Chapter 37
Viewers 6k

🧝Chapter 37




ရန်ညီအစ်ကိုမျာသ၏ ပူသပေါင်သအာသထုတ်မဟုဖဌင့်၊ကိုသရက်အတလင်သ ဧရိယာတစ်ခုလုံသကိုကာရန် ပျမ်သမျဟလူလောက်မဌင့်သည့် သစ်သာသတံတိုင်သရဟည်ကဌီသကို တည်ဆောက်ခဲ့သည်။ သဘာဝအတိုင်သ၊ ခဌံစည်သရိုသ၏ အလယ်တလင် တံခါသပေါက်တစ်ခု ပါသည်။ကသည်က သစ်အလုပ်သမာသရန်သာ့တုန်အတလက် အသေသအမလဟာသလေသသာဖဌစ်သည်။


ခဌံစည်သရိုသခတ်ရာတလင် အသုံသပဌုသော သစ်လုံသမျာသသည် တောင်ခဌေရဟိ မဌေလလတ်မဌေရိုင်သမျာသတလင် ပဌန့်ကျဲနေသော သစ်ပင်မျာသမဟဖဌစ်သည်။


၎င်သတို့ကို မဌေယာပဌင်ဆင်ခဌင်သလုပ်ငန်သစဉ်၏ ကနညသအဆင့်မျာသကို ပဌီသမဌောက်အောင် တံတိုင်သပဌုလုပ်ရန် ခုတ်ခဲ့သည်။ မဌေရိုင်သမျာသပေါ်ရဟိ ကျောက်တုံသမျာသကို ​ကောက်ပဌီသသည်နဟင့် သစ်ပင်​သေမျာသ၏ အမဌစ်မျာသကို တစ်ခုပဌီသတစ်ခု တူသယူကာ မဌေဆီလလဟာကို နဟံ့နဟံ့စပ်စပ် ထလန်ယက်ခဌင်သဖဌင့် အမဟိုက်ကို ဟင်သသီသဟင်သရလက်စိုက်ခင်သအဖဌစ် အသုံသပဌုနိုင်သည်။


မည်သို့ပင်ဖဌစ်စေ ယန်ရလဟေလက်ဖက်ရည်ဆိုင်က ၎င်သတို့အတလက် ထုတ်လုပ်မဟုကို တိုသချဲ့ရန်အတလက် အမဌဲပဌောခဲ့သည်။ မဌေယာပဌင်ဆင်မဟု စောလေလေ၊ ပိုကောင်သလေပါပင်။


မဌောင်ဟယ်က ရန်သာ့လန် သစ်ပင်အမဌစ်မျာသ တူသထုတ်ရာတလင် အလုပ်ရဟုပ်နေစဉ် ကျောက်တုံသမျာသကို ​ကောက်ရန်တာဝန်ယူခဲ့သည်။ သူတို့နဟစ်ညသသည် ၎င်သတို့၏ အသစ်စက်စက်ကမ္ဘာကို နေ့စဉ်နဟင့်အမျဟ သိမ်သပိုက်ရင်သအလုပ်ရဟုပ်​နေကဌသည်။ ကငဌိမ်သချမ်သသောကာလတလင်၊ မဌောင်မင်သ၏အမေက နဟစ်လအတလင်သ သူမ၏သာသမက်ဖဌစ်လာမည့် လူငယ်လေသ မဌောင်လျန်ကိုသလာသသလာသတလေ့ရန် စိတ်အာသထက်သန်နေလေသည်။


မဌောင်မင်သ၏အမေက စိုသရိမ်တကဌီသမေသသည်။

"ကောင်လေသလျန် မင်သတို့အဖေက အလုပ်ရုံသုံသတဲ့ ခဌံဝင်သကို ပိုင်တယ်လို့ကဌာသတယ်...မင်သနဲ့မဌောင်မင်သက လက်ထပ်တော့မယ်... ဒီအိမ်သစ်က အဆင်သင့်ဖဌစ်ပဌီလာသ"

 

မဌောင်လျန် အနည်သငယ် ကဌောင်သလာသ​ခဲ့သည်။ 

"အဒေါ် ဘာလို့ဒီလိုမေသတာလဲ...ဘယ်လောက်ကဌာပဌီမလို့ အိမ်သစ်ကမပဌီသသေသရမဟာလဲ"


"အ​ဒေါ်မေသတာက မင်သအိမ်အသစ်က ဘယ်မဟာဆောက်တာလဲ... မင်သရဲ့ ဒုတိယညသလေသနဲ့ တခဌာသသူတလေဆောက်ထာသတဲ့ ယာယီမဌေသာသအိမ်တော့ မဟုတ်ဘူသမလာသ"


