အပိုင်း (၁၀)
Viewers 31k

part 10


ကလေးလေးစုန့်တွင် ကိုယ်ပိုင်အခန်းရှိသော်လည်း သူအခန်းတွင်မအိပ်ပေ။သူ့ပါပါးအိမ်တွင်ရှိနေရင်ပါပါးနဲ့အိပ်ပြီး သူ့ပါပါးခရီးသွားချိန်၌ကလေးထိန်းနှင့်အိပ်ပေသည်။ပြောရမည်ဆိုလျှင် သူကသူ့မာမားနှင့်တခါမှမအိပ်ဖူးပေ။ထိုအချက်ကိုကြည့်၍ကောက်ချက်ချရလျှင်မစ္စတာစုန့်နှင့်မူလယွမ်ရှတို့သည်ကလေးလေးစုန့်ရှုယန်ကိုရလာသော 

ပထမညမှလွဲ၍သူတို့အခန်းခွဲအိပ်ကြောင်းသိသာပေသည်။


.ထိုအကြောင်းကိုစဉ်းစားမိလျှင်ပထမညတွင်ကိုယ်ဝန်ရလာစေရန်အတွက် တစ်ညထဲနှင့်အားထုတ်မှုတော်တော်လုပ်ခဲ့ရမည်ဖြစ်ကြောင်းတွေးမိပေသည်။မူလယွမ်ရှ၏မှတ်ဉာဏ်များအရထိုပထမညကိုပြန်စဉ်းစားကြည့်ရလျှင် မစ္စတာစုန့်ကသူမ၏ထောင်ချောက်မိခဲ့ကြောင်းကို 

သိရပေသည် ထို့ကြောင့်ပင်သဘာဝကျစွာသူက သူမအပေါ်၌ကောင်းမွန်သည့်အမြင်ရှိလိမ့်မည်မဟုတ်ပေ။ထိုအချိန်တုန်းကဝတ္ထုထဲမှယွမ်ရှသည်ကလေးကိုကိုယ်ဝန်ဆောင်ပြီးမွေးဖွားပေးခဲ့သည်။ သူမကမစ္စတာစုန့်ဆီမှ လက်ထပ်ရန်တောင်းဆိုခဲ့သော်လည်း သူတို့သီးခြားဆီနေနိုင်ကြောင်းကိုလဲပြောခဲ့ပေသည်။


မစ္စတာစုန့်ကသူ့၏အားလပ်ချိန်များကိုမည်ကဲ့သို့ပင်အသုံးချသည်ဖြစ်စေ သူမဂရုစိုက်လိမ့်မည်မဟုတ်ပေ။ ပြောရမည်ဆိုလျှင် မူလယွမ်ရှကမစ္စတာစုန့်၏အချစ်ကိုမလိုချင်ခဲ့ပေ။သူမက အရာရာထောက်ပံ့ပေးမည့်သူရှိသောလွယ်ကူသာယာသည့်ဘဝကိုသာလိုချင်ခဲ့သည်။


မစ္စတာစုန့်ကထိုအချက်ကြောင့်အလွန်ပင် အံအားသင့်စိတ်ရှုပ်ထွေးခဲ့ရသည်။

ထိုကဲ့သို့သောအိမ်ထောင်ရေးမျိုးကို သူ မလိုချင်ခဲ့သော်လည်း ကလေးလေးကိုလဲအဖေမရှိပဲလဲမမွေးဖွားစေလိုခဲ့ပေ။ထို့ကြောင့်နောက်ဆုံးတွင်လက်ထပ်ဖို့သဘောတူရန်သာရွေးချယ်ခဲ့သည်။ သူတို့နှစ်ယောက်ကိုလက်ထပ်ထားသောအိမ်ထောင်သည်စုံတွဲများအဖြစ်သတ်မှတ်၍မရပဲအများဆုံးကအခန်းဖော်အဖြစ်သာသတ်မှတ်၍ရမည်ဖြစ်သည်။


သို့သော်လဲသူတို့နှစ်ဦးသည်လွန်ခဲ့သောလေးနှစ်တာကာလအတွင်း၌ကိုယ့်ကိစ္စကိုသာဂရုစိုက်ပြီးလိုက်လျောညီထွေစွာနေထိုင်နိုင်ခဲ့ကြသည်။သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက်စကားပြောဆိုဆက်ဆံမှုပင်မရှိသောကြောင့် သဘာဝကျစွာပင်ငြင်းခုန်ရန်ဖြစ်မှုများလဲမရှိခဲ့ပေ။ဝတ္ထုထဲမှယွမ်ရှသည် ငွေကြေးချမ်းသာပြီးခမ်းနားထည်ဝါသောလူနေမှုဘဝပုံစံကို 

လိုချင်ခဲ့သည်။မစ္စတာစုန့်အနေနှင့်ကတော့ဒီအိမ်ထောင်ရေးကိုအလိုမရှိသလိုမူလယွမ်ရှကိုလဲမနှစ်သက်သောကြောင့်ပတ်သတ်ဆက်ဆံမှုအနဲဆုံးဖြစ်အောင်သာသီးခြားနေထိုင်ခဲ့လေသည်။တကယ်တမ်း၌ ထိုအိမ်ထောင်ရေးမျိုးကအလွန်ပင်ငြီးငွေ့စရာကောင်းသည်ဟုဆိုသော်လဲနှစ်ဖက်လုံးကအလိုရှိနေသရွေ့ လက်မခံနိုင်စရာမရှိပေ။


"ဒီည မာမားနဲ့အိပ်ချင်တယ်..."


