Chapter 75 (Arc 5-End)
Viewers 3k

🦊Chapter 75

Arc 5 - တော်ဝင်မင်းသမီးကို မှားယွင်းလက်ထပ်မိခြင်း

5.15 - စူးရွှမ့်ယန်၏မျက်ဝန်းထဲတွင် ရွှင်မြူးဖွယ်ရာများဖြင့် ပြည့်နေသည်




စစ်သူကြီးကျန့်က မင်းသားအား စွပ်စွဲပြစ်တင်ရန်အဆိုပြုထားသော နံနက်ပိုင်းခုံရုံးတွင် ပရမ်းပတာဖြစ်နေကြသည်။ အုပ်ချုပ်ရေးညံ့ဖျင်းမှုနှင့် ဆိုးရွားသော ကျင့်ထုံးဥပဒေသများကို အကြောင်းပြချက်အဖြစ်သုံးကာ သူက အရှေ့နန်းတော်နှင့် မထိုက်တန်ကြောင်း ထောက်ပြညွှန်းဆိုလိုက်သည်။


စစ်သူကြီးများဘက်မှ ဆူပူအုံကြွမှုများရှိနေသော်လည်း စစ်သူကြီးကျန့်က သူ့အဆိုပြုချက်အရ သက်သေအထောက်အထားများကို ဆက်လက်တင်ပြလိုက်သည်။


ဧကရာဇ်က အလွန်ဒေါသထွက်နေကာ မင်းသားမှာလည်း သူ့ရာထူးမှ ချက်ချင်းဖယ်ရှားခံလိုက်ရသည်။ နံနက်ခင်းခုံတရားရုံးမှာ ဟိတ်ဟန်များသော ပြဇာတ်တစ်ခုနှင့်တူပြီး ၀န်ကြီးများကလည်း အိမ်သို့ပြန်သွားကြသည့်တိုင် ထိတ်လန့်နေကြသည်။


နောက်ဆုံးတွင် ဧကရာဇ်က မတည်မငြိမ် အများဆုံးဖြစ်နေသော အခြေအနေမှာ ပြည်တွင်းပဋိပက္ခပင်ဖြစ်သည်ဟု ယူဆလိုက်သည်။ သူပြုခဲ့သမျှ အရာအားလုံးဖွင့်ချခံလိုက်ရသည်နှင့်တစ်ပြိုင်နက် အိမ်ရှေ့မင်းသားမှာ နေအိမ်အကျယ်ချုပ်ချခံလိုက်ရကာ ဧကရာဇ်၏ခွင့်ပြုချက်မရပဲ မည်သို့မျှထွက်မလာနိုင်တော့ပေ။


ဤမုန်တိုင်း၏ အဓိကလူဖြစ်သော စစ်သူကြီးကျန့်က ထိုဇာတ်လမ်းတွင် အေးဆေးတည်ငြိမ်မှုအရှိဆုံးပုဂ္ဂိုလ် ဖြစ်သည်။ ဧကရာဇ်က အမျက်ထွက်ကာ ဒေါသတကြီးနှင့်ပ စ္စည်းများကောက်ပေါက်ခြင်း သို့မဟုတ် မင်းသား၏ မလိုမုန်းတီးနေသောအကြည့်မှလွဲ၍ အရာအားလုံးကို ဆိတ်ဆိတ်ငြိမ်၍လက်ခံလိုက်သည်။ သို့သော် ဧကရာဇ်က သူ့အား ဧကရာဇ်စာကြည့်ခန်းသို့ သူနှင့်အတူလိုက်လာရန် ပြောသောအခါ အင်တင်တင်ဖြစ်သွားသည်။


ဧကရာဇ်က ထိုကိစ္စများကို ကြိုတင်သိပြီးသားဖြစ်ကာ သူ့ဒေါသထွက်နေသည်မှာ အတော်ကြာနေခဲ့ပြီဖြစ်ပြီး ယနေ့တွင်မူ သရုပ်ဆောင်နေခြင်းပင်။ သူတို့ ဧကရာဇ်စာကြည့်ခန်းသို့ ဝင်လာသောအခါ ကျန့်ရှောက်ရှီးကိုပင် သူက လှောင်ပြောင်နေသေးသည်။ 


“ ဧကရာဇ်စာဖတ်ခန်းကို ခေါ်တာကို မင်းမျက်နှာပေါ်မှာ ဘာလို့ မကျေမနပ်ပုံစံတွေ ပြနေရတာလဲ…ပြီးတော့ နံနက်ပိုင်းညီလာခံကိုရော မတက်ဘူးလား…"


ကျန့်ရှောက်ရှီးက လျင်မြန်စွာဒူးထောက်ကာ ပြောကြားလိုက်သည်။

“ ကျွန်တော်မျိုးလိုအမတ်မျိုးက ဒီလိုလုပ်ဖို့ မဝံ့ရဲကြောင်းပါ…"


