Chapter 26
Viewers 3k

🌱Arc 1 [ ကျောင်းတွင် လယ်စိုက်ခြင်း ]

Ch 26

လူတိုင်းမျှော်လင့်စောင့်စားနေကြသည့် ငရုတ်သီး (အပိုင်းတစ်)



ကျောင်းဝင်းအပြင်ဘက်တွင် သယ်ယူပို့ဆောင်ရေးအလုပ်သမားများ အများအပြားစုဝေးနေသည်ကို မြင်တွေ့ရသည်မှာ သာမန်ပင်။ နန်ဟိုင်တက္ကသိုလ် မြို့တော်တွင် ယူနီဖောင်းဝတ်ထားသည့်လူများကို ကျောင်းနှင့် စားသောက်ဆိုင်များအကြား မော်တော်ဆိုင်ကယ်စီးပြီးမောင်းနှင်သွားလာနေသည်ကို မကြာခဏဆိုသလို တွေ့နိုင်လေသည်။


အမှန်တွင် ကျောင်းကန်တင်းတိုင်းက CUကန်တင်းကဲ့သို့ အရသာရှိသောအစားအစာများကို မတည်ခင်းနိုင်ပေ။ ဆန့်ကျင်ဘက်အနေနှင့် CU၌မူ ထမင်းစားချိန်အတွင်း Deliveryပို့ပေးသည့်ဝန်ထမ်းများကို မတွေ့ရတော့ပေ။


CUကန်တင်းက အနီးတစ်ဝိုက်တွင်သာရှိသောကြောင့် အခြားကျောင်းများမှ ကျောင်းသားများက အလွန်မနာလိုဖြစ်ခဲ့ရသည်။ သို့ဖြစ်ရာ အခြားကျောင်းများမှ ကျောင်းသားများက ညစာစားရန်အတွက် သူတို့၏ကျောင်းကန်တင်းသို့ သွားလိုစိတ်မရှိတော့သည့်အတွက် ဖောက်သည်အရေအတွက်ကလည်း သိသိသာသာကျဆင်းလာသည်။


အခြားကျောင်းများ၏ကန်တင်းမှ သူဌေးများနှင့်ဝန်ထမ်းများအားလုံး စိတ်ဓာတ်ကျနေချိန်တွင် ပါဆယ်ပို့ဆောင်ရေးလုပ်ငန်းကမူ အင်အားကြီးထွားလာခဲ့သည်။ ထို့ကြောင့် မကြာသေးမီကပင် ကျောင်းသားများအား ကန်တင်းတွင်ပြန်လည်စားသောက်ကြရန်အတွက် တောင်းဆိုထားသည့် ဆိုင်းဘုတ်များနှင့်ကြော်ငြာများကို ကန်တင်းများတွင်လွှင့်ထူလာခဲ့ကြသည်။ ထိုဓာတ်ပုံများကို ဖိုရမ်ပေါ်မှာလည်းတင်ထားလေသည်။ 


ဓာတ်ပုံရိုက်ပြီးနောက် တက္ကသိုလ်ကျောင်းသားများက ကျောင်းအသီးသီး၏ရှိ ဆိုင်းဘုတ်များကို တစ်ခုနှင့်တစ်ခုနှိုင်းယှဉ်ကြသည်။ ဤဆိုင်းဘုတ်စာတန်းများထဲမှ အထောက်အပံ့ဖြစ်စေသည့် တစ်ခုတည်းသောအရာမှာ á€…ဝ္းသက်သဏသ္ဏ ကန်တင်းအစားအသောက်နှင့် သူတို့အသုံးပြုထားသော သန့်ရှင်းသည့်ပါဝင်ပစ္စည်းများသာဖြစ်သည်။ တခြားဘာမှမရှိချေ။


နန်ဟိုင်နည်းပညာတက္ကသိုလ်အပါအဝင် တခြားကျောင်းရှိကန်တင်းများမှာ အမှန်တကယ်ပင် စိတ်မကောင်းဖြစ်နေကြသည်။ ယခင်က CU၏ကျားငါးကောင် ကျွေးမွေးတည်ခင်းခဲ့ဖူးသော ဆိုးဝါးလှသည့်ဟင်းလျာများကဲ့သို့ သူတို့၏အစားအသောက်များက မဆိုးလှပေ။ သို့သော် ဤကိစ္စအရေးရာတွင် သူတို့က CUကန်တင်းများနှင့် နှိုင်းယှဉ်ခြင်းခံနေရလေသည်။ ထိုအရာမှာ သူတို့အပြစ်မဟုတ်ပေ။ ဘယ်သူကများ CUရဲ့ပထမကန်တင်းလိုမျိုး အရှုံးနဲ့ လည်ပတ်ချင်မယ်တဲ့လဲ…


