Chapter 117
Viewers 3k

🦊Arc 8 - အမှားယွင်းဆုံး အမျိုးသားဇာတ်ဆောင်Chapter 117


8.9 - ဘယ်လိုစတင်ရမှန်းမသိတဲ့ ခံစားချက်ကို သူကြုံတွေ့လိုက်ရပြီ



ရှင်းယွဲ့တောင်သည် ယန်ရှန်းအခြေစိုက်စခန်း၏ တောင်ဘက်တွင်ရှိသည်။ မြို့နှင့် လမ်းဆုံလမ်းခွတစ်ခုသာ ဝေးသောကြောင့် ချူးဟန်နှင့် တခြားသူများက အရင်တစ်ခေါက်က လာလည်ခဲ့ကြဖူးသည်။ ထိုအဖွဲ့က တစ်နေ့လုံးကြာသည်အထိ မောင်းနှင်လာခဲ့ပြီး နောက်ဆုံးတောင်ခြေသို့ ရောက်လာသောအခါ ရပ်တန့်လိုက်ကြသည်။ 


ယာယီစခန်းဖွင့်ရန် နေရာကို ရွေးချယ်ပြီးနောက် စွမ်းရည်အသုံးပြုသူများအဖွဲ့က ယာယီစခန်းချရာတွင် ပြသနာမရှိစေရန်အတွက် အနီးတစ်ဝိုက်ကို သေချာလိုက်ကြည့်နေကြသည်။ ထို့နောက် ညဘက်အနားယူရန်အတွက် ပြင်ဆင်လိုက်ကြ၏။


သူတို့ ဤနေရာသို့ လာသောလမ်းတွင် ယခုလအတောအတွင်း မည်သည်တို့ကို လုပ်ရန် လိုအပ်သည်အား ရှင်းရှင်းလင်းလင်း ပြောပြပြီးသားပင်။ ယခုလအတောအတွင်း သူတို့သည် ရှင်းယွဲ့တောင်နှင့်သက်ဆိုင်သည့် ကြေးစားတာဝန်မှန်သမျှကို လက်ခံမည်ဖြစ်ပြီး တောင်ပေါ်တွင် ပြန့်ကျဲနေသောအသင်းများကို တာဝန်များ ပြန်ပေးအပ်သည်။ သူတို့၏ ကိုယ်ပိုင်တာဝန်များကို ပြီးဆုံးအောင် ပြုလုပ်ရန် တာဝန်ရှိလေသည်။ ရွှယ်လင်က ပြီးမြောက်မှုများကို စစ်ဆေးရန်နှင့် သူတို့ကို သင်ကြားထောက်ပံ့ပေးကာ သူတို့၏ စွမ်းရည်များကို လမ်းညွှန်ပြသရန် တာဝန်ရှိသည်။


ကြေးစားတပ်ဖွဲ့က သူတို့၏ တာဝန်တစ်ခု ပြီးဆုံးတိုင်း အမြတ်၏တစ်ရာခိုင်နှုန်းကို ယူမည်ပင်။ ထို့ပြင် အမြတ်ကို အသင်းတစ်ခုချင်းစီ၏ ပြီးမြောက်မှုအရ သတ်မှတ်မည်ဖြစ်သည်။ တစ်စုံတစ်ယောက်က အလုပ်ကြိုးစားလျှင် ကောင်းကောင်းစားနိုင်မည်ဆိုသည့်သဘောနှင့် တူညီသည်။ 


ထိုလအတောအတွင်း တောင်ခြေစခန်းက အသင်းတစ်သင်းချင်းစီအတွက် လုံလောက်သော ပစ္စည်းများနှင့် လိုအပ်မှုများကို ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ သူတို့ ပစ္စည်းကိရိယာများ လိုအပ်လာတိုင်း တောင်အောက်သို့ ဆင်းလာနိုင်ပြီး ဒဏ်ရာရလာပါကလည်း ထိုနေရာတွင် ကုသနိုင်သည်ပင်။ 


နှစ်ရက်မျှ အလုပ်ကြိုးစားပြီးနောက် နှင်းမြေခွေးကြေးစားတပ်တွင် အသစ်ခန့်အပ်ထားသော အဖွဲ့ဝင်များက တောင်ပေါ်သို့ တက်သွားကြတော့သည်။ ရွှယ်လင်က ကားအသစ်၏နောက်တွဲပေါ်တွင် အကြောင်းမဲ့သက်သက် ပျင်းရိစွာဖြင့် ဆန့်ဆန့်ကြီးလှဲလျောင်းနေလေသည်။


