Ch-100
Viewers 8k

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း 


အပိုင်း (၁၀၀)


"ဒေါ်လေး! ဒေါ်လေး! သားကို လွမ်းနေလား?!" 


"ဒေါ်လေး! ပန်းတွေက အရမ်းလှတာပဲ!" 


… 


ရှမင်ရှီးပြန်ရောက်လာတဲ့အခါ ခြံဝင်းမှာ တဝီဝီမြည်နေတဲ့ပျားတွေနဲ့ ပြည့်နှက်သွားရသလိုပင်။ ချန်ကျင်းရိနှင့် ရှမင်ရှီးတို့က ပြန်လည်တွေ့ဆုံခဲ့ကြပြီးနောက် ချင်းရို့ရဲ့ ခြေထောက်နားမှာ ဝန်းရံနေကြကာ သူမရဲ့ ဝမ်းဗိုက်ကို ကြည့်နေခဲ့ကြသည်။ 


"ဒေါ်လေးဆီမှာ ညီလေး၊ ညီမလေးရှိလာတော့မှာလို့ အမေပြောတယ်


"ဒေါ်လေး!" 


သူတို့မှာ ဝမ်းကွဲလေးတွေ ရလာတော့မယ်။ 


မိသားစုထဲမှာ ကလေးတွေအများကြီးရှိလာတော့မှာဟေ့


ချင်းရို့က ကလေးနှစ်ယောက်ကို ကြက်သွန်မြိတ်တွေ ဆက်လက်ပြုစုပျိုးထောင်ဖို့အတွက် ခေါ်သွားလိုက်သည်။ ကလေးနှစ်ယောက်ဟာ ကြက်သွန်မြိတ် စိုက်ပျိုးရာတွင် အတွေ့အကြုံများစွာရှိနေဆဲ။ ချန်ကျင်းရိနှင့် သူ့အမေ ချင်းမျန့်တို့လည်း အိမ်မှာ ကြက်သွန်မြိတ်စိုက်ခဲ့ကြပြီး တစ်ခုပြီးတစ်ခု လှီးဖြတ်သုံးခဲ့ကြသည်။ 


ရှမင်ရှီးရဲ့ အမေကတော့ ရှက်ရွံ့နေလေရဲ့။ 


သူမမောင်လေးရဲ့ အိမ်မှာ ထမင်းစားပြီးတဲ့နောက် လုစန်းကျဲ(တတိယအစ်မလု)ဟာ မနီးမဝေးရှိ ကောင်းကင်ပြာပြာနှင့် တိမ်ဖြူဖြူလေးတွေကို ကြည့်ရင်း တရုတ်နှစ်သစ်ကူးအတွက် ကျွန်းပေါ်မှာနေဖို့ ဆုံးဖြတ်လိုက်သည်။ 


"ဟင်းသီးဟင်းရွက်တွေက အရမ်းအရသာရှိတာပဲ!" သူရဲကောင်းဆန်ဆန် လုစန်းကျဲတစ်ယောက် မျက်ရည်ကျလုနီးပါးပင်။ သူမရဲ့အဖေလိုမျိုးပဲ သူမသည်လည်း အမေဖြစ်သူ စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်တွေကိုစားပြီး ကြီးပြင်းလာခဲ့ရလေသည်။ သူမရဲ့မောင်လေး ပိုင်ဆိုင်ထားတဲ့ ဘန်းမုန့်ပေါင်းစကေးကိုလည်း အမွေမဆက်ခံခဲ့ရသလို အမျိုးသမီးတစ်ယောက်အနေနဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ စားရတာကိုလည်း ပိုနှစ်ခြိုက်လေ၏။ 


သူမအမေရဲ့ အစားအသောက်တွေကို စားပြီးတဲ့နောက် စစ်တပ်ကန်တင်းရှိ အစားအစာတွေဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲလို့ တွေးမိသွားသည်အထိပင်။ 


ထိုအချိန်တုန်းက လုစန်းကျဲ စစ်သင်တန်းကျောင်းသို့သွားတဲ့အခါ အဆောင်၌ မိန်းကလေးများစွာရှိပြီး အချို့မှာ မိသားစုနောက်ခံကောင်းမှ ဖြစ်ကြသလို အချို့က နွမ်းပါးတဲ့မိသားစုမှ ဖြစ်ကြ၏။ 


မိသားစုနောက်ခံကောင်းမှ မိန်းကလေးများဟာ ဇီဇာကြောင်တတ်ကြပေမယ့် လုမိသားစုရဲ့ လေ့ကျင့်မှုအောက်မှာရှိတဲ့ လုစန်းကျဲကတော့ ကောင်းကောင်းမွန်မွန်စားသောက်ကာ ရွံ့ရှာတဲ့စကားတစ်ခွန်းမှမပြောခဲ့ပေ။ 