အခြားကျောင်းများ၏ ကန်တင်းများတွင် အချိန်အတန်ကြာသည်အထိ ဖောက်သည်စီးဆင်းမှု မြင့်တက်လာခြင်းမရှိပေ။ သို့သော် ထိုအချိန်မှာပင် တစ်စုံတစ်ယောက်က တခြားအရာတစ်ခုကို တွေ့လိုက်ရလေသည်။


"ဟေ့ကောင်တွေ...CUကလည်း ဆိုင်းဘုတ်တစ်ခုထောင်ထားတယ်ဟ..."


အလို...CUကလည်း ဆိုင်းဘုတ်ထောင်ထားတယ်တဲ့လား…အထင်မှားနေကြသလား… CUကန်တင်းရဲ့ စီးပွားရေးက အရှိန်အဟုန်မြင့်လာတယ်မလား… တကယ်လို့ CUက သူတို့မှယ ဖောက်သည်လုံလောက်မှုမရှိဘူးလို့ထင်ရင် သူတို့အစားအသောက်တွေကို တခြားကျောင်းက ကျောင်းသားတွေဆီ ဘာလို့မရောင်းတာလဲ…


ထိုဆိုင်းဘုတ်ပုံကို ဖိုရမ်ပေါ်တင်လိုက်သည်နှင့်တစ်ပြိုင်နက် လူအပေါင်းက အပြေးအလွှားကြည့်ရှုကြသည်။ 


ဆိုင်းဘုတ်ထဲတွင်ပါသည့်စာမှာ...


[ပထမကန်တင်းရဲ့ဟင်းတွေက အရသာရှိတယ်ဆိုပေမဲ့ အပြင်မှာလည်း အရသာရှိတဲ့ဟင်းတွေရှိပါတယ်… ဟင်းအမျိုးအစားအစုံအလင်ကို ပါဆယ်မှာလို့လည်း ရနေတာပဲ… ဘာလို့စိတ်ရှုပ်ခံပြီး တန်းစီနေမှာလဲ…]


လူတိုင်း : [...]


[ဘုရားရေ…]


[အဲဒါကို CUရဲ့ပထမကန်တင်းမှာ ချိတ်ထားတာလား… ဒီဟာက လူမုန်းခံရမဲ့အကွက်ကြီး…]


[ငါတို့ကျောင်းရဲ့ကန်တင်းတွေအတွက် စိတ်မကောင်းဖြစ်မိပါတယ်ကွာ… သူတို့က ကျောင်းသားတွေကို အဲ့ဒီမှာလာစားအောင် အစွမ်းကုန်ကြိုးစားနေကြပေမဲ့ ပထမကန်တင်းကတော့ ကျောင်းသားတွေကို အပြင်မှာသွားစားဖို့ ဆွဲဆောင်နေတယ်တဲ့လား...]


[တကယ်တော့ သူတို့ရဲ့ရည်ရွယ်ချက်ကို ငါနားလည်တယ်… သူတို့ကန်တင်းမှာ တန်းစီနေတဲ့ပုံတွေကိုတွေ့ဖူးတယ် ငါလူး...ပြောင်းဖူးလေးတစ်ဖူးအတွက် တန်းစီနေလိုက်ကြတာများ á€œá€°á€Ąá€Żá€•á€şá€€á€źá€Žá€¸á€€ တံခါးအပြင်ဘက်အထိတောင်ရောက်နေပြီ… အဲဒါလေးအတွက်နဲ့ ဒီလိုကြီးတန်းစီဖို့ တကယ်လိုလို့လား…]


[အပေါ်ထပ်ကလူရေ... အဲ့လိုမေးခဲ့တဲ့နောက်ဆုံးတစ်ယောက်ကို CUကလူတစ်ယောက်က ဆန်ပြုတ်ဖြူသောက်ဖို့ဖိတ်လိုက်တာ… အဲ့ဒီလူခမျာ သုံးရက်တိတိ အရသာရှိလိုက်တာဆိုတဲ့စကားကို ပါးစပ်ကမချတော့ဘူးတဲ့…]


