အပိုင်း ၃
Viewers 29k

Chapter 3


အိုင်ဒီကတ်… ဘဏ်ကတ်…


မူလပိုင်ရှင်ကိုယ်ထဲသို့ သူမအစားထိုးပြီးနောက် အရာအားလုံးအား အလျင်အမြန် နားလည်ကာ အိမ်ခန်းတွင်းသို့ ဝင်လိုက်သည်။


ဒီအရာများသည် မူလပိုင်ရှင်၏ဘဝနှင့် အတော်လေးနီးစပ်နေသည့်အတွက် သူစိတ်ခံစားချက်များအား မထိန်းချုပ်နိုင်တော့ပေ။ ကြယ်ပွင့်တစ်ပွင့်ဖြစ်နေတာက ပိုက်ဆံရှာလို့ရတာပဲ.....


မူလပိုင်ရှင်၏ ပုံပန်းသွင်ပြင်သည် မရေတွက်နိုင်သော လူများအား မနာလိုစေပြီး အနုပညာလောကတွင် ၃ နှစ်မျှအချိန်ဖြုန်းသော်လဲ အဆင့်၁၈အနေဖြင့်သာ သရုပ်ဆောင်လုပ်ရလေသည်။


သို့သော်လည်း ထို ၃ နှစ်ကြာပြီးနောက် မူလပိုင်ရှင်၏အမည် ထုတ်ဖော်ခံရပြန်လေသည်။


သို့သော် ထိုအရာများသည် အရေးမကြီးတော့ပေ။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာပျက်ကပ်မှ ကူးပြောင်းလာသည့် ရှအန်းက ဖျော်ဖြေရေးလောကထဲသို့ ဘယ်တော့မှဝင်ရောက်မည်မဟုတ်သည့်အတွက် ထိုအရာများနှင့် မရှုပ်တော့ပေ။


ထိုအရေးကြီးသည့်အရာများအား စဉ်းစားပြီးသည့်နောက် ရှအန်း သီးသန့်နေရာတွင်ထားခဲ့သည့် သူမ သားအားသတိရသွားသည်။ ထို့ကြောင့် သူမသည် ရေချိုးပြီးသည့်နောက် ထွက်ခွာရန် စဉ်းစားလိုက်လေသည်။


သို့သော် သူမရေချိုးခန်းထဲဝင်လိုက်သည်နှင့် သူမ၏ ပုံသဏန်အား မြင်တွေ့လိုက်ရပြီး ထိတ်လန့်သွားသည်။


ဒါက ဇွန်ဘီလား.....

ရှအန်းမတတ်နိုင်စွာဖြင့် သူမ စိတ်ထဲမှ တွေးလိုက်မိသည်။


မှန်ထဲမှ အမျိုးသမီး၏မျက်နှာသည် ရေဓါတ်ခမ်းခြောက်နေပြီး မျက်လုံးများမှာလဲ အတော်လေးချောင်ကျနေသည်။ ဖြူဖျော့နေသည့် သူမအသွင်အပြင်သည် အသက်ရှင်သန်နေသည့် လူတစ်ဉီးနှင့် မတူပေ။


ရှအန်း သူမရင်ဘတ်နားမှ ဆံပင်သားထိလိုက်ပြီး ညင်သာဆွဲဖြင့်ဆွဲလိုက်သည်။

‘’ကြည့်ရတာ လွန်ခဲ့တဲ့ ငါးရက်လောက်ကတည်းက သေသွားပုံပဲ...."

အခုတော့ သူမ အပြင်ထွက်ဖို့ မလွယ်ကူတော့ပေ။


ရှအန်း အသက်ပြင်းပြင်းရှုကာ မှန်ထဲမှ ဇွန်ဘီမျက်နှာအားကြည့်လိုက်သည်။ သူမကိုယ်ပေါ်မှ အလှအပအား သူမ မည်သို့မှ ရှာမတွေ့ပေ။

 ဒီလိုပုံစံမျိုးနဲ့ သူမသားကို ဘယ်လိုလုပ်ပြီး သွားခေါ်နိုင်မှာလဲ..


တကယ်လို့ ဒီအတိုင်းသူမ အပြင်ထွက်သွားမည်ဆိုလျှင် တခြားသူများအား သေမတတ် ခြောက်လှန့်မိမည်ဖြစ်သည်။


ခဏလောက်စဉ်းစားပြီးနောက် သူမခေါင်းထဲတွင် အနည်းငယ်နာကျဉ်လာသလို ခံစားလိုက်ရသည်။


‘’ထားလိုက်တော့… အိမ်မှာ အရသာရှိတာတွေ များများစားတာပဲ ပိုကောင်းမယ်...’’


