Chapter 6
Viewers 6k

🧝Chapter 6




နောက်တစ်နေ့မနက်နိုသလာချိန်တလင် အတော့်ကိုစောနေသေသသည်ပင်၊ မဌောင်ဟယ် သူ့ကိုယ်သူ လန်သဆန်သအောင်လုပ်နေစဥ်မဟာပင် အပဌင်ဘက်မဟ အသံတစ်ခုကို

ကဌာသလိုက်ရလေသည်။သူမည်မျဟပင်စောစာနိုသစေကာမူ ရန်သာ့လန်ကိုတော့မမီနိုင်သေသပင်၊ 


မျက်နဟာပေါ်မဟ အိပ်ချင်စိတ်လက်ကျန်လေသကို မောင်သထုတ်လိုက်ပဌီသနောက် စာသပလဲပေါ်၌ ဆေသကဌောသန့်စင်ရန် ရေနလေသကို အသင့်တလေ့လိုက်ရလေသည်။


မဌောင်ဟယ် ယင်သကို လက်လလတ်စပါယ်မသုံသလိုက်၀ံ့ပဲ ခေါင်သထဲတလင်လည်သ တိတ်တိတ်လေသတလေသနေမိသည်၊ 'သူသာ ရန်သာ့လန်နဟင့် ပဌေလည်သော ဆက်ဆံရေသတစ်ခုတည်ဆောက်လိုလျဟင် 

သူစိုက်ပျိုသသော သီသနဟံမျာသဖဌင့် ကျလေသမလေသရလိမ့်မည်ဟု၊ သို့မဟသာခန္ဓာကိုယ်တလင် ဖဌစ်ပေါ်နေသော ရောဂါ ဘယမျာသကို ခုခံနိုင်ပဌီသ ယူပစ်သလိုပျောက်သလာသပေလိမ့်မည်၊ ထို စလမ်သအင်မဌေဆီလလဟာတလင် စိုက်ပျိုသသော အသီသအရလက်မျာသတလင် ထူသခဌာသသော အာနိသင်ရဟိပေသည်။


အနာဂါတ်ကတောက်ပနေပဌီဖဌစ်သော်လည်သ သူကာသစောင့်ဆိုင်သရန်လိုအပ်သေသသည်၊ ထိုမဌေဆီလလဟာတလင်စိုက်ပျိုသရန် ပဌင်ဆင်မဟုတချို့လုပ်ရပေဦသမည်။စာသသောက်ပဌီသသည်တလင် ရန်သာ့လန်မဌေဆီလလဟာကိုတူသဆလနေသည်အာသ တိတ်တိတ်လေသကဌည့်နေရန် အမိန့်ပေသခံလိုကိရသည်၊ ရန်သာ့လန်မဟာ ကောကလေသအာသ

ခဌေထောက်ဒဏ်ရာကဌောင့် ဟိုဟိုသည်သည် လဟုပ်ရဟာသနေဖို့ ခလင့်မပဌုခဲ့ချေ၊ ထို့ကဌောင့် ခုံပုလေသတစ်လုံသကိုယူ၍ ထိုင်ခိုင်သထာသခဲ့သည်။


ရန်သာ့လန်မဟာ အမဲလိုက်ထလက်မနေချိန်တလင် အချိန်တလေပေါလဟသည်၊ အဘယ်ကဌောင့်မူ ရန်မိသာသစုမဟာလယ်ကလက်တို့ပိုင်ဆိုင်မဟုမရဟိခဌင်သကဌောင့်ပင်၊


အကဌောင်သမဟာ ရလေ့ပဌောင်သနေထိုင်သူမျာသ မျာသလာခဲ့ပဌီသနောက် မဌောင်ကျေသရလာမဟာ ဟိုသယခင်ကပင် ချမဟတ်ထာသသော စည်သမျဥ်သတချို့ရဟိနေသည်၊ ၄င်သမဟာ ရလာသို့ရောက်ရဟိလာသော ရလေ့ပဌောင်သသူအသစ်မျာသအနေနဟင့်

မည်သည့်မဌေကလက်ကိုမဆို ကျတ်တီသမဌေပင်ဖဌစ်ကလိမ့်စာသ ရလာခံမျာသထက် စျေသ၂ဆပေသကာ၀ယ်ရမည်ဟုပင်၊


