၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း
အပိုင်း (၉၈)
ချင်းရို့လည်း လုယန်ကို အဲဒီအကြောင်း စပ်စပ်စုစုမေးကြည့်တဲ့အခါ လှိုင်းမူးတာကို ကျော်လွှားနိုင်ပေမယ့် အကယ်၍ ရေမကူးတတ်ရင်ရော? သူတို့ရေကူးသင်လို့မတတ်ရင်ရော? ဒါဆို ဘယ်လိုလုပ်ကြမလဲနော်? ပင်လယ်နဲ့အကျွမ်းတဝင်မရှိတဲ့သူဟာ ရေတပ်အရာရှိဖြစ်နိုင်လားဟင်?
ဟုတ်တာပေါ့၊ မင်းသာ ပင်လယ်ထဲ ရောက်နေပြီဆိုရင်တော့ ဘယ်မှာရေသွားကူးမှာလဲ?
ပင်လယ်ထဲပြုတ်ကျသွားတဲ့အခါ မိမိကိုယ်ကို ကယ်ဆယ်ရန် မှန်ကန်သောနည်းလမ်းမှာ ရေပေါ်ဘုတ်ပြား သို့မဟုတ် အခြားသောအသက်ကယ်ဆယ်ရေးကိရိယာတွေကို ကိုင်ဆောင်ထားသင့်ခြင်းပင်။
စစ်ဦးစီးချုပ်လင်းက ရှောင်ဝူရဲ့ လက်တွဲဖော်အကြောင်းကို သိသွားပြီးနောက် ရှောင်ဝူကိုယ်စား သူတို့အိမ်သို့ လူကိုယ်တိုင် လာရောက်တောင်းပန်စကားဆိုခဲ့၏။ သည့်အပြင် ရှောင်ဝူနှင့် စွင်းမိသားစုမှ စွင်းမင်လိတို့ ကွဲသွားပြီးဖြစ်ကြောင်း၊ စွင်းမိသားစုကလည်း သူတို့အရင်က လက်ခံရရှိထားခဲ့တဲ့ ခန်းဝင်ပစ္စည်းအားလုံးကို ပြန်လည်ပေးခဲ့ကြောင်း ပြောပြခဲ့သည်။
ထိုနေ့က စွင်းမင်လိ အိမ်ပြန်ရောက်တဲ့အခါ တစ်နေ့လုံး စိုးရိမ်ပူပန်နေခဲ့ရ၏။ ထိုညီအစ်မနှစ်ယောက်လုံးက စစ်ဦးစီးချုပ်လင်းမှတစ်ဆင့် ရှောင်ဝူဆီ ပြောပြလိမ့်မှာကို ကြောက်ရွံ့နေခဲ့သည်။ အဆုံးတွင်မူ သူမက သည်းမခံနိုင်တော့ဘဲ ရှောင်ဝူအား မေးမြန်းလိုက်တော့သည်။
ရှောင်ဝူ ထိုအကြောင်းကြားသိရသည့်အခါ ယောကျ်ားတစ်ယောက်ဟာ ထိုကဲ့သို့သောကိစ္စမျိုးကို လက်မခံနိုင်သည်မှာ သဘာဝကျလေ၏။ စွင်းညီအစ်မတွေ အပြင်မှာ ကြွားလုံးထုတ်တာက အဆင်ပြေသော်ငြား သူတို့က မဟုတ်တာတွေပါ ပြောနေကြပြီဖြစ်ရာ သူ ဘယ်လိုလုပ်ပြီး ဒီလိုမိန်းမမျိုးနဲ့ အတူတူနေနိုင်တော့မှာလဲ?
စွင်းမင်လိက သူ့အား ခါးသီးစွာ တောင်းပန်ခဲ့ပေမယ့် ရှောင်ဝူ လက်မခံခဲ့ဘဲ သူတို့ရဲ့ အိမ်ထောင်ရေးဟာ ပျက်သွားခဲ့ချေပြီ။
"မင်းက ငါ့နာမည်ကို တခြားသူတွေကိုတောင် မပြောပြချင်ဘူးလား? ငါက မင်းရဲ့ စွင်းမိသားစုကို အရှက်ရစေလို့လား?"
