အခန်း ၈၄
"ရှောင်ဟွမ် ငါတို့လည်း ခြံထဲမှာ ဓာတ်ပုံရိုက်သင့်တယ်လို့ မင်းထင်လား?"
"ဘာဓာတ်ပုံတုန်း? ရှင့်ခွေးကိုက်ထားတဲ့ ပန်းပင်တွေပုံကို ရိုက်ချင်တာလား?"
"မဟုတ်ဘူး ငါတို့ ဓာတ်ပုံရိုက်ရမယ်!"
ကျန်းချန်ပေ့က ဓာတ်ပုံရိုက်ဖို့ ဆုံးဖြတ်ချက်ချလိုက်၏။ သူက ဘေးအိမ်သို့သွားကာ သူတို့ခြံထဲမှာ သူ့မိန်းမနဲ့ အတူတူ ဓာတ်ပုံရိုက်ချင်ကြောင်း အရှက်မဲ့စွာ ပြောလိုက်ရာ ချင်းရို့က သဘောတူလိုက်ပါသည်။
မစ္စတာကျန်းဟာ သူ့မိန်းမကို လှိုင်လှိုင်ပေါများနေတဲ့ ဟင်းရွက်စိုက်ခင်းဥယျာဥ်ရှေ့တွင် ဓာတ်ပုံရိုက်၍ သူ့ရဲ့ အရင်တုန်းက သူငယ်ချင်းကောင်းဆီသို့ ဓာတ်ပုံတွေကို ပေးပို့လိုခဲ့သည်။
ထို့ကြောင့် ခြံထဲမှာ သူထယ်ထိုးတဲ့အကြောင်း၊ ဟင်းသီးဟင်းရွက်တွေနဲ့ ပန်းပင်တွေကို စိုက်ပျိုးနေတဲ့အကြောင်း၊ သူ့မိန်းမကို ပျော်ရွှင်အောင် ဘယ်လိုကြိုးကြိုးစားစား လုပ်ဆောင်နေတဲ့အကြောင်း... စသဖြင့် ရေးသားထားတဲ့ စာတစ်စောင်နဲ့ တွဲကာ ပို့လိုက်လေ၏။
ဘာပဲဖြစ်ဖြစ် သူပြောခဲ့တာတွေက အမှန်ပဲလေ။ တစ်ဖက်သားက ဘယ်လိုထင်သလဲဆိုတာတော့ သူနဲ့ ဘာမှမဆိုင်ပါဘူး။
***
ချင်းရို့တို့ ဇနီးမောင်နှံဟာ အိမ်မှာပဲ တစ်နေကုန် အတူတူနေခဲ့ကြသည်။ နောက်တစ်နေ့ မနက်စောစော အရုဏ်မတက်မီတွင် သူတို့နှစ်ယောက်က ချင်းမျန့်တို့မိသားစုနဲ့အတူတူ နေထွက်တာကိုကြည့်ဖို့ ကမ်းခြေသို့ သွားကြ၏။ ထိုအချိန်တွင် ဒီရေကျသွားသဖြင့် ကျယ်ပြောတဲ့မြေပြန့်မှာ ပေါ်လာခဲ့သည်။
နေထွက်ချိန်၌ ပင်လယ်ရေမျက်နှာပြင်မှနေထွက်လာပေသည်။ ထိုအချိန်တွင် အလင်းရောင်တန်းတွေဟာ လူတွေကို မျက်လုံးမဖွင့်နိုင်လောက်အောင် လွန်စွာ တောက်ပနေချေပြီ။ ကောင်းကင်ရဲ့ အရောင်ဟာ အလွန်လှပလာသလို ကောင်းကင်ထက်က တိမ်တွေဟာလည်း မြန်ဆန်စွာ ပြောင်းလဲနေလျက် လှိုင်းလုံးများကဲ့သို့ လူးလိမ့်နေလေ၏။
ချင်းရို့က ရေစိုခံဖိနပ်ထူထူကို ၀တ်ဆင်ထားပြီး လက်တစ်ဖက်တွင် အပြာရောင်ပုံးတစ်ပုံးနှင့် နောက်တစ်ဖက်တွင် ပလာယာရှည်တွေကို ကိုင်ဆောင်ကာ စိတ်ဝင်စားစွာဖြင့် ကမ်းခြေဆီသို့ ပျော်ပျော်ကြီး လျှောက်သွားခဲ့သည်။ လုယန်က သူမ မတော်တဆ ချော်မကျအောင်လို့ သူမနောက်က အနီးကပ်လိုက်နေခဲ့၏။