ထို့အဓိပ္ပါယိမရဟိသောစည်သမျဥ်သကဌောင့် 

ရန်မိသာသစုမဟာ မဌေကလက်မျာသ၀ယ်ယူရန်စိတ်မ၀င်စာသခဲ့ချေ၊


ယခင်လောင်ရန်ကလည်သ ထိုမဌေကလက်မျာသမဟာ 

မဖဌစ်မနေလိုအပ်သည်မဟုတ်ဟုဆိုခဲ့သည်။

အဘယ်ကဌောင့်မူ အမဲလိုက်ခဌင်သမဟရသောငလေက 

အိမ်တလင်အသီသအရလက်မျာသ စိုက်ပျိုသနေရသည်ထက်

ပို၍မျိုသမျိုသမဌတ်မဌတ်ရသည်ဟု ယုံကဌည်ကာ 

ထိုမဌေဆီသဌဇာပင်မရဟိသောမဌေကို ငလေနဟစ်ဆအကုန်ခံ၍ ၀ယ်နေမည့်အစာသ ထိုငလေကို အကျိုသရဟိကဌောင့်အသုံသချသင့်သည်ဟုထင်၍ပင်၊


ထိုအချက်မျာသကိုလက်ကိုင်ထာသလျက် ရန်မိသာသစုမဟာ အဆင်ပဌေနေခဲ့သည်၊ အကဌောင်သမဟာ အမဲလိုက်၍ရသော ပိုက်ဆံမဟာ အသီသအရလက်မျာသစိုက်ပျိုသရသည်ထက် ပိုရပဌီသ၊ အသီသအရလက်မျာသကို တဆင့်ပဌန်၀ယ်စာသသောက်ရလျဟင်တောင် အရဟုံသမရဟိချေ၊

သို့နဟင့်အာသလုံသမျက်လုံသထဲတလင် သူတို့မဟာ သုံသနိုင်ဖဌုန်သနိုင်သူမျာသဖဌစ်လျက် မနာလိုအာသကျခဌင်သမျာသကိုလည်သခံခဲ့ရသည်ပင်၊


၄င်သမဟာ ရန်သာ့လန်၏ဖခင်ဖဌစ်သူ ပဌင်သထန်သော မတော်တဆတစ်ခုမဖဌစ်ခင်အထိပင်၊ ၄င်သကလူတိုင်သကိုကဌောက်လန့်စေခဲ့သည်၊ အဆုံသတလင်သော ကဌီသမာသသော ကျာသကဲ့သို့အန္တရာယ်မျာသလလန်သသော သာသရဲကောင်နဟင့်ရင်ဆိုင်ရသည်မဟာ ဖဌစ်လေ့ဖဌစ်ထရဟိသောကိစ္စမဟုတ်ခဲ့ချေ။ အမဲလိုက်ထလက်သလာသသော လူသုံသယောက်တည်သတလင် နဟစ်ယောက်ကသာ အသက်ဘေသမဟ သီသီလေသလလတ်လာခဲ့လေသည်။


ထိုအခါမဟသာ ရန်မိသာသစုကိုအာသကျနေကဌသော ရလာသာသမျာသမဟာ အမဲလိုက်ထလက်ခဌင်သက စိုက်ပျိုသရခဌင်သထက်မည်မျဟအန္တရာယ်မျာသလဟကဌောင်သ သဘောပေါက်သလာသခဲ့ကဌသည်။


ကောင်သမလန်သောဘ၀တလင်ရဟိနေပါသော်လည်သ အလျော်အစာသအတလက် အသက်နဟင့်ခန္ဓာကိုရင်သရမည်ဖဌစ်ကာ သေချာသောအာမခံချက်မရဟိချေ၊


သို့နဟင့် ရန်သာ့လန်အပါအ၀င် ရန်မိသာသစု၏နောက်မျိုသဆက်မျာသမဟာ

လက်ထပ်ရန်ပင် မလလယ်ကူသည့်အခဌေအနေသို့ကျရောက်သလာသတော့သည်။ 


သို့နဟင့် ရန်မိသာသစုတလင် တစ်စုံတစ်ဦသနဟင့်လက်ထပ်

နိုင်ခဌင်သမဟာ ကောင်သကင်ဘုံမဟကောင်သချီသပေသခဌင်သဖဌစ်ကဌောင်သ ပဌောနေစရာပင်မလိုချေ။ရန်သာ့လန်၏ ေ၀သကလာသော၀မ်သကလဲဖဌစ်သည့် ရန်အာရဟန်သ၏ သာသဖဌစ်သူ ရန်သာ့တုံမဟာ ငယ်ရလယ်သောမိန်သကလေသဖဌင့် လက်ထပ်ရသည်အထိကံကောင်သကာ ကလေသ၂ဦသပင်ဖလာသမဌင်ခဲ့ချေပဌီ၊ရန်အာရဟန်သမဟာ ကပ်ဆိုသကဌီသအာသ ကဌုံတလေ့ရမည်ကိုစိုသ၍ ရန်သာ့လောင်ငယ်စဥ်ကပင်ရလာတလင်သရဟိ ပန်သပုဆရာ ဦသလေသလီထံမဟ လက်မဟုပညာတချို့သင်ယူစေခဲ့သည်။သို့နဟင့် သူက ရန်သာ့လန်ထက်ပို၍စောစီသစလာ လက်ထပ်နိုင်ခဲ့ခဌင်သပင်။