ကမ္ဘာပျက်ပြီးသည်မှာ တစ်နှစ်ကြာပြီဖြစ်ပြီး အစပိုင်း ထိတ်လန့်ကြောက်ရွံ့မှုများ ပြီးဆုံးသွားပြီးနောက် စွမ်းရည်သုံးစွဲသူများက ကမ္ဘာပျက်ကပ်မတိုင်ခင်တည်းက ပစ္စည်းအများအပြားကို ယူခဲ့သည်။ အဆင့်နိမ့်သော စွမ်းရည်သုံးစွဲသူအချို့က သူတို့၏ ရှင်သန်ရေးအတွက် မူလအလုပ်များကို ပြန်လည် စတင်လုပ်ကိုင်နေကြတော့သည်။ အော်တိုမိုဘိုင်း စက်ရုံများကလည်း သူတို့၏အလုပ်များကို ပြန်လုပ်ကြတော့သည်။ 


ကားများကို ကမ္ဘာပျက်ကပ်မတိုင်မီကကဲ့သို့ အဆင့်မှီအောင် တည်ဆောက်ရန်မှာ မဖြစ်နိုင်ပေ။ ကြေးစားအသင်းအများစုက မြို့ပြဒေသအသီးသီးသို့သွားကာ သူတို့ အသုံးပြုနိုင်မည့်ပစ္စည်းများကို ရှာခဲ့ကြသည်။ ထို့နောက် သူတို့လိုချင်သည်များကို ယူခဲ့ကြပြီး ရောင်းစားရန် သယ်ယူလာကြသည်။ ထိုနည်းဖြင့် ပို၍ဈေးသက်သာ၏။ အဖွဲ့များက ဖွံ့ဖြိုးတိုးတက်နေချိန်တွင် ထိုကဲ့သို့ အခြေခံပစ္စည်းများကို လိုအပ်လာသည်နှင့်အမျှ လူများက ၎င်းတို့ကို ပို၍ဝယ်ချင်လာကြသည်။ အကယ်၍ ချူးဟန်နှင့်သူ၏အသင်းသာ ယန်ရှန်း အခြေစိုက်စခန်းတွင် အကြာကြီးမနေခဲ့ပါက သူတို့လည်း ထိုပစ္စည်းများကို ဝယ်ရန်နည်းလမ်းပင် ရှာမတွေ့နိုင်လောက်ပေ။


"မင်း ဘာလုပ်ဖို့ စီစဥ်ထားလဲ..." ရွှယ်လင်က ထိုနှစ်ရက်တွင် အလုပ်ရှုပ်နေခဲ့ပြီး ထိုယောင်္ကျားကလည်း ပြသနာရှာရန် ထွက်မလာခဲ့ပေ။ အချိန်အများစုတွင် ထိုလူက ရွှယ်လင်ကို တိတ်တဆိတ်သာ ကြည့်နေခဲ့သည်။ အကယ်၍ ရွှယ်လင် သူ့ကိုပြန်လှည့်ကြည့်လိုက်လျှင် သူ့စိတ်အခြေအနေက ပို၍ကောင်းသွားလိမ့်မည်ဖြစ်သည်။ 


ရွှယ်လင် လက်ထဲမှချောကလက်ချောင်းကို စားတော့မည့်အချိန်တွင် ရွှင်ယွိ၏စကားများကို ကြားသည့်အခါ လှည့်ကြည့်ပြီး ပြောလိုက်မိသည်။ 


" ဘာမှလုပ်ဖို့ မစီစဥ်ထားဘူး ကျွန်တော် သူတို့ကို စွမ်းရည်တချို့ သင်ကြားပေးမလို့ ကြေးစားတပ်ဖွဲ့အတွက် ငွေကြေးစီးဆင်းမှုက ပျက်လို့ မဖြစ်တဲ့အတွက် ဒီလ ရန်ပုံငွေကို ရှာဖို့ပဲ အဓိက စီစဥ်ထားတယ်" 


သူ့စကားများအတွက် ပို၍ ရိုးရှင်းသောရှင်းလင်းချက်မှာ သူ ပြောထားသည့် သင်ကြားပို့ချပေးမည်ဆိုသည်က ကာဗာ တစ်ခုသာသာဟုပင်။ သူက ထိုသူတို့ကို ပိုက်ဆံအတွက် အသုံးချနေခြင်းသာဖြစ်သည်။


