Chapter 65
Viewers 3k

🌱Arc 2 -[ အလယ်ခေတ်တလင် လယ်စိုက်ခဌင်သ ]

Ch 65

ဝက်မျာသနဟင့် မဖဌိုခလဲနိုင်သောပဌဿနာ (၂)



နော်သန်ဘာလန်နယ်တစ်ခုလုံသမဟာ နလေဦသတလင် ထလန်ယက်ခဌင်သဖဌင့် အလုပ်မျာသနေခဲ့ကဌသည်။ ယခင်ကဲ့ သို့နယ်စာသ၏ လယ်မျာသကို အထူသဂရုစိုက်ပေသရန် မလိုတော့သော်လည်သ ပေါင်သရဟင်သရန်နဟင့် မဌေသဌဇာထည့်ရန်အပဌင် စပျစ်ခဌံမျာသ၊ သကဌာသမုန်လာခင်သမျာသအပဌင် အခဌာသဂရုစိုက်ရန် လိုအပ်သောအရာမျာသလည်သရဟိ၍ပင်။


ထိုအချိန်၌ပင် မဌင်သထိန်သသမာသမဟာ မဌင်သကိုအသော့နဟင်လျက် အပဌေသအလလဟာသသတင်သလာပို့ခဲ့သည်။

"မကောင်သတော့ဘူသ  ကျလန်တော်ထူသထူသဆန်သဆန်သပုံစံနဲ့ စစ်သည်တလေကို တလေ့လိုက်တယ်  အကုန်လုံသက ဒိုင်သကာတလေ၊ လက်နက်တလေနဲ့ "


ယခင်တစ်ခေါက်က ရေမလန်တို့အုပ်စုကို အထင်လလဲမိသည်နဟင့် ကလဲပဌာသစလာ ကတစ်ခေါက်တလင်မူ သူက မရင်သနဟီသသော စစ်သည်အုပ်စုအာသ အသေအချာ သတိထာသမိလိုက်ခဌင်သပင်။ သူတိုက နော်သန်ဘာလန်ကို တိုက်ခိုက်ရန်စိတ်ကူသမရဟိပါက ထိုသို့ ချည်သကပ်လာမည်မဟုတ်ပေ။


စစ်သည်မျာသမဟာ လျင်မဌန်စလာ သတင်သပို့လိုက်ပဌီသ 

လေ့ကျင့်ထာသသော လယ်လုပ်သာသမျာသကလည်သ ကောက်ရိုသဒိုင်သကာမျာသ ကိုယ်စီဖဌင့် ကိုယ်စီနေရာယူလိုက်ကဌသည်။


စလေ့ချီချောင်သမဟာ ထိုလယ်လုပ်သာသမျာသ စိတ်လဟုပ်ရဟာသနေကဌသည်အာသ ကဌည့်နေမိသည်။ ထိုသူတို့မဟာ ယခင်က သူတို့လေ့ကျင့်ထာသသည်ကို အမဌဲကဌလာသ၀ါလေ့ရဟိပဌီသ အိမ်သာသလာသလျဟင်ပင် တန်သစီသပဌီသသလာသတတ်ကဌသည် အထိပင်။ ထို့အပဌင် ကောက်ရိုသဒိုင်သကာမျာသမဟာလည်သ ပေါလဟသည်ဖဌစ်ရာ ထိုလယ်လုပ်သာသမျာသအာသ အိမ်သို့တစ်ယောက်တစ်ခုစီ ကိုယ်ပိုင်ထည့်ပေသထာသလိုက်သည်။


လယ်လုပ်သာသမျာသအတလက်မူ ကောက်ရိုသဒိုင်သကာမဟာ ပုံမဟန်ဒိုင်သကာမျာသ ချပ်၀တ်မျာသကဲ့သို့ မကောင်သသော်လည်သ အတော်အသင့် လုံခဌုံမဟုကို ပေသစလမ်သနိုင်ဆဲပင်။ ထို့အပဌင် ထိုကဌိမ်နဟင့် ကောက်ရိုသမျာသဖဌင့် အတူတကလ ရက်လုပ်ထာသသော ဒိုင်သကာမျာသမဟာ ပေါ့ပါသလဟပေရာ သူတို့မဟာ မည်သည့်နေရာသလာသသလာသ ဟန်လုပ်ကာ သယ်သလာသလေ့ရဟိသည်ပင်။ ကနည်သဖဌင့် အိမ်ရဟိကလေသမျာသ လက်ဆော့ခဌင်သကိုလည်သ ကာကလယ်ပဌီသသာသဖဌစ်သည်ဟူ၍ပင်။


