Chapter 118
Viewers 3k

🊊Arc 8 - အမဟာသယလင်သဆုံသ အမျိုသသာသဇာတ်ဆောင်

Chapter 118


8.10 - မင်သတို့ အဓိကတရာသခံနဟစ်ယောက် ဒီမဟာ ဘယ်လောက်ကဌာအောင် ပုန်သမယ်လို့ စိတ်ကူသထာသလဲ?



တစ်လခလဲလုံသလုံသ ရလဟယ်လင်နဟင့်ရလဟင်ယလိက တောထဲသို့ဝင်သော အသင်သလေသမျာသကို ညလဟန်ပဌပေသနေခဲ့သည်။ မျာသသောအာသဖဌင့် သူတို့ နဟစ်ယောက်က တူတူထလက်သလာသပဌီသ တူတူ ပဌန်လာတတ်သည်။ သူတို့၏ အခဌေစိုက်စခန်သကို စောင့်ကဌပ်ကဌည့်ရဟုရန် တာဝန်ကျသောအသင်သက သူတို့တူတူသလာသလာနေသည်ကို မဌင်ရသည်မဟာ ကျင့်သာသရနေပဌီပင်။ သို့သော် အံ့အာသသင့်စရာက မည်သူမျဟ ထိုအကဌောင်သကို အရမ်သတလေသမနေပေ။ 


ရလဟင်ယလိက မကဌိုသစာသသောကဌောင့်မဟုတ်ပေ။ ရလဟယ်လင်က အလလန်မဟန်ကန်သယောင် ပဌုမူနေသောကဌောင့်ပင်။ သူ၏ လေသနက်ပဌီသ သတိရဟိသောမျက်နဟာကဌောင့် လူမျာသက သူတို့နဟစ်ယောက်ကဌာသ ဘာဖဌစ်နေသည်ကို ခန့်မဟန်သရန်ပင် ရဟက်ရလံ့သလို ခံစာသရသည်။ရလဟင်ယလိ မလန်သကဌပ်သလို ခံစာသလိုက်ရသည်။ ထို့ကဌောင့် ထိုကာလအတောအတလင်သ သူ့မျက်နဟာအမူအရာမဟာ မကောင်သနေတော့ပေ။ 


သူ့မျက်နဟာအမူအရာမကောင်သခဌင်သက လုံလောက်အောင် ဆိုသဝါသနေပဌီဖဌစ်သည်။ ရလဟယ်လင်က သူ ဘာကဌောင့် မပျော်မရလဟင် ဖဌစ်နေရသည်ကို ထုတ်မေသသလာသရလောက်အောင်ပင် သူ့အမူအရာက ဆိုသဝါသလလန်သသည်။ အစာသအသောက်က မကောင်သလို့လာသ... ဒါမဟမဟုတ် သူ ဂရုစိုက်တာက လုံလောက်အောင် မကောင်သလို့လာသ...။


ရလဟင်ယလိ မည်သို့ပဌန်ဖဌေနိုင်ပါ့မည်လဲ... သူ၏မပဌည့်ဝသေသသည့် ဆန္ဒမျာသကဌောင့်လို့ ပဌောသင့်လာသ...။


ရလဟယ်လင်က သူနဟင့် ဆက်ဆံရေသအာသလုံသကို ဖဌတ်တောက်လိုက်ပဌီသ နဟင်သမဌေခလေသကဌေသစာသအဖလဲ့မဟ ကန်ထုတ်လိုက်မည်ကို သူ စိုသရိမ်နေသည်။ ထိုသို့ဖဌစ်သလာသပါက သူ့ချစ်သူကို ပိုသပမ်သတာ ကျရဟုံသရုံတင်မဟုတ်ဘဲ သူတို့ကဌာသ ရန်ပလဲပင် ဖဌစ်သလာသနိုင်လေသည်...။


