အပိုင်း ၂
Viewers 29k

ရှအန်း ကျေနပ်စွာဖြင့် ရေခဲသေတ္တာထဲမှ အသီးအနှံများအားယူကာ နှစ်ပေါင်းများစွာ အသီးမစားခဲ့ရသော သရဲတစ်ကောင်ကဲ့သို အငမ်းမရ စားသောက်တော့သည်။

" အို. ..."

ထိုနောက် သူမ ၏ ပြည့်တင်းဖောင်းကားသွားသော ဝမ်းဗိုက်အားကြည့်လိုက်ပြီးနောက် အိပ်ခန်းထဲသို့ ပြန်သွားတော့သည်။

အိမ်ကို အိပ်ခန်း ၃ ခန်းနှင့် ဧည့်ခန်းတစ်ခန်းဖြင့် ဖွဲစည်းထားသော်လည်း အိပ်ယာတစ်ခုတည်းသာ တွေ့သည့်အတွက် မူလပိုင်ရှင်က တစ်ကိုယ်တည်းနေလေ့ရှိပုံပေါ်သည်။

မာစတာအိပ်ခန်းနှင့် ရိုးရိုးအိပ်ခန်းအား တွဲထားသည်။ ထိုကြောင့် ကြီးမားသည့်အိပ်ခန်းနှစ်ခန်းသည် အိပ်ခန်းတစ်ခန်းသာဖြစ်သွားသည်။

တဖက်တွင် မူလပိုင်ရှင် ၏ အဝတ်အစားများထားသည့်နေရာဖြင့်ပြည့်နေသည်။ အိပ်ခန်းသည် သန့်ရှင်းနေပြီး အခန်းဒီဇိုင်းမှာလဲ မိန်းကလေးဆန်လှသည်။ အိပ်ခန်းထဲရှိ ခရင်မ်ရောင်စားပွဲပေါ်တွင် ပန်းနုရောင်ကွန်ပျုတာတစ်လုံးအား တင်ထားလေသည်။

သူမ ချက်ချင်းပဲ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ မူလခန္ဓာကိုယ်ပိုင်ရှင်သည် ကြယ်ပွင့်တစ်ယောက်ဖြစ်သော်လည်း နာမည်ကြီးခြင်း မကြီးခြင်းအား သူမ သိပ်စိတ်မဝင်စားပေ။ အင်တာနက်ရှိနေသည့်အတွက် သူမ လိုချင်တာအား ရှာဖွေနိုင်လေသည်။

ထိုအကြောင်းအားတွေးရင်း ရှအန်း ကွန်ပျုတာအားဖွင့်လိုက်သည်။

ကမ္ဘာပျက်ကပ်တွင် အချက်အလက်များအားရှာတွေ့ရန် ခက်ခဲသော်လည်း ထိုအချိန်မတိုင်ခင်က သူမသိလိုသမျှအား ကွန်ပျူတာသုံးကာ ရှာလေ့ရှိသည်။ ထို့ကြောင် သူမ လိုချင်သည် အချက်အလက်များအား ရှာလိုက်လေသည်။

သူမသည် မူလရှအန်း ၏သတင်းများအား တွေ့ပြီးနောက် အသက်ရှုကြပ်ကာဆိုနင့်သကဲ့သို ခံစားလိုက်ရသည်။

[အမျိုးသားများ ၏အချစ်ဦးဖြစ်သူ ရိုးသားလွန်းသည့် သရုပ်တောင်ရှအန်းတစ်ယောက်အကြောင်း အမည်မသိအရိုင်းစိုင်းကောင်တစ်ကောင်မှ ဖော်ထုတ်လိုက်ခြင်း]

[ရှအန်း ၏ သန့်စင်လှသောပုံရိပ်မှာ သူမအတွက် စျေးကွက်ရှာဖွေခြင်းဖြစ်ပြီး တကယ်တမ်းတွင် သူမ ၏ကိုယ်ပိုင်ဘဝသည် အလွန်ရှုပ်ထွေးလှကြောင်း.... နှစ်အစတုန်းက ပိုမြင့်သောနေရာအား တွယ်တက်နိုင်ရန်အတွက် တခြားစုံတွဲ ၏ဆက်ဆံရေးကြားတွင် တတိယလူအနေဖြင့်ဝင်ပါခဲ့ခြင်း]