ဧကရာဇ်က သူ့အား အမှန်တကယ် စိတ်မဆိုးနေပေ။ သူက ကျီစယ်ကာ ပြောလိုက်သည်။

“ ငါ့ရဲ့ညီမတော် မင်းနဲ့ လက်မထပ်ခင် သူ မင်းလိုရေခဲတုံးနဲ့မပျော်ရွှင်နေမှာကို ငါကစိုးရိမ်နေတာ… မမျှော်လင့်ဘဲ သူက စတီးချောင်းကိုတောင် အဆတစ်ရာပို ပျော့ပျောင်းတဲ့ ပူတင်းအဖြစ် ပြောင်းလဲနိုင်တာမို့ မင်းကိုငါ ရာထူးကနေ ဖယ်ရှားမယ်ဆိုရင်တောင် မင်းကပြန်သွားတာနဲ့ တစ်နေ့လုံး သူနဲ့အတူအချိန်ဖြုန်းပြီး ပျော်နေလောက်မှာ…"


ကျန့်ရှောက်ရှီးက ဒူးထောက်နေဆဲပင်ဖြစ်ပြီး သူ့မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်သာရှိနေသည်။ 

“ မဖြစ်နိုင်ပါဘူး…မင်းသမီးက ကျွန်တော်မျိုးလစာနည်းရင် သဘောကျမှာမဟုတ်ဘူး… တကယ်လ်ို့ ဧကရာဇ် ကျွန် တော်မျိုးကို ရာထူးချလိုက်ရင် မင်းသမီးက အိမ်ကနေနှင်ထုတ်လိမ့်မယ်… ”


ဧကရာဇ်က ကျယ်လောင်စွာရယ်မောနေသည်။ သူတို့နှစ်ဦး မေတ္တာမျှနေကြကြောင်းကို သူသိနေသည်မှာ ကြာမြင့်လှပြီဖြစ်သည်။


“ကောင်းပြီ… ဒီမှာအခြေအနေတွေကလည်း အကုန်ပြီးနေပြီးသားဆိုတော့ မင်းလည်း ညီမလေးနဲ့ အတူရှိနေပေးဖို့ အချိန်ပိုပေးလို့ရပြီ…"


“ မှန်လှပါ…”


ဧကရာဇ်က ကျန့်ရှောက်ရှီးအား ပြည်နယ်ရေးရာများနှင့် ပတ်သက်၍ ပြောဆိုရန်ကို မည်သည့်အခါကမှ မနှစ်သက်ခဲ့ပေ။ သူ့အား အမိန့်ပေး၍သာ အရာအားလုံးလုပ်ခိုင်းစေသည်။ သူက ကျန့်ရှောက်ရှီးကို အလွန်ယုံကြည်ကြောင်း ထုတ်ဖော်ပြသနေသော်လည်း အမှန်တွင်မူ သတိကြီးစွာနေနေဆဲပင်ဖြစ်သည်။ သို့သော် ကျန့်ရှောက်ရှီးက ဂရုမစိုက်ပေ။ သူ့သွေးကြောထဲတွင် ကျန့်မိသားစု၏သွေးများစီးဆင်းနေသော်လည်း ကျန့်မိသားစုမျိုးဆက်အဖြစ် ဆက်လက်ခံယူရန်နှင့် ပတ်သက်၍ သူက သဘောမကျဟု ခံစားနေရသည်။ သူက မြင့်မြတ်သော ဧကရာဇ်မိသားစုအပေါ်တွင်လည်း လေးစားမှုမရှိခဲ့ပေ။


ရက်အနည်းငယ်အကြာတွင် ကျန့်ရှောက်ရှီးက သတင်းပေးသူတစ်ဦးထံမှ စာတစ်စောင်လက်ခံရလိုက်သည်။ မင်းသမီးမင်ယွဲ့က စတင်လှုပ်ရှားကာ ထိမ်းမြားမှုမှ လွတ်မြောက်သွားပြီး တိုက်တိုင်ဆိုင်ဆိုင်ပင် ထိုကိစ္စကြောင့်ဒဏ်ရာရသွားသောလူကို သူတို့တွေ့လိုက်ရသည်။


မင်းသမီးအား စောင့်ကြည့်ရန် အကူစနစ်လေးကို အသုံးချနေသော ရွှယ်လင်က ဇာတ်ကြောင်းအသွားအလာမှာ အလွန်အံ့ဩစရာကောင်းသည်ဟု ခံစားလိုက်ရသည်။ သူက ဇာတ်လမ်းအား ဤအခြေအနေသို့ ဦးတည်ချက်ပြောင်းလဲခဲ့ပြီးဖြစ်သော်လည်း နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်က အလျဉ်းသင့်သလို ပေါ်လာသေးသည်။


သို့သော် ဇာတ်လိုက်မင်းသမီးနှင့် ဂိုဏ်းခေါင်းဆောင်အကြားတွေ့ဆုံမှုက မျှော်မှန်းထာသည်နှင့် ကွဲပြားနေသည်။ မူလဇာတ်ကြောင်းအရ ဇာတ်လိုက်မင်းသမီးက ဂိုဏ်းခေါင်းဆောင်နှင့် တွေ့သည့်အချိန်တွင် ထိုသူက ကိုယ်ခံပညာမတတ်ကျွမ်းသူဖြစ်ကာ အတိတ်မေ့နေသည့် သူဖုန်းစားသာ ဖြစ်သည်။ သူက အလွန်နုံချာရိုးစင်းကာ အသိပညာမဲ့သူဖြစ်ပြီး ချဉ်းကပ်ရ လွယ်ကူသူမျိုးဖြစ်သည်။ ထိုမျှ ညစ်ပတ်ပေရေနေသော်လည်း ချောမောခန့်ညားနေသေးသော ထိုလူအား ဇာတ်လိုက်မင်းသမီး တွေ့လိုက်ရပြီးနောက် သနားကြင်နာစွာဖြင့် သူမနှင့်အတူ ပြန်ခေါ်လာလိုက်သည်။ 