သူမရဲ့ အတန်းဖော်တွေဟာ သူမ ထမင်းစားခန်းမထဲရောက်သည်နှင့် အနှစ်ရှစ်ရာလုံးလုံး မစားရသေးသည့်နှယ် စားသောက်နေပုံကို တွေ့လိုက်သည့်အခါ သူမဟာ ဆင်းရဲနွမ်းပါးတဲ့ မိသားစုမှလာတယ်လို့ ထင်ခဲ့ကြပြီး ကောင်းကောင်းစောင့်ရှောက်ပေးခဲ့ကြပါသေးသည်။ 


နောက်ပိုင်းမှာတော့… 


"ငါ့မောင်က ဒီလိုမျိုး ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးတတ်ပြီးတော့ အချက်အပြုတ်တော်တဲ့ ယောက်မလေးကို ဘာလို့ရှာတွေ့နိုင်ခဲ့တာလဲ?" 


လောကကြီးက မတရားလိုက်တာနော်!! 


သူမဟာ ဆိုးရွားတဲ့အစားအစာတွေကို စားရမှာ မကြောက်ပေမယ့် သူမနဲ့အတူတူ ဆိုးရွားတဲ့အစားအစာတွေကို စားခဲ့ရတဲ့ ဝက်အသင်းဖော်လေးဟာ ခြေတစ်လှမ်းထဲနဲ့ ကောင်းကင်ပေါ်တက်သွားမှာကိုတော့ ကြောက်မိပါရဲ့။ 


သူတို့ အတူတူ ဝက်တွေဖြစ်ကြဖို့ သဘောတူခဲ့ကြတာလေ။ ဝက်ကလေးဖြစ်တဲ့ သူကတော့ ဝက်ခြံကနေ ထွက်သွားပြီးတော့ အခု ပန်ဒါလိုမျိုး ဘာလို့ စံစားနေရတာလဲဟ


ခေါင်းဆောင်လုက တည်တည်ငြိမ်ငြိမ် ပြောလာသည်မှာ "ပါးက သူမနဲ့ ကျွန်တော့်ကို မိတ်ဆက်ပေးဖို့ တစ်ယောက်ယောက်ကို ပြောခဲ့တာလေ


"ကျွန်တော်က မတွေ့ချင်ခဲ့ပေမယ့် ပါးက အတင်းတွန်းအားပေးခဲ့တာ


"ကျွန်တော့်ရဲ့ ဇနီးလေးကို ပထမဆုံးတွေ့တွေ့ချင်းမှာပဲ ဘလိုင်းဒိတ်က အဆင်ပြေသွားတယ်။ ပြီးတော့ လက်ထပ်လိုက်ကြတာလေ


… 


ချင်းရို့: "..." ကျွန်မ ရှင့်ကို မထုတ်ဖော်ချင်လို့နော် အရူးကြီးရဲ့။ 


လုစန်းကျဲ: "..." မနာလိုလိုက်တာ၊ အားကျစရာကြီး။  


"ရဲဘော်လောင်လု သမီးကိုကျ သားမက်ကောင်းတစ်ယောက်နဲ့ ဘာလို့မိတ်မဆက်ပေးတာလဲ?" 


ရဲဘော်လုကျုံးရီ: "... ဒါတွေအားလုံးက မတော်တဆပါပဲကွာ


သားငယ်က ဒီလိုဒေါသကြီးတဲ့ မိန်းကလေးကို တကယ်လက်ထပ်လိုက်လိမ့်မယ်လို့ ဘယ်သူထင်မှာလဲကွ။ သူက သူ့သားကို အိမ်ထောင်ပြုဖို့ တိုက်တွန်းနေတာကို လက်လျှော့လိုက်ပြီဟာ။ ဒါပေမယ့် သူ တကယ်ပဲ ပန်းမပွင့်တဲ့ ပန်းပင်တွေကို စိုက်ပျိုးဖို့ လုံးဝမရည်ရွယ်ထားဘူးလေ၊  အရိပ်အာဝါသရဖို့ မိုးမခပင်တွေကို စိုက်ပျိုးဖို့လည်း မရည်ရွယ်ထားခဲ့ပါဘူးကွာ။  (T/N: အကျိုးမရှိအားထုတ်မိတာကိုပြောတာပါ


နှစ်သစ်ကူးအကြိုနေ့တွင် ချင်းရို့က အသံလွှင့်ဌာနကို အလုပ်သွားရပေမည်။ လုယန်က ထိုနေ့တွင် အားလပ်ရက်ရခဲ့၍ သူမနှင့်အတူ အိမ်ပြန်နိုင်လေ၏။ ညနေခင်းမရောက်ခင်မှာပင် လူစုံနေခဲ့ကြပြီ။ 


အစ်မနှင့် ခဲအိုမိသားစုတွင် လူကြီးသုံးယောက် ကလေးသုံးယောက်ဖြစ်ရာ စုစုပေါင်းလူခြောက်ယောက်ရှိကြပြီး လုယန်မိဘတွေ၊ တတိယအစ်မနှင့် ရှမင်ရှီး အားလုံးပေါင်း လေးယောက်ရှိကြတဲ့အတွက် စုစုပေါင်း လူဆယ်ယောက်ပင်။ 