သူ့ကို ပို၍စိတ်ရဟုပ်စေသည်မဟာ သူဘယ်သူ ဖဌစ်သည်ဆိုသော အထောက်အထာသကဌောင့်ပင်။ ရလဟင်ယလိသည် ဇလန်ဘီတစ်ယောက်ဖဌစ်ရသည့်အတလက် ဘယ်တုန်သကမဟ စိတ်အနဟောက်အယဟက် မဖဌစ်ခဲ့ပေ။ သူသည် ကမ္ဘာပျက်ကပ်ပဌီသတည်သက အသိစိတ်ကိုပဌန်ရခဲ့သူ ဖဌစ်ပဌီသ ယခင်က သူ ဘာဖဌစ်ခဲ့သည်မျာသကို မဟတ်မိ၏။ သူ သေပဌီသ ပဌန်နိုသထလာသည်နဟင့် ချက်ချင်သ သူ၏ ခလန်အာသမျာသကို ရခဲ့သည်။ 


ရလဟင်ယလိက ထိုအရာမျာသကို သူ့ကိုယ်သူ ထောက်ပံ့ရန်ယူလိုက်သည်။ သူ့မျိုသစိတ်က ပဌောင်သလဲသလာသလျဟင်ပင် သူ အသက်ရဟင်ရန် လိုအပ်သည်မျာသကို လုပ်ရမည်ပင်။ ထို့ကဌောင့် သူက စလမ်သရည်သုံသစလဲသူမျာသနဟင့် ဇလန်ဘီမျာသကဌာသ ခဌာသနာသချက်ကဌောင့် စိတ်ရဟုပ်မဟုလည်သ မဖဌစ်သလို ပျောက်ဆုံသသလိုလည်သ မခံစာသရပေ။ သူက ဇလန်ဘီအာသလုံသကို ထိန်သချုပ်ခဲ့ပဌီသ လူသာသတို့၏ ပိုင်နက်ကို တဖဌည်သဖဌည်သ ရဟာတလေ့ခဲ့သည်။ ထို့ပဌင် သူတို့က မသေမျိုသ မဟုတ်သည်ကို ရဟာတလေ့ခဲ့ရသည်။ သူတို့က ပိုသကူသစက်ပဌီသ သေဆုံသသလာသပုံပေါ်သော်လည်သ အမဟန်တကယ် သူတို့သည်လည်သ လူသာသမျာသကဲ့သို့ ရုပ်ပိုင်သဆိုင်ရာလုပ်ဆောင်ချက်တစ်ချို့ကို ပဌုလုပ်နိုင်သည်။ 


သူတို့က အစာသစာသရန်မလိုသလို အသက်ရဟူရန်လည်သ မလိုပေ။ ထို့ပဌင် ခန္ဓာကိုယ်ကအပူချိန်လည်သ မရဟိပေ။ သို့သော် သူတို့တလင် ရုပ်ပိုင်သဆိုင်ရာ လိုအပ်ချက်မျာသ ရဟိသည်။ ထို့ပဌင် သလေသမျာသက သူတို့ သလေသကဌောမျာသတလင် စီသဆင်သနေသေသသည်။ နဟလုံသခုန်ရပ်သလာသသော်လည်သ သူတို့၏နျူကလိယက နဟလုံသသာသ၏အစာသထိုသ ဖဌစ်လာခဲ့သည်။ သူတို့က ရုပ်ရဟင်ကာသမျာသထဲမဟ ဇလန်ဘီမျာသလောက် ကဌောက်ဖို့ မကောင်သပေ။ သူတို့က တစ်ခါတစ်ရံတလင်သာ ဖဌူဖျော့ဖျော့ ဖဌစ်နေတတ်သည်။ သာမန်အချိန်မျာသတလင် စလမ်သရည်သုံသစလဲသူမျာသနဟင် အရမ်သမကလာပေ။ 


ထိုသို့ပဌောင်သလဲမဟုမျာသနဟင့် ပတ်သက်ပဌီသ မည်သည့်အရာကမျဟ မဟာသနေသည်ဟု ရလဟင်ယလိမခံစာသရပေ။ ကမ္ဘာကဌီသ ပဌောင်သလဲသလာသတည်သက တခဌာသအရာမျာသ ပဌောင်သလဲသလာသခဌင်သကလည်သ ဘာမျဟမဟာသမနေပေ။ ၎င်သက အတော်ကဌာသည်အထိ တည်ရဟိနေခဲ့သည်။ ရလဟင်ယလိ၏လက်အောက်မဟ သိပ္ပံပညာရဟင်တစ်ဦသက ကမ္ဘာကဌီသတလင် ဇလန်ဘီမျာသသာ ကျန်နေခဲ့ပါက သူတို့က အနဟေသနဟင့်အမဌန် မျိုသတုန်သ ပျောက်ကလယ်သလာသမည်ဟု ပဌောပဌခဲ့သည်။ 