နောက်ပိုင်းတွင် နတ်ဆိုးဂိုဏ်း၏လူများက သူတို့အား လာရောက်ရှာဖွေကြပြီးနောက် ဂိုဏ်းခေါင်းဆောင်၏ ကိုယ်ခံပညာစွမ်းရည်များ ပြန်လည်ရရှိလာသည်။ ထိုအမျိုးသမီးအပေါ် သူ့ခံစားချက်များမှာ စစ်မှန်ကာ သူမနှလုံးသားထဲသို့ထိစေသည်။ ထို့ကြောင့် သူတို့နှစ်ဦးသား အဆင်ပြေပြေချောမွေ့စွာ အတူတူရှိနေကြကာ သူ့မှတ်ဉာဏ်များလည်းပြန်ရလာသည်။


သူသတိမေ့နေသည့် အချိန်ကတည်းမှ သူ့မှတ်ဉာဏ်များအရ သူက အမျိုးသမီးဇာတ်လိုက်အား အရေးမကြီးသောလူတစ်ဦးအဖြစ် မမြင်နိုင်ကြောင်း သေချာစေသည်။ သူက သူမနှင့်ပတ်သက်၍ ခံစားချက်များလည်း တိုးလာသည်။ ထို့ကြောင့် သူက သူမအား သူထွက်သွားတော့မည့်အကြောင်းပြောပြီးနောက်တွင်ပင် သူမအပေါ် အထူးအလေးထား ဆက်ဆံပေးသည်။ ဂုဏ်ယူစွာနှင့် စွန့်လွှတ်ပေးရသည့်သဘောမျိုးနှင့် ထိုအမျိုးသမီးဇာတ်လိုက်ဘေးတွင် တိတ်တဆိတ်ရပ်နေသည်။


ယခု ဂိုဏ်းခေါင်းဆောင်မှာ ခုခံနိုင်စွမ်းရှိနေဆဲဖြစ်သော ဒဏ်ရာရထားသူတစ်ယောက်ပင်။ သူက သူ့အသက်အတွက် ရုန်းကန်နေရကာ သူ့စိတ်နှလုံးထဲတွင်လည်း အမြဲတွေးတောကြံဆနေသည်။


ထို အမျိုးသမီးဇာတ်လိုက်၏ စိတ်သည်လည်း ပေါ့ပေါ့တန်တန်မဟုတ်ပေ။ သူတို့နှစ်ဦး တွေ့ဆုံခဲ့ကာ ပူးပေါင်းခဲ့ကြပြီး သူတို့မျက်နှာပေါ်တွင် အလွန်သဟဇာတဖြစ်ပုံရသော်လည်း အမှန်တကယ်မှာ သူတို့က တစ်ဦးနှင့်တစ်ဦးအမြဲ စောင့်ကြည့်နေကြကာ အချင်းချင်း အပြန်အလှန်တိုက်ခိုက်ရန် ကြိုးပမ်းမှုများ ပြုလုပ်နေကြသည်။


နောက်ဆုံးတွင်hဂိုဏ်းခေါင်းဆောင်က ချုံခိုတိုက်ခိုက်ခြင်းနှင့် ဝိုင်းရံခြင်းခံရပြီး သူမသည်သာ သူ့နောက်သို့လိုက်ခဲ့သည့် သစ္စာဖောက်သူဖြစ်သည်ဟု ယုံကြည်ကာ အမျိုးသမီးဇာတ်လိုက်အပေါ် အပြစ်တင်လိုက်သည်။ သူက ထို အမျိုးသမီးဇာတ်လိုက်ထံ ပြေးသွားကာ သူမအား သေသည်ထိရိုက်နှက်လိုက်သည်။


ရွှယ်လင်က စနစ်မှတစ်ဆင့် ဖြစ်ပျက်နေမှုများကို တိုက်ရိုက်ကြည့်နေကာ ဂိုဏ်းခေါင်းဆောင်က ထိုအမျိုးသမီးဇာတ်လိုက်အား တစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်ပြီး ချောက်ကမ်းပါးပေါ်မှခုန်ချရန်ပြင်ကာ သူနှင့်အတူ သူမအလောင်းကိုပါ တစ်ပါတည်းသယ်သွားသည်ကို မျက်တောင်တစ်ချက်မျှမခတ်ပဲ ငေးကြည့်နေမိသည်။ ထိုလူက ဦးခေါင်းကိုထိခိုက်မိသွားခဲ့ကာ မှတ်ဉာဏ်များပျောက်သွားရသည်။ သူ ပြန်နိုးထလာသောအခါ ထိုအမျိုးသမီးဇာတ်လိုက်မှာ သူ၏ သေဆုံးသွားသောသူငယ်ချင်းဖြစ်သည်ဟု ထင်ခဲ့၍ ဝမ်းနည်းစွာဖြင့် သူမအားမြေကျင်းတစ်တွင်းထဲတွင် မြှုပ်နှံလိုက်သည်။ ထိုတစ်ချိန်လုံးတွင် ရွှယ်လင်က စကားလုံးတစ်လုံးမျှပင် မပြောပေ။


