Chapter 76 (Arc 6)
Viewers 8k


🦊Chapter 76

Arc 6 Data in Love

6.1 – အမှန်တကယ် အမြင်အာရုံကိုဖမ်းစားသည့် အဆွေးဇာတ်လမ်းမျိုးပင်



သေခြင်းတရားများစွာကြုံတွေ့ပြီးနောက် ရွှယ်လင်က နောက်ကမ္ဘာသို့ မရောက်ရှိမီ ယခင်ကမ္ဘာမှ ကျန်ရှိနေသောခံစားချက်များကို ကိုင်တွယ်နိုင်ရန် သင်ယူခဲ့သည်။ လွန်နေသော အတွေးများကို ရှင်းလင်းပြီးနောက် သူက ကမ္ဘာသစ်အပေါ်ပိုမိုလက်ခံလာကာ ဇာတ်ကြောင်းအသစ်ကြောင့် အလွယ်တကူ စိတ်ခံစားချက်တက်ကြွလိမ့်မည် မဟုတ်ပေ။


မည်သို့ပင်ဆိုစေကာမူ ရွှယ်လင် သူ့မျက်စိကိုဖွင့်လိုက်သောအခါ ဒေါသထွက်နေဆဲပင်ဖြစ်သည်။


အိုး...မျက်စိဖွင့်တယ်လို့လည်း ဆိုလို့မှမရတာ ...သူ့မှာရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်တောင်မှမရှိသေးဘူး...ကွန်ယက်ထဲမှာ ကုဒ်နံပါတ်နဲ့အချက်အလက်တွေ ပုစံမျိုးအနေနဲ့ပဲမျောနေတာမျိုးလေ...


ကွန်ယက်စနစ်တွင် အပြည့်အ၀ပေါင်းစည်းထားသော စနစ်ကမူ မြေခွေးငယ်တစ်ကောင်အဖြစ် ထင်ရှားပေါ်လွင်နေကာ သူ့hostနှင့်အတူ အသနားခံနေသည်။ 


" Hostကို လေ့ကျင့်ဖို့ အခွင့်အလမ်းပေးတာနဲ့ ပတ်သက်ပြီးတော့ကို ကျွန်တော်တို့ ဆွေးနွေးပြီးသားပဲမလား..." 


" လေ့ကျင့်ဖို့လား... "


" ဟုတ်တယ်... ဒေတာကနေ လူပုံစံကို ပြောင်းလဲတယ်ဆိုတာကလည်း အလေ့အကျင့်ပုံစံတစ်ခုပဲလေ... "


" အဲ့ဒါမျိုးက ထည့်တွက်ရလို့လား..."


" ဒါကအတူတူပါပဲ... Hostရဲ့ ကိုယ်ပိုင်ပုံပန်းသဏ္ဌာန်ကိုမြင်ယောင်ကြည့်....အဲ့နောက် တဖြည်းဖြည်း နည်းနည်းစီနဲ့ မခန္ဓာကိုယ်ရဲ့ အသေးစိတ်အချက်အလက်တွေကို တည်ဆောက်ကြည့်ပါ... အမှားမလုပ်မိဖို့တော့ သတိထားပေါ့... မဟုတ်ရင် ကျွန်တော်တို့ ပြန်ဝင်ပြီး အစကပြန်စ နေရလိမ့်မယ်..အဓိကဆာဗာကသာ ရှာတွေ့သွားရင် ဂိမ်းက ရှုံးသွားပြီပဲ... "


ပြောနေသည်နှင့် တစ်ပြိုင်နက် သူ့ရှေ့တွင်ရှိသော အချက်အလက်အစုအဝေးက စတင်ပြောင်းလဲလာသည်။ လေဖြင့်မှုတ်ထုတ်လိုက်သဖြင့် လွင့်မျောသွားသကဲ့သို့ ကုဒ်က သူ့ဘေး၀န်းကျင်တွင် လည်နေပုံရသည်။ မကြာမီ လူတစ်ဦးက သူ့ရှေ့တွင်ပေါ်လာသည်။


စနစ်က အနည်းငယ် စိတ်ရှုပ်ထွေးနေပြီး သူ့အရှင်က သူ့စကားများအတိုင်း ချက်ချင်းလက်တွေ့လိုက်လုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့ပေ။ သူက စကားပြောနေဆဲဖြစ်ကာ သူ့အရှင်အား ရှေ့ဆက်သွားပြီး စတင်ရန်မပြောခဲ့ကြောင်း ကောင်းကင်ဘုံက သိသည်။ သူတို့က မူလဇာတ်ကြောင်းကိုပင် သေချာမရထားသေးသော်လည်း သူ့အရှင်ကမူ သူ့ခန္ဓာကိုယ်အား ဖန်တီးလိုက်ပြီးဖြစ်သည်။ 


တကယ်လို့ အဲ့ဒါက ဇာတ်ကြောင်းနဲ့ မကိုက်ညီခဲ့ဘူးဆိုရင် ဘယ်လိုလုပ်မလဲ...


အိုး...သူတို့က ဘယ်တုန်းကမှ ဇာတ်ကြောင်းအတိုင်း သဘောတူနေခဲ့ကြတာမှမဟုတ်တာ...