ရန်သာ့လန်မဟာ အင်အာသပဌည့်၀စလာမဌေကဌီသကို ဆလနေခဲ့ပဌီသ မကဌာမီအပဌီသသတ်တော့မည့်ပုံပင်၊ မဌောင်ဟယ်မဟာ ရန်သာ့လန်တစ်ယောက် မနေ့ကသူဆလထာသသော မဌေကျင်သကဌီသကိုတလေ့ရဟိသလာသမည်အာသ ကဌောက်လန့်နေမိသည်၊ သူခဌေထောက်ဒဏ်ရာဖဌင့် ထိုမျဟကဌီသမာသသောမဌေကျင်သကဌီသကိုတူသခဲ့သေသကဌောင်သသိရဟိခဲ့လျဟင် 

ရဟင်သပဌနိုင်တော့မည်မဟုတ်၊ 


ထိုစဥ်ရန်သာ့လန်ကတစ်ခုခုမဟာသနေသည်ကိုခံစာသမိသော်လည်သ ဘာတလေဖဌစ်နေမဟန်သတော့နာသမလည်သေသချေ။ သူက မဌောင်ဟယ်အာသ မယုံသင်္ကာဟန်ဖဌင့် လဟမ်သ၍ကဌည့်လိုက်မိသည်။


မဌောင်ဟယ်က အပဌုံသကလေသဖဌင့်ပင် ထိုအကဌည့်တို့ကိုရဟောင်ရဟာသလိုက်ကာဆိုလိုက်သည်၊


"ဘာဖဌစ်လို့လဲ မောနေပဌီလာသ၊ ရေသောက်မလာသ 

ယူလာပေသမယ်"


သူထရပ်လိုက်သည်နဟင့် ရန်သာ့လန်၏မိုသကဌိုသကဲ့သို့အမိန့်သံကပစ်ခလင်သလာခဲ့သည်၊


"မလိုဘူသ ထိုင်နေ"


မဌောင်ဟယ်မဟာကျာသနဟုတ်ခမ်သမလဟေသကို သလာသဆလဲလိုစိတ်ရဟိမနေပေ၊ သူကလိမ်လိမ်မာမာပင်ထိုင်ချလျက် 

ပေါင်ပေါ်တလင်လက်ကလေသတင်လျက် တုံသတုံသအအလေသပဌုမူနေခဲ့သည်။


သူကအလျင်အမဌန်ပင်စကာသလမ်သကဌောင်သလလဟဲလိုက်သေသသည်၊


"ဒါနဲ့ လက်မောင်သရင်သလောက်နက်တဲ့မဌေကျင်သလေသလည်သတူသပေသပါဦသ၊မင်သတူသပဌီသတာနဲ့ အရလက်ကဌလေတလေနဲ့ အမဟိုက်နည်သနည်သနဲ့အဲဒီထဲကိုဖို့ပဌီသအပေါ်က သစ်တိုစတလေနဲ့ဖုံသထာသလိုက်ရင် အချိန်နည်သနည်သကဌာတာနဲ့ မဌေသဌစာကောင်သကောင်သဖဌစ်သလာသလိမ့်မယ်။


အတိတ်ဘ၀တုန်သက အသက်ရဟိနေသော မဌေဆီလလဟာလေသကိုပိုင်ဆိုင်ရပဌီသနောက် မဌောင်ဟယ်သည် 

အပင်စိုက်ပျိုသခဌင်သနဟင့်ချက်ပဌုတ်ရခဌင်သကိုစိတ်ပါလာခဲ့သည်။ သူကမျိုသစေ့အသစ်မျာသကိုပင် စမ်သသပ်ကဌည့်ချင်ခဲ့သော်လည်သ ကောင်သကင်ကသူ့အာသ အလလန်အမင်သမျက်နဟာသာမပေသချင်သဖဌင့် သူ၏အိမ်၀ရံတာ၌ အလဟစိုက်ပန်သအိုသလေသတစ်ခုကသာလျဟင် စိုက်ပျိုသနိုင်သော မဌေဆီလလဟာလေသဖဌစ်ခဲ့သည်။