စနစ်လေးက သူ အချိန်တစ်ခုကြာမျှ တိတ်ဆိတ်နေသည်ကိုမြင်လိုက်ရ၍ သူ့အား သူ့ဦးခေါင်းလေးနှင့် ပွတ်သပ်ရင်းပြောလိုက်သည်။

“ host…ဒေါသထွက်မနေပါနဲ့…လူတွေရဲ့ကံကြမ္မာဆိုတာက ရာသီဥတုလိုပဲ…မသေချာမရေရာပါဘူး… အဲ့အမျိုးသမီးကလည်း မမျှော်လင့်ထားတဲ့ အရာတစ်ခုကို ကြုံတွေ့ရနိုင်တာပဲလေ… သူ ဒီလိုမျိုးသေဆုံးရတာကတော့ တကယ့်ကို ပုံမှန်မဟုတ်တာပါ…”


ရွှယ်လင်က သူ့ခေါင်းကို နှိမ့်ချလိုက်သည်။ 

“ ငါက သူ့ကိုသတ်ဖို့အတွက် တစ်ယောက်ယောက် ကြိုတင်မပြင်ရသေးခင် သူ့ကို စိတ်ဒုက္ခအရင်ပေးဖို့ စီစဉ်ထားပြီးသား… အခုကျ သူကတန်းသေသွားတယ်ပေါ့လေ… ”


“ ဒါက ပိုကောင်းတာမဟုတ်ဘူးလား…အဲ့လိုနည်းနဲ့သာဆို အရှင် လုံးဝ ဘာမှလုပ်နေစရာမလိုပဲ ဒီကမ္ဘာပေါ်က ကျန်တဲ့ အရှင့်အချိန်တွေကို အားလပ်ရက်မှာ ချောချောမွေ့မွေ့ဖြတ်သန်းလို့ရတယ်လေ…"


“ငါတို့တွေ အမျိုးသားဇာတ်လိုက်တွေရဲ့ကံကြမ္မာကိုရော ပြောင်းလဲဖို့မလိုဘူးလား… ”


“အမျိုးသမီးဇာတ်လိုက်မရှိရင် အမျိုးသားဇာတ်လိုက်ရဲ့ကံကြမ္မာကလည်း သဘာဝကျကျပြောင်းလဲသွားလိမ့်မယ်… ” 


စနစ်က သူ့အမြီးကိုလှုပ်ခါလိုက်သည်။ 

"မင်းသားလေးက သူ့ဘ၀တစ်လျှောက်လုံး နန်းတော်ထဲမှာ အကျယ်ချုပ် ကျခံနေရမှာ …ပိုင်ချန်ယန်းက ရှီနိုင်ငံတော်ရဲ့ ၀န်ကြီးချုပ်ဖြစ်လာတာကြောင့် သူ့ကျော်ကြားမှုကို သမိုင်းစာအုပ်တွေထဲမှာ မှတ်တမ်းတင်ထားလိမ့်မယ်… သူ့ကံလမ်းကြောင်းနဲ့ အောင်မြင်မှုတွေက မူလဇာတ်ကြောင်းနဲ့ မတူပဲကွဲပြားပြီး သူက ဧကရာဇ်နဲ့ အတူ ချစ်ရသူကို မျှဝေတော့မှာ မဟုတ်ဘူး….”


“ အမျိုးသမီးဇာတ်လိုက်ရဲ့ အကူအညီမပါဘဲနဲ့ ရှီနိုင်ငံတော်က ကလေးက ရာဇပလ္လင်အတွက်စစ်ပွဲကို အနိုင်ရလိမ့်မှာမဟုတ်ပေမယ့် သူဆက်ပြီး အသက်ရှင်သန်နိုင်မလားဆိုတာက ပြောဖို့ခဲယဉ်းတယ်…လင်းနိုင်ငံရဲ့ဧကရာဇ်က ပညာရှိတဲ့ အုပ်စိုးသူဖြစ်လာလိမ့်မယ်…ရက်စက်ကြမ်းကြုတ်ပြီး အာဏာရှင်ဆန်ပေမယ့် သူက သူ့အကျင့်ဆိုးတွေကို ပြင်ပေးနိုင်တဲ့ ချစ်ရသူနဲ့တွေ့ဆုံရလိမ့်မယ်…နတ်ဆိုးဂိုဏ်းရဲ့ဂိုဏ်းခေါင်းဆောင်ကလည်း သူ့ဂိုဏ်းကို ပြန်ရောက်သွားလိမ့်မယ်…ဒါပေမယ့် သူ့အတွေ့အကြုံတွေကြောင့် သူက အောင်မြင်မှုကြီးကြီးမားမားရပြီး အတိတ်မေ့နေတဲ့ကာလအတွင်း သူ့ကိုဂရုစိုက်ပေးတဲ့ မိန်းကလေးကို ချစ်ကျွမ်းဝင်သွားဦးမှာ… အောင်မြင်ကျော်ကြားတဲ့ စီးပွားရေးသမားနဲ့ပတ်သက်ပြီး သူ့အဖော်က ငွေဖြစ်တာကြောင့် သူက သူ့ဘ၀မှာ ငွေအမြောက်အများရလိမ့်မယ်…ဒါပေမယ့် သူ့မှာ သားသမီးရှိလာမှာမဟုတ်… ”