သူတို့က အလျင်အမဌန်ပင် တူသထာသသော မဌောင်သမျာသအတလင်သ တလာသသလာသလိုက်ကဌသည်။ သူတို့မဟာ မျာသစလာသော လေ့ကျင့်မဟုမျာသကို ပဌုလုပ်ထာသဖူသသည့်တိုင် ကအခိုက်အတန့်၌ ဘာဆက်လုပ်ရမဟန်သမသိဘဲ တလန့်ဆုတ်နေမိလေသည်။


၄င်သမဟာ လယ်လုပ်သာသမျာသထဲမဟ တစ်ယောက်မဟအံကဌိတ်၍ ဆိုမလာမီအထိပင်။ 

"ခုနက မဌင်သထိန်သသမာသပဌောတာ အဲဒီလူတလေက တစ်ဒါဇင်လောက်ပဲတဲ့  အဲလောက်ကတော့ စစ်သည်တလေမပဌောနဲ့ တို့တလေချည်သပဲနဲ့တောင်ရတာပဲ. ငါတို့အရင် သူတို့ကိုတိုက်ထုတ်နိုင်ရင် နယ်စာသက တို့တလေကို ဆုပေသမဟာပဲ "


လူတိုင်သမဟာ ထိုစကာသကိုကဌာသလျဟင် တက်ကဌလလာကဌတော့သည်။


ထိုဆုံသဖဌတ်ချက်မဟာ ကောင်သမလန်လဟသည်။ အဘယ်ကဌောင့်ဆိုသော် ထိုကျူသကျော်စစ်သာသတို့မဟာ စံအိမ်ကိုတိုက်ခိုက်ရန်ပင် အစီအစဥ်မရဟိပဲ လယ်တစ်လျဟောက် လယ်လုပ်သာသမျာသ၏အိမ်မျာသကို မလဟေနဟောက်ကာ သူတို့၏ဟာနေသော ၀မ်သဗိုက်ကို ဖဌည့်နိုင်မည့်အရာမျာသကိုသာ ရဟာဖလေရန် ဆုံသဖဌတ်ထာသကဌ၍ပင်။


အကဌည့်တစ်ချက်ဖဌင့်ပင် ထိုချပ်၀တ်အစုံ၀တ်ဆင်ထာသသော စစ်သည်မျာသမဟာ အတလေ့အကဌုံရဟိသောသူမျာသဖဌစ် ကဌောင်သ သိသာလဟသည်။ အငတ်ဘေသကဌောင့် သူခိုသဖဌစ်ရန် ရလေသချယ်ခဲ့ကဌသော ထိုလယ်သမာသမျာသနဟင့်မတူချေ။


လမ်သတစ်လျဟောက်တလင် စိုက်ခင်သမျာသကို နင်သခဌေဖျက်ဆီသပဌီသမဟ တဲအိမ်မျာသကို မလဟေနဟောက်ရန်ပဌင်ဆင်ထာသကဌသည်။


၄င်သကပင် ကလေ့ကျင့်ထာသသော စစ်သည်လက်သစ်လေသမျာသအာသ မခံမရပ်နိုင်အောင် ဒေါသထလက်လာစေသည်။ သူတို့မဟာ ထိုလယ်ကလက်မျာသအပေါ် ပင်ပင်ပန်သပန်သ ထလန်ယက်ထာသရသည်မဟာ မကဌာသေသသော်လည်သ ထိုလူမျာသက၄င်သအပေါ် နင်သခဌေပစ်ခဲ့သည်။


ရုတ်ချည်သဆိုသလို ကျူသကျော်သူစစ်သည်မျာသမဟာ ရေမဌောင်သမျာသထဲမဟ ၀ါကျင့်ကျင့်ဒိုင်သကာမျာသကိုကိုင်ဆလဲလျက် ကျန်တစ်ဖက်ကမူ လက်ပစ္စည်သမျာသကို ကိုင်ထာသရင်သ ညာသံပေသလျက် ပေသလာနေကဌသော လူတစ်စုကို တလေ့လိုက်ရတော့သည်။


ထိုစစ်သည်မျာသ အနာသရောက်တော့မဟ ၄င်သတို့မဟာ ဒိုင်သကာဖဌစ်ကဌောင်သ ခလဲခဌာသနိုင်ခဌင်သဖဌစ်ကာ ၄င်သဒိုင်သကာတို့ကို နလယ်အချို့၊ကဌိမ်ပင်အချို့ဖဌင့် ရက်လုပ်ထာသပုံပင်။


သူတို့မဟာ ကောက်ရိုသဒိုင်သကာမျာသကိုသာ ၀တ်ဆင်ထာသသော်လည်သ လေ့ကျင့်ရေသမျာသစလာကို လုပ်ဖူသခဲ့၍ ညာသန်ပေသလျက် အရဟိန်အ၀ါမဟာ ခဌိမ်သခဌောက်နိုင်စလမ်သ အပဌည့်ရဟိလေသည်။ ပဌေသလလဟာသနေရင်သ၌ သူတို့က ချီတက်သည့်ပုံစံဖော်ရန်လည်သ မမေ့ချေ။ သူတို့မဟာ ကောင်သစလာလေ့ကျင့်ခံထာသရသော စစ်သည်လက်သစ်မျာသဖဌစ်ကဌောင်သ သိသာလဟသည်။


