အပိုင်း (၈)
Viewers 31k

Part-8


မူလကယွမ်ရှသည်လက်ထပ်ခြင်းနှင့်ကလေးမွေးခြင်းကဲ့သို့သောဒုက္ခများကိုမခံစားချင်ခဲ့ပေ။သို့သော်လဲ ယခုကဲ့သို့ချမ်းသာသည့်စင်ဂယ်မားသားတယောက်ဖြစ်နေခြင်းကလဲဆိုးလှသည်တော့မဟုတ်ပေ။


ယွမ်ရှက မူလယွမ်ရှ၏မိဘများ၏အိမ်အခြေအနေကိုလဲ အကဲခတ်ကြည့်ခဲ့သည်။ အကယ်၍ကံကြမ္မာကပြောင်းလဲမသွားဘဲမစ္စတာစုန့်သာအရင်အတိုင်းဖြစ်သွားခဲ့မည်ဆိုလျှင်လဲ ကလေးကိုခေါ်၍မိဘများအိမ်သို့ပြန်နိုင်ပေသည်။ဒီမှာနေပါကသူမစားဖို့သောက်ဖို့အတွက်လဲမပူရသည့်အပြင်ကလေးကိုကူညီစောင့်ရှောက်မှုလဲရပေလိမ့်မည်။


ဖေဖေယွမ်နှင့်မေမေယွမ်တို့ကလဲ သူမ၏ဆုံးဖြတ်ချက်ကြောင့်ပျော်ရွှင်နေမည်မှာသေချာပေသည်။သူမကအရမ်းစိတ်ကျေနပ်စရာကောင်းသောဆုံးဖြတ်ချက်တခုကိုချလိုက်သကဲ့သို့ပင် သူမတို့နေ့လည်စာစားပြီးချိန်၌ယွမ်ရှကကလေးလေးဝမ်ကိုသူမနှ၍့်အတူခေါ်ဆောင်သွားလိုက်သည်။


ဖေဖေယွမ်နှင့်မေမေယွမ်တို့ကလဲသူမတို့နှစ်ယောက်အား တွန့်ဆုတ်စွာပဲနှုတ်ဆက်လမ်းခွဲလိုက်ကြသည်။


ရုတ်တရက်ကလေးထိုင်ခုံလေးတွင်ထိုင်နေသောပေါက်စီလုံးလေးက မှတ်ချက်ပြုလာလေသည်။


"မားမား ဒီနေ့ထူးခြားနေတယ်..."


ယွမ်ရှထိတ်လန့်သွားသော်လဲလျှင်မြန်စွာပင်ပြန်လည်တည်ငြိမ်သွားသည်။သူမ၏အပြုအမူများကွဲလွဲနေခြင်းသို့မဟုတ်ထူးခြားနေခြင်းများဖြစ်နိုင်သော်လဲ ဒီခန္ဓာကိုယ်ရှိဝိဉာဉ်ပြောင်းလဲသွားသည့်အကြောင်းကိုတော့မည်သူမှဆက်စပ်တွေးမိလိမ့်မည်မဟုတ်ပေ။အဘယ်ကြာင့်ဆိုသော်မူလယွမ်ရှသည်မည်သူနှင့်မှနီးကပ်ရင်းနှီးမှုမရှိပေ။


သူမမိဘများ၏အိမ်သို့ပြန်သွားသည့်အချိန်၌လဲဖေဖေယွမ်နှင့်မေမေယွမ်တို့ကသူမဒီတိုင်းအိမ်ပြန်လာလည်သည်ဟုသာထင်နေခဲ့သည်။သူတို့ကသူမအပေါ်စိုးစင်းမျှပင်သံသယမဝင်သောကြောင့်မူလယွမ်ရှအတွက်ဝမ်းနဲပေးသင့်သလားသို့မဟုတ်သူမကိုသူမအတွက်ဝမ်းသာသင့်သလားမသိတော့ပေ။


"ဘာတွေများထူးခြားနေလို့လဲ..."


ယွမ်ရှခပ်တည်တည်ဖြင့်မေးလိုက်သည်။


"အရင်တုန်းကမားက သားကိုတခါမှမဖက်ဖူးဘူးလေ ပြီးတော့ကစားဖို့လဲမခေါ်သွားပေးဖူးဘူး..."