“ဒီတော့ သူတို့ရဲ့ကံကြမ္မာက အမျိုးသမီးဇာတ် လိုက် မပါရင်ပိုကောင်းတာလား…"


“ဒါက သေချာပေါက်ပိုကောင်းတာမျိုး မဟုတ်ပါဘူး…သူတို့က ပုံမှန် လူ့ဘဝလမ်းကြောင်းကို ပြန်ရောက်သွားပြီး မေရီဆူးလိုမျိုး အရမ်းဟုတ်မနေဘူးပေါ့…”


“ အာ... ”


“ အမျိုးသမီးဇာတ်လိုက်က ပြောင်းရွှေ့အခြေချပြီး ကမ္ဘာ့သမိုင်းကို အတင်းအဓမ္မပြောင်းလဲစေခဲ့တယ်… ကမ္ဘာကြီးကို စာရေးဆရာတစ်ဦးက ဖန်တီးခဲ့တာကြောင့် ကမ္ဘာကြီးရဲ့ဆန္ဒက ကြိုတင်သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်းပဲ လိုက်နာနိုင်တယ်…ကံတရားတွေပေးတယ်…ပြီးရင် သူတို့တွေ အကုန်လုံးကိုဝါးမြိုလိုက်တာကို ထိုင်ကြည့်နေတယ်…အမျိုးသမီးဇာတ်လိုက်သေဆုံးပြီးရင် ကမ္ဘာကြီးပြိုလဲပျက်စီးပြီး ပျောက်ကွယ်သွားပါလိမ့်မယ်… ကျွန်တော်တို့က ကမ္ဘာကြီးရဲ့ကံကိုစုဆောင်းပြီး အရပ်ဆယ်မျက်နှာကမ္ဘာကို ပေးပို့တဲ့အခါ အဲ့ အရပ်ဆယ်မျက်နှာကမ္ဘာက သဘာဝကျကျနဲ့ ကမ္ဘာရဲ့ဆန္ဒကိုပြန်လည်ဖြည့်ဆည်းလိမ့်မယ်…ပြီးတော့ကမ္ဘာကြီးဆက်လက်တည်ရှိနေလိမ့်မယ်…”


“ မင်းက ငါ ကမ္ဘာကြီးကိုကယ်တင်နေသလိုခံစားရအောင်လုပ်နေတာပဲ… ”


“ ပုံမှန်အားဖြင့်ပေါ့…ဒါပေမယ့် ကမ္ဘာတိုင်းက အဲ့လိုမဟုတ်ပါဘူး…” 

စနစ်လေးက သူ့လက်သည်းများကိုလျက်လိုက်သည်။


“ စာရေးဆရာရဲ့ အတွေးအခေါ်ကို လုံးဝအသေအချာ အကောင်အထည်ဖော်ဖို့ ကြိုးစားချင်တဲ့ကမ္ဘာရဲ့ဆန္ဒဆိုတာ မျိုးတွေ ရှိကြတဲ့ကမ္ဘာတွေလည်း အများကြီးရှိနေမှာပဲ… ပြောရရင် သူတို့သေလိမ့်မယ်ဆိုတာ သိရင်တောင် ဇာတ်ကြောင်းအတိုင်းလိုက်နာဖို့ ကြိုးစားကြလိမ့်မယ်…ဒါမျိုးကို မကြုံရမမြင်ရသေပေမယ့် နောက်ပိုင်းကျရင် ကမ္ဘာရဲ့ဆန္ဒက hostနဲ့ဆန့်ကျင်နေလိမ့်မယ်ဆို‌တော့ သတိထားဖို့ လိုအပ်တယ်… ”


“ ကောင်းပါပြီ…”


“ အဲ့ဒီကမ္ဘာတွေကို သွားတဲ့အခါ hostရဲ့စွမ်းရည်တွေကို ထိန်းချုပ်ခံရလိမ့်မယ်…ဒါပေမယ့် အရမ်းစိတ်ပူစရာမလိုပါဘူး…ပြီတော့ hostရဲ့ လူနေမှုအဆင့်က အမြဲတမ်း ကြွယ်ဝချမ်းသာပြီး အာဏာလည်းရှိနေမှာ အဲလိုဆိုဝောာ့ hostကို ကာကွယ်ပေးနိုင်လိမ့်မယ်…မကောင်းတာတွေ ဘာမှဖြစ်လာမှာမဟုတ်ဘူး…”


“ ငါသဘောပေါက်ပြီ…” 

ရွှယ်လင်က မြေခွေးငယ်လေးကို ဇက်ပိုးမှ ကောက်ဆွဲကာ အိပ်ရာပေါ်မှဆွဲထုတ်လိုက်သည်။


“ပြောရရင် အဲဒါကအရမ်းထူးဆန်းတယ်…ငါဝင်လ််ိုက်သမျှ ခန္ဓာကိုယ်တိုင်းက အကုန်ထူးဆန်းနေတယ်…အမြဲ ချမ်းသာပြီး အာဏာရှိနေတယ်ဆိုတော့…သူ့ကံကပဲ ကောင်းလွန်းနေတာလား…”