ရွှင်ယွိ အကူအညီမဲ့သလို ခံစားလိုက်ရသည်။ သူ့တွင် တစ်ဖက်လူကိုပေးရန် ပိုက်ဆံအများအပြားရှိသော်လည်း သူ၏အကြောင်းမဲ့ ယဥ်ကျေးပျူငှာမှုကြောင့် ကန်ထုတ်ခံရနိုင်ဖွယ်ရှိသည်။ 


"အိုး ဟုတ်သားပဲ" ရွှယ်လင်က သူ အမြဲတမ်း မေးချင်နေသောအရာတစ်ခုကို သတိရသွားသည်။


 " ခင်ဗျားမှာ စွမ်းရည်ဘယ်နှစ်မျိုး ရှိလဲ... အရင်က ကျွန်တော်တို့ အစမ်းလေ့ကျင့်တုန်းက ခင်ဗျား စွမ်းရည် သုံးမျိုး၊လေးမျိုးလောက် သုံးခဲ့တယ်လေ"


"အကုန်လုံးပဲ" ပုံမှန်ဆိုလျှင် မည်သူမျှ ထိုကဲ့သို့သောအမှန်တရားကို ထုတ်ပြောမည် မဟုတ်ပေ။ သို့သော် ရွှင်ယွိက ရွှယ်လင်ကို တွေဝေခြင်းမရှိ ပြောပြခဲ့သည်။ 


" အရင်က ကိုယ့်ရဲ့ နယ်ပယ်ထဲမှာ ပေါ်လာသမျှ စွမ်းရည်ကို ကိုယ်သုံးလို့ရတယ်"


ရွှယ်လင် : "..." ဒီလူက တကယ်ကို ပလက်ဂ်အင်တစ်ယောက် ထပ်ဖြစ်နေပြန်ပြီ။


ထိုလူ၏စကားများက နားလည်ရန် မခက်ခဲပေ။ သူ့အဓိပ္ပာယ်မှာ 'ကိုယ့်နယ်ပယ်ထဲမှာပေါ်လာသမျှ စွမ်းရည်တိုင်း ကိုယ် သုံးလို့ရတယ်'ဟုပင်။


"ခင်ဗျား အဲ့နေ့က စွမ်းရည်သုံးမျိုးကို သုံးခဲ့တယ်" စွမ်းရည်နှင့်ပက်သတ်သော အရာများအကြောင်း ရောက်လာသည့်အခါ ထိုလူက သူ ရွှယ်လင်ကို ပြောပြရန် အချက်အနည်းငယ် ကျန်နေသေးကြောင်း သတိရလိုက်သည်။ 


" မီး၊ရေခဲနဲ့ မိုးကြိုးတွေလေ မိုးကြိုးနဲ့ မီးက တစ်ခုကိုတစ်ခု ထောက်ပံ့ပေးတယ် ဒါပေမဲ့ ရေခဲစွမ်းရည်ကတော့ မမျှော်လင့်ထားမိခဲ့ဘူး"


ရွှယ်လင် ပျင်းရိစွာ ပြောလိုက်သည်။ " အင်း ကျွန်တော်လည်း ဘာတွေဖြစ်နေမှန်း မသိတော့ဘူး" 


သူက ယခုအချိန်အထိ အမြှီးသုံးခုကိုသာ ရှာတွေ့သေးသောကြောင့် စွမ်းရည်သုံးမျိုး အသုံးပြုနိုင်ခြင်းက ဘာမှမှားမနေပေ။ သူ့မိသားစု၏အကူစနစ်က သူ့ကို စည်းကမ်းတင်းကျပ်ထားသည်။ မဟုတ်ပါက သူက သူ့ကိုယ်သူ စွမ်းရည်အမျိုးအစားတွေအားလုံး ပေးလိုက်ပြီး ကစားနေမည်ပင်။ သူတို့က အရာအားလုံးမှာ တော်နိုင်သည့်အချိန် မည်သူက ခက်ခဲကြမ်းတမ်းသောအရာတွေသာရှိသည့် ဇာတ်လိုက်အမျိုးသားဖြစ်ချင်မည်လဲ... ။" ဒါပေမဲ့ ကိုယ် အခုချိန်မှာ တော်တော်လေး လိုက်လျောညီထွေ ဖြစ်နေပါပြီ"


သူတို့ စခန်း၌စကားကောင်းနေချိန်တွင် အသင်းများထဲမှ တစ်သင်းက တခြားလူတစ်ယောက်နှင့် ပူးပေါင်းလိုက်လေသည်။ 


