အပိုင်း ၄
Viewers 29k

Chapter 4


သူမ ကိုယ့်မျက်နှာကိုယ်ကြည့်ပြီး ကျေနပ်သွားသည်။ သို့သော် သူမ၏ကျေနပ်မှုမှာ တခြားသူများနှင့်ကွာခြားသည်။ ဤလှပပြီး သန့်စင်သည့်မျက်နှာကိုသာ သာမာန်လူတစ်ယောက်မြင်သွားမည်ဆိုလျင် ရူးသွပ်သွားနိုင်လိမ့်မည်။


‘’ဒီမျက်နှာက ဘာမှမပြင်ပဲနဲ့လှသားပဲ ကောင်းတယ်....’’


ကြယ်ပွင့်ရှအန်း၏ ရုပ်ရည်သည် အနုပညာရပ်ဝန်းတွင် နံပါတ်တစ်ဟု အလွယ်တကူပြောနိုင်သည်။


သို့သော် ကမ္ဘာပျက်ကပ်မှ အလှတိုးခြင်းစွမ်းအင်ရှိသည့် ရှအန်းသည် သူမ၏အလှအပတိုးတက်လာသည်ကို တွေ့ရှိလိုက်သည်။

သူမ၏ ရုပ်ရည်အား အတော်ကြာစိတ်ကျေနပ်စွာဖြင့်ကြည့်ပြီးနောက် အနည်းငယ် ရှုပ်ထွေးသွားသည်။


 ထူးဆန်းလိုက်တာ… ဘာလို့ ဒီလောက်ကြီးသိသိသာသာ အကုန်ပြောင်းလဲသွားရတာလဲ…

သူမ အများအပြားစားလိုက်သော်လည်း သူမ ဗိုက်သည်စူထွက်မလာချေ။ သူမသာ မစားဘူးဆိုလျှင်…ရုတ်တရက် အကြောင်းအရင်းအား သူမ သဘောပေါက်သွားသည်။


အဲ့ဒါပဲဖြစ်ရမယ်… 

သူမ၏ အလှတရားပြောင်းလဲခြင်းစွမ်းအင်သည်လည်း ဤကမ္ဘာသို့ အတူပါလာခြင်းပဲ ဖြစ်ရပေမည်။ထိုသို့ တွေးလိုက်ပြီး ကမ္ဘာပျက်ကပ်မှ သူမ၏ရုပ်ရည်အား စိတ်ကူးထဲတွင် မြင်ယောင်လာသည်။


မဟုတ်ဘူးလေ… မလုပ်ပါနဲ့… မဖြစ်ရဘူး… အဲ့လောက်တော့ မဆိုးသွားဘူး မဟုတ်လား....

ရှအန်း သူမခေါင်းအား ခါရမ်းလိုက်ပြီး မှန်ထဲသို့ နောက်တစ်ကြိမ်ကြည့်လိုက်သောအခါ သူမ၏မျက်နှာ ပိုကြည့်ကောင်းလာသည်ကို တွေ့လိုက်ရသည်။


သူမ လက်ကိုမြောက်လိုက်ပြီး အရင်လိုလှပနေသည့် သူမမျက်နှာအားထိလိုက်မိသည်။

ဘုရားရေ…. ကျေးဇူးပြုပြီး မလှပါနဲ့တော့...


ဟုတ်ပြီ.....

သူမ နှလုံးသားတွင်းမှ မရေမရာရေရွတ်ရင်း ရေပိုက်ခေါင်းအားဖွင့်ကာ သူမမျက်နှာအား ရေအေးဖြင့်ဆေးကြောလိုက်သည်။


သူမ မျက်နှာအား ရုပ်ဆိုးစေရန်အတွက် မူလပိုင်ရှင်သုံးလေ့ရှိသော များပြားလှသည့်အသားအရေထိန်း ပစ္စည်းများကို အသုံးမပြုပဲနေလိုက်သည်။ သူမ မျက်နှာပေါ်တွင် လိုးရှင်းလေးတောင် မလိမ်းတော့ပေ။


တစ်ညကျော်လွန်ပြီးနောက် မူလပိုင်ရှင်၏ အကြောင်းအရာများကို သူမ နားလည်သွားတော့သည်။


ဥပမာ မူလပိုင်ရှင်၏ ရုပ်ရှင်ဇာတ်လမ်းများအား တညလုံးကြည့်ရုံသာမ မူလပိုင်ရှင်မပါသည့် တခြားဇာတ်လမ်းများကိုပါ ကြည့်ခဲ့သည်။ ထို့ကြောင့် ရှအန်းသည် တစ်ညလုံးလေ့လာပြီးနောက် သွားရေစာမုန့်များသည်လဲ ကုန်သွားလေသည်။


သို့သော် ညအချိန်အား ပျော်ရွှင်စွာကုန်ဆုံးသွားကာ နောက်တစ်နေ့မနက်ရောက်ချိန်မှာတော့…

‘’ဘာ….’’