“ အာ ... ”

စနစ်လေးက ဘာပြောရမည်မှန်းမသိပေ။ သူ့မှတ်ဉာဏ်များအား ပိတ်လှောင်ခံထားရသည်။ 


သူ့ကို နိုးထစေပြီး ကမ္ဘာကြီးကို အန္တရာယ်ဖြစ်စေတာကြောင့်လို့ သူ့ကိုပြောသင့်လား…


သူ့ ကမ္ဘာကြီးကို ဖျက်စီးပစ်ဖို့ မတော်တဆလှုံ့ဆော်မိတာကနေ တားဆီးဖို့အတွက် သူ့ဘ၀မှာ ကံဆိုးတာမဟုတ်ဘူးဆိုတာ သေချာအောင်လုပ်ဖို့ သူတို့အဲဒီလိုလုပ်ခဲ့တာလား…


သူကိုယ်ရေးအချက်အလက်ကြောင့် သူက ကမ္ဘာသို့ ၀င်ရောက်ရောက်တိုင်း ကမ္ဘာ့ဆန္ဒက သူ့အတွက် မိမိကိုယ်ကိုကာကွယ်မည့် ဖြစ်စဉ်၏တစ်စိတ်တစ်ပိုင်းအနေဖြင့် သူ့အတွက်ပိုမိုကောင်းမွန်သော ခန္ဓာကိုယ်ကိုရွေးချယ်လိမ့်မည်။ ဇာတ်လိုက်နှစ်ယောက်ရှိကာ ဇာတ်လိုက်တစ်ယောက်က ကမ္ဘာအပေါ် ပိုမိုကြီးမားသောအကျိုးသက်ရောက်မှုရှိသည့် ကမ္ဘာမျိုးတွင်လည်း သူသည် တစ်ခါတစ်ရံတွင် ဇာတ်လိုက်တစ်ဦး၏ ကိုယ်ရေးအချက်အလက်အတိုင်း စီစဉ်ကာသဘောတူခံရသည်။ထို့ကြောင့်လည်း သူက ပထမကမ္ဘာတွင် အဓိကဇာတ်လိုက်တစ်ဦး ဖြစ်ခဲ့ရသည်။


“ မေ့လိုက်တော့…မင်းက လုံးဝယုံကြည်စိတ်ချရတဲ့ပုံ မပေါက်ဘူး... ငါမေးရင်တောင် မင်းကဖြေနိုင်မှာမဟုတ်ဘူး…"


“ ဟား…ဟား…"

စနစ်လေးက ထရယ်သည်။


အမျိုးသမီးဇာတ်လိုက်က သူမ၏အဆုံးသတ်နှင့် တွေ့ခဲ့ပြီးဖြစ်သောကြောင့် ကမ္ဘာပေါ်တွင် ကြွင်းကျန်ရစ်မှုသည် ရွှယ်လင်အတွက် လွယ်ကူသော အပန်းဖြေအားလပ်ရက်ကဲ့သို့ပင်ဖြစ်သည်။ သူက သူ့အမြီးကို မထိန်းချုပ်နိုင်ခြင်းကဲ့သို့ ရှက်စရာကောင်းသော အမူအရာမျိုးကို မမေ့ခဲ့ပေ။ထို့ကြောင့် သူ့အတွင်းပိုင်းစွမ်းရည်ကို စိတ်ချရသော အကွာအဝေးအတွင်း ပိုမိုသန်မာစေရန်နှင့် ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ရန် အတွက် ၂နှစ်ကြာမျှ စွမ်းအင်စုစည်းရန် ဆုံးဖြတ်အခြေချခဲ့သည်။ သူက သူ့စွမ်းအင်များကို လွတ်လပ်စွာအသုံးပြုနိုင်ရန် သူ့ကိုယ်ခန္ဓာအား ပြန်လည်ဖန်တီးရန် လိုအပ်သေးသည်။


ထိုအရာမှာ လုပ်ရန်လွယ်ကူသောအရာ မဟုတ်ပေ။ စနစ်လေးက ရွှယ်လင်အား မလောစေရန် အကြံပေးသည်။ စနစ်က ရွှယ်လင်အား သူ့ကိုယ်ခန္ဓာကိုပြန်လည်ဖန်တီးရာတွင် ကူညီရန်အတွက် နောက်ကမ္ဘာတွင် အစမ်းသင်ခန်းစာများစွာ ရှာပေးမည်ဖြစ်ကြောင်း ပြောသည်။ ထိုသို့ဆိုလျှင် ရွှယ်လင် အလျင်လိုစရာမလိုတော့ပေ။


သူ ယခင်အချိန်က မိမိကိုယ်ကိုဖျက်ဆီးမိသော အခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်အား ပြန်လည်ဖန်တီးရန်ရည်ရွယ်ချက်ရှိသော်လည်း ထိုအရာမှာ လုပ်ရန်အလွန်အမင်းခက်ခဲနေသော အရာဖြစ်နေဆဲပင်။ သူက နတ်ဆိုးတစ်ဦးဖြစ်ကာ သူတို့ကိုယ်ခန္ဓာကိုယ်အား ပြန်လည်စွမ်းအင်စုစည်းခြင်းဖြင့် ဖန်တီးနိုင်သည့်သရဲများနှင့်မတူဘဲ အသွင်ပြောင်းမှုသာကြုံတွေ့လိုက်ရသည်။ ရွှယ်လင်အတွက် ခန္ဓာကိုယ်ကို မိမိဘာသာပြန်လည်ဖန်တီးရန်မှာ ကြီးမားသောစိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။


