အပိုင်း (၄)
Viewers 31k

Part 4


မစ်စတာစုန့်သည် မူလယွမ်ရှအပေါ် မည်သည့်ခံစားချမျှ မရှိသော်လဲ ဘယ်သောအခါမှ မတွန့်တို့ခဲ့ပေ။ အနည်းဆုံးတော့ ရုတ်ဝတ္ထုပစ္စည်းတွေနှင့်ပတ်သတ်လာရင် သူမအားဘယ်တုန်းကမှ မမျှမတ မဆက်ဆံခဲ့သလို မူလ ယွမ်ရှ၏ လွန်ကဲသောနေထိုင်မှုပုံစံပေါ်တွင်လဲ မည်သည့်သဘောထားမှ ရှိမနေပေ။


ယွမ်ရှ သည် ကောလိပ်တက်စဉ်ကတည်းက ယာဉ်မောင်းလိုင်စင် ရပြီးဖြစ်သည်။ ထို့နောက်မှာတော့ သူမ ကားတစ်စီးဝယ်ခဲ့ပြီး ကျွမ်းကျင်ယာဉ်မောင်းတစ်ယောက် မဟုတ်ပေမယ့်လဲ လမ်းမပေါ်တွင်ကားမောင်းနိုင်ခဲ့သည်။ မူလ ယွမ်ရှတွင် BMW X5 တစ်စီးရှိပြီး ထိုကားမော်ဒယ်သည် အကောင်းဆုံးမော်ဒယ် ဖြစ်သည်ကို သူမ ခန့်မှန်းမိသည်။ ကားအသစ်တစ်စီး၏ တန်ဖိုးသည် ယွမ်တစ်သိန်းအထက်မှာ ရှိနိုင်ပြီး သူမ အရင်မောင်းခဲ့သည့် ကားဟောင်းလေးနှင့် အလွန်ကွာခြားသည်။ (BMW X5 ဟဲ့ ကွာပြီပေါ့ ငါ့နှယ်)


ယွမ်အိမ်သို့ မောင်းနှင်နေရင်း သူမ သည် မူရင်းဇာတ်ကောင်များ၏ ဆက်ဆံရေးအကြောင်းကို စဉ်းစားနေသည်။


စာရေးဆရာသည် မစ်စတာစုန့်အကြောင်း အများကြီးမရေးခဲ့သော်လဲ သူသည် အောင်မြင်သောလူတစ်ယောက်ဖြစ်ကြောင်း သူမ သိလိုက်သည်။ မစ်စတာစုန့် မိဘများသည် သူငယ်စဉ်ကတည်းက သေဆုံးခဲ့ပြီဖြစ်ပြီး ဆွေမျိုးလဲ သိပ်မရှိပေ။


တကယ်တော့ ဝတ္ထုထဲတွင် မစ်စတာစုန့်သေဆုံးသွားပြီးနောက် ယွမ်ရှသည် မြောက်မြားလှစွာသော ပိုင်ဆိုင်မှုများအား အမွေဆက်ခံခဲ့ပြီး သူမ၏တဘဝလုံးအတွက် လုံလောက်သောငွေများကို ရခဲ့သည်။ သို့သော်လဲ မစ်စတာစုန့် သေဆုံးသွားသည့်နောက် သူ၏ကုမဏီတွင် အကျပ်အတည်းတစ်ခုဖြစ်ပွားခဲ့ပြီး အကြွေးတင်သွားခဲ့သည်။ လုပ်ငန်းတစ်ခုအား လည်ပတ်အောင် မစီမံတတ်သည့် ယွမ်ရှသည် နှစ်ဝက်ကြာအောင် အကြပ်အတည်းကြားထဲ ရုန်းကန်ခဲ့ပေမယ့် သူမ၏အရင်အခြေအနေအား ပြန်ရောက်ဖို့ရာ မတတ်နိုင်ခဲ့ပေ။ အဆုံးမှာတော့ သားအမိနှစ်ယောက်လုံးအတွက် အိမ်နှစ်လုံးနှင့် ကားတစ်စီးသာ ကျန်ခဲ့တော့သည်။


ယွမ်ရှ အမြင်ပြောရလျင်တော့ ကျန်ရှိခဲ့သော ပစ္စည်းများသည် ဆင်းရဲမှုအထက်တွင်ရှိသောကြောင့် အိမ်နှစ်လုံးဆိုသည်မှာ  သားအမိနှစ်ယောက်လုံးသာ မဖြုန်းတီးရင် အတော်လေးကောင်းကောင်း နေနိုင်မည်ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် အိမ်စရိတ်ကလဲ မနည်းဘူးလေ… သူတို့သာ အဲ့အိမ်တွေထဲက တစ်လုံးကို ငှားစားမယ်ဆိုရင် သူတို့ရဲ့ နေထိုင်မှုစရိတ်ကိုလဲ ကာပြီးဖြစ်မယ်…


