‘’ရှအန်း’’
‘’ညီမလေး’’
ရှအန်း ရုတ်တရက် သူမ မျက်လုံးများအားဖွင့်လိုက်သည်။ ဇွန်ဘီများ၏စားသောက်ခြင်းအား ခံရတော့မည့် သူမသည် သန့်ရှင်းပြီး နူးညံ့သောနေရာတွင် အိပ်ပျော်နေသည်အား တွေ့ရှိလိုက်သည်။
အဖြူရောင်စောင်၊ လတ်ဆက်သောလေထု၊ ထို့နောက် မွှေးပျံ့နေသော ရေမွှေးနံ့…
တစ်ခုခုတော့ မှားနေပြီ…
ကမ္ဘာပျက်ကပ် အတွေ့အကြုံရှိထားသော ရှအန်း နိုးနိုးကြားကြားဖြစ်သွားကာ ချက်ချင်းပင် စောင်ကိုဖယ်ပြီး အိပ်ယာမှ ထဖို့ ကြိုးစားလိုက်သည်။ သို့သော်လဲ သူမစောင်ကိုဖယ်လိုက်စဉ်တွင် ’ ဒီ…ဟာ…က.. ငါ့လက်လား’
ရှအန်း သူမ လက်ဖဝါးအား ကြည့်လိုက်သည်။ ဖြူဖွေးနေသော်လည်း ခြောက်သွေ့နေသောလက်ချောင်းများသည် အရိုးအဆစ်များမှ ပြူးထွက်နေလေသည်။ သူမ ချက်ချင်းပဲ အေးခဲသွားသည်။
ကမ္ဘာပျက်ကပ် နေ့ရက်များ၌ ကံကောင်းစွာဖြင့် သူမတွင်စွမ်းအားများရှိလာသည်။ ထိုစွမ်းအားသည် သူမအား ပိုမိုလှပလာစေသည်။
တစ်နေ့ပြီး တစ်နေ့ တခြားသူတွေထက်ပိုလှပလာသည်။
မည့်သည့်ပတ်ဝန်းကျင်၌ နေထိုင်နေပါစေ၊ မည်မျှပင် သူမ ဆာလောင်နေပါစေ၊ မည်မျှပင် အာဟာရအစာများစားနေပါစေ၊ မည်မျှပင် သူမ ကျန်းမာနေပါစေ၊ သူမခန္ဓာကိုယ်တွင်းတွင် သန့်စင်နေပြီး အချိန်တိုင်း သန့်ရှင်းခဲ့သည်။ ထို့ကြောင့် သူမသည် ဘယ်တုန်းကမှ ညစ်ပတ်ခြင်း၊ ပိန်ကပ်ခြင်း မရှိခဲ့ပေ။
သူမ ခန္ဓာကိုယ်သည် ဖြူဖွေးနူးညံ့ သန့်ရှင်းပြီး ကျန်းမာသည့်အတွက် ကမ္ဘာပျက်ကပ် နေ့ရက်များတွင် သူမရှင်သန်နေသည်ဟုပင် မထင်ရပေ။
ထိုလှပသောခန္ဓာကိုယ်သည် များပြားလှသော ပြသနာများအား ဖြစ်စေသည့်အတွက် သူမ မလိုချင်ခဲ့သော်လဲ ယခုမြင်နေရသည့်လက်မှာတော့ သူမကိုယ်ပိုင် လက်များမဟုတ်သည်အား နားလည်သည်။
သူမသည် သူမ၏စွမ်းအားကြောင့် သူမ၏မျက်နှာကြောင့် သူတိုင်း၏စိတ်ဝင်စားခြင်းကို ခံရသူဖြစ်သည်။
ဘာတွေဖြစ်ကုန်တာလဲ…
ရှအန်း သံသယအပြည့်ဖြင့် ပတ်ဝန်းကျင်အား လှည့်ကြည့်လိုက်သော်လဲ ပို၍ ပဟေဠိဖြစ်လာသည်။
အရာအားလုံးသည် ထူးဆန်းနေပြီး ကမ္ဘာပျက်ကပ်နှင့် မအပ်စပ်ပေ။ သူမ ပတ်ဝန်းကျင်အား လေ့လာနေစဉ် ရုတ်တရက် သာယာနာပျော်ဖွယ်တီးလုံးသံ ကြားလိုက်ရသည်။
ဖုန်းလား …
ရှအန်းသည် နဘေးရှိ အဖြူရောက်စားပွဲပေါ်၌ ကမ္ဘာပျက်ကပ်နေ့ရပ်များတွင် မတွေ့ခဲ့ရသည့် ဖုန်းအားတွေ့လိုက်ရကာ ခေတ္တခဏ ကြောင်အန်းသွားသည်။
ရှအန်းသည် အနည်းငယ် အံ့ဩစွာဖြင့် ဖုန်းအားကိုင်လိုက်သည်။
