၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း
အပိုင်း (၇၆)
ခရိုင်ရေဒီယိုနှင့် ရုပ်မြင်သံကြားအုပ်ချုပ်ရေးဗျူရိုမှ ဌာနပေါင်းစုံအတွက် စားပွဲတင်တင်းနစ်ပြိုင်ပွဲကို စီစဉ်ပေးထားသောကြောင့် ချင်းရို့လည်း ဌာနရဲ့ စားပွဲတင်တင်းနစ်ကစားသမားများနှင့်အတူ ကွမ်ချန်သို့ သွားခဲ့လေသည်။
ဟုတ်တာပေါ့၊ သူမကတော့ ပြိုင်ပွဲမှာ မပါဝင်ခဲ့ပေမယ့် ပြိုင်ပွဲကို တိုက်ရိုက်ထုတ်လွှင့်ရန် ကြေညာသူအဖြစ် သွားရတာလေ။
စားပွဲတင်တင်းနစ်ဟာ လူကြိုက်များသော လှုပ်ရှားမှုတစ်ခုဖြစ်၏။ လွန်ခဲ့တဲ့နှစ်နှစ်အတွင်း လူကြီးလူငယ်အားလုံး စားပွဲတင်တင်းနစ်ပြိုင်ပွဲများတွင် ပါဝင်ဆင်နွှဲခဲ့ကြသလို သူတို့ရဲ့ မိသားစုဝင်တွေတောင်မှ စားပွဲတင်တင်းနစ်အသင်းများကို ဖွဲ့စည်းထားခဲ့ကြသည်။
မူလက အနှီကိစ္စမှာ သူမနှင့် မသက်ဆိုင်သော်လည်း အထက်လူကြီးများက သူမအား ပြိုင်ပွဲကြေညာသူအဖြစ် လိုလားကြ၏။ ဒါရိုက်တာသည်လည်း သူမကို ဒီအခွင့်ကောင်းကို ဆုပ်ကိုင်ထားဖို့ အခွင့်အရေးတစ်ခုပဲလို့တောင် ပြောခဲ့လေသည်။
"မင်း သတင်းစာထဲမှာ ပါနိုင်တယ်!"
ချင်းရို့အတွေး - သတင်းစာထဲမှာ မပါချင်ပါဘူးနော်!
အစတုန်းကတော့ သူမဟာ ဖျော်ဖြေရေးနယ်ပယ်နဲ့ သတင်းစာတွေထဲမှာ မရောနှောချင်ခဲ့ပါချေ။
ဒါပေမယ့် ဒီလိုအခွင့်အရေးကောင်းတစ်ခုဟာ သူမလက်ထဲ ကျရောက်လာတာလေ။ မဆုပ်ကိုင်ထားရင် နည်းနည်းလေးမိုက်မဲရာကြမှာပေါ့။ ဒီအခွင့်အရေးက အရမ်းကို မျက်စိဖမ်းစားဖွယ်ဖြစ်နေတာကို။
ချင်းရို့လည်း သူမရဲ့ ခရီးဆောင်အိတ်တွေကို ထုပ်ပိုးပြီး ကွမ်ချန်သို့ သင်္ဘောဖြင့် လိုက်ပါသွားခဲ့သည်။ သူတို့အားလုံး ငါးယောက်ရှိပြီး သူမအပြင် အခြားပြိုင်ပွဲဝင်လေးဦးဖြစ်ပေသည်။
ထို့အထဲမှ တစ်ယောက်ကတော့ ဝမ်လိချွမ်းပင်။ သူမက ရေဒီယိုအဖွဲ့မှ လူတွေနှင့် စားပွဲတင်တင်းနစ် လေ့ကျင့်နေခဲ့၏။ သူမက ဒီပြိုင်ပွဲမှာ ပါဝင်ခွင့်ရခဲ့၍ အများသုံးစရိတ်နဲ့ ကွမ်ချန်သို့ သွားနိုင်ခဲ့ပြီ။ ချင်းရို့ကို ပြိုင်ပွဲကြေညာသူအဖြစ် ခန့်အပ်ခံရမယ်လို့ ဘယ်သူသိမှာလဲ။
"တချို့လူတွေက တကယ့်ကို ကံကောင်းတယ်နော်။ ငါတို့ကတော့ ပင်ပင်ပန်းပန်း လေ့ကျင့်ရပေမယ့် သူမကတော့ ငါတို့ကို ထိုင်ကြည့်နေပြီးတော့ ပါးစပ်လေးလှုပ်လိုက်ရုံပဲ"
"ငါကျ ဘာလို့များ အဲဒီလိုကံကောင်းမှုမျိုး မရရတာလဲ?"