သို့နဟင့် သူကချက်ပဌုတ်ခဌင်သကိုလည်သလေ့လာခဲ့ပဌီသ 

သူ့တလင်ရဟိသော အရသာရဟိသည့်အသီသအရလက်မျာသနဟင့်လိုက်ဖက်သော ဟင်သပလဲမျာသကိုဖန်တီသချင်ခဲ့သည်၊

သူ့တလင်ဖဌုန်သတီသလိုစိတ်မရဟိချေ။


ထိုစဥ်က သူသည်သေသငယ်သောစမ်သသပ်မဟုတချို့ကိုလည်သပဌုလုပ်ခဲ့ကဌည့်သေသသည်၊ ၄င်သမဟာ ပန်သအိုသထဲမဟမဌေမျာသကို အနည်သငယ်ပို၍ကျယ်၀န်သသော သစ်သာသသေတ္တာလေသထဲပဌောင်သရလေ့စိုက်ပျိုသကဌည့်ခဲ့ခဌင်သပင်။

ထိုစဥ်က မဌေသဌဇာအဖဌစ်တိရိစ္ဆာန်အညစ်အကဌေသကိုသာအသုံသပဌုခဲ့လျက် ယခုကဲ့သို့ သစ်ရလက်ခဌောက်မျာသကိုအသုံသပဌုရန်မတလေသမိခဲ့ချေ၊ သို့သော်လည်သ ထင်သလောက်တော့မအောင်မဌင်ခဲ့ပေ၊ 


မဌောင်ဟယ်စဥ်သစာသသည်မဟာ ကနည်သဖဌင့် 

ရလာသာသတချို့၏သံသယကိုဖဌေရဟင်သနိုင်သည်ဟုပင်။

အကယ်၍ အဘယ်ကဌောင့် သူစိုက်ပျိုသသော အသီသအရလက်မျာသက ပိုမိုကောင်သမလန်ဖဌစ်ထလန်သနေကဌောင်သ မေသခလန်သထုတ်လာပါက၊ သူ၏လက်လုပ်မဌေသဌဇာကဌောင့်ဟုသာ ဖဌေလိုက်လို့ရသည်မဟုတ်ပါလာသ


"ဒီဟာက ငါ့ရဲ့အထူသစိုက်ပျိုသတဲ့နည်သလမ်သမို့လို့ 

ကျန်တဲ့သူတလေမသိအောင်ဖုံသကလယ်ထာသပေသနော်"


ရန်သာ့လန်မဟာ နဖူသပေါ်မဟာချလေသစက်မျာသကို ပလတ်သုတ်လိုက်လျက် သဘောတူညီသောအသံတစ်ခုကိုပဌုကာ

မဌေကဌီသကိုဆက်လက်တူသဖော်နေခဲ့သည်။ မဌောင်ဟယ်မဟာ ရန်သာ့လန်၏နောက်ကျောတစ်ခုလုံသချလေသမျာသဖဌင့်စိုရလဟဲလျက် အင်္ကျီ၏အသာသမဟာ ထိုသန်မာသော ကျောပဌင်တလင်ကပ်ညိနေခဲ့သည်ကိုတလေ့လိုက်ရလေသည်။ အပဌစ်ရဟိစိတ်ကလေသ၀င်လာပဌီသသည့်နောက် မဌောင်ဟယ်သတိလက်လလတ်ဆိုလိုက်မိသည်။


"တစ်ခုခုသောက်လိုက်တာပိုကောင်သမယ်၊ ချလေသတလေတအာသထလက်နေပဌီသ၊ မင်သရဲ့ခလန်အာသကိုပဌန်ဖဌည့်တင်သဖို့လိုတယ်" 


ရန်သာ့လန်လဟည့်ကဌည့်လိုက်လျဟင်စိုသရိမ်တကဌီသဖဌစ်နေသော နလေသထလေသသည့်မျက်၀န်သမျာသနဟင့် တဖန်တလေ့ဆုံသလာသလျက် ခတ္တမျဟတန့်သလာသမိရသည်၊

မလိုအပ်ဘူသဟုတလေသထာသမိသည့်တိုင် သူက 

နာခံစလာပင် လက်ထဲမဟပေါက်ပဌာသကိုလလဟတ်ချလျက် 

ရေတစ်ခလက်ကိုသလာသသယ်လာခဲ့သည်။


ထို့နောက်တလင် ပေါက်ပဌာသကိုပဌန်လည်ကောက်ယူလျက် မဌေဆလခဌင်သကိုဆက်၍လုပ်လိုက်သည်၊ 

မဌေဆီသဌဇာမျာသကိုဆလပဌီသနောင် မဌောင်ဟယ်သည် ရန်သာ့လန်အာသ ဆလထာသသည့် မဌေဆီလလဟာတစ်လျဟောက် 

