Chapter 27
Viewers 3k

🌱Arc 1 [ ကျောင်းတွင် လယ်စိုက်ခြင်း ]

Ch 27

လူတိုင်းမျှော်လင့်စောင့်စားနေကြသော ငရုတ်သီး (အပိုင်းနှစ်)



မုန့်ချန်တစ်ယောက် စွေ့ချီချောင်းထံမှ မျိုးစေ့များရလာပြီးနောက်တွင် ဖုန်းထုတ်ကာ "လယ်သမားငယ်များအတွက် အမေးအဖြေ"အက်ပ်တွင် သူဌေးစွေ့ကိုရှာကြည့်လိုက်သည်။ သေချာပေါက်ပင် နာမည်အရင်းဖြင့် ခပ်မြန်မြန်ရှာကြည့်လိုက်ချိန်ဝယ် á€™á€Żá€”်အခဝန် á€‘ိုဥသုလးပဟုသူကို အမှန်တကယ်တွေ့လိုက်ရသည်။ သူ့ဖိုရမ်အမှတ်သညာမှာလည်း 'လယ်သမားနတ်ဘုရားမျိုးဆက်'ဟူ၍ပေးထားသေးသည်။


"..."


မုန့်ချန် သူ့ကုမ္ပဏီနာမည် "လယ်သမားနတ်ဘုရား အစားအသောက်စီမံရေးကုမ္ပဏီလိမိတက် (ရှန်းနုန်အစားအသောက်စီမံရေး ကုမ္ပဏီလိမိတက်)"ကို သတိရမိလိုက်ပြီး ထူးဆန်းသလိုခံစားလိုက်ရသည်။ ဤအမှတ်သညာက ထိုနာမည်ကို ရည်ညွှန်းထားခြင်း မဟုတ်နိုင်ပေ။


သူဌေးစွေ့၏ ပရိသတ်အရေအတွက်နှင့် လူကြိုက်များမှုက သူ့အာရုံကိုဆွဲဆောင်လိုက်နိုင်လေသည်။ ဤအဆင့်အတန်းမှာ မိုးထိတိုင်မြင့်မားလှချေသည်။ ထို့ကြောင့် "လယ်သမားငယ်များအတွက် အမေးအဖြေ"အက်ပ်က ပုံမှန်နှင့်မတူဘဲ လူစည်နေခြင်းဖြစ်ပေလိမ့်မည်။


မုန့်ချန်က သူ၏စပ်စုချင်စိတ်ကို အလိုလိုက်သည့်အနေနှင့် မေးခွန်းများအပေါ် စွေ့ချီချောင်းတုံ့ပြန်ထားသည့်အဖြေများအားလုံးကို လိုက်ကြည့်လေတော့သည်။


လွန်ခဲ့သည့်ရက်အနည်းငယ်က Weiboပေါ်တွင် နာမည်ကြီးသွားသော ဓာတ်ပုံတစ်ပုံရှိလေသည်။ ထိုပုံထဲတွင် ထောင့်စေ့လှသော တရုတ်ရိုးရာလသာဆောင်စိုက်ခင်းကို ပြသထားသည်။ ထိုပုံကို အကြိမ်ပေါင်းများစွာပြန်လည်ဝေမျှထားကြသောကြောင့် မူလပိိုင်ရှင်က မည်သူဆိုသည်ကိုပင် မရှင်းလင်းတော့ချေ။ အသုံးပြုသူ၏မူလနာမည်ကို ဖြတ်တောက်ထားသည့်အတွက် ဓာတ်ပုံသာလျှင်ကျန်ရစ်ခဲ့ချေသည်။ မုန့်ချန်က စွေ့ချီချောင်း၏ ဤအကောင့်တွင် တင်ထားသောဓာတ်ပုံကို မမြင်မီအထိ ထိုလသာဆောင်စိုက်ခင်းကို ဖန်တီးထားသူမှာ စွေ့ချီချောင်းဖြစ်ကြောင်း မသိခဲ့ချေ။ ဤပုံက လိုက်ခ်အများဆုံးရထားသောပုံပင်။


"ဘုရားရေ…"

မုန့်ချန် ထိတ်လန့်စွာရေရွတ်မိလိုက်သည်။


သူ့ဘေးတွင်ထိုင်နေသော သူ့အတန်းဖော်ကလည်း သူ့ရေရွတ်သံကိုကြားသောအခါ လှည့်ကြည့်လာသည်။

"ဘာတွေ အာ... အဲ့ဒါက အခုနာမည်ကြီးနေတဲ့လသာဆောင်မလား… ရှိသမျှအသီးအရွက်တွေအကုန် အဲ့ဒီတစ်နေရာတည်းမှာ စိုက်ထားတာမလား… အဲ့ဒါကအရမ်းလှလွန်းလို့ ငါနဲ့ငါ့အခန်းဖော်တွေတောင် အဆောင်မှာ á€”ဂဍးမ္ဏက်သဎးစပဟဎးစိုက်န္ကဟတဏ‌"


မုန့်ချန် ခေါင်းခါပြလိုက်ပြီး ပို့စ်ပိုင်ရှင်ကို လက်ညှိုးထိုးပြလိုက်သည်။

"မဟုတ်ဘူး ကြည့်ဦး..."