[မင်းဘာသိလို့လဲ… အဲ့ဒါ အပေါ်ထပ်ကလူရဲ့ဗျူဟာပဲ… CUကလူတစ်ယောက်ယောက်က နောက်ရက်ကျ သူ့ကိုပြောင်းဖူးစမ်းစားကြည့်ဖို့ဖိတ်ခေါ်လာရင် ဘယ်လိုလုပ်မလဲ…]


ထိုအဖြစ်အပျက်ကို အခြားကျောင်းမှကျောင်းသားများပင် သိနေကြပြီဖြစ်ရာ CUကျောင်းသားများလည်း မသိစရာအကြောင်းမရှိချေ။ ဆိုင်းဘုတ်များရှေ့က ဖြတ်သွားသူတိုင်းက ထိုဆိုင်းဘုတ်ကို သေချာစိုက်ကြည့်ပြီး တသောသောရယ်မောကြလေတော့သည်။


"သေစမ်း ငါ အပြင်စာ လုံးဝမှာမစားနိုင်ဘူး…"


ပထမကန်တင်းက ဦးလေးကြီးနဲ့အဒေါ်ကြီးတွေက သူတို့ရဲ့အလုပ်တာဝန်များလွန်းတယ်လို့ ထင်နေလို့ ကျောင်းသားတွေကို မောင်းထုတ်နေတာများလား...


ဖြစ်နိုင်လောက်သည်။ လက်ရှိတွင် ကန်တင်းငါးခုစလုံးတွင် ထမင်းစားချိန်ဆိုလျှင် တစ်နေရာစာပင်မကျန်လောက်အောင် ပြည့်ကျပ်နေတတ်သည်။ ကျောင်းသားများက တစ်နေ့ထမင်းသုံးနပ်မှသည် ညလယ်စာအထိ သူတို့၏ဝမ်းရေးလိုအပ်ချက်များကို ကျောင်းကန်တင်း၌သာဖြေရှင်းရန် ဆန္ဒရှိကြသည်။ အထူးသဖြင့် ပထမကန်တင်းတွင် ဖြေရှင်းချင်ကြသည်။ ကန်တင်းတွင် ဟင်းလျာအသစ်များကျွေးသည့်အခါတိုင်း ကောင်တာရှေ့ရှိမြင်ကွင်းက မြေအောက်ရထားဘူတာရုံကဲ့သို့ စည်ကားနေချေသည်။


အပြင်စာများကို အမှန်တကယ်သွားစားမည့် အဆင်အခြင်မဲ့သောကျောင်းသားများ တကယ်ရှိလေမလားဆိုသည်ကို သူတို့မသိပေ။


မည်သို့ပင်ဆိုစေကာမူ လူအများစုကမူ ဆုံးဖြတ်ချက်ချထားကြသည်။ သူတို့က ကန်တင်းမှာသာ စားကြမည်ဖြစ်၏။


တစ်ဖက်တွင်မူ တစ်စုံတစ်ယောက်က ဆိုင်းဘုတ်ဓာတ်ပုံကိုကိုင်ကာ ထိုအကြောင်းကိုမေးမြန်းရန် ရောက်ချလာသည်။ ရလဒ်အနေနှင့် ကန်တင်းဝန်ထမ်းများမှာ ပဟေဠိဖြစ်သွားရသည်။


"ငါတို့ ဒီလိုမျိုး တစ်ခါမှမချိတ်ဖူးပါဘူး… အခုတလော အလုပ်တွေပိနေတာမို့ ငါတို့သူဌေးကတောင် အလုပ်တာဝန်တွေလျှော့ချဖို့ စက်တွေသုံးသင့်တယ်လို့တောင်ပြောနေသေးတယ်…"


ကျောင်းသားအားလုံး ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။ 


ဒါက ပထမကန်တင်းမှာ ချိတ်ထားတာမဟုတ်ဘူးလား… ဘာတွေဖြစ်နေတာလဲ...


ထိတ်လန့်စရာကောင်းသည့် ပူးပေါင်းကြံစည်မှုတစ်ခု ရှိကိုရှိရပေမည်။ 

ကျောင်းအရှေ့က ဆန်ခေါက်ဆွဲဆိုင် ဒါမှမဟုတ် မုန့်စျေးတန်းက မာလာဟင်းဆိုင်ကများ ဒီအစီအစဉ်ကိုဆွဲခဲ့တာများလား...


