Part-9
"သားမှတ်မိတယ် ပါးပါးကသူ့ရဲ့ဖုန်းနံပါတ်နဲ့မာမားရဲ့ဖုန်းနံပါတ်တွေကိုမှတ်မိအောင်သင်ပေးထားတယ်...ဒီလိုဆိုရင်မတော်တဆသားပျောက်သွားတဲ့အခါကျရင်ပါးပါး ဒါမှမဟုတ် မာမားကိုဖုန်းဆက်လို့ရတယ်..."
ပေါက်စီလုံးလေးက ယွမ်ရှမပြောရသေးခင်မှာပင် သူ့ပါးပါးဆီသို့ဖုန်းခေါ်လိုက်လေသည်။
"ဒီနေ့ခေတ်ကလေးတွေကတော့လေအရမ်းကိုဉာဏ်ကောင်းနေတော့တာပဲ..."
တကယ်တမ်းတွင်ကလေးလေးကစာလုံးတလုံးမျှပင်မမှတ်မိသေးသော်လဲ...သူကတခြားသူများဖုန်းခေါ်ဆိုမှုကိုမှတ်သားထားပြီးလုပ်ဆောင်နိုင်ပေသည်။ပေါက်စီလုံးလေးကိုကြည့်ရသည်ကထိုလုပ်ဆောင်မှုများနှင့်အလွန်ရင်းနှီးကျွမ်းဝင်နေပုံရလေသည် သူကသူ့ပါပါးဆီသို့မကြာခဏခေါ်ဆိုနေခြင်းဖြစ်နိုင်ပေသည်။
ဖုန်းဝင်သွားပြီးသည်နှင့် တဖက်ကချက်ချင်းပင်ဖြေဆိုလာပြီးမစ္စတာစုန့်၏နူးညံ့သောအသံထွက်ပေါ်လာသည်။
"ပေါင်ပေါင်ဘာများဖြစ်လို့လဲ ဘာလို့ပါပါးဆီဖုန်းခေါ်တာလဲ..."
မိဘများ၏ချစ်ခင်ဂရုစိုက်မှုကိုမခံရပဲတစ်ယောက်ထဲကြီးပြင်းလာရသောကလေးများကအလွန်သနားစရာကောင်းပေသည်။သို့သော်လည်း အနည်းဆုံးတော့ မစ္စတာစုန့်ကအားကိုးထိုက်သောဖခင်ဖြစ်ကြောင်းကိုယွမ်ရှခံစားမိလေ၏။ထိုသို့သာမဟုတ်လျှင်ကြီးပြင်းလာသောကလေးလေးကယခုအချိန်၌တက်ကြွသွက်လက်မှုရှိနေပါ့မလားဟုမပြောနိုင်ပေ။
ပြောရမည်ဆိုလျှင်မစ္စတာစုန့်သာမသေခဲ့ပါကယွမ်ရှသည်လဲ မိသားစုထဲတွင်ရှိနေပေလိမ့်မည်။ထိုသို့သာဆိုလျှင် ကလေးလေးစုန့်ရှုယန်ကပျော်စရာကောင်းသောဘဝကိုပိုင်ဆိုင်ရပေလိမ့်မည်။ဝတ္ထုထဲမှ ထိုကလေးလေးသည်အလွန်သနားစရာကောင်းလှသည်။ အသက်သုံးနှစ်အရွယ်မှာပင်ခင်ဖြစ်သူကိုဆုံးရှုံးရပြီးသိပ်မကြာခင်၌မိခင်၏စွန့်ပြစ်ချင်းကိုခံခဲ့ရသည်။
ယွမ်ရှသူ့ရှေ့မှကလေးလေးကိုကြည့်၍သနားကြင်နာမှုများခံစားနေရသည်။ ထိုအချိန်၌ကလေးကသူမကိုကြည့်၍ကျယ်လောင်စွာဖြေလိုက်လေသည်။
"သားက ပါပါးကိုလွမ်းနေတာ..."
ထိုစကားပြောလိုက်ပြီးနောက်တဘက်မှခပ်နိမ့်နိမ့်ရီသံကိုကြားလိုက်ရသည် FA တယောက်ဖြစ်သောယွမ်ရှထိုအသံကြောင့်နားများပင်ကိုယ်ဝန်ရသွားသလိုခံစားလိုက်ရသည်။
"ပါပါးလဲလွမ်းတာပေါ့ ဒီရက်ပိုင်းအတွင်းပါပါးပြန်လာတော့မှာပါ...ပေါင်ပေါင်အတွက်အရုပ်တွေအများကြီးဝယ်လာခဲ့တယ်နော်..."
မစ္စတာစုန့်သည်သူ့၏ကလေးအားစိတ်ရှည်သီးခံပြီးနူးညံ့သိမ်မွေ့စွာဆက်ဆံတတ်သည့်လူတယောက်ဖြစ်ကြောင်းကိုယွမ်ရှသတိပြုမိလိုက်သည်။ မည်သို့ပင်ဆိုစေဇာတ်လမ်းအစမှာပင်သေဆုံးသွားသောထိုလူကတကယ့်ကိုဖခင်ကောင်းတယောက်ပင်ဖြစ်သည်။
"ပါပါးစောင့်စရာမလိုတော့ဘူး...မာမားကမနက်ဖြန်ကျရင်ပါပါးကိုတွေ့ရအောင်ခေါ်သွားပေးမယ်လို့ပြောတယ်..."