လုယန်ဟာ မည်သည့်ကိရိယာကိုမျှ မယူဆောင်လာခဲ့ဘဲ ထီးတစ်လက်နှင့် နေကာဦးထုပ်နှစ်လုံးကိုသာ ယူလာခဲ့၏။ ချင်းရို့ ပြုလုပ်ထားပေးတဲ့ နေရောင်ကာအင်္ကျီကိုလည်း သူ့ကိုယ်ပေါ်မှာ ချိတ်ထားလျက်။
"ကျွန်မတို့ ဘယ်လိုလုပ် ချော်ကျမှာတုန်း? ဒီလောက် ဖြေးဖြေးလေး လျှောက်နေတာကို ရှင်မြင်ရဲ့သားနဲ့"
"ရှင် ကျွန်မကို ပင်လယ်ဆီ လိုက်ပို့ပေးတာ ဒါပထမဆုံးအကြိမ်နော်"
ချင်းရို့ ပင်လယ်စာသေးသေးလေးတွေကို ရှာဖွေရန် ရတနာတွေကို ကြိုးကြိုးစားစား တူးဖော်နေခဲ့၏။ ဒီရေကျသွားတဲ့အခါ ကမ်းပေါ်မှာ လက်ဆောင်တွေအများကြီး ကျန်ခဲ့တာပဲလေ။
ပင်လယ်ထဲက သတ္တဝါတော်တော်များများက သူတို့ရဲ့အိမ်မှာ အိပ်နေကြတုန်းပါပဲ။
ကြယ်ငါးသေးသေးလေးများစွာလည်း ကမ်းခြေမှာ ပြန့်ကျဲနေကြလျက်။ ချင်းရို့ ပင်လယ်စာတွေ လာဖမ်းတဲ့အချိန်တိုင်း ကြယ်ငါးလေးတွေနဲ့ ကစားရတာ နှစ်ခြိုက်သလို ၄င်းတို့ရဲ့ လက်တံတွေကို တို့ထိပြီး ကောင်းမှုလုပ်တဲ့အနေနှင့် ရွှံ့ရေထဲသို့ ပစ်ထည့်ပေးတတ်သည်။ ရွှံ့ထဲမှာစိမ်ပြီး နေပူထဲမှာ အချိန်အကြာကြီး အခြောက်ခံလိုက်ရင် ခြောက်သွေ့နေတဲ့ ကြယ်ငါးလေးတွေဖြစ်လာမှာ သေချာတယ်လေ။
သံပခြုပ်လေးကိုလည်း ကောက်ယူကာ တို့ထိခဲ့ပါသေးသည်။
"ကြည့်စမ်း၊ ဒီကဏန်းက ဘာအတွက်ပြေးနေတာတုန်း? ငါကလည်း နင့်ကို မလိုချင်ပါဘူးနော်။ နင် ဒီလောက်ရုပ်ဆိုးတာကို ငါကလည်း ကဏန်းကြော်ကို မုန်းတယ်ဟဲ့"
"ဝေါင်း အဲဒါက အကြီးကြီးပဲ"
"ပြည်ကြီးမျှော့တစ်ကောင်ကို ကောက်လိုက်ပြီ"
…
လုယန်က ကမ်းခြေတစ်ပြင်လုံးရှိ ပင်လယ်စာလေးတွေကို ရွံ့ရှာစွာဖြင့် ကြည့်နေကာ ကောက်ယူလိုစိတ်မရှိပါချေ။
သို့သော်လည်း သူ့ဇနီးလေးကတော့ အရမ်းတက်ကြွနေကာ ရှေ့သွားလိုက် နောက်ပြေးလိုက် လုပ်နေလေ၏။
"ပင်လယ်ကင်းခြေ —" အား... ဒါဟာ အကောင်းဆုံးငါးစာဖြစ်သော်လည်း ၄င်းဟာ အရုပ်ဆိုးလွန်းတာမို့ ချင်းရို့က လုယန်ရဲ့ လက်တွေကို ပွတ်သပ်လိုက်သည်။
သူမ ပင်လယ်ကင်းခြေတွေကို ကြည့်ရတာ မုန်းတယ်လေ။
လုယန်က သူ့ဇနီးလေးကို ဝမ်းသာအားရ ပွေ့ဖက်လိုက်သည်။