ရှအန်း အကူအညီမဲ့စွာဖြင့် သူမ သားအား သွားခေါ်မည့်အစီအစဉ်အား ရွေ့ဆိုင်းလိုက်သည်။


သူမ မီးဖိုချောင်ထဲသို့ ပြန်ဝင်ကာ ပတ်ဝန်းကျင်စား စစ်ဆေးလိုက်သည်။ သူမ မည့်သည့်အဆီအနှစ်ပါသည့်အစားအစာများအား ရှာမတွေ့ပေ။ အားလုံးပြန်မှာမှ ဖြစ်တော့ပေမည်။


သူမ ဖုန်းဖွင့်ကာ အစားပို့ဆောင်ပေးသည့် ဆော့ဖ်ဝဲလ်အား ဒေါင်းလုပ်လုပ်လိုက်သည်။ သူမ မျက်ဝန်းများ တောက်ပသွားပြီး သူမ လိုချင်သည့်အစားအစာများအား အော်ဒါမှာလိုက်တော့သည်။


ငွေချေရာတွင်မူ ဆင်းရဲလှသောရှအန်းသည် နာကျင်ရသော်လည်း သူမ၏လိုအင်ဆန္ဒမှာ ထိုအကြောင်းပြချက်အား တိုက်ခိုက်နိုင်လိုက်လေသည်။ ထို့နောက် အသင့်စားအစာများအတွက် သူမသည် ယွမ်တစ်ထောင်ကျော်အား သုံးစွဲလိုက်လေသည်။


သူမ အိမ်ရှေ့သို့ရောက်လာသည့် များပြားလှသော အမှာစာများအား ကြည့်ကာ သူမ စိတ်လှုပ်ရှားနေသည်။


‘’ဒင်…’’


ဓါတ်လှေကားပွင့်သွားပြီးနောက်  ယူနီဖောင်းဝတ်စုံဆင်တူ ဝတ်ဆင်ထားသည့်လူများသည် တစ်ယောက်နှင့်တစ်ယောက် သံသယဝင်စွာဖြင့် ကြည့်လိုက်ကြသည်။


အစားအစာများအား တူညီသည့် အလွှာမှ တပြိုင်တည်းမှာယူမည်ဟု သူတို့ထင်မှတ်မထားကြပေ။


တူညီသည့်အလွှာတွင် မတူညီသည့်အခန်းများရှိသည့်အတွက် သိပ်မစဉ်းစားကြတော့ပေ။


သို့သော် သူတို့အားလုံး တူညီသည့် တံခါးရှေ့ရောက်ချိန်မှာတော့ အေးခဲသွားကြသည်။


‘’ မင်း..... မင်းလဲ မစ္စရှအိမ်ကို အစားအစာလာပို့တာလား…’’


‘’ဟုတ်တယ်… တိုက်ဆိုင်လိုက်တာ....’’


‘’ဒီလောက်အများကြီးမှာတော့ ပါတီများလုပ်နေကြတာလားမသိဘူးနော်....’’


ထိုသူတို့ စကားစမြည်းပြောပြီးနောက် တံခါးဘဲလ်အား တီးလိုက်လေသည်။ ထို့နောက် တံခါးပွင့်ချိန်မှာတော့ သူတို့ နောက်တစ်ကြိမ် ကြောင်အမ်းသွားကြပြန်သည်။


ထို့သူတို့ ဘာမှမပြောရသေးခင်မှာပင် ပိန်ပါးသည့်လက်တစ်စုံသည် သူတို့လက်ထဲမှ အစားအစာထုတ်အား ဆွဲယူလိုက်လေသည်။


‘’ဘုန်း…’’


လေးလံစွာပိတ်သွားသည့် တံခါးပိတ်သံအားကြားပြီးနောက် အားလုံး အသိပြန်ဝင်လာကြကာ


‘’ချီးပဲ… ငါတော့ ဇွန်ဘီတစ်ကောင် တွေ့လိုက်ရတယ်ထင်တယ်’’


‘’ ငါတို့ ဆေးရုံကိုဖုန်းဆက်သင့်လား… မစ္စရှ နေမကောင်းဘူးထင်တယ်ကွ…’’



ဒယ်လီပို့သည့်ညီအကိုများအား ခြောက်လန့်ခဲ့သည့် ရှအန်းသည် ကမာပျက်နေ့ရက်များတွင် ဘယ်တုန်းကမှ မရခဲ့သည့် အစားအစာများအား ကြည့်ရင်း ပျော်ရွှင်နေလေသည်။


အမွှေးထူဂဏာန်း၊ စတိတ်ခ်၊ ဝက်သားပေါင်း၊ ဟမ်ဘာဂါ၊ ဟော့ပေါ့၊ ပီဇာ၊ ချိစ်ကိတ်....