သူ့အတန်းဖော်ကလည်း အသုံးပြုသူအမည်ကို သေချာဂရုတစိုက်ကြည့်လိုက်လေသည်။

"စွေ့ချီချောင်း... စွေ့ချီချောင်းကဘယ်သူလဲ…ရင်းနှီးနေသလိုပဲနော်…"


မုန့်ချန် : "မင်း သေချာစဉ်းစားကြည့်လိုက်ရင် မျိုးရိုးနာမည်စွေ့နဲ့လူတစ်ယောက်က အရမ်းအရည်အချင်းရှိတဲ့စိုက်ပျိုးရေးသမားတစ်ယောက်ဆိုတာကို သတိရလာလိမ့်မယ်…"


အတန်းဖော် : "သေစမ်း အဲ့ဒါ သူဌေးစွေ့ပဲဖ…"


နှစ်ယောက်သား ထပ်ခါထပ်ခါစစ်ဆေးပြီးနောက် ထိုလူမှာ သူဌေးစွေ့ဖြစ်ကြောင်း အတည်ပြုလိုက်လေသည်။ ထိုအသုံးပြုသူက သူ့တည်နေရာကို နန်ဟိုင်ဟုပင် ရေးထားသေးသည်။


တစ်ဖက်တွင်မူ သူက ပထမကန်တင်း၏ ကိုယ်တိုင်စိုက်အသီးအနှံများ၏ ရှေ့ဆောင်လမ်းပြဖြစ်ပြီး တခြားတစ်ဖက်တွင် နာမည်ကြီးနေသော လသာဆောင်၏ပိုင်ရှင်ဖြစ်နေလေသည်။ ထိုဖြစ်ရပ်နှစ်ခုလုံးဟာ ဆင်တူသော်ငြား မတိုင်မိီကအထိ သူတို့ ထိုနှစ်ခုကို မဆက်စပ်မိခဲ့ကြချေ။ သို့ဖြစ်ရာ ယခုအခြေအနေက အလွန်အံ့ဖွယ်ကောင်းသည်ဟု ခံစားမိနေကြသည်။


"သူဌေးစွေ့လည်း အင်တာနက်ပေါ်မှာစူးစမ်းတတ်မှန်း ငါမသိခဲ့ဘူး… ဘယ်လိုပဲဖြစ်ဖြစ် ဖိုရမ်တွေပေါ်မှာ လူတိုင်း သူ့အကြောင်းပြောနေတာကိုတော့ သိမှာမဟုတ်ဘူး…"


"အာ... အစတုန်းကတော့ မင်းပြောတာမှန်ပါတယ်…"


မုန့်ချန်က သူဌေးစွေ့အား အင်တာနက်အကြောင်းမိတ်ဆက်ပေးခဲ့သူမှာ သူဖြစ်နေကြောင်း ဝန်ခံလိုက်သည်။ ထိုအချိန်က စွေ့ချီချောင်းက သူသည် ဝဘ်ဆိုက်ပေါ်၌ ပညာရှင်တစ်ဦးဖြစ်လာလိမ့်မည်ဟု ပြောခဲ့သေးသည်။ မမျှော်လင့်ထားဘဲ သူက ဝဘ်ဆိုက်ပေါ်တွင် အမှန်တကယ်နာမည်ကျော်ကြားလာလေသည်။


သူ့အတန်းဖော်က ဝဘ်ဆိုက်စာမျက်နှာကို အောက်ဆွဲချလိုက်ပြီးနောက် ရုတ်တရက်တုံ့ခနဲရပ်တန့်လိုက်သည်။

"နေဦး ဒီမှာ နောက်တစ်ခုရှိသေးတယ်… သူက သူ့ငရုတ်စေ့တွေကို အလကားပေးပစ်နေတာလား…"


"ဟုတ်တယ် ငါတောင် ဒီမှာတစ်အိတ်ရလာသေးတယ်…"


စွေ့ချီချောင်း သူ့ကိုပေးလိုက်သည့် ငရုတ်စေ့အမျိုးအစားကို မုန့်ချန် သူ့အတန်းဖော်အား ပြလိုက်သည်။

"ဒါက သူဌေးစွေ့ကိုယ်တိုင် အဆင့်မြှင့်ပြီးမျိုးဖောက်ထားတာ… ငါ့အဖေကလည်း လယ်ထဲမှာငရုတ်စိုက်တယ်ဆိုတော့ ငါ့အဖေများ ဒါတွေကိုစိုက်ချင်စိတ်ရှိမလားဆိုပြီး ငါ့ကိုပေးခိုင်းလိုက်တာ…"


"မင်း ဘာလို့ဒီလောက်တုံးအရတာလဲ… ဒါနဲ့ ဘာလုပ်လို့ရတယ်ဆိုတာမသိဘူးလား…"

အတန်းဖော်က မေးသည်။


မုန့်ချန်ကလည်း ခဏမျှစဉ်းစားကြည့်ပြီး တွေဝေတုံ့ဆိုင်းစွာထပ်ပြောလာသည်။

"ငါ့အဖေကိုမေးရမှာပဲ… သူဌေးစွေ့က သူစိုက်ဖို့ဆိုပြီး အထူးတလည်ပေးလိုက်တာဆိုတော့..."