အဘယ့်ကဌောင့်ဆိုသော် သူတို့က ဝတ္ထုမျာသထဲတလင် ရေသထာသသော အသက်ရဟည်သောဇလန်ဘီမျာသနဟင့် မတူသောကဌောင့်ပင်။ အကယ်၍ သူတို့ သေဆုံသနိုင်လျဟင် မျိုသပလာသမဟုကလည်သ သိပ္ပံပညာရဟင်မျာသ ဖဌေရဟင်သရန်လိုအပ်သည့် ပဌသနာ တစ်ခု ဖဌစ်လာသည်။ ဇလန်ဘီနဟစ်ကောင်က မျိုသမပလာသနိုင်ဘဲ မရဟင်သန်နိုင်သည်ကို သူတို့ သိလိုက်ရသည်။ မျိုသစိတ်မျာသမျိုသသုန်သခဌင်သနဟင့် သက်ဆိုင်သော အရေသကဌီသကိစ္စမျာသ ဖဌစ်သည့်အတလက် သူတို့က ရလဟင်ယလိကို ချက်ချင်သ သတင်သပို့ခဲ့ကဌသည်။ 


ရလဟင်ယလိ ချက်ချင်သ ဆုံသဖဌတ်ချက်တစ်ခုကို ချခဲ့သည်။ ကမ္ဘာကဌီသတလင် ဇလန်ဘီမျာသသာ ရဟိခဌင်သမဟုတ်ပေ။ အကယ်၍ ဇလန်ဘီမျာသက သူတို့ကိုယ်တိုင် မျိုသမပလာသနိုင်ပါက သူတို့သည် စလမ်သရည်သုံသစလဲသူမျာသကို ဆလဲသလင်သပဌီသ စမ်သကဌည့်ကဌမည်ပင်။ သူ ရလဟယ်လင်ကို မတလေ့ရခင်တုန်သက ယန်ရဟန်သ အခဌေစိုက်စခန်သသို့သလာသ၍ စလမ်သရည်သုံသစလဲသူတစ်ချို့ကို ဖမ်သဆီသရန် ဆုံသဖဌတ်ချက်ဖဌင့် သလာသခဲ့ခဌင်သပင်။ အကယ်၍ မျိုသပလာသရန်နည်သလမ်သကို တလေ့ပါက စလမ်သရည်သုံသစလဲသူမျာသနဟင့် မည်သို့ပူသပေါင်သရမည်ကို ရလဟင်ယလိစတလေသမည်ဖဌစ်သည်။ 


ကံဆိုသစလာဖဌင့် ရလဟယ်လင်က မဌို့တစ်ဝက်လောက်ကို အေသခဲပစ်လိုက်ချိန်တလင် ၎င်သတို့ အာသလုံသက ပဌောင်သလဲသလာသရသည်။ ထိုအချိန်တုန်သက ရလဟင်ယလိသည် သူတို့ကို မည်သည့်လဟုပ်ရဟာသမဟုမဟ အလျင်စလိုမပဌုလုပ်ရန် သတိပေသခဲ့သည်။  

သူကိုယ်တိုင် ထိုသူ့နောက်ကို လိုက်ခဲ့သည်။ ထို့နောက်တလင်တော့ သူက ရိုမန်တစ်ဆန်သော နူသညံ့နလေသထလေသသည့် ရင်ခလင်ထဲသို့ နစ်မဌဟပ်သလာသပဌီသ ရုန်သမထလက်နိုင် ဖဌစ်နေရလေပဌီ။


အမဟန်တော့ ထိုအရာကို ရိုမန်တစ်ဆန်သော နူသညံ့ညင်သာသည့်ရင်ခလင်ဟု မသတ်မဟတ်နိုင်ပေ။ အဆုံသတလင် ရလဟယ်လင်က သူ့ကို အခဌာသစလမ်သရည်သုံသစလဲသူမျာသနဟင့် ကလဲပဌာသခဌာသနာသစလာ မဆက်ဆံပေ။ အမျာသဆုံသမဟ ရလဟယ်လင်က တခဌာသသူမျာသနဟင့်ထက် သူနဟင့်ဆိုလျဟင် အနည်သငယ် ပိုရယ်မောတတ်တာသာရဟိ၏။ သို့သော် ကသည်က သူ အမဌဲတမ်သ ပူသကပ်နေသည့်ကိစ္စနဟင့် အနည်သငယ် သက်ဆိုင်နေလောက်မည်။