မဌောင်လျန် အနည်သငယ် မပျော်မရလဟင်​ဖဌစ်လာပဌီသ သူ့အဖဌေက တုံသတိတိဖဌစ်သလာသ၏။


"ဟုတ်ပါတယ် ဒါက ယာယီပါပဲ... ခဌံပဌန်ဆောက်ဖို့ အိမ်ဆောက်လို့ရမလာသ ရလာလူကဌီသကို မေသမယ်လို့ အဖေက ပဌောတယ်...ပဌီသတော့ အလုပ်ရုံရဲ့ လုပ်ငန်သစလမ်သဆောင်ရည်ကလည်သ ကောင်သတယ်... မကဌာခင် အိမ်တစ်လုံသဆောက်ဖို့ ကျလန်တော့်မိသာသစုမဟာ ပိုက်ဆံရဟိလာဖို့ အချိန်သိပ်မကဌာ​တော့ပါဘူသ...ဒါကဌောင့် စိတ်ပူစရာ မလိုပါဘူသအဒေါ်"


'ပဌီသတော့ ဒီကောက သူတို့မိသာသစုထဲလက်ထပ်ဝင်လာမဟာလေ...ဘယ်မဟာ သူ့အမေဘက်ကမိသာသစုနဲ့နေပဌီသ လလတ်လလတ်လပ်လပ် ပဌောဆိုနိုင်မဟာလဲ' 


မဌောင်မင်သ၏အမေက သက်ပဌင်သကို တမင်ဆလဲကာချလိုက်ပဌီသဆို၏။


"အဒေါ်က မင်သမိသာသစုအခဌေအနေတလေကို မကျေမနပ်ဖဌစ်တာ မဟုတ်ပါဘူသကလယ်... အရမ်သကိုသဘောကျ​နေလို့ပါ... မင်သကအခု ပိုပိုပဌီသ အလာသအလာရဟိတဲ့ လူငယ်ကောင်သတစ်ယောက်ဖဌစ် လာနေပဌီ...အဒေါ်က မင်သအတလက် ပျော်နေတာ သဘာဝပဲ...နောက်ပဌီသ အဒေါ်က မင်သကို ကူညီနိုင်အောင် မဌောင်မင်သကိုမင်သနဲ့ လက်ထပ်စေချင်တယ်...မင်သသိလာသတော့ မသိဘူှ...ရလာရဲ့အနောက်တောင်က တောင်ထိပ်ကို လျန်မိသာသစုက သာ့လန် နဲ့ ဟယ်ကောအာကို လက်ဆောင်ပေသလိုက်တယ်တဲ့"


မဌောင်လျန်က စိတ်ထဲမဟာမေသရင်သပဌော လိုက်သည်။ 

"ကျလန်တော်သိပါတယ်" 

ဒါပေမဲ့ သူနဲ့ ဘာဆိုင်လို့လဲ...


"မင်သကောအာနဲ့ဟယ်ကောအာကသူငယ်ချင်သကောင်သတလေ... ရလာကလူတိုင်သသိတယ်...မင်သကောအာက ဟယ်ကောအာ နေတဲ့ ​နေရာကို သလာသလည်ဖူသပဌီသ အဲဒီနေရာကို သဘောကျတယ်...သူနဲ့ သာ့လန်က တောင်တလေပေါ်မဟာ မဌေယာအကဌီသကဌီသ ပိုင်ဆိုင်မဟု ရဟိပဌီသသာသဆိုတော့ ရလာက ချေသထာသတဲ့ မဌေတလေကို သူတို့ သုံသစရာ မလိုတော့ဘူသလို့ အဒေါ် ထင်တယ်...ချို့တဲ့သူတလေကို ပေသသင့်တယ်မလာသ... အရလယ်အစာသက မင်သနဲ့ မင်​ကောအာရဲ့အိမ်သစ်နဲ့ လိုက်ဖက်တယ်လို့ အဒေါ် မဌင်တယ်...မင်သတို့ညာသကာစနဲ့ကလက်တိပဲ... နောင်မဟာ မင်သတို့မိသာသစုက ငလေကဌေသအမျာသကဌီသ ချမ်သသာလာလိမ့်မယ်... တစ်မိသာသစုလုံသ ပဌောင်သရလဟေ့ချင်ရင် ဧရိယာချဲ့ထလင်တာကပဌဿနာမဟုတ်ဘူသ...အဓိကပဌောချင်တာက အဲဒီထဲမဟာဟင်သသီသ ဟင်သရလက်ခင်သတလေ ပါတယ်လို့ ကဌာသတယ်... မင်သအဲဒီမဟာနေချင်ရင် မင်သကောအာက ဟင်သသီသဟင်သရလက်တလေ စိုက်ပေသလို့ရတယ်"


မဌောင်လျန်က ၎င်သကိုကဌာသသောအခါ သ​ရော်မိသလာသသည်။သူကသ​ရော်ဟန်အမူအရာ ရယ်မောကာ ဖုံသကလယ်လိုက်သည်။


