အပိုင်း ၅
Viewers 29k

Chapter 5


‘’ဟားဟား… မင်းက ဘယ်သူမှမလိုချင်တဲ့ အရိုင်းအစိုင်းကလေးတစ်ယောက်ပဲ.....’’


‘’မင်းရဲ့ စူပါစတားအမေက မင်းကိုလာခေါ်မှာ မဟုတ်တော့ဘူး....’’


‘’ငါ့ကို ရိုက်ချင်တယ်လား… ငါတော့ မင်းကို ဒီနေဆုံးမပေးမှ ဖြစ်တော့မယ်… အဖေ အမေ မရှိတဲ အရိုင်းအစိုင်းမျိုးစိတ်ကများ....’’


ရှအန်း သူမ၏သားနှင့် ပထမဆုံးတွေ့ဆုံမှုအား ထိုကဲသို့ မမျှော်လင့်ထားပေ။ ဗီလိန်၏ အခြေအနေအား ဤမျှဆိုးရွားနေလိမ့်မည်ဟု သူမ မထင်မှတ်ထားပေ။


များပြားလှသော မိဘမဲ့ကျောင်းမှ ကလေးများသည် သူ့အား ရွှံ့ထဲသို့ကန်ကျောက်နေကာ ပိန်ပါးသည့်ထိုကောင်လေးမှာ အားတင်း၍ကြံ့ကြံ့ခံနေလေသည်။


ထိုကလေးမှာ ဝံပုလွေအုပ်ထဲရောက်နေသကဲ့သို့ အားနည်းသည့်ပုံပေါ်နေသော်လဲ သူ့၏အားနည်းချက်အား ထုတ်ပြလိုသည့်အပြုအမူမရှိပေ။


‘’ရပ်… ရပ်လိုက်စမ်း… ဘာတွေလုပ်နေကြတာလဲ…’’


ကျောင်းလက်ထောက်မှ ရှအန်းအား ထိုနေရာသို့ဦးဆောင်ခေါ်လာရင်း ချက်ချင်းပင် ရိုက်ပုတ်နေသော ကလေးများအား ဆူပူလိုက်လေသည်။


တတိယလူဟု နာမည်ထွက်နေသော ရှအန်းအား သူမ သဘောမကျပေ။ သို့သော်လဲ သူမခေါင်းထဲမှ အသိစိတ်က ဘာအပြုအမူမှ မလုပ်ဆောင်ရန် တားဆီးလိုက်သည်။


တခြားကလေးများသည် သူမ၏စကားလုံးများအား ကြားပြီးနောက် သူတို့၏လုပ်ရပ်များအား ထောက်ခံသည့်အပြုအမူများရရှိသွားသကဲ့သို့ ပို၍မောက်မာဆိုးသွမ်းလာကာ ကျွတ် ပင်စုတ်သပ်လိုက်သည်။


‘’ကောင်းပြီလေ....’’

သူမသား၏ခေါင်းအားကိုင်ကာ ပို၍ထိခိုက်ဒဏ်ရာရစေရန်အတွက် မြေပြင်ပေါ်သို့ဖိထားသည့် ကလေးအား ရှအန်း ရှင်းရှင်းလင်းလင်းတွေ့လိုက်ရသည်။ ထိုအချိန်တွင် သူမ၏သားသည်လဲ သူ့ထက်ခန္ဓာကိုယ် ကြီးမားသော ကလေးအား တိုက်ခိုက်ရန်အတွက် အခွင့်အလမ်းရှာနေလေသည်။


ကမ္ဘာပျက်ကပ်အတွေ့အကြုံရှိထားသော သွေးအေးသည့် ရှအန်းလိုလူပင် စော်ကားခံနေရသော ထိုကလေးအားကြည့်ကာ ခံစားချက် အနည်းငယ်ထွက်ပေါ်လာသည်။


သူမမျက်လုံးများအား မြင့်တင်လိုက်ရင်း ကျောင်းလက်ထောက်ဌာနမှုးအား ကြည့်လိုက်ပြီးသည့်နောက် သိပ်မကွာသည့်နေရာတွင် တိုက်ခိုက်နေသည့် ကလေးများအား ကြည့်လိုက်သည်။


သူမသားဆီသို့ ချက်ခြင်းပြေးသွားပြီးသည့်နောက် …

‘’ဘာလဲ…’’


‘’အား… နာတယ်....’’


‘’ကယ်ပါဦး....'’