"မင်းကို အရှက်မရစေမယ့် ခင်ပွန်းတစ်ယောက်ကိုပဲရှာသင့်တယ်"
စစ်ဦးစီးချုပ်လင်းလည်း ဒီအကြောင်း သိလိုက်ရတဲ့အခါ ဆွံ့အသွားရ၏။ ထို့ကြောင့် လုမိသားစုဆီသို့ လာရောက်တောင်းပန်ခြင်းပင်။ အဆုံးတွင်မူ ရှောင်ဝူအား လုယန်အကြောင်းတွေကို ပြောပြခဲ့တဲ့လူက သူပဲလေ။
"ဒီလို အရှက်မရှိတဲ့ မိန်းမမျိုးရှိလိမ့်မယ်လို့ ငါ မမျှော်လင့်ထားမိဘူးကွာ"
ချင်းရို့က အစ်မဖြစ်သူ ချင်းမျန့်ဆီ သွားမေးကြည့်တဲ့အခါ စွင်းမင်လိက သူမရဲ့ အဝတ်အစားတွေကို လာယူသွားခဲ့ပေမယ့် စွင်းမင်ဖန်းကတော့ လုံးဝပေါ်မလာတော့ပေ။
ချင်းမျန့်က စွင်းမင်လိရဲ့ အိမ်ထောင်ရေး ပျက်စီးသွားတဲ့အကြောင်း သိရှိသွားပြီးနောက် မပျော်ရွှင်ခဲ့ပါချေ။
"အဲဒါက ကောင်းလား ဆိုးလားတော့ ငါလည်း မသိတော့ဘူး"
ချင်းညီအစ်မတွေဟာ သူတို့မွေးရပ်မြေကလူတွေနဲ့ အဆက်အသွယ်မလုပ်ချင်ကြသလို၊ သူတို့ ဘယ်လိုနေထိုင်နေသလဲဆိုတာကိုလည်း မွေးရပ်မြေကလူတွေကို မသိစေချင်ကြပေ။ သူတို့ ကျွန်းပေါ်ရောက်လာတဲ့အခါ စွင်းမင်ဖန်းနှင့် တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားမိခဲ့။
"မမရေ ငါတို့သိတော့ရော ဘာဖြစ်လဲ? ငါတို့က မွေးရပ်မြေနဲ့ အဆက်အသွယ်ပြတ်နေတာကြာပြီလေ"
"သူတို့က ငါတို့ဆီလာရင်တောင်မှ လျစ်လျူရှုထားလိုက်"
သူမရဲ့ ပထွေးနှင့် မိသားစုတွေ သူတို့ရှေ့မှာ ပေါ်လာရဲရင်တော့ သူတို့အားလုံးကို ထောင်ထဲပို့ပစ်မယ်လို့ ခြိမ်းခြောက်ပစ်လိုက်မယ်။
သူမ အဖွားရဲ့မိသားစုအတွက်ကတော့ ချင်းရို့မှာ သူမနဲ့ပတ်သက်ပြီး မှတ်ဥာဏ်များစွာမရှိသော်လည်း ချင်းမျန့်ကတော့ နည်းနည်းပိုသိသည်။
"ငါတို့ ကျွန်းမှာရှိရင်တောင် သူတို့လိုချင်တာနဲ့ ငါတို့ကို ရှာမတွေ့နိုင်ပါဘူးဟာ"
ချင်းမျန့်က ဒီအကြောင်းတွေကို ဆက်မပြောချင်တော့တဲ့အတွက် သူမရဲ့ ညီမကို မတ်တပ်ရပ်ခိုင်းကာ အဝတ်အစားတွေ စမ်းဝတ်ကြည့်ဖို့ ပြောလိုက်၏။ "ဒီတစ်ထည်ကိုလာကြည့် နင်ဘယ်လိုမြင်တုန်း? ဒါကို ငါ့ရဲ့အဝတ်ဟောင်းတွေနဲ့ ပြန်ချုပ်ထားတာလေ။ မကြိုက်ဘူးမလုပ်နဲ့နော်"
ချင်းရို့: "အရမ်းကြီးနေတယ်"
ဒါက အရမ်းကြီးမနေဘူးလားဟ?
