အပိုင်း (၁၁)
Viewers 31k

part-11


နောက်တနေ့မနက် ယွမ်ရှနိုးထလာသည့်အချိန်၌ မူလယွမ်ရှနှင့်စကားပြောခဲ့သောဖြစ်ရပ်သည်အိပ်မက်လားတကယ့်လက်တွေ့လားဆိုသည်ကိုပင်မခွဲခြားတတ်တော့ပေ။မသိစိတ်ခံစားချက်အရပြောရမည်ဆိုလျှင် ၎င်းကတကယ့်အဖြစ်အပျက်ဟုပင်ခံစားမိလေသည်။ယွမ်ရှတကယ့်ကိုပင်ကျိန်ဆဲချင်မိသွားသည်။


"အိမ်မက်ထဲမှာဆိုရင်တောင်မှပဲအဲ့ဒီ့မိန်းမနဲ့ထပ်မတွေ့ရပါစေနဲ့တော့ တကယ်လို့ထပ်တွေ့ရမယ်ဆိုရင်တော့သူ့ကိုသေအောင်ရိုက်ပစ်မယ် ဘယ်လိုမိန်းမမျိုးပါလိမ့်...ကြည့် သူကသူ့ခင်ပွန်းကိုစွန့်ပစ်ချင်တယ်ဆိုတာကကိစ္စကြီးတစ်ရပ်မဟုတ်ဘူး...သူတို့နှစ်ယောက်လုံးကအရွယ်ရောက်ပီးသားတွေပဲလေ...ဒါပေမဲ့ကိုယ်မွေးထားတဲ့ကလေးကိုတောင်မှပဲ 

အညှာအတာမရှိစွန့်ပစ်ချင်တယ်ဟုတ်လား...ဒီမိန်းမကတော့သာမာန်လူသားတွေထက်ကိုအဆင့်မြင့်နေပြီ..."


ယွမ်ရှသည် ဝတ္ထုထဲမှယွမ်ရှက မကြာခင်၌မည်သို့လုပ်ဆောင်မည့်အကြောင်းကိုတွေးမိသွားပြီးနောက်သူမစိတ်သက်သာရာရမှုကိုခံစားလိုက်ရမိပြန်သည်။


သူမ မနေ့ကထဲက ဒီနေ့နေ့လည်အတွက်လေယာဉ်လက်မှတ်ကိုမှာယူခဲ့ပြီးဖြစ်သည်အကယ်၍ယာဉ်ကြောပိတ်ဆို့မှုမရှိပါကစုန့်မိသားစုအိမ်ကနေလေဆိပ်ကိုရောက်ဖိုအတွက်မိနစ်လေးဆယ်ကြာမြင့်ပေမည်။


သူမတို့အိမ်ကထွက်ခွာရန်အနဲငယ်အချိန်လိုနေသေးတာကိုသတိပြုမိလိုက်ပြီး ယွမ်ရှပစ္စည်းများကိုပြန်စစ်ဆေးလိုက်သည်။ထို့နောက်လေယာဉ်ချိန်နောက်ကျမှုရှိမရှိကိုပါထပ်မံစစ်ဆေးလိုက်၏။အိမ်အကူလဲဖြစ်ကလေးထိန်းလဲဖြစ်သောအန်တီကသူမတို့အတွက်မနက်စာပြင်ဆင်ပေးထားလေသည်။


ယွမ်ရှကသူတို့ထွက်သွားသည့်အချိန်တွင် 

သူမအားလပ်ရက်ယူနိုင်ကြောင်းပြောလိုက်သည်။ထို့အပြင်ထိုအားလပ်ရက်အတွက်လဲသူမကလစာပေးမည်ဖြစ်သည်။


ထိုသို့ကြားလိုက်ရသည်နှင့်အိမ်အကူအန်တီကပျော်ရွှင်သွားလေသည်။

ထိုခင်ပွန်းနှင့်ဇနီးတို့ကတကယ့်ကိုသဘောကောင်းတဲ့သူဌေးများဖြစ်ကြသည်။ သူတို့ကပြဿနာရှာဆူပူခြင်းမျိုးလဲမရှိပေ။