"ငါ ပြိုင်ပွဲဝင်ဖို့ စာရင်းသွင်းတုန်းကတော့ ငါက အရွေးခံခဲ့ရပေမယ့် တစ်ချို့လူတွေက ကံအကောင်းလွန်နေတာများ"
မူလက ချင်းရို့နှင့် ဝမ်လိချွမ်းတို့ဟာ တစ်ယောက်က နံနက်ခင်းအစီအစဥ်၊ နောက်တစ်ယောက်က နေ့ခင်းအစီအစဥ်ဖြစ်၍ ဆုံခဲကြပေသည်။ ယခုအခါ ဝမ်လိချွမ်းက မွန်းတည့်အထိ တခြားသူတွေနဲ့ လေ့ကျင့်ရန်အတွက် ရေဒီယိုရုပ်သံလွှင့်ဌာနတွင် နေရသဖြင့် နှစ်ယောက်သား တွေ့ဆုံချိန်မှာ ပိုများလာခဲ့သည်။
ချင်းရို့က သူမကို အရမ်းလေးစားမိပါရဲ့။ လူတစ်ယောက်က နေ့တိုင်း 'ကံ'အကြောင်းတွေပဲ ဘယ်လိုလုပ်ပြောနိုင်ရတာလဲနော်။
"အဲဒါ ကံကောင်းလို့မဟုတ်ဘူး၊ အကျင့်စရိုက်ကောင်းလို့လေ"
"မနေ့က ငါ koiငါးအကြောင်း အိပ်မက်မက်ခဲ့တယ်၊ ဒီတော့ koiငါးလိုပဲ ကံကောင်းတာပေါ့ဟယ်"
ချင်းရို့ စကားဆုံးသည်နှင့် ဘူတာရုံမှ လူတော်တော်များများ ရယ်မောသံတွေကို ကြားလိုက်ရသည်။ သူမနဲ့အတူ နေ့လည်ခင်းအစီအစဥ်မှာ ထုတ်လွှင့်နေတဲ့ ကျန်းရွှယ်ချင်းဟာ ဝမ်လိချွမ်းကို သည်းမခံနိုင်တော့ဘဲ "နင် နေ့တိုင်း ချီးလိုကံကောင်းတဲ့အကြောင်းပဲ ပြောနေတာ၊ နည်းနည်းလောက် လျှော့စားနိုင်မလားဟယ်?"