ကလေးလေးကဝမ်းသာရွှင်မြုးစွာပြန်ပြောလိုက်သည်။
"အိုး..."
သူ့၏အသံကပြုံးရီရွှင်မှုရပ်သွားသကဲ့သို့ပင် ခဏမျှတိတ်ဆိတ်သွားပြီးမှမေးလာလေသည်။
"မာမားက သားကိုခေါ်ပြီးတော့ ပါပါးနဲ့လာတွေ့မယ်ဟုတ်လား..."
"ဟုတ်"
"မာမားပြောတာလား..."
"ဟုတ်"
တဖက်မှအသံကိုနားထောင်ကြည့်ရုံဖြင့်အခုချိန်၌မစ္စတာစုန့်တယောက်ဇဝေဇဝါဖြစ်နေမည်ကိုယွမ်ရှသေချာသိပေသည်။မူလကယွမ်ရှသည်မစ္စတာစုန့်တယောက်အကြောင်းအရင်းကိုသိချင်သောကြောင့် သူမနှင့်စကားပြောလိမ့်မည်ဟုထင်ထားခဲ့သည်။ ထို့ကြောင့်သူမပြောရမည့်အကြောင်းအရာဆင်ခြေကိုပင်ကြိုတင်ရှာထားခဲ့သည်။
သို့သော်လဲမစ္စတာစုန့်က...
"ကောင်းပြီ... မနက်ဖြန်ကျလို့ရှိရင်သားတို့ကိုတွေ့ဖို့ပါပါးစောင့်နေမည် "ဟုသာ... ပြောလာခဲ့သောကြောင့်ယွမ်ရှအံ့အားသင့်သွားခဲ့၏။
"..."ယွမ်ရှ
သူဘာဖြစ်နေမှန်းမသိတာတောင်မှသူ့ဇနီးနဲ့ဖုန်းမပြောချင်ဘူးတဲ့လား...
ယွမ်ရှမတရားခံလိုက်ရသလိုပင်ခံစားမိလိုက်သည်။
ကြုံရာကျပန်းတွဲပေးလိုက်တဲ့သူစိမ်းနှစ်ယောက်တောင်မှပဲ ဒီလက်ထပ်ထားတဲ့စုံတွဲထက်ပိုပြီးတော့ရင်းနှီးနေဦးမယ်...သူကသူမနဲ့စကားမပြောချင်ဘူးဖုန်းနဲ့တောင်မှသူမအကြောင်းထည့်မမေးချင်ဘူးကောင်းတယ် အရမ်းကောင်းတယ်...
မူလယွမ်ရှနှင့်မစ္စတာစုန့်တို့ကြားထဲ၌တဦးနှင့်တဦးရင်းနှီးကျွမ်းဝင်သောဆက်ဆံမှုမျိုးမရှိပေ သူမဘာဆက်လုပ်ရမှန်းမသိပင်ဖြစ်သွားမိသည်။ပြောရမည်ဆိုလျှင် ယခုသူမကယွမ်ရှဖြစ်နေပြီဖြစ်သော်လဲသူမ၏ခင်ပွန်းမစ္စတာစုန့်ကိုမြင်ဖူးခြင်းမရှိသေးပေ။ ထို့အပြင်သူမကိုယ်တိုင်ကလဲသူစိမ်းတယောက်ကိုခင်ပွန်းတယောက်အဖြစ်အသိအမှတ်ပြုလိုခြင်းမရှိပေ။
ထိုခံစားချက်က သူမရှေ့မှပေါက်စီလုံးလေးအပေါ်ခံစားချက်နှင့်တူညီပေသည်။ထိုကလေးလေးအသွင်အပြင်ကချစ်ဖို့ကောင်းသည့်အပြင်သူ့၏အကျင့်စရိုက်လေးမှာလဲသွက်လက်တက်ကြွကာလိမ္မာလှသည်။ကလေးလေးကအပြစ်ကင်းစင်သည့်အသက်အရွယ်လေးဖြစ်ပြီးကြည်စင်သန့်ရှင်းလှသော်လည်း ယွမ်ရှကသူ့ကိုသူမ၏သားအဖြစ်တော့မြင်၍မရသေးပေ။
အာ...ဖြစ်ချင်းဖြစ်ရင်တော့သူ့ရဲ့အန်တီလောက်ပဲဖြစ်ရမှာပေါ့...
သူမ ကိုယ် သူမတစုံတယောက်ရဲ့ဇနီး ဒါမှမဟုတ်ရင်အမေအဖြစ်တော့တွေးကြည်လို့မရသေးဘူး။
...
(E Translator၏အတွေး...)
ယွမ်ရှက ကလေးလေးဝမ်ရဲ့မိခင်မဖြစ်လိုခြင်းကိုမနှစ်သက်ပေမဲ့လဲ သူမကအမေတစ်ယောက်အဖြစ်တာဝန်ယူလိုစိတ်ရှိနေသေးတာကိုတော့တွေ့ရတယ်...ဒါကလဲလူတော်တော်များများအတွက်မိခင်တယောက်အဖြစ်ဖြတ်သန်းရခြင်းကခက်ခဲမယ်လို့ထင်ပါတယ်...မင်းတို့ရောယွမ်ရှအပေါ်ဘယ်လိုမြင်လဲ...။