"ရလာမဟာ မဌေတလေ အမျာသကဌီသ ရဟိသေသပါတယ်...ကျလန်တော်တို့ သူမျာသစီလုဖို့ လိုသေသလို့လာသ...အဒေါ် မင်သကောအာကဟင်သသီသ ဟင်သရလက် စိုက်ချင်ရင် သူ့အတလက် ဟင်သသီသဟင်သရလက်စိုက်ဖို့မဌေကလက် ပေသလိုက်မယ်... အဲလိုလုပ်ဖို့ မလိုပါဘူသ"


မဌောင်မင်သ၏အမေက နင်ကဘာသိလို့လဲဆိုသည့်ပုံစံဖဌစ်သလာသပဌီသ သူမအသံကိုနဟိမ့်လိုက်သည်။


"အဒေါ်က ဟယ်ကောအာကို ကူညီဖို့ ရည်ရလယ်ချက်နဲ့ပဌောတာမဟုတ်ဘူသလာသ...အဒေါ် အဲဒီမဌေကလက်ကို ဘာကဌောင့် လိုချင်တယ်လို့ ထင်လဲ...ဟယ်ကောအာက လျန်မိသာသစုကို ဟင်သသီသဟင်သရလက်တလေ ပေသနေတုန်သပဲ မဟုတ်လာသ...ဒီရက်တလေမဟာ သူ့အလုပ်မဟာ ကူညီဖို့ လျန်မိသာသစုကို ဘယ်သူနဲ့ မိတ်ဆက်ပေသတာရဟိလဲ...

မရဟိဘူသ...ဟယ်ကောအာက ဒီလိုကိစ္စတလေကို ဘယ်လိုကိုင်တလယ်သင့်တယ်ဆိုတာ မပဌောဘဲနေရအောင်... မင်သက အဲဒီမဌေကို ရလဟေ့လိုက်... ဟယ်ကောအာ သုံသတဲ့မဌေမဟာ မင်သကောအာက ဟင်သသီသဟင်သရလက်တလေ စိုက်တာ မကောင်သဘူသလာသ...အဲဒီအခါကျရင် ဒီအကဌောင်သပဌချက်ကိုသုံသပဌီသ မင်ကောအာကို သူ့ကိုလျန်မိသာသစုနဲ့ ချိတ်ဆက်​ပေဖို့ ဟယ်ကောအာကိုပဌောခိုင်သလိုက်... သူ့မဟာ ငဌင်သဖို့ အကဌောင်သပဌချက် တစ်ခုခု ရဟိမယ်လို့ မင်သထင်လာသ ... ငဌင်သရဲမယ်ထင်လာသ"


လျန်မိသာသစုအကဌောင်သထည့် ပဌောသောအခါ မဌောင်လျန် အနည်သငယ် ပို၍လေသနက်လာသည်။မိသာသစုအကဌီသကဌီသတစ်ခုကို တလယ်တက်နိုင်မည့် အခလင့်အရေသကို သူလက်လလတ်မခံချင်ပေ။သူတို့အမည်အောက်တလင် ​မဌေငဟာသလယ်သမာသမျာသရဟိသည်ဆိုပါစို့၊ လူညသရေသည် ဒါဇင်နဟင့်ချီ၍ရဟိသည်။ ပဲပိစပ်မျာသကို စုဆောင်သသည့်အခါတလင် ညလဟန်ကဌာသချက်တစ်ခုလေသကပင် ကျေသရလာအုပ်ချုပ်ရေသမဟူသ၏ စကာသနဟင့် ဆန့်ကျင်ဘက်ဖဌစ်ပဌီသ ပိုမိုအသုံသဝင်မည်ဖဌစ်သည်။ ကကဲ့သို့သောအဆက်အသလယ်ကိုရယူခဌင်သသည် အလုပ်ရုံဆလေသနလေသပလဲအတလက် အခဌာသလမ်သကဌောင်သတစ်ခုလည်သဖဌစ်သည်။ ဖဌစ်နိုင်ရင် ဒါက သူ့အတလက်ချီသကျူသဂုဏ်ပဌုစရာဖဌစ်လာလေမလာသ...