ချင်းရို့က သူမရဲ့ ခရီးဆောင်အိတ်ကို နေရာချကာ ဝမ်းဗိုက်ကို ပွတ်လိုက်မိရင်း သူမ အန်တီမလာတာ တစ်လခွဲကျော်သာရှိသေးသော်လည်း သူမဆီမှာ ကိုယ်ဝန်ရှိနေပြီလို့ သံသယရှိနေခဲ့ပြီ။
သူမနှင့် လုယန်တို့ နှစ်ယောက်လုံးက အစပိုင်းတွင် ကလေးယူရန် အလျင်စလိုမဖြစ်ကြသော်လည်း ရှမင်ရှီး ထွက်သွားပြီးတဲ့နောက် ချင်းရို့က အိမ်မှာနည်းနည်းခြောက်ကပ်နေသလို ခံစားမိပေမယ့် တဖြည်းဖြည်း ကျင့်သားရလာခဲ့ပြီဖြစ်သည်။
လုယန် ပင်လယ်သို့ မသွားခင်တွင် သူက ခွဲခွာဖို့ အနည်းငယ်တွန့်ဆုတ်နေခဲ့သဖြင့် ရလဒ်အနေနဲ့ *အဲဒါဟာ မတော်တဆ စုတ်ပြဲသွားခဲ့သည်။ ချင်းရို့လည်း မတတ်နိုင်ဘဲ လက်ခံနိုင်ခဲ့ရုံသာ။ ထိုအရာကို စွန့်ပစ်လိုက်ရပြီး ထိုသို့သော အရေးကြီးတဲ့အခိုက်အတန့်မှာ တစ်ခုပဲ ကျန်တော့တာလေ။
(*အဲဒါ means cond*m)
ညလယ်ကြီး တခြားတစ်ယောက်ရဲ့ အိမ်မှာ သွားတောင်းလို့လည်း မရဘူးလေနော်။
သူမရဲ့ တွက်ချက်မှုအရဆို ထိုအချိန်ဟာ သူမရဲ့ ဘေးကင်းကာလအတွင်းဖြစ်တာမို့ ဘေးကင်းအစီအမံတွေကို မလုပ်ဆောင်ခဲ့မိချေ။
ချင်းရို့လည်း မတော်တဆမှုတစ်ခု ဖြစ်မလာနိုင်ပါဘူးလို့ ခန့်မှန်းခဲ့သည်။ သူမ ကိုယ်ဝန်ရသွားခဲ့ရင်လည်း ကလေးမွေးမည်ပင်။ သူမက ကလေးယူတာကို ငြင်းပယ်ခြင်းမရှိပါချေ။ သို့သော် အဓိကအကြောင်းရင်းမှာ လုယန်က အချိန်ကာလတစ်ခုအထိ "သားသမီးမရှိသော" ဘဝကို နေထိုင်လိုသောကြောင့်ပင်။
သူတို့နှစ်ဦးလက်ထပ်ပြီးသည်နှင့် ကလေးနှစ်ယောက်ကို ခေါ်ခဲ့သည်ဖြစ်ရာ ကလေးတွေကလည်း အမှန်တကယ် လေထုကို အသက်ဝင်စေခဲ့သော်လည်း ရဲဘော်ရှောင်လုကတော့ ကြင်စဦးသီးသန့်ကမ္ဘာလေးကို အလိုရှိခဲ့လေသည်။
ချင်းရို့ အရင်တုန်းက အနှီကိစ္စကို လုယန်နဲ့ ဆွေးနွေးခဲ့ဖူးသည်။ သူမရဲ့ အစ်မဖြစ်သူရောက်လာတဲ့အခါ ကျင်းရိလေးဟာ သဘာဝကျကျပင် သူ့မိဘတွေနှင့်အတူ နေထိုင်ရမည်ဖြစ်သည်။ ထို့နောက် သူတို့နှစ်ယောက်က တစ်နှစ်လောက် ချိုမြိန်တဲ့ အိမ်ထောင်ရေးဘဝကို မွေ့လျော်ပြီးနောက်မှ ကလေးယူရန် စီစဉ်ထားခဲ့ကြသည်။