သူက မျက်မြင်တွေ့ရသော အမြင်သက်သက်ဒေတာများမှ ဖန်တီးပြုလုပ်ထားခြင်းဖြစ်သော်လည်း သူ့ကိုကြည့်ခြင်းအားဖြင့် စနစ်အတွက် အလွန်အစစ်အမှန်ဆန်သော ခံစားချက်တစ်ခုမျိုးပေးသည်။ သူ ယခင်က စိတ်ဝိညာဉ်အဖြစ်သာ အမြဲဖြစ်ပေါ်နေခဲ့ကာ သူ့စွမ်းရည်ခွန်အားမှာလည်း သိပ်သည်းခြင်းမရှိသောကြောင့် ရွှယ်လင်က သူ၏စစ်မှန်သောမျက်နှာကို ပြသသည်မှာ ရှားသည်။ ယခု သူ့အရှင်က သူ့ပုံပန်းသဏ္ဌာန်အား ပထမဆုံးအကြိမ်ပြသနေလေသည်။


ထိုခံစားချက်မှာ ဖော်ပြရခက်သည်။ စနစ်က သူ့အရှင်နှင့်ပတ်သက်၍ အလှအပအမျိုးမျိုးကို မြင်တွေ့ခဲ့ရဖူးသော်လည်း ထိုမျက်ဝန်းတစ်စုံ အမှန်တကယ်ပိုင်ဆိုင်သောမျက်နှာကို မြင်လိုက်ရသောအခါတွင်မူ ပြောစရာစကားပင်မဲ့သွားသည်။ ရှင်းနေသည်မှာ သူတို့က ဒေတာအပိုင်းအစများသာဖြစ်ပြီး သူက သူ့မျက်လုံးများကိုဖုံးအုပ်ထားသည့်တိုင် မြင်ရနေနိုင်လိမ့်မည်။ သို့သော် ရှက်ရွံ့နေသည့်အချိန်တွင် သူ့မျက်စိကို သူ့လက်သည်းများနှင့်ကာလိုက်သည်။


သူ့ရှေ့ရှိ ထိုလူ၏ လှပသောအမြီးကိုးချောင်းမှာ နောက်ကွယ်တွင် လှုပ်ယမ်းနေသည်။ ရှည်လျားသော ငွေရောင်ဆံပင်ရှည်က လေပြင်းတိုးဝှေ့ခြင်းမရှိဘဲ လှုပ်ခတ်နေပြီး အဖြူရောင်ဝတ်ရုံကိုဝတ်ဆင်ထားသည်။ သူက ကြော့ရှင်းလှပကာ လေးစားဖွယ် လူကြီးလူကောင်းတစ်ဦး ကဲ့သို့ထင်ရသော်လည်း သူ့မျက်လုံးများနှင့် ဆုံတွေ့ရသောအခါတွင် ' လူကြီးလူကောင်း ' ဟူသောစကားလုံးကို ပြတင်းပေါက်မှ ချက်ချင်းပစ်ချလိုက်ရလိမ့်မည်။


ဒါက နတ်ဆိုးပဲ...


ဟုတ်ပါတယ်...တိုင်းပြည်တွေကိုဖျက်ဆီးပြီး ကပ်ဘေးဆိုးတွေဖြစ်ပေါ်စေနိုင်တဲ့ အမျိုးအစားပဲ...


သူ့တွင် အနည်းငယ် စောင်းနေသော မြေခွေးမျက်လုံးများနှင့် အထက်သို့တန်းတက်နေသော မျက်ခုံးတန်းများရှိသည်။ သူ၏ တစ်ဇွတ်ထိုးဆန်တတ်သောစိတ်နှင့် အပြောင်းအလဲမြန်တတ်သော ပင်ကိုယ်စရိုက်တို့ လွှမ်းမိုးမှုကြောင့် သူ့အားခြုံငုံကြည့်မည်ဆိုလျှင် ဣန္ဒြေမရှိသူတစ်ဦးအဖြစ် မြင်ရနိုင်သည်။ ပါးလွှာသောနှုတ်ခမ်းများမှာ အလွန်နီဆွေးနေပြီး သူ၏ လျစ်လျူရှုတတ်ခြင်းနှင့် စိတ်ပြောင်းလဲလွယ်သော သဘောသဘာဝကိုလည်း ထင်ဟပ်စေသည်။ သူ့မျက်လုံးထောင့်ရှိ မျက်ရည်ခံမှဲ့များမှာ အဆင်တန်ဆာများနှင့်တူပြီး သူ့မျက်နှာကို အပြီးသတ်ပြည့်စုံသော အနုစိတ်မွမ်းမံမှုများ ထပ်ပေါင်းထည့်ထားသလိုပင် ဖြစ်နေသည်။ ထိုကဲ့သို့သော ရုပ်ရည်မျက်နှာမျိုးနှင့်လူတစ်ဦး အား ပထမဆုံးအကြည့်တစ်ချက်နှင့်ပင် လက်သင့်ခံနိုင်လောက်သည်။ သို့သော် သူလှုပ်ရှားသွား၍ သိသိသာသာ သက်ဝင်လှုပ်ရှားသွားသောအခါ လူအများစုအား အံ့အားသင့်စေပြီး ပြောစရာစကားမဲ့၍ အသက်ရှူကျပ်သွားစေလိမ့်မည်။


