အပိုင်း ၁
Viewers 31k

ရွမ်ရှ ရေချိုးခန်းထဲသို့ဝင်ကာ သူမကိုယ်သူမ မှန်ထဲ၌ကြည့်လိုက်မိပြီး ချက်ချင်းပဲ သူမ၏အသိစိတ်များ လွှင့်ထွက်မတတ်ဖြစ်သွားသည်။


လူတစ်ယောက်အနေဖြင့် တခြားသူ၏အလှအပများကိုသာ အားကျခဲ့ရသော သူမသည် ယခုအချိန်မှာတာ့ အားကျခံလူတန်းစားထဲမှ တစ်ယောက်ဖြစ်လာသည်။


ဒါဘယ်လိုဖြစ်သွားတာလဲ…


လွန်ခဲ့သောတစ်ပါတ်က အစိုးရရုံးပိတ်ရက်ဖြစ်သော နေ့တစ်နေ့တွင် အလုပ်မှအားလပ်ရက်ရခဲ့သောကြောင့် တစ်ကိုယ်တည်းသမားဖြစ်သူ ရွမ်ရှသည်  များပြားလှသောအွန်လိုင်းဝတ္ထုများအား တွေ့ရှိခဲ့ပြီး တစ်ညလုံးမအိပ်ပဲဖတ်ကာ တနေ့လုံးအိပ်ပျော်သွားခဲ့သည်။


သူမ နိုးလာချိန်မှာတော့ အပြင်ထွက်လိမ့်မည်ဖြစ်ပြီး အဲ့ဒါက သူမရဲ့အားလပ်ရက်ကို ကုန်ဆုံးရန်အတွက် ချစ်စရာကောင်းတဲ့ နည်းလမ်းတစ်ခုပဲဖြစ်သည်။ သူမ၏ သူငယ်ချင်းများအားလုံးသည် အားလပ်ရက်အတွက် နိုင်ငံခြားသို့ခရီးထွက်သွားကြပြီဖြစ်သော်လဲ သူမ အားမကျမိပေ။ အားလပ်ရက်မှာ အပြင်ထွက်ပြီး ဘာလုပ်ရမှာလဲ…. အိမ်မှာနေတာကပဲ အကောင်းဆုံး သက်တောင့်သက်သာရှိမှု မဟုတ်ဘူးလား….


သူမသည် တရုတ်စာလုံးရေအများအပြားပါရှိသည့် ဝတ္ထုအား ဖတ်ပြီးနောက် သူမ၏အမြင်တွင် ထိုဇာတ်လမ်းတွင်ပါဝင်သော ဇာတ်ဆောင်များ၏ ခံစားချက်များဖြင့်သာ ပြည့်နှက်နေသည်။ ထိုစာရေးဆရာ၏ ဇာတ်အိမ်ဇာတ်ကွက် တည်ဆောက်မှုမှာ အလွန်အံ့အားသင့်ဖွယ်ကောင်းလွန်းလှသောကြောင့် ဖြစ်သည်။


စိတ်အားထက်သန်စွာဖြင့် သူမဖတ်နေသည်မှာ နောက်တစ်နေ့ မနက် ၅ နာရီအထိ ဖြစ်သွားသည်။ ထို့ကြောင့် သူမ ရေချိုးခန်းထဲဝင်သွားချိန်မှာတော့ မမျှော်လင့်ပဲ သွေးတွင်းသကြားဓါတ်အလွန်အမင်းနည်းခြင်းဖြစ်ပေါ်ကာ သူမအမြင်အာရုံတစ်ခုလုံး မည်းမှောင်သွားပြီး ကြမ်းပြင်ပေါ်သို့လဲကျသွားတော့သည်။


သူမ ပြန်နိုးလာချိန်မှာတော့ ဒီဝတ္ထုထဲသို့ ကူးပြောင်းသွားပြီဖြစ်ပြီး သူမနှင့်နာမည်တူတော့ အမျိုးသမီးအရံဇာတ်ကောင် ဖြစ်လာသည်။


ရွမ်ရှသည် ငယ်စဉ်ကတည်းက အဖိုးအဖွားများနှင့် အတူနေခဲ့သောကြောင့် သူမ၏မိဘများနှင့် ခိုင်မာသော ဆက်ဆံရေးမျိုးမရှိခဲ့ပေ။ သူမ၏ အဖိုးနှင့်အဖွားနှစ်ယောက်လုံး ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားချိန်မှာတော့ သူမ၏မိဘများက သူမအား မြို့ပေါ်သို့ ပြန်လည်ခေါ်ယူခဲ့သည်။ ထို့အချိန်တွင် သူမသည် အထက်တန်းကျောင်းတက်နေပြီဖြစ်ပြီး ထိုအရွယ်က မိဘများနှင့် ပိုရင်းနှီးဖို့ ခက်ခဲသောအရွယ်ဖြစ်သည်။


ကံကြမ္မာက လူတွေကို ဆွေမျိုးတွေအဖြစ် ယူဆောင်ပေးရုံနှင့် သူတို့တွေရဲ့ဘဝကို တစ်ယောက်နှင့်တစ်ယောက် ဝင်စွက်ဖက်စရာမလိုဘူးဟု တစ်ခါတလေ သူမ တွေးမိသည်။ ဥပမာ သူမနှင့် သူမမိဘ တွေလိုပေါ့…


သူမနှင့် သူမမိဘများသည် သူတို့၏ဆက်ဆံရေးကို ပြင်ဆင်ရင်ခက်ခက်ခဲခဲ ကြိုးစားခဲ့သော်လည်း ဝေးဝေးမှာနေခြင်းကသာ ပိုသင့်တော်သည်ကို လက်တွေ့တွင် နားလည်ခဲ့ကြသည်။