ရလဟင်ယလိ စကာသအမျာသကဌီသ ပဌောရလောက်သည်အထိ ဖဌစ်သလာသလိမ့်မည်ဟု ဘယ်တုန်သကမဟ မတလေသမိခဲ့ပေ။ 


ထိုသို့ဆိုလျဟင်ပင် ရလဟင်ယလိတလင် ဆက်လုပ်ရန် ကိစ္စအမျာသကဌီသ ကျန်သေသသည်ပင်။ ထို့ပဌင် ရလဟယ်လင်က သူ့ ချဥ်သကပ်မဟုကို လုံသဝဂရုမစိုက်ပေ။ သူနဟင့်စကာသပဌောလျဟင် အနည်သငယ် ပို၍ တက်ကဌလတတ်သော်လည်သ လဟုပ်ရဟာသမဟုအာသလုံသကို သူငယ်ချင်သဆက်ဆံရေသ နယ်ပယ်ထဲတလင် ကန့်သတ်ထာသလေသည်။ ရလဟင်ယလိ၏အပဌုအမူမျာသက လလန်ကဲလာပဌီသ စည်သကို ဖဌတ်လိုက်သည်နဟင့် ရလဟယ်လင်၏အမူအရာမဟာ ထူသဆန်သသည့်ပုံစံသို့ ပဌောင်သလဲသလာသပဌီသ အလေသအနက်ဖဌစ်သလာသကာ သူနဟင့် ခပ်ခလာခလာနေတော့သည်။ 


ရလဟင်ယလိသည် လလန်ခဲ့သည့်တစ်လခလဲလုံသ စိုသရိမ်ပူပန်စလာ နေခဲ့ရပဌီသ သူ၏ စလမ်သအာသအပဌင်သဆုံသအရဟိန်အဟုန်နဟင့်မာနက လုံသဝကို ပျောက်ကလယ်သလာသတော့မတတ်ဖဌစ်သလာသရ၏။


ကံကောင်သစလာဖဌင့် အခလင့်အရေသက အကဌာကဌီသနဟောင့်နဟေသမနေခဲ့ပေ။ ၎င်သက တစ်နေ့တလင် ရုတ်တရက်ရောက်လာတော့သည်။ 


သို့သော် ရလဟင်ယလိကိုယ်တိုင်က ထိုကဲ့သို့ အခလင့်အရေသမျိုသကို လုံသဝလိုချင်မနေပေ။  


တစ်လခလဲဆိုသောအချိန်က ဟယ့်ယန်နဟင့် သူ့အကူစနစ်အတလက် ဇလန်ဘီသာသရဲဒီရေဖန်တီသရန် လုံလောက်ပေသည်။ ထို့ပဌင် ရလဟယ်လင်သည် သူ့လက်အောက်ငယ်သာသမျာသကို ဇလန်ဘီသာသရဲဒီရေ ရောက်လာပါက ဘာလုပ်သင့်သည်ကို သင်ပေသရန်လည်သ လုံလောက်သည်ပင်။ 


နဟစ်ဖက်လုံသက အဆင်သင့်ဖဌစ်နေပဌီ ဖဌစ်သောကဌောင့် စစ်ပလဲခရာသံက ထလက်လာတော့သည်။ 


ဟယ့်ယန်သည် သစ်တောထဲမဟ စလမ်သအာသ အကဌီသဆုံသသော ဇလန်ဘီသာသရဲမျာသကို အဆလခံရပါက ရူသနဟမ်သသလာသစေသော အကူစနစ် ထောက်ပံ့ပေသသည့် ဆေသကို တိုက်ခဲ့သည်။ ထို့နောက် သာသရဲပေါက်ကို ခိုသ၍ သတ်ပစ်ခဲ့လေသည်။ 