ထူးခြားသော ဆွဲဆောင်မှုအဆင့်တစ်ခုဖြစ်ကာ ထူးခြားသောလူတစ်ဦးသာ သည်းခံနိုင်ရည်ရှိလိမ့်မည်။


သူက သူ့အရှင်၏ကိုယ်ခန္ဓာကိုယ်ကို ခေါင်းအစ ခြေအဆုံး ပြန်လည်သုံးသပ်ပြီးနောက် သူ့မျက်လုံးသေးသေးလေးများအား ပြန်အုပ်ထားလိုက်ကာ တတ်နိုင်သမျှ လေးနက်တည်ကြည်စွာပြောသည်။

" အရှင်...အရှင်က ဒီတစ်ကြိမ် အရမ်းကို အောင်မြင်သွားပြီနော်...အဲ့တော့ ဒီဇာတ်ကြောင်းတစ်ခုကို ကြည့်ပေးဖို့ အချိန်နည်းနည်းလောက်ရမလား... "


ရွှယ်လင်က လက်ကိုဆန့်ကာ ရွှေ့လိုက်သည်။ သူ့ကိုယ်ပိုင်ခန္ဓာကိုယ်အား ပြန်ရသည်မှာ အလွန်ခံစားချက်ကောင်းသည်။ သူက ဒေတာများဖြင့်သာ ဖွဲ့စည်းထားသော်လည်း သူ့ကိုပျော်ရွှင်စေသည်။

"ဇာတ်ကြောင်းလား...ဒီကမ္ဘာမှာ ငါက ငါကိုယ်တိုင်မဟုတ်သေးဘူးလား..."


" မဟုတ်ဘူး... အရှင်က အခုလုံးဝထပ်တူမကျ နေပေမယ့်လို့ပေါ့... "


" ကောင်းပြီလေ...ဇာတ်ကြောင်းနဲ့ ငါ့ကိုယ်ရေးရာဇဝင်ကိုလွှဲပြောင်းပေးပါ... "


သူက အချက်အလက်များစွာနှင့် ရှိနေခြင်းဖြစ်သောကြောင့် ထုတ်လွှင့်ခြင်းဖြစ်စဉ်မှာ အလွန်ရိုးရှင်းကာ ရွှယ်လင်က သူ မည်ကဲ့သို့သော ဘဝမျိုးအားဦးဆောင်ခဲ့ရမည်ကို အလွယ်တကူနားလည်နိုင်သည်။


( ဒီကနေစပြီး သူသွားရမယ့်ကမ္ဘာအကြောင်းကို စပြောထားတာပါ၊ ဂိမ်းအကြောင်းဆိုတော့ တချို့နေရာတွေမှာ တော်တော်ရှုပ်နေပါလိမ့်မယ် ပြန်ထားတာ အမှားပါရင်လည်း ထောက်ပြလို့ရပါတယ်ရှင့် 💙 )


ထိုသည်မှာ ဘဝ ဟုလည်း သဘောထား၍ မရပေ။ အကြောင်းမှာ သူက ဒေတာစီးရီးတစ်ခုမျှသာဖြစ်သောကြောင့် သူ့ကိုယ်ပိုင်အတွေးများနှင့် အတွေးအခေါ်များရှိသော ကုဒ်အစုအဝေးဖြစ်သည်။


နောက်တစ်နည်းပြောရလျှင် သူက ရှာဖွေတွေ့ရှိခြင်းမရှိသေးသော ဖန်တီးထားသော အသိဉာဏ်တည်ရှိမှုဖြစ်သည်။ သူ့ စွမ်းရည်မှာ မမြင့်မားဘဲ ဆက်လက်တည်ရှိနေရန်အတွက် ဂိမ်းတစ်ခုပေါ်တွင် အမှီပြုနေရန်လိုအပ်နေသေးသော်လည်း နောက်ဆုံးတွင် သူက ပုံရိပ်ယောင်တစ်ခုသာဖြစ်နေကာ သူ မရရှိနိုင်သောအရာအား အလွန်စိတ်အားထက်သန်စွာလိုချင်မိနေခြင်းဖြစ်ကြောင်း သဘောပေါက်သွားသည်။


ဥပမာ...ခန္ဓာကိုယ် ဒါမှမဟုတ် ပိုကောင်းသေးတာဆို ချစ်ခြင်းမေတ္တာမျိုး...