"မင်း ငတုံးပဲ…"

သူ့အတန်းဖော်က သူ့အားလှမ်းရိုက်လေသည်။


"ပါဝင်ပစ္စည်းတွေမလောက်ငှလို့ ငရုတ်ဆီက တစ်နှစ်ပတ်လုံးမလုံမလောက်ဖြစ်နေတာ… တကယ်လို့ သူဌေးစွေ့ကသာ သူ့ငရုတ်သီးကို တရုတ်ပြည်အနှံ့ ဖြန့်ခွင့်ပေးလိုက်ရင် လယ်သမားတော်တော်များများကလည်း သူ့ငရုတ်စေ့ကို စိုက်လာကြတော့မှာပဲ… ပြီးတော့ စည်သွပ်ပြီး စီးပွားဖြစ်ရောင်းကြလိမ့်မယ်… အဲ့လိုဆိုရင် ငါတို့ အိမ်ပြန်သွားရတဲ့အခါမျိုးနဲ့ ဘွဲ့ရပြီးသွားတဲ့အခါမျိုးမှာလည်း စားလို့ရပြီမဟုတ်ဘူးလား… တကယ်လို့ ထုတ်လုပ်ရေးမှာ အလွဲအချော်တစ်ခုခုဖြစ်ခဲ့ရင်တောင် ကန်တင်းကအရသာရဲ့တစ်ဝက်လောက်တော့ စားကောင်းမှာပဲလေ ဟုတ်တယ်မလား…"


မုန့်ချန် : "..."


မုန့်ချန် : "သေစမ်း မင်းက တအားအဝေးကြီးစဉ်းစားနေတာပဲ…"


သူ့အတန်းဖော်၏ စိတ်အားထက်သန်လှသော လူသိရှင်ကြားထုတ်ဖော်ပြောကြားမှုကြောင့် CUကျောင်းသားများလည်း ထိုသတင်းကို မကြာမိီမှာပင် သိသွားကြလေတော့သည်။


ပထမအချက်အနေနှင့် သူဌေးစွေ့က Weiboတွင်နာမည်ကြီးနေသော လသာဆောင်စိုက်ခင်း၏ပိုင်ရှင်ဖြစ်ကြောင်း(ဤသည်မှာ သူ့စရိုက်နှင့် အလွန်ကိုက်ညီလှသည်)ကို ပြောပြထားသည်။ ဒုတိယအချက်အနေနှင့် သူဌေးစွေ့က ငရုတ်သီးများကို အဆင့်မြှင့်တင်ပြီး စမ်းသပ်မှုပြုလုပ်နေကြောင်းပင်။ တတိယအချက်မှာမူ အနာဂတ်အတွက် သူတို့အနေနှင့် တစ်စုံတစ်ရာကိုမျှော်လင့်စောင့်စားနိုင်ကြောင်းပင်။


မုန့်ချန်၏အတန်းဖော်ကဲ့သို့ပင် á€œá€°á€Ąá€™á€ťá€Źá€¸á€…á€Żá€™á€žá€Źá€œá€Šá€şá€¸ သူမတူသောအထင်အမြင်များ ရှိကြလေသည်။ အစပိုင်းတွင်မူ ဒုတိယအချက်ကို နားလည်မှုလွဲကြသည်။


"ဘာရယ် သူဌေးစွေ့က နောက်ဆုံးတော့ CUနဲ့တင် သူ့အတွက်မလုံလောက်ဘူးလို့ ဆုံးဖြတ်ချက်ချလိုက်ပြီလား… သူက သူများလယ်ကွက်တွေဆီကိုတောင် သွားခဲ့တယ်ပေါ့..."


ထို့နောက်မှ သူတို့သိလိုက်ရသည်မှာ သူက အခြားနေရာများကိုသွားရောက်ခဲ့ခြင်းမရှိဘဲ သူ့ငရုတ်သီးမျိုးများကို အဆင့်မြှင့်တင်ရာတွင် ကူညီပေးရန်အတွက်တောင်းဆိုခဲ့ခြင်းသာဖြစ်ကြောင်းပင်။ CUကျောင်းသားအားလုံး ကျေနပ်ပီတိဖြစ်မှုကိုခံစားလိုက်ရပြီး ပျော်ရွှင်အံ့သြသွားကြကာ Weiboပေါ်၌ မှတ်ချက်ပေးကြတော့သည်။


[Weiboပေါ်မှာ နာမည်ကြီးနေတဲ့လသာဆောင်က ငါတို့ကျောင်းကန်တင်းက သူဌေးစွေ့ရဲ့အိမ်မှာရှိနေတယ်ဆိုတာ ဟိုတလောကအထိ မသိခဲ့ဘူး… ထင်ထားတဲ့အတိုင်းပဲ ငါတို့ကျောင်းကန်တင်းက အစားအသောက်တွေ အရသာရှိနေရတာ အကြောင်းပြချက်တစ်ခုရှိတာပဲ…]


သူတို့က သူတို့၏တည်နေရာကိုပင် ဂုဏ်ယူဝံ့ကြွားစွာထည့်ထားကြသေးသည်။


အင်တာနက်အသုံးပြုသူအမြောက်အများက ထိုပို့စ်ကိုမြင်သောအခါ ဤသို့တွေးလိုက်မိကြသည်။


'ငါလူး... ဒီတော့ ဒီလိုပေါ့လေ… အသီးအနှံတွေကို ကိုယ်တိုင်စိုက်ပြီး စိုက်နေတုန်းမှာလည်း တိုင်းတာချိန်တွယ်ရေးပစ္စည်းတွေကိုမလိုတဲ့ ဒဏ္ဌာရီလာသူဌေးစွေ့က á€Ąá€­á€™á€şá€™á€žá€Źá€œá€Šá€şá€¸ အသီးအနှံတောအုပ်လေးကို စိုက်ပျိုးထားသေးတာပဲ…'