ဖုန်းပေါ်တွင် ‘အေးဂျင့် အစ်မကျန်း’ ဟုဖော်ပြနေသည်။ ရှအန်း အသက်ပြင်းပြင်းရှုကာ ဖုန်းကိုင်လိုက်သည်။
‘’ဟေး…’’
ထိုမျှပြောရုံရှိသေး သူမလည်ချောင်းသည်ခြောက်ကပ်နေသည့်အတွက် ရက်ပေါင်းများစွာ ရေမသောက်ရသေးမှန်း သိသွားသည်။ သူမ အသံသည် အက်ရှနေသည်။
‘’ ရှအန်း… နင်ဘာတွေလုပ်နေတာလဲ… ဒီလောက်ရက်တွေအများကြီး ဖုန်းလဲမကိုင်ဘူး… တံခါးလေးတောင်ထမဖွင့်ဘူး… နင်ဘာလုပ်ဖို့ကြံနေတာလဲ…’’
ဖုန်းကိုင်လိုက်သည်နှင့်တပြိုင်နက် ရှအန်းသည် တဖက်မှ မကျေနပ်သည့်အသံဖြင့် သူမအားပြောနေသည်ကို ကြားလိုက်ရသည်။
သူမ ဘာမှ ပြန်မဖြေပေ။ တဖက်မှဖုန်းပြောသူသည် သူမအေးဂျင့်ဖြစ်ပြီး မှာတမ်းခြွေတော့သည်။
‘’ ရှအန်း… ငါပြောမယ်.. ဒီတကြိမ်တော့ နင် ဘယ်လောက်ပဲထွက်ပြေးပြေး အဲ့ဒါက အသုံးဝင်မှာ မဟုတ်ဘူး.. ငါပြောမယ်.. နင်တော့ ဒီတခေါက်သွားပြီ.. အရာအားလုံးသွားပြီပဲ… တရားမဝင်ကလေးရှိတယ်တဲ့… အဲ့အရိုင်းအစိုင်းကလေးဘယ်ကလာလဲဆိုတာ ငါတောင်မသိဘူး… ငါ ပြောမယ်… နင်က လှပြီး နောက်ခံကောင်းတဲ့ရွှေပေါင်လုံးရှိရင်တောင် နင့်ဘဝ သွားပြီဟဲ့ သွားပြီ’’
တဖက်ဖုန်းမှ နှစ်မြို့ဖွယ်မကောင်းသည့် စကားများအား သူမ နားထောင်ပြီးနောက် သူမ မျက်နှာသည် ပိုလေးနက်လာသည်။
တရားမဝင်ကလေး …
အရိုင်းအစိုင်းကလေး…
ရွှေပေါင်လုံး…
ဘာတွေလဲ…
‘’ပြောလို့ပြီးပြီလား… ဘာပြောချင်တာလဲ…’’
ရှအန်း သူမ၏အက်ရှနေသည့် လေသံဖြင့်ပြောလိုက်သည်။ သူမ နှလုံးသားထဲမှ သံသယများဖြင့် ထိုအမျိုးသမီးနှုတ်မှ ထွက်ပေါ်လာမည့်အချက်အလက်အများအား ပိုရရှိရန် ကြိုးစားလိုက်သည်။
‘’ ကုမ္ပဏီက နင့်ရဲ့စာချုပ်ကို ဖျက်သိမ်းလိုက်ပြီ… ငါလဲ နင့်အေးဂျင့်ဖြစ်တော့မှာ မဟုတ်ဘူး… နင် လက်မှတ်ထိုးထားတဲ့ ပရိုဂရမ်ကိုလဲ နင်ကိုယ်တိုင် ဖျက်သိမ်းလိုက်တဲ့အတွက် လျော်ကြေးဘယ်လိုပေးမလဲ စဉ်းစားထား’’
ထိုစကားပြောပြီးသည်နှင့် ဖုန်းကျသွားကာ ရှအန်းသည်လဲ ကြောင်အပြီးကျန်ခဲ့လေသည်။
‘’တီ…တီ…တီ…’’
ဖုန်းကျသွားသည့်အသံကြောင့် ရှအန်း သတိပြန်ဝင်လာသည်။ အရာအားလုံးကို နားမလည်သော်လဲ သူမ၏ ယခုလက်ရှိအခြေအနေမှာ အတော်လေးဆိုးနေမှန်း သေချာသွားသည်။