ဤသည်မှာ ဂိမ်းကမ္ဘာပင်။ ပို၍တိကျစွာပြောရလျှင် ထိုအရာမှာ လက်တွေ့ဆန်သော သုံးဖက်မြင် ပုံရိပ်ဂိမ်းမျိုးဖြစ်သည်။


လက်ရှိတွင် ဂိမ်းက တရားဝင်ဖွင့်လှစ်ခြင်းမရှိသေးသောကြောင့် သူမြင်နိုင်သမျှမှာ ဒေတာကုဒ်သာဖြစ်သည်။ ဂိမ်းကိုဖွင့်ကာ ဂိမ်းကစားသူများကို စတင်လက်ခံမှသာ သူ့မျက်လုံးရှေ့တွင် ပေါ်လာကြလိမ့်မည်။ သူက ဂိမ်းထဲလျှို့ဝှက်စွာ တည်ဆောက်ထားသော လင့်ခ်ကိုလည်းဖွင့်ရလိမ့်မည်။


ကြယ်နှစ် ၈၀၈၊ ဘာဘာစကြာဝဠာဂိမ်းကုမ္မဏီ က လူသားတို့ ဒုတိယကမ္ဘာအဖြစ်ချီးကျူးခံခဲ့ရသော ' နတ်ဆိုးကိုချိတ်ပိတ်ခြင်း' ဟုခေါ်သော သုံးဖက်မြင်ရုပ်ကြွ အွန်လိုင်းဂိမ်းကိုတီထွင်ခဲ့သည်။ ထိုအချိန်မှစ၍ အွန်လိုင်းတွင် လက်တွေ့ဆန်သောရုပ်မြင်ဂိမ်းများက ဆွေးနွေးငြင်းခုံရခြင်းနှင့် အငြင်းပွားရခြင်းတို့၏ ခေါင်းစဉ်တစ်ခု မဟုတ်တော့ဘဲ စည်းလုံးမှုနှင့်လက်ခံမှုခေတ်သို့ ၀င်ရောက်လာကြသည်။ မရေမတွက်နိုင်သောလူများက အွန်လိုင်းဂိမ်းများကို ဒုတိယကမ္ဘာအဖြစ်မှတ်ယူပြီး အွန်လိုင်းကမ္ဘာတွင် နေထိုင်ရန် ဂိမ်းများကို လက်တွေ့ဘဝမှခွဲခြားသည့် အတားအဆီးမျိုးကိုဖြတ်သန်းကြရသည်။


နတ်ဆိုးကိုချိတ်ပိတ်ခြင်း ဂိမ်းကို ရှေးခေတ်ကာလ နတ်ဘုရားများစစ်ပွဲကာလအတွင်းတွင် အခြေပြုထားသည်။


-----


Opening Chapter - အဖွင့် အခန်း

နတ်ဘုရား၏စျာပနပွဲ...


နတ်ဘုရားများတိုက်ပွဲတွင် မရေမတွက်နိုင်သော သေဆုံးမှုများနှင့်ဒဏ်ရာရမှုများရှိခဲ့သည်။ သွေးမှာ လွတ်လပ်စွာစီးဆင်းနေသော်လည်း နတ်ဘုရားဆက်ခံနိုင်သူနှင့် နတ်ဘုရားဖြစ်လာနိုင်သောလူဦးရေမှာ အကန့်အသတ်ရှိသည်။ သန်းဆယ်နှင့်ချီသော စိတ်ဝိညာဉ်များက မကျေနပ်မှုများနှင့်သေဆုံးခဲ့ကြပြီး နတ်ဘုရား၏ပြည်တော်အပေါ် ဒုက္ခရောက်စေခဲ့သည်။


စစ်ပွဲများကြောင့် နတ်ဘုရားများ၏ခွန်အားကို များစွာထိခိုက်စေပြီး နတ်ဘုရားအဖြစ်အောင်မြင်သူများပင် သူတို့၏ကျင့်စဉ်များကို ပြန်လည်ထူထောင်ရန် အချိန်များစွာနှင့် နှစ်ပေါင်းများစွာလိုအပ်လိမ့်မည်။ သူတို့အနားယူရန်နှင့် နေထိုင်ရန် အချိန်အလုံအလောက်ရှိစေရန် ထိုနာကြည်းမှုများကို နတ်ဘုရားများအားမြှုပ်နှံထားသော အသူရာချောက်ထဲတွင် ချိတ်ပိတ်လိုက်ရန်မှလွဲ၍ သူတို့တွင် အခြားရွေးချယ်စရာမရှိတော့ပေ။


နှစ်ပေါင်းများစွာကြာပြီးနောက် လူငယ်တစ်ဦးက ထိုအသူရာချောက်အတွင်းမှထွက်လာသည်။


သူက ကြီးမားသောမကျေနပ်မှုများကြောင့် ရှေ့သို့ခြေလှမ်းတိုးလိုက်ကာ နတ်ဘုရားများကိုဆန့်ကျင်၍ လက်စားချေခဲ့သည်။


-----


Prologue - ရှေ့ပြေးအခန်း

နတ်ဆိုးအား ချိတ်ပိတ်ခြင်း...