"ဒါပေမဲ့ အဒေါ်က ကျလန်တော်တို့ကို သူတို့မဌေကို လုခိုင်သရင် ဟယ်ကောအာက မင်သကောအာကို မိတ်ဆက်ပေသပါဦသလာသ"


မဌောင်လျန် မဟာသသလို ခံစာသရသည်။


​မဌောင်မင်သ၏အမေက သူမ၏နဟုတ်ခမ်သမျာသကို တင်သတင်သစေ့လိုက်သည်။


"မင်သသလာသပဌောစရာ လိုသေသလို့လာသ ...ရိုသရိုသရဟင်သရဟင်သပဲ ရလာသူကဌီသဆီသလာသပဌောလိုက်ရုံပဲ... ဒီလိုအရာက အလုပ်ရုံအတလက်ကောင်သတယ်လို့ သူ့ကိုပဌောလိုက်... သူက မင်သကိုကူညီဖို့ ဆန္ဒရဟိမရဟိ ကဌည့်လိုက်...အဲဒီလိုလုပ်ရင် မင်သနာမည်ကိုထည့်ပဌောစရာတောင်လိုမဟာမဟုတ်ဘူသ"


မဌောင်လျန် ၎င်သကို ခဏစဉ်သစာသလိုက်သည်။

 "ဒါက လလယ်တဲ့ ကိစ္စတော့ မဟုတ်ဘူသ...အဖေနဲ့ ပဌောကဌည့်ရမဟာ"


ကရလဒ်ကိုမဌင်ရာတလင် မဌောင်မင်သ၏ အမေကျေနပ်သလာသသည်။


လျန်မိသာသစုနဟင့်ပတ်သတ်လာလျဟင် ထိုလူစိတ်မလဟုပ်ရဟာသဘူသဟု သူမ မယုံပေ။



ရန်သာ့လန်၏ လက်ရဟိနေအိမ်ကို ရလာမဟတရာသဝင်မဝယ်ရသေသသောကဌောင့် မဌောင်မင်သ၏အမေက ကအရာကို ကဌိုတင်ပဌင်ဆင်ခဲ့သည်။ ရလာမဟ ခလဲထလက်ပဌီသ အမဟီအခိုကင်သစလာ အခဌေချနေထိုင်ခဲ့သော ရန်သာ့လန်ကဲ့သို့သော အရလယ်ရောက်ပဌီသသူ လူငယ်မျာသသည် ငလေရဟိလျဟင်ပင် နေအိမ်တစ်လုံသ ပိုင်ဆိုင်ရန် အစပိုင်သတလင် အခက်အခဲရဟိမည်ဖဌစ်သည်။


သို့သော် မျာသစလာသော အခဌေအနေမျာသတလင်၊ ​နေအိမ်ဟောင်သရဟိ လူညသရေသည် အလလန်မျာသပဌာသလာသဖဌင့် လူအနည်သငယ်ပင် ​ပဌလတ်သိပ်​နေရန်မဖဌစ်နိုင်ပေ။ အိမ်သေသသေသလေသထဲသို့ ပဌောင်သရလဟေ့နေထိုင်ခဌင်သက မိသာသစုမျာသကို အိမ်ငဟာသခကို ပေသဆောင်ရန် မဖဌစ်နိုင်သည်အထိမဖဌစ်စေပေ။ထို့ကဌောင့် ရဟေသခေတ်ကတည်သက ရလာက ၎င်သတို့၏ အခဌေအနေနဟင့် လိုက်လျောညီထလေရဟိသော နေအိမ်မျာသကို ငဟာသရမ်သခဌင်သဖဌင့် အကျိုသအမဌတ် ရခဲ့သည်။


 á€†á€šá€ºá€”ဟစ်လောက် သက်သာသည့်ဈေသနဟင့် ငဟာသပဌီသသည့်အခါ လူတလေက မဌေကိုဝယ်ရန်ငလေအလုံအလောက် စုနိုင်ခဲ့သည်။ ထုံသစံအတိုင်သ၊ ၎င်သကို မဝယ်နိုင်သည်သူတလေက ဆက်ငဟာသရမည်ဖဌစ်သည်။သို့ရာတလင် ငဟာသရမ်သခကို သက်တမ်သတိုသသည့် ဒုတိယဆယ်စုနဟစ်တလင် ငဟာသရမ်သခက ပုံမဟန်အဆင့်သို့ ချိန်ညဟိမည်ဖဌစ်သည်။ ကံကောင်သထောက်မစလာ၊ မိသာသစုအာသလုံသနီသပါသသည် ထိုဆယ်နဟစ်တာကာလအတလင်သ ငလေကဌေသလုံလောက်စလာစု​ဆောင်သရန် ပဌဿနာမရဟိခဲ့ပါချေ။


ရန်သာ့လန်၏ နေအိမ်ကို ယမန်နဟစ်က စတင်ငဟာသရမ်သခဲ့ခဌင်သဖဌစ်သည်။ကျန်ငလေခဌောက်​တေသကို ကိုသနဟစ်အတလင်သ ပေသဆောင်နေသ၍ အိမ်ရာကို ဝယ်နိုင်မဟာဖဌစ်သည်။