လူအများ ရုတ်ရုတ်သဲသဲဖြစ်နေခြင်းမှာ လုံခြုံရေးဌာန၏အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။ သူတို့က ကျောင်း၏CCTVကို စစ်ဆေးပြီးနောက် သံသယရှိသူများကို အမိအရဖမ်းလိုက်နိုင်၏။ ပျင်းရိနေကြသော သတင်းထောက်မေဂျာမှ ကျောင်းသားအချို့က ညဘက်တွင် တိတ်တဆိတ် လာရောက်ချိတ်ဆွဲသွားခြင်းပင်။


ဖော်ထုတ်ခံရပြီးနောက်တွင် သူတို့က သူတို့၏အမှားကို ရိုးသားစွာဝန်ခံပြီး တက္ကသိုလ်မြို့တော်အတွင်း မကြာသေးမီက ဖြစ်ပျက်နေခဲ့သောကိစ္စကြောင့် စနောက်ကြခြင်းဖြစ်ကြောင်း ဝန်ခံလေသည်။


ထိုကိစ္စကို ဖြေရှင်းပြီးသွားသည်နှင့်တစ်ပြိုင်နက် တစ်ကျောင်းလုံး ဆွံ့အသွားရချေသည်။


[ဒါက အသေရယ်စရာကောင်းတယ်… ဒီလိုလုပ်ဖို့ ဘယ်သူက ဒီလောက်မိုက်မဲမှာလဲ…]


[သူတို့က ရယ်ရရုံသက်သက်လုပ်ခဲ့တာလို့ ငါတော့မယုံဘူး… တခြားသူတွေကို ကန်တင်းမှာမစားအောင်လမ်းလွှဲဖို့လို့ ထင်တယ်…]


[တကယ်တော့ ကမ္ဘာပေါ်မှာ ဒီလိုမျက်နှာပြောင်တိုက်တဲ့သူတွေ တကယ်ရှိတယ်… သူတို့က ငါတို့နဲ့ပြိုင်ဖို့ တအားကြိုးစားနေကြတာပဲ…]


[သောက်ကျိုးနည်း... သူတို့က ငါတို့ကို အပြင်စာထွက်စားဖို့ တကယ်လှည့်စားနိုင်ခဲ့ရင် သူတို့ကိုယ်တိုင် အပြင်ထွက်စားဖို့မလိုတော့ဘူးမဟုတ်လား…]


[တကယ်တော့ သူတို့ပြောခဲ့တာတွေက မမှားဘူးလို့ ငါထင်တယ်... အနီးအနားမှာရှိတဲ့ ပင်လယ်စာစားသောက်ဆိုင်က ၆၀ရာခိုင်နှုန်းလျှော့စျေးပေးနေတုန်းပဲ… နန်ဟိုင်တက္ကသိုလ်မှာ စီချွမ်စားသောက်ဆိုင်အသစ်တစ်ခုလည်း ဖွင့်ထားသေးတယ်...]


[ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်... ပြီးတော့ ကျောင်းအနောက်ဘက်မှာ ရောင်းနေတဲ့ ကန်တုံအစားအစာကိုလည်း တော်တော်လေးချီးကျူးနေကြတယ် မဟုတ်လား…]


[ဝိုး...ဒီဆွေးနွေးမှုကြီးက ငါ့ကိုသွားရည်ယိုအောင်လုပ်နေတာပဲ… အတူတူသွားလို့ရတဲ့ရက်ကို သတ်မှတ်လိုက်ကြရအောင်…]


ချက်ချင်းပင် ဆွေးနွေးမှုတစ်ခုလုံးက ကျောင်းသားများအကြားတွင် အပြင်၌ထမင်းသွားစားရန် တွေ့ဆုံရမည့်အချိန်ကိုတိုင်ပင်ကြသည့် ဆွေးနွေးမှုတစ်ခု ဖြစ်သွားလေသည်။ လူတိုင်းလူတိုင်းမှာ အတိတ်က အပြင်စာမှာစားခဲ့ကြသည့်အချိန်များကို ပြန်သတိရမိသွားကြသည်။ ထိုအချိန်တွင် CU၏ကျားငါးကောင်က ကျောင်းဝင်းအတွင်း စတင်လည်ပတ်နေကြဆဲဖြစ်ပြီး ဆိုးဝါးလှသည့်ဟင်းလျာများက ကျောင်းဝင်းအတွင်းကြီးစိုးထားချိန်ဖြစ်သည်။