သို့ပေမယ့် မူလယွမ်ရှသည် မည်သို့သောလူစားမျိုးဖြစ်မည်နည်း… သူမ၏ အလှအပနှင့် ရည်ရွယ်ချက်တွေကြောင့် ထိုအိမ်နှစ်လုံးပိုင်ဆိုင်ထားရုံနှင့် ပျော်ရွှင်ကျေနပ်မည်မဟုတ်ပေ။ ထို့ကြောင့် သူမသည် တခြားလူသားငွေထုတ်စက်တခုအား ရှာချင်ခဲ့သည်။ သူမ၏ စိတ်ပင်ပန်းမှုတွေအား ဖျေဖြောက်ရန်အတွက်ခရီးထွက်စဉ်မှာပဲ မုဆိုးဖိုတစ်ဉီးနှင့်တွေ့ဆုံခဲ့ပြီး မြင်မြင်ချင်းအချစ်ဖြစ်သွားခဲ့သည်။ သူမသည် မီးစတင်ညှိလိုက်ပြီး နှစ်ယောက်သားဟာလဲ သဟဇာတဖြစ်ခဲ့ကာ စတင်ချိန်းတွေ့ကြသည်။ ထိုအမျိုးသားသည် သူမအပေါ် စစ်မှန်သောခံစားချက်ရှိခဲ့ပြီး သူမအားလက်ထပ်ချင်ခဲ့သည်။ ဒါကြောင့် မူလယွမ်ရှ၏ ပန်းတိုင်အားရောက်ရှိသွားတော့သည်။ သူမ၏ ပထမခင်ပွန်း ဆုံးပါးသွားသော်လဲ သူမတွင် နောက်ထပ် ငွေထုတ်စက်တစ်ခု အသစ်တွေ့ရှိခဲ့လေသည်။


မူလယွမ်ရှသည် ထိုလူနှင့်နေထိုင်သော်လဲ သူမအတွက် အဆင်မပြေသေးပေ။ သူမ၏သားသည် သူမအပေါ်တွင် အတားအဆီးဖြစ်လာမည်အား စိုးရိမ်ခဲ့သည်။ သူမ၏ဘဝကို မည်သူမျှလာရောက်ဖျက်ဆီးမည်ကို မလိုလားပေ။ သူမ၏သားအရင်းဆိုရင်တောင်မှပေါ့… ထို့ကြောင့် သူမသည် ဆိုးရွားသောကိစ္စ တစ်ခုအား လုပ်ခဲ့သည်။ သူမတွင် အိမ်ထောင်သက် နှစ်နှစ်ကျော်ပြီး ကလေးမရနိုင်သည့် နိုင်ငံခြားသား အတန်းဖော်တစ်ဉီးရှိသည်။ ဒါကြောင့် မူလယွမ်ရှသည် သူမ၏ အတန်းဖော်အားဆက်သွယ်ပြီး သူမသားလေးအား ပေးမည်ဖြစ်ကြောင်းပြောလိုက်သည်။ သို့သော် သူမဘက်မှအခြေအနေတစ်ခုအား တောင်းဆိုလိုက်သည်။ နောင်အနာဂတ်တွင် သူမသားမှ သူမအား လာမရှာစေရန်ဖြစ်သည်။ ထိုဆန္ဒသည် သူမအတန်းဖော်၏ဆန္ဒနှင့် ထပ်တူဖြစ်သွားပြီး ချက်ချင်းသဘောတူလိုက်လေသည်။


အဖေယွမ်နှင့် အမေယွမ်မှာ သူတို့၏မြေးလေးအား ချစ်ခင်ကြသော်လဲ မူလယွမ်ရှက နိုင်ငံခြားမှာနေသော မစ်စတာစုန့်၏ညီမတစ်ယောက်ထံ ပို့ပေးထားသည်ဟု ပြောလိုက်လေသည်။ နိုင်ငံခြားမှာကြီးပြင်းလာတာက ကလေးအတွက်အကောင်းဆုံးပတ်ဝန်းကျင်ဖြစ်တာကြောင့် သူ့အဒေါ်ဖြစ်သူထံ ပို့ပေးထားကြောင်း ပြောလိုက်လေသည်။


ပထမတော့ အဖေယွမ်နှင့်အမေယွမ်သည် မူလယွမ်ရှ လိမ်ဆင်အား ယုံကြည်ခဲ့ကြသည်။ သို့သော်လဲ အချိန်ကြာလာသည်နှင့်အမျှ သူတို့တွေသံသယဝင်လာကြသည်။ သူတို့မြေးလေးသာ နိုင်ငံခြားကို တကယ်သွားသည်ဆိုလျင် သူ၏မိခင်နှင့်အဖိုးအဖွားများအား အဆက်အသွယ်ဖြတ်မည် မဟုတ်ပေ။


သို့သော်လဲ သူတို့ သမီးဖြစ်သူအား မယုံကြည်ပေမယ့်လဲ သူတို့တတ်နိုင်တာ ဘာမှမရှိပေ။ မူလယွမ်ရှသည် သူတို့အား လျစ်လျုရှုထားသောကြောင့်ဖြစ်သည်။


မူလယွမ်ရှသည် သူမအဆင်ပြေရေးအတွက် သူမ၏သားအရင်းကိုတောင် အလွယ်တကူ အဝေးသို့စွန်ပစ်ခဲ့သူဖြစ်သည်။ သူမသည် အဆင်အခြင်မဲ့လွန်းသည်ဟု တွေးလိုက်မိသည်။ တခြားဘယ်သူမှ ဒီလိုလုပ်မှာမဟုတ်ဘူးဟု ယွမ်ရှတွေးလိုက်မိသည်။ ကိုယ်ကျင့်တရား၏ အောက်ဆုံးလိုင်းအား မူလယွမ်ရှသည် ကျော်သွားခဲ့လေသည်။