အပိုင်း (၅)
Viewers 31k

Part 5


ယွမ်ရှသည် သူမ မိဘများနေထိုင်သည့် ဈေးနှုန်းသက်သာသော ဈေးတစ်ခုအနီးသို့ ရောက်လာသည်။ ထိုနေရာသည် သူမ အိမ်ထောင်ကျပြီးကတည်းက သူမမိဘများ နေထိုင်ရန်အတွက် စီစဉ်ပေးခဲ့ပြီး ထိုအိမ်ပိုင်ဆိုင်မှုသည်လဲ သူမ၏နာမည်အောက်မှာပင်ဖြစ်သည်။ ယွမ်ရှ ကားပါကင်ထိုးပြီးသည့်နောက် မူလပိုင်ရှင်၏ မှတ်ညဏ်အကူအညီအားယူကာ အိမ်ထဲသို့ နွေးထွေးစွာဖြင့် နှုတ်ဆက်ပြီး ဝင်လိုက်သည်။


ပူပြင်းသည့်နေ့တစ်နေ့ ဖြစ်သည့်အတွက် အမေယွမ်သည် ဖရဲသီးတစ်စိတ်များနှင့် ဖရဲသီးဖျော်ရည်များ ပြင်ဆင်ထားသည်။ အဖေယွမ်အတွက်ကမူ မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေပြီး တခါတရံမှသာ ထွက်လာပြီး သူ၏သမီးဖြစ်သူနှင့် စကားအနည်းငယ်ပြောလေသည်။ မိဘတိုင်းသည် သူတို့၏သားသမီးများအပေါ် အကောင်းဆုံးလူနေမှုပုံစံအား မပေးစွမ်းနိုင်သော်လဲ သူမ၏မိဘများမှာတော့ သူမအရွယ်ရောက်ချိန်တွင် ကျောင်းအတွက်လိုအပ်သည့်အရာများသာမက သူမလိုအပ်သည်များအား တတ်နိုင်သလောက် ဖြည့်ဆည်းပေးခဲ့ကြသည်။


ယွမ်ရှသည် ဝတ္ထုထဲမှ ကြီးမြတ်လွန်းသည့်ဗီလိန်အား တွေ့လိုက်ရသောအခါတွင် သူမ စိတ်ထဲမှနေ၍ တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်သည်။ သူမသည် ဝတ္ထုထဲမှ ယွမ်ရှဖြစ်လာပြီး ဗီလိန်၏အမေဖြစ်လာသည်။ တကယ်လို့ မစ်စတာစုန့်သာ သူ့၏အသက်ဘေးမှ လွတ်မြောက်လာပါက ဒီကလေးအား သူမဘေးတွင်ထားကာ ကြီးပြင်းလာသည်အထိ ပြုစုပျိုးထောင်ပေးမည်ဟု၍ ဖြစ်သည်။


(ဝမ်လေးဆိုသည်မှာ သူမသား၏နာမည်ပြောင်ဖြစ်ပြီး အပြည့်အစုံမှာ စုန့်ရှုယန် ဖြစ်သည်)


အသက် ၃ နှစ်သာရှိသေးသော စုန့်ရှုယန်သည် ယခုအချိန်တွင် ချစ်စရာအကောင်းဆုံးအရွယ်ဖြစ်သည်။


စုန့်ရှုယန်လေးသည် ကလေးများ၏သဘာဝအတိုင်း သူ၏မိခင်အား မှီခိုတတ်ပြီး မူလယွမ်ရှ မည်သို့ပင်သူ့အား ဂရုမစိုက်ပါစေ သူ၏မိခင်အား သဘောကျနေဆဲဖြစ်သည်။ သူသည် အကျီလက်ပြတ်နှင့်ဘောင်းဘီတိုလေးအား ဝတ်ဆင်ထားပြီး အခင်းတစ်ခုအပေါ်တွင်ထိုင်ကာ ဆော့နေသည်။ သူသည် အရုပ်များနှင့် ကစားနေသော်လဲ သူ၏မျက်လုံးများမှာတော့ ယွမ်ရှအား လှမ်းကြည့်နေဆဲဖြစ်သည်။


သူသည် အဖိုးအဖွားများ၏ အလိုလိုက်မှုကြောင့် အနည်းငယ်ဝနေသော်လဲ သူ၏မိဘများထံမှ မျိုးရိုးဗီဇ အမွေဆက်ခံထားသောကြောင့် ချစ်ဖို့ကောင်းနေဆဲဖြစ်သည်။ ကြာစွယ်နှင့်တူကာ သေးသွယ်ပြီးဖြူဖွေးနေသော လက်မောင်းလေးများဖြင့် ချစ်စဖွယ်ကောင်းနေသော ကလေးအား ယွမ်ရှကြည့်လိုက်သည်။ ဒီလိုချစ်ဖို့ကောင်းတဲ့ ကလေးကို မူလယွမ်ရှက ဘယ်လိုများ တခြားသူကိုပေးပစ်နိုင်ရတာလဲ…


တကယ်တော့ ယွမ်ရှ ဝထ္ထုထဲတွင် နိုးထမလာခင်က ထူးဆန်းသော အိမ်မက်တစ်ခုမက်ခဲ့သည်။ အိမ်မက်၏ အဓိကဇာတ်လိုက်မှာ မူလယွမ်ရှဖြစ်သည်။


