၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း
အပိုင်း (၉၉)
ချင်းရို့ရဲ့ ဝမ်းဗိုက်ဟာ တဖြည်းဖြည်းကြီးလာခဲ့ပြီ။ ကိုယ်ဝန်သုံးလကျော်လာပြီးနောက် သူမ ပြန်လည် papapaလုပ်နိုင်လာပြီဖြစ်သည်။ တစ်စုံတစ်ယောက်ကတော့ ထိုရက်ကို စောင့်မျှော်နေသဖြင့် ချင်းရို့မှာ သူ့ကို ကြောက်နေရလေရဲ့။
သူက မျက်လုံးစိမ်းဝံပုလွေပဲဟ။
ထိုနေ့မရောက်လာခင် သူက နေ့တိုင်း ဘယ်လိုလုပ်ရမလဲ၊ သူမနှင့် ကလေးကို မထိခိုက်စေအောင် ဘယ်နည်းနဲ့လုပ်ရမလဲ၊ သုံးလအစောပိုင်းကာလမှာ ဘယ်လိုလုပ်ရမလဲ၊ သုံးလနောက်ပိုင်းမှာ ဘာလုပ်ရမလဲ ဆိုတာတွေကို စဥ်းစားထားခဲ့သည်။ ခေါင်းဆောင်လုက တိုက်ပွဲအစီအစဥ်ဆွဲပြီးသားပင်။
၄င်းကို တရုတ်၊ ရုရှားနဲ့ အင်္ဂလိပ်လို ရေးသားထားရာ အရမ်းရိုမန့်တစ်ဆန်နေလေရဲ့။
ချင်းရို့ ထိုတိုက်ပွဲအစီအစဉ်ကိုမြင်တော့ သူ့အား ဒလိမ့်တုံးဖြင့် ရိုက်ပစ်ချင်သွားရ၏။ သူမ ဒီလူရဲ့ တိုက်ပွဲအစီအစဥ်ကိုယူပြီး တစ်စစီဆုတ်ဖြဲပစ်လိုက်တော့သည်။
သူမ တရုတ်ဗားရှင်းကို ဆုတ်ဖြဲပြီးရုံရှိသေး၊ နောက်ထပ်ဗားရှင်းနှစ်ခုကို မြင်လိုက်ရတော့ သွေးအန်လုမတတ်ဖြစ်သွားရလေ၏။
ရိုမန့်တစ်ဆန်တာလား?
ရိုမန့်တစ်ဆန်တယ်ပေါ့? ရှင့်ခေါင်းကြီးပဲ! ကျွန်မ ရှင့်ကို သေအောင်ရိုက်ပစ်မယ်!
ချင်းရို့: "... ကိုယ့်သိက္ခာကိုယ် နည်းနည်းထိန်းပါဦး ခေါင်းဆောင်လုရေ"
သူ့ရဲ့တိုက်ပွဲအစီအစဥ်ဟာ အလွန်လေးလေးနက်နက်ဖြင့် ရေးသားထားသဖြင့် ချင်းရို့မှာ ဆွံ့အသွားရချေပြီ။
ယခုအချိန်တွင် ချုံကျိုးကျွန်း၌ ရန်သူအများအပြားရှိနေသလို တချို့သင်္ဘောတွေကလည်း သူတို့ရဲ့စွမ်းအားကို လာရောက်ပြသကြပါသေးသည်။ အကယ်၍များ ဒီဟာကို ရန်သူဘက်က ခိုးသွားခဲ့ရင် ရှက်ရမယ့်သူက ဘယ်သူများဖြစ်မလဲ သူမ မသိတော့ဘူးနော်။
"ရှင် ကလေးတွေအတွက် စံနမူနာကောင်းဖြစ်အောင် လုပ်နိုင်ပါ့မလား?" အဝါရောင်အတွေးတွေနဲ့ပဲ ပြည့်မနေပါနဲ့တော့!
ရဲဘော်လုယန်ရေ စံပြအဖေဖြစ်အောင်နေရမယ်လေ။
"အစ်မဟွားဟွား ပြန်လာတဲ့အချိန်ထိစောင့်ဦး။ ကျွန်မ ရှင့်ကို ပိန္နဲသီးပေါ်မှာ ဒူးထောက်ခိုင်းမယ်"
အဝတ်လျှော်ခုံပေါ်မှာ ဒူးထောက်တာ၊ ဒူးရင်းသီးပေါ်မှာ ဒူးထောက်တာတွေဟာ ပိန္နဲသီးပေါ်မှာ ဒူးထောက်ရတာထက် ပိုကောင်းတယ်လေ။
လုယန်:"...?"