ကန်တင်းရှိ ကျွေးမွေးတည်ခင်းရေးကုမ္ပဏီ၏ နာမည်စာရင်းကို အင်တာနက်ပေါ်တွင် ရှာဖွေနိုင်သည်ဖြစ်ရာ အင်တာနက်အသုံးပြုသူများက သူတို့ လူမမှားကြောင်း သေချာသိထားကြသည်။ အကြောင်းမှာ သူ့ကုမ္ပဏီနာမည်နှင့် သူ့အမှတ်သညာမှာပါသော "လယ်သမားနတ်ဘုရား"ဟူသည့်စာလုံးနှင့်အတူ ငရုတ်သ်ီး၏အံ့ဖွယ်ကောင်းသော အထွက်နှုန်းကြောင့် လူတိုင်းက သူ့ကိုဟာသလုပ်ပြီးစနောက်ကြလေသည်။


"ဖြေဆိုသူက ဒီလိုလက်ရာမြောက်တဲ့လသာဆောင်ကိုဖန်တီးနိုင်တာ မအံ့သြတော့ပါဘူး… သူက လယ်သမားနတ်ဘုရားမျိုးဆက်စစ်စစ်ဖြစ်နေတာကိုး…'


'လယ်သမားငယ်များအတွက် အမေးအဖြေ'တွင် ပို့စ်တင်ထားဆဲဖြစ်သောကြောင့် သူဌေးစွေ့အနေနှင့် သူ့ငရုတ်မျိုးစိတ်များကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပြီးမြောက်နိုင်သည့် အခွင့်အလမ်းမြင့်မားလှပြီး လူသိများသွားခဲ့လျှင်လည်း လူတိုင်းအတွက် ကောင်းချီးတစ်ခုဖြစ်ကြောင်း ကျောင်းသားများက ထုတ်ဖော်ပြောဆိုခဲ့သည်။ သူတို့က ထိုငရုတ်သီးကို CUတွင်ထုတ်လုပ်ထားသောကြောင့် CU၏နာမည်ကိုအစွဲပြု၍ အမည်ပေးခဲ့သည်။


ထို့အပြင် စွေ့ချီချောင်းက အကြီးစားစမ်းသပ်မှုတစ်ခုကိုပြုလုပ်နေဆဲဖြစ်သည်။ သူက အင်တာနက်အသုံးပြုသူများ၏စိတ်အားထက်သန်မှုကို နှိုးဆွပေးလိုက်ပြီး သူ့လုပ်ငန်းစဉ်တိုးတက်မှုတိုင်းကို အသိပေးစေလိုကြောင်း ပြောပြခဲ့ကြသည်။ အင်တာနက်အသုံးပြုသူများက ဆို၏။


"ကျေးဇူးပြုပြီး ငရုတ်သီးမျိုးစိတ်ဖွံ့ဖြိုးတိုးတက်မှုကို အောင်မြင်အောင်လုပ်ပေးပါ… အဲ့ဒါမှ CU ရဲ့ငရုတ်ဆီအရသာကို ခံစားခွင့်မရတဲ့ငါတို့တွေအားလုံးလည်း အခွင့်အရေးတစ်ခုရလာမှာ…"


အိမ်တွင်စိုက်ပျိုးရန် ငရုတ်မျိုးစေ့ ရနိုင်မည်လားဟု မေးလာသူများပင်ရှိလေသည်။


ယခုအချိန်၌ အင်တာနက်ပေါ်ရှိ စွေ့ချီချောင်းကို ယုံကြည်ကိုးစားမှုများက တစ်ဖန်ပြန်လည်တိုးတက်လာပြန်လေပြီ။


အစပိုင်းတွင် စွေ့ချီချောင်းက အမည်မသိ သာမညလူတစ်ယောက်သာဖြစ်ခဲ့သော်လည်း နောက်ပိုင်း၌ သူ့လသာဆောင်မှာ နာမည်ကြီးသွားပြီး သူက အတည်မပြုထားသည့် ကျွမ်းကျင်သူတစ်ယောက်ဖြစ်လာခဲ့သည်။ ယခုအချိန်တွင် CUကန်တင်း၏သူဌေးဆိုသည့် သူ့သရုပ်မှန်ထွက်ပေါ်လာသောအခါ သူက ကျွမ်းကျင်သူတစ်ဦးဖြစ်လာရုံသာမက လူအများ အသိအမှတ်ပြုခံထားရသောထုတ်ကုန်များ၏ပိုင်ရှင်လည်း ဖြစ်လာလေသည်။


ငရုတ်ဆီမှာ နာမည်ကျော်ကြားလာပြီး ပထမကန်တင်းကိုပါ ထွန်းပေါက်လာစေကာ ရသာမြိန်အစားအသောက်များအတွက် WEမီဒီယာချန်နယ်များ၏ ကြော်ငြာအရှိန်နှင့်ပါပေါင်းသော် စွေ့ချီချောင်းက အင်တာနက်တစ်ခွင်တွင် အလွန်ရေပန်းစားလာခဲ့သည်။ ပထမကန်တင်းက နန်ဟိုင်မြို့ရှိ ရသာရုံတောအုပ်လေးကိုပင် အနိုင်ယူနိုင်ခဲ့သောကြောင့် လူအများ၏အမြင်တွင် စွေ့ချီချောင်း၏ငရုတ်သီးနှင့် ပညာရှင်ဆန်သော သူ့ပညာဗဟုသုတကို အသိအမှတ်ပြုလေးစားနေကြသည်ဖြစ်ရာ သူ့ကိုယ်ပိုင်ငရုတ်သီးမျိုးများက ကျရှုံးသွားစရာအကြောင်းမရှိချေ။


