အပိုင်း (၆)
Viewers 31k

Part 6


သို့သော်လဲ သူမ ဒီကလေးတွင် ကောင်းမွန်သောကိုယ်ရည်ကိုယ်သွေးလေး ရှိနေသည်ကိုမြင်နိုင်သည်။ သူသည် တက်ကြွပြီး အိမ်တွင်းပုန်းပုံစံလေးဖြစ်သော်လဲ သူ့၏စရိုက်က အလွန်ချစ်ဖို့ကောင်းနေသည်။ 


အဖေယွမ်နှင့် အမေယွမ်မှာ ယွမ်ရှ၏အကျင့်စရိုက်ကို ဖြူစင်အောင် လုပ်ပေးထားသည်ဟု သူမ ထင်မိသည်။


ထိုပြည့်ပြည့်ဖြိုးဖြိုးကလေးလေးသည် လွန်ခဲ့သော နှစ်ကမှ မူကြိုစတက်ခဲ့သည်။ သာမန်နေ့တွေမှာ သူ၏အမေနှင့် ထိတွေ့မှုမရှိသလောက်နည်းပေလိမ့်မည်။ ပိတ်ရက်ဆိုလျင်တော့ သူ့မိခင်သည် သူ့အား အဖိုးအဖွားအိမ်တွင် ပို့ထားပေမည်။ တခြား လျစ်လျူရှုခြင်းခံရသည့် ကလေးများကဲ့သိုပင် သူ၏အဖိုးအဖွားများအား သူ့မိခင်အကြောင်းမေးမြန်းပေလိမ့်မည်။ သူ၏မိခင်က သူ့အား သဘောမကျဘူးလား… ဘာလို့သူနဲ့အချိန်မဖြန်းချင်တာလဲ.. ဘာလို့သူ့ကို သတိမရတာလဲ… သူကိုလုံးဝဂရုမစိုက်ဘူးလား… စသည်ဖြင့်ပေါ့


ထိုကဲ့သို့သော အချိန်မျိုးတွင် အဖေယွမ်နှင့် အမေယွမ်သည် ကလေးအား သူ၏အဖေသည် အလုပ်ရှုပ်နေပြီး သူ၏အမေသည် လုပ်စရာကိစ္စများ ရှိနေသည်ဟု ပြောပေလိမ့်မည်။


ထိုသို့ဖြင့် ကလေးငယ်များအား လှည့်စားရန် လွယ်ကူလေသည်။ သူသည်လဲ ထိုရှင်းပြချက်အား ချက်ချင်းပင်ယုံကြည်ကာ မူကြိုမှ သူ၏ကျောင်းနေဘက် သူငယ်ချင်းများအား အလုပ်အရမ်းရှုပ်သည့်မိဘများ ရှိသည်ဟုပင် ရှင်းပြပေလိမ့်မည်။


အဖေက အလုပ်ကြောင့်မအားလပ်သလို အမေမှာလဲ သူမ၏အလုပ်ကြောင့်မအားပေ။ ဒါတွေအားလုံးက သူကောင်းဖို့အတွက်ပဲလေ


အရာအားလုံးစဉ်းစားပြီးနောက် ယွမ်ရှသည် ဒီနေရာတွင်နေရတာ အတော်လေးသက်သောင့်သက်သာရှိသည်ဟု သုံးသပ်လိုက်သည်။ မူလယွမ်ရှသည် ဘာကြောင့်များ သူမ၏မိဘအိမ်သို့ပြန်လာရန် ဆန့်ကျင်နေကြောင်း သူမ နားမလည်နိုင်ပေ။


သူမ၏မိဘအရင်း အပေါ်တွင်လဲ သိပ်ပြီးအလေးမထားဘူးဟုပင် ပြောရမည်။


အဖေယွမ်သည် လူကောင်းတစ်ယောက်ဖြစ်သည်။ သူသည် အိမ်သန့်ရှင်းရေးလုပ်နိုင်သလို ဟင်းချက်ရာတွင်လဲ ကျွမ်းကျင်သည်။ သူသည် အရာအားလုံးကို ဘယ်လိုလုပ်ရမလဲ သိသူဖြစ်သည်။ အိမ်အပြန်လမ်းတွင် ယွမ်ရှမှ ကိတ်အကြောင်းပြောလိုက်လျင် အဖေယွမ်သည် ချက်ချင်းပင်အိမ်မှာ ကိတ်မုန့်ဖုတ်နေမည်ဖြစ်သည်။ သိပ်မကြာခင်မှာပဲ ကွတ်ကီးနှင့် cupကိတ်မုန့်လေးများ ပြုလုပ်ပြီးဖြစ်လိမ့်မည်။


ဒီမိသားစုတွင် ယွမ်ရှသည် အိပ်နေရုံနှင့် သူမအားလာခွံ့ကျွေးမည့်သူ အသင့်ရှိနေသည့် ဘဝမျိုးတွင် နေထိုင်သည်ဟု ဆိုရမည်ဖြစ်သည်။


မီးဖိုချောင်ထဲတွင် အဖေယွမ် အလုပ်ရှုပ်နေချိန်တွင် အမေယွမ်သည် ယွမ်ရှနှင့်အတူ ဆိုဖာပေါ်တွင်ထိုင်ကာ တီဗီကြည့်နေသည်။