ကလေးလေးစုန့်က အတတ်နိုင်ဆုံးချစ်စရာကောင်းစွာပြုမူလိုက်လေသည်။ သူကဒီညဒီမှာပင်ကပ်တွယ်နေဖို့စဉ်းစားထားပြီးထွက်သွားရန်မရည်ရွယ်ထားပေ။


က‌လေးလေးက မင်းတစ်လက်မပေးရင်ငါကတစ်မိုင်လောက်လိုချင်သည်ဆိုသည့်အမျိုးအစားမျိုးပင်။ သူ့အမေကဒီနေ့သူ့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့သော‌ကြောင့်သူကပွေ့ဖက်နမ်းရှုံရင်းတွယ်ကပ်နေလေသည်။


သူ့၏မှတ်ဉာဏ်များက ရွှေငါးတကောင်၏မှတ်ဉာဏ်လိုမျိုးယခင်ကလျစ်လျူခဲ့မှုများကိုလျင်မြန်စွာပင်မေ့ပစ်လိုက်လေသည်။


ယွမ်ရှအနဲငယ်တွန့်ဆုတ်သွားမိသည်။ သူမကငယ်စဉ်ကထဲကသူမဘာသာသီးခြားအိပ်လာခဲ့ခြင်းဖြစ်သည်။သူမသူငယ်ချင်းများနှင့်ပျော်ပွဲစားခရီးထွက်သည့်အချိန်များတွင်ပင် တစ်ယောက်အိပ်ရာတစ်ခုစီခွဲအိပ်နိုင်ရန်အတွက်ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်သည်။


ကလေးလေးစုန့်ရှုယန်က ယွမ်ရှတွန့်ဆုတ်နေသည်ကိုမြင်ပြီးနောက်အိပ်ရာပေါ်ဆတ်ခနဲလှဲချလိုက်ပြီးဟောက်သံကျယ်ကျယ်ပင်ထုတ်လွှင့်လိုက်သေးသည်။


" ပေါင်ပေါင်လေးက  အိပ်ပျော်သွားပြီ မာမားသားကိုမနှိုးနဲ့တော့..."


သူကလုံးဝကိုဆုံးဖြတ်ချက်ချထားပြီးလေပြီ။


အရွယ်ရောက်လူကြီးတယောက်ဖြစ်သောယွမ်ရှကက‌လေးများအပေါ်တွင်စိတ်အနှောင့်အယှက်ဖြစ်သည့်အချိန်များရှိခဲ့ဖူးသော်လည်း ပုံမှန်အချိန်များတွင်တော့စိတ်ရှည်သီးခံတတ်ဆဲဖြစ်သည်။ကလေးလေးစုန့် မည်မျှသနားစရာကောင်းသည့်အကြောင်းကိုတွေးမိလိုက်သည်နှင့်သူမ၏စိတ်များကနူးညံ့ပျော့ပျောင်းသွားလေသည်။ သူမပို၍ပင်စိတ်ရှည်သီးခံလာမိပြီး 

စောင်ကိုဆွဲယူခြုံပေးကာပြောလိုက်သည်။


"ကောင်းပြီ...အိပ်တော့..."


"..."ယွမ်ရှ၏အတွေး


"ကလေးတွေနဲ့နေရတာကခန္ဓာကိုယ်ညှင်းပန်းနှိပ်စက်မှုတမျိုးပဲ..အခုခဏလေးမှာတင်သူတို့ဆက်စရာသစ်သားဘလော့တုန်း‌လေးတွေယူပြီးတော့ဆော့လိုက်မယ်... ဟော နောက်ခဏကျတော့တူတူပုန်းတမ်းကစားချင်သွားပြန်ရော... အမလေး တရက်‌လေးပဲကလေးနဲ့နေလိုက်တာနဲ့ငါသေတော့မှာပဲ ဒီကလေးကတော့တကယ့်ကိုစွမ်းအားတွေပိုလျှံနေတာပဲ...


ယွမ်ရှအိပ်ရာပေါ်လှဲလိုက်သည်နှင့်အိပ်မက်ကမ္ဘာထဲလွင့်မြောသွားလေသည်။ သူမဝတ္ထုထဲမှယွမ်ရှအကြောင်းကိုအိပ်မက်မက်ခဲ့လေသည်။ဝတ္ထုထဲမှယွမ်ရှကမောက်မာထောင်လွှားသောပုံစံမျိုးဖြင့်မျက်နှာထားတည်တည်ထားကာ သူမကိုစကားပြောလာလေသည်။


"အဲ့ဒီ့လူကိုနင့်ကိုပေးမယ် အဲ့ဒီ့ကလေးကိုလဲပေးမယ် နင့်ရဲ့ကမ္ဘာကိုပြန်ဖို့မစဉ်းစားနဲ့တော့ နင်ပြန်သွားရင်လည်း ငါကအဲ့ကိုပြန်လာမှာမဟုတ်ဘူး..."


ယွမ်ရှအံ့အားသင့်ဒေါသထွက်သွားလေသည်။


"အဲ့ဒာ ငါခင်ပွန်းလဲမဟုတ်ဘူး ငါ့ရဲ့ကလေးလဲမဟုတ်ဘူး နင်စွန့်ပစ်ထားခဲ့တဲ့လူတွေကိုငါကစောင့်ရှောက်ပေးရမယ်ပေ့ါ ဟမ့် ဘယ်‌လောက်တောင်ရီစရာကောင်းလိုက်လဲ..."