သူ၏ငရုတ်စိုက်ပျိုးမှု လုံးဝအောင်မြင်ခဲ့လျှင် CX-7 မထွက်မီကတည်းကပင် စျေးကွက်ထဲ၌ အာမခံချက်အတိအကျဖြင့် ဖောက်သည်အရေအတွက်အတည်တကျရှိနှင့်နေပြီးဖြစ်မည်ဟု ဆိုနိုင်လေသည်။ 


CUက စိုက်ပျိုးရေးတက္ကသိုလ်မဟုတ်သော်လည်း နောက်ပိုင်းတွင် စိုက်ပျိုးရေးမေဂျာရှိလာလိမ့်မည်ဟုပင် လူအချို့က နားလည်မှုလွဲနေကြလေ၏။ 

အဲ့လိုမဟုတ်ရင် တက္ကသိုလ်မှာ အဆင့်မြင့်ငရုတ်ကောင်းအမျိုးအစားများကို စိုက်မယ်တဲ့လား...


အင်တာနက်အသုံးပြုသူများက မျိုးစေ့အချို့ကို လိုချင်ကြသော်လည်း စိုက်ပျိုးရေးနယ်ပယ်မှ ပညာရှင်များက ထိုမျိုးစေ့များကို ပို၍ပင်ရယူလိုကြသည်။


ယခုအချိန်တွင်မူ အခါနှောင်းသွားလေပြီ။ စွေ့ချီချောင်းက မျိုးစေ့လက်ဆောင်ပေးရန် စီစဉ်ပြီးသွားပြီဖြစ်သည်။ သူတို့က စမ်းသပ်မှုရလဒ်များကို စောင့်ဆိုင်းရုံသာရှိတော့သည်။


အချို့သောလူများမှာ ရသာရုံတောအုပ်လေး၏ HQ Weiboစာမျက်နှာသို့သွားကာ စွေ့ချီချောင်း မျိုးစေ့အောင်မြင်စွာ စိုက်ပျိုးပြီးသည့်အခါ စွေ့ချီချောင်းဖန်တီးထားသောငရုတ်သီးကို ပါဝင်ပစ္စည်းများအဖြစ်အသုံးပြုရန် တောင်းဆိုခဲ့ကြလေသည်။


ရသာရုံတောအုပ်လေးက ယခုနှစ်အတွင်း ပထမကန်တင်း ပြုပြင်ပြောင်းလဲခဲ့ပြီးတည်းက ဆိုးရွားသောဆုံးရှုံးမှုကို ခံစားခဲ့ရသည်။ သူတို့က အောင်မြင်ကျော်ကြားသောစားသောက်ဆိုင်အဖြစ်မှ ပထမကန်တင်း၏ခြေနင်းကျောက်တုံးအဖြစ်ဂုဏ်ပြုခံရသော စားသောက်ဆိုင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။ အစပိုင်းတွင် သူတို့ဆုံးရှုံးခဲ့ရသည်မှာ အနည်းအကျဉ်းမျှသာဖြစ်သော်လည်း ပထမကန်တင်း ပို၍နာမည်ကြီးလာသည်နှင့်အမျှ ရသာရုံတောအုပ်လေးက သူတို့နာမည်ကြီးလာရန်အတွက် အထောက်အပံ့တစ်ခုဖြစ်လာသည်။ အကယ်၍ CUကန်တင်းများကို အများသူငှာအတွက်ပါ ဖွင့်ချလိုက်ပါက ရသာရုံတောအုပ်လေး၏သူဌေးက စိတ်ကုန်သွားသည်မှာ ကြာမြှင့်လှတော့မည်ဖြစ်သည်။


ယခု ငရုတ်မျိုးစေ့များအကြောင်း သတင်းကောင်းကိုတွေ့လိုက်ရသောအခါ ရသာရုံတောအုပ်လေး၏ စီမံခန့်ခွဲရေးရာဌာနက အချိန်အတော်ကြာအောင်စဉ်းစားခဲ့ပြီးနောက် အဆုံးတွင် ဤအကြံပြုချက်က အလွန်ကောင်းမွန်လှသည်ဟု ထင်မြင်မိကြသည်။


ရက်အတန်ကြာ စောင့်ကြည့်လေ့လာပြီးနောက် လယ်သမားနတ်ဘုရား အစားအသောက်စီမံရေးကုမ္ပဏီလိမိတက်က စားသောက်ဆိုင်တစ်ခု ဖွင့်လှစ်ရန် အမှန်တကယ်ပင် စိတ်ကူးမရှိပုံရကြောင်း သိလိုက်ရသည်။ သူတို့က လူသိရှင်ကြားဖြစ်နိုင်မည့် အခွင့်အလမ်းအားလုံးကို ငြင်းပယ်ကာ သူတို့စားသောက်ဆိုင်ကို အများပြည်သူအတွက် ဖွင့်မပေးခဲ့ကြပေ။ သူတို့၏သူဌေးက CUတွငါစိုက်ပျိုးရေးလုပ်နေပြီး ယခုမူ သူ့ကိုယ်ပိုင်ငရုတ်စေ့များကို ပျိုးထောင်နေလေသည်။ သူသက စိုက်ပျိုးရေးကို အမှန်တကယ်စိတ်ဝင်စားနေသည်မှာ ဖြစ်နိုင်လေသည်။


ဤရှုထောင့်မှကြည့်လျှင် ရသာရုံတောအုပ်လေး၏ကုမ္ပဏီနှင့် လယ်သမားနတ်ဘုရား အစားအသောက်စီမံရေးကုမ္ပဏီတို့က သူတို့၏ရန်ငြိုးဟောင်းများကို လုံးဝဖယ်ရှားပစ်လိုက်နိုင်ပြီး အချင်းချင်းပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်၏။


