အပိုင်း (၃)
Viewers 31k

part 3


ထို့ကြောင့်ပင် သူမ ခင်ပွန်းအလုပ်ခရီးထွက်သည့်အချိန်တိုင်း နောက်တစ်နေ့ရောက်သည်နှင့် မူလပိုင်ရှင်ယွမ်ရှသည် သူမ၏သားအား သူမ မိဘအိမ်တွင်ထားခဲ့လေသည်။ ဒါမှသာ သူမလုပ်ချင်တာတွေအား လုပ်ချင်သလိုလုပ်နိုင်မည် ဖြစ်သည်။ သူမ ခင်ပွန်းပြန်လာချိန်ဆိုလျင်တော့ သူမသားကိုသွားပြန်ခေါ်ထားလိမ့်မည်ဖြစ်သည်။ 


 မူလယွမ်ရှသည် သူမ၏ခင်ပွန်းနှင့်သာမက သားဖြစ်သူနှင့်ပါ ကောင်းမွန်သော ဆက်ဆံ‌ရေး မရှိသော်လဲ သူမ ဂရုမစိုက်ချေ။ သူမ မျက်လုံးထဲတွင် သူမသည်သာ အရေးကြီးဆုံးလူသားဟု သတ်မှတ်ထားသောကြောင့် တခြားမည်သူ့ကိုမှ ဂရုမစိုက်ပေ။ ထို့ကြောင့် အဖေယွမ်နှင့် အမေယွမ်မှာ သူမအား မရေတွက်နိုင်သည့်အကြိမ်ပေါင်းများစွာ ကြိုးစားသော်လဲ သူမခင်ပွန်းနှင့် ပြန်လည်သင့်မြတ်အောင်နေရမည့် ကိစ္စအား မစဉ်းစားပေ။


တကယ်လို့ နောက်ပိုင်းမူလပိုင်ရှင်တွင် ဖြစ်လာမည့်ကိစ္စကလွဲလို့ အမှန်အတိုင်းပြောရမယ်ဆိုလျင် မူလပိုင်ရှင်၏ဘဝသည် တကယ်ကိုပဲ အရမ်းအံ့ဩစရာကောင်းသည်ဟု ပြောရမည်ဖြစ်သည်။


မူလယွမ်ရှသည် မည်သူ့ကိုမှ ဂရုမစိုက်သည့်အတွက် အဆုံးထိပင် သူမ၏ခံစားချက်များသည်လဲ ဘယ်တုန်းကမှ မနာကျင်ခဲ့ပေ။


ယွမ်ရှသည် အမေယွမ်အား ပြန်ဖြေလိုက်သည်။


 ‘’ အာ… သမီးသိပါပြီ… အဲ့ဒါကြောင့်ပဲ ဝမ်လေးကို အေမြို့တော်ဆီကို ‌ခေါ်သွားဖို့လုပ်နေတာပေါ့… အမေ… သမီးဖုန်းချလိုက်တော့မယ်… နေ့လည်စာလဲများများပိုလုပ်ထားဖို့လဲမမေ့နဲ့ဦး… သမီး အဲ့ကိုရောက်တာနဲ့ စားမှာနော်"


ထိုစကားလုံးများအား ကြားလိုက်သည်နှင့် အမေယွမ်သည် ပိုပျော်ရွှင်သွားသည်။


သူမ၏သမီးနှင့် ထမင်းအတူတူ မစားရတာကြာပြီဖြစ်သည့်အတွက် အမေယွမ်က ချက်ချင်းပဲ သဘောတူလိုက်သည်။ 


ဖုန်းချပြီးသည့်နောက် သူမခင်ပွန်းဖြစ်သူအား


 ‘’ မြန်မြန်လေး အပြင်ထွက်ပြီး စားစရာသွားဝယ်ဦး… ရှရှ က ဒီနေ့ နေ့လည်စာကို ကျွန်မတို့နဲ့အတူတူ စားမယ်လို့ပြောတယ်’’


အဖေယွမ်က ထိုစကားများအား သူ့စိတ်ထဲတွင် ထင်ယောင်ထင်မှား ဖြစ်သည်ဟု ထင်လိုက်မိပြီးနောက် သူ့ဇနီးမှ သူ့အား ရိုက်ဟန်ပြင်လိုက်တော့မှပဲ အသိစိတ်ပြန်ဝင်လာကာ ချက်ချင်းပဲပြုံးလိုက်ပြီး


 ‘’ အိုကေ… ရှရှက ကိုယ်ချက်တဲ့ ငါးချိုချဉ်ကို အကြိုက်ဆုံးပဲ… အခုချက်ချင်းဈေးသွားပြီး လိုအပ်တာတွေ ဝယ်လိုက်ဉီးမယ်’’


