အပိုင်း (၇)
Viewers 31k

Part 7


ကလေးတစ်ယောက်၏ ကမ္ဘာသည် အတော်လေးရိုးရှင်းကာ ကလေးဆန်သောကြောင့် ယွမ်ရှ အလွန်ရယ်စရာကောင်းသည်ဟု ထင်မိသည်။ သူမ ကိုယ်ကိုကိုင်းကာ ခေါင်းငုံ့လိုက်ပြီး ဝမ်လေးခေါင်းအား ပုတ်ပေးလိုက်ရင်း


 ‘’ ဟုတ်ပါပြီ… မာမီသိပြီနော်… အိမ်မှာ ထမင်းတွေအများကြီးရှိနေတာပဲ’’


ယွမ်ရှ အမြင်တွင် မူလယွမ်ရှ၏ တစ်ခုတည်းသောဆိုးရွားသည့်လုပ်ရပ်သည် ဝတ္တုထဲတွင် သူ၏သားအရင်းအား တခြားသူဆီစွန့်လွှတ်လိုက်ခြင်းဖြစ်သည်။ မူလယွမ်ရှ၏ တခြားဘဝဆုံးဖြတ်ချက်တွင် သူမသည် အပြင်လူဖြစ်သည့်အတွက် မည်သည့်ဆုံးဖြတ်ပိုင်ခွင့်မျှမရှိပေ။ မည်သို့ပင်ဖြစ်စေ မူလယွမ်ရှသည် သူမကိုယ်သူမသာ အချစ်ဆုံးဖြစ်သည်။ လူတိုင်းတွင် ကိုယ်ပိုင်နေထိုင်မှုပုံစံရှိကြသဖြင့် တခြားသူ၏ကိုယ်ကျင့်တရားဆိုင်ရာ အောက်ဆုံးလိုင်းကို သွားမထိသရွေ့ အဆင်ပြေသည်မဟုတ်ပါလား…


မူလယွမ်ရှ၏ အကျင့်စရိုက်အား သူမ နားလည်သလောက်ဆိုလျင် မည်သို့ပင်ဆိုစေကာမူ သူမသည် သူမဘဝအား သက်သောင့်သက်သာဖြစ်အောင် နေထိုင်မည်ဖြစ်သည်။ ထို့ကြောင့် မူလယွမ်ရှအကြောင်းစိုးရိမ်စိတ်ပူနေသည်ထက် သူမ၏အခြေအနေအား ပိုစိုးရိမ်သင့်သည်။ သူမ အိမ်မက်ထဲမှ မူလယွမ်ရှသည် ဒီနေရာသို့ ပြန်လာချင်စိတ်အား မဖော်ပြသည့်အတွက် သူမဘဝသည်လဲ မစ်စတာစုန့်ကဲ့သို့ပင် သာလွန်သည်ဟု ဆိုလိုသည်မဟုတ်ပါလား…


နောက်ဆုံးအပိုင်းအား တွေးပြီးနောက် ယွမ်ရှသည် ကလေးအား


 ‘’ ဝမ်လေး… သား ပါပါးကိုလွမ်းလား’’


မူလယွမ်ရှနှင့် မစ်စတာစုန့်သည် သီးခန့်ခွဲနေကြခြင်းဖြစ်ပြီး တစ်ယောက်အပေါ်တစ်ယောက် ခံစားချက်လဲမရှိကြပေ။ မူလယွမ်ရှကိုယ်ဝန်ရှိသွားသည့်အတွက်သာ သူတို့တွေ လက်ထပ်လိုက်ကြခြင်းဖြစ်သည်။ သို့သော်လဲ မစ်စတာစုန့်သည် သူသားအပေါ်တွင်တော့ ကောင်းမွန်စွာဆက်ဆံသည်။ မူလယွမ်ရှနှင့် နှိုင်းယှဉ်လျင် မစ်စတာစုန့်သည်ကမှ မိဘဖြစ်ရန်ပို၍သင့်တော်လေသည်။


ထိုဝဝကစ်ကစ်ကလေးသည် ချက်ချင်းပဲခေါင်းငြိမ့်ပြကာ ပြတ်သားသောလေသံဖြင့် ‘’ ဟုတ် ‘’


သူ ပါပါးကို အရမ်းလွမ်းတယ်


အနာဂတ်တွင် အမျိုးသမီးဇာတ်လိုက်နှင့် အမျိုးသားဇာတ်လိုက်အား ခေါင်းကိုစေသည်အထိစွမ်းဆောင်နိုင်မည့် ဗီလိန်သည် ယခုကတည်းကပင် ထိုဝဝကစ်ကစ်ကလေးလေးသည် ထက်မြက်လွန်းလှသည်။ သူသည် ယွမ်ရှ ခါးအားပွေ့ဖက်ရင်း အလျင်အမြန်ပဲ ပြောလေသည်


 ‘’ သား မာမားကိုလဲ လွမ်းနေတာ’’