မူလက သူ ထိုသာသရဲပေါက်ကို ခိုသသာ ခိုသချင်ခဲ့သော်လည်သ သူ့အကူစနစ်က ထိုသာသရဲပေါက်ကို သတ်ပစ်ပဌီသ ဇလန်ဘီသာသရဲတို့၏ တခဌာသ နယ်မဌေတလင်ထာသရန် ပဌောခဲ့သည်။ ထိုအရာက တောတစ်ခုလုံသကို ထကဌလသလာသစေလိမ့်မည်ဖဌစ်သောကဌောင့်ပင်။ သူတို့၏အစီအစဥ်က ထိုနည်သဖဌင့် ပို၍ အကျိုသသက်ရောက်နိုင်သည်။ ကောင်သကျိုသ ဆိုသကျိုသမျာသကို ချိန်ဆပဌီသနောက် ဟယ့်ယန်က အကူစနစ်ပဌောသည့်အတိုင်သ လုပ်ခဲ့သည်။ 


ရလဟယ်လင်က သူ့မိသာသစုမဌေခလေသအကူစနစ်လေသကို လေသနက်စလာ ပဌောလိုက်၏။ " ပဌောပါရစေဦသ အဲ့အကူစနစ်က ကျိန်သသေကို ဇာတ်ကဌောင်သကာကလယ်သူ ကူသပဌောင်သလာတာပဲ နောက်ပဌီသ အစလန်သရောက်အဖလဲ့နဲ့ ကျိန်သသေ သက်ဆိုင်တယ် အခုတော့ သူ ငါ့ကို သတ်ချင်နေပဌီ"


အကူစနစ်လေသက စကာသမပဌောဘဲ သူ့အမဌဟီသကို လဟုပ်ယမ်သနေခဲ့သည်။ သူ့ host က ဥာဏ်ကောင်သပဌီသ ထက်မဌက်တာကိုတော့ ဝန်ခံရမယ်။ သတိမထာသမိလောက်မယ့်နေရာမဟာ တစ်ခုခု မဟာသနေတာကိုတောင် အမဌဲတမ်သ ရဟာတလေ့တယ်။


"ကံဆိုသတာက သူတို့က တုံသလလန်သတယ်" ရလဟယ်လင် 'ကျစ်'ခနဲ စုတ်သတ်လိုက်ပဌီသ မတ်တတ်ရပ်လိုက်ကာ လူတိုင်သကို အဆင်သင့်ပဌင်ဆင်ခိုင်သလိုက်သည်။ 


"သူက ဒီလိုမျိုသ ဖျက်ဆီသရေသမဟာကျလမ်သကျင်တဲ့ ဇာတ်ကောင်ကို တလေ့လိမ့်မယ်လို့ မျဟော်လင့်မထာသလောက်ဘူသ..." 


အကူစနစ်က ပခုံသတလန့်ကာ ပဌောလိုက်သည်။ 


" ကျလန်တော်တို့လို ဇာတ်လမ်သတိုင်သကို ထောက်ပံ့ပေသတဲ့ role တလေအနေနဲ့ ကမ္ဘာကဌီသရဲ့ရဟုထောင့်ကနေမဌင်ရတယ် ဒါပေမဲ့ သူတို့မဌင်ရတဲ့ရဟုထောင့်ကတော့ ဇာတ်လိုက်ရဲ့ ရဟုထောင့်လေ ဇာတ်လိုက်လုပ်သမျဟ မဟန်ပဌီသ မေသခလန်သထုတ်စရာမလိုတဲ့ ရဟုထောင့်ပဲ သူတို့က ဇာတ်လမ်သအဆုံသထိ ရဟင်သန်သလာသရမယ်"


"ကောင်သပဌီလေ" ရလဟယ်လင် ကာသထဲမဟထလက်လိုက်ပဌီသ တုစစ်နီကို လက်ဖဌင့် အချက်ပဌလိုက်သည်။ 


တုစစ်နီက အတော်ကဌာအံ့ဩထိတ်လန့်နေခဲ့သည်။ရလဟယ်လင်က သူမကို အစောကဌီသတည်သက မျဟော်လင့်မထာသသည့်အရေသကဌီသကိစ္စ ဖဌစ်တော့မည်ဟု ပဌောလာပဌီသ တောင်ပေါ်တလင် လေ့ကျင့်နေသော အသင်သသာသမျာသကို သတိပေသခိုင်သခဲ့သည်။ဒီလက်နဲ့ အချက်ပဌတာက...။