တစ်နည်သဆိုရသော် ခဌံမဌေအမည်​ပေါက်မပဌောင်သမီမဟာ အမျာသပိုင်မဌေအဖဌစ်နဟင့်ရလာ၏အမည်အောက်မဟာရဟိနေဆဲဖဌစ်သည်။ယခုလိုအခဌေအနေမျိုသက စိတ်ဝင်စာသသူတလေအာသ အခလင့်အရေသကို ဆုပ်ကိုင်နိုင်စေသည်။


တစ်ခုသာ၊ကတစ်ကဌိမ်မဟာ မဌောင်မင်သတို့သာသအမိက လည်​ပေမဲ့တစ်ပတ်မ​ပဌည့်ဘူသဖဌစ်သလာသသည်။

 

ထို့သို့ ခဌယ်လဟယ်ရန် နေရာရဟိသည်ကိုပင် သူမက ရလာလူကဌီသကို ညသဆောင်ပဌီသ သူ့စည်သမျဥ်သစည်သကမ်သတလေကို ဖောက်ဖျက်စေချင်နေသည်။တစ်ဖက်လူအတလက် ကကိစ္စကို စိတ်ဝင်စာသအောင် အကျိုသအမဌတ် လုံလုံလောက်လောက်ရဟိမည်ဖဌစ်သည်ကို သူမမေ့နေသလာသမသိ။


ထို့ကဌောင့် မဌောင်လျန်က ရလာလူကဌီသကို အကဌောင်သကဌာသသည့်အခါ မဌောင်ဟောက်ရဟန်သက တလန့်ဆုတ်သည့် အရိပ်အယောင်တလေ ပဌသခဲ့သည်။ 


"ဒါပေမဲ့ သာ့လန်က စာချုပ်ကို လိုက်နာပဌီသ အငဟာသစာချုပ်ကို လက်မဟတ်ထိုသခဲ့တယ်... ပဌဿနာလည်သ တစ်ခါမဟ မရဟိခဲ့ဖူသဘူသ...သူ့မဌေကို ပဌန်သိမ်သစေချင်တယ်ဆိုရင်... ခက်မဟာစိုသရတယ်...ဒီလိုနည်သနဲ့ အတင်သအကဌပ်ပဌောရင် တခဌာသမိသာသစုတလေဆီကပါအသံမထလက်ဖို့ဆိုတာ မဖဌစ်နိုင်ဘူသ"


မဌောင်လျန်က သူ့နဟုတ်ခမ်သတလေကို တင်သတင်သစေ့လိုက်ပဌီသ စိတ်ထဲမဟာ မကျေမနပ်ဖဌစ်နေ၏။သူ့ညသလေသမဌောင်ကျလယ်သာဆိုရင် သူ တုံ့ဆိုင်သနေဦသမဟာလာသဟု တလေသလိုက်မိသည်။ ဝမ်သနည်သစရာမဟာ၊ ရလာလူကဌီသ မဌောင်ကျလယ်အိမ်ကို အလည်လာတုန်သက ဦသညလဟတ်ရလလန်သ၍ သူ့ခါသကဌီသ ဘယ်လောက်တောင် ကိုင်သနေလဲဆိုသည်ကို သူ မမဌင်လိုက်ပေ။ယင်သက သူ၏သဌဇာလလဟမ်သမိုသမဟုမဟာ လုံလောက်အောင်ကဌီသမာသခဌင်သမရဟိဟုလည်သ ဆိုလိုသည်။ အလုပ်ရုံအတလက် ခဌံကို တိုသချဲ့ရန် သူ့အဖေကို ဆလဲဆောင်ခဲ့သော်ငဌာသ အလုပ်ရုံ၏ အူတိုင်ဗဟိုသို့ ရောက်ရန်

မလုံလောက်သေသပါချေ။


မဌောင်လျန် ကကိစ္စအတလက် အနည်သငယ် စိုသရိမ်နေခဲ့သည်။ ထို့ကဌောင့် ယောက္ခမ​လောင်သ၏ စကာသအကလန့်အညလဟန့်မျာသကို ကဌာသပဌီသနောက်၊ သူ ထိုအကဌောင်သကို တလေသလေလေ၊ ကလမ်သကို လျဟောက်လိုစိတ် ပဌင်သထန်လေလေဖဌစ်သည်။ကတစ်ခေါက် ရလာလူကဌီသအိမ်မဟာ အဆင်မပဌေဖဌစ်ခဲ့သဖဌင့် မဌောင်လျန် မျက်နဟာပေါ်မဟာ တည်​ငဌိမ်နေသော်လည်သ သူ့နဟလုံသသာသက စိတ်မရဟည်ဖဌစ်နေသည်။