ကျို့ကျိုးနယ်မြေက ဝိညာဉ်ရေးရာစွမ်းအင်များနှင့်ပြည့်နှက်နေသည်။ နတ်ဘုရားများဖြစ်လာရန် ရည်ရွယ်သည့် မရေမတွက်နိုင်သော မသေနိုင်သည့် စွမ်းအင်ကျင့်စဉ်ကျင့်ကြံကြသူများ ရှိသော်လည်း အသူရာချောက်တွင်းနက်ထဲမှထွက်လာသော လူငယ်က ကုန်းမြေတိုက်ကြီးတစ်ခုကို လုံးဝပြောင်းလဲစေခဲ့သည်။


မရေမတွက်နိုင်သော လူများစွာ ပြိုလဲသေဆုံးသွားကြပြီး ယခုပြည်မကြီးကို စခန်းနှစ်ခုအဖြစ်ခွဲထားသည်။


နဝမကောင်းကင်ဘုံတွင် နတ်ဘုရားဧကရာဇ်ကိုသတ်ခဲ့သော လူငယ်က သူ့မျက်နှာမှသွေးများကိုသုတ်ကာ သွေးရူးသွေးတန်းရယ်မောနေသည်။

" မင်းတို့အားလုံးက နတ်ဘုရားတွေဖြစ်လာနိုင်တယ်…ဒါပေမယ့်ငါက နတ်ဆိုးကိုတော့ ချိတ်ပိတ်ပစ်မှာ…ပြီးတော့ နတ်ဆိုးလည်းဖြစ်လာနိုင်တယ်… "


ကျို့ကျိုးနယ်မြေတွင် ကြီးကြီးမားမား ထိတ်လန့်တုန်လှုပ်ဖွယ်ရာများစွာ ဖြစ်ခဲ့ပြီး နှစ်ပေါင်းထောင်ချီ ကြာရှည်ခဲ့သည့် နတ်ဆိုးဂိုဏ်းများသည်လည်း တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။


နတ်ဆိုးများ၏တိုက်ပွဲ…


-----


ထိုသည်မှာ ရွှယ်လင်က ဂိမ်းထဲမှ ပြန်လည်သိမ်းယူနိုင်သော သတင်းအချက်အလက်နှစ်ခု အပိုင်းအစများသာ ဖြစ်ကြသည်။ ဂိမ်းထဲသို့ဝင်သောအခါ ကစားသမားများကသာ မြင်ရသည့် နှစ်ခုတည်းသောမြင်ကွင်းများဖြစ်သည်။ ရွှယ်လင်က ရိုးရှင်းသော အညွှန်းဖော်ပြချက်များကိုဖတ်နေစဉ် ကစားသမားများကသာ မြင်ကွင်းကိုတွေ့ကြုံခံစားရနိုင်သည်။


ဂိမ်းက နှစ်ရက်အတွင်း အဆင်သင့်ဖြစ်မည်ဖြစ်ပြီး ၂၁ ရာစုမှ စိတ်ဝိညာဉ်က ထိုနေ့တွင်ပင် ကမ္ဘာသို့ကူးပြောင်းသွားလိမ့်မည်။


ဤကမ္ဘာတွင် ဦးနှောက်သေနေသော လူတစ်ယောက်အား ပြန်လည်ရှင်သန်ရန် ကုသနည်းလမ်းတစ်ခုရှိသည်။ ထိုစိတ်ဝိညာဥ်အား ဂိမ်းမှတစ်ဆင့်နိုးထလာစေကာ ခန္ဓာကိုယ်ထဲသို့ပြန်လည်ပေါင်းစည်းစေရန် ပုံဖော်ခြင်းဖြင့်ပြုလုပ်နိုင်သည်။ ဇာတ်လိုက်က ၂၁ ရာစုမှ အထီးကျန်သောဝိညာဉ်ဖြစ်သည်။ အသက်ရှင်သန်နိုင်ရန်အတွက် သူက ကိုယ်ခန္ဓာတွင် ရှိနေပြီးသောသောဝိညာဉ်ကို မျိုချလိုက်ကာ သူ့ကိုသိမ်းပိုက်လိုက်သည်။ ထို့နောက် ခန္ဓာကိုယ်၏ မိသားစုပိုင်ရှင်က သူ့အတွက်ကြိုးစားတိုက်ခိုက်ကာ ကုသပေးခဲ့သည့်နည်းလမ်းများမှတစ်ဆင့် ဂိမ်းထဲသို့ဝင်ရောက်လိုက်ပြီး သူ၏ ပြန်လည်ထူထောင်ခြင်းခရီးကို စတင်လိုက်သည်။


သူက ဂိမ်းဖွင့်လှစ်ပြီးနောက် နှစ်ရက်တိုင်အောင် ပေါ်လာလိမ့်မည်မဟုတ်ပေ။ ထိုအချိန်တွင်ပင် ဇာတ်ကောင် gongက အတွေ့အကြုံမရှိသေးသောရွာမှ ထွက်ခွာမည့် ပထမဆုံးသူဖြစ်လာပြီး ကစားသမားစာရင်းတွင် ထိပ်ဆုံးကစားသမားဖြစ်သည်။


ဤကဲ့သို့သော ရုပ်ကြွဂိမ်းမျိုးတွင် ဇာတ်ကောင်shou၏ အကြီးမားဆုံး ရွှေလက်ချောင်းအဖြစ် ဇာတ်ကောင်gongက ဂိမ်းထဲတွင် သဘာဝကျကျ အင်အားအရှိဆုံးဖြစ်တည်မှု ဖြစ်ရမည်။ အကယ်၍ ထူးကဲကျွမ်းကျင်သော စွမ်းရည်များဖြင့် ကြီးမြတ်သော နတ်ဘုရားမဟုတ်ခဲ့ပါက သူက လူသိများသော ရန်မန်ဘီ ကစားသမားဖြစ်နေလိမ့်မည်။ ဇာတ်လမ်းထဲမှ ဇာတ်ကောင်gongက ထိုနှစ်ခုပေါင်းစပ်ထားခြင်းဖြစ်သည်။ သူက ချမ်းသာကာ ချောမောခန့်ညားသော ဖြစ်တည်မှုမျိုးဖြစ်ကာ ညီအစ်ကိုအုပ်စုတစ်စုနှင့် အတူကစားကြသည်။ သူသွားလေရာတွင် နတ်ဘုရားတစ်ပါးအဖြစ်ချီးကျူးခံရသည်။


