Chapter 19
Viewers 2k

 đŸŒąArc 1 [ ကျောင်းတွင် လယ်စိုက်ခြင်း ]

Ch 19

ဂျင်းမိခြင်း(ဒုတိယအပိုင်း)



သူ့ဦးလေး၏ရုံးခန်းထဲမှ ထွက်လာသည်နှင့် စွေ့ချီချောင်းက ရောင်းဝယ်ဖောက်ကားသူထံကို ချက်ချင်းဖုန်းဆက်လိုက်ပြီး သူတို့လာပို့ပေးရမည့်အချိန်အတိအကျကို ပြောလိုက်သည်။။ နွေရာသီအားလပ်ရက် ကုန်ဆုံးပြီးသည့်အခါ မက်မွန်သီး၊ လိမ္မော်သီးနှင့် ဆီးသီးများကို လာပို့ကြလေတော့သည်။


ဆောင်းဦးတွင်စိုက်သော အသီးအနှံပင်များက အမြစ်များ ဦးစွာဖွံ့ဖြိုးကြပြီး နွေဦးတွင်စိုက်သောအသီးအနှံပင်များကမူ ဦးစွာအညှောင့်ပေါက်ကြသည်။ ဆောက်လုပ်ရေးလုပ်ငန်းစတင်ရန်မှာ နွေရာသီအားလပ်ရက်တစ်ခုလုံး အချိန်ရှိသေးသော်လည်း နွေရာသီတွင် သစ်သီးပင်များစိုက်ပျိုးခြင်းက သီးနှံများကို ပို၍ထိခိုက်မှုများစေသည်။ ဆောင်းဦးအတွင်း တိမ်ထူသောနေ့များတွင် သစ်သီးပင်များပြောင်းရွှေ့စိုက်ပျိုးခြင်းကသာ ပိုကောင်းပေသည်။


နွေရာသီအားလပ်ရက်အတွင်းတွင် သူက ကျောင်းထဲရှိသစ်ပင်များကို ဦးစွာဖယ်ရှားပစ်ပြီး မြေဆီလွှာကိုပြန်ညှိကာ မြေကွက်တစ်ခုချင်းစီ၏အနားသတ်များကို အကန့်ကန့်ရမည်ဖြစ်ပြီး ဆောင်းဦးကာလအတွင်းတွင် အပင်များကို ပြောင်းရွှေ့စိုက်ပျိုးနိုင်ပြီဖြစ်၏။ ထိုအချိန်တွင် အပူချိန်ကျဆင်းသွားသည့်အတွက် သစ်ပင်များရှင်သန်ရန် ပိုမိုလွယ်ကူလာမည်ဖြစ်သည်။


နောက်နှစ်ရောက်လျှင် ကျောင်းသားများက လတ်ဆတ်သောအသီးအနှံများကို စားရတော့မည်သာ။


စွေ့ချီချောင်း၏နှလုံးသားက ရွှင်လန်းတက်ကြွနေချေသည်။


CUရှိဆရာများနှင့် ကျောင်းသားများ ဝဝလင်လင်မစားရမည်ကိုလည်း စိတ်ပူစရာမလိုချေ။ သူတို့ကောင်းကောင်းစားနေသရွေ့ စွေ့ချီချောင်းက သူ့သွေးမျိုးရိုးမှဖြစ်တည်လာသော တာဝန်တစ်ရပ်အတွက် စိတ်ကျေနပ်မှုရနေမည်သာဖြစ်၏။


စွေ့ချီချောင်း ရှောင်ပိုင်ကိုပွေ့ချီထားပြီး အိမ်အပြန်လမ်းတစ်လျှောက်ရှိ ဟင်းသီးဟင်းရွက်စိုက်ခင်းများကို စစ်ဆေးကြည့်ရှုနေချေသည်။ ပျားရည်စို့ပန်းက အမြစ်တွယ်ပြီးအညှောင့်ပေါက်နေပြီဖြစ်သည်။ ၎င်းတို့က ကောင်းမွန်စွာ ကြီးထွားနေပြီး ရှင်သန်မှုနှုန်းမှာလည်း တစ်ရာရာခိုင်နှုန်းဖြစ်သည်။


