ဂိမ်းထဲတွင် ၁၅ ရက်ကြာသည်။ ဆိုလိုသည်မှာ ဇာတ်လိုက်shou ဂိမ်းထဲသို့ ဝင်လာသည်နှင့် "နတ်ဆိုးအားချိတ်ပိတ်ခြင်း" မှာ တစ်လမျှ ဖွင့်ထားပြီးပြီဖြစ်သည်။


ကျို့ကျိုးပြည်နယ်က အလွန်စိတ်ကူးယဉ်ဆန်သည်။ နေနှင့်လက ကောင်းကင်ပေါ်တွင် တူညီသောစက်လုံးဖြစ်သည်။ တစ်နေ့တာအတွင်း စက်လုံးပေါ်မှ နေရောင်ခြည်က ကျို့ကျိုးပြည်နယ်တစ်ခုလုံးတွင် ပျံ့နှံ့သွားပြီး ထွန်းလင်းတောက်ပသည်။ ညအချိန်တွင် သူက လ အဖြစ်သို့ အလိုအလျောက်ပြောင်းလဲသွားသည်။ အသစ်စက်စက်မွေးဖွားလာသော နတ်ဆိုးများအတွက် လရောင်က အလွန်အကျိုးရှိသောကြောင့် ညအချိန်က နတ်ဆိုးမျိုးနွယ်အတွက် ကျင့်ကြံရန်အချိန်ကောင်းဖြစ်သည်။ လရောင်နှင့်ထိတွေ့မှုက သူတို့အတွေ့အကြုံကိုလည်း ပိုတိုးစေလိမ့်မည်။ လုပ်ငန်းစဉ်က အနည်းအကျဉ်းနှင့် ပုံစံမပေါ်ဖြစ်နေသော်လည်း မည်သို့ပင်ဖြစ်စေကာမူ အဆင့်မြင့်တက်နေဆဲပင်။


ကစားသမားများက လရောင်တွင်ခိုရန် မြေပြင်ပေါ်တွင်တစ်ဦးပြီးတစ်ဦး လှဲချလဲလျောင်းနေကြသည်။


ထိုအချိန်တွင် ရွှယ်လင်က သူ့ပထမဆုံးလက်နက်ဖြစ်ကာအရိုးဖြူဖြင့် ပြုလုပ်ထားသည့် လှပသောအရိုးယပ်တောင်ကို ရရှိခဲ့သည်။ ထိုအရာမှာ မှိုင်းတိုင်းတိုင်းနှင့် ကြောက်စရာမျိုး မဟုတ်သော်လည်း ပြောင်းပြန်အနေနှင့် အသေးစိတ်ကျပြီး အလင်းဖောက်ကာ တလက်လက်နှင့် တောက်ပနေသည်။ မည်သည့်အရိုးမျိုးနှင့် ပြုလုပ်ထားသည်ကို ရွှယ်လင် မသိသော်လည်း မမျှော်လင့်ဘဲအသုံးဝင်သွားသည်။


၎င်းက သူမွေးဖွားရာ ဂူတွင်းမှ ဆွဲထုတ်ယူထားသောအရာဖြစ်သည်။ လက်နက်၏ ပင်ကိုယ်အရည်အချင်းများက စိတ်ဝင်စားဖွယ်ကောင်းပြီး ပါဝင်ပစ္စည်းကိရိယာများအားလုံး၏သတင်းအချက်အလက်ကို ချပြထားသည်။ ရွှယ်လင်က အချိန်ကြာလာသည်နှင့်အမျှ ၎င်းကို ပိုမိုခိုင်မာလာမည့် ရှေးဟောင်းပစ္စည်းအမျိုးအစားတစ်ခု ဖြစ်နိုင်သည်ဟု ခန့်မှန်းလိုက်သည်။


မည်သို့ပင်ဖြစ်စေကာမူ ထိုလက်နက်က အသုံးပြုရန်လွယ်ကူသည်။ ထို့ကြောင့် သူက ထိုအရာကို ကောက်ယူသိမ်းထားလိုက်သည်။


နောက်ထပ် တာဝန်တစ်ခုပြီးသည့်နောက် ရွှယ်လင်က သူ့အနေနှင့် အတွေ့အကြုံမရှိသေးသော ရွာမှ ထွက်ခွာရန်လိုအပ်သောအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ စနစ်က မြေပြင်ပေါ် ပြန့်ကျဲနေသောအရာများအား သူ့စာရင်းထဲသို့ထည့်ပြီး ကောက်ယူစုဆောင်းနေသည်။ ရွှယ်လင်က ရွာအကြီးအကဲထံသို့သွာတွေ့ကာ သူ့ အသွင်ပြောင်းအခမ်းအနားကို ပြီးမြောက်စေရန် အဆင်သင့်ဖြစ်နေသည်။


နတ်ဆိုးများက အသွင်ပြောင်းအခမ်းအနားကို ကျင်းပရန် အတွေ့အကြုံမရှိသေးသော ရွာမှမထွက်ခွာမီ လုံလောက်သောပစ္စည်းများ စုဆောင်းရန်လိုအပ်သည်။ နောက်ဆုံးတွင် ရွှယ်လင်က ပစ္စည်းအားလုံးကိုရရှိရန် တစ်ပတ်ကြာမျှ အချိန်ယူခဲ့ပြီး လိုအပ်ချက်များကိုဖြည့်ဆည်းနိုင်သည်အထိ သူ့အဆင့်မှာလည်း မြင့်တက်သွားသည်။ သူက အနည်းငယ်ပြင်ဆင်ဖို့ရန် ပြင်ဆင်လိုက်ပြီး ဇာတ်လိုက်gongအား လိုက်ရှာရန် ထွက်သွားသည်။


သူ သေချာဂရုမစိုက်ပဲ မေ့နေတဲ့ စိတ်အပိုင်းအစတွေနဲ့ ပတ်သက်နေတဲ့ လူတစ်ယောက်အတွက်ကရော…


နယ်မြေက အလွန်ကြီးမားသောကြောင့် ရွှယ်လင်က သူ့အားနေရာတိုင်းတွင် ရှာတွေ့ရန် နည်းလမ်းမရှိကြောင်း ရှင်းပြလိုသည်။ အကယ်၍ ထိုလူ သူ့အား လာရှာရန်အတွက်ပင် စောင့်ဆိုင်းလိုက်ခြင်းက သူ့အတွက် ပိုလွယ်ကူပေမည်။



🦊🦊🦊