ယွမ်ရှသည် သူ့အားအလွယ်တကူပင် ပြန်လည်ပွေ့ဖက်လိုက်ပြီး နွေးထွေးစွာဖြင့်


 ‘’ ဒါဆို မနက်ဖြန် သား ပါပါးကိုတွေ့ဖို့ လေယာဉ်စီးကြမယ်လေ’’


ထိုဝဝကစ်ကစ်ကလေးလေးသည် သူ၏တိုတောင်းလှသောဘဝလေးတွင် လေယာဉ်ဖြင့် ဘယ်နေရာကိုမှ မသွားဖူးပေ။


သူသည် မျက်တောင်ခတ်လိုက်သည်။ သူ့မာမားနှင့်အတူ သူ့ပါပါးဖြစ်သူအား ချက်ချင်းသွားတွေ့ဖို့ထက် အရေးကြီးတာဘာမှ မရှိတော့ပေ။

ကူးပြောင်းပြီးနောက် ရက်အနည်းငယ်အတွင်း ယွမ်ရှသည် သူမ၏လက်ရှိအခြေအနေဖြင့် လိုက်လျောညီထွေးဖြစ်လာကာ သူမအတွက် ဖြစ်နိုင်ခြေရှိသော လမ်းကြောင်းများအား တွေ့ရှိလာသည်။


ပထမဉီးစွာ မူလယွမ်ရှနှင့် မစ်စတာစုန့်၏ အပြန်အလှန်ဆက်ဆံရေးအားကြည့်ခြင်းဖြင့် မစ်စတာစုန့် အသက်ရှင်သည်က ပို၍အကျိုးအရှိဆုံး ရွေးချယ်မှုဖြစ်လိမ့်မည်။ သူမအနေဖြင့်လဲ အိမ်ထောင်သည်လင်မယာကြားထဲမှ ရှုပ်ထွေးသောအရာများအား ကိုင်တွယ်ရန်မလိုအပ်ပေ။ သူနှင့် မူလယွမ်ရှသည် ရင်းနှီးသောသူစိမ်းများနှင့်တူသောကြောင့် သူမသာ သူ့ဇနီအဖြစ်နေမည်ဆိုလျင် သူမဘဝအတွက် လိုအပ်သော အရာအားလုံးအား စိတ်ပူစရာမလိုတော့ပေ။ ဒါ အံ့ဩဖို့ကောင်းတဲ့ဘဝပဲ မဟုတ်လား…


အမေယွမ်ပြောစကားအရ မစ်စတာစုန့်နှင့် မူလယွမ်ရှအား အပြန်အလှန် ချစ်ခင်နှစ်သက်သော အိမ်ထောင်ဖက်ဖြစ်စေချင်သော်လဲ သူမတို့၏ဆက်ဆံရေးသည် ထိုအခြေနေအထိပင် ရောက်ပုံမပေါ်သေးပေ။


မစ်စတာစုန့်သာ ဆက်လက်ရှင်သန်နေမည်ဆိုလျင် သူမသည်လဲ သူ၏ဇနီးအဖြစ် ဆက်ရှိနေမည်ဖြစ်သည်။ ထို့အပြင့် ဝဝကစ်ကစ်ကလေးလေး၏ ချစ်စဖွယ်ကောင်းနေမှုကလဲ သူမအား အဒေါ်ကောင်းတစ်ယောက်ရဲ့ အခန်းကဏတွင် ပါဝင်လာစေသည်။ သူမအနေဖြင့် မိခင်ကောင်းတစ်ယောက်ဖြစ်မည်ဟု၍လဲ မခံယူနိုင်ပေ။


မစ်စတာစုန့်သည် ချမ်းသာသည်။ ထို့ကြောင် ထိုဝဝကစ်ကစ်လေး၏ နေ့စဉ်ဘဝအတွက် သူမစိတ်ပူရန် မလိုအပ်ပေ။ သူမ အနေဖြင့် အတူတူကစားပြီး စကားပြောပေးနေရုံဖြင့်သာ လုံလောက်လေသည်။


ဟုတ်ပါသည်… ဝထ္တုဇာတ်ကြောင်းမှာ ခိုင်မာပြီး မစ်စတာစုန့်၏သေဆုံးမှုအား သူမ မတားဆီးနိုင်ခဲ့ဘူးဆိုလျင်တောင် ထိုအရာများမှာ အဆင်ပြေပါလိမ့်မည်။ မူလ ယွမ်ရှကဲ့သို့ ဆုံးဖြတ်ချက်အား သူမချမည် မဟုတ်ပေ။ သူမ နောက်ထပ် လူသားငွေထုတ်စက်ကို ထပ်ရှာမည် မဟုတ်ပေ။ သူမသည် အိမ်နှစ်လုံးနှင့်ပတ်သတ်ကာ ကောင်းမွန်သော ဆုံးဖြတ်ချက်များချပြီး သူမနာမည်အောက်မှာ မရှိသည့် ဇိမ်ခံကားအား ရောင်းချကာ အဆင်ပြေလောက်သော အလုပ်တစ်ခုအား ရှာဖွေမည်ဖြစ်သည်။ ထို့ကြောင့် သူမကော ကလေးအတွက်ပါ အထောက်အပံ့ရဖို့က မခက်ခဲပေ။