[ကြီးမြတ်လှသောရှအန်းတစ်ယောက် သူမ ညီမ ၏မင်္ဂလာပွဲတွင် ပါဝင်ပတ်သတ်ကာ ဘယ်ကမှန်းမသိသည့် ကလေးတစ်ယောက်ဖြင့် ယောကျာ်းတစ်ယောက်အပေါ်တွင် ဦးထုတ်စိမ်းဆောင်းပေးခြင်း]

[ယခုအချိန်တွင် ရှအန်းသည် ထိုတရားမဝင်သားအား သီးသန့်နေရာတစ်ခုသို့ တစ်ပတ်ခန့်ပို့ထားကာ ထိုကလေးအားပြန်လည်ခေါ်ယူရန် တွန့်ဆုတ်နေခြင်း]

..........

ကွန်ပျူတာစခရင်ပေါ်မှ သတင်းများအားကြည့်ရင်း မည်သိုသောကမ္ဘာသို့ ကူပြောင်းလာမှန်း ရှအန်းနားလည်သွားသည်။ ဖုရှန်းအမည်အား ဘာကြောင့်ရင်းနှီးနေမှန်း သူမနားလည်သွားသည်။

အဘယ်ကြောင့်ဆိုသော်...

သူမသည် မယ်ရီဆူးအမျိုးသမီးဇာတ်ဆောင်ပါဝင်သော ခွေးသွေးဝတ္ထုထဲသို ကူးပြောင်းလာခြင်းဖြစ်သည်။
(T/N: ခွေးသွေးဝတ္ထုဆိုတာက အရမ်းကို ဇာတ်တာတဲ့ ဝတ္ထုမျိုးကိုပြောတာပါ)

ထိုအပြင် သူမသည် ဖျားနာနေသည့် ဗီလိန် ၏အမေနေရာသို့ ကူးပြောင်းခဲ့ပြီး ဖုရှန်း သည် အဓိကဇာတ်လိုက်မ၏အဖေ ဖြစ်လေသည်။

ရှအန်းသည် သူမဘာသာ ထိုစာအုပ်အား မဖတ်ခဲ့ပေ။ ပိုက်ဆံရှာရန်နှင့် ပစ္စည်းလဲလှယ်ရန် ခက်ခဲလှသော ကမ္ဘာပျက်ကပ်တွင် ထိုကဲ့သိုသောစာအုပ်မျိုးအား မည်သည့်အချိန်တွင် သူမ ဖတ်နိုင်မည်နည်း။

အမှန်တကယ်တွင် သူမ ၏ ဖျားနာနေသည့်ညီမလေးက ထိုစာအုပ်အားဖတ်ရန် နှစ်သက်သောကြောင့်ဖြစ်သည်။ ထိုအပြင့် သူမ ၏အလှတိုးခြင်းစွမ်းအားသည် သူမ ၏မှတ်ညာဏ်ကိုလဲ တိုးတက်လာစေသည်။ ထို့ကြောင့် သူမညီမ ပြောပြသည့်ဇာတ်လမ်းဇာတ်ကွက်များအား မှတ်မိနေခြင်း ဖြစ်သည်။

သိုသော်လည်း သူမ ညီမပြောသည့် စာအုပ်အားလုံး ၏ အကြောင်းအရာ အကုန်လုံးအား သူမ နားမထောင်ခဲ့ပေ။ ထိုစာအုပ်ထဲမှ အမြောက်စာဇာတ်ကောင် တစ်ကောင် ၏ အမည်မှာ သူမ အမည်နှင့်ဆင်တူသည့်အတွက် သူမထိုအကြောင်းအားနားထောင်ကာ မှတ်မိနေခြင်းဖြစ်သည်။

စာအုပ်ထဲမှ ရှအန်းသည် များပြားလှသောဇာတ်ကွက်တွင်မပါဝင်သော်လည်း သူမ မှတ်ညဏ်အတွင်းတွင်တော့ မျိုးစုံသောအဓိကဇာတ်ဆောင် အရံဇာတ်ပို့နှင့် ဗီလိန်များအား မှတ်မိနေသည်။