 ….


ထိုသို့ဖြင့် ရှအန်းသည် ပြန်လည်ဝင်စားလာသော သရဲတစ်ကောင်ကဲ့သို့ လောဘတကြီးစားလိုက်တော့သည်။


များပြားလှသောအစားအစာများသည် သာမန်လူတစ်ယောက် စားနိုင်မည်မဟုတ်ပေ။ သို့သော် ရှအန်းက ထိုအစားအစာအားလုံးအား နည်းနည်းလေးမှ မကျန်အကုန်စားလိုက်နိုင်ပေသည်။


‘’အရသာရှိလိုက်တာ… ကောင်းချက်ပဲ… စားကောင်းလိုက်ပုံများတော့…’’


အရသာရှိပြီး များပြားလှသော အစားအစာများကို စားပြီးနောက် သူမ စောစောသေခဲ့သင့်သည်ဟု စဉ်းစားလိုက်မိသည်။ မဟုတ်သေးဘူး.... သူမ ညီမလေးနဲ့သာ အတူတူသေခဲ့မယ်ဆို ပိုတောင်ကောင်းလိမ့်မည်။


သို့သော် သူမ အများအပြားစားပြီးနောက် သူမ၏ခနာကိုယ်သည် ကြောက်မက်ဖွယ်ရာ အမြန်နှုန်းဖြင့် ပိုမိုကျန်းမာကာ လှပလာသည်ကို သတိမထားမိပေ။


‘’ အိုး…’’


သူမ မှာယူထားသော အစားအစာအားလုံး ကုန်သွားသည်နှင့် နောက်ထပ် ထပ်စားပြန်လေသည်။ သူမခနာကိုယ်တွင်းတွင် စွမ်းအင်များစုနေသည်ဟု ခံစားလိုက်မိသည်။


သတိမထားမိစွာဖြင့် သူမဗိုက်သားအားကိုင်လိုက်မိပြီးနောက် တစ်ခုခုမှားယွင်းနေသည်ကို ခံစားလိုက်မိသည်။ သူမ ဒီလောက်အများကြီးစားလိုက်တာတောင် ဗိုက်ကပြားနေတုန်းပဲလား… အများကြီးစားလိုက်တာ သူမ မှဟုတ်ရဲ့လား… ရှအန်း သူမလက်အားကြည့်လိုက်ပြီး


‘’ ဒါ… ဒါ ငါ့လက်လား’’


သူမ မျက်လုံးများပြူးကျယ်သွားပြီး သူမဗိုက်သားအားကြည့်လိုက်ကာ အေးခဲသွားသည်။ သူမ၏ သေးသွယ်ဖြူဖွေးနေသောလက်နှင့် ခန္ဓာကိုယ်သည် ကမ္ဘာပျက်ကပ်တုန်းက သူမ၏ခနာကိုယ်နှင့် ဆင်တူနေသည့် ခံစားလိုက်မိလေသည်။


အထိတ်တလန့်ဖြစ်စွာနှင့် သူမ ရေချိုးခန်းထဲသို့ ပြေးဝင်လိုက်ကာ မှန်ရှေ့တွင်  သူမကိုယ်သူမ ကြည့်လိုက်မိသည်။


မှန်ထဲသို့ကြည့်ပြီးနောက် မယုံကြည်နိုင်အောင် ဖြစ်သွားခဲ့ရသည်။


‘’ဟုတ်ပြီကွ…’’


ကံကောင်းစွာဖြင့် ကမ္ဘာပျက်နေ့ရက်များ၌ သူမအား ဒုက္ခပေးခဲ့သည့် ခန္ဓာကိုယ်မဟုတ်ပေ။


မှန်ထဲမှ အမျိုးသမီးအားကြည့်ပြီးနောက် ဇွန်ဘီဟုဆက်ခေါ်ဆိုလို့ မရတော့ချေ။ တစ်နပ်မျှစားပြီးရုံနှင့် မူလဇွန်ဘီကဲ့သို့ဖြစ်နေသောသူသည် ကျန်းမာလာပြီး ဘောလုံးအားလေမှုတ်လိုက်သကဲ့သို့ ဖြစ်သွားလေသည်။


အရေပြားသည်လည်း ကုသပြီးသွားပုံရပြီး နူးညံ့ချောမွေ့လာသည်။ သူမလက်အားမြှောက်လိုက်ပြီး သူမ၏ လက်ရှိမျက်နှာကို ကိုင်လိုက်မိပြီး သူမ၏မျက်ဝန်းတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေတော့သည်။