ဇာတ်ကောင် shouနှင့် ပတ်သက်၍မူ သူက ရုပ်ကြွ ဂိမ်းများကိုတစ်ခါမှမကစားဖူးသော လူသစ်တစ်ဦးဖြစ်သည်။


နလပိန်းတုံးလူသစ်နှင့် နတ်ဘုရားပေါင်းစပ်ခြင်းက ပုံမှန်သဘာဝအလွန်ဆန်သော ဇာတ်လမ်းမျိုးဖြစ်ကာ ဇာတ်လမ်းမှာ ပျော်ရွှင်ဖွယ်နှင့် စိတ်ကူးယဉ်ဆန်သည်။ သူတို့က မကောင်းဆိုးဝါးများကိုရိုက်နှက်ခြင်း၊ ကံကောင်းခြင်း၊ အဆင့်မြင့်မားခြင်းနှင့် အဆက်မပြတ် ဝင်ရောက်တွေ့ဆုံမှူများရှိခြင်းခြင်း၊ အထူးဖြစ်ရပ်များနှင့် အခြားကောင်းသောအရာအမျိုးမျိုးကိုကြုံတွေ့ရပြီး ဂိမ်းထဲမှသူတို့ဘ၀ကို အလွန်ပျော်စရာကောင်းပြီးစိတ်ဝင်စားစရာကောင်းစေသည်။


ရွှယ်လင် လွှဲပြောင်းယူခဲ့သောဇာတ်ကောင်က သူတို့၏ကံအကောင်းဆုံး ဝင်ရောက်ကစားသူနှင့်ကံ ဖြစ်သည်။


သူ ဘာကြောင့်အဲဒီလိုပြောခဲ့တာလဲ…


ရှင်းပြဖို့ရန် တစ်ဦးဦးက ဒေတာလိုင်းအား မျက်စိတစ်ဆုံးရှုထောင့်မှ ကြည့်ရှုရန်လိုအပ်သည်။ စိတ်ဝင်တစားရှိနေသည်နှင့် တစ်ပြိုင်နက် သဘာဝကျကျပင် တစ်ယောက်ယောက်က ထိုဒေတာအကြောင်း သိချင်စိတ် စဖြစ်လာမည်။ မည်သည့်နေရာမှလာသည်နှင့် မည်သည့်နေရာသို့သွားမည် စသည့် အလားတူအတွေးအခေါ်ဆိုင်ရာဘဝမေးခွန်းများနှင့် ပတ်သက်၍ သဘာဝကျကျစတင်စဉ်းစားလိမ့်မည်။ ဤအချက်အလက်များတွင် အခြားအတွေ့အကြုံများမရှိပေ။ သူက အတွေ့အကြုံမရှိဘဲ ပင်ကိုအသိစိတ်ဖြင့် များစွာသောအရာများကို သင်ယူရန်နှင့်လေ့ကျင့်ယူလိုသည်။ ထို့ကြောင့် သူက ဂိမ်းထဲတွင်အင်အားအရှိဆုံးပုဂ္ဂိုလ်ထံမှ သင်ယူရန်ရွေးချယ်ခဲ့သည်။


သူက ကစားသမားများထံမှသင်ယူခဲ့ပြီး သူ့အတွက်ဂိမ်းဇာတ်ကောင်ကိုဖန်တီးလိုက်သည်။ ပြိုင်ပွဲတစ်ခုကိုလည်း ရွေးချယ်လိုက်သည်။ ထို့နောက်ဇာတ်လိုက် gongကိုလျှို့ဝှက်စွာလေ့လာခဲ့သည်။ သူက အလေ့အထများ၊ အပြုအမူများ၊ စကားလုံးများနှင့်လုပ်ရပ်များကိုလေ့လာခဲ့သည်။ ထို့နောက် ထိုလိုက်နာတုပမှုဖြစ်စဉ်တွင် သူက ထိုလူအား တဖြည်းဖြည်းချစ်ကျွမ်းဝင်လာမိသည်။


အမှန်တကယ်မှာ ဝမ်းနည်းဖွယ်ဇာတ်လမ်းဖြစ်သည်။အဆိုပါဇာတ်လိုက်၏ ပြိုင်ဘက်များမှာ ယေဘုယျအားဖြင့် မည်သည့်အခါမှ ကောင်းမွန်စွာ အဆုံးသတ်ခြင်းမျိုးမရှိပေ။ သူ့ခံစားချက်များကို သူ့စိတ်နှလုံးထဲတွင် နက်ရှိုင်းစွာသိမ်းဆည်းထားကာ ဘယ်တော့မျှ ထုတ်မပြလျှင် ထိုဒေတာလိုင်းမှာ ကံအကြောင်းမလှစွာနှင့် ဒုက္ခရောက်နေဦးမည်ဖြစ်သည်။