ပေါက်စီလုံးလေးက ဆူပုတ်ပုတ်ဖြင့်စောဒကတက်နေလေသည်။ဒီကလေးငယ်လေးအတွက်ခက်ခဲသောအချိန်များရှိခဲ့ခြင်းဖြစ်ပေလိမ့်မည် မိခင်၏လျစ်လျူရှုမှုများခံခဲ့ရသော်လဲကလေးလေးကတက်ကြွရွှင်လန်းမှုများရှိနေဆဲပင်ဖြစ်သည်။ယွမ်ရှခဏမျှတွေးကြည့်ပြီးနောက်ကလေး၏စိတ်အခြေအနေသည်သူ့၏မွေးရာပါပင်ကိုစရိုက်ကြောင့်ဖြစ်နိုင်သလိုမေမေယွမ်မေမေယွမ် 

နှင့်မစ္စတာစုန့်တို့၏ကြိုးစားအားထုတ်မှုကြောင့်လဲဖြစ်ကောင်းဖြစ်နိုင်သည်ကိုတွေးမိသွားသည်။


သူလေးက ကလေးအရွယ်သာရှိသေးသည်။ ကိစ္စရပ်များအားလုံးကိုနားမလည်နိုင်သေးပေ။မိခင်၏သူ့အ‌ပေါ်အေးစက်မှုကိုခံစားနားလည်မိနိုင်သော်လဲ ကလေးများကသဘာဝအတိုင်းသူတို့၏မွေးမိခင်ကိုချစ်ခင်ဆဲပင်ဖြစ်သည်။


ယွမ်ရှသူမ၏ငယ်ဘဝအကြောင်းကိုတွေးတောလိုက်မိသည်။ သူမသည်လည်း အဖိုးအဖွားများနှင့်နေထိုင်ခဲ့ရပြီး ထိုနေရာမှာပင်ကြီးပြင်းခဲ့ရသည် ကျောင်းများမတက်ခင်မိဘများလာလည်ပတ်သည့်အချိန်ကိုလဲအမြဲတမ်းစောင့်မျှော်နေမိလိမ့်မည်သူတို့ရောက်လာသည့်အချိန်တွင်လဲ သူမကတွယ်ကပ်နေမိပေလိမ့်မည်။


သူမ မူလတန်းကျောင်းကိုစတင်သင်ကြားတက်ရောက်ပြီးနောက် အသိပညာများပိုမိုများပြားနားလည်လာနိုင်ကာမိဘများနှင့်လဲတဖြေးဖြေးပိုမိုဝေးကွာလာခဲ့သည်။ကံကောင်းထောက်မစွာဖြင့်ကလေးလေးစုန့်ရှုယန်ကလေးနှစ်ပင်မသိသေးပေထို့အပြင် သူ့၏အဘိုးအဘွားနှင့်အဖေကလဲအလွန်ပင်ချစ်မြတ်နိုးထားသာကြောင့် သူ့၏နှလုံးသားထဲ၌ မည်သည့်အရိပ်မဲမျှမထင်သေးပေ။


အကယ်၍ကလေးလေးစုန့်ရှုယန်သာဒီထက်ပိုပြီးအရွယ်ရောက်မည်ဆိုပါက ယွမ်ရှအနေဖြင့်သူ့ကိုသိမ်းသွင်းနိုင်ရန်လွယ်ကူနိုင်မည်မဟုတ်ပေ။ထိုအကြောင်းအရာများကိုခဏမျှစဉ်းစားပြီးနောက် ယွမ်ရှအပြုံးလေးဖြင့်ပြောလိုက်သည်။


"အရင်က မာမားရဲ့အမှားတွေပါ မားမားတောင်းပန်တယ်နော် ဟုတ်ပြီလား..."