အစ်မဖြစ်သူ ချင်းမျန့်နဲ့ ခဲအို ချန်မျန့်တို့လည်း အနီးနားမှာ ရှိနေကြ၏။ သူမရဲ့ ညီမလေးက အရသာရှိတဲ့ စားစရာတွေကို လေးလေးနက်နက် တူးနေတယ်၊ ချန်မျန့်ကတော့ ပတ်ပတ်လည်ကို ကြည့်နေကာ ပညာရပ်ဆိုင်ရာ စူးစမ်းလေ့လာခြင်းတွေ ပြည့်နှက်နေလျက်။ ကလေးလေးနှစ်ယောက်ကတော့ အရူးအမူး ပျော်မြူးနေကာ ကဏန်းလေးတွေ၊ ကြယ်ငါးလေးတွေ အများကြီး ဖမ်းနေကြတယ်။
"သူတို့ကိုကြည့်ပါဦး၊ သူတို့အားလုံး ရူးနေကြပြီ"
လူတစ်ချို့သာ ကစားဖို့ ထွက်လာခဲ့ကြသည်ပင်။ သူမရဲ့ ယောက္ခမကြီးက ကျင်းရိလေးကို အိမ်မှာ စောင့်ကြည့်နေပေးခဲ့သည်။ ချန်မိသားစုက လုချန်အနီးတွင် အခြေချခဲ့ပြီဖြစ်သည်။ ချန်မျန့်က အလယ်တန်းပြဆရာတစ်ယောက် မဖြစ်ချင်ခဲ့။ သူက ဆရာတစ်ယောက်လုပ်ရရင်တောင်မှ မူလတန်းပြဆရာဖြစ်ချင်ရုံလေးသာ။
ဖြစ်ချင်တော့ ကျောင်းတွင်လည်း ဆရာ၊ ဆရာမတွေ နည်းပါးနေလေ၏။ ဆရာ၊ ဆရာမ အများစုမှာ ရွာကကျောင်းသားတွေပဲဖြစ်ကြ၏။ ချန်မျန့် မကြိုက်တာမျိုး မဟုတ်ပေ။ သူက မူလတန်းကျောင်းရဲ့ အထွေထွေဘာသာရပ်ဆရာတစ်ဦးဖြစ်လာခဲ့သောကြောင့် သူ့မိသားစုသည်လည်း ကျောင်းအဆောက်အဦးမှာပဲ နေထိုင်ဖြစ်ကြလေ၏။
ချန်မိသားစု ဤဒေသသို့ ပြောင်းရွှေ့လာသောအခါတွင် ပစ္စည်းအများအပြားကို ရောင်းချပြီး အစားထိုးခဲ့ပြီးဖြစ်သည်။ သူတို့ဒီကိုရောက်တဲ့အခါ ချင်းမျန့်က တစ်ပတ်ရစ်စက်ဘီးတစ်စီးနဲ့ အပ်ချုပ်စက်ဝယ်ကာ မိသားစုကို ထောက်ပံ့ဖို့အတွက် အဝတ်အစားတွေ ချုပ်ပေးပါသည်။
ဘဝဟာ အေးချမ်းတည်ငြိမ်လှသဖြင့် ချန်မိသားစုက အရမ်းသဘောကျကြလေသည်။ အထူးသဖြင့် ချန်မိသားစုရဲ့ အမျိုးသားတွေပင်။ သူတို့က ကျွန်းပေါ်ရောက်တဲ့အခါ ပိုလို့တောင် သန်မာအကြမ်းခံလာလေ၏။
အဘိုးအိုဆိုရင် သူ့မြေးငယ်လေးကို မနက်တိုင်း မူကြိုလိုက်ပို့ပြီးနောက် ဈေးဝယ်သွားတာ၊ လမ်းလျှောက်ထွက်တာ၊ ဒါမှမဟုတ် မူလတန်းကျောင်းသားလေးတွေကို ဟင်းသီးဟင်းရွက်တွေနဲ့ သီးပင်စားပင်တွေ စိုက်ပျိုးကြဖို့ ခေါ်သွားပေးတာ၊ ဒါမှမဟုတ် ကမ်းခြေမှာ တစ်ယောက်တည်း လမ်းလျှောက်ထွက်တတ်လေ၏။
ကျေးလက်ကလူတွေဟာ ရိုးရိုးရှင်းရှင်းနဲ့ ဧည့်ဝတ်ကျေကြသူများပင်။ ချန်မျန့်က မူလတန်းကျောင်းသားလေးများစွာကြောင့် မကြာခဏ ဒေါသထွက်ရပြီး သူ့ဘဝကို သူ သံသယဝင်မိသော်လည်း အဲဒီမျောက်ကလေးတွေဟာ တစ်ခါတစ်ရံတွင် အလွန်ကြင်နာနွေးထွေးတဲ့ စိတ်ထားရှိကြ၍ လူတွေကို တစ်ချိန်တည်းမှာ အချစ်ရော အမုန်းပါ ဖြစ်တည်စေလေရဲ့။