လုယန်ဟာ ချင်းရို့ရဲ့ အစ်မဖြစ်သူမိသားစု ကျွန်းကို လာမယ်ဆိုတာကို သိလိုက်ရတော့ သူ့စိတ်ကူးထဲက နှစ်ယောက်တည်း သီးသန့်ကမ္ဘာကြီး ရောက်လာတော့မည်ဖြစ်၍ ရက်အနည်းငယ်ကြာအောင် ပျော်ရွှင်နေခဲ့လေသည်။
ချင်းရို့လည်း ဒီရူးကြောင်ကြောင်လူဟာ ဘာမဟုတ်တာလေးနဲ့ ပျော်ရွှင်နေနိုင်တာပဲလို့ ခံစားမိလျက်။
- သူတို့ရဲ့ သီးသန့်ကမ္ဘာလေးဟာ အိပ်မက်တစ်ခုပင်။
ကလေးက ပဲပင်ပေါက်သေးသေးလေးသာ ဖြစ်သော်လည်း အိမ်ကို သီးသန့်ကမ္ဘာအဖြစ် သတ်မှတ်လို့မရနိုင်ဘူးလေ။
အဲဒါကိုပြောရရင်တော့ ချင်းရို့ကိုယ်၌လည်း ထူးဆန်းသလို ခံစားခဲ့ရ၏။ သူမဟာ ယခင်က ကိုယ်ဝန်မဆောင်ခဲ့ဖူးသလို ကိုယ်ပိုင်အတွေ့အကြုံလည်း မရှိခဲ့ပေ။
အမျိုးသမီးအများစုဟာ သူတို့ရဲ့ကိုယ်ဝန်ကို လအနည်းငယ်ကြာ သတိမထားမိကြဘူးဆိုတဲ့ သတင်းများစွာကို သူမမြင်တွေ့ခဲ့ဖူးပေသည်။ သို့သော် သူမကတော့ တစ်လခွဲအကြာမှာပဲ သူမဆီမှာ ကိုယ်ဝန်ရှိနေတယ်လို့ သံသယရှိနေခဲ့ပြီ။
သူမရဲ့ စိတ်ကူးယဥ်မှုပဲလား။
ချင်းရို့က သူမပတ်ဝန်းကျင်ရှိလူတွေကို မပြောပြဝံ့ပါချေ။ ပြီးခဲ့တဲ့အပတ်က ချင်းရို့က အစ်မဟွမ်ကို တစ်ခါမေးမြန်းခဲ့ပေမယ့် သူမဆီက ကလေးမွေးဖို့အကြောင်း နောက်တစ်ဖန် ဆွဲဆောင်ခံရပြန်လေ၏။
ဒီလိုကိစ္စမျိုးဟာ ပြောဖို့ခက်သည်ပင်။ ချင်းရို့သည် သူမဆီမှာ ကိုယ်ဝန်ရှိနိုင်တယ်ဆိုတာ သိရှိပြီးတဲ့နောက် သူမရဲ့အစားအသောက်ကို အာရုံစိုက်လာသလို အနားယူချိန်ကိုလည်း သေချာသတ်မှတ်ခဲ့သည်။ ကွမ်ချန်သို့ သွားရမယ့်တာဝန်က သူမအပေါ်မကျခဲ့ဘူးဆိုရင်တော့ သူမလည်း မသွားချင်ပါချေ။
သူတို့အဖွဲ့က ကွမ်ချန်သို့ သွားနေစဉ် ချင်းရို့က သင်္ဘောပေါ်တွင် အလွန်အမင်း အော့အန်ခဲ့၍ အခြားလူများကို ထိတ်လန့်စေခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူတို့ထွက်ခွာမည့်အချိန်ဟာ ညဘက်ဖြစ်တာကြောင့် ချင်းရို့ အန်ပြီးသည်နဲ့ တစ်ခုခုစားပြီး အိပ်ပျော်သွားတော့သည်။