အိမ်မက်ထဲတွင် မူလယွမ်ရှသည် တစ်စုံတစ်ယောက်ဖြစ်ပြီး သူမသည် ထိုပြောင်းလဲမှုအတွက် အလွန်ကျေနပ်နေကာ ဒီနေရာသို့ ပြန်လာရန် စိတ်ကူးလဲမရှိချေ။


ယွမ်ရှသည် ပြည့်ပြည့်ဖြိုးဖြိုးလေးဖြစ်နေသော ကလေးလေးအား လှမ်းကြည့်လိုက်သည်။ သူလေးသည်လဲ သူမအား ချောင်းကြည့်နေလေသည်။


သူမလှမ်းကြည့်လိုက်သောကြောင့် ကလေးသည် အနည်းငယ်ရှက်သလိုခံစားသွားရပြီး အလျင်အမြန်ပဲ သူ၏အရုပ်များနှင့် ဆော့ကစားရန် ခေါင်းပြန်ငုံ့သွားလေသည်။


သူမသည် ကူးပြောင်းမလာခင်အချိန်က ကလေးများအားစောင့်ရှောက်ရာတွင် စိုးရိမ်စိတ်ရှိသော်လဲ ကလေးများအား သူမသဘောကျလေသည်။ အထူးသဖြင့် ဝဝကစ်ကစ်လေးများအား ပိုချစ်လေသည်။ ထို့ကြောင့် သူမ မတောင့်ခံနိုင်တော့ပဲ လက်အားယမ်းပြကာ


 ‘’ ဝမ်လေး… ဒီကိုလာပါဦး’’


အမေဖြစ်သူရှေ့တွင် ထိုဝဝကစ်ကစ်ကလေးလေးသည် သူဆော့နေသော အရုပ်များအားလုံးကို ပစ်ချလိုက်ကာ ပင်ဂွင်းလေးတစ်ကောင်ကဲ့သို ပြေးသွားလေတော့သည်။


သားအမိနှစ်ယောက်၏ မြင်ကွင်းသည် ချိုမြိန်ပြီးချစ်စရာကောင်းနေတော့သည်။


အဖေယွမ်နှင့် အမေယွမ်မှာတော့ ထိုမြင်ကွင်းအားကြည့်ရင်း အလွန်ဝမ်းသာနေတော့သည်။ အတိတ်တုန်းကဆိုလျင် သူတို့၏သမီးလေးသည် သူတို့၏မြေးလေးအပေါ် အရမ်းအေးစက်စက်ဆက်ဆံလေ့ရှိသည်။ ကံကောင်းစွာဖြင့် ကလေးများသည် သူတို့၏မိခင်အား သဘာဝအလျောက်ချစ်ခင်တတ်ကြပြီး ထိုအမှတ်တရများသည်လဲ ရည်ရှည်မရှိကြပေ။


ယခုအချိန်တွင် ယွမ်ရှ ဘက်မှစတင်ပြီး ကလေးအားပွေ့ဖက်လိုက်သည့်အတွက် ဒီကလေးသည်လဲ တခြားကလေးများကဲ့သို့ပင် သူ၏အမေအပေါ် အလွန်တွယ်ကပ်တော့မည်ဖြစ်သည်။ ယွမ်ရှ အိမ်သာထဲသို့ သွားမည်ဆိုလျင် ထိုဆန်စေးကိတ်လေးက အိမ်သာတခါးရှေ့တွင်စောင့်နေကာ အချိန်နည်းနည်းကြာလာလျင် ထိုတံခါးအား ခေါက်လိမ့်မည်ဖြစ်သည်။


သူမအား ပွေ့ဖက်နေသည့် ဝဝကစ်ကစ်ကလေးလေးအား ကြည့်လိုက်ရင်း ယွမ်ရှသည် အနာဂါတ်တွင်ဗီလိန်အဖြစ် ကြီးပြင်းလာမည်အား အမှန်တကယ်ပင် စိတ်ကူးကြည့်လို့တောင် မရတော့ပေ။


ဒီကလေးလေးမှာ အတိတ်က မကောင်းတဲ့မှတ်ညဏ်တွေ ရှိခဲ့တာလား…


မူလယွမ်ရှသည် ကလေးအား မပြောင်းလဲစွာနှင့် ထူးမခြားနားဆက်ဆံခဲ့သည်။ ပုံမှန် နေ့တစ်နေ့မှာတောင် သူမသည် ကလေးအား လုံးဝ ဂရုမစိုက်ပေ။ သူမသည် ကလေးအား ကလေးထိန်းနှင့်လွှဲထားတတ်ပြီး တစ်ခါတစ်ရံ သူမ မိဘအိမ်သို့ပို့ထားတတ်သည်။ ဒီလိုဖြစ်ရပ်မျိုးသာ တခြားကလေးတွေဆီမှာ ဖြစ်ပျက်ခဲ့မယ်ဆိုလျင် သူမ၏ဖော်ရွေသောအပြုအမူအား လက်မခံခင်ကတည်းက သူတို့တွေအတွက် အဆင်မပြေသည့်အချိန်တစ်ခု ဖြစ်ခဲ့မည်မှာ အသေအချာပင်။ သို့သော်လဲ ဝမ်လေးဆီမှ ထိုကဲသို့သော မကောင်းသည့်ခံစားချက်များ မတွေ့ရပေ။