အပိုင်း ၂
Viewers 31k

နိုင်ပွဲနှင့် ရှုံးပွဲများကြောင့် သူတို့မိသားစုသုံးယောက်သည် တစ်ခါတစ်ရံ ငွေရေးကြေးရေး အကြပ်အတည်းရင်ဆိုင်ရသော်လဲ ကျော်ဖြတ်နိုင်ခဲ့သည်။


မူလ ရွမ်ရှသည် သူမ မိခင်ထက် ဆယ်ဆပိုလှပသည်။ ဒီလိုမိသားစုမျိုးမှာ ကြီးပြင်းလာသည့်သူမသည် သူမ၏အလှအပကြောင့် လူတိုင်းက သူမအား ပြီးပြည့်စုံသည့်သူဟု ထင်ကြသည်။ ထို့ကြောင့် အရာအားလုံးကို သူမ၏ ပြီးပြည့်စုံမှုနှင့် ဖြတ်ကျော်နိုင်ခဲ့သည်။


သူမသည် သူမ၏မိသားစုနေထိုင်မှုပုံစံအား ရွံ့ရှာခဲ့ပြီး သူမဖခင်အား ဖိအားပေးရန် အကောင်းဆုံးကြိုးစားခဲ့သည်။


နောက်ပိုင်းတွင် သူမ၏အလှအား အသုံးချရုံဖြင့် သူမ လိုချင်သည့်အိမ်မက်များအား ရနိုင်သည်ကို သိရှိသွားလေသည်။


သူမ လက်ရှိခင်ပွန်း၏ နောက်ဆုံးအမည်မှာ စုန့် ဖြစ်သည်။ မူလ ရွမ်ရှမှာ အသက် ၂၀ သာရှိသေးပြီး သူမ၏ခင်ပွန်း မစ်စတာစုန့်မှာတော့ ၃၁ နှစ် ရှိပြီဖြစ်သည်။


မစ်စတာစုန့်သည် ကုမ္ပဏီအား အောက်ခြေမှ စတင်ခဲ့သည်ဖြစ်ပြီး အချိန်တိုအတွင်း သူ၏ကုမ္ပဏီိကို စတော့ဈေးကွက်စာရင်းတွင် ပါဝင်အောင်စွမ်းဆောင်နိုင်သည်။ သူ့အား အလွန်အရည်အချင်းပြည့်မှီသော လူလွတ်တစ်ယောက်ဟု သတ်မှတ်နိုင်သည်။


သူသည် မူလရွမ်ရှ၏ အာရုံအား ဖမ်းစားသွားခဲ့သည်။ နွေရာသီအားလပ်ရက်တွင် ကုမ္ပဏီတစ်ခု၏ ဧည့်ကြိုအဖြစ် သူမ အလုပ်ရခဲ့သည်။ ထိုကုမ္ပဏီပွဲတွင် မူလရွမ်ရှသည် မစ်စတာစုန့်နှင့်အတူ အိပ်ခွင့်ရအောင် ကြံစည်ခဲ့သည်။


တစ်လကြာပြီးနောက် မူလရွမ်ရှသည် သူမတွင်ကိုယ်ဝန်ရှိကြောင်းသိသွားပြီး မစ်စတာစုန့်နှင့် လက်ထပ်လိုက်လေသည်။


တကယ်တော့ မူလပိုင်ရှင် ရွမ်ရှ နှင့် မစ်စတာစုန့် တို့အကြားတွင်‌ ကောင်းမွန်သော ဆက်ဆံရေးမရှိပေ။ မစ်စတာစုန့်ကဲ့သို့သောလူမျိုးသည် သူမ၏အကြံအစည်အား မည်သို့မသိပဲနေမည်နည်း။ သူသည် တာဝန်ယူကာ သူမအားလက်ထပ်ပြီး ဇနီးနေရာတွင်ထားသော်လဲ သူမအား သဘောမကျပေ။ တကယ်တမ်းပြောရလျင် သူမအား ရွံရှာနေသည်ဟုပင် ပြောနိုင်သည်။


မှန်ပေသည်။ မူလရွမ်ရှသည်လဲ မစ်စတာစုန့်အား မနှစ်သက်ပေ။


သူမ အတွက်တော့ ထိုအမျိုးသားသည် ငွေထုတ်စက်သာဖြစ်သည်။


မစ်စတာစုန့် သူမအားကြိုက်နှစ်သက်ဖို့ သူမ မလိုအပ်ပေ။ မည်သို့ပင်ဆိုစေကာမူ သူမသည် လူချမ်းသာတစ်ဦး၏ ဇနီးဖြစ်ခဲ့သည်။ ချမ်းသာသည့်လူတစ်ယောက်၏ နေထိုင်မှုပုံစံအား သူမ ခံစားနိုင်သရွေ့ သူမအတွက်လုံလောက်ပြီဖြစ်သည်။ အချစ်ဆိုသည့်အရာအတွက်တော့ သူမ လုံးဝ ဂရုမစိုက်ပေ။