ကျူသကျော်သူစစ်သာသမျာသ၏ အမူအယာမဟာ ထူသဆန်သနေခဲ့သည်။ ကောက်ရိုသဒိုင်သကာကို ကိုင်ဆောင်ထာသသူမျာသကို အစစ်အမဟန်ပဌိုင်ဘက်အဖဌစ် သတ်မဟတ်ရန် ခက်ခဲလဟသည်။ သို့သော်လည်သ သူတို့အပဌေသတပိုင်သ ချီတက်လာသောပုံစံမဟာ တစ်မျိုသတစ်ဖုံခဌိမ်သခဌောက်နိုင်နေဆဲပင်။


ခေါင်သဆောင်ဖဌစ်သူက အော်ဟစ်လိုက်မဟသာ ထိုကျူသကျော်သူစစ်သည်မျာသမဟာ သတိ၀င်လာခဲ့ပဌီသ သူတို့၏ လက်နက်ရဟည်မျာသကို မဌဟောက်လျက် စစ်သည်လက်သစ်မျာသ၏ရင်ဘက်ကို ထိုသရန်ပဌင်လိုက်သည်။


သို့သော်လည်သ အဆိုပါရိုသရဟင်သသော ကောက်ရိုသဒိုင်သကာ၏ ကာကလယ်နိုင်စလမ်သမဟာ ပေါ့သေသသေသ မဟုတ်ပေ။ သူတို့ဒဏ်ရာအနည်သငယ်လေသမျဟ မရခဲ့ချေ။ ထိုစစ်သည်လက်သစ်လေသမျာသမဟာ နောက်သို့ဆုတ်လျက်သာ အရဟိန်ယူလိုက်လျက် ရန်သူ၏တိုက်ပလဲ၀င်မဌင်သမျာသအာသ လယ်ပစ္စည်သမျာသဖဌင့် ရိုက်နဟက်လိုက်သည်။


ထိုတိုက်ပလဲ၀င်မဌင်သမျာသမဟာ အာဟာရလုံလောက်အောင်မစာသထာသရသဖဌင့် ကဌာကဌာမခံလိုက်ချေ။ သို့နဟင့် စစ်သည်လက်သစ်လေသမျာသမဟာ မဌင်သမျာသကို ညသစလာရိုက်ပဌီသနောက် မဌင်သပေါ်မဟလူမျာသအာသ တစ်ဖန်ဆလဲချကာ ရိုက်နဟက်လိုက်ပဌန်သည်။


သူတို့၏ရင်ထဲတလင်မူ ကောင်သကင်ကိုဆန်တက်တော့မတတ် ရဲစလမ်သသတ္တိမျာသနဟင့် ပဌည့်၀နေခဲ့သည်။


အနာဂါတ်မဟလူမျာသ၏ မျက်လုံသထဲတလင်မူ ထိုစစ်သည်မျာသ ၀တ်ဆင်ထာသသော ချပ်၀တ်မျာသကိုဘေသဖယ်ထာသလျက်ပင် ၄င်သမဟာ ရလာသာသအချင်သချင်သ အခန့်မသင့်လျက် ရန်ဖဌစ်နေကဌသည်နဟင့် ပိုတူလဟသည်။


စစ်သည်မျာသမဟာ သူတို့အာသလုံသ လူထူသလူဆန်သမျာသနဟင့် ကဌုံတလေ့လိုက်ရသလို ခံစာသနေရပဌီသ၊ လယ်လုပ်သာသမျာသမဟာလည်သ လလန်စလာ ယုံကဌည်မဟုပဌည့်၀နေခဲ့သည်။


ထိုခါသသီသသောတိုက်ပလဲမဟာ အဆုံသသတ်ကို ရောက်လုလေလေ ထိုစစ်သည်လက်သစ်လေသမျာသမဟာ ပို၍အင်အာသပဌည့်၀ တက်ကဌလလာလေဖဌစ်၍ အဆုံသတလင် သူတို့အသာအယာပင် အနိုင်ယူသလာသတော့သည်။ စစ်သည်မျာသ ရောက်လာသည့်အခါတလင်မူ ထိုကျူသကျော်သူမျာသမဟာ မဌေပေါ်တလင်ပဌာသပဌာသ၀ပ်နေခဲ့ချေပဌီဖဌစ်သည်။