ချင်းရို့က လုယန်ရဲ့ တိုက်ပွဲအစီအစဉ်ကို ဂရုတစိုက်ကြည့်ရှုခဲ့သည်။ ခေါင်းဆောင်လုရဲ့ လက်ရေးဟာ တကယ်လှတယ်ဆိုတာ သူမတွေ့ရှိသွားခဲ့၏။
အဲဒါက တရုတ်ဖြစ်စေ၊ ရုရှားဖြစ်စေ၊ အင်္ဂလိပ်ဖြစ်စေ အားလုံးကို အလွန်လှပစွာ ရေးသားထားကာ အထူးသဖြင့် တရုတ်စာလုံးများပင်။ သူ့လက်ရေးဟာ သူမရဲ့ ချစ်စရာစာလုံးတွေထက် အများကြီးပိုကောင်းလေရဲ့။
ချင်းရို့ ယခင်က မူကြိုဆရာမတစ်ဦးဖြစ်ခဲ့သောကြောင့် သူမရဲ့ လက်ရေးမှာ အလွန်သေသပ်ကာ ရင့်ကျက်သေးပုံမရတဲ့ မူလတန်းကျောင်းသားလေးရဲ့ စာလုံးတွေလိုမျိုး စုတ်ချက်တစ်ချက်ချင်းရေးသားတတ်သည်။
ယခု ကလေးလေးဟာ တလရှိနေပြီဖြစ်ရာ ကလေးအတွက် ကိုယ်ဝန်ဆောင်ပညာရေးစတင်ဖို့ သင့်လျော်ပါ၏။
သူတို့အိမ်မှာ တခြားဂီတတူရိယာတွေမရှိတဲ့အတွက် ချင်းရို့က အာ့ဟူနှင့် ဘာဂျာကိုသာ တီးမှုတ်ခဲ့သည်။ ကလေးတွေကို ကိုယ်ဝန်ဆောင်ပညာရေးအတွက် တခြားဂီတတူရိယာတွေ ဝယ်သင့်သလားလို့ တွေးနေမိလျက်။
အနာဂတ်တွင် ကလေးတွေ မွေးလာတဲ့အခါ သူမက သူတို့လေးတွေကို သီချင်းဆို၊ အကနှင့် ဂီတတူရိယာတွေ တီးမှုတ်တတ်အောင်လည်း သင်ပေးနိုင်တယ်လေ။
မူကြိုဆရာမတစ်ဦးအနေဖြင့် သူမဟာ ဂီတတူရိယာများစွာအကြောင်း အနည်းငယ်သိသလို သီချင်းနဲ့ အကဆို ပိုတောင်ရိုးရှင်းပါသေးသည်။
"လုယန် ရှင်အိပ်ရာမဝင်ခင် ရှင့်ရဲ့ကလေးတွေအတွက် စာနည်းနည်းဖတ်ပြပေးချင်လား? ကဗျာ၊ စကားပြေလိုမျိုး တစ်ခုခု ဖတ်ပြလေ၊ အဲဒါမှ ကလေးတွေက သူတို့ပါးပါးရဲ့ အသံနဲ့ ရင်းနှီးနိုင်မှာပေါ့"
မိဘ-ကလေး ဆက်သွယ်မှုဟာ မဖြစ်မနေလုပ်ရမည်ပင်။
သူတို့အဖေက မကြာခဏ အိမ်မှာမရှိသော်ငြား ကလေးလေးတွေက ဝမ်းဗိုက်ထဲကနေ သူတို့အဖေနဲ့ ရင်းနှီးနေသင့်တယ်လေ။
"ကောင်းပြီ၊ နောက်တစ်ခါပေါ့။ ကိုယ့်ဇနီးလေး အခုနားကြစို့လေ"
လုယန်က သူ့ရဲ့ချစ်လှစွာသော ဇနီးလေးကို ဖက်လိုက်ကာ ညင်ညင်သာသာလေး ရွှေ့လိုက်၏။ ချင်းရို့ ကိုယ်ဝန်ရှိလာပြီးနောက် အရင်ကထက် ပို၍ အိပ်ငိုက်လာတတ်သလို ပင်ပန်းလွယ်လာသောကြောင့် မြန်မြန် အိပ်ပျော်သွားတတ်သည်။