သူမတို့အတွက်ပြင်ဆင်ပေးထားသောမနက်စာကကြက်ဥပြုတ် 

အသားနှင့်ပြောင်းဖူးတို့ပါဝင်သည့်ဆန်ပြုတ်တခွက်နှင့်ဖက်ထုပ်ပေါင်းတို့ပင်ဖြစ်သည်။ပေါက်စီလုံးလေးကကြက်ဥပြုတ်တလုံးကိုယူ၍သေချာစွာအခွံခွာနေသေးသည်။ပြီးသည်နှင့်သူယွမ်ရှ၏ပန်းကန်ထဲထဲ့ပေးလိုက်သည်ထို့နောက်သူမကိုမျက်လုံးတောက်တောက်လေးများနှင့်ကြည့်လာကာစကားဆိုလာလေသည်။


"မာမား...ဥအကာကိုစားလိုက်သားကဥအနှစ်စားမယ်..."


အရိုးသားဆုံးဝန်ခံရမည်ဆိုလျှင် ထိုကလေးလေးက အလွန်ပင်ချိုမြိန်ချစ်စရာကောင်းလှပြီးသူမ၏နှလုံးသားကိုနူးညံ့ပျော့ပျောင်းစေနိုင်ပေသည်။သူကငယ်ရွယ်သေးသော်လဲအလွန်ခန့်ငြားချောမောစွာကြီးပြင်းလာမည်ဟုသူမပြောနိုင်ပေသည်။သူက အစာစားချိန်၌လဲကောင်းမွန်စွာပြုမူတတ်ပြီးစကားနားထောင်လိမ်မာသောကလေးလေးတယောက်ဖြစ်သည်။


သူ့၏ခန္ဓာကိုယ်လေးကပြည့်ပြည့်ဖြိုးဖြိုးဖြစ်နေပြီးအသားအရေလေးများကလဲနူးညံ့တောက်ပြောင်နေ၏။ သူတို့နှစ်ယောက်မနက်စာစားပြီးသည့်အချိန်၌ယွမ်ရှသည် ကလေးကိုခေါ်၍ခရီးဆောင်အိတ်ကိုဆွဲကာလေဆိပ်သို့ဦးတည်လိုက်သည်


ယနေ့တွင်သူကတောက်တောက်ပြောင်ပြောင်ပြင်ဆင်ဝတ်ဆင်ထားခြင်းမရှိပေ။သို့သော်လဲလေဆိပ်ထဲမှလူများ၏ခေါင်းကသူတို့ဆီသို့သာလှည့်လာနေလေသည်။

သူတို့အားလုံး၏အကြည့်များကမူလယွမ်ရှ၏နတ်ဘုရားမသဖွယ်အလှအပနှင့်ချစ်မြတ်နိုးဖွယ်ကောင်းလှသောပေါက်စီလုံးလေးတို့၏ပေါင်းစပ်မှုတွင်ကပ်ငြိတွယ်နေကြသည်။


ဒီနေ့တွင်ပေါက်စီလုံးလေးက အလွန်စိတ်လှုပ်ရှားတက်ကြွနေပြီးဘေးဘယ်ညာတဖက်ဆီသို့ခေါင်းလေးယိမ်းကာအကဲခတ်ကြည့်ရှုနေလေသည်။


သူဒီနေ့လေယာဉ်ပျံစီးဖူးတော့မယ်ကွ...


"မာမားသားတို့ကောင်းကင်ပေါ်ကိုတက်သွားမှာလား..."


သူ့အမေးစကားကြောင့်ယွမ်ရှရီ‌မောလိုက်ပြီးပြန်ဖြေလိုက်သည်။


"ဒါပေါ့...မာမားတို့ကောင်းကင်ပေါ်ကိုတက်သွားမှာ..."


"ဒီလိုဆိုရင်သားတို့ကတိမ်တွေပေါ်မှာလှိမ့်ကြမှာလား..."


"မရဘူး အဲ့လိုလုပ္လို့မရဘူး..."


ယွမ်ရှကလေးကိုစနောက်ကာလိမ်ပြောလိုက်သည်။


"သားကဝတုတ်လေးဖြစ်နေတယ်လေ ဘယ်လိုလုပ်လှိမ့်လို့ရမလဲ...ဒါပေမဲ့သားကပိန်သွားမယ်ဆိုရင်တော့ဖြစ်ကောင်းဖြစ်နိုင်တယ်..."


စောင့်ဆိုင်းဧရိယာထဲတွင်...