သို့သော် သူက ထိတ်လန့်ခြင်းမရှိနေပေ။ နောက်ဆုံး တွင် သူ့အတွက်အချိန်များစွာကျန်ရှိနေသေးပြီး သူ့အမြီးနှစ်ခုကိုလည်း ရှာတွေ့ထားပြီးဖြစ်သည်။ သူက သူ့စွမ်းရည်ခွန်အားများဆုံးရှုံးထားရမှုကြောင့် သူ့အမြီးများကို ပြန်လည်ရယူရန်နှင့်ပတ်သက်၍ အမြဲစိုးရိမ်ပူပန်ကြောင့်ကြနေခဲ့ရသည်။ သို့သော် ယခုအချိန် သူ့တွင် ရည်မှန်းချက်နှင့် ချစ်မြတ်နိုးရသူတစ်ဦး ရှိနေပြီးဖြစ်သည်။ ရွှယ်လင်က အရာရာကိုလုပ်ဆောင်ပြီးမြောက်ရန် စိတ်ပူပန်သောကရောက်နေရခြင်းမျိုး မရှိတော့ပေ။


ရွှယ်လင် အမြဲလိုလားခဲ့သောအရာဖြစ်နေသကဲ့သို့ ကျန့်ရှောက်ရှီးကလည်း ကတိပေးထားခဲ့သလိုပင် သူက ရွှယ်လင့်အတွက် ဘာမဆိုလုပ်ပေးနိုင်သည်။


ရွှယ်လင် ၁၈နှစ်ပြည့်သွားသောအခါ သူ့အတွက်အရွယ်ရောက်အခမ်းအနားကို စစ်သူကြီးအိမ်တော်တွင်ကျင်းပကြသည်။ ဧည့်သည်တစ်ဦးမျှပင် မရှိဘဲ အိမ်စေများကလည်း သူတို့သခင်မ ဘာဆက်လုပ်မည်နှင့် ပတ်သက်၍လည်း အသိမပေးကြပေ။ ထိုညတွင်သူ ရွှယ်လင့်အခန်းသို့ပြောင်းရွှေ့ခဲ့ပြီး တရားဝင်ပင် ထိုညကို အတူတူကုန်ဆုံးခဲ့သည်။


သနားစရာ စစ်သူကြီးမှာ ထိုသို့ လိင်ပိုင်းဆိုင်ရာဆက်နွယ်မှုမရှိသေးခင်ကပင် သူ့ဇနီးနှင့်သုံးနှစ်ကြာမျှလက်ထပ်ထားပြီးဖြစ်သည်။


နောက်နှစ်တွင် ကျန့်ရှောက်ရှီးက ညီလာခံ၌ သူ့တရားဝင်ရာထူးမှနုတ်ထွက်ပြီး ဧကရာဇ်ထံမှ ခွင့်ပြုချက်ရယူကာ တော်ဝင်မင်းသမီးအား ကမ္ဘာကြီးအား စူးစမ်းလေ့လာရန်ခေါ်ဆောင်သွားသည်။ နှစ်သစ်ကူးကာလများနှင့် သူတို့အရိုအသေပေးအပ်ရန် ပြန်လာကြမှသာလျှင် နန်းတွင်းသူနန်းတွင်းသားများက သူတို့အားမြင်ရလိမ့်မည်ဖြစ်သည်။ နောက်ပိုင်းတွင် သူတို့က ဆုံးဖြတ်ချက်ပြန်ပြင်လိုက်ပြီး တောင်ပေါ်သစ်တောများထဲ လူမသိသူမသိ သီးသန့်နေထိုင်ခဲ့ကြကာ ဘယ်တော့မျှ ထပ်မံပေါ်ထွက်လာခြင်းမရှိတော့ပေ။


လူနှစ်ဦးအကြား ချစ်ခြင်းမေတ္တာက ဒဏ္ဍာရီဆန်လာသည်။ တော်ဝင်မင်းသမီးက သားသမီးလုံးဝ မီးမဖွားပေးနိုင်သော်လည်း စစ်သူကြီးကျန့်က အခြားသူများကိုလက်ထပ်ရန် ထိုအကြောင်းပြချက်ကိို အသုံးမပြုခဲ့ပေ။ ကျန့်ကော်စစ်သူကြီး၏ မျိုးရိုးဆက်ခံရေးမှာ ထိုအချိန်မှစ၍ ဆုံးရှုံးခဲ့ရသော်လည်း ရှီနိုင်ငံတော်က ကျန့်မိသားစုကို ထပ်မံမလိုအပ်တော့သည်ထိပင် အင်အားခိုင်မာလာသည်။