သို့သော် ခေါင်းဆောင်လုကတော့ အိပ်မပျော်နိုင်၊ မီးရောင်အောက်တွင် အိပ်ပျော်နေသော သူမရဲ့ မျက်နှာလေးကို စိုက်ကြည့်နေရုံသာ။
သူ သူမရဲ့ နဖူးကို နမ်းလိုက်၏။
သူ နေ့တိုင်း သူ့ဇနီးလေးနှင့်အတူတူ အိပ်ချင်နေတာ။
နှစ်သစ်ကူးအကြိုကာလတွင် လုမိသားစုမှာ အလွန်သက်ဝင်လှုပ်ရှားနေလေ၏။ ၁၉၇၀ခုနှစ်ဆီသို့ ချင်းရို့ ကူးပြောင်းလာပြီးနောက် ဒါဟာ သူမအတွက်တော့ ပထမဆုံးနှစ်သစ်ကူးဖြစ်သလို အတက်ကြွဆုံးနှစ်သစ်လည်းဖြစ်ပေသည်။ လုယန်ရဲ့ မိဘတွေ၊ သူမရဲ့အစ်မနှင့် ခဲအိုမိသားစုတို့ကိုလည်း နှစ်သစ်ကူးကျင်းပရန်အတွက် ဖိတ်ခေါ်လိုက်၏။
ချန်ကျင်းရိနှင့် ရှမင်ရှီးတို့ဟာလည်း အောင်အောင်မြင်မြင် ပြန်လည်ဆုံဆည်းခဲ့ကြပြီ။ သူတို့လေးတွေက ခြံထဲက ကြက်လှောင်အိမ်ရှိ ကြက်ပေါက်တွေကို ကြည့်ရှုနေကြလျက်။
ရှမင်ရှီးနှင့် သူ့အမေတို့က ခဏကြာအတူတူနေခဲ့ကြပြီးနောက် ချုံကျိုးကျွန်းရှိ သူ့အဖိုးအဖွားတွေဆီ ပို့ပေးခဲ့ပါသည်။
လုယန်ရဲ့ တတိယအစ်မက သူ့ကို လူကိုယ်တိုင်ခေါ်လာပေးခဲ့ခြင်းပင်။ ချင်းရို့က တတိယယောက်မလုကို တွေ့တဲ့အခါ သူမဟာ တကယ်ပဲ... အေးစက်ပြီး ချောမောတဲ့ အမျိုးသမီးဆိုတာ တွေ့ရှိခဲ့ရ၏။ သူမက စစ်ယူနီဖောင်းကို ဝတ်ဆင်ထားကာ ဆံပင်တိုတိုနဲ့ တည့်တည့်မတ်မတ်ကိုယ်ဟန်အနေအထားဖြင့် ရှိနေလေရဲ့။
ချင်းရို့ သူမဘေးမှာ ရပ်လိုက်တဲ့အခါ အနမ်းပေးဖို့ အဆင်ပြေတဲ့ အရပ်အမြင့်အနေအထား အကောင်းဆုံးဖြစ်တယ်လို့တောင် ပြောလို့ရသည်။
ချင်းရို့က ဘာလို့များ ဒီအကြောင်းကိုပဲ ဂရုစိုက်နေမိတာလဲနော်? ဘာလို့ဆို ခေါင်းဆောင်လုက နမ်းဖို့အတွက် အရပ်ရှည်လွန်းနေလို့ပဲပေါ့။
တခါတရံ သူမတို့ နမ်းကြတဲ့အခါ ခေါင်းဆောင်လုက ကွေးထားရပြီး ခေါင်းငုံ့ထားရတာ ပင်ပန်းလွန်းတာကြောင့် သူမကို တိုက်ရိုက်သာချီပစ်လိုက်တာ၊ ဒါမှမဟုတ် သူ့ရဲ့ သန်မာအားကောင်းတဲ့ လက်မောင်းပေါ်မှာ ကလေးတွေထိုင်သလိုမျိုး သူမကို ထိုင်စေတယ်လေ။
သို့သော် အဲသလိုထိုင်ရတဲ့အနေအထားက အရမ်းလွန်လွန်းတယ်! တကယ့်ကို စိတ်တိုစရာပဲ!