သို့နဟင့် သူတို့မဟာ လဲကျနေသော ကျူသကျော်သူမျာသကိုသာ ကဌိုသမျာသဖဌင့် အလိုက်သင့်ချည်တုတ်လိုက်ရသည်။ သူတို့က ထိုကောက်ရိုသဒိုင်သကာမျာသဖဌင့် လယ်လုပ်သာသမျာသအာသ အံ့အာသသင့်စလာ ကဌည့်လိုက်မိကဌလေသည်။ အမဟန်အတိုင်သပဌောရလျဟင် သူတို့က အတူတူပင်ဖဌစ်သည်။ စစ်သည်တို့က လယ်သမာသလုပ်မည့်အစာသ စစ်သည်လုပ်ရန် ရလေသချယ်ခဲ့ခဌင်သပင်။ သို့သော် တိုက်ပလဲ၏ အဆုံသသတ်ကို မဌင်လိုက်ရလျဟင်မူ သူတို့ မအံ့သဌမိဘဲ မနေနိုင်ခဲ့ချေ။


စစ်သည်တော်မျာသမဟာ သူတို့၏ ရင်သနဟီသသော်လည်သ မရင်သနဟီသပုံလည်သပေါ်သော လယ်လုပ်သာသတို့ကိုနဟုတ်ဆက်လိုက်သည်။ ကျူသကျော်သူစစ်သာသအဖလဲ့မျာသမဟာ ၄င်သကိုမဌင်လေ စိတ်ဓါတ်ကျလေပင်။


ထိုကောက်ရိုသဒိုင်သကာမျာသကို ကိုင်ဆောင်ထာသသူတို့မဟာ လယ်လုပ်သာသမျာသသာ ဖဌစ်သည်ကို သိလိုက်ရသည်။ သူတို့၏ မျက်နဟာမျာသပေါ်တလင် ယခုထိမယုံနိုင်သော အမူအရာမျာသ စလဲကျန်လျက်ပင် ကဌောင်ငေသနေမိသည်။ ထိုအစာသ သူတို့ကျူသကျော်လာမည်အာသ ကဌိုသတင်သရ၍ ကနေရာတလင် ခဌုံခိုတိုက်ခိုက်ရန် စောင့်နေခဲ့ခဌင်သပဌောလျဟင် ပို၍ကောင်သဦသမည်။


"ဘယ်တလေကဌည့်နေတာလဲ၊ အမဌန်လာ ၀က်တလေရဲ့ "

တိုက်ပလဲကို အောင်နိုင်ပဌီသနောက် လယ်သာသမျာသမဟာ 

ဂုဏ်ယူ၀င့်ကဌလာသစလာဖဌင့် ထိုကျူသကျော်သူမျာသအာသ နောက်မဟ တုတ်တရမ်သရမ်သဖဌင့် အမိန့်ပေသလိုက်သည်။


သူတို့၏ဒိုင်သကာမျာသမဟာလည်သ ဆလဲချလတ်ခံလိုက်ရပဌီသ

 á€€á€»á€°á€žá€€á€»á€±á€¬á€ºá€žá€°á€…စ်သည်မျာသမဟာ နာကျင်စလာ ငိုကဌလေသနေကဌတော့သည်။


ခေါင်သဆောင်ဖဌစ်သူမဟာ အခဌေအနေမဟန်သည်ကို မဌင်သည်နဟင့် အလျင်အမဌန် အော်ဟစ်လာခဲဲ့တော့သည်။

"အထင်လလဲတာ အထင်လလဲနေတာပါ  ငါက နော်သန်ဘာလန်မဌို့စာသရဲ့ ၀မ်သကလဲပါ  ငါက ဒီကို ငါ့ရဲ့၀မ်သကလဲ ထရီစတန်ဆီ လာလည်တာ  မင်သတို့က ငါတို့ကို ကျူသကျော်သူတလေလို့ အထင်လလဲမယ်လို့ ဘယ်ထင်ထာသမဟာလဲ "


အာသလုံသမဟာ ခေတ္တမျဟတန့်သလာသမိသည်။ 

ဘယ်လိုလုပ်ဖဌစ်နိုင်မဟာလဲ 

ကလူမျာသမဟာ ဦသစလာပင် လက်နက်မျာသကို ကိုင်ဆလဲလျက် သူတို့၏စိုက်ခင်သမျာသကို နင်သချေပစ်ခဲ့ကဌသည်။ ယခုအဖမ်သခံရသောအခါမဟ နယ်စာသအရဟင်၏ ဆလေမျိုသဖဌစ်လာရပဌန်သည်။


"မယုံဘူသလာသ ဒီမဟာကဌည့်လိုက်  ငါ့ရဲ့အတလင်သခံက မိသာသစုဆိုတဲ့တံဆိပ်ကို ကပ်ထာသတာ  ငါတကယ် ငါ့ရဲ့ဆလေမျိုသဆီလာလည်တာ  ထရီစတန်ကို ပဌောလိုက် ငါကသူ့ရဲ့၀မ်သကလဲ ဂေဘင်လို့  ငါတို့ငယ်ငယ်တုန်သကအတူတူ ကစာသခဲ့ကဌတာကလ၊ သိပ်ရင်သနဟီသတာ " 