ဝမ်လိချွမ်းက ချင်းရို့ကို ဒီလိုပုံစံမြင်ရတဲ့အခါ သူမက အမှောင်ထဲမှာ ပုန်းနေခဲ့ပြီး သူမရဲ့ လုပ်ဖော်ကိုင်ဖက် သုန်ဝမ့်ဟွာနဲ့ ပျော်ရွှင်စွာဖြင့် "သူမက ကံကောင်းတယ်လို့ ပြောနေပေမယ့် ဒီလိုမျိူး အန်နေတဲ့အချိန် သူမရဲ့ကံတရားက ဘယ်ရောက်သွားတာလဲနော်။ ကွမ်ချန်ကို ရောက်တဲ့အချိန်ကျ သူမသေမသွားဖို့ပဲ စောင့်ကြည့်ရမှာဟယ်"
ဝမ်လိချွမ်း လွန်စွာပျော်ရွှင်နေလျက်။ သူမ မကြာသေးမီက သူမနှင့် တင်းနစ်ကစားဖော်ဖြစ်တဲ့ အခြားကြေညာသူဆီက သူမနဲ့ ချင်းရို့နှစ်ယောက်စလုံးက သုံးလကြာစမ်းသပ်ကာလတွင် ရှိနေသေးကြောင်း သိရှိခဲ့ရသည်။ စမ်းသပ်ကာလ၌ မအောင်မြင်ပါက အလုပ်ပြုတ်သွားနိုင်သည်လေ။
ယေဘုယျအားဖြင့်ပြောရလျှင် အခြားပြဿနာကြီးကြီးမားမားမရှိပါက သူတို့နှစ်ယောက်စလုံး စမ်းသပ်ကာလကို ကျော်ဖြတ်နိုင်ပေသည်။
သို့ရာတွင် ဝမ်လိချွမ်းကတော့ ဒါကို မကျေနပ်ဘဲ ချင်းရို့ စမ်းသပ်ကာလကို မအောင်မြင်ဖို့ မျှော်လင့်နေလျက်။ ချင်းရို့သာ မအောင်မြင်ခဲ့ရင် သူမ(WLC)က သူမ(QR)နေရာကို ရမှာမဟုတ်လားနော်။
ထို့ကြောင့် ယခင်ကတည်းက နည်းလမ်းတစ်ချို့ကို စဥ်းစားနေခဲ့သော်လည်း စဥ်းစားလို့မရနိုင်သေး။ သို့သော် ယခုတော့ သူမ အကြံတစ်ခုရခဲ့ချေပြီ။ "သုန်ဝမ့်ဟွာရေ ချင်းရို့သာ ဒီထုတ်လွှင့်မှုကို ရှုပ်ထွေးစေခဲ့ရင် သူမ အကဲဖြတ်မှု ကျရှုံးမယ်မဟုတ်လား?"
သုန်ဝမ့်ဟွာနဲ့ ဝမ်လိချွမ်းတို့က ဤအတောအတွင်းတွင် အဆင်ပြေတဲ့ဆက်ဆံရေးရှိခဲ့ကြ၍ သုန်ဝမ့်ဟွာက သူမအား အကဲဖြတ်မှုအကြောင်း ပြောပြထားခဲ့သည်ပင်။ "ထုတ်လွှင့်မှု အမှားအယွင်းတစ်ခု ဒါမှမဟုတ် နှစ်ခုပဲ ဆိုရင်တော့ သူမ တာဝန်ကြီးကြီးယူစရာမလိုဘူး..."
"ဒါဆို ငါ သူမကို အကဲဖြတ်မှုကျရှုံးအောင် ဘယ်လိုလုပ်ရမလဲ?"
"သူမကို ထိခိုက်စေမယ့် ပြဿနာတွေက နိုင်ငံရေးခံယူချက်နဲ့ ပုဂ္ဂိုလ်ရေးအပြုအမူတွေပဲဖြစ်မှာ။ သူမလည်း တပ်မတော်မိသားစုဝင်တစ်ဦးဆိုတော့ တခြားပြဿနာတွေက ကြီးကြီးမားမားတော့ မဟုတ်ဘူးလေ..."