စွေ့ချီချောင်းက ပျိုးပင်ကိုစစ်ဆေးရန်အတွက် လှမ်းကိုင်လိုက်သည်။ ရုတ်တရက်ပင် တစ်စုံတစ်ခုလှုပ်ရှားနေသောအသံကို သူကြားလိုက်ရသည်။ တိရစ္ဆာန်အချို့က အပင်များအကြား ခပ်မြန်မြန်တွားသွားနေပုံရသည်။ ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်လိုက်သည့်အခါ သူ့အမြင်အာရုံက စူးရှလှသည့်အတွက် မြက်ခင်းပြင်မှာ မြွေတစ်ကောင်လဲလျောင်းနေသည်ကို မြင်လိုက်ရသည်။


"......" 


စွေ့ချီချောင်းက ပျိုးပင်ကို ဖြည်းဖြည်းချင်းလွှတ်လိုက်သည်။ သူသည် ဤခေတ်ရှိ တိရိစ္ဆာန်မျိုးစိတ်များနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိသည့်အတွက် ဤမြွေများ မည်သို့ပေါ်လာမှန်းမသိသလို အဆိပ်ရှိမရှိလည်း မဆုံးဖြတ်နိုင်ချေ။


ထိုနေရာတစ်ဝိုက်တွင် မည်သည့်ကိရိယာမှလည်း မရှိပေ။ ဖုန်းမြည်လာသောအချိန်တွင် သူ ဖြည်းညင်းစွာနောက်ပြန်ဆုတ်သွားလိုက်သည်။


မြွေကလန့်ဖျပ်သွားပြီး စွေ့ချီချောင်း၏ ခြေထောက်ရှိရာဆီကို အပြေးလာနေချေသည်။


ဤမြွေအမျိုးအစားက အလွန်လျင်မြန်စွာလှုပ်ရှားသွားလာနိုင်ပေသည်။ စွေ့ချီချောင်း၏သူငယ်အိမ်များ ပြူးကျယ်သွားရသည်။ သူ့ဦးနှောက်က တုံ့ပြန်မှုအပြည့်ရှိသော်လည်း သူ့ခန္ဓာကိုယ်ကမူ á€™á€á€á€şá€”ိုင်ပ္။


ထိုအချိန်တွင် ကြောင်လေးက ကျယ်လောင်စွာဟစ်အော်လိုက်သည်။ ရှောင်ပိုင်က ဤအခိုက်အတန့်လေးတွင် စွေ့ချီချောင်း၏လက်ထဲမှ ခုန်ဆင်းကာ မြွေ၏ခန္ဓာကိုယ်ကို စစ်ဆေးလိုသည့်အလား သူ့ခြေသည်းများကိုထုတ်ကာ မြွေကို ရိုက်ပုတ်ပစ်လိုက်သည်။


စွေ့ချီချောင်း၏ရှေ့မှာပင် ရှောင်ပိုင်က ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာပြီး ဘယ်လျှောက်လိုက်၊ ညာလျှောက်လိုက်လုပ်ကာ ခြိမ်းချောက်လိုဟန်ဖြင့် တမြောင်မြောင်အော်ဟစ်နေလေသည်။ ဤကာကွယ်မှုအောက်တွင် အင်းဆက်ပိုးမွှားများပင်လျှင် ဖြတ်ကျော်လာနိုင်လိမ့်မည် မဟုတ်ပေ။


မြွေက နှစ်ကြိမ်မျှတရွှီးရွှီးမြည်သံပေးပြီး ရှေ့သို့ ထပ်မတိုးလာတော့ပေ။


ရှောင်ပိုင် မြွေကိုခြောက်နေစဉ် စွေ့ချီချောင်းက သူ့ဖုန်းပေါ်ရှိ ခလုတ်တစ်ခုကိုနှိပ်ပြီး နောက်ပြန်ဆုတ်လိုက်သည်။ သူက "ရှောင်ပိုင်"ဟု လှမ်းအော်ခေါ်လိုက်သေးသည်။ 