အဓိကဇာတ်လိုက်မ ဘက်မှကြည့်လျင် ရှအန်းသည် မကောင်းသောပုံရိပ်ရှိသည့် မိန်းမဆိုး လက်ဖက်စိမ်း ကြာပန်းဖြူ စသည်တို့ဖြစ်သည်။

အဓိကဇာတ်လိုက်မ၏ဖခင် ဘက်မှဆိုလျင် ရှအန်းသည် နူးညံ့သိမ်မွေ့သော ခနာကိုယ်နှင့် နုနယ်သောနှလုံးသား ရှိသူဖြစ်ကာ အရုပ်ကလေးတစ်ရုပ်ကဲ့သို့ ထိလိုက်သည်နှင့် အချိန်မရွေး ကျိုးပဲ့လွယ်သော ခရစ်စတယ်လေးဖြစ်သည်။

ထို့ကြောင့် သေကြောင်းကြံခြင်းနှင့် သေတမ်းစာကြောင့် ရှအန်းသည် အောင်မြင်စွာဖြင့် ဇာတ်လိုက်မဖခင်ဖြစ်သူ၏ အချစ်ဉီးဖြစ်သွားလေသည်။

သို့သော်လည်း သူမ၏သားအရင်းသည် သူမအားမုန်းလေသည်။ သူ့အားမွေးဖွားပြီး မည့်သည့်အရာမှ ထောက်ပံ့မပေးခဲ့ရုံသာမက သူသဘောအကျဆုံး အမျိုးသမီးဇာတ်လိုက်မသည် သူ့အား ဘယ်တုန်းကမှ မချစ်တော့၍ဖြစ်သည်။

အတိုချုပ်ပြောရလျှင် စာအုပ်ထဲမှ ဗီလိန်သည် သူ၏မိခင်အား အလွန်အမင်းမုန်းတီးလေသည်။ ထိုဗီလိန်သည် သက်တမ်းတိုကာအားနည်းသည့် သူ၏မိခင်အား အုတ်ဂူထဲမှ ဆွဲထုတ်ရမည့်အစား တွန်းချခဲ့သည်မှာ သနားစရာပင်ကောင်းလှသည်။ သို့သော်လည်း ထိုသက်တမ်းတိုလှသည့် ဗီလိန်သည် သူ၏အစ်မ အပေါ်တွင်တော့ ဆိုးသွမ်းသောသူမဟုတ်ပေ။ စာအုပ်ထဲတွင် သူမသည် အလွန် နူးညံ့ကာပျက်စီးလွယ်ပြီး ကလက်တက်တက်ဖြစ်လွန်းသည့်အတွက် အိမ်ရှင်မ၏မိခင်သည် သူမအားသဘောမကျပေ။

ဇာတ်လိုက်မဖြစ်သူ၏အဖွားမှ သူမအား သဘောမကျရသည့်အကြောင်းအရင်းမှာ မူလပိုင်ရှင်နှင့် ဇာတ်လိုက်မမိခင် တပြိုင်တည်း ပြန်ပေးဆွဲခံရသည့်အချိန်တွင် သူမ၏မိသားစုသည် အသုံးမဝင်သော မူလပိုင်ရှင်အားကယ်တင်ကာ အသိညဏ်ကြွယ်ဝသော ဇာတ်လိုက်မမိခင်သည်သည် လွတ်မြောက်သွားလေသည်။ အကျိုးရလဒ်အနေဖြင့် သူမသည်တောင်ပေါ်ရွာလေးတစ်ရွာသို့ ရောင်းစားခံလိုက်ရလေသည်။

ဇာတ်လိုက်မ၏မိဘများက သူမအား မွေးစားခဲ့သည့်အပြင့် အလိုလိုက်ထားလေသည်။ ထို့နောက်တွင်တော့ ရှ မိသားစုသည် အဓိကဇာတ်လိုက်မအား တွေ့ရှိခဲ့ပြီးနောက် သူမသည် မူလကိုယ်ခန္ဓာကိုယ်ပိုင်ရှင်အား အပြစ်တင်ခဲ့လေသည်။