ဟယ့်ယန်က နှုတ်ခမ်းကိုတွန့်ကွေး၍ အသင်း၏ ခေါင်းဆောင်ကို နှုတ်ဆက်လိုက်ပြီးနောက် အသင်းသားများကို ဖက်လိုက်သည်။ 


" ခင်ဗျားအတွက် ပြသနာဖြစ်သွားစေမိတာ တောင်းပန်ပါတယ်ဗျာ ခင်ဗျားတို့က ကျွန်တော့်ကို တောင်ပေါ်ကိုတောင် ခေါ်လာပေးခဲ့တယ်"


"ရပါတယ် ကျွန်တော်တို့က ဒီကတောင်တွေ၊ သစ်တောတွေပေါ်မှာ ကျွန်တော်တို့ရဲ့ တာဝန်တွေကို လုပ်ဖို့ လာရမှာပဲလေ" အသင်းခေါင်းဆောင်၏ မျက်နှာက နီရဲနေပြီး ဟယ့်ယန်ကို ယဥ်ယဥ်ကျေးကျေး ပြောနေသည်။ 


" ကြေးစားတပ်ဖွဲ့ရဲ့ခေါင်းဆောင်နဲ့ ပြင်ပအကူသမားက တောင်ခြေမှာလေ မင်း သူတို့ကို ရှာနေတာဆိုရင် အဲ့ဒီကို သွားလို့ရတယ်"


"မလိုအပ်ပါဘူး ကျွန်တော်က ခင်ဗျားတို့နဲ့ အတူ ခရီးသွားမှာလို့ ကျွန်တော် ပြောပြီးသားပဲ..." ဟယ့်ယန် ပုံစံက အနည်းငယ် အထီးကျန်နေသယောင်ရှိ၏။ " အစ်ကိုကြီးဟန်က ကျွန်တော့်ကို သတိထားမိတဲ့အထိ  ကျွန်တော်က ဒီတစ်ကြိမ် အကောင်းဆုံးလုပ်ဖို့ ကြိုးစားပါ့မယ် သူကတော့ ကျွန်တော့်ကို အသုံးမဝင်ဘူးလို့ တွေးနေပြီး ကျွန်တော့်ကို လိုချင်တော့မှာ မဟုတ်ဘူး ဒါပေမဲ့ ကျွန်တော် ခင်ဗျားကို ကျိန်းသေ ကူညီပေးမှာပါ"


အဖွဲ့က သူ့ကိုယုံကြည်ဟန်ပင်။ သူတို့က ခေါင်းငြိမ့်ပြီး သူ့ကို သူတို့နောက် လိုက်ခွင့်ပြုလိုက်သည်။


ဟယ့်ယန်သည် တစ်ချိန်က ချူးဟန်၏ စေ့စပ်ထားသူ ဖြစ်ခဲ့ဖူးကြောင်း လူအများစုက သိကြသည်။ သူတို့က ဆက်၍ပက်သတ်ဆက်နွယ်မှု မရှိတော့ကြောင်း ချူးဟန်က ပြောခဲ့သော်လည်း လူအများစုက သူတို့ကြားတွင် ပြသနာတချို့ ရှိသောကြောင့်ဖြစ်ပြီး ချူးဟန်က ဟယ့်ယန်ကို ကာကွယ်ပေးလိမ့်ဦးမည်ဟု ထင်နေကြသည်။ ထို့ကြောင့်သာ ဒီတစ်ကြိမ် ဟယ့်ယန်က အသင်းထဲသို့ တိတ်တဆိတ် ခိုးဝင်ခွင့်ရခဲ့သည်ပင်။ 


အကူစနစ်က ရွှယ်လင်ကို ဟယ့်ယန်၏ ထိုကိစ္စ အလုံးစုံကို ပြသခဲ့သောကြောင့် ထိုကောင် သေခြင်းတရားကို ရှာဖွေနေခြင်းအား မြင်တွေ့ရလေသည်။ ဟယ့်ယန် ဦးတည်သွားသောနေရာမှာ တောင်ပေါ်ရှိ တောနက်ဖြစ်သည်။ ထိုနေရာက ဇွန်ဘီသားရဲအမ သားပေါက်သောနေရာဖြစ်သည်။ အကယ်၍ သူသာ သားရဲအမ၏ကလေးကို ခိုးယူခြင်း သို့မဟုတ် သတ်ဖြတ်ခြင်း ပြုလုပ်ခဲ့ပါက ဇွန်ဘီအမေကြီးက သောင်းကျန်းလိမ့်မည်ဖြစ်သည်။ ထိုနေရာတွင် ဇွန်ဘီသားရဲအသိုက်ကြီးရှိပြီး သူတို့ စတင်သောင်းကျန်းပါက ဇွန်ဘီသားရဲများက သွေးရူးသွေးတန်းဖြစ်သွားလိမ့်မည်။ 