ရှအန်း သူမသားအား ကျိန်ဆဲနေသည့် ကလေးများကို လက်တစ်ဖက်တည်းဖြင့် ကိုင်ပေါက်လိုက်လေသည်။


ဟုတ်ပါသည် သူမ သူတို့အား အဝေးသို့ လွှင့်ပစ်လိုက်ခြင်းဖြစ်ပြီး သူမ အင်အားအများအပြား အသုံးပြလိုက်ရသည်။


ကျောင်းလက်ထောက်ဌာနမှူး သည် ကလေးများအား ကိုင်ပေါက်နေသော ရှအန်းအား ရှုပ်ထွေးစွာဖြင့်ကြည့်နေမိသည်။ ရှအန်း၏ပုံစံသည် ကြမ်းတမ်းနေသည့်အတွက် သူမ မေးရိုးမှာအောက်သို့ပြုတ်ကျသွားလေသည်။


အော်သံကြားလိုက်ရသည့်အတွက် ကိုယ့်ကိုကိုယ်ကာကွယ်ရန် ခေါင်းငုံထားသည့်ကောင်လေးက  သူ့ခေါင်းအားမော့ကြည့်လိုက်စဉ် အလွန်လှပသော အစ်မကြီးတစ်ယောက်အား တွေ့လိုက်ရလေသည်။ နတ်သမီးလေးကဲ့သို့ လှပသည့်ထိုအစ်မကြီးသည် သူ့အရှေ့တွင်ရပ်နေပြီးနောက် သူ့အားကူညီလေသည်။ ထို့နောက် သူမသည် အနိုင်ကျင့်နေသည့်သူများအား တစ်ယောက်ပြီး တစ်ယောက် ဆက်တိုက်ကိုင်ပေါက်နေတော့သည်။ ထိုအချိန်တွင် ထိုကောင်လေး၏အတွေးထဲတွင် ဤအစ်မကြီးသည့် သူ၏ အစ်မထက်ပင် ပို၍လှပသည်ဟု ခံစားလိုက်မိသည်။


သူမသားအား အနိုင်ကျင့်နေသည့် ကလေးများအား ကိုင်ပေါက်ပြီးသည့်နောက် သူမမျက်လုံးအား သားဖြစ်သူဘက်သို့လှည့်ကြည့်လိုက်သည်။ သူမ မျက်ခုံးများမြင့်တက်သွားပြီး ပေါ့ပါးသည့်လေသံဖြင့်

 ‘’ ကိုယ့်ဘာသာ မတ်တပ်ရပ်လိုက်....’’


ရှအန်းစကားလုံးအား ကြားလိုက်သည့် ကောင်လေးက မသိလိုက်ဘာသာဖြင့် မတ်တပ်ရပ်လိုက်သည့်မှာ သနားဖို့ကောင်းသည့် ရုပ်သေးတစ်ရုပ်ကဲ့သို့ပင်။


ကောင်းတယ်… အနည်းဆုံးတော့ ဆိုးသွမ်းတဲ့ကလေးမဟုတ်ဘူး… လေ့ကျင့်ပေးထားရတာ တန်သားပဲ.....


ပွန်းပဲ့ဒဏ်ရာများနှင့်ကလေးအား သူမကြည့်လိုက်စဉ် ထိုကလေးသည် မျက်ရည်များကျ မနေသလို သက်ပြင်းလေးပင်  မချပေ။ သူမ အလွန်ကျေနပ်သွားသည်။


‘’ နာမည် ဘယ်လိုခေါ်လဲ....’’


ရှအန်းသည် သူမ၏သားအား ဗီလိန်ကြီးတစ်ယောက်မှန်းသိသော်လဲ ရိုးသားစွာပြောရလျင် သူမ၏ညီမ ပါးစပ်ဖျားမှ ထိုဗီလိန်၏ နာမည်အား တခါမှမကြားဖူးပေ။


ဘာပဲဖြစ်ဖြစ် သူက အဓိကဇာတ်လိုက်မှ မဟုတ်တာ…


‘’ဖုယှီ....’’


ရှအန်း မျက်မှောင် အနည်းငယ်ကြုတ်လိုက်သည်။

‘’ ဘာ ယွီလဲ… ချမ်းသာခြင်းရဲ့ ယွီ လား....’’

နာမည်၏အဓိပ္ပါယ်ကချမ်းသာခြင်း မဟုတ်ဘူးဟု သူမ ခံစားလိုက်မိသည်။


တော်လောက်ပြီ …


ကောင်လေးက ခေါင်းငုံ့ရင်း

 ‘’ များပြားခြင်းရဲ့ ယွီယွီ ပါ....’’


‘’နာမည်ကလည်း မကောင်းလိုက်တာ...’’ 