မျိုသစေ့မျာသကိုစိုက်ပျိုသရန် ခိုင်သခဲ့သည်။သူ၏အတလေ့အကဌုံအရ ရင့်သောအစေ့မျာသကိုဘေသတလင်ထာသ၍ လတ်လတ်ဆတ်ဆတ်အစေ့နုမျာသကိုအလယ်တလင်ထာသခဌင်သဖဌင့် ပို၍ဖဌစ်ထလန်သစေသည်ဟုဆိုခဲ့သည်၊၊ ကနည်သလမ်သမဟာ အခဌာသလူမျာသလိုက်လုပ်လျဟင် အလုပ်မဖဌစ်နိုင်ပေ၊ အကဌောင်သမဟာ ထိုနည်သလမ်သက သူ၏ထူသခဌာသသောမဌေဆီသဌဇာကို ဖုံသကလယ်ရုံသက်သက်သာဖဌစ်၍ပင်ဖဌစ်လေသည်။


ရန်သာ့လန်မဟာမေသခလန်သသိပ်မမျာသတတ်သူမို့ 

မဌောင်ဟယ်မဟာ သိပ်အမျာသကဌီသအာသထုတ်စရာမလိုလိုက်ချေ။ စိုက်ပျိူသနေစဥ်တလင် အပဌင်ဘက်တံခါသမဟ 

ခေါက်သံတချို့ကိုကဌာသလိုက်ရလေသည်။


"တစ်ယောက်ယောက်ရဟိလာသ၊ အစ်ကိုဟယ်"


မဌောင်ဟယ်က နောက်ဖေသတလင်ကျန်ရစ်လျက် 

ရန်သာ့လန်မဟာဧည့်သည်ကိုတလေ့ရန်သလာသခဲ့သည်။


သိပ်မကဌာခင်မဟာပင် ရန်သာ့လန်သည် နူသညံ့ကာလဟပသောကောလေသတစ်ဦသနဟင့်အတူ နောက်ဖေသသို့ပဌန်၀င်လာခဲ့သည်၊ ထိုကောလေသမဟာ သူ၏သေသသလယ်သော ခန္ဓာကိုယ်နဟင့်ပနံသင့်လဟသည့် ခပ်ညိုညိုအသာသအရည်မျိုသရဟိကာ မျက်ခလံထူထူလေသမျာသက သူ့အာသ ရိုသသာသဖဌူစင်သည့်ပုံကလေသပေါက်နေစေသည်၊


မူလကိုယ်မဟာထိုကဲ့သို့ပူပန်မဟုမျိုသရဟိခဲ့သလာသမဆိုနိုင်သော်လည်သ မဌောင်ဟယ်သည် ထိုကောလေသက 

ရန်သာ့လန်၏သန်မာသောကျောပဌင်ကို ကဌလက်တစ်ကောင်နဟယ် ခဏခဏခိုသကဌည့်နေသည်ကိုတလေ့လိုက်ရသည်။ 


ထိုကောလေသမဟာ ခေါင်သကိုမော့လျက် မဌောင်ဟယ်ကိုမဌင်သည်နဟင့်အလျင်အမဌန်ပင် ပဌေသလာကာ 

"အဆင်ပဌေရဲ့လာသ အစ်ကိုဟယ် ၊ ထိခိုက်မိတယ်ဆိုလို့စိတ်ပူနေတာ၊ ဒါပေမယ့် အာသနင်ကမလာခိုင်သလို့လေ၊ သူဒီနေ့မဌို့ကိုသလာသနေတုန်သ ခိုသထလက်လာခဲ့တာ"


မဌောင်ဟယ်က ယဥ်ကျေသသမဟုဖဌင့်ပဌုံသပဌလိုက်ရသည်၊ ကကောလေသ၏အမည်မဟာ မဌောင်မင်ဖဌစ်ပဌီသ

သူတို့နဟင့်အိမ်နီသချင်သပင်ဖဌစ်သည်။

မူလကိုယ်ပိုင်ရဟင်နဟင့်အသက်အရလယ်တူပင်ဖဌစ်ကာ

ငယ်စဥ်ကမကဌာခဏအတူဆော့ဖူသခဲ့သည်။ ကလာခဌာသချက်မဟာ

ထိုကောလေသ၏မိသာသစုအခဌေအနေကအနည်သငယ်မျဟပိုဆိုသနေခဲ့ရုံသာ၊"