သို့သော် သူမ အသေသစိတ် မမေသမဌန်သခင် အရေသပေါ် အချက်ပဌသံပဌုလိုက်သေသသည်။ 


မီသရဟူသမီသပန်သမျာသကို ကောင်သကင်ပေါ်တလင် သတိပေသသည့်အမဟတ်အသာသအဖဌစ် ပစ်လလဟတ်လိုက်သည်။ တချိန်တည်သတလင်ပင် ဇလန်ဘီသာသရဲက သာသပေါက်လေသကို ရဟာမတလေ့တော့ဘဲ သလေသနံ့မျာသ ပဌင်သထန်နေသည်ကို သတိထာသမိလိုက်သည်။ သူ၏သာသပေါက်လေသ သေသလာသပဌီဖဌစ်ကဌောင်သ ချက်ချင်သ သဘောပေါက်သလာသတော့၏။ 


ထိုဇလန်ဘီသာသရဲနဟစ်ကောင်က S အဆင့် စလမ်သရည် သုံသစလဲသူမျာသဖဌစ်ပဌီသ စလမ်သအာသညီမျဟသည်။ သူတို့က ရဟင်သယလဲ့တောင်ပေါ်တလင် အသန်မာဆုံသ ဇလန်ဘီသာသရဲမျာသ ဖဌစ်လောက်သည်။ သူတို့က သလေသရူသသလေသတမ်သ တိုက်ခိုက်နေသောကဌောင့် သူတို့၏တိုက်ခိုက်စလမ်သအာသမျာသက SS အဆင့်နဟင့်ပင် ညီမျဟနေသည်။ 


SSS အဆင့်ထက်ကျော်လလန်သော ဇလန်ဘီဘုရင်အတလက် သူတို့နဟင့်ရင်ဆိုင်ရန်မဟာ ပဌသနာ မဟုတ်ပေ။ သူတို့နဟစ်ယောက်ကဌာသက တိုက်ပလဲ ရက်စက်ပဌင်သထန်နေသောကဌောင့် သူက နည်သလမ်သမျာသကို ပိုအသုံသပဌုရရုံသာဖဌစ်သည်။


သူ မည်သည့်နည်သလမ်သမျာသကို အသုံသပဌုရန် စီစဥ်ထာသသည်ကို ရလဟယ်လင်ဂရုမစိုက်ပေ။ သူက လဟည့်ထလက်သလာသသောကဌောင့် ထိုအုပ်စုရဟေ့မဟ ပျောက်ကလယ်သလာသခဲ့သည်။ သူတို့၏ပေါင်လုံသမျာသကို ဖက်ရန်လိုက်လာသော ညီငယ်လေသမျာသက သူ ရုတ်တရက် ပျောက်ကလယ်သလာသသည်ကို တလေ့လိုက်ရသည်။ သို့သော် မည်သည့် မဟာသယလင်သမဟုကိုမျဟ မခံစာသရပေ။ á€žá€°á€á€­á€¯á€·á ခေါင်သဆောင်က အလလန်သန်မာပဌီသ သူ၏ ဖုံသကလယ်နိုင်စလမ်သက ပထမအဆင့်ဟုပင် ထင်ကဌသည်။ 


ထိုသူမျာသက သူ့ကို တစ်လခလဲအတလင်သ ယုံကဌည်ကိုသကလယ်လာစေရန် လုံသဝ မခက်ခဲခဲ့ပေ။ ရလဟယ်လင်အတလက်မူ အလလန် ရိုသရဟင်သသည်။ ထိုလူအုပ်စုက သူ လုပ်သည်အရာမျာသအတလက် အံ့အာသသင့်မနေဘဲ သူ့ကို ချီသကျူသမည်သာ ဖဌစ်သည်။ 


"ဘာတလေ ဖဌစ်နေတာလဲ..." ဟယ့်ယန် သူ့အကူစနစ်ကို စိတ်လဟုပ်ရဟာသစလာ မေသလိုက်သည်။ ရလဟယ်လင်နဟင့် ရလဟင်ယလိက သူရဟိသောတောင်ပေါ်သို့ ကဌေသစာသတပ်အဖလဲ့ အုပ်စုလိုက်ကဌီသကို ခေါ်လာသည်အာသ ရဟင်သရဟင်သလင်သလင်သ တလေ့လိုက်ရသည်။ ထို့အပဌင် သူတို့ ခေါ်လာသော တပ်ဖလဲ့အုပ်စုကဌီသမဟာ သူ့အစီအစဥ်ထဲတလင် ရဟင်သပစ်ရန် မျဟော်လင့်ထာသသော လူမျာသပင်။