ထိုအချိန်တွင် ဇွန်ဘီသားရဲအုပ်ဒီရေကို ဦးတည်သွားစေလိမ့်မည်။ ရွှယ်လင် တောင်ပေါ်သို့ ခေါ်လာသောလူများက အလွန်တော်နေမှသာ ရှင်သန်နိုင်မည်ပင်။ချူးဟန်နှင့်ပတ်သက်သမျှ ဆက်ဆံရေးအားလုံးကို သူဖြတ်တောက်ပစ်ရန် ဆုံးဖြတ်ခဲ့သည်။ အခြေအနေများက ယခု အခြေအနေထိပင် ရောက်နေပြီဖြစ်ပြီး အနာဂတ်တွင် ပို၍သန်မာလာသော ချူးဟန်ကို ရှောင်ရှားရန်အတွက် သူက ချူးဟန်မတိုးတက်လာခင် သတ်ပစ်ရန်သာ ရွေးချယ်နိုင်သည်။ 


သူသိသလောက်ဆိုလျှင် ချူးဟန်က S အဆင့် စွမ်းရည်အသုံးပြုသူတစ်ဦးဖြစ်ပြီး ယခုအချိန်အတောအတွင်း အဆင့်မြင့် ဇွန်ဘီသားရဲများနှင့် ရင်ဆိုင်ရန်မှာ မဖြစ်နိုင်ပေ။ သူ့အတွက်မူ သူ့ခန္ဓာကိုယ်ထဲတွင် အကူစနစ်ရှိသည့်အတွက် သူ့ကို မမြင်နိုင်ပါက မည်သူမျှ သူ့ကို သတိပြုမိမည်မဟုတ်ပေ။ 


ဇွန်ဘီသားရဲဘုရင်အတွက်တော့...


"အကူစနစ် သူ ငါ့ကို ချစ်မိလာမယ်ဆိုတာ ဖြစ်နိုင်ပါ့မလား..." သူ မည်မျှတွေးနေစေကာမူ ထိုကဲ့သို့ရလဒ်မျိုးက စိတ်ကသိကအောက် ဖြစ်စေသည်။ 


" အဲ့လိုရွံစရာကောင်းတဲ့အရာက ငါ့ကို ချစ်မိသွားတာကို ငါ လုံးဝ မလိုချင်ဘူး"


" host ဘာမှ စိတ်ပူစရာမလိုပါဘူး သူက host ကို ချစ်မိသွားရင် host သူ့ကို သေလို့ပြောရင်တောင် သူက တုံ့ဆိုင်းနေမှာမဟုတ်ဘူး အဲ့အချိန်ကျရင် ကမ္ဘာကြီးကို ပြန်ထူထောင်ဖို့နည်းလမ်းက မူလကထက် ပိုချောမွေ့သွားလိမ့်မယ် အဆုံးမှာတော့ သူက ဒီကမ္ဘာမှာ စွမ်းအားအကြီးဆုံးလူပဲလေ သူသာ အလိုရှိရင် ဇွန်ဘီတွေအကုန်လုံးကို 'သေလိုက်'ဆိုပြီး အမိန့်ပေးလို့ရတယ်"


ဟယ့်ယန်၏မျက်၀န်းများက တောက်ပသွားပြီး အံ့အားသင့်စွာ ပြောလိုက်မိသည်။ " အဲ့လိုလည်း ရတယ်လား?"


"ဟုတ်တယ်... host က အရမ်းချောတယ်လေ ချူးဟန်ရဲ့ဦးနှောက်က ပြသနာရှိနေလို့ hostကို လျစ်လျူရှူတာ သူက အရမ်းသေချင်နေတော့ ကျွန်တော်တို့က သူ့ကို အဲ့လမ်းပို့ပေးရမှာပေါ့"


"ကောင်းတယ်..."