စုန့်ရှုယန်ကသူ့၏တသီးတသန့်ဆန်သောပုံရိပ်လေးကိုခဏမျှထိန်းထားလိုက်ပြီးစက္ကန့်အနဲငယ်ကြာ၌ချိုမြိန်စွာပြုံးပြလာလေသည်။


"ကောင်းပြီ သားကမားမားကိုခွင့်လွှတ်တယ်...ဒါပေမဲ့ဒီလိုအမှားမျိုးနောက်ထပ်ထပ်မလုပ်ရတော့ဘူးနော်..."


"ဒီကလေးကတော့..."


.....


အိမ်သို့ပြန်ရောက်ပြီးနောက်သူမ၏အစီအစဉ်အတွက်ကလေးလေးစုန့်ရှုယန်ကိုအသုံးချရန်အကြံရလိုက်သည်။သူမကမစ္စတာစုန့်အကြောင်းကိုများများမသိသောကြောင့် ကလေးလေးစုန့်ကိုအလယ်လူအဖြစ်ထားသည်ကအကောင်းဆုံးပဲ...သူမကလေးကိုရေချိုးပေးပြီးနောက်အိပ်ခန်းထဲသို့ချီသွားလိုက်သည်။


ကလေး၏စိတ်ခံစားချက်များကောင်းမွန်လာအောင်ပြုလုပ်ပြီးပြီဟုခံစားရပြီးနောက် သူမမေးလိုက်သည်။


"ပေါင်‌ပေါင် မားမားကို တစ်ခုကူညီနိုင်မလား..."


"ဒါပေါ့ ..."


"မနက်ဖြန်ကျရင် မာမားတို့ကလေယာဉ်ပျံကြီးစီးပြီးတော့ ပါပါးကိုသွားတွေ့ကြမယ်...ဒါပေမဲ့မာမားကအဲံ့ဒီ့အကြောင်းကိုပါပါးကိုကြိုမပြောရသေးဘူး...သားသားကပာပား ကိုဖုန်းခေါ်ပြီးပြောလိုက်ရင်ရောဘယ်လိုလဲ..."


မူလယွမ်ရှနှင့်မစ္စတာစုန့်တို့ကြားထဲ၌ရင်းနှီးနွေးထွေးသောဆက်ဆံရေးမရှိကြောင်းသူမသိပေသည်။ အကယ်၍သူတို့၏ဆက်ဆံရေးကရေခဲတမျှအေးခဲနေသည်ဟုဆိုလျှင်တောင်ချဲ့ကားပြောဆိုခြင်းမဟုတ်ပေ။ပြောရမည်ဆိုလျှင်သူတို့နှစ်ယောက်လုံးကတယောက်နှင့်တယောက်မျက်နှာချင်းဆိုင်စကားမဆိုမိစေဖို့ဖြစ်နိုင်သမျှရှောင်လေသည်။


သူတို့၏ဆက်ဆံ‌ရေးကသူစိမ်းလိုဖြစ်နေသောကြောင့် သွားတွေ့မည့်အကြောင်းကိုကြိုတင်၍အသိပေးထားရပေမည်။သို့သော်လဲ မစ္စတာစုန့်ကသူမကိုတွေ့ရခြင်းအတွက်ပျော်ပါ့မလားတော့သူမမသိပေ။ ထို့ကြောင့် သူမသာမစ္စတာစုန့်ကိုပြောခဲ့လျှင်အနဲငယ်ကို့ရို့ကားယားခံစားရပေမည်။ 


အကယ်၍စုန့်ရှုယန်သာပြောလိုက်မည်ဆိုပါက...အလည်လာဖို့အတွက်ငြင်းဆိုလိမ့်မည်မဟုတ်ပေ။ယွမ်ရှကမစ္စတာစုန့်ကိုကယ်တင်လိုခြင်းသာဖြစ်ပြီးနားလည်မှုလွဲမှားမှုမျိုးကိုမလိုချင်ပေ။


"ကောင်းပြီ ဒါဆိုရင်ပေါင်ပေါင်မှာ ပါပါးရဲ့ဖုန်းနံပါတ်ရှိလား..."


သူမမှာလဲမစ္စတာစုန့်ရဲ့အချက်လက်တွေရှိတာပေါ့...ဒါပေါ့ဒီလိုမေးခွန်းမျိုးကကလေးကိုကျီစယ်နေခြင်းပဲပေါ့...