"မောင်လေး၊ ယောက်မလေးရေ နင်က တအားလှတာပဲ။ နင်ချက်တာတွေ စားကြည့်ချင်လို့"
ဟုတ်ပါတယ်၊ တတိယအစ်မက ချင်းရို့ကို ပထမဆုံးအကြိမ်တွေ့ကတည်းက သူမရဲ့လက်ရာကို စားချင်ကြောင်း ပြောခဲ့လေ၏။ "သူ့ဒေါ်လေးက အရသာရှိတဲ့ ဟင်းလျာတွေ ချက်ပြုတ်တတ်တယ်လို့ ရှောင်မင်က အမြဲပြောနေခဲ့တာလေ"
ရှမင်ရှီးလား? ရှောင်မင်?
ဟုတ်ပါပြီ၊ ဒါက သူ့အမေပေးထားတဲ့ နာမည်ပြောင်ပဲဖြစ်မယ်။ ကျင်းရိကတော့ သူ့ကို ရှီးရှီးလို့ခေါ်တယ်၊ သူ့အမေကတော့ သူ့ကို ရှောင်မင်လို့ ခေါ်တယ်ပေါ့။
ရှောင်မင်... ဒါက ဘယ်လောက်တောင် ရိုးရှင်းတဲ့နာမည်လေးလဲ။
ရှောင်မင်ဟာ သူ့အမေနဲ့ အချိန်ခဏလောက် အတူတူနေခဲ့ရပြီးနောက် ဆာလောင်မှုကြောင့် ပိန်ကျသွားလေပြီ။
ရှောင်ဖန့်လေးဟာ တကယ်ကိုယ်အလေးချိန်ကျသွားတာပဲ။
"ဒေါ်လေး ဒေါ်လေး ဒေါ်လေး!!!" ရှမင်ရှီးက သူ့ဒေါ်လေးကို တွေ့လိုက်သည်နှင့် အရမ်းပျော်ရွှင်သွားကာ နောက်ဆုံးတော့ သူ သူ့ဒေါ်လေးရဲ့ ရင်ခွင်ထဲသို့ ပြန်ရောက်လာခဲ့ပြီပဲ။
ချင်းရို့က သူ့ကို ပွေ့ချီကာ မျက်နှာလေးကို နမ်းလိုက်၏။
ရှမင်ရှီးဟာ ချင်းရို့က သူ့အမေလိုမျိုး သတိမေ့တတ်မှာကို စိုးရိမ်နေပုံရကာ အသံကျယ်ကြီး အော်ပြောလာခဲ့သည်။ "ဒေါ်လေး သားရဲ့ ကြက်သွန်မြိတ်လေးတွေရော!!"
သူက သူ စိုက်ပျိုးထားတဲ့ ကြက်သွန်မြိတ်တွေကို မှတ်မိနေပါသေးတယ်။
ချင်းရို့: "..."
သူက ထပ်မံပြောလာကာ "သားတို့ရဲ့ ကြက်သွန်မြိတ်လေးတွေ!"
"ဟုတ်သားပဲ၊ ရှောင်မင်က သူ ကြက်သွန်မြိတ်တွေ စိုက်ထားတဲ့အကြောင်းပဲ ဆက်တိုက်ပြောနေတာလေ" ရှောင်မင်ရဲ့ အမေက မှင်တက်စွာ ပြောလာခဲ့သည်။
သူမရဲ့သားက သူ ကြက်သွန်မြိတ်စိုက်ချင်ကြောင်း သူမကိုပြောလာတော့ သူတို့ စိုက်ခဲ့ကြပေမယ့်... အပင်တွေက မရှင်သန်ခဲ့ပေ။
အမေနဲ့သားနှစ်ယောက်စလုံးမှာ အပင်စိုက်ပျိုးနိုင်တဲ့ အရည်အချင်းရှိပုံမရဘူးဟေ့။
"မင်း ကြက်တွေအတွက် ကြက်သွန်မြိတ်လေးတွေကို ပျိုးထောင်နေတာလား?"
"ဟုတ်တယ်!" ရှောင်မင်ဟာ ခဏရပ်ပြီးတော့မှ သတိအနေအထားမတ်တပ်ရပ်ကာ အလေးပြုပြီး "ခေါင်းဆောင်ကို သတင်းပို့ပါတယ်၊ ကျွန်တော်ပြန်လာပါပြီ"
Thanks for reading!