သို့သော် လွန်ခဲ့သည့်နှစ်များအတွင်း သူတို့က အပြင်စားမှာစားခြင်းဓလေ့ကို မေ့လျော့သွားခဲ့သည်။ သူတို့က စတိုးဆိုင်များကိုသွားရောက်ခြင်းလည်းမရှိတော့သလို လျှော့စျေးကူပွန်များ မျှဝေခြင်းကိုလည်း မပြုလုပ်ကြတော့ပေ။ 


ယခု သူတို့ ပါဆယ်မှာစားခြင်း၏တည်ရှိမှုကို ပြန်သတိရလာသောအခါတွင် ကန်တင်းတွင် မရှိသောအစားအသောက်တစ်ခုခုကို ရံဖန်ရံခါပြောင်းလဲပြီးမှာစားရန် ဆုံးဖြတ်ခဲ့ကြသည်။


ဒုတိယနေ့တွင်...


တူညီသောဆွေးနွေးမှုတစ်ခုမှာပင်...


[လူလိမ်တွေ...ငါးကင်နဲ့စီချွမ်အစားအစာ သွားစားမယ်လို့ပြောခဲ့တဲ့သူတွေ ဒီကနေထွက်သွားစမ်း…ဒီနေ့ ကန်တင်းမှာ မင်းတို့ကို ဘာလို့တွေ့နေရသေးတာလဲ…]


[...မင်းတို့ ကန်တင်းကို ထပ်မလာတော့ဘူးလို့ ငါတကယ်ကြီးထင်ခဲ့တာ… မင်းတို့ကိုယုံတဲ့သူက အရူးပဲ…]


[ရိုင်းလိုက်တာ...ငါ á€á€á€źá€Źá€¸á€œá€°á€á€˝á€ąá€€á€­á€Ż ထောင်ချောက်ဆင်ဖို့ပြောလိုက်တာကွ LMAO]


.……


စွေ့ချီချောင်း၏လမ်းညွှန်မှုအောက်တွင် ကွင်းပြင်ထဲ၌ စတင်စိုက်ပျိုးခဲ့သော ငရုတ်သီးမျိုးစိတ်က ယခုအခါ ရင့်မှည့်လာပြီဖြစ်၏။ ရုံထဲ၌ သူစိုက်ပျိုးခဲ့စဉ်ကရရထားသော စမ်းသပ်ချက်ရလဒ်များနှင့် ထိုငရုတ်သိီးများကြားတွင် ကွာခြားချက်အချို့ရှိသော်လည်း ကွဲလွဲမှုများမှာ အလွန်ကြီးမားခြင်းမရှိပေ။ CX-7၏စွမ်းဆောင်ရည်မှာလည်း အလွန်တည်ငြိမ်လှသည်။


သူက CX-7ကို ပို၍အကောင်းမြင်သောကြောင့် ၎င်းကို အထူးတလည်ပိုစိုက်ပျိုးခဲ့သည်။ CX-7တစ်သုတ်ကို မြေဧရိယာကြီးတစ်ခုတွင်စိုက်ပျိုးခဲ့ပြီး အချို့ကိုဖယ်ထုတ်ထားလိုက်သည်။ ၎င်းတို့ထဲမှ ပျိုးပင်ကောင်းများကိုရွေးချယ်၍ သူပေးပို့မည်ဟုသဘောတူထားသည့် ပြည်နယ်အသီးသီးရှိအင်တာနက်သုံးစွဲသူများထံ ပေးပို့ခဲ့သည်။


စွေ့ချီချောင်းက ကျောင်းသားမုန့်ချန်အကြောင်း တွေးမိသည်။ သူ့မိသားစုကလည်း ငရုတ်ပင်များကို စိုက်ပျိုးကြသည်ပင်။ မုန့်ချန်နှင့်တွေ့သောအခါ စွေ့ချီချောင်းက သူ့ကို ငရုတ်စေ့တစ်အိတ်ပေးလိုက်သည်။