"မြောင့်" 


ရှောင်ပိုင်က ခြေလှမ်းအနည်းငယ်နောက်ပြန်မဆုတ်မီ ခြိမ်းခြောက်လိုဟန်ဖြင့် ထပ်ကာထပ်ကာအော်ဟစ်လိုက်သေးသည်။ ထို့နောက် စွေ့ချီချောင်း၏ခြေရင်းဆီသို့ လျင်မြန်စွာခုန်ပေါက်ပြေးသွားလိုက်ပြီး သူ့ဘောင်းဘီအနားစကိုကုပ်တွယ်ကာ အပေါ်တက်သွားလိုက်လေသည်။


ရှောင်ပိုင်က အလွန်စိတ်လှုပ်ရှားနေပြီး သူ့လက်သည်းများကိုလည်း ကောင်းကောင်းမထိန်းချုပ်နိုင်ရှာပေ။ စွေ့ချီချောင်းမှာ သူ့ဘောင်းဘီရှည်ပေါ်ကတစ်ဆင့် အကုတ်ခံလိုက်ရသော်လည်း အနည်းငယ်မျှသာ မျက်မှောင်ကြုတ်လိုက်ပြီး ရှောင်ပိုင့်ကိုမူ မဆူငေါက်ခဲ့ပေ။


ရှောင်ပိုင်၏အပြုအမူက သူ့ကို အံ့သြသွားစေသည်။


ဘဲအုပ်ကြီးကို ထိန်းကျောင်းနေရပြီး ပိုင်ရှင်ထံမှလည်း သားကြောဖြတ်မည်ဟု ခြိမ်းခြောက်ခံနေရရှာသော ကြောင်တစ်ကောင်က သူ့ပိုင်ရှင်ကို မည်သို့ကာကွယ်ရမည်ကိုသိနေခြင်းမှာ အံ့သြစရာပင်။ ကြောင်က နာကျင်မှုကိုသာယာသည့် ကြောင်မျိုးလည်းမဟုတ်သည့်အခြေအနေတွင် ဤသို့ဖြစ်ရခြင်းမှာ ထိုကြောင်က သစ္စာရှိလှသောကြောင့်ပေလား၊ သို့တည်းမဟုတ်ထိုကြောင်က သူ့ကို မသိစိတ်ကတစ်ဆင့် ကာကွယ်ပေးခဲ့ခြင်းလေလားကို သူ မသိပေ။


မည်သို့ပင်ဖြစ်စေ စွေ့ချီချောင်းက သူ့သဘောထားကိုဖြေလျှော့ပစ်ရန် လုံလောက်သွားပြီဖြစ်သည်။ ရှောင်ပိုင်ကို ယခုထက်ပို၍ ကောင်းကောင်းမွန်မွန်ဆက်ဆံသင့်ပေသည်။


စွေ့ချီချောင်းက ကျောင်းရှိဝန်ထမ်းကို ဦးစွာဖုန်းဆက်လိုက်ပြီး မြွေကိုရှင်းလင်းရန်အတွက် ကိရိယာအချို့ယူလာရန် ပြောလိုက်သည်။ မြွေက တစ်စုံတစ်ယောက်၏အိမ်မွေးတိရစ္ဆာန်လား၊ သို့မဟုတ် အခြားတစ်နေရာမှ လမ်းမှားပြီးရောက်လာသောမြွေလားဆိုသည်ကိုလည်း မသိနိုင်ပေ။ စောင့်ဆိုင်းနေစဉ်တွင် á€™á€€á€źá€Źá€žá€ąá€¸á€á€„်က သူချပစ်လိုက်သောဖုန်းခေါ်ဆိုမှုကို ကြည့်လိုက်မိသည်။ ခေါ်ဆိုသူIDက နံပါတ်စိမ်းတစ်ခုဖြစ်သည်။


သူ့ကို ခေါ်ဆိုသည်မှာ မည်သူလဲဟုစဉ်းစားနေဆဲမှာပင် ထိုနံပါတ်က သူ့ကို ထပ်ခေါ်လာသည်။


စွေ့ချီချောင်း ပြန်ဖြေလိုက်သည်။

 "ဟယ်လို..."