ရွှယ်လင်က သူ့မိသားစုအကူစနစ်လေး ပြသည့် ဇာတ်လိုက်နှင့်သူ့အကူစနစ်တို့၏ လဝက်စာလောက်ရှိသည့် စကားများကို ကြည့်နေရင်း သူ့အနားတွင် လှည့်ပတ်နေသော မြေခွေးလေးကို မေးလိုက်သည်။ " ဟယ့်ယန်ရဲ့ အကူစနစ်က ကမ္ဘာပျက်ကပ်မှာ တန်ပြန် တိုက်ခိုက်တဲ့ စနစ်လား?"


"အမှန်ပဲ တန်ပြန်တိုက်ခိုက်တယ်ဆိုတဲ့ ခံစားချက်မျိုးကိုရစေလို့ ပြောတာမလား..." မြေခွေးငယ်လေးက သူ့နားရွက်ကိုခါ၍ သူ့ host ကို စိတ်ရှုပ်ထွေးစွာ ပြောလိုက်သည်။


 " ဇာတ်လိုက်ရဲ့ IQတောင်မှ သူ့ကြောင့် လမ်းမှားသွားပြီ"


"ငါ ထင်တာတော့ အဲ့တာက သူ့ရဲ့ IQ ပါပဲ လမ်းမှားမှား၊ မမှားမှား အရေးမကြီးပါဘူး?"


"..."


"သူတို့က ငါ့ကို စွန့်ပစ်ပြီး ငါ့အစား ရွှင်ယွိဆီ သွားတော့မှာလား?"


"Hostရဲ့ ယောင်္ကျားက ဒီဘဝမှာ ဇွန်ဘီဘုရင်ဆိုတာ hostမသိဘူးလို့ ကျွန်တော် ထင်နေတာ..."


"ငါ သိတာပေါ့ ငါ အစတည်းက ခန့်မှန်းထားတာက မှန်နေတာလေ... ငါက သူကိုယ်တိုင်ပြောလာမှာကိုပဲ စောင့်နေတာ ပြီးရင် ကျွန်တော့်ကို လိုချင်လား...ခင်ဗျားရဲ့မျိုးနွယ်ကို လိုချင်လားဆိုပြီး သူ့ကို သွားနောက်ရင် ပျော်စရာကောင်းလိမ့်မယ်..."


"..." သူ့ host က စိတ်ပုံမှန်မဟုတ်နေလို့ တစ်ရက်မှ သေဖို့နည်းမရှာတဲ့နေ့ မရှိတာလား... ။


" host ခင်ဗျား ပစ်မှတ်ထားတာမှားနေပုံရတယ် ဇာတ်လိုက်က ခင်ဗျားရဲ့ယောင်္ကျားနဲ့ ညှိချင်နေတာကမှ အဓိကအချက် မဟုတ်ဘူးလား..."


"ငါ သိပါတယ်" ရွှယ်လင် အေးစက်စွာ ပြုံးလိုက်သည်။ " သူ့အကူစနစ်ရဲ့စကားတွေက တစ်ခုခုလွဲနေတယ်လို့ မင်း မထင်ဘူးလား..."


"အမ်... အဲ့လိုလား..."


"ကြည့်ရတာ ဒီတစ်ကြိမ်တော့ ဇာတ်လမ်းကို ကာကွယ်သူက လူတစ်ယောက်ကိုယ်ထဲကို ရိုးရိုး ကူးပြောင်းလာတာ မဟုတ်ဘူး အဲ့အစား ဇာတ်လိုက်ရဲ့အကူစနစ် ဖြစ်လာတာ" 


ရွှယ်လင် သူ့မေးစေ့ကိုပွတ်၍ သေချာတွေးနေသည်။ 


" သူတို့က ဇာတ်လမ်းကာကွယ်သူဆိုပေမယ့်လည်း သူတို့ လုပ်ဖို့လိုတာဆိုလို့ ဇာတ်သိမ်းမှန်ကန်အောင်ပဲ လုပ်ရတာ ဇွန်ဘီဘုရင်နဲ့ငါသေပြီး ဟယ့်ယန်က အဆုံးထိရှင်သန်ရင် အဲ့တာကို ဇာတ်ကြောင်းအတိုင်း အောင်မြင်တယ်လို့ သတ်မှတ်လို့ရတယ် အဲ့တာကြောင့် သူက အဲ့လို အစီအစဥ်ချတာ"


"သူက အတွေ့အကြုံမရှိသေးတဲ့ ဇာတ်လမ်း ကာကွယ်သူလို့ ခန့်မှန်းလို့ရတယ် မဟုတ်ရင် သူက ဇာတ်လိုက်ကို ဇွန်ဘီဘုရင်နဲ့ ချစ်မိသွားအောင် လုပ်ခိုင်းမှာ မဟုတ်ဘူး သူ့အတွေးက နည်းနည်း စိတ်ကူးယဥ်ဆန်တယ် ဇာတ်ကြောင်းကို ထိန်းသိမ်းထားဖို့ အရမ်းလွယ်တယ်လို့ သူ ထင်နေတာလား..."