ချင်းရို့နှင့် လုယန်တို့ဟာ အပေါ်ယံသာ လူနှစ်ယောက်ဖြစ်သော်လည်း တကယ်တမ်းတော့ လူလေးယောက်ပင်။ သူတို့မိသားစုဟာ ထိုည၌ လူ၁၄ယောက်ဖြင့် နှစ်သစ်ကို အတူတူကျင်းပကြမည်ဖြစ်သည်။ 


ဖက်ထုပ်တွေစားကြဖို့အတွက် ရာနဲ့ချီပြုလုပ်ဖို့ လိုအပ်ပေသည်။ 


နှစ်သစ်ကူးအကြိုနေ့မှာ နေရောင်က ပုံမှန်ပဲဖြစ်လေ၏။ ချင်းရို့ ခါတိုင်းထက် နည်းနည်းပိုစောပြီး အလုပ်ဆင်းခဲ့သည်။ လုယန်က သူမကို အိမ်အတူတူပြန်ဖို့ လာကြိုရာ အောက်ထပ်တွင် စောင့်နေခဲ့ပေမယ့် သူ့ဇနီးလေးက သူ့ကို တစ်ချက်ကြည့်လိုက်ရင်း အခန်းထဲပြန်ပြေးသွားတာကို တွေ့လိုက်ရ၏။ ထို့နောက် သူမက အုန်းရွက်ကြီးကြီးတစ်ရွက်ကို ယူထုတ်လာကာ သူ့အား ဒီအုန်းရွက်ကြီးကြီးကို ထီးအဖြစ်ကိုင်ထားစေပြီး သူမအိမ်ပြန်လိုကြောင်း ပြောလာခဲ့သည်။ 


လုယန်: "…" 


ချင်းရို့က သစ်ရွက်အရိပ်အောက်တွင် အိမ်ပြန်ရသည့် ခံစားချက်မျိုး စမ်းကြည့်ချင်နေတာ ကြာခဲ့လှပြီ။ သူမ အရင်တုန်းက ဒီလိုမျိုး သစ်ရွက်ကိုဆောင်းထားတဲ့ ကလေးတွေကို မြင်ပြီးကတည်းက အနည်းငယ်အားကျမိခဲ့သည်။ သူမက အဲဒါကို ပျော်စရာကောင်းတယ်လို့ ထင်ကာ *Plantain Princessကဲ့သို့ ပိုလိူ့တောင်သဘောကျသွားရသည်။ (*ရှာကြည့်တော့လေ ငှက်ပျောသီးမင်းသမီးလို့ ထွက်လာတယ် 😂


ငှက်ပျောရွက်တွေက ကြာကြာမခံဘူးလေ။ 


သစ်ရွက်ထီးကြီးနဲ့ တစ်ယောက်တည်း အိမ်ပြန်ရင် အရူးလိုပဲဖြစ်နေမှာ။ ဒီတော့ လူနှစ်ယောက်ရှိတုန်းလေး ရှက်စရာအဖြစ်အပျက်ကို အတူတူမျှဝေလုပ်ကြတာပေါ့နော်။ 


နောက်ဆုံးတော့ သူမ အနှီသန်မာတဲ့လူကို ဖမ်းမိသွားခဲ့ပြီ။ 


ခေါင်းဆောင်လုရေ ဆုံးဖြတ်ချက်ကတော့ ရှင့်သဘောပါနော်


လုယန်က သူ့ဇနီးလေး တောင်းဆိုတဲ့အရာကို ဘယ်လိုများငြင်းဆန်နိုင်မှာလဲ? ဆိုတော့ သစ်ရွက်ကြီးဆောင်းပြီး အတူတူ အိမ်ပြန်ကြတာပေါ့။ 


တစ်ယောက်က အရှေ့မှလျှောက်ကာ နောက်တစ်ယောက်က အနောက်မှ လိုက်လာခဲ့သည်။ ချင်းရို့က အုန်းရွက်ကို ကိုင်လိုက်ရာ သစ်သားသဏ္ဍာန်မျက်နှာထားရှိနေတဲ့ လုယန်ရဲ့ ခေါင်းပေါ်သို့ သစ်ရွက်တွေကျလာလေ၏။ 


လုယန်က သူမချော်လဲမှာကို စိုးရိမ်သည့်အတွက် သူမအား လမ်းလျှောက်ခွင့်မပေးခဲ့ဘဲ သူမရဲ့ ခါးကို ဖက်ထားကာ အုန်းရွက်အောက်တွင် သူမနဲ့အတူတူ ဘေးချင်းကပ်ပြီး လမ်းလျှောက်ခဲ့ပါတော့သည်။ 


Thanks for reading!