တစ်ဖက်ခြမ်းမှ ချိုသာလှသောအမျိုးသမီးအသံ ထွက်ပေါ်လာသည်။ 

" CUတက္ကသိုလ်က မစ္စတာစွေ့လားမသိဘူး..."


"ကျွန်တော်ပါပဲ… ဘာများကူညီပေးရမလဲ..."


"ဟယ်လို ဟယ်လို..."

တစ်ဖက်က စိတ်အားထက်သန်စွာဖြင့် စကားဆိုလာသည်။

"ကျွန်မက နန်ဟိုင်စီရင်စုရဲ့ထုတ်လွှင့်ရေးဌာနက 'ရသာမြိန်အစားအသောက်များကိုရှာဖွေရန် နန်ဟိုင်သို့အလည်အပတ်သွားခြင်း'ဆိုတဲ့ အစီအစဉ်ရဲ့ဒါရိုက်တာပါ… မကြာသေးခင်တုန်းက အင်တာနက်ပေါ်မှာ CUအကြောင်း နာမည်ကြီးသွားတာမို့ ကျွန်မတို့ဘက်က ခြွင်းချက်တစ်ခု လုပ်ပြီး အစီအစဉ်မှာ အသံသွင်းဖို့အတွက် ရှင့်ကိုဖိတ်ကြားချင်လို့ပါ… ပုံမှန်ဆိုရင် ကျွန်မတို့က စားသောက်ဆိုင်တွေကိုပဲ ဖိတ်လေ့ရှိတာပါ…"


စွေ့ချီချောင်းက မူလလူဖြစ်မည်ဆိုလျှင် ထိုအစီအစဉ်က ပြည်နယ်အတွင်းတွင် Ratingကောင်းလှပြီး လွှမ်းမိုးမှုကြီးမားလှကြောင်း သတိပြုမိမည်ဖြစ်၏။


ထိုအကြောင်းကို နားထောင်ပြီးနောက် စွေ့ချီချောင်းက အေးတိအေးစက်ပြောလိုက်သည်။ 

"ဖိတ်ကြားပေးလို့ ကျေးဇူးတင်ပါတယ်… ဒါပေမဲ့ စိတ်မကောင်းပါဘူး ကျွန်တော် ရိုက်ကူးရေးမှာ မပါဝင်ချင်ပါဘူး..."


တစ်ဖက်ကလည်း ယုံရခက်နေသည့်အလား ခဏမျှနှုတ်ဆိတ်သွားသည်။ 

"ရှင် ဘာလို့မလုပ်ချင်ရတာလဲဆိုတာ ကျွန်မ မေးလို့ရမလား..."


စွေ့ချီချောင်းက ဆို၏။

"ကျွန်တော့်မှာ အချိန်မရှိဘူး..."


ဒါရိုက်တာကလည်း ပြန်ပြောသည်။ 

"....ရှင် ပြန်စဉ်းစားပေးလို့ရမလား… အချိန်က ညှိနှိုင်းလို့ရပါတယ်… ကျွန်မတို့ရဲ့အစီအစဉ်က ရှင့်ရဲ့ကန်တင်းကို ပရိုမိုးရှင်းဆင်းပေးနိုင်တဲ့ အရည်အချင်းရှိပါတယ်..."


"ကျွန်တော်က ကန်တင်းဖွင့်ထားတာပါ… ပရိုမိုးရှင်းလုပ်ဖို့မလိုဘူး..."


ဒါရိုက်တာ : "......"


ဒါရိုက်တာ၏စိတ်အစဉ်မှာလည်း ရှုပ်ထွေးသွားရလေသည်။

"အဲဒါက ရှင်တို့ရဲ့ကျောင်းအပ်နှုန်းကိုလည်း တက်လာအောင် ကူညီပေးမှာပါ..."