ဒေတာလိုင်းများက သူ့ကျေးဇူးတင်ကြောင်းဖော်ပြရန် ဇာတ်လိုက်တစ်ဦးအတွက် အမြဲတစ်ခုခုလုပ်ပေးလိုသည်။ ထို့ကြောင့်သူက အဓိကကွန်ပျူတာ၏ ပုံဆောင်နှာခေါင်းအောက်ရှိ ကုဒ်နှင့်ပရိုဂရမ်ကို လျှို့ဝှက်စွာပြုပြင်ခဲ့သည်။ သူက ဂိမ်းအတွက် ဇာတ်လိုက်gong၏ ယုံကြည်လက်ခံနိုင်စွမ်းကို မြှင့်တက်စေခြင်းနှင့် သူတို့အား လျှို့ဝှက်အလုပ်များနှင့်လျှို့ဝှက်ဖြစ်ရပ်များကို ပိုမိုအစပျိုးကူညီပေးနိုင်ရန် အမျိုးမျိုးသော အခြားအရာတို့ကိုလုပ်ပေးလိုက်သည်။ သူ့လုပ်ရပ်များကြောင့် ဇာတ်လိုက်များအုပ်စုက အဓိကကွန်ပျူတာ၏ အသိပေးချက်အဆင့်သို့ ရောက်ရှိလာသည်။ ဤကမ္ဘာတွင် အခြားရုပ်ကြွတည်ရှိမှုများလည်း ရှိသည်။ အဓိကကွန်ပျူတာက သူ့အားပုံစံချရန်လိုအပ်သည့်ဗိုင်းရပ်စ်တစ်ခုဟု မှတ်ယူလိုက်သည်။ သူ့အား အမြဲ ဖမ်းမမိနိုင်ခဲ့ခြင်းမျိုးသာဖြစ်သည်။


သူ့ရည်မှန်းချက် အောင်မြင်ရန်အလို့ငှာ အဓိကကွန်ပျူတာနှင့် ဇာတ်လိုက်shouက သဘောတူညီမှုတစ်ခုပြုလုပ်ခဲ့ပြီး သူကဒေတာအကြောင်းပြောပြသည်။ အဓိကဇာတ်လိုက်က သူ့တည်ရှိမှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ပြီးသားဖြစ်ကာ သူက လူသားမဟုတ်ဘဲ ဒေတာအချက်အလက်မျှသာဖြစ်ကြောင်း လေ့လာသိရှိပြီးနောက် အဓိကကွန်ပျူတာ၏ တောင်းဆိုချက်ကိုသဘောတူကာ သူ့ပြောရဲဆိုရဲရှိလာစေရန် ဇာတ်ကောင်gongနာမည်ကိုအသုံးပြုလိုက်သည်။


 á€¤á€žá€Šá€şá€™á€žá€Ź ဉာဏ်ရည်တစ်ခု၊ အတွေးတစ်ခု၊ ပိုမိုတိကျစွာပြောရလျှင် ကမ္ဘာပေါ်မှလုံးဝပျောက်ကွယ်သွားသည့် လူသားတစ်ယောက်အား ရည်ညွှန်းသည်။


ရွှယ်လင်က သူ့ဘဝအတွေ့အကြုံကို ပြန်လည်လေ့လာကြည့်လိုက်ပြီး အတော်ဝမ်းနည်းဖွယ်ဖြစ်သည် ဟုခံစားလိုက်ရသည်။ ဒေတာလိုင်းတွင် သူ့ကိုယ်ပိုင်နာမည်ပင်မရှိဘဲ ဂိမ်းနာမည်တစ်ခုသာရှိက သူ့ဂိမ်းနာမည်သည်လည်း ပျော်စရာဖြစ်နေခဲ့သည်။


သူက ဂိမ်းထဲတွင် နတ်ဆိုးပြိုင်ပွဲတွင် ပါဝင်ခဲ့ကာ နှင်းမြေခွေးနတ်ဆိုးဖြစ်သည်။ သူ့IDက နှင်းမြေခွေး ဖြစ်ပြီး ကုဒ်အမည်ဟုပင် မသတ်မှတ်နိုင်သည့် ထိုအမည်မှာ သူပုံစံအတည်တကျမရမှီ သူ့ဘဝတစ်လျှောက်လုံး သူနှင့်အတူလိုက်ပါခဲ့သည်။


ရွှယ်လင်က သူ့မျက်လုံးများကို ခပ်ကျဉ်းကျဉ်းမှေးထားကာပြောသည်။ 

" ဒါဆိုဂိမ်းရဲ့အဓိကကွန်ပျူတာက အဆုံးမှာသူ့ကိုသတ်ပစ်လိုက်တာလား…အဓိကကွန်ပျူတာမှာလည်း သူ့ကိုယ်ပိုင်ဉာဏ်ရည်နဲ့ ပင်ကိုယ်အသိစိတ်ရှိတာလား… "