ထို့ကြောင့် သူမတို့ လက်ထပ်ထားသည်မှာ ၄ နှစ်နီးပါး ရှိသော်လည်း မူလယွမ်ရှနှင့် မစ်စတာစုန့်တို့၏ ဆက်ဆံရေးအား ဖော်ပြရမည်ဆိုလျင် ‘အေးခဲနေသောဆက်ဆံရေး’ သာဖြစ်သည်။


ရွမ်ရှသည် မူလယွမ်ရှ၏ မြင့်မားလှသောအလှအပအား ခံစားပြီးသည့်နောက် ရေချိုးခန်းထဲမှ ထွက်လာသည်။ မူလယွမ်ရှ၏ မှတ်ညာဏ်အား အသုံးပြုကာ သူမ အမေအား ဖုန်းခေါ်လိုက်သည်။


‘’အမေ… သမီးခဏနေရင်လာမယ်…. ဝမ်လေးရဲ့ ပစ္စည်းတွေကိုထုတ်ပိုးပေးထားဦး… သူ့ကို ဒီနေ အိမ်ပြန်ခေါ်မလို့’’


အမေယွမ် အံ့ဩမှုကြောင့် အေးခဲသွားသည်။


 ‘’ သားမက်လေး အလုပ်က ပြန်မလာမချင်း သူ့ကိုလာမခေါ်ဘူးလို့ ပြောထားတာမဟုတ်လား’’


‘’ မဟုတ်ဘူး… ဒီနေ့ သမီးလာမယ်… အေမြို့တော်အတွက် လက်မှတ်လဲဖြတ်ပြီးပြီ… သူ့အဖေက အလုပ်ခရီးကြောင့် နောက်ထပ်ရက်နည်းနည်း အဲ့မှာနေဦးမှာ… သမီးတို့ မိသားစု ခရီးမထွက်တာလဲကြာပြီလေ… ဒါက အခွင့်အရေးကောင်းတစ်ခုပဲ’’


မမျှော်လင့်သော သတင်းကောင်းအတွက် အမေယွမ်သည် အလွန်အမင်းပျော်ရွှင်သွားပြီး


 ‘’ နောက်ဆုံးတော့ သိသွားပြီလား… ကောင်းလိုက်တာ… ဒီလိုပဲလုပ်သင့်တာ … အဲ့ဒါက နင်တို့လင်မယား နှစ်ယောက်လုံးအတွက်  အကောင်းဆုံးကံကြမ္မာပဲ … ငါနဲ့ နင့်အဖေကိုပဲကြည့် … နင့်အဖေက ပိုက်ဆံတွေ အများကြီးရှာပေးနေတာတောင် ငါ့ကိုကောင်းကောင်းဆက်ဆံတယ် … နင်ဆို သားမက်လေးနဲ့ လက်ထပ်ထားတာ နှစ်အတော်ကြာနေပြီ… နှစ်ယောက်လုံးက သူစိမ်းတွေလိုပဲ… အဲ့ဒါတွေကိုမြင်ရင် ငါအရမ်းစိုးရိမ်မိတာပဲ … လင်နဲ့မယားကြားက ဆက်ဆံရေးမကောင်းရင် သားသမီးအပေါ်လဲ သက်ရောက်မှုရှိတယ်… အရင်ကဆို နင်နဲ့ သူ့ရဲ့ ဆက်ဆံရေးက ကွာရှင်းပြတ်စဲထားတဲ့ စုံတွဲတွေအတိုင်းပဲ’’


အမေယွမ်သည် သူမ၏သမီးဖြစ်သူအား ကြီးပြင်းလာအောင်စောင့်ရှောက်ခဲ့ရသည့်အတွက် မပျော်ရွှင်သော်လဲ သူမ၏မြေးအပေါ်တွင်တော့ အလွန်ချစ်လေသည်။ သူမ အသက်ကြီးလာတာကြောင့်ပဲလား… သူမတို့ကြား မျိုးဆက်တစ်ခုခြားသွားလို့ပဲလား…


မူလယွမ်ရှသည် အတ္တကြီးသူဖြစ်သည်။ သူမ၏ မိခင်ဖြစ်ဖြစ် ခင်ပွန်းဖြစ်ဖြစ် သူတို့အပေါ်တွင် ဂရုမထားပေ။ သူမကိုယ်တိုင်မွေးထားသော ကလေးအပေါ်တွင်လဲ ထိုသို့ပဲဖြစ်သည်။


xxxxx