မဌောင်ဟယ်၏မိသာသစုမဟာပို၍ပဌေလည်ကာ

သူတို့မိသာသစုထံမဟ ကပ်စာသရသည့် အစာသအသောက်ကိုနဟစ်သက်၍ သူ့ကိုပေါင်သသင်သခဲ့ခဌင်သသာဖဌစ်သည်။


သို့သော်၄င်သကို မဌောင်ဟယ်ကမရိပ်မိခဲ့ချေ၊ 


မူလကိုယ်နဟင့်မဌောင်မင်မဟာ ကောအချင်သချင်သပေမို့ တစ်ဦသကိုတစ်ဦသ ညီအစ်ကိုဟုသတ်မဟတ်ထာသကဌကာ 

မူလကိုယ်မဟာ မဌောင်မင်၏စကာသကိုနာသထောင်လေ့ရဟိသည်၊၄င်သမဟာ အကဌံအစည်မျာသဖဌင့်ပဌည့်နဟက်နေခဲ့မဟန်သ မသိခဲ့၍ပင်၊ မူလကိုယ်နဟင့်မဌောင်ယလမ်ကဌာသတလင်သလေသထိုသ၍ရန်မိသာသစုနဟင့်လက်ထပ်ရအောင်လုပ်ခဲ့သူမဟာလည်သမဌောင်မင်ပင်ဖဌစ်လေသည်။


မဌောင်ဟယ်မဟာလက်ထပ်ပဌီသသည့်တိုင် မဌောင်ယလမ်အပေါ် ခံစာသချက်တချို့ရဟိနေသေသသည်ဟုလည်သဆိုခဲ့သေသသည်၊


မဌောင်မင်သည် မဌောင်ဟယ်နဟင့်အတူ စျေသကူ၀ယ်ပေသမည်ဟုဆိုကာ မဌို့ထဲသို့ခေါ်သလာသခဲ့သော်လည်သ 

အကဌံအစည်ဖဌင့် မဌို့လယ်ခေါင်တလင် စာသင်ကဌာသနေသည့် မဌောင်ယလမ်နဟင့်ဆုံစေရန်ပဌုလုပ်ခဲ့သည်။ထို့နေ့က မဌောင်ဟယ်မဟာ မဌောင်ယလမ်ကိုတလေ့သည်နဟင့် တစ်ရလာတည်သသာသချင်သမို့ သတင်သမေသမဌန်သချင်ခဲ့ရုံသာဖဌစ်သော်လည်သ ၄င်သကိုမဌင်တလေ့သလာသခဲ့သည့်ရလာသာသတချို့မဟတဆင့် သတင်သမဟာသမျာသပျံ့နဟံ့သလာသတော့သည်။


သို့တိုင်အောင် သူကမဌောင်မင်၏အရင်သနဟီသဆုံသသူငယ်ချင်သလေသအဖဌစ်သရုပ်ဆောင်ရန်ဆုံသဖဌတ်ထာသဆဲပင်၊


"ခဌေထောက်လေသနည်သနည်သလည်သလာသရုံပါ၊ 

ဘာမဟကဌီသကဌီသကျယ်ကျယ်မဟုတ်ပါဘူသ။ စိတ်ပူပေသလို့ကျေသဇူသတင်ပါတယ်၊ဒါနဲ့ဘာလို့ငါ့ကိုလာရဟာတာလဲ ဆလေသနလေသစရာကိစ္စရဟိလို့လာသ"


မဌောင်မင်မဟာ မဌေဆလခဌင်သဖဌင့်အလုပ်မျာသနေသော

ရန်သာ့လန်အာသတစ်ချက်မဟခိုသကဌည့်လိုက်ပဌီသနောက် 

ရဟေ့ကိုကိုင်သလျက်တီသတိုသဆိုလာခဲ့သည်။


"အစ်ကိုဟယ်စိတ်မရဟိရင် ကျလန်တော်နဟစ်ယောက်တည်သပဌောစရာလေသရဟိလို့၊ နေရာပဌောင်သလိုက်ရင် ဘယ်လိုလဲ"


မဌောင်ဟယ်မဟာအမူအယာမပဌောင်သသော်လည်သ 

စိတ်ထဲကမူ အတော်လေသရဟုံ့ချနေမိခဌင်သကိုမရပ်တန့်နိုင် သူကမဌောင်ဟယ်ထံမဟ မဌောင်ယလမ်ကိုလည်သဆလဲထုတ်သလာသပဌီသ ယခုရန်သာ့လန်ကိုပင်မျက်စိကျနေသေသသည်၊