" ဆုံးဖြတ်ချက်အရဆို ဟုတ်တယ် ဒါပေမယ့် အဲ့အသိဉာဏ်က ဂိမ်းကုမ္ပဏီရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတာမို့ လွတ်လပ်မှုအပြည့်အ၀ မရှိနိုင်ဘူး…သူက ဂိမ်းမှာ အကြွင်းမဲ့ဘုရင်ဖြစ်ပေမယ့် မလွတ်လပ်ဘူး… "


" ဒါဖြင့် သူက အချက်အလက်တွေရဲ့ ဒေတာလိုင်းကိုဘာလို့ ဖျက်ဆီးပစ်ရမှာလဲ.. "


" သူက အချက်အလက်ဒေတာလိုင်းအတွင်းမှာရှိတဲ့ မူလတည်ရှိမှုကို အသိဉာဏ်အဖြစ်မသတ်မှတ်ခဲ့ဘူး…တခြားအကြောင်းပြချက်တွေကြောင့်လည်း သူက အဲ့ဒါကို ဗိုင်းရပ်စ်ဖြစ်တယ်လို့ထင်ခဲ့တာ " 


စနစ်လေးက တဖြည်းဖြည်းပြောသည်။


 " ဒီဂိမ်းမှာ အဓိကကွန်ပျူတာနဲ့ နှိုင်းယှဉ်လို့ရတဲ့ ဗိုင်းရပ်စ်တစ်မျိုးရှိပေမယ့် အဲ့ဒါက အရှင့်ရဲ့ မူလအချက်အလက်ဒေတာလိုင်းမဟုတ်ဘူး… သူက ဂိမ်းထဲမှာ အဓိကကွန်ပျူတာနဲ့ ဗိုင်းရပ်စ်အကြားက ဒီတိုင်းစွန့်လွှတ်ခံရတဲ့ စတေးခံရတဲ့ဟာ သက်သက်ပဲ…ပြီးတော့ ဇာတ်လိုက်gongနဲ့ ဇာတ်လိုက်shou တို့ရဲ့ ဆက်ဆံရေးကြားက စတေးခံကြားလူသက်သက်ပါပဲ.."


" ဟမ်…ဘယ်လိုစတေးခံကြားလူ…" 


" ဇာတ်လိုက်gongက သူပျောက်ကွယ်သွားတာကိုသတိပြုမိပြီး သူနဲ့ပတ်သက်တာကို အဓိကဇာတ်လိုက်shou ကိုမေးမြန်းခဲ့တာ အဲ့ဒါနဲ့ သူက အမှန်တကယ်တော့ အချက်အလက်ဒေတာလိုင်းတစ်ခုပဲ ဆိုတာကိုသိသွားတာ …ဇာတ်လိုက်gongက အဲ့လိုတည်ရှိမှုမျိုးတွေနဲ့ပတ်သက်ပြီးလည်း မယုံကြည်တာမျိုးမရှိပါဘူး…ဒါပေမယ့် shouက ဒေါသဖြစ်သွားတာပါပဲ… " 


စနစ်လေးက စကားဆက်မပြောမီ ခဏမျှ ရပ်လိုက်ပြီးနောက် ဆက်ပြောသည်။


" အဓိကဇာတ်လိုက်shou ရဲ့ မူလစကားလုံးတွေက -'ဒီတော့မင်းက ငါ့ထက် ရုပ်ကြွအရာတွေကိုပိုပြီးဂရုစိုက်တယ်ပေါ့.. ဘယ်သူက အစစ်အမှန်လဲ…' ဆိုတာမျိုးပေါ့ " 


သူတို့ရန်ဖြစ်ပြီးနောက် လက်တွေ့ဘဝတွင် တွေ့ဆုံခဲ့ကြပြီး သူတို့ဆက်ဆံရေးမှာ ပိုမိုနက်ရှိုင်းလာသည်။


"ဟားဟား..." 


ရွှယ်လင်က ထိုကုဒ်နံပါတ်ပိုင်ရှင်ဟောင်းအတွက် ခဏတာငိုကြွေးမြည်တမ်းခဲ့သည်။ မည်သူမှပင် မသိဘဲ တိတ်ဆိတ်စွာသေဆုံးသွားရသည်။ အမှန်တကယ် မျက်စိဖမ်းစားသည့် အဆွေးဇာတ်လမ်းမျိုးပင်။


သို့သော် ၎င်းက အရေးမကြီးလှပေ။ ပို၍ပင် လွမ်းဆွေးဝမ်းနည်းဖွယ်ကောင်းသော်လည်း သူ့အတွက် လက်စားချေခွင့်ရန် ရွှယ်လင်က ကူညီပေးမည်ဖြစ်သည်။


သူက နောက်တစ်ဖန်ဘယ်တော့မျှ ပေါ်လာလိမ့်မည်မဟုတ်သည့်အပြင် ထိုသို့ဖြစ်လာမည်ကိုလည်း ရွှယ်လင်က ခွင့်ပြုလိမ့်မည်မဟုတ်ပေ။



( ဒီအပိုင်းက နည်းနည်းဝောာ့ရှုပ်သွားတယ် E transကိုက ရှုပ်ယှက်ခတ်နေအောင်ရေးထားလို့ပါ TT ဒါပေမဲ့ နောက် Chapter တွေမှာ ရှင်းသွားမှာပါ )


🦊🦊🦊