သူတို့၏ဘေးနား၌ နေကာမျက်မှန်တပ်ကာထိုင်နေသော အမျိုးသားတယောက်က ထိုစကားကြောင့်ရီမောလိုက်လေသည်။


ထိုခပ်နိမ့်နိမ့်ရီသံကြောင့်ယွမ်ရှလှည့်ကြည့်လိုက်လေရာ မျက်လုံးချင်းထိပ်တိုက်တွေ့ဆုံသွား၏။


"မင်းရဲ့မောင်လေးကအရမ်းချစ်ဖို့ကောင်းတာပဲ..."


ထိုအမျိုးသားကယွမ်ရှကိုကြည့်ကာပြောလာလေသည်။အသက်နှစ်ဆယ့်ငါးနှစ်သာရှိသေးသောယွမ်ရှက အလွန်နုပျိုပြီးလှပလှသောကြောင့် စုန့်ရှုယန်၏မိခင်ဖြစ်သည်ဟုမည်သူမှတွေးမိလိမ့်မည်မဟုတ်ပေ။ထို့ကြောင့်ထိုလူငယ်အမျိုးသား၏မှားယွင်းခန့်မှန်းမှုကအံ့အားသင့်စရာဖြစ်မနေပေ။


ယွမ်ရှအနဲငယ်သံသယဝင်သွားသလိုမျိုးခံစားမိနေသည်။


တခါတရံမှာမျက်မှန်တပ်ထားတဲ့လူကမျက်မှန်ချွတ်လိုက်တဲ့အခါကျရင်ချောမောတဲ့လူတယောက်လဲဖြစ်နေနိုင်တယ်...ဒါပေမဲ့လဲအလှည့်စားတော့မခံနဲ့ဦးသူကမျက်မှန်ချွတ်လိုက်တဲ့အခါမှာဖြစ်ကောင်းဖြစ်နိုင်တာက...


သူမဘာမှပြန်မတုံပြန်နိုင်ခင်မှာပင်ပေါက်စီလုံးလေး၏အလေးအနက်အသံကိုကြားလိုက်ရသည်။


"သားကမာမားရဲ့မောင်လေးမဟုတ်ဘူး သားကမာမားရဲ့အဖိုးတန်သားလေး..."


ထို့နောက်ကလေးလေးက ထိုလူငယ်ကိုကြည့်၍ထပ်ပေါင်းပြောလိုက်သည်။


"ဦးလေး သားတို့ကပါပါးကိုသွားတွေ့မို့ သားမှာပါပါးရှိတယ်..."


ယွမ်ရှပေါက်စီလုံးလေး၏ပါးစပ်ကိုလက်ဖြင့်ပိတ်လိုက်သည်။ထို့နောက်လူငယ်ကိုသိမ်မွေ့စွာပြုံးပြလိုက်ပြီး...


"ကလေးတွေကလေ သူတို့ဘာပြောမိမှန်းနားလည်ကြတာမဟုတ်ဘူး ဗွေမယူပါနဲ့..."


ကလေးလေးကအကြိမ်အနဲငယ်ခန့်မကျေမနပ်ဖြင့် တဟန့်ဟန့်လုပ်နေသော်လဲယွမ်ရှ၏ပါးစပ်ပိတ်ထားမှုကိုတော့ရုန်းကန်ဖယ်ရှားမှုမလုပ်ပေ။


ထိုနေကာမျက်မှန်ဝတ်ထားသောလူငယ်ထွက်သွားပြီးနောက် ကလေးလေးကသူမကိုပြောလာလေသည်။


"မာမားသားကိုမလိုချင်တော့လို့မရဘူးနော်...ပြီးတော့ဒယ်ဒီ့ကိုမလိုချင်လို့လဲမရဘူး..."


ယွမ်ရှသူ့ကိုတချက်ကြည့်လိုက်သည်။


"မင်းလေးကတော့လေဒီအသက်အရွယ်လေးနဲ့အကုန်သိနေတော့တာပဲ..."


ထိုလူငယ်က သူမနှင့်အကျွမ်းတဝင်ဖြစ်စေရန်ရည်ရွယ်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သော်လဲ ကလေးလေး၏ပင်ကိုကာကွယ်လိုစိတ်အသိတရားကပိုပြင်းထန်နေခဲ့သည်။