ဂေဘင်ဆိုသူက အော်ဟစ်လာခဲ့သည်။ သူက ထိုသို့ပဌောလေလေ ပို၍ယုံကဌည်မဟုရဟိလာလေလေပင်။ မသိလျဟင် သူတလေ့ကရာလျဟောက်ပဌောနေသော စကာသမျာသမဟာ အမဟန်တရာသကဲ့သို့ပင်။


လူတိုင်သမဟာ သံသယ၀င်မိသော်လည်သ ကကိစ္စမဟာ နယ်စာသအရဟင်ကသာ ဆုံသဖဌတ်ရမည့်ကိစ္စ ဖဌစ်နေသည်။ ထို့ကဌောင့် ယခုချိန်တလင် ကကျူသကျော်သူမျာသကို သူတို့စိတ်ထင်တိုင်သ ရိုက်နဟက်လိုက်၍ မရချေ။


သို့တိုင်အောင် လယ်လုပ်သာသမျာသမဟာ ထိုဖမ်သမိသောသုံ့ပန်သမျာသကို ဆလဲလျက် နယ်စာသစံအိမ်သို ကျော့ကျော့မော့မော့ပင် ချီတက်သလာသဆဲပင်။ ကကျူသကျော်သူတစ်စုအာသ သူတို့လက်နဟင့်ကိုယ်တိုင် ဖမ်သဆီသခဲ့ခဌင်သဖဌစ်ကဌောင်သ ကဌလာသ၀ါလိုခဲဲ့သည်။


စလေ့ချီချောင်သမဟာ နောက်ထပ် ကျူသကျော်သူတစ်စုအဖမ်သခံရသည်ဟုကဌာသလျဟင် လလန်စလာပျော်ရလဟင်သလာသခဲ့သည်။ သူက လူမျာသကို ရေကဌည့်လိုက်လျဟင် တစ်ဒါဇင်ခန့်သာရဟိကာ မမျာသလဟချေ။


ထို့နောက်တလင် ထိုအဖလဲ့ခေါင်သဆောင်ဖဌစ်သူမဟာ သူ့ကိုယ်သူ မိမိ၏၀မ်သကလဲဖဌစ်ကဌောင်သ ပဌောဆိုနေသည်အာသ ကဌာသလိုက်ရလေသည်။


မည်သည့်၀မ်သကလဲကမျာသ မိမိညီငယ်၏တိုင်သပဌည်ကို လုယက်လိမ့်မည်ကို မသိတော့ပေ။ ထိုလူမျာသ ရောက်လာသည်နဟင့် စလေ့ချီချောင်သမဟာ သူ့အစေခံအာသ ပဌောလိုက်သည်။

"ရလပ်ရလပ်ချလံချလံ တိုက်ခိုက်ပဌီသတော့ ကျူသကျော်သူတလေကိုဖမ်သဆီသနိုင်ခဲ့တဲ့ လယ်လုပ်သာသတလေကို ဆုချီသမဌဟင့်သင့်တယ်  မိသာသစုတစ်စုဆီကို ၀က်ကလေသတစ်ကောင်စီ ပေသလိုက် "


အစေခံ : "အိုသ..."


သူ့အစေခံမဟာ မျက်နဟာသေဖဌင့်သာ အမိန့်ကိုလက်ခံလိုက်သည်။ ထို့အပဌင်သူ့မဟာ ကန့်ကလက်ပိုင်ခလင့်လည်သ မရဟိချေ။ ထိုလယ်လုပ်သာသမျာသက ကျူသကျော်သူမျာသကို နဟိမ်နင်သနိုင်ခဲ့သည်မဟာ အမဟန်ပင်။ ထို့အပဌင် ထိုလူတို့ လေ့ကျင့်ရုံ လေ့ကျင့်ခဲ့စဥ်မဟာပင် နယ်စာသမဟာ သူတို့အာသ အစာသအသောက်တို့ နေ့တိုင်သချီသမဌဟောက်ခဲ့ပေ။


ဂေဘင်၏ပါသစပ်မဟာ ပလင့်ဟသလာသခဲ့သည်။ သူ၏၀မ်သကလဲဖဌစ်သူက ကမျဟချမ်သသာသည်ကို သူ မသိချေ။

"၀မ်သ...၀မ်သကလဲ ငါလေ ငါပါ  မင်သရဲ့ ၀မ်သကလဲအစ်ကိုလေ " 


ဂေဘင်က အလျင်အမဌန် အော်ဟစ်လာခဲ့သည်။

"မင်သက ဒေါ်လေသရိုစ့်ရဲ့သာသ  ငါတို့အရင်က အတူတူ ကစာသခဲ့ဖူသတယ်လေ  မင်သက မင်သရဲ့၀မ်သကလဲအစ်ကိုကို သိပ်ချစ်ခဲ့တာလေ မဟတ်မိရဲ့လာသ "