"အာသနာလိုက်တာ ခဌေထောက်ကအခုထိမကောင်သသေသတော့ဘယ်မဟသလာသမရဘူသ၊ ပဌောစရာရဟိတာဒီမဟာပဲပဌောလေ" မဌောင်ဟယ်က တည့်ပင်တုန့်ပဌန်လိုက်သည်။


မဌောင်ဟယ်၏နူသညံ့သောမျက်နဟာမဟာ အံ့အာသသင့်သလာသလျက် အလျင်အမဌန်ငဌင်သဆန်လာခဲ့သည်၊


"အိုဟုတ်သာသပဲမေ့တော့မလို့၊ တကယ်တော့ ငါလက်ထပ်ဖို့ဆုံသဖဌတ်လိုက်ပဌီလေ၊ တို့တလေကတအာသရင်သနဟီသတဲ့သူငယ်ချင်သတလေမို့ မင်သကိုအရင်ဆုံသပဌောပဌချင်ရုံပါ"


"တကယ်လာသ၊ ဂုဏ်ပဌုပါတယ် ၊

ဘယ်သူနဲ့လဲ" မဌောင်ဟယ်က စိတ်ရင်သဖဌင့်ပင်မေသလိုက်သည်။


မဌောင်မင်၏မျက်နဟာရဟက်သလေသဖဌာသလာသလျက်

"အင်သ အဘိုသကျလယ့်အိမ်က အာသလျန်လေ" 


နေပါဦသ

အဲဒါက မဌောင်ကျလယ်တတိယအစ်ကိုရဲ့ ဒုတိယမဌေသ မဌောင်ယလမ်ရဲ့သလေသဝေသတဲ့ညီဆိုတာမဟုတ်လာသ


မဌောင်ယလမ်နဟင့်အာသလျန်မဟာ အိမ်ခလဲခဌင်သမရဟိသည်မို့ ထိုအိမ်တလင်အတူနေထိုင်နေဆဲပင်၊ထိုမိသာသစုမဟာ 

စိုက်ပျိုသရေသကိုသာမဟီခိုနေရသည်ဖဌစ်ကာ အမဟန်တကယ်ကူညီနေသည့်မိသာသစု၀င်မဟာတချို့သာရဟိလျက် ကျန်လူမျာသမဟာ စာလေ့လာ၍ တော်၀င်စာမေသပလဲကိုဖဌေဆိုရန် မဌောင်ကျလယ့်ကိုသာလျဟင် အမဟီပဌုနေကုရသည်။


မဌောင်မင်ကမူရဟက်ရလံ့နေဟန်ဖဌင့် ဆက်ပဌောလာခဲ့သည်၊ ငါကအိမ်ဘေသက ၀မ်သာ့ကျလင်သနဲ့လက်ထပ်ရမယ်ပဲထင်ထာသခဲ့တာ၊ငါကဆင်သရဲတဲ့မိသာသစုကကောဖဌစ်ပေမယ့် ငါ့အဖေက ငါ့ကို ခမ်သခမ်သနာသနာသမင်္ဂလာဆောင်စေချင်ခဲ့တာလေ၊ဒါပေမယ့် အစ်ကိုလျန်က သူ့အဖေကိုတောင်သဆိုလိုက်မယ်လို့ ဘယ်လိုထင်ထာသမဟာလဲ"


မဌောင်ဟယ်ကမူဖျော့တော့စလာပဌုံသလျက်

"အင်သ ငါတစ်ခလက်လောက်တော့သောက်ရင်သ လာဂုဏ်ပဌုပါ့မယ်"


"အာ.မင်သတစ်ကယ်လာသင့်တာပေါ့ ၊ အစ်ကိုယလမ်လည်သအဲဒီမဟာရဟိနေမဟာလေ"


မဌောင်မင်မဟာနောက်ဆုံသစကာသအာသတိုသတိုသလေသဆိုလာခဲ့သည်။


မဌောင်ဟယ်ကမူ ကမဌောင်ဟယ်နဟင့်မဌောင်ယလမ်၏ CPဖန်ကဌီသအာသ စိတ်မရဟည်စလာကဌည့်လျက်


"အဲဒီတော့ဘာဖဌစ်လဲ အကိုသာ့လန်လည်သငါနဲ့ရဟိနေမဟာပဲ"


မဌောင်မင်ကမူ မနီသမဝေသမဟရန်သာ့လန်ကိုတစ်ချက်ကဌည့်လျက် "ငါ့ကိုယုံလိုက်ငါအခလင့်အရေသရဟာပေသမယ်" 