စွေ့ချီချောင်းက ယခုလေးတင် သူပြောလိုက်သည့်စကားကို သူမ နားမလည်လေသလားဟု သံသယဖြစ်မိသွားသည်။

"ကျွန်တော်က ကန်တင်းပဲဖွင့်ထားတာပါ… ကျောင်းအပ်နှုန်းက ကျောင်းအပ်နှံရေးဌာနနဲ့ပဲဆိုင်တာပါ..."


ဒါရိုက်တာ : "..."


 "မင်း ပြောစရာရှိသေးလား..." 

ကျောင်းဝန်ထမ်းများ သူ့အနားချဉ်းကပ်လာသည်ကို သူ သတိထားမိလိုက်သည်။ 


"မရှိ... မရှိတော့ပါဘူး..."


ဒါရိုက်တာကထပ်ပြောလေသည်။

"ဒါကိုပြန်စဉ်းစားပေးနိုင်မယ်လို့တော့ မျှော်လင့်မိပါတယ်..."


"အင်း ကောင်းပါပြီလေ..." 

စွေ့ချီချောင်း၏သဘောထားတစ်ဝက်က အလွန်သိသာလေသည်။


ဖုန်းချပြီးနောက် သူ ကျောင်းဝန်ထမ်းကို တစ်ခုခုပြောလိုက်သည်။ စွေ့ချီချောင်း ပထမကန်တင်းသို့ တည်တည်ငြိမ်ငြိမ်ပြန်လာခဲ့လိုက်ပြီး ရှောင်ပိုင်တစ်ကောင်တည်းစားရန်အတွက် ကြောင်စာများစွာ ချက်နေပေသည်။ ဤမတိုင်မီကဖုန်းခေါ်ဆိုမှုက သူ့အပေါ် သက်ရောက်မှုလုံးဝမရှိပေ။


ထိုကဲ့သို့သောအစီအစဉ်မျိုးကို ရိုက်ကူးရန်အတွက် သူ့အချိန်များကိုဖြုန်းတီးပစ်ရန် မလိုအပ်ချေ။


LJJကုမ္ပဏီက ဤအစီအစဉ်ကို အစားအသောက်Genreအောက်တွင် မထားရှိခြင်းမှာ မှန်ကန်သည်ဟု ဆိုနိုင်ပေသည်။ သူတို့က ၎င်းကို ထိုGenreအဖြစ် ထည့်သွင်းခဲ့ပါက ခေတ်ရေစီးကြောင်းမဆန်သော ကျောင်းဝင်းအစီအစဉ်အဖြစ်မှ ခေတ်ရေစီးကြောင်းမဆန်သော အစားအသောက်အစီအစဉ်အဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်၏။ မှတ်ဉာဏ်တုလေယာဉ်ပေါ်တွင် ကန်တင်းတစ်ခုဖြင့် လုပ်ငန်းအစပြုရခြင်းကလည်း ကောင်းသည်။ တီဗီအစီအစဉ်၊ မီဒီယာနှင့် WEမီဒီယာတို့ကိုမူ အားလုံးကို သူငြင်းလိုက်မည်ဖြစ်၏။


ကန်တင်းတွင် အသင့်လုပ်ပါဝင်ပစ္စည်းများရှိသည်။ သူ ပုစွန်ကို လတ်လတ်ဆတ်ဆတ်အခွံခွာ၍ ဇွန်းဖြင့်ကြိတ်ချေကာ ကြက်ရင်အုံတစ်ပိုင်းကို ပြုတ်ပြီး လက်ဗလာဖြင့် အသားများမွှာပစ်လိုက်သည်။


ပန်းကန်ပြား၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ကြက်သားတစ်ဝက်နှင့် ပုဇွန်တစ်ဝက်တို့ကို သေသေသပ်သပ်ခင်းကျင်းထားသည်။ ဘယ်ဘက်ခြမ်းတွင် ဟင်းခတ်အမွှေးအကြိုင်မပါသော အသားပြုတ်အဖြူရောင်ဖြစ်ပြီး ညာဘက်ခြမ်းတွင်မူ ယနေ့မနက်ကမှ လာပို့ထားသော အဖြူနှင့်အနီစပ်ကြား ပုစွန်တစ်ဝက် ရှိနေချေသည်။ ၎င်းမှာ အကောင်းကြီး၊ အသားထူပြီး နူးညံ့လှသည်။