စွေ့ချီချောင်း၏ငရုတ်မျိုးများကို အောင်မြင်စွာတီထွင်ပြီး အမြောက်အမြားထုတ်လုပ်နိုင်သရွေ့ ရသာရုံတောအုပ်လေးက သူတို့၏စိုက်ပျိုးမြေကိုအသုံးပြု၍ စိုက်ပျိုးနိုင်လေသည်။ အရည်အသွေးမြင့်သီးနှံများကို စိုက်ပျိုးနိုင်ရုံသာမက ဂယက်တစ်ခုလှုပ်ခတ်သွားစေရန်အတွက် သူတို့နှစ်ဖက်ကြားရှိ လူမသိသူမသိဇာတ်လမ်းကိုလည်း အသုံးပြုနိုင်မည်ဖြစ်သည်။


ထိုအကြောင်းကို များများတွေးကြည့်လေလေ ဤပူးပေါင်းမှုက အရှုံးမပေါ်နိုင်ဟု ထင်လာလေလေပင်။


ဤသည်မှာ စွေ့ချီချောင်း အဆင့်မြင့်ငရုတ်အမျိုးအစားအသစ်များကို အောင်မြင်စွာတီထွင်နိုင်မည်လား၊မတီထွင်နိုင်လားဟူသည့်အပေါ် မူတည်လေသည်။


ထို့အပြင် 'လယ်သမားငယ်များအတွက်အမေးအဖြေ'တွင် စွေ့ချီချောင်းကိုသတိပြုမိကြသော စိုက်ပျိုးရေးပညာရှင်အချို့နှင့် အသိပညာရှင်အတတ်ပညာရှင်တချို့က သူ့နောက်ကွယ်တွင် အသင်းတစ်သင်းမျှပင် အမှန်တကယ်မရှိလေကြောင်း ကြားသိထားလေသည်။


ထို့ကြောင့် စွေ့ချီချောင်း၏ သီအိုရီခန့်မှန်းချက်များနှင့် လက်တွေ့အားထုတ်မှုများက တူညီသောအမြင့်ဆီသို့ ရောက်ရှိနိုင်လေမလားဟု တွေးတောမိခဲ့ကြသည်။ ဒဏ္ဍာရီလာCX-7က တစ်ဧကလျှင် လေးထောင်ကီလိုဂရမ်အထွက်နှုန်းအထိ အမှန်တကယ်ထုတ်ပေးနိုင်မည်ဟုတ်မဟုတ် သိချင်နေကြသည်။


လူအများက အမှုမဲ့အမှတ်မဲ့ဖြင့် CUကိုမျက်စိကျလာကြပြီး စွေ့ချီချောင်း၏ ကိုယ်ပိုင်ငရုတ်စိုက်ပျိုးရေးကို အာရုံစိုက်လာကြလေသည်။


"ရှောင်ပိုင်...ငါ့ကို တီရှပ်တစ်ထည်ယူလာပေးဦး…" 


စွေ့ချီချောင်း လှမ်းအော်လိုက်သည်နှင့် ရှောင်ပိုင်က သူ့ကြောင်အသိုက်ထဲမှ မတ်တတ်ထရပ်ကာ စွေ့ချီချောင်း၏ အဝတ်အစားကိုယူရန်အတွက် အခန်းထဲသို့ ခုန်ပေါက်သွားလေတော့သည်။


ပစ္စည်းကိုပေးပို့ပြီးနောက်တွင် ရှောင်ပိုင်က ထိုင်ချလိုက်ပြီး စွေ့ချီချောင်းကို မော့ကြည့်လိုက်သည်။


အစီအစဉ်စတင်ကတည်းက စွေ့ချီချောင်းက အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားသည်။ သူက နွေရာသီမှာပင် ရှပ်အင်္ကျီကို ဝတ်ထားတတ်သည်။ ရိုးရိုးသားသားပြောရလျှင် စွေ့ချီချောင်းက အနောက်တိုင်းအဝတ်အစားများဝတ်ဆင်ရခြင်းကို ကြိုက်နှစ်သက်လှသည်မဟုတ်သော်လည်း ဤပုံရိပ်ယောင်ကမ္ဘာရှိ သူ့သရုပ်မှာ အနောက်တိုင်းအဝတ်အစားများသာ ဝတ်တတ်လေ့ရှိသောကြောင့် ထိုပုံစံအတိုင်း လိုက်နာရမည်ဖြစ်၏။


သူ တီရှပ်အင်္ကျီကို အဘယ်ကြောင့်ပြောင်းလဲဝတ်ဆင်ခဲ့ရသည်ဆိုလျှင် စားသောက်ကုန်အကြံပြုလွှာပုံးထဲရှိ အကြံပြုချက်ကြောင့်ဖြစ်၏။ ရှင်းရှင်းလင်းလင်းပြောရလျှင် ကျောင်းသားများက ကန်တင်းနှင့် မသက်ဆိုင်သော ထင်မြင်ယူဆချက်များကို စတင်ပြောဆိုလာကြသည်။ စွေ့ချီချောင်းက အနောက်တိုင်းဝတ်စုံဖြင့် အလွန်ချောမောလှသော်လည်း ထိုပုံစံကို အချိန်ကြာမြင့်စွာ မြင်ဖူးခဲ့ပြီဖြစ်သောကြောင့် အရသာပြောင်းချင်လာကြသည်။