ချင်းမျန့်က ချင်းရို့ကို စိတ်ဝင်စားစရာတွေ အများကြီးပြောပြခဲ့ပြီး ချင်းရို့ကိုတောင် ရယ်မောစေခဲ့၏။
ကလေးတွေဆိုတာက သူတို့ ပိုမိုငယ်ရွယ်လေလေ နတ်ဆိုးနဲ့ နတ်သမီး ပေါင်းစပ်ထားသလိုပါပဲနော်။
ချန်မိသားစုမှာ ကျွန်းကို အလွန်နှစ်သက်သွားကြပြီး ကျွန်းပေါ်မှာပဲ လုံးဝအခြေချနေထိုင်ရန် ဆုံးဖြတ်ခဲ့သည်။
နှင်းတွေ ထူထပ်စွာကျနေသင့်တဲ့အချိန်မှာ ဒီလိုတောက်ပတဲ့ နေရောင်ခြည်ကို မြင်ရတာဟာ လူတွေရဲ့နှလုံးသားကို ကြည်လင်လာစေ၏။
နေဟာလည်း ပို၍ ပို၍ ကြီးလာလေရဲ့။
ကမ်းခြေတွင် သူတို့နှစ်ယောက်က ထီးကိုင်ထားပြီး ချင်းရို့က သူမရဲ့ ဘေးနားရှိ အမျိုးသားရဲ့ လက်ကို ကိုင်ထားရင်း ခြေဗလာဖြင့် ကျောက်စရစ်ခဲပေါ်တွင် လျှောက်သွားနေကာ ပင်လယ်ရေတိမ်တိမ်လေးဟာ ညင်ညင်သာသာလေး ဖြတ်ကျော်သွားကာ လူနှစ်ယောက်ရဲ့ ခြေရာတွေ ကျန်ခဲ့ပါတော့သည်။
ကမ်းရိုးတန်းတွင် စွဲမက်ဖွယ်ကောင်းတဲ့ အုန်းပင်များစွာရှိလေသည်။ ချင်းရို့က အုန်းပင်တွေပေါ်မှာ တက်လိုက်ဆင်းလိုက် ခုန်ပေါက်နေတဲ့ ရှဥ့်လေးတွေကို တွေ့လိုက်ရ၏။ အစကတော့ သူမက ကြွက်လို့ ထင်ခဲ့သော်လည်း နောက်ပိုင်းမှသာ အဲဒါဟာ ရှဉ့်သေးသေးလေးတွေဖြစ်မှန်း သိခဲ့ရပေသည်။
ဒီမှာ ရှဥ့်သေးသေးလေးတွေ အများကြီးရှိတာပဲ။
ဤနေရာတွင် ရှဥ့်မွေးနိုင်မလားလို့ ချင်းရို့ ဒေသခံအဒေါ်ကြီးတွေကို မေးဖူးပါသည်။ သူတို့က မမွေးကြဘူးလို့ဆိုကာ အဲဒီရှဥ့်လေးတွေက ဆိုးသွမ်းပြီး သွက်လက်ကြလို့ သူတို့ကို ဖမ်းရခက်တယ်လို့ ပြောပြခဲ့သည်။
ဒါပေမယ့် သူတို့လေးတွေဟာ အမြီးရှည်ရှည်လေးနဲ့ အတော်လေး ချစ်စရာကောင်းလှ၏။
အရင်ကတော့ သူမအိမ်ကိုလာပြီး အုန်းသီးလာခိုးတဲ့ ရှဉ့်သေးသေးလေးတစ်ကောင်ရှိခဲ့ပြီး သူမဆီက အဖမ်းခံလိုက်ရ၏။ သို့သော် သူမဟာ ကြင်နာတတ်တဲ့သူတစ်ယောက်မို့ ရှဥ့်လေးကို တောင်ပေါ်ပြန်လွှတ်ပေးခဲ့ပါသည်။
ကမ်းခြေကပြန်လာတဲ့အခါ ချင်းရို့က ချင်းမျန့်ကို သူမရဲ့ကိုယ်ဝန်အကြောင်း ပြောပြလိုက်၏။
ချင်းမျန့်က အလွန်ပျော်ရွှင်သွားကာ သူမအား အကြောင်းအရာများစွာကို ပြောပြလေသည်။
"အစ်မဟွားဟွား၊ အစ်မဟွမ်၊ အစ်မယန်... သူတို့လည်း ပြောပြကြပါတယ်ဟာ"
Thanks for reading!