ထို့ကြောင့် မူလပိုင်ရှင်သည် ဝမ်းနည်းဖွယ်ရာကောင်းသော ဘဝတိုတိုလေးသာပိုင်ဆိုင်လေ။

ရှအန်း စခရင်ပေါ်မှ ကလေးပုံအားကြည့်လိုက်သည်။ ပုံထဲမှ ကလေးသည် ငါးနှစ်ခန့်သာရှိပြီး အသားဖြူကာ နူးညံ့ပြီး ချစ်စဖွယ်ကောင်းလွန်းသည်။ သို့သော်လည်း ထိုချစ်စဖွယ်ကောင်လေး၏ ကြီးမားသောမျက်ဝန်းများတွင် အသက်မဲ့နေလေသည်။
ထိုအရာသည်ကား အနာဂါတ်တွင် ဖြစ်လာမည့်ဗီလိန်တစ်ယောက်၏ လက္ခဏာပင်ဖြစ်သည်။

ဒီလိုငြိမ်းချမ်းတဲ့ကမ္ဘာပေါ်မှာ ဘာလို့များသူမဆီမှာ သားတစ်ယောက်ရှိရတာလဲ…

ဒီတော့ ဒီသားလေးနဲ့ သူမက အခုဘာလုပ်ရမှာလဲ.....
ရှအန်း သူမ၏ဗီလိန်သားလေးနှင့် အလုပ်ရှုပ်နေစဉ် သူမဘေးမှဖုန်းသို့ စာတိုဝင်သည့်အသံထွက်ပေါ်လာသည်။

ရှအန်း အိပ်ယာမှထကာ ဖုန်းအားကောက်ကိုင်လိုက်သည်။ ထို့နောက် ဖုန်းပေါ်မှာဖော်ပြနေသည့် စာအားဖတ်လိုက်ရင်း သူမ ရပ်တန့်သွားသည်။

(သင်၏အကောင့်တွင်ကျန်ရှိသောငွေသား ၅၈၄၀၉၇.၁၄)

ယွမ်ငါးသိန်းကျော်တောင်…

ကမ္ဘာကြီးအဆုံးမသတ်ခင်ကာလတွင် ဆင်းရဲလှသောရှအန်းအတွက် မူလကိုယ်၏ကတ်ထဲမှ များပြားလှသော ငွေအရေအတွက်များအားကြည့်ပြီး အံ့ဩသွားသည်။

ရုတ်တရက် ကမ္ဘာပျက်ကပ်ကာလတွင် သူမ၏ညီမမေးခဲ့သည့် ‘ကမ္ဘာပျက်ကပ်ပြီးရင် ဘာလုပ်ချင်လဲ ‘ ဆိုသည့်စကားအား သတိရသွားသည်။

ဒီလောက်ပိုက်ဆံတွေ အများကြီးရှိနေမှတော့ ငါတော့လုံလောက်ပြီ… ငါအရမ်းနွေးထွေးလာပြီ…ပြီးတော့ ငါ့မှာအိမ်လဲရှိတယ်.. အရမ်းကျေနပ်တာပဲ… အား… အခုဆို ငါ့အိမ်မက်တွေ အကောင်အထည်ပေါ်လာပြီပဲ.....

အပိုပက်ကေ့ချ်အနေနဲ့ ဗီလိန်သားလေးတစ်ယောက် ရှိတာကလွဲလို့ပေါ့.....

‘‘ရှအန်းရေ… ကောင်းကောင်းအနားယူလိုက်ပါတော့… ငါ နင့်ရဲ့သားလေးကို ပျိုးထောင်ပေးပါ့မယ်.....’’

ထိုအရာသည်သာ မူလပိုင်ရှင်အား သူမ ပြန်ပေးဆပ်နိုင်သည့် အကောင်းဆုံးပေးဆပ်မှုဖြစ်လေသည်။ သို့မဟုတ် ထိုကလေး ကြီးပြင်းလာပြီးနောက် ဗီလိန်မဖြစ်လာစေရန်နှင့် သူမကိုယ်သူမ ဒုကမရောက်စေရန်ဖြစ်သည်။

ဟုတ်ပြီ… ဗီလိန်ကြီးရေ… ဒီမာမားက အနာဂတ်မှာ သားလေးကိုသေချာစောင့်ရှောက်ပေးမယ်..