"သူမရဲ့ ယောက်ျားက မကြာခဏဆိုသလို အိမ်နဲ့ ဝေးကွာနေတာ၊ အခုဆို လဝက်ကျော်နေပြီလေ။ သူမ တစ်ယောက်တည်း အထီးကျန်တာကို သည်းမခံနိုင်တော့လို့ တခြားယောကျ်ားတွေနဲ့ ပေါင်းသင်းနေတယ်ဆိုရင် ဒါက စရိုက်မကောင်းဘူးလို့ ပြောလို့ရတယ်မလား"
"မဟုတ်တာတွေ လျှောက်မပြောနဲ့"
"ငါ မဟုတ်တာတွေ ပြောနေတာ မဟုတ်ဘူးလေ။ ချင်းရို့က ညုတုတုမိန်းမပဲဟာ။ သူ့မျက်လုံးတွေကို ကြည့်ပါလား၊ ဘူတာရုံက လူငယ်လေးတွေ စွဲလန်းအောင်လို့ ဖြားယောင်းနေတာလေ"
"ငါ့ကိုပြော တကယ်လို့ ကွမ်ချန်မှာ ငါ ဒုတိယတန်းစားယောက်ျားတစ်ယောက်ကိုရှာပြီး သူမကို ပေးလိုက်ရင်..."
"ငါ မင်းကို ဆက်မပြောဖို့ သတိပေးလိုက်မယ်"
ဝမ်လိချွမ်းနှင့် သုန်ဝမ့်ဟွာတို့ နှစ်ယောက်စလုံး ခေတ္တမျှ အံ့အားသင့်သွားကြရလျက်။ သူတို့ကို စကားပြောလာတဲ့ အသံပိုင်ရှင်မှာ လူစိမ်းတစ်ယောက်ပင်။
နှစ်ယောက်သား ခေါင်းလှည့်ကြည့်လိုက်တဲ့အခါ လက်နှိပ်ဓာတ်မီး ကိုင်ထားတဲ့ သင်္ဘောသားတစ်ဦးဖြစ်နေတာ တွေ့လိုက်ရ၏။
ဝမ်လိချွမ်းနှင့် သုန်ဝမ့်ဟွာတို့လည်း ချက်ချင်းပင် စိတ်သက်သာရာရသွားလျက်။ ဝမ်လိချွမ်းက ဘာမှကြောက်စရာမရှိ၍ လှောင်ပြောင်လိုက်၏။ အကယ်၍ ချင်းရို့က သူမပြောတာတွေကို ကြားတယ်ဆိုရင်တောင်မှ သူတို့ဝန်မခံခဲ့ရင် သူမကို ဘယ်သူကများ ယုံကြည်မှာလဲနော်။
သူတို့နှစ်ယောက်ရဲ့ စကားတွေကို သင်္ဘောပေါ်ကလူ ကြားသွားတယ်ဆိုတာ ဘယ်သူသိမှာတုန်း။
ယေဘုယျအားဖြင့် နယ်စပ်ကို တရားမဝင်ဖြတ်ကျော်လာသူတို့အား တားဆီးဖို့အတွက် သင်္ဘောပေါ်တွင် လုံခြုံရေးပစ္စည်းတွေနှင့် လုံခြုံရေးဝန်ထမ်းတွေ ထားရှိခြင်းပင်။
"မင်းတို့နှစ်ယောက်စလုံး ပြစ်မှုကျူးလွန်တယ်လို့ သံသယရှိတယ်"
"ငါတို့မလုပ်ပါဘူး၊ ငါတို့ စကားစမြည်ပြောနေရုံပဲ"
"ခုနက မင်းတို့နှစ်ယောက် ပြောခဲ့တဲ့စကားတွေကို သင်္ဘောရဲ့ အသံဖမ်းစက်တိပ်ပေါ်မှာ မှတ်တမ်းတင်ထားပြီးပြီ"
"မင်းတို့နှစ်ယောက် သင်္ဘောပေါ်က တပ်မတော်မိသားစုဝင်တွေကို စော်ကားတဲ့အခါ သင်္ဘောသားတွေလည်း စစ်တပ်က စစ်မှုထမ်းဟောင်းတွေပဲလို့ မင်း ဘယ်တုန်းကမှ မထင်ခဲ့ဘူးလား?"
Thanks for reading!