ရှအန်း အေးစက်စွာဖြင့် နှာခေါင်းရှုံ့လိုက်သည်။


ရှအန်းက သွေးအေးသော်လဲ အလွန်ဂရုတစိုက်ရှိသူဖြစ်သည်။ အုပ်စုထဲတွင်ရှိစဉ် လူတိုင်းသည် ယုံကြည်ရသည့်သူ တစ်ဦးရှိသင့်သည်။

သို့သော် သူမအုပ်စုထဲတွင် နည်းလွန်းသည့် လူသာ သူမစိတ်ထဲသတ်မှတ်ခံထားရသည်။


ကမာပျက်ကပ်တွင် သူမ ညီမဖြစ်ပြီး… ယခုတွင်…

ဒီကလေးအား ကာကွယ်ပေးရမည့် သူမ၏ အုပ်စုထဲမှဟု သဘောထားရန် ဆုံးဖြတ်လိုက်လေသည်။


ဘာပဲဖြစ်ဖြစ် အနာဂါတ်တွင် သူမအနားယူသည့်အခါ ထိုကလေးအား အားထားနိုင်ပေမည်။


သူမသားက ဗီလိန်ဖြစ်လာပြီး ကြောက်မက်ဖွယ်ရာများအား လုပ်ဆောင်သော်လည်း ညဏ်ကြီးရှင်ဖြစ်သည်။ အဓိကဇာတ်ဆောင်၏ရောင်ဝါကြောင့်သာမဟုတ်လျင် သူသည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံးအမျိုးသားဖြစ်ပေလိမ့်မည်။ သူသည် ကြောက်မက်ဖွယ်ကောင်းအောင်ပင် ချမ်းသာနိုင်စွမ်းရှိလေသည်။


သူ့တွင် ပိုက်ဆံသာမရှိဘူးဆိုလျင် ထိုကောင်လေးသည် အဓိကဇာတ်လိုက်ထံမှ ဇာတ်လိုက်မအား လုကာ ပိတ်လှောင်ထားနိုင်မည်မဟုတ်ပေ။


ရှအန်းက ကမာပေါ်တွင် အချမ်းသာဆုံးအမေ ဖြစ်လာမည့်အပြင့် ဘာမှဂရုစိုက်စရာမလိုသည့်ဘဝ သူမစားချင်တာစားခွင့်ရမည့်ဘဝ သူမလုပ်ချင်တာလုပ်ခွင့်ရမည့်ဘဝကို တွေးလိုက်မိလေသည်။ သို့သော် သူ့အမည်အား ဆိုးရွားသည်ဟု အပြောခံလိုက်ရသည့် အနာဂါတ်အချမ်းသာဆုံးသူသည် သူမအား စိတ်ပျက်သွားသည်ကို သတိမထားလိုက်မိပေ။


 သူသည် ကိုယ့်ကိုကိုယ် မုန်းတီးစွာဖြင့် ပြောလိုက်သည်။

‘’ အဲ့ဒါက အဲ့လောက်လဲ မဆိုးရွားပါဘူး....’’


ကောင်လေးက နှုတ်ခမ်းများအား တင်းကြပ်စွာပိတ်စေ့ထားပြီး မျက်လုံးများမှာလဲ အခိုးအငွေ့များဖြင့် ပြည့်နှက်နေသည်။ သူသည် လက်သီးအား တင်းတင်းဆုပ်ထားသော်လဲ မျက်ရည်များ ကျမလာပေ။


ဘာကြောင့်မှန်း သူမသိပေမယ့် ထိုလှပသည့်အစ်မကြီးသည် သူ့အမည်အား မကောင်းဘူးဟုပြောလိုက်စဉ် အရမ်းဝမ်းနည်းသလို ခံစားလိုက်ရသည်။


သို့သော် သူမပြောသည့် နောက်ဆက်တွဲစကားသည် သူမျက်ရည်များအား ကျလာစေမည်ဟုတ် မမျှော်လင့်ခဲ့မိပေ။


‘’ မင်းနာမည်ကို မကောင်းဘူးလို့ထင်တယ်မဟုတ်လား… အခုကစပြီး မင်းနာမည်က ရှရှောင်ရှင်း ပဲ… ပင်လယ်ပြင်ရဲ့ကြယ်လေးပေါ့....’’


ရှအန်း အနာဂတ်တွင်အချမ်းသာဆုံးဖြစ်လာမည့် သူမ၏သားလေးကို အပြုံးဖြင့်ကြည့်လိုက်သည်။


‘’ကောင်းပြီ ရှောင်ရှင်း လို့ခေါ်ရအောင် , ရှရှောင်ရှင်းပေါ့...."


ရှအန်း အတွေးထဲတွင် သူမညီမလေး၏ စကားသံကို ကြားလိုက်ရသည်။

 ‘’အစ်မ … ကမ္ဘာပျက်ကပ်ပြီးသွားရင် ညီမ အမွှာလေးနှစ်ယောက်မွေးမယ်… သမီးလေးကို ရှစန်လော့လို့ပေးပြီး သားလေးကို ရှရှင်းချန်လို့ပေးမယ်လေ....."


‘’ဖူး…ဟုတ်တာပေါ့… ငါ နင့်ဆန္ဒကို သိပါပြီ...."