စွေ့ချီချောင်းက "အစမ်းသပ်ခံများကို သားသမီးရင်းချာနှယ်ချစ်မြတ်နိုးတတ်သော" သူ့စရိုက်က တစ်နည်းနည်းဖြင့် သူ၏သွေးသားထဲတွင် နိုးကြားလာသည်ဟု ရံဖန်ရံခါသံသယဖြစ်မိသည်။ မည်သို့ပင်ဖြစ်စေ ကျောင်းသားများက ဝန်လေးစရာတောင်းဆိုမှုမျိုးကို တောင်းဆိုနေကြခြင်းမျိုးမဟုတ်ပေ။ ထို့ကြောင့် သူတို့ကို တစ်ခါတစ်ရံ ကျေနပ်အောင်လုပ်ပေးသည့်အနေနှင့် တီရှပ်နှင့်ဂျင်းဘောင်းဘီကို ပြောင်းဝတ်ပေးလိုက်သည်။


ရှောင်ပိုင်ပင်လျှင် ထိုမြင်ကွင်းကြောင့် မှင်တက်သွားရလေသည်။


စွေ့ချီချောင်းက ထိပ်တန်းစာရင်းဝင် ကုမ္ပဏီပိုင်ရှင်တစ်ဦး အခမ်းအနားတစ်ခုခု တက်ရောက်တော့မည့်ပုံစံအတိုင်း စေ့စေ့စပ်စပ်ဝတ်စားလေ့ရှိသည်။ ကျောင်းသားများပင်လျှင် သူ့ကိုတွေ့သည့်အခါ မသိစိတ်၏စေ့ဆော်မှုကြောင့် ဆရာဟု ခေါ်မိကြသည်။ ရှောင်ပိုင်၏အမြင်အရဆိုလျှင် သူက အဝတ်ပတ်ထားသည့် သားရဲတစ်ကောင်အလားပင်။


ယခုမူ လေဝင်လေထွက်ကောင်းသည့် တီရှပ်နှင့်ဂျင်းဘောင်းဘီကို ပြောင်းလဲဝတ်ဆင်လိုက်ပြီဖြစ်ပြီး တီရှပ်ကိုဝတ်လိုက်သောအချိန်တွင် သူ့ဆံပင်များကရှုပ်ပွသွားလေသည်။ သူ့အသွင်အပြင်မှာ တည်ငြိမ်ပြီးချောမောနေသေးသော်လည်း သူ့ပုံစံကမူ ပို၍ချဉ်းကပ်ရလွယ်သွားပုံပေါ်လေသည်။


စွေ့ချီချောင်းက ရှောင်ပိုင်၏ မှင်တက်နေသောအကြည့်ကိုမြင်ပြီး ပြောလိုက်လေသည်။ 

"ကျေးဇူးတင်ပါတယ်…" 


သူက ခေါင်းငုံ့ပြီး လက်ဟန်ပြသည်။

"တက်လာခဲ့…"


ရှောင်ပိုင်မှာ သူ့ဘောင်းဘီရှည်မှတစ်ဆင့် ကျွမ်းကျွမ်းကျင်ကျင်ကုပ်တက်ကာ စွေ့ချီချောင်း၏ပခုံးပေါ်တွင် သက်တောင့်သက်သာဖြစ်သည့် အနေအထားဖြင့် နေရာယူထားလိုက်သည်။


ယခုအခါတွင် စွေ့ချီချောင်းက ရှောင်ပိုင့်အပေါ် ပိုကောင်းလာသည်။ တစ်ခါတစ်ရံတွင် ရှောင်ပိုင်မှာ စွေ့ချီချောင်းက သူ့ကိုလူသားတစ်ယောက်ကဲ့သို့ ဆက်ဆံနေသည်ဟု ခံစားမိသည်။ အကြောင်းမှာ သူအမိန့်နာခံလိုက်တိုင်း ကျေးဇူးတင်ကြောင်းပြောနေတတ်သော်လည်း စွေ့ချီချောင်း၏အမူအရာမှာ အလွန်သဘာဝကျလွန်းသဖြင့် အတပ်ပြောရန်ခက်ခဲနေချေသည်။


စွေ့ချီချောင်းက သူ့မေးစေ့လေးကို လာထိသည်နှင့် ရှောင်ပိုင်ကလည်း ပျော်ပျော်ကြီးမျက်နှာကိုမော့ပေးလိုက်လေသည်။


"မြောင် မြောင်..."


ထိုခဏတွင် လေထုက အလွန်လိုက်ဖက်ညီလှပြီး ပျော်ရွှင်ဖွယ်ရာကောင်းနေလေသည်။


"ရှောင်ပိုင်က လိမ္မာတဲ့ကြောင်လေးပါ…" 

စွေ့ချီချောင်းက ရှောင်ပိုင့်ကို နှစ်စက္ကန့်မျှစိုက်ကြည့်ရင်း ရုတ်တရက်ထပြောလာသည်။

 "ငါ ဒီကနေ ထွက်သွားရတဲ့အခါ မင်းရဲ့ဒေတာတွေကိုကော်ပီကူးဖို့ ကုမ္ပဏီကိုတောင်းဆိုရမယ်… နောက်အစီအစဉ်တွေအတွက်လည်း မင်းကို ငါ့ကြောင်လေးအဖြစ်ပဲ ဆက်ထားမယ်…"


ရှောင်ပိုင် : "..."