"အမှန်ပဲ၊ နင့်ကိုယ်ဝန်က အခုသိပ်မကြီးသေးလို့လေ။ လနည်းနည်းကြာရင် နင့်ဗိုက်က အရမ်းကြီးလာတော့မှာ"
***
နှစ်တစ်နှစ်ရဲ့ အဆုံးတွင် ဆောင်းရာသီအငွေ့အသက် မရှိသော်ငြား ၁၉၇၂ခုနှစ် နှစ်သစ်သို့ ရောက်လာသည်မှာ အမှန်ပင်။
မိသားစုခြံဝင်းအတွင်း သက်ဝင်လှုပ်ရှားလာလေပြီ။ တရုတ်နှစ်သစ်ကူးကျင်းပဖို့အတွက် ဆွေမျိုးတွေထံ လာရောက်လည်ပတ်ကြသူများစွာရှိသလို မွေးရပ်မြေသို့ ပြန်သွားကြသူများလည်းရှိသည်။
လီချင့်ဟွားနှင့် နိုင်ငံရေးအရာရှိလျိုတို့လည်း သူတို့သားလေး လျိုယွဲ့နှင့်အတူ မွေးရပ်မြေသို့ ပြန်သွားကြ၏။ ဟွားဟွားဟာ အရင်က သူမရဲ့ မွေးရပ်မြေကို ပြန်သွားဖို့ မစီစဉ်ဖူးပေမယ့် ဒီနှစ်မှာတော့ သူမ စိတ်ပြောင်းသွားခဲ့သည်။
အကြောင်းသည်ကား ယခုအခါ သူမက "အမျိုးသမီးယာဉ်မောင်း" ဖြစ်လာသောကြောင့်ပင်။ သူမရဲ့ ကိုယ်ပိုင်စွမ်းရည်ဖြင့် "အမျိုးသမီးယာဉ်မောင်း" အလုပ်ကို ရရှိခဲ့ပြီဖြစ်ရာ သူမက ကောင်းကင်ပေါ်တက်ဖို့ ခြေတစ်လှမ်းလှမ်းပြီးသွားပြီလို့ ပြောလို့ရပြီဖြစ်၏။ ရွာ၌ သူမ လယ်ထွန်စက် မောင်းနိုင်ပြီဖြစ်သလို လေးဘီးယာဥ်ကိုလည်း မောင်းနိုင်နေခဲ့ပြီ။
လီချင့်ဟွားက သည်းခံနိုင်သူမျိုးမဟုတ်ပါချေ။
သူမ လီချင့်ဟွားက အရင်လို စာမတတ်တဲ့ လီချင့်ဟွားမဟုတ်တော့ကြောင်း သူမရဲ့ မွေးရပ်မြေက လူတွေသိအောင် ပြောပြဖို့အတွက် မွေးရပ်မြေကို ပြန်ရပေမည်။
"ရှောင်ချင်းရေ ငါ နင်နဲ့ မခွဲနိုင်ဘူးဟာ" လီချင့်ဟွားက ချင်းရို့ကို ဆွဲထားကာ စကားတွေအများကြီးပြောနေခဲ့ပေမယ့် သူမဘေးရှိ နိုင်ငံရေးအရာရှိလျိုကိုတော့ ဂရုပင်မစိုက်ခဲ့။
နိုင်ငံရေးအရာရှိလျို အရမ်းချဉ်စူးနေသလို ခံစားရ၏။
ယခုအခါ သူ့ဇနီးလေးရဲ့ ပါးစပ်ဖျားတွင် "ရှောင်ချင်း နေကောင်းရဲ့လား?" "ရှောင်ချင်းက ဘယ်လိုလုပ်ပြီး ဒီလောက်ကောင်းရတာလဲနော်?"