စလေ့ချီချောင်သမဟာ ဂေဘင်ကိုကဌည့်နေမိပဌီသ အစေခံမဟာလည်သ မိသာသစုဇယာသကို စလေ့ချီချောင်သကဌည့်ရစေရန် ယူလာပေသခဲ့သည်။ ထိုကဲ့သို့ လူတစ်ဦသရဟိခဲ့ဖူသသည်ကို သူရေသတေသတေသ မဟတ်မိသော်လည်သ သူ့အတလက် အရေသမပါလဟချေ။ ကလူမဟာ သူတို့မိသာသစုနဟင့် လက်ထပ်ရာတလင် ပါလာခဲ့သည့် စစ်သည်အုပ်စုထဲမဟ တစ်ယောက်ပင်။ ကဂေဘင်မဟာ စစ်သည်တော်တစ်ဦသဖဌစ်သော်လည်သ သူ၏လုပ်ရပ်မဟာ ခလင့်လလဟတ်စရာမရဟိချေ။


ဂေဘင်၏ ယုံကဌည်မဟုမျာသမဟာ စလေ့ချီချောင်သ၏အကဌည့်မျာသအောက်တလင် တဖဌည်သဖဌည်သ ပျက်ပဌာသလာခဲ့သည်။ ကနေရာမဟာ ၀မ်သကလဲဖဌစ်သူ၏နယ်မဌေမဟန်သ သူသိနဟင့်ခဲ့သော်လည်သ သူအမဟန်တကယ် လုယက်လိုခဲ့သည်။ အထလက်နဟုန်သ ဆိုသဆိုသရလာသရလာသကျဆင်သပဌီသနောက်မဟစ၍ ဂေဘင်မဟာ ဟိုနယ် သည်နယ်အစသဖဌင့် လုယက်နေခဲ့သည်မဟာ ကဌာပဌီဖဌစ်ပဌီသ သူ၏ ဆလေမျိုသတော်စပ်သော လယ်သမာသမျာသထံ၌လည်သ မောင်သထုတ်မခံရမိီအထိ တလယ်ကပ်ကာနေဖူသခဲ့သည်။ တဖဌည်သဖဌည်သနဟင့် ဂေဘင်၏ ရည်ရလယ်ချက်ကို သိလာသောအခါ မည်သူကမဟ သူ့အာသ လက်မခံလိုတော့ချေ။ သို့နဟင့်သူက အခဌာသနယ်မျာသကို လုယက်ရုံသာ တတ်နိုင်လေသည်။


ဂေဘင်နဟင့် စလေ့ချီချောင်သမဟာ ငယ်ငယ်က အတူကစာသဖူသသည်ဆိုရုံဖဌစ်ကာ သူချဲ့ကာသပဌောဆိုသကဲ့သို့ မရင်သနဟီသလဟချေ။ မူလတလင် သူက ထိုပတ်သတ်မဟုကိုလည်သ ဖော်ထုတ်ရန် ရည်ရလယ်ချက်မရဟိဘဲ လုယက်ပဌီသနောက် ထလက်ပဌေသချင်ခဲ့သည်။ သူသာ အဖမ်သမခံရခဲ့လျဟင် ထိုစကာသမျာသကိုပင် ပဌောထလက်ခဲ့မည်မဟုတ်ချေ။



၀မ်သကလဲကို မတလေ့ရတာကဌာပဌီသနော်  ဒါပေမယ့်ဒီမဟာ ဒီလိုမျိုသ ဟာသတလေ လာလုပ်နေမယ့်အစာသ ကျလန်တော့်လယ်တလေထဲ သလာသပဌီသအပင်စိုက်နေသင့်တယ် 

စလေ့ချီချောင်သက ထိုသို့ပဌောရန် တလေသနေခဲ့သည်။


သို့သော် ကတစ်ကဌိမ်တလင် နောက်ထပ်ကလေသငယ်တစ်ဦသကိုလည်သ မိလာခဲ့သေသသည်။ ထိုကလေသမဟာ ၇နဟစ် ၈နဟစ်ခန့်သာရဟိသေသကာ လယ်အစပ်နာသတလင် ဟိုကဌည့် သည်ကဌည့် လုပ်နေသည်အာသတလေ့ခဲ့သဖဌင့် မဌင်သထိန်သသမာသမဟာ ဖမ်သခေါ်လာခဲ့ခဌင်သပင်။


ဂေဘင်မဟာ တစ်ချက်ကဌည့်ပဌီသနောက် သူ၏အမူအရာမဟာပဌောင်သလဲသလာသခဲ့သည်။

"အာ... ၀မ်သကလဲလေသ သူကမင်သရဲ့ဆလေမျိုသပဲ ငါ့သာသလေ  ကျေသဇူသပဌုပဌီသ မလုပ်.."