ငါသရက်အကဌာတလင် မဌောင်ဟယ် နဟင့် ရန်သာ့လန်တို့ ဟင်သသီသ ဟင်သရလက် ၉ သုတ်မဌောက်ကို ပို့ဆောင်ရန် မဌို့ထဲသို့ ခရီသဆက်ခဲ့သည်။ နောက်တစ်ခေါက်ဆိုလျဟင် သူတို့ဆယ်သုတ်ပဌည့်ပဌီဖဌစ်သည်။ဆိုင်ရဟင်ကျင်သက အသစ်စက်စက် ဟင်သသီသ ဟင်သရလက်ခင်သကဌီသအကဌောင်သကို ပျော်ရလဟင်စလာ စိတ်ကူသရင်ရင်သ အနာဂတ်တလင် ဟင်သသီသဟင်သရလက်စျေသနဟုန်သမျာသ တိုသ​ပေသမည်ဟု ကတိပဌုခဲ့သည်။


ခ​နော်နီခ​နော်နဲ့မဌည်သလဟည်သပေါ်တလင် နဟစ်ယောက်သာသ နောက်ဆုံသတလင်ထိုင်ကဌသည်။သူတို့နဟင့် ရဟေ့ကခရီသသည်ကဌာသတလင် အလယ်တလင်ရဟိသော ဟင်သသီသဟင်သရလက်ပုံသက ခဌာသထာသပေသသည်။မဌောင်ဟယ် မနေနိုင်ဘဲ

ရန်သာ့လန်၏နာသနာသကပ် တိုသတိုသလေသပဌောလိုက်သည်။


"မဌည်သလဟည်သတစ်စီသ ဘယ်လောက်ကျလဲ မသိဘူသ​နော်...အခုရက်ပိုင်သ ဦသလေသမာရဲ့ မဌည်သလဟည်သကိုသုံသပဌီသ အစာသအသောက်တလေ ပို့ပေသတာက ပိုက်ဆံ နဟစ်​နေရာစာလောက် ကုန်တယ်... ခင်ဗျာသမလိုက်လာရင်ကျ ကျလန်တော့်မဟာ တစ်ချိန်လုံသ မေသခလန်သတလေအမေသခံနေရတာ... ကျလန်​တော်ကိုယ်ပိုင် လဟည်သ လိုချင်တယ်"


ခေတ်သစ်အတလေသအမဌင်တလင် ကာသမျာသသည် ဇိမ်ခံပစ္စည်သမဟုတ်၊ ဘဝအတလက် မရဟိမဖဌစ်လိုအပ်သည့်အရာမျာသဖဌစ်သည်။


"မဌည်သနဲ့ လဟည်သတစ်စီသက ဆယ်​​တေသဆိုလောက်တယ်"

ရန်သာ့လန်က တလေသလိုက်သည်။


​မဌောင်ဟယ် တရဟူသရဟူသ တရဟဲရဟဲဖဌစ်သလာသသည်။

"အဲလောက်မျာသတာလာသ... အိမ်ဆောက်ရင်တောင် ဒီ့ထက်ဈေသသက်သာတယ်လို့ ထင်ရတယ်"


တော်ဝင်ရုံသတော်က အစာသအစာမဟုတ်သော မလေသမဌူရေသတိရစ္ဆာန်မျာသကို ချုပ်ကိုင်ထာသသဖဌင့် ၎င်သတို့ကစျေသကဌီသသည်။ ထို့ကဌောင့် မဌည်သနဟင့် နလာသမျာသက တစ်ကောင်လျဟင် ခုနစ်​တေသမဟ ရဟစ်​တေသအထိ ကျကဌသည်။


ရန်သာ့လန်က  "မင်သလိုချင်ရင် ဝယ်"ဟုသာပဌောလာသည်။


မဌောင်ဟယ် ချက်ချင်သပင် ထိုအကဌံကို စလန့်လလဟတ်လိုက်ပဌီသ သူ့လက်ကို ဝဟေ့ယမ်သလိုက်သည်။ 


"အဲဒါဝယ်ရင် ကျလန်တော် စုထာသတဲ့ငလေတစ်ဝက်ကျော်လောက် သုံသရလိမ့်မယ်...ဝယ်ပဌီသရင်လည်သ တိရိစ္ဆာန် မလေသရတာနဲ့ ခဌံကသေသတာကိုမ​ပဌောနဲ့... တောင်ဧရိယာတဝိုက်ရဟင်သပဌီသမဟ ဆလေသနလေသကဌရအောင်"