ဒါကြောင့် သူမ၏ မူလကမ္ဘာသို့ မပြန်နိုင်လျင်တောင် သူမ၏မိဘများအတွက် စိုးရိမ်နေမည်မဟုတ်ပေ။


သူမ၏ မိဘများတွင် ပင်စင်လစာများရှိပြီး သူမသည်လဲ သူတို့၏ တစ်ဦးတည်းသော သမီးမဟုတ်ပေ။ သူမတွင် မောင်လေးတစ်ယောက်ရှိသည်။ သူမ ကောလိပ် စတက်စဉ်ကတည်းက အိမ်မှာမနေတာများသဖြင့် သူမမိဘများ ဒုတိယမြောက်သားအား မွေးခြင်းကို သူမ မဆန့်ကျင်ခဲ့ပေ။ သားသမီးက မိဘတွေထက်အရင် စောစောထွက်သွားရသည်မှာ လွယ်လွယ်ကူကူလက်ခံနိုင်သည့်အရာမဟုတ်မှန်း သိသည့်အတွက် သူမ မရှိတော့သည်ကိုလဲ သူမမိဘများ လက်ခံနိုင်မည်မဟုတ်ပေ။


သူမ မောင်လေးရှိနေသည့်အတွက် သူမမိဘတွေသည်လဲ အကြာကြီး ဝမ်နည်းနေမည်မဟုတ်ပေ။


သူမ နိုးလာချိန်မှာတော့ မူလပိုင်ရှင်၏ မှတ်ညာဏ်များအားလုံးကို ရရှိခဲ့သည်။ တကယ်လို့ သူမအနေဖြင့် ဖော်ပြရန်စကားစုတစ်ခုရွေးချယ်ရမည် ဆိုလျင် ‘ ဆိုးရွားလှသောအမျိုးသမီး ‘ ဟုသာဖြစ်သည်။


ရွမ်ရှသည် ရင်သပ်ရှုမောလောက်သည်အထိ လှပနေမှုအား ကြည့်ပြီး အံ့ဩသွားသည်။ အနည်းဆုံးတော့ ဒီလောက်လှပသည့်အမျိုးသမီးအား ရွမ်ရှ တခါမှ မတွေ့ဖူးပေ။ ဘာမှလုပ်စရာမလိုပဲနှင့် သူမသည် ကျက်သရေရှိကာ ကလူကျိဆယ်တတ်သည့် သဘောရှိသည်။ သူမသည် လန်းဆန်းတက်ကြွနေပြီး ဖြူစင်ပုံရကာ ဆက်ဆီလဲကျနေသေးသည်။


ယေဘူယျအားဖြင့် နတ်ဘုရားမအဆင့် အလှတရားရှိသော အမျိုးသမီးတစ်ယောက်သည် အံ့ဩဖွယ်ကောင်းသော ထက်မြတ်သည့်ဘဝကို ရရှိမည်ဖြစ်သည်။


သို့သော် မူလရွမ်ရှသည် စားစရာအခက်အခဲရှိနေသော မိသားစုတွင် မွေးဖွားလာသည့်အပြင့် သူမ၏ဖခင်သည်လဲ အချိန်ပြည့်အလုပ်မရှိပေ။ သူသည် ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ မကြာခဏသွားကာ အသက်မွေးဝမ်းကြောင်းအတွက် မကျွမ်းကျင်သောလုပ်သား အဖြစ် အလုပ်လုပ်ရသည်။ မိခင်ဖြစ်သူမှာ လှပသည့်အတွက် သူမမိခင်သည် တခြားသူ၏ အမြင်အာရုံအား ဖမ်းစားမည်ကိုစိုးသဖြင့် သူမဖခင်က အလုပ်ပေးမလုပ်ပေ။ ထို့ကြောင့် သူမမိခင်သည် သူမဖခင်အား လက်ထပ်ပြီးသည့်နောက် တစ်ရက်မှ အလုပ်မလုပ်ခဲ့ရပေ။


သူမ၏မိခင်သည် အပြင်ထွက်အလုပ်မလုပ်သလို အိမ်အလုပ်များလဲ မလုပ်ပေ။ မိရိုးဖလာအိမ်တွင်းမှုကိစ္စများ အားလုံးကို သူမ အဖေဖြစ်သူကသာ သိမ်းကျုံးလုပ်ပေးလေသည်။ 


ဟင်းချက်မလား… ရွမ်ရှဖခင်သည် ချက်ပေးမည်ဖြစ်သည်။ အိမ်မှုကိစ္စတွေလုပ်မလား…. ရွမ်ရှ ဖခင်ပဲလုပ်ပေးမည်ဖြစ်သည်။ ရွမ်ရှ မိခင်၏အလုပ်မှာ လှပနေပေးရုံသာဖြစ်သည်။


မူလ ရွမ်ရှ၏ မိခင်သည် သူမ၏ခင်ပွန်းဖြစ်သူဆောက်လုပ်ရေး၌ အလုပ်ကြိုးစားနေချိန်တွင် လှလှပပဝတ်ဆင်ကာ အချိန်တိုင်း မာကျောက်နှင့်ဖဲကစားနေသည့်အတွက် သူမ၏နေ့ရက်များမှာ အလွန်သက်တောင့်သက်သာဖြစ်ကာ လွယ်ကူနေခဲ့သည်။ ပြောရမည်ဆိုလျင် မူလ ရွမ်ရှ၏ ဖခင်သည် ခင်ပွန်းကောင်း ယောကျာ်းကောင်းတစ်ဉီးဖြစ်သည်။


xxxxx