လီချင့်ဟွား သူမရဲ့ကိုယ်ပိုင်လစာနှင့် ဝယ်လိုက်တဲ့ ပထမဆုံးအရာမှာ ရှောင်ချင်းရဲ့ အသံကို နားထောင်ဖို့အတွက် ရေဒီယိုတစ်လုံးပင်။
ဤကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံရေးအရာရှိလျိုကလည်း စစ်ဦးစီးချုပ်လုနှင့် ဆွေးနွေးတိုင်ပင်ခဲ့ ရာ သူ့ဆီမှ နည်းလမ်းတစ်ခုခုကို ရှာနိုင်ဖို့ မျှော်လင့်စွာဖြင့် "မင်းမိန်းမကို ငါ့အကြောင်း များများချီးကျူးခိုင်းပေးပါ"
လုယန်: "... ငါ့မိန်းမက ငါ့ကိုတောင် မချီးကျူးတာကို၊ မင်းအကြောင်း ချီးကျူးခိုင်းစေချင်တာလား?" မင်း အိပ်မက်မက်နေတာပဲကွ!
"ငါ့မိန်းမရှေ့မှာ မင်းမိန်းမကို ငါ့အကြောင်း ပိုချီးကျူးခိုင်းပေးပါကွာ"
နိုင်ငံရေးအရာရှိလျို နှိမ့်ချစွာ ပြောလာကာ "ငါ့မိန်းမက ငါ့အရှေ့မှာ မင်းအကြောင်းတွေ အများကြီး ချီးကျူးခဲ့တာလေ။ ရဲဘော်ရှောင်လု အဲ့အတွက် မင်း ပြန်ပေးဆပ်ရမယ်ကွာ"
"ညီအစ်ကိုရေ မင်းမျက်နှာသာရအောင် မင်းဘာသာမင်းလုပ်ရမယ်လေ" စစ်ဦးစီးချုပ်လုက နိုင်ငံရေးအရာရှိလျိုရဲ့ ပုခုံးကို ပုတ်လိုက်ပြီး "ကျန်းမိသားစုရဲ့ ခြံဝင်းကို ကြည့်လိုက်"
နိုင်ငံရေးအရာရှိလျို: "…"
ကျန်းမိသားစု ခြံဝင်းဟာ တကယ်ကို ကြောက်စရာကောင်းပေမယ့် မိသားစုခြံဝင်းထဲရှိ လူတိုင်းက ကျန်းချန်ပေ့ဟာ ရိုးသားပြီး စိတ်ရင်းမှန်ကန်တယ်လို့ ထင်ကြလေသည်။
ထိုလူဟာ သူ့မိန်းမအတွက် သာယာလှပတဲ့ ခြံဝင်းတစ်ခုကို ဖန်တီးပေးချင်ခဲ့ပေမယ့်... အဆုံးသတ်က ကျေနပ်စရာမဟုတ်သော်လည်း အနည်းဆုံးတော့ သူ အကောင်းဆုံးကြိုးစားခဲ့သည်ပင်...
အရမ်းခက်ခဲတာပဲကွာ!
နိုင်ငံရေးအရာရှိလျို ချဉ်တူးစွာဖြင့် "မင်းက အဝတ်လျှော်၊ ဘန်းမုန့်ပေါင်းတွေလုပ်ဖို့ပဲ လိုပေမယ့် ငါတို့ကတော့ ခြံဝင်းကို ဂရုစိုက်ရမှာပေါ့"
လုယန်: "... ငါလည်း အိမ်ပြန်ပြီး နေ့တိုင်း ငါ့ဇနီးလေးနဲ့အတူတူ အိပ်ချင်တာ"
နိုင်ငံရေးအရာရှိလျိုဟာ သူလည်း တစ်ခုခုပြန်ပြောသင့်ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။
"စစ်ဦးစီးချုပ်လုရေ နောက်မှတွေ့ကြမယ်ကွာ။ ဒီတစ်ခါ ငါ့မွေးရပ်မြေကနေ ပြန်လာတဲ့အခါ ငါ့ဇနီးလေးရဲ့ နှုတ်ဖျားမှာ ငါတစ်ယောက်တည်းပဲရှိနေစေရမယ်"
လုယန်: "ကောင်းချီးပေးပါစေ"
Thanks for reading!