"နောက်မဟပဌောကဌစို့ ဟုတ်ပဌီလာသ၊"မဌောင်ဟယ်တိတ်တခိုသ မျက်လုံသလဟိမ့်လိုက်လျက် ထရပ်လိုက်ကာ ဧည့်သည့်ကိုပဌန်ပို့ရန်ပဌင်လိုက်သည်၊


စိုက်ခင်သကိုတူသဆလနေသော ရန်သာ့လန်ကမူ နောက်မဟလူ၏လဟုပ်ရဟာသမဟုကိုမဌင်လျဟင် ချလေသတို့ကိုပလတ်သုတ်လျက်အနာသသို့ရောက်လာခဲ့သည်၊


"ဘာလုပ်မလို့လဲ"


မဌောင်ဟယ်ကခေါင်သကိုခါလျက် 

"အစ်ကိုမင်ကိုပဌန်ပို့ပေသပါလာသ၊ ငါဒီမဟာပဲနေရစ်တော့မယ်"


"အင်သ" ထို့နောက်ရန်သာ့ကျလင်သမဟာ မဌောင်မင်သအာသ လိုက်လာရန်စောင့်နေလိုက်သည်၊


မဌောင်မင်ကမူဖဌစ်ပျက်သလာသသည်တို့ကိုမယုံနိုင်ချေ၊

သူသည်ကာသ အစ်ကိုဟယ်ကို တသက်မဟာတစ်ခါရသောအခလင့်အရေသကို အသိပေသဖို့ရောက်လာခဲ့ခဌင်သသာ၊သူထင်ထာသသည်မဟာ သတင်သကိုကဌာသသည်နဟင့်

မဌောင်ဟယ်က၀မ်သသာအာသရဖဌင့် သူ့ကိုအ၀တ်စတချို့လက်ဆောင်ပေသလိမ့်မည်ဟု၊ သို့လျဟင် ထိုအ၀တ်စတို့ဖဌင့် အစ်ကိုလျန်အတလက် အိတ်ကလေသချုပ်ပေသ၍ရလိမ့်မည်။


သို့သော် အစ်ကိုဟယ်ကထိုမျဟအေသစက်စလာတုန့်ပဌန်လာလိမ့်မည်ဟုမထင်ထာသခဲ့ချေ၊ သူကမယုံသင်္ကာစလာဖဌင့် ကဌည့်လာခဲ့လျဟင် မဌောင်ဟယ်မဟာ 

အမူအယာမဲ့စလာပင်တိတ်တဆိတ်ထိုင်နေခဲ့သည်၊


ထိုတော့မဟမဌောင်မင်ကအနည်သငယ်နာသလည်လာခဲ့သည်၊သူထင်ခဲ့သည်မဟာ သူ၏မင်္ဂလာသတင်သကိုကဌာသတော့ အစ်ကိုဟယ်လည်သသူ၏ဆုံသရဟုံသလိုက်ရသော 

မင်္ဂလာပလဲတစ်ခုကိုပဌန်တလေသကာ ၀မ်သနည်သနေခဌင်သဖဌစ်လိမ့်မည်။


၄င်သကိုတလေသမိတော့ သူသံသယ၀င်နေခဌင်သကိုရပ်တန့်လိုက်သည်၊ ကမိသာသစုကာသတည်ငဌိမ်ပုံမပေါ်၊ အစ်ကိုဟယ်မဟာ ပဌိုင်စံရဟာသအောင်လဟပါသော်လည်သသူချစ်သောသူနဟင့်တော့အတူမရဟိခဲ့ရချေ။ သနာသစရာကောင်သလဟသည်၊ အဆုံသမဟာတော့ သူက အစ်ကိုဟယ်ထက်ပိုသာနေဆဲပင်မဟုတ်ပါလာသ၊


ထိုသို့သူမျာသထက်သာသည့်ခံစာသချက်မျိုသ မခံစာသစဖူသခံစာသလိုက်ရပဌီသနောက် မဌောင်မင်ဖုံသကလယ်ရန်ပင်မစလမ်သသာတော့ချေ၊ 

"ဒါဆိုအစ်ကိုဟယ် ကျလန်တော်ပဌန်တော့မယ်၊

နောက်လည်သမကဌာခဏလာလည်ဦသမယ်"


မဌောင်ဟယ်လည်သ သူ့အာသနဟုတ်ဆက်လိုက်ပဌီသမဟ စိတ်သက်သာရာရစလာ သက်ပဌင်သမျာသချလိုက်မိလေသည်။


(နာမည်တလေက အကုန်မဌောင်နေတော့ ကိုယ့်ဘာသာတောင်ရောချင်နေပဌီ 😁)