" host သာရှိရင် အောင်မြင်နိုင်ပါ့မလား..."


"ဟားဟား" ရွှယ်လင် သူ့လက်ချောင်းထိပ်မှ အေးစက်နေသော ဓါးသွားကို ကြည့်လိုက်ရင်း အေးစက်စွာ ရယ်မောလိုက်သည်။


 " အတိတ်မေ့ပြီး ဦးနှောက်အဆေးခံလိုက်ရတဲ့လူကပဲ ဟယ့်ယန်ကို ကြိုက်လိမ့်မယ်"


"..." အခုတလော host ရဲ့စကားတွေက ပိုပြီး ရက်စက်လာတယ်။ ဇာတ်လိုက် shou က သူ့ကို ဘယ်နေရာမှာ စိတ်ဆိုးအောင် လုပ်လိုက်လဲဆိုတာ တွေးမရဘူး။


အမ်... ကြည့်ရတာ အဲ့ကောင်ရဲ့ အရာအားလုံးက စိတ်အနှောက်အယှက် ဖြစ်စေတာ ဖြစ်မယ် ... ။မည်သူက ဤကဲ့သို့သောကမ္ဘာမျိုးကို ဖန်တီးခဲ့မှန်း သူ မသိပေ။


"သူ လုပ်ချင်တာ လုပ်ခွင့်ပေးလိုက်ရအောင် သူ ဇွန်ဘီအုပ်စုကြီးကို မွှေနှောက်ဖို့ကြံထားတယ်မလား ငါကတော့ သူ ဘယ်လိုလွတ်အောင် ပြေးဖို့စီစဥ်ထားလဲဆိုတာကြည့်ဖို့ ပိုစိတ်ဝင်စားတယ်"


"မေးခွန်းက host ဘယ်လိုလွတ်အောင် စီစဥ်ထားလဲ..."


"ငါက ဘာလုပ်ဖို့ လွတ်အောင်လုပ်ရမှာလဲ... ဒီလူတွေကို သူတို့ကစားတာ ကြည့်ဖို့ခေါ်လာတယ်များ ထင်နေလား... သူတို့က သားရဲတစ်ကောင်ကိုတောင် ရင်မဆိုင်နိုင်ရင် ကြေးစားတပ်ဖွဲ့အတွက် အသုံးဝင်စရာဘာအကြောင်းမှ မရှိဘူး"


အကူစနစ် : "...အဲ့ဒါက ရက်စက်လွန်းတယ်လေ..."


"ခါးသီးမှုတွေ တစ်ခုပြီးတစ်ခု ခံစားရပြီးမှ ဂုဏ်သိက္ခာရှိတဲ့လူဖြစ်လာမှာ အဲဒီအပြင် ရွှင်ယွိနဲ့ငါ ဒီမှာရှိနေတာကို ဘာကြောက်စရာရှိလို့လဲ..."


အကူစနစ် : "..."


ထိုအရာက အမှန်ပင်။ ဇွန်ဘီဘုရင်၏အရှိန်အဝါ ရှိနေပါက သူတို့ကို ဇွန်ဘီသားရဲများ ချဥ်းကပ်နိုင်ခြေက အလွန်နည်း၏။ ထိုဇွန်ဘီသားရဲ ဒီရေကြီးက သွေးရူးသွေးတမ်းဖြစ်နေလျှင်ပင် ဇွန်ဘီသားရဲများက သူတို့ဘုရင်၏အမိန့်အာဏာကို မဖီဆန်ရဲပေ။


ဇာတ်လိုက် ပြသနာရှာနေသည်ကိုကြည့်ပြီးနောက် သူ့ကို တစ်ချိန်လုံးစိုက်ကြည့်နေသော ရွှင်ယွိကို မေးရန် ခေါင်းစောင်းလိုက်သည်။ " တကယ်လို့ ဇွန်ဘီအုပ်လိုက်ကြီး သွေးရူးသွေးတမ်းဖြစ်မယ်ဆို ခင်ဗျား ဇွန်ဘီသားရဲဘယ်နှစ်ကောင်ကို ထိန်းချုပ်နိုင်လဲ?"