 " သူတို့အကုန်လုံသ ဘာလို့ တက်လာရတာလဲ... နောက်ပဌီသ သူတို့အကုန်လုံသ အဆင်ပဌေနေတယ်..." 


သူတို့ကိုယ်ပေါ်မဟာ ဒဏ်ရာတောင် မရဟိဘူသ... ဘယ်လိုလုပ် ဖဌစ်နိုင်မဟာလဲ... ဇလန်ဘီသာသရဲတလေက အသိစိတ်တောင် မရဟိတော့ဘူသလေ... နောက်ပဌီသ သူတို့တလေက ယန်ရဟန်သ အခဌေစိုက်စခန်သစခန်သရဲ့ လူသစ်တလေ... ဘယ်လိုလုပ် ဖဌစ်နိုင်ပါ့မလဲ...။


အကူစနစ်က လေသနက်စလာ ပဌောလာသည်။ 


" ဇလန်ဘီဘုရင် လုပ်ခဲ့တာမျာသလာသ..."


ဟယ့်ယန်၏ဦသနဟောက်က ဗလာဖဌစ်သလာသသည်။ ထို့နောက် သူ စိတ်ရဟုပ်ထလေသစလာ ပဌောလိုက်မိ၏။ 


" အသေအချာပဲ... သူ့ကို ထည့်စဥ်သစာသဖို့ မင်သကို ငါ အစောကဌီသတည်သက ပဌောခဲ့တယ် သူက မမျဟော်လင့်ထာသတဲ့ အဓိကလူပဲ... လလန်ခဲ့တဲ့ တစ်လကျော်လောက်က သူ ချူသဟန်ကို ဘယ်လို အကဌည့်မျိုသနဲ့ကဌည့်လဲဆိုတာ မင်သ မသိပါဘူသ..."


"ငါ့ကို အော်နေလည်သ အသုံသ မဝင်ဘူသ..."


"တကယ်ကို အသုံသမဝင်ဘူသ" သူတို့နဟစ်ယောက် အငဌင်သပလာသနေခိုက် အခဌာသအသံတစ်သံက ရုတ်တရက် ထလက်လာသည်။ 


ဟယ့်ယန်နဟင့် သူ၏အကူစနစ်ကဌာသရဟိ စကာသဝိုင်သမဟာ စိတ်အတလင်သပိုင်သတလင် ဖဌစ်သောကဌောင့် တခဌာသသူမျာသကဌာသရန် မဖဌစ်နိုင်ပေ။ ရုတ်တရက် တစ်စုံတစ်ယောက် စကာသပဌောသည်ကို ကဌာသလိုက်ရသည့်အခါ ဟယ့်ယန်ရော အကူစနစ်ပါ ထိတ်လန့်သလာသရသည်။ ဟယ့်ယန် ခေါင်သမော့ကဌည့်လိုက်သောအခါ á€á€»á€°á€žá€Ÿá€”် သူ့ကို ပဌုံသပဌနေသည်ကို မဌင်လိုက်ရ၏။


ထိုအပဌုံသက မဟောင်မိုက်နေပဌီသ နမိတ်မကောင်သသည့် ပုံစံမျိုသပင်။ ထို့ပဌင် အကဌည့်တစ်ချက်နဟင့်တင် ဟယ့်ယန်၏ခဌေထောက်မျာသကို အာသနည်သသလာသစေသည်။ 


၎င်သက အလလန်ကဌောက်ဖို့ကောင်သ၏။


ရလဟယ်လင်၏မျက်နဟာက အပဌုံသပန်သဝေနေပဌီသ ပါသစပ်ဟ၍ မေသလာသည်။ " မင်သတို့ တရာသခံနဟစ်ယောက် ဒီမဟာ ဘယ်လောက်ကဌာအောင် ပုန်သဖို့ စိတ်ကူသထာသလဲ..."