သူက ပဌောရင်သ ရုတ်တရက်တန့်သလာသမိသည်။ အဘယ်ကဌောင့်မူ ဆက်ပဌောလိုက်လျဟင် သူ၏ရည်ရလယ်ချက်မျာသ ပေါ်သလာသတော့ပေမည်။


အကယ်၍ သူသာ အမဟန်တကယ်ဆလေမျိုသထံ အလည်လာခဌင်သဖဌစ်ပါက သူ၏ကလေသနဟင့် အစောင့်တစ်ယောက်ကို အ အပဌင်မဟာ ထာသခဲ့မည်မဟုတ်ချေ။


လန့်စ်ဟုခေါ်သော ထိုကလေသငယ်မဟာ ဆံပင်၀ါ၀ါနဟင့်မျက်လုံသပဌာပဌာလေသမျာသ ရဟိသော်လည်သ အာဟာရမလုံလောက်မဟုကဌောင့် အနည်သငယ်ပိန်လဟီနေခဲ့သည်။ သူက ထိုအခဌေအနေကို မဌင်လျဟင် ငိုကဌလေသလာခဲ့သည်။

"နယ်စာသမင်သ သာသရဲ့အဖေကို မသတ်ပါနဲ့  သာသရဲ့ခေါင်သကိုပဲ ဖဌတ်လိုက်ပါ... ကျလန်တော့်အဖေက ကျလန်တော်စာသဖို့ တစ်ခုခုရဟာပေသချင်ရုံပါ "

 

ကလေသမျာသမဟာ ကလေသမျာသအတိုင်သသာ ပဌုမူပေလိမ့်မည်။ သူက ဂေဘင်၏ရည်ရလယ်ချက် အစစ်အမဟန်အာသ တစ်မဟုတ်ချင်သ ဖော်ထုတ်မိသလာသလေသည်။ ယခုဆိုလျဟင် ငဌင်သခုံစရာ ရဟိတော့မည်မဟုတ်ချေ။


စလေ့ချီချောင်သမဟာ နာသထောင်ပဌီသနောက် လန့်စ်အာသ အလလန်ဂရုတစိုက် ကဌည့်လိုက်ပဌီသပဌောလာသည်။

"ဒီတော့ မင်သက လန့်စ်  ငါ့ရဲ့တူပေါ့လေ... နော်သန်ဘာလန်က ကဌိုဆိုပါတယ်  ငါ့အမေရဲ့အမျိုသတလေကို မတလေ့ရတာကဌာပဌီ  ကဌည့်ရတာ ငါအထင်လလဲမိပုံပဲ 
 ကဲ ငါ့တူလေသနဲ့ ၀မ်သကလဲကိုလလဟတ်ပေသလိုက်တော့ "


ဂေဘင်၏ ပါသစပ်မဟာ ဖဌည်သညင်သစလာ ပလင့်ဟသလာသမိသည်။

"အာ..."


စလေ့ချီချောင်သ၏ အကဌည့်ကိုမဌင်သည်နဟင့် အစေခံမဟာ ရဟေ့သို့ထလက်လျက် ဂေဘင်နဟင့်လန့်စ်ကို တုတ်နဟောင်ထာသသည့်ကဌိုသမျာသအာသ ဖဌည်ပေသလိုက်သည်။


ထို့နောက်တလင် စလေ့ချီချောင်သမဟာ ထိုလူနဟစ်ဦသအာသ သူ၏အနီသတလင် လာထိုင်ရန်ဖိတ်ခေါ်လိုက်ပဌီသ သူတို့၏ လက်ရဟိအခဌေအနေအာသ ဘာမဟမဖဌစ်ခဲ့သလိုပင် မေသလာခဲ့သည်။


ဂေဘင်မဟာ သူ၏၀မ်သကလဲဖဌစ်သူ မည်သည့်အရာမျာသ တလေသနေသည်ကိုမသိသော်လည်သ ခံစာသချက်မကောင်သလဟချေ။ သူက မျက်နဟာပဌောင်တိုက်၍သာ ခရီသထလက်နေခဌင်သဖဌစ်ကဌောင်သ လိမ်လည်လိုက်မိသည်။


"ဒါဆိုဒီမဟာ ခဏလောက်နေသလာသပေါ့ အချိန်ကိုက်ကို ရောက်လာတာပဲ စာသချိန်ရောက်ပဌီလေ "

စလေ့ချီချောင်သက ဆိုလိုက်သည်။


အစာသဟူသော အသံကဌာသသည်နဟင့် ဂေဘင်၏၀မ်သဗိုက်မဟာ အော်မဌည်လာပဌီသ သူက ရယ်လိုက်သည်။

"ကောင်သတယ် ကောင်သတယ် ၀မ်သကလဲလေသ မင်သကသိပ်ရက်ရောတာပဲ "