ရွှယ်လင် အတော်ကြာစကားမပြောဘဲ နေပြီးမှ ဘာကြောင့် ထိုသို့မေးသည်ကို ရွှင်ယွိ နားမလည်နိုင်ချေ။ သူ ခဏလောက် စိတ်ရှုပ်သွားပြီးနောက် မေးလိုက်မိ၏။ " မင်း ဘယ်နှစ်ကောင်ကို ခုခံစေချင်လို့လဲ..."


ရွှယ်လင် ပခုံးတွန့်၍ ပြောလိုက်သည်။ 


" အကုန်လုံး ဆိုရင်တော့ အကောင်းဆုံးပေါ့"


"ဇွန်ဘီသားရဲဒီရေဆိုတာ ရှိလို့လား..."


"ရောက်လာသင့်တာတွေက ရောက်လာမှာပဲ" ရွှယ်လင် ပြန်ပြောလိုက်သည်။ ထို့နောက် ထ၍ သူ့ကားဆီသို့ ပြန်သွားလိုက်တော့သည်။ ဟယ့်ယန်၏နှုန်းထားနှင့်ခွန်အားအရ ဇွန်ဘီသားရဲပေါက်ကို ခိုးယူရန် အချိန်အတိုင်းအတာ တစ်ခုတော့ လိုမည်ပင်။ထိုအချိန်အတောအတွင်း ရွှယ်လင်က လူသစ်များကို လေ့ကျင့်ပေးမည်ဖြစ်သည်။


ရွှင်ယွိသည် ရည်ရွယ်ချက်မရှိဟု ထင်ရသည့် အနည်းငယ် ထူးဆန်းသောစကားဝိုင်းကို စိတ်ဝင်စားနေမိသည်။ သို့သော် ရွှယ်လင်က ရှင်းမပြပေ။ သူသည်လည်း အနာဂတ်တွင် ဘာဖြစ်လာမည်ကို ကြိုမမြင်နိုင်ပါချေ။ အမှန်တွင် သူ၏ လက်ရှိတိုးတက်မှုကြောင့် အနည်းငယ် မပျော်မရွှင် ဖြစ်ရသည်။ ရွှယ်လင်က သူ့ကို အနည်းငယ် ခပ်ခွာခွာနေသည်။ ထို့ပြင် သူတို့ကြားမှ ဆက်ဆံရေးက သာမန်သူငယ်ချင်း ဆက်ဆံရေးဟုပင် ဆိုနိုင်သည်။သို့မဟုတ် ရွှယ်လင်က သူ့ကို ပါတနာအဖြစ်သာ သတ်မှတ်ပြီး သူတို့ကြားမှ ဆက်ဆံရေးကို ယခုထက်ပို၍ တိုးတက်စေရန် စိတ်ကူးမရှိပေ။ 


ပထမအကြိမ်တုန်းက သူ၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် ထိတ်လန့်သွား၍ ရွှယ်လင်က သူ့အပေါ် အမြဲတမ်းအေးစက်ကာ ဂရုမစိုက်သလိုပြုမူနေခြင်း ဟုတ်မဟုတ် မသိခဲ့ပေ။ သူတို့ အလုပ်ကိစ္စများကို ဆွေးနွေးပြီးသည်နှင့် ရွှယ်လင်က သူ့ကို ဘာအကြောင်းမှမပြောတော့ဘဲ အဝေးသို့ အမြဲလိုလိုတွန်းလွှတ်တတ်သည်။ 


ထိုအချင်းအရာက သူ လိုချင်သောအခြေအနေ မဟုတ်ပေ။


သူ့လက်အောက်ငယ်သားများ ယခင်ကပြောပြခဲ့သော လူတစ်ယောက်ကိုပိုးပမ်းသည့် နည်းလမ်းများကို သူ မှတ်မိသွားရသည်။ ထို့နောက် ၎င်းတို့ကို ရွှယ်လင်အပေါ်တွင် မည်သို့သုံးရမည်အား တွေးနေလိုက်တော့၏။


သို့သော် သူဘယ်လိုပင်ပြန်တွေးနေပါစေ ထိုအရာများက ရွှယ်လင်အပေါ် အသုံးမဝင်လောက်မှန်း သူ ခံစားရသည်။ 


ဆိုးလိုက်တာ... 


ရွှင်ယွိသည် သူ့ဘဝ၏ ပထမဆုံး အကြိမ်အဖြစ် မည်သို့စတင်ရမည်ကို မသိသည့် ခံစားချက်ကို ကြုံတွေ့လိုက်ရတော့သည်...