- - - - - -


ယွမ်ရှသည် သာမန်ရုပ်ရည်သာရှိသောကြောင့် အလှအပအတွက်ဆိုလျင် အရိုးနောက်လိုက်သည့် ခွေးတစ်ကောင်ကဲ့သို့ ရှာဖွေတတ်ခဲ့သည်။ သူမသည် သာမန်ရုပ်ရည်ဖြင့်မွေးဖွားလာခဲ့သော်လဲ သူမ မျက်နှာအား အကောင်းဆုံးမိတ်ကပ်ပြင်သည့်အရေအချင်းဖြင့် ခြယ်သနိုင်သောကြောင့် ပရော်ဖက်ရှင်နယ် အဆင့်တွင်ရှိသည်။


မူလယွမ်ရှသည် မိတ်ကပ်မပါပဲနှင့်တောင် ရင်သပ်ရှုမောဖွယ်ကောင်းသည့် အလှတရားရှိသည့်အတွက် စားပွဲပေါ်တင်ထားသည့် မိတ်ကပ်နှင့် အသားအရေထိန်းပစ္စည်းများအား ကြည့်လိုက်ကာ စိတ်အေးလက်အေးနှင့် ပြင်ဆင်ခြသလိုက်သည်။


ဆယ်မိနစ်ခန့်ကြာပြီးနောက် ယွမ်ရှ သူမကိုယ်သူမ မှန်ထဲ၌ကြည့်ပြီး အလွန်ကျေနပ်သွားသည်။

ဘယ်လိုပဲ သဘာဝအလှနဲ့ ဆွဲဆောင်မှုရှိနေပါစေ မိတ်ကပ်လိမ်းထားတာနဲ့ မလိမ်းထားတာက ကွာချက်ချက်ရှိသေးသည်။ မိတ်ကပ်လိမ်းပြီးသည်နှင့် သူမ၏အလှဟာလဲ အမှတ်ပေါင်းများစွာနဲ့ မြင့်တက်လို့သွားသည်။


ယွမ်ရှ သည် ဝတ္ထုဇာတ်ကြောင်းအား စဉ်းစားလိုက်သည်။  မူလယွမ်ရှသည် သူမ၏ခင်ပွန်းနှင့်သားလေးအပေါ် မည်သည့်ခံစားချက်မှ ရှိမနေပေ။ သူမလို အပြင်လူတစ်ယောက်အနေဖြင့်လဲ မည်သို့မှ မခံစားရပေ။


အခုအချိန်မှာတော့ သူမသည် ဇနီးကောင်းတစ်ယောက် မိခင်ကောင်းတစ်ယောက်ဖြစ်ဖို့ရာအတွက်လဲ စိတ်မဝင်စားပေ။


သို့သော်လဲ သူမ ကူးပြောင်းလာပြီး ဝတ္ထုထဲမှ ယွမ်ရှဖြစ်လာသည့်အတွက် ဇာတ်ကြောင်းကိုသိပြီးဖြစ်ကာ သူမအတွက် အကျိူးရှိမည့်အရာများကိုသာလုပ်ဆောင်ပြီး သူမအား အန္တရာယ်ဖြစ်စေမည့်အရာများကို ရှောင်ရှားမှာအသေအချာပဲဖြစ်သည်။


ဝတ္ထုထဲတွင် မစ်စတာစုန့်သည် အိမ်နှင့်ဝေးရာတွင် မတော်တဆမှုဖြစ်ပွားခဲ့သည်။


ထိုလူသည် ဝတ္ထုထဲတွင် တစ်ကြိမ်မျှပေါ်မလာပဲ သေဆုံးသွားသည်။ သူ၏သေဆုံးမှုဟာလဲ အတော်လေး အဆင်မပြေဖြစ်ခဲ့သည်။


မည်သို့ပင်ဆိုစေကာမူ သူသည် ယခုအချိန်တွင်တော့ သူမ၏ခင်ပွန်းဖြစ်နေသည်။ ဇာတ်ကြောင်းပေါ်မူတည်ပြီး စဉ်းစားလိုက်ကာ သူ မသေသည်က အသင့်တော်ဆုံး ဖြစ်မည်ဟု သူမဆုံးဖြတ်လိုက်သည်။


‘’ဟမ့် လူတစ်ယောက်အသက်ကို ကယ်တင်တာက ဘုရားခုနှစ်ဆူတည်တာထက် ကုသိုလ်ကံကောင်းတယ်တဲ့’’ ယွမ်ရှ သူမဘာသာရေရွတ်လိုက်သည်။ ‘’ မစ်စတာစုန့်… ကျွန်မ ရှင့်ကိုကယ်မှာပါ… ဒါပေမယ့် အသက်ရှင်ဖို့အတွက်ကတော့ ရှင့်အပေါ်မှာပဲ မူတည်တယ်"


- - - - - - -


ဝေးကွာလှသော မြို့၌ မစ်စတာစုန့် နှာချေလိုက်မိသည်။


သူ့ဘေးမှလက်ထောက်က


 ‘’ ဆရာ… အဲကွန်းအပူချိန် မြှင့်ပေးရမလား’’


မစ်စတာစုန့်က မပြောင်းလဲသောအမူအယာဖြင့် ဖိုင်ထဲမှ စာရွက်များကိုလှန်လိုက်ပြီး နက်ရှိုင်းသောလေသံဖြင့်ပြောလိုက်သည်။


 ‘’ မလိုဘူး’’