ရုတ်တရက် မြေပေါ်သို့ရေကျသံကြောင့် သူမ အသိပြန်ဝင်လာသည်။


သူမ လှည့်ကြည့်လိုက်စဉ် သူမခါးနားမှ ကောင်လေးသည် သူမအားစိုက်ကြည့်ရင်း မျက်တောင်မခတ်ပဲ ငိုနေလေသည်။


ကြီးမားပြီးအရည်လဲ့နေသောမျက်ဝန်းမှ ကြည်လင်သောမျက်ရည်များသည် ပါးပြင်ပေါ်သို့ဖြတ်သန်းပြီး မြေပေါ်သို့ကျဆင်းနေသည်။


‘’ဘာလို့ ငိုနေတာလဲ...’’


ရှအန်းက ငိုတတ်သောသူများအား သဘောမကျပေ။ သူမ၏ ကလေးဖြစ်နေလျင်တောင် ထိုကဲ့သို့သော အကျင့်အား သူမ သဘောမကျပေ။


‘’ သား…သား မသိဘူး......’’

ကောင်လေးက ရုတ်တရက် သူ ငိုနေမိသည်အား သတိထားမိသွားသည်။ သူသည် မျက်နှာပေါ်မှ မျက်ရည်များအား လက်သေးသေးလေးဖြင့် သုတ်လိုက်သည်။


မျက်ရည်များအား ပွတ်သုတ်ပြီးသည့်နောက် စိတ်လှုပ်ရှားစွာဖြင့် ရှအန်းကို ချောင်းကြည့်နေလေသည်။


အဆုံးမှာတော့ စပ်စုချင်စိတ်အား ထိန်းမထားနိုင်‌တော့ပဲ နှလုံးသားထဲမှ ပျော်ရွှင်မှုများဖြင့် တီးတိုးရေရွတ်လိုက်လေသည်။

 ‘’ အစ်မ… သားကိုနာမည်ပေးတယ်ဆိုတော့ မွေးစားမလို့လားဟင်.....’’


သူ ဒီမိဘမဲ့ဂေဟာသို့ရောက်နေသည်မှာ တစ်ပါတ်ခန့်ကြာပြီဖြစ်ပြီး ထိုအတောအတွင်းတွင်လည်း အမြဲတမ်းသူ့အား ချစ်ပေးသည့် အဖွားသည် ဘယ်တော့မှာ ပေါ်မလာတော့ပေ။ ထို့နောက် သူ၏ ဖခင်နှင့် အဒေါ်သည်လဲ ပျောက်ကွယ်သွားသည်။


သူ၏ သဘောအကျဆုံး အစ်မအား မတွေ့ရသည်မှာလဲ အချိန်အတော်ကြာနေပြီဖြစ်သည်။

သူသည် အိမ်အကြီးကြီးတွင်နေရသော်လဲ မပျော်ရွှင်ခဲ့ပေ။


သူ၏ဖခင်သည် သူ့အား ဂရုမစိုက်သလို သူ၏အဒေါ်သည်လဲ သူ့အား မုန်းလေသည်။ သူ၏ အစ်မဖြစ်သူပင်လျင် တစ်ခါတရံတွင် သူနှင့်အတူတူ မကစားချင်ပေ။


ထိုသို့ဖြစ်နေလျင်တောင် သူသည် ထိုနေရာတွင် နေချင်တုန်းပဲဖြစ်သည်။


ယခုတော့ သူသည် မိဘမဲ့ဂေဟာသို့ ရောက်နေပြီဖြစ်ပြီး အိပ်လဲမအိပ်နိုင်သလို စားလဲမစားနိုင်ပေ။ ထို့အပြင့် တခြားကလေးများကလည်း သူ့အား အနိုင်ကျင့်လေသည်။


လူတိုင်းက သူ့အား စွန့်ပစ်ခံရသည်ဟုပြောနေကြပြီး ထူးဆန်းသည့်မျိုးစိတ်ဟု၍ပင် ခေါ်ဆိုကြလေသည်။


လူတိုင်းက သူ၏မိခင်မှာ မကောင်းသည့်စူပါစတားတစ်ယောက်ဖြစ်ပြီး သူ့အားမလိုချင်ဘူးဟူ၍ပင်။


‘’ အစ်မ… မွေးစားမယ် …’’

သူမ အနီရောင်မျက်ဝန်းများနှင့် ယုန်လေးကဲ့သို့ဖြစ်နေသော ထိုကောင်လေးအားကြည့်လိုက်မိပြီး သူမသားသည် အတော်လေးချစ်ဖို့ကောင်းသည်ဟု ရုတ်တရက်တွေးလိုက်မိသည်။


‘’ရှရှင်းချန် … အစ်မက သားရဲ့အမေ ရှအန်းပဲ… မာမားလို့ ခေါ်လို့ရတယ်.....’’