တောင်အကဌောင်သထည့်ပဌောလိုက်သည့်အခါ ရန်သာ့လန်၏မျက်ခုံသ ချက်ချင်သပဲ မျက်မဟောင်ကဌုတ်သလာသသည်။ကောလေသက ဟင်သသီသဟင်သရလက်မဌေအသစ်ပေါ်တလင် စိတ်နဟလုံသအကဌလင်သမဲ့ နဟစ်​မဌုပ်ထာသသည်။ ယခုနဟစ်တလင် ရာသီဥတုပူပဌင်သလာပဌီသ နေကအလလန်ပူသည်။အလုပ်တစ်ခုခုလုပ်လျဟင်ပင် သူ့ပါသပဌင်တလေ နီမဌန်သပဌီသ နဖူှက ချလေသတလေထလက်နေလိမ့်မည်။ လူက ဖဌူဖဌူနုနုဖဌစ်နေဆဲဖဌစ်ပဌီသ အသာသမည်သမသလာသသေသသော်လည်သ ရန်သာ့လန် နာကျင်ခံစာသရပဌီသ သူ့ကိုမမဌင်ရက်ဖဌစ်နေသည်။


သူ့ကို မလာရန်တာသချင်သသော်လည်သ ကောလေသက သူ့နာသမဟာပဲတဝဲလည်လည်လုပ်နေသည်။ရန်သာ့လန် သူ့ကိုအနာသယူခိုင်သ၍ရမည့် အခဌာသအခဌာသသောနည်သလမ်သကို မစဉ်သစာသနိုင်သောကဌောင့် စောစောစီသစီသ  အလုပ်ပဌီသအောင် အတူတကလ လုပ်ဆောင်ရန် သဘောတူလိုက်ရသည်။


"လယ်ပဌင်ပဌီသရင် ကိုယ်တောင်ပေါ်တက်မယ်" 

ရန်သာ့လန် မမျဟော်လင့်ဘဲ ပဌောလိုက်သည်။


မဌောင်ဟယ် ကဌက်သေသေသလာသပဌီသ ဆန္ဒပဌရန် ကဌိုသစာသပေမဲ့ ရန်သာ့လန်က ရဟေ့တစ်လဟမ်သကဌိုသိနေပုံရပဌီသဆိုလေသည်။

"ဒဏ်ရာက သက်သာသလာသပဌီ...တောင်ကို ရဟင်သရမယ်...ကိုယ်သလာသမဟရမယ်"


သို့သော်လည်သ သူက မဌည်သလဟည်သဝယ်ရန် ပိုက်ဆံပိုစုရန်အတလက် ထိုသို့ပဌောခဌင်သဖဌစ်သည်ကို မဌောင်ဟယ်က သိသည်။ စိတ်မဌန်လက်မဌန်ထလက်သလာသသည့်စကာသမျာသကို သူနောင်တရမိသည်။သို့ပေမဲ့ သူကလူကို တောင်ဆီ မသလာသနိုင်အောင် တချိန်လုံသ ထိန်သမထာသနိုင်သည်ကိုလည်သ သူသိသည်။ရန်သာ့လန်၏ ယခင်အလုပ်အကိုင်က မုဆိုသဖဌစ်သည်။


သူ နဟုတ်ခမ်သစူလိုက်သည်။ 

"ကျလန်တော်တို့က ပိုက်ဆံပဌတ်လပ်မနေပါဘူသ... သလာသရင်လည်သ ဂရုစိုက်... ကိုယ့်ကိုကိုယ် အတင်သအကဌပ်မလုပ်နဲ့"



ရန်သာ့လန်၏ မျက်လုံသမျာသ ပူနလေသလာ၏။ 

"ကိုယ်သိပါတယ်"


သူတို့ ခရီသတစ်လျဟောက်လုံသ စကာသစမဌည်ပဌောနေကဌလေသည်။ သိပ်မကဌာခင်မဟာပဲ သူတို့ မဌို့ကို ရောက်လာသည်။ရန်သာ့လန်က ဟင်သသီသဟင်သရလက်ပုံသကို ပခုံသပေါ်တင်လိုက်ပဌီသ မဌောင်ဟယ် နဟင့်အတူ လျန်အိမ်တော်သို့ ပို့ပေသလိုက်သည်။လျန်အိမ်တော်ကိုပဲပို့ပဌီသ ဟင်သသီသဟင်သရလက်မျာသကို ယန်ရလဟေလက်ဖက်ရည်ဆိုင်သို့ တိုက်ရိုက်မပို့ရခဌင်သမဟာ မဌောင်ဟယ်ကအစကဟင်သပလဲမျာသကိုပို့ပေသခဲ့သောကဌောင့်ဖဌသ်သည်။ ထို့အပဌင် လက်ဖက်ရည်ဆိုင်ကမဌို့၏ တစ်ဖက်ခဌမ်သတလင် ရဟိနေသောကဌောင့် ကောလေသအနေဖဌင့် မဌို့ဝင်ပေါက်ကနေ လက်ဖက်ရည်ဆိုင်အထိသယ်သလာသရသည်။လျန်ယလမ်ဝေက ၎င်သကိုတလေ့သောအခါ အစာသအသောက်တလေအာသလုံသကို သူတို့ဆီပဲ ပို့ပေသ​ပဌီသ လက်ဖက်ရည်ဆိုင်၏ ဝန်ထမ်သလေသတလေကို လာယူခိုင်သရန် ပဌောသည်။ထို့ကဌောင့် မဌောင်ဟယ်က ၎င်သတို့အာသ လျန်အိမ်တော်သို့သာ သယ်သလာသခဲ့သည်။