ဖုန်းအား ဘေးသို့ချလိုက်ကာ အိပ်ယာမှထလိုက်စဉ် သူမ၏ခြေလက်များမှာတောင့်တင်းနေပြီး အားမရှိသလို ခံစားလိုက်ရသည်။ သူမသည် ပိန်ကပ်နေသော ခြေလက်များအားကြည့်ပြီး စားပွဲဘေးတွင်တင်ထားသော ပုလင်းတစ်လုံးအပေါ်မှ စာလုံးများအား ဖတ်လိုက်မိသည်။ ရုတ်တရက်ပဲ ဒီခန္ဓာကိုယ်သည် သူမ၏ခန္ဓာကိုယ် မဟုတ်မှန်း ရှအန်း သဘောပေါက်သွားသည်။
သူမသည် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံခဲ့သော သူ၏ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းသွားခဲ့သည်။
‘အိပ်ဆေး… သေတမ်းစာ’
ရှအန်းသည် အိပ်ဆေးပုလင်းနှင့် သူမလက်ထဲမှ သေတမ်းစာအား ကြည့်လိုက်သည်။ ကြောက်စရာကောင်းလှစွာဖြင့် ထို့သေတမ်းစာပေါ်မှလက်ရေးသည် သူမ၏လက်ရေးနှင့် ထပ်တူကျနေသည်။
(အသက်ရှင်ဖို့အရမ်းခက်ခဲလွန်းတယ်… ငါအနားယူချင်နေပြီ… နှုတ်ဆက်ပါတယ် ဖုရှန်း )
ဖုရှန်း…
ထိုနာမည်အား သူမ ရင်းနှီးနေသည်။
သူမ မျက်လုံးအားပွတ်လိုက်ကာ စာအားနောက်တကြိမ်ဖတ်လိုက်သည်။ ထို့နောက် သူမ မည့်သည့်သဲလွန်စမှ မရရှိတော့သည့်အတွက် စာအားဘေးသို့ဖယ်လိုက်သည်။
ယခု မူလခန္ဓာကိုယ်ပိုင်ရှင်သည် သူမ အမည် ရှအန်း နှင့်အတူတူပင်ဖြစ်ပြီး ကြယ်ပွင့်တစ်ယောက်ဖြစ်သည်။
သူမ၏ တရားမဝင်သားအား ထုတ်ဖော်ခံလိုက်ရပြီးနောက် အိပ်ဆေးသောက်ကာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံလိုက်သည်။
ထို့နောက် ဖုရှန်း …. ထိုလူသည် သူမနှင့်အသက်ဆိုင်ဆုံးသူ ဖြစ်နိုင်သည်….
ဇီဝဓာတုပြသနာများနှင့်အရာအားလုံးမရှိသည့် ကမ္ဘာပျက်ကပ်မှ အေးချမ်းသောကမ္ဘာသို့ သူမ ကူးပြောင်းလာတာလား….
ထိုအတွေးဖြင့် သူမ မျက်ဝန်းများ တောက်ပသွားသည်။ သူမ မူလပိုင်ရှင်အကြောင်းဆက်မစဉ်းစားတော့ပဲ မီးဖိုချောင်ထဲသို့ ပြေးဝင်သွားတော့သည်။
မရင်းနှီးသည့်အိမ်ပုံစံကြောင့် သူမ အနည်းငယ်မျက်စိလည်သွားသော်လဲ မီးဖိုချောင်အား ရှာတွေ့လိုက်သည်။ သူမသည် ပြုံးလိုက်ပြီး ရေခဲသေတ္တာအား ဖွင်လိုက်ချိန်မှာတော့…
‘’ဒီမှာဘာတွေရှိ….’’
ရေခဲသေတ္တာထဲမှ ရေနှင့်အသီးအရွက်များကြောင့် သူမ မျက်နှာပေါ်မှ အပြုံးများ အေးခဲသွားသည်။
’ မဟုတ်ဘူးလေ… အသားလေးတစ်တုံးလောက်တောင် အိမ်မှာမရှိဘူးလား’
ရှအန်းသည် အစိမ်းရောင်အစားအစာများအားကြည့်လိုက်ပြီး လတ်ဆတ်သည့် ခရမ်းချဉ်သီးအားယူလိုက်သည်။
တစ်ချက်ကိုက်ကြည့်လိုက်ရုံဖြင့် ခရမ်းချဉ်သီး၏ ချိုပြီးချဉ်သည့် အရသာအား သူမပါးစပ်ထဲတွင် ခံစားလိုက်ရသည်။
‘အိမ်မှာ အသားမရှိလဲ ဘာမှမဖြစ်ဘူး’
‘အား… လတ်ဆတ်တဲ့အသီးတွေက အရမ်းအရသာရှိတာပဲ’