သူက ပိုမိုလတ်ဆတ်သော အပြင်အဆင်မျိုးရရန်အတွက် အသားပေါ်တွင် á€œá€žá€Žá€¸á€–ဟတ်ထဏးသ္ဏ ပန်းဂေါ်ဖီစိမ်းကို အလွှာလိုက်ဖြန်းလိုက်သည်။ နောက်ဆုံးတွင် ရွှေရောင်ကြက်ဥအနှစ်ကို အလယ်၌ ထည့်လိုက်သည်။


ရှောင်ပိုင်က လျှာသပ်လိုက်သည်။ ကြောင်လေး၏အနံ့ခံအာရုံက အလွန်ကောင်းမွန်လှသောကြောင့် ပန်းကန်ထဲရှိ ပါဝင်ပစ္စည်းတစ်ခုချင်းစီတိုင်း၏ လတ်လတ်ဆတ်ဆတ်ရနံ့ကို အဝေးမှပင် ခွဲခြားသိမြင်နိုင်လေသည် ။


စွေ့ချီချောင်းက ပန်းကန်ပြားကို ရှောင်ပိုင့်ရှေ့တွင်ချလိုက်သည်။

 "စားလေ..."


လတ်တလောတွင် အမိန့်ကိုမြန်မြန်နာခံလေ့ရှိသည့်ရှောင်ပိုင်မှာ တုံ့ဆိုင်းနေပြီး အရသာရှိသည့် ကြောင်စာရှေ့တွင် နှစ်ခေါက်မျှလျှောက်ပတ်သွားရင်း စွေ့ချီချောင်းကို မော့ကြည့်လိုက်သည်။ လေ့ကျင့်နေစဉ်အတွင်း ပေးလေ့ရှိသည့်အမိန့်များကို သူ အဘယ့်ကြောင့်မပေးရသည်ကို အံ့သြနေခြင်းပင်။


"စားရုံပါပဲ..." 

စွေ့ချီချောင်းက ရှောင်ပိုင်၏ခေါင်းကို ထိလိုက်သည်။


မဟုတ်ပေ။ ဤသည်မှာ လျှို့ဝှက်ပူးပေါင်းကြံစည်မှုပင် ဖြစ်ရမည်။ သို့မဟုတ် အထူးလေ့ကျင့်ရေးနည်းလမ်းတစ်ခုပင်။ မြွေကို သူ မောင်းထုတ်နိုင်ခဲ့လျှင်ပင် ရက်စက်လှသည့် ဤသခင်က အစာကို အလကားမကျွေးလောက်ပေ။ ရှောင်ပိုင်က ရှင်သန်လိုစိတ်ပြင်းပြနေပြီး သူ့ညာဘက်ခြေထောက်လေးက စွေ့ချီချောင်း၏လက်ကို ဆွဲထားလေသည်။


စွေ့ချီချောင်းက ကြောင်လေးကို အမှန်တကယ်ပင်တင်းကျပ်မိခဲ့လေသလားဟု တွေးလိုက်မိသည်။ သူ လက်ကိုဆန့်ထုတ်ရင်း ပြောလိုက်၏။


"လက်ဆွဲနှုတ်ဆက်..."

ရှောင်ပိုင်က သူ့ခြေထောက်လေးများကို ကျွမ်းကျင်လျင်မြန်စွာ တင်လိုက်သည်။


"တစ်ပတ်လှည့်..."

ရှောင်ပိုင်က လှဲလျောင်းပြီး တစ်ပတ်လှည့်လိုက်သည်။


"မြောင်~"

ရှောင်ပိုင် အသနားခံလိုက်လေသည်။


 "မြောင်~"


စွေ့ချီချောင်း : "စားတော့..."


ရှောင်ပိုင်က အစာစားရန်ခေါင်းငုံ့လိုက်သည်။


ရှောင်ပိုင် : "ဘူးဟားဟားဟား...



🌱🌱🌱