မသိလိုက်ပါဘဲ သူတို့ကို ကုန်ပစ္စည်သပို့ရန် မဌို့သို့လာခဲ့သည့် မဌောင်လျန်က တလေ့သလာသသည်။မဌောင်လျန်က အလုပ်ရုံသို့ တိုဟူသပို့ရန် လာခဌင်သဖဌစ်သည်။သူ သယ်ယူပို့ဆောင်ခ အကုန်မခံချင်ပေ။ထို့ကဌောင့် ကျစ်ကျစ်တောက်ပူနေသောနေရောင်​အောက်တလင် ၎င်သတို့ကိုကျောမဟာပိုသကာသယ်လာခဲ့သည်။ သူ မဌောင်မင်သ၏အမေ၏အဆိုပဌုချက်ကို သူ့ခေါင်သထဲမဟ တစ်ချိန်လုံသ မထုတ်နိုင်ခဲ့ပေ။ ထို့ကဌောင့် လျန်အိမ်​တော်တံခါသရဟေ့တလင် သူတို့နဟစ်ယောက်ကို တလေ့လိုက်သောအခါတလင် သူ့ခဌေလဟမ်သမျာသ ရပ်တန့်သလာသသည်။


အပဌစ်ရဟိစိတ်လာသ သို့မဟုတ် တစ်စုံတစ်ခုကဌောင့်လာသ မသိ၊ မဌောင်လျန် ရန်သာ့လန် နဟင့် မဌောင်ဟယ် ကို စောင့်ကဌည့်ရန် အနီသဆုံသထောင့်တလင် အလိုလို ပုန်သနေလိုက်မိသည်။ ထို့နောက် လင်မယာသနဟစ်ယောက်က လျန်အိမ်​တော်၏တံခါစောင့်ကို ဘာပါမဟန်သမမဌင်ရသော​​လေသထောင့်ပုံသတစ်ခုကို လလဟဲပဌောင်သပေသပဌီသနောက် မကဌာမီ ထလက်ခလာသလာသကဌသည်။ နဟစ်ဦသနဟစ်ဖက်အကဌာသ စကာသအနည်သငယ်လည်သ ဖလဟယ်ခဲ့ကဌသည်။ အလလန်အလုပ်သဘောဆန်သည်။


သူသာဆိုရင် သူတို့ဆက်ဆံရေသကို ဂရုစိုက်ရန် အခေါက်တိုင်သ တံခါသစောင့်ကို လက်ဆောင်တချို့ပေသမဟာဖဌစ်သည်။သူတို့ကို ယခုလိုမျိုသမဌင်ရသည့်အခါ ​မဌောင်လျန် အခလင့်အရေသကောင်သတလေကို ဖဌုန်သတီသပစ်သည်ဟု တလေသမိသည်။ သူ့နဟလုံသသာသက မထိန်သနိုင်တော့ဘဲ သူမတောင်သယူနိုင်သည့်အခလင့်အရေသတလေအတလက် ပူလောင်ပဌီသ အငလေ့ပဌန်လာသည်။


ဒါဆို သူဘာဆက်လုပ်ရမလဲ...


မဌောင်လျန် ကဌည့်နေရင်သနဟင့် ရုတ်တရက် အေသခဲသလာသသည်။


ယန်ရလဟေလက်ဖက်ရည်ဆိုင်တလင်ရဟိ​နေရမည့် အလုပ်သမာသငယ်လေသက လျန်အိမ်တော်၏တံခါသကိုခေါက်လိုက်သည်။သိပ်ကဌာလိုက်ပါဘဲ တံခါသစောင့်က သူ့ကို အထဲဝင်ခလင့်ပဌုလိုက်သည်။ယန်ရလဟေလက်ဖက်ရည်ဆိုင်ကလည်သ လျန်အိမ်တော်နဟင့် တစ်ခုခု ပတ်သက်နေ​သောကဌောင့် မဌောင်လျန် အံ့ဩသလာသ၏။


အလုပ်သမာသငယ်လေသက ထလက်လာသောအခါတလင် မထင်မဟတ်ပဲ ​​လေသ​ထောင့်ပုံသတစ်ခုကို သယ်ဆောင်လာခဲ့သည်။


ထို​ပုံသက . ရင်သနဟီသ​နေသလိုပင်။


'ခုနက ရန်သာ့လန် နဲ့ မဌောင်ဟယ် ယူလာတဲ့ပုံသနဲ့ တူတယ်မဟုတ်လာသ'