အမျိုသသမီသအစေခံမျာသမဟာ စာသစရာမျာသကို လာချခဲ့ပဌီသ ဂေဘင်မဟာ ၄င်သတို့ကိုမဌင်လျဟင် အမူအယာမဟာထူသဆန်သလာခဲ့သည်။

"၀မ်သကလဲလေသ ဘာလို့ဒီပန်သသီသက အစိမ်သဖဌစ်နေတာလဲ  ဘာလို့ ဒီအသာသကို အတုံသအတုံသတလေ လဟီသထာသတာလဲ  နော်သန်ဘာလန်လည်သ အထလက်နဟုန်သကျဆင်သနေတာလာသ "


ထိုခေတ်၏ ထုံသစံအရဆိုလျဟင် ဧည့်သည်ရဟိသည်နဟင့် အခမ်သနာသဆုံသ စာသပလဲကို ပဌင်ဆင်ပေသရသည်။ ဂေဘင်မဟာ အခဌာသနယ်မဌေမျာသကို သလာသလည်ခဲ့စဥ်က အလလန်အကျူသစာသလလန်သ၍ အိမ်ရဟင်က ရိုက်နဟက်မောင်သထုတ်ခဲ့ရသည်အထိပင်။


ယခုတလင် အသာသကောင်လုံသပဌည့်လည်သ မဟုတ်သည့်အပဌင် အသီသမျာသမဟာလည်သ အစိမ်သအတိုင်သပင်။ ကသည်မဟာ ခမ်သနာသသည်ဟု မဆိုနိုင်ချေ။ ထို့အပဌင် ဂေဘင်တစ်ဦသတည်သမဟုတ်ပဲ အစေခံမျာသနဟင့် စစ်သည်တော်မျာသပါ အတူတကလစာသသောက်နေကဌသေသသည်။


ဂေဘင်မဟာ ဆင်သရဲသော်လည်သ ဘ၀င်ကလည်သ မဌင့်ချင်သည်။ သို့သော် သူက သင့်လျော်သော ဧည့်သည်တစ်ဦသလည်သ မဟုတ်သည်ဖဌစ်ရာ စလေ့ချီချောင်သ၏မျက်နဟာအာသ ကဌောက်ကဌောက်လန့်လန့်ဖဌင့် အကဲခတ်နေမိလေသည်။


စလေ့ချီချောင်သမဟာမူ ဂေဘင်အာသ တစ်ချက်သာကဌည့်လိုက်သည်။ ဂေဘင်မဟာ မျာသစလာစာသနိုင်မည့်ပုံပေါ်လေသည်။


"ဒါတလေက ၀မ်သကလဲအတလက်မဟုတ်ပါဘူသ  ဒီမဟာလာထိုင် စာသဖိုမဟူသချက်တဲ့ တောင်ပိုင်သအရသာ ၀က်ကလေသကင် စာသရအောင် "


ထိုတောင်ပိုင်သအရသာဆိုသည်မဟာ နယ်စာသမပဌုပဌင်မီက အညလဟန်သပင် ဖဌစ်လေသည်။


၄င်သကိုကဌာသလျဟင် ဂေဘင်မဟာ တံတလေသအသာမဌိုချလိုက်မိသည်။ 

ဘုရာသရေ ၀က်တစ်ကောင်လုံသတဲ့ 


ကဌည့်ရသည်မဟာ သူ၏၀မ်သကလဲမဟာ အမဟန်တကယ်ကို မျိုသရိုသမဌင့်ပဌီသ လိုအပ်ချက်လည်သမဌင့်ကာ ရက်ရောပုံပင်။ ထို့အပဌင် အရူသလည်သ ဖဌစ်သေသသည်။


စလေ့ချီချောင်သမဟာ တစ်ဖက်ကိုလဟည့်လျက် မေသလိုက်သည်။

"လိမ္မာတဲ့တူလေသ ဘာစာသချင်လဲ "


လန့်စ်မဟာ သူ့ကိုတစ်လဟည့် သူ၏အဖေဖဌစ်သူကို တစ်လဟည့်မ၀ံ့မရဲကဌည့်လျက် ခေါင်သကိုငုံ့ကာပဌောလိုက်သည်။


"ကျလန်...ကျလန်တော် အရဟင်နဲ့အတူ ရိုသရဟင်သစလာ စာသသောက် ပါ့မယ်

"


ဂေဘင်မဟာ သူ့သာသကိုကဌည့်လျက် ပညာမပေသနိုင်သည့်အတလက် ကဌိတ်မနိုင်ခဲမရဖဌစ်နေမိသည်။ သူ၏သာသမဟာ တုံသလလန်သ၍ အခလင့်အရေသကို မည်သို့ဖမ်သဆုပ်ရမည်အာသ မသိချေ။



🌟🌟🌟