မရဘူးလေ..ဒါက စည်းကမ်းချိုးဖောက်တာမလား…


စွေ့ချီချောင်းက ရှောင်ပိုင်၏သူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်ကိုမမြင်ဘဲ ကျောင်းသို့ တန်းတန်းမတ်မတ်သွားလေတော့သည်။


ကန်တင်းတွင် မနက်စာလာစားသည့်ကျောင်းသားများနှင့် ပြည့်ကျပ်နေလေသည်။ စွေ့ချီချောင်းနှင့် ရှောင်ပိုင်တို့က ကန်တင်းကိုကြည့်ရှုစစ်ဆေးရန်အတွက် နှစ်ကြိမ်မျှလှည့်ပတ်နေခဲ့ကြသည်။ စွေ့ချီချောင်းက ကျောင်းသားများ အစားအသောက်စားနေရင်း ရွှင်လန်းတက်ကြွနေသည်ကိုမြင်ရသောအခါ အလွန်ဝမ်းသာမိလေသည်။


"ဒီကအတန်းဖော် အဟမ်း...ရှောင်ပိုင့်ကိုပွေ့ခွင့်ပေးနိုင်မလားဟင်…"

သူတို့နှစ်ယောက်အနောက်မှ မိန်းကလေးတစ်ယောက်၏အသံ ထွက်ပေါ်လာလေသည်။ 


ဘဲအုပ်ထိန်းသူရှောင်ပိုင်က သူ့ပိုင်ရှင်မဟုတ်သည့်လူတိုင်းအပေါ် အလွန်အေးတိအေးစက်ဆက်ဆံတတ်ကြောင်း မသိသူမရှိချေ။ ဘဲများကို နေ့စဉ် ထိန်းကျောင်းနေရချိန်တွင်လည်း ကျောင်းသားများစွာနှင့် တွေ့ဆုံကြုံကြိုက်သော်ငြား သူ့အာရုံစိုက်မှုကို မည်သူကမှမဆွဲဆောင်နိုင်ကြချေ။ အစားအသောက်နှင့်လည်း ဆွဲဆောင်၍မရပေ။


သို့သော် ဤကောင်လေးက ရှောင်ပိုင်၏နှလုံးသားကို ဖမ်းစားနိုင်လိုက်သည်ကို တွေ့လိုက်ရသည့်အခါ မိန်းကလေးများလည်း မျှော်လင့်ချက်ရောင်ခြည် သန်းလာလေသည်။ ယောက်ျားလေးအချို့က မိန်းကလေးများ၏တောင်းဆိုမှုကို မငြင်းပယ်နိုင်ကြသည့် ထုံးစံရှိလေရာ သူနှင့်စေ့စပ်ညှိနှိုင်းနိုင်မလားဆိုသည်ကို သူတို့သိချင်မိကြသည်။


စွေ့ချီချောင်း လှည့်ကြည့်လိုက်သည်။


"ဟင်…" 


မိန်းကလေးအုပ်စုက ခဏမျှအံ့အားသင့်သွားပြီး လေအေးများကို ရှူရှိုက်လိုက်မိကြသည်။ ယနေ့ စွေ့ချီချောင်းကြောင့် သူတို့ အပြင်းအထန်တုန်လှုပ်သွားခဲ့ရသည်။


ထိုလူမှာ သူဌေးစွေ့ဖြစ်နေလေသည်။ အနောက်တိုင်းဝတ်စုံမဝတ်ထားသည့် သူဌေးစွေ့ပင်။


သူတို့ပုံစံမှာ မိန်းမောနေသလိုထင်ရသော်လည်း သူတို့၏အတွင်းစိတ်ထဲ၌မူ အရူးအမူးခုန်ပေါက်နေချေသည်။


ခံ့ညားလွန်းလှသည်။ သူက အမှန်တကယ်ခံ့ညားလွန်းလှသည်။ ပေါ့ပေါ့ပါးပါး အဝတ်အစားများဝတ်ထားသည့်တိုင် ချောမောလှပနေဆဲဖြစ်၏။ ဝတ်စုံပြည့်မဝတ်ထားသည့်အခါမျိုးမှာ သူ့ပုံစံက ရင့်ကျက်တည်ငြိမ်မှုလျော့ပါးသွားသည့်အတွက် သူတို့ သူ့အား ကျောင်းသားတစ်ယောက်ဟု အထင်မှားမိသည်မှာလည်း အံ့ဩစရာမဟုတ်ပေ။


ဝိုး...ငါ သူနဲ့တကယ်ဒိတ်ချင်လိုက်တာ...


ထိုပြကွက်ကို ထုတ်လွှင့်ပြီးသည်နှင့်တစ်ပြိုင်နက် ရုပ်သံလွှင့်ပလက်ဖောင်းပေါ်ရှိ ကောမန့်ကဏ္ဍတွင် "ကျွန်မ ရှင့်ကိုချစ်နေမိပြီ" နှင့် "ရည်းစားမရှာဖို့ ကျွန်မ ရှင့်ကိုအမိန့်ပေးတယ်"ဟူသော စကားလုံးပင်လယ်ကြီးများနှင့် ပြည့်နှက်သွားလေသည်။


ဤကိစ္စမှာ စွေ့ချီချောင်းက ရှောင်ပိုင်ကိုကောက်ပွေ့လိုက်ပြီး ဂရုမစိုက်ဟန်ဖြင့် မပြောမီအချိန်အထိ ဆက်ဖြစ်နေခဲ့လေသည်။


"မရဘူး ဒါက ငါ့ကြောင်..." 


အမျိုးသမီးတစ်သိုက် : "..."



🌱🌱🌱