မြို့တော်မှထွက်ခွာပြီးနောက် ရွှယ်လင်က အမျိုးသားအဝတ်အစားများ ၀တ်ဆင်ရန်အခြေအနေသို့ပြန်ရောက်သွားကာ သူတို့နှစ်ဦးက ကိုယ်ခံပညာလောကကိုစူးစမ်းလေ့လာကြသည်။ ဝူလင်းညီလာခံသို့လည်း တက်ရောက်ခဲ့သေးကာ တောင်ပိုင်းဒေသများသို့လမ်းလျှောက်ကြသည်။ ထို့ပြင် ကမ္ဘာတစ်ဝှမ်း ခရီးလှည့်လည်ကြသည်။ နောက်ဆုံးတွင် သူတို့က အရှေ့ပင်လယ်အနီးရှိ သီးသန့်လူမသိသောနေရာတွင် နေထိုင်ခဲ့ကြပြီး သာမန်အဖြစ်ဆုံး အမျိုးသားများစုံတွဲဖြစ်လာတော့သည်။


ထိုဘဝမှာ အလွန်အံ့သြဖွယ်ကောင်းသဖြင့် ရွှယ်လင်က သူ့မျက်လုံးများကို ပိတ်ချလိုက်သည်။ သူက ကျန့်ရှောက်ရှီး၏လက်ကို တင်းတင်းကျပ်ကျပ်ကိုင်ထားဆဲဖြစ်ကာ လက်လွှတ်ပေးရန် တွန့်ဆုတ်နေပြီး နောက်ဘ၀တွင် သူ့အား စောစီးစွာရှာတွေ့စေရန်လည်း ဆန္ဒပြုနေသည်။


သူက ကမ္ဘာကြီးအား အမှန်တကယ်စွန့်ခွာပြီးနောက် သူ့လက်ကိုကိုင်ထားသည့် အဘိုးအို၏မှုန်ဝါးနေသောမျက်လုံးများက ထပ်မံရှင်းလင်းလာသည်။ သူက အသက်ကြီး၍ အိုမင်းနေသည့် မျက်နှာပေါက်ရှိသော်လည်း ယခုအချိန်တွင် သူ့ထံမှထွက်ပေါ်လာသော ကိုယ်ရောင်ဝါအရှိန် မှာ သေလုမြောပါးဖြစ်နေသော အဘိုးအိုမျိုးနှင့်မတူပေ။


စူးရွှမ့်ယန်က သူ့လက်အားချိတ်ထားသော လက်တစ်စုံကို တင်းကြပ်စွာဆုပ်ပိုင်ထားကာ သူ့နှလုံးသားထဲတွင် မကြုံစဖူး အလွန်၀မ်းမြောက်နေသည်။ သူက သူ့နာမည်အား မမှတ်မိသော အခြေအနေကြောင့်မဟုတ်ဘဲ ရွှယ်လင်ကသူနှင့်မျှဝေရန် လက်ဦးမှုရယူလိုက်သောကြောင့် ကောင်းမွန်သော အခက်အခဲမျိုးလည်းဖြစ်ပေသည်။

( ဒီနားက e transမှာကိုက ရေးထားတာ နည်းနည်းရှုပ်နေလို့ပါ၊ ရွှယ်လင်က အရင်ဘဝတွေတုန်းက သူ့နာမည်ကို ထုတ်မပြောခဲ့ဘဲ ဒီဘဝရောက်မှ သူ့ဘက်ကစပြီး ရွှယ်လင်ဆိုတဲ့နာမည်ကို စစ်သူကြီးကျန့်ကို စိတ်လိုလက်ရနဲ့ ပြောပြခဲ့တာကို စူးရွှမ့်ယန်က ဝမ်းသာတယ်လို့ ပြောချင်တာမျိုး ထင်ပါတယ် )


သူက ဤလူနှင့်ပထမဆုံးအကြိမ်တွေ့ဆုံခဲ့သည့်အချိန်ကို ပြန်လည်တွေးတောသတိရနေကာကာ စူးရွှမ့်ယန်မျက်လုံးများတွင် ရွှင်မြူးဖွယ်ရာအတိနှင့်ပြည့်နှက်နေသည်။


သူ ထိုသို့ စိတ်ကောင်းဝင်နေသည်မှာ အလွန်ရှားသည်။ သူက မျက်လုံးများကိုပိတ်ပြီးနောက် ကမ္ဘာမှထွက်ခွာသွားပြီး သူမကြုံစဖူး အလွန်ကောင်းမွန်ဝမ်းမြောက်သော စိတ်အခြေအနေတွင် ရှိနေဆဲဖြစ်သည်။


ပထမဦးဆုံးကမ္ဘာသို့ ၀င်ရောက်သောအခါ သူက အရပ်ဆယ်မျက်နှာကမ္ဘာ၏ လှည့်ကွက်ထဲသို့ကျရောက်သွား၍ သူလိုချင်သော ကိုယ်ရေးအချက်အလက်မျိုးမရလိုက်ပေ။ သို့ဖြစ်၍ သူနှင့် ရွှယ်လင်တို့အကြား နားလည်မှုလွဲမှားခြင်းကာလသို့ ဦးတည်သွားသည်။ သူ့စိတ်အခြေအနေကောင်းနေသေးသောကြောင့် အရပ်ဆယ်မျက်နှာကမ္ဘာနှင့်အတူ ဤရမှတ်ကို သူ တဖြည်းဖြည်းချင်း ဖြေရှင်းရလိမ့်မည်။



Arc 5 ends.🦊