ရှအန်း မှန်ထဲမှ အမျိုးသမီးအား ကြည့်ပြီး သရဲတွေ့လိုက်သလို အော်ဟစ်လိုက်သည်။


ဘုရားရေ… သူမ အိမ်မက်မက်နေတာလား… တစ်ညတည်းနဲ့ ဘယ်လိုလုပ်ပြီး လှပလာပြန်တာလဲ…


l (╯ ‵ □ ′) ╯︵┻ ━╯︵┻


မှန်ထဲမှ မျက်နှာသည် မနေ့ကထက် နှစ်ဆ ပိုချောမောလှပလာသည့်အတွက် ရှအန်းအော်ငိုမိတော့သည်။


ပိုပိုပြီးလှလာသည့် အမြန်နှုန်းသည် ကမ္ဘာပျက်ကပ်တုန်းကထက် လျင်မြန်နေလေသည်။ စိတ်ပျက်စွာဖြင့် ရှအန်း အိပ်ခန်းထဲသို့ပြန်ဝင်သွားကာ အိပ်ယာနားမှ ရှုပ်ပွနေသော မုန့်ခွံများအားကြည့်ပြီးနောက် သူမမျက်ဝန်းထဲ အလင်းတန်းဖြတ်ပြေးသွားလေသည်။


အဲ့ဒါက…

သူမခေါင်းအားငုံ့ကာ ဗိုက်သားများနှင့် ဖြူဖွေးနေသော အရေပြားအားကြည့်လိုက်ပြီး သူမ ရုတ်တရက်နားလည်သွားလေသည်။


ကမာပျက်ကပ်မှ အလှတိုးခြင်းစွမ်းအားသည် သူမနှင့် အတူဒီကိုပါလာခြင်းဖြစ်နိုင်သည်။ ပြောင်းလဲသွားသည့်အထိ လှပသည့်စွမ်းရည်သည် အစာစားခြင်းမှ ဖြစ်ပေါ်လာသည်ဆိုလျှင်…..


ထိုအချက်အားတွေးပြီးနောက် သူမ မီးဖိုချောင်ထဲသို့သွားကာ များပြားလှသည့် အသီးအနှံများယူ၍ မှန်ရှေ့သို့ပြန်လာသည်။


‘’ဂျွတ်…ဂျွတ်…’’

ရှအန်းသည် ရေခဲသေတ္တာထဲမှ ယူလာသည့် အသီးအနှံများအား စားလိုက်သည်။ သူမ ထိုအသီးအနှံများ အားလုံးကုန်အောင် စားလိုက်သော်လည်း ဘာမှမပြောင်းလဲချေ။


‘’ ထူးဆန်းလိုက်တာ… ငါပဲ မှားသွားတာလား… မဟုတ်ရင်…’’

ကယ်လိုရီမြင့်တဲ့ အစားတွေကပဲ သူမကို ပိုလှအောင်လုပ်နိုင်တာလား…


ထိုအချက်ကို သူမ သေချာတွေးပြီးနောက် မနေ့က ကယ်လိုရီများပြားသည့် အသင့်စားအစာတွေ အများအပြားအား စားခဲ့ကြောင်း သတိရသွားသည်။


ထို့ကြောင့် ထပ်မံစမ်းသပ်ရန်အတွက် ကယ်လိုရီများပြားစွာပါဝင်သည့် အစားအစာများအား သူမထပ်မှာလိုက်လေသည်။ ဒီတစ်ကြိမ်မှာတော့ အလွန်အကြူး မမှာတော့ပေ။


ထို အသင့်စားအစာများအတွက် သူမ ရာဂဏန်း အနည်းငယ်သာ သုံးလိုက်လေသည်။ အကျိုးရလဒ်အနေဖြင့် ငါးပွဲခန့်စားပြီးသည့်နောက် သူမသည် မျက်စိရှေ့မှာပင် အရှိန်ဖြင့် လှပလာလေသည်။


‘’ဟုတ်ပြီ…’’

ရှအန်းလက်ထဲမှ ခရင်ခမ်ကိတ်သည် ကြမ်ခင်းပေါ်သို့ ပြုတ်ကျသွားသည်။


ဘုရားရေ… အနာဂါတ်မှာ သူမ အစားကောင်းကောင်း မစားရတော့ဘူးလား...

ကယ်လိုရီမြင့်သည့်အစာများသည် သူမအား ပိုလှပလာစေပြီး တစ်ညခန့် အများအပြားစားမိပါက အကျိုးရလဒ်သည် ပို၍လျင်မြန်ပေလိမ့်မည်။


 l (╯ ‵ □ ′) ╯︵┻ ━╯︵┻


ဘုရားရေ… ကျွန်မကို နောက်နေတာမဟုတ်လား… ဘယ်လိုဟာသကြီးလဲ...


l (╯ ‵ □ ′) ╯︵┻━╯︵┻


ပိုလှပလာသည့်အကြောင်းအရင်းအား ရှာတွေ့ပြီးနောက် ရှအန်း နှလုံးသားလေး ကွဲကြေသွားရသလို သူမ၏အိမ်မက်သည်လည်း ပျက်စီးသွားလေသည်။


ရုတ်ချည်း သူမ အလိုမကျဖြစ်သွားသည်။

အချိန်အတော်ကြာ စိတ်ဓါတ်ကျပြီးနောက် ရှအန်း အသက်ပြင်းပြင်းရှူကာ ကောင်းကင်ပြာအားကြည့်လိုက်ပြီး တဖြည်းဖြည်းအားတင်းလိုက်သည်။


ငါးနာရီထိုးခါနီးပြီ ဖြစ်သည့်အတွက် သူမသားလေးအား သွားခေါ်ရန်ဆုံးဖြတ်လိုက်သည်။ သတင်းခေါင်စဉ်ကြီးများတွင် ယခုတလောပါလေ့ရှိသည့် ကြယ်ပွင့်ရှအန်းသည် နေကာမျက်မှန်တပ်ဆင်ကာ မက်စ်တပ်ပြီး အပြင်သို့ထွက်သွားလေသည်။


အပလီကေးရှင်းမှ ကားခေါ်ပြီးသည့်နောက် အရမ်းကြီးမဆိုးဟု သူမတွေးလိုက်ပြီး နေရာတစ်ခုသို့ ဦးတည်လိုက်လေသည်။