သူမ ပေါင်ပေါ်မှ ကလေးလေးရယ်၊ စားပွဲပေါ်မှ လှီးထားသော အသီးအနှံများရယ်၊ မီးဖိုချောင်ထဲမှ လွှင့်ပျံလာသော အနံများရယ်ကြောင့် ယွမ်ရှ ထွက်သွားချင်စိတ်များ ပျောက်ရှနေသည်။


အမေယွမ်က သူမ၏မြေးလေးအား အသီးခွံ့ကျွေးနေရင်း မေးလိုက်သည်


 ‘’ သမီးမနက်ဖြန် အေမြို့တော်ကို သွားမှာလား’’


‘’ အင်း ‘’ ယွမ်ရှ ခေါင်းငြိမ့်လိုက်သည် ။ တကယ်တော့ သူမသည် နောင်လာမည့် ကပ်ဆိုးအား တားဆီးနိုင်မလားဆိုတာ မသေချာပေ။


 ‘’ ဝမ်လေးရဲ့အဖေက အေမြိုမှာနေတာ လဝက်လောက်ရှိပြီ… ရှေ့ရက်ကပဲ ဝမ်လေးကို သတိရတယ်ပြောနေလို့… ဘာပဲဖြစ်ဖြစ် သမီးလဲအားနေတာနဲ့ အေမြို့မှာ ဟိုဟိုဒီဒီ လျောက်သွားလို့ရတာပေါ့’’


အမေယွမ်က သူ့မြေးအားကြည့်လိုက်ပြီး ဆက်ပြောသည်


 ‘’ အခုဆို ဝမ်လေးက ပိုပြီးနားလည်တတ်လာပြီ… ဝမ်လေးပိုကြီးပြင်းလာချိန်မှာ သမီးနဲ့သမီးခင်ပွန်းတို့နှစ်ယောက်လုံးက ကောင်းမွန်တဲ့ဆက်ဆံရေး မရှိဘူးဆိုရင် ခံစားရမှာက သမီးရဲ့သားလေးပဲ… ရှရှ … သားမက်လေးနဲ့ အဆင်ပြေအောင်နေနော်… သူက သမီးထက်အသက်ကြီးပေမယ့်လဲ သူက အောင်မြင်နေတဲ့ လူကောင်းတစ်ယောက်ပါ… ပြောရရင် သမီးနဲ့ ဝမ်လေးက သူ့အပေါ်မှာ မှီခိုနေရတာ’’


ယွမ်ရှ မစ်စတာစုန့်အား မမြင်ဖူးသေးပေ။ မူလယွမ်ရှ မှတ်ညဏ်တွင်လဲ သူ့အကြောင်း အချက်အလက်များစွာမရှိပေ။ ဝတ္ထုထဲမှ အချက်အလက်ကပင် သူမထက်ပိုများပေဦးမည်။ ထို့ကြောင့် အခုအချိန်အထိ မစ်စတာစုန့်၏ပုံစံအား သူမ မဖော်နိုင်သေးပေ။


အနာဂါတ်တွင် လုပ်မည့်အရာအများအတွက် နောင်လာမည့် ကပ်ဆိုးအား ရှောင်လွဲရန် သူမဆုံးဖြတ်လိုက်သည်။


- - - - - - - - -


ထိုနေ့ မွန်းလွဲပိုင်းတွင် အဖေယွမ်နှင့်အမေယွမ်သည် ယွမ်ရှနှင့် ဝမ်လေးအိမ်မှာရှိနေစဉ် ဖရဲသီးဝယ်ရန် ထွက်ခွာသွားသည်။ တီဗီကြည့်ရန် ဆိုဖာပေါ်တွင် ထိုင်နေသော ဝမ်လေးသည် သူမလက်အားဆွဲကာ မီးဖိုချောင်သို့ ခေါ်ဆောင်သွားသည်။


ယွမ်ရှ ရှုပ်ထွေးစွာဖြင့် အင်အားမနည်းလှသော ဝတုတ်လေး၏ ခေါ်ဆောင်ရာနောက်သို့ လိုက်သွားကာ


 ‘’ ဝမ်လေး… သားဗိုက်ဆာလို့လား’’


ဝမ်လေးသည် ဘာမှပြန်မဖြေပေ။ သူသည် သူမအား မီဖိုချောင်ထဲသို့ အတင်းဆွဲခေါ်သွားလေသည်။


ထိုဝဝကစ်ကစ် ကလေးလေးသည် သူမအား မီးဖိုချောင်ထဲမှ ကြီးမားသောထမင်းအိုးဆီသို့ ခေါ်ဆောင်သွားကာ အဖုံးအားအလွယ်တကူဖွင့်လိုက်သည်။ ထို့နောက် ယွမ်ရှအား


 ‘’ မာမား … နောက်ဆို အလုပ်လုပ်ဖို့မလိုတော့ဘူး .. ဒီမှာကြည့် … ထမင်းတွေအများကြီးပဲ … သားလျော့စားပေးမယ်လေနော်’’