"ဒါက ငါကိုယ်တိုင်မျိုးဖောက်ထားတဲ့ အထူးသီးသန့်ငရုတ်စေ့တွေပါ… မင်း ဒါကို မင်းအဖေကိုပေးလိုက်လို့ရတယ်… ဒီငရုတ်စေ့တွေက အရည်အသွေးကောင်းတယ်…"


အထုပ်၏အပြင်ဘက် တံဆိပ်ပေါ်တွင် CX-7၏အချက်အလက်များလည်း ပါရှိသည်။ မုန့်ချန် အံ့သြသွားရသည်။ 

"ကောင်းပါပြီ… ကျေးဇူးတင်ပါတယ် သူဌေးစွေ့…"


စွေ့ချီချောင်းက ပြန်ပြောလိုက်သည်။

"ငါကသာ မင်းကို ကျေးဇူးတင်ရမှာပါ… မင်းက 'လယ်သမားငယ်များအတွက် အမေးအဖြေ'ဆိုတဲ့အက်ပ်အကြောင်း ငါ့ကိုမိတ်ဆက်ပေးခဲ့တဲ့သူပဲလေ…"


အကယ်၍ မုန့်ချန်သာ မည်သည့်မေးခွန်းမျှမေးရန်ရည်ရွယ်ချက်မရှိပါက 'လယ်သမားငယ်များအတွက်အမေးအဖြေ'ကို သူ မည်သို့သောအခါမှ ဝင်ကြည့်ဖြစ်မည်မဟုတ်ပေ။ ထိုဝဘ်ဆိုက်သို့ သူသွားရောက်လည်ပတ်သည့်အချိန်များတွင်လည်း မေးခွန်းများမေးပြီးနောက် မကြာခဏဆိုသလို အခွင့်အရေးများ လွဲချော်သွားတတ်သည်။ သူက ဝက်ဆိုဘ်ထဲမှာလှည့်ပတ်ကြည့်ဖို့လည်း မည်သည့်အခါကမှ မပျင်းခဲ့ချေ။ ရိုးရိုးသားသားပြောရလျှင် 'လယ်သမားငယ်များအတွက် အမေးအဖြေ'ကိုသာမက သူ မေးမြန်းစုံစမ်းရန်အတွက် ဝဘ်ဆိုက်ပေါင်းများစွာကို အသုံးပြုခဲ့သေးသည်။


သူဌေးစွေ့ပြောပြနေသည်ကို နားထောင်ပြီးသောအခါ မုန့်ချန်က အနည်းငယ်စပ်စုချင်သွားသည်။


စွေ့ချီချောင်းက မျိုးစေ့များကိုပေးပို့ပြီးနောက် သူ မျိုးစေ့များပေးပို့နေကြောင်း ဖော်ပြထားသည့်ပို့စ်က တချို့အင်တာနက်သုံးစွဲသူများ၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင်မျှဝေသည့် အကြောင်းအရာကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။


အစေ့ကိုလက်ခံရရှိလိုက်သော အင်တာနက်သုံးစွဲသူများက သူတို့၏ငရုတ်သီးစိုက်ခင်းများထံမှ လေ့လာတွေ့ရှိချက်များကို တစ်ခုပြီးတစ်ခု ပို့စ်တင်ခဲ့ကြသည်။ စွေ့ချီချောင်းကလည်း ကောက်ပဲသီးနှံများ ကြီးထွားရေးနှင့်ပတ်သက်၍ အလွန်အာရုံစိုက်ထားခဲ့ပြီး စိုက်ပျိုးနည်းကို အသေးစိတ်ဖော်ပြရန် ဆက်တိုက်ရောက်လာတတ်သည်။


သို့သော်လည်း စွေ့ချီချောင်းက အလွန်အမင်းဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့ပေ။ ကောင်းမွန်သောမျိုးကြဲနည်းကို အသုံးမပြုပါဘဲ ရိတ်သိမ်းရရှိသော ငရုတ်သီး၏စွမ်းဆောင်ရည်က မည်မျှကောင်းမွန်နိုင်မည်ကို သူကြည့်ရဦးမည်ဖြစ်၏။


အမှန်ပင်။ ရလဒ်များမှာ အလွန်အံ့သြဖွယ်ရာကောင်းသည်။ CX-7က ရောဂါကူးစက်ခံရမှုနှုန်း နည်းပါးသည့်အပြင် ရောဂါများကို ခုခံနိုင်စွမ်းလည်း မြင့်မားသည်။ စွေ့ချီချောင်းက သူကိုယ်တိုင်စစ်ဆေးထားသော ငရုတ်မျိုးစိတ်ကိုလည်း ပေးပို့ခဲ့ခြင်းဖြစ်ပြီး သူပေးပို့ခဲ့သည့်လူအားလုံက အတွေ့အကြုံရှိသည့် စိုက်ပျိုးမွေးမြူရေးသမားများပင် ဖြစ်သည်။ သူတို့က ထိုနယ်ပယ်တွင် ကျွမ်းကျင်သူများဖြစ်ကြသည့်အတွက် ထိုငရုတ်မျိုးစေ့များကို မျိုးကြဲပြီးသွားသည်နှင့် ကွဲပြားခြားနားမှုကိုသတိထားမိသွားကြသည်။


ထို့အပြင် လူတိုင်းက မိမိတို့၏သီးနှံပင်များ၏ အခြေအနေကို နှိုင်းယှဉ်ကြည့်သောအခါတွင် CX-7က လယ်ကွင်းပြင်တွင်ဖြစ်စေ၊ ဖန်လုံအိမ်တွင်ဖြစ်စေ၊ တောင်ပိုင်း၏ပူနွေးစိုစွတ်သောပတ်ဝန်းကျင်တွင်ဖြစ်စေ၊ မြောက်ပိုင်း၏ခြောက်သွေ့သောပတ်ဝန်းကျင်တွင်ဖြစ်စေ လိုက်လျောညီထွေရှိကြောင်း တွေ့ရှိခဲ့ရသည်။ မြင့်မားသောတောင်တန်းများမှသည် မြေနိမ့်ပိုင်းနေရာများအထိ စိုက်ပျိုးနိုင်ပြီး ရှင်သန်မှုနှုန်းကလည်း အလွန်ကောင်းမွန်သည်။ ဤနည်းဖြင့် ဤမျိုးကွဲက လယ်ကွင်းပြင်စိုက်ပျိုးမှုအတွက် အလွန်သင့်လျော်ပြီး ၎င်းတို့အတွက် ဖန်လုံအိမ်တည်ဆောက်မှု စရိတ်စကများစွာကိုလည်း သက်သာစေနိုင်လေသည်။


ဤအားသာချက်များက အစပိုင်းတွင် စွေ့ချီချောင်းပြောခဲ့သည့်စကားနှင့် ကိုက်ညီသည်။ ယခုမူ စွေ့ချီချောင်းက ထုတ်လုပ်မှုကိုသာ အာရုံစိုက်ရပေတော့မည်။


CX-7အစေ့ငါးဂရမ်ကို တစ်စတုရန်းမီတာတွင် မျိုးစေ့ချနိုင်သည်။ စွေ့ချီချောင်း၏ အချက်အလက်များအရ အပင်က ငါးဆယ်စင်တီမီတာနှင့်အထက်အထိ ကြီးထွားနိုင်ပြီး အသီးများစွာသီးပွင့်နိုင်၏။


ယခုအချိန်တွင် စျေးကွက်ထဲရှိငရုတ်သီးများ၏ အထွက်နှုန်းမှာ တစ်ဧကလျှင် ပျမ်းမျှ ကီလိုဂရမ်ငါးရာမှ တစ်ထောင်ခန့်ရှိသည်။ သေချာဂရုစိုက်ပျိုးထောင်လျှင်မူ စမ်းသပ်ရန်အတွက် စွေ့ချီချောင်းအသုံးပြုခဲ့သောငရုတ်သီး၏ အမြင့်ဆုံးအထွက်နှုန်းမှာ သုံးထောင့်ရှစ်ရာကီလိုဂရမ်ဖြစ်၏။ သို့သော် စမ်းသပ်မှုရလဒ်များအပေါ်အခြေခံလိုက်သော် CX-7၏အထွက်နှုန်းက ဤငရုတ်မျိုးစိတ်ထက် ဆယ့်ခြောက်ရာခိုင်နှုန်းပိုမိုမြင့်မားလေသည်။


ဤအချက်အလက်သာမှန်ကန်ပါက CX-7က အမှန်တကယ် အစွမ်းထက်လှပေသည်။



🌱🌱🌱