၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း
အပိုင်း (၉၇)
ချင်းရို့က ကိုယ်ဝန်ဆောင်ဖြစ်၍ သူမကို ခက်ခဲအောင်မလုပ်လိုကြသလို လုယန်ကလည်း အိမ်မှာမရှိသဖြင့် သူတို့လည်း ဘေးအိမ်က မစ္စတာကျန်းကို အချောဆွဲကြတော့သည်။
ကျန်းချန်ပေ့ဟာ အလွန်နာကျင်စွာဖြင့် ဓာတ်ပုံရိုက်ပေးခဲ့ရပြီး သူတို့မိသားစုခြံဝင်းအကြောင်းကိုတောင် နက်နက်နဲနဲဆွေးနွေးခြင်းခံခဲ့ရလေသည်။
- မင်း ဘယ်လိုလုပ်ပြီး ခြံဝင်းကို ဒီလိုမျိုးဖြစ်အောင် လုပ်နိုင်ရတာလဲကွာ?
ကျန်းချန်ပေ့: "…"
လောင်လု၊ လောင်ဝမ်နှင့် လောင်ဟယ်တို့က စိတ်အားထက်သန်စွာဖြင့် သူ့ကို အကြံတစ်ချို့ ပေးကြလေ၏။
"အရင်ဆုံး ဧရိယာသေးသေးလေးပဲစိုက်ဦး"
"မင်း ဘယ်လိုများစိုက်ခဲ့တာတုန်း?"
"မင်း နေကြာပန်းနည်းနည်းစိုက်ချင်လား?"
ကျန်းချန်ပေ့: "..."
မဟုတ်ဘူး၊ သူ လုံးဝလက်မလျှော့နိုင်ဘူး၊ သူ့ရဲ့အရှုံးမပေးလိုတဲ့ စိတ်ဝိဥာဥ်ကို ပြင်းပြင်းထန်ထန် အားထုတ်ရမယ်။ နောက်ပြီးတော့ ယာယီကျရှုံးမှုကနေ ဘယ်သောအခါမှ ရှုံးနိမ့်လိမ့်မှာမဟုတ်ဘူးကွ။
"နောက်နှစ်အထိစောင့်ပါ၊ ကျွန်တော့်ခြံ နောက်နှစ်မှာ ဒီလိုမျိုးထပ်ဖြစ်တော့မှာမဟုတ်ဘူးဗျ!"
"ကောင်းပြီ၊ နောက်နှစ်မှာ တွေ့ကြတာပေါ့ကွာ"
ကျန်းချန်ပေ့: "…"
အငြိမ်းစားအကြီးအကဲတွေရေ... ခင်ဗျားတို့မှာ တကယ်ကြီး ဘာမှလုပ်စရာမရှိဘူးပဲ။
ကျန်းချန်ပေ့ အိမ်ပြန်ရောက်ပြီးနောက် သူ့ဇနီးအား လေးလေးနက်နက်ပြောလိုက်လေ၏။ "ငါ အနာဂတ်မှာ အငြိမ်းစားယူတဲ့အခါ ဘယ်တော့မှ ဒီလိုမျိုး စိတ်အနှောက်အယှက်ဖြစ်စေမယ့် အဘိုးကြီးတစ်ယောက်ဖြစ်မှာမဟုတ်ဘူး"
သူတို့တွေဟာ တကယ်ပဲ ခေါင်းမာတဲ့အဘိုးကြီးသုံးယောက်ပဲ။
"သူတို့ ဘာလုပ်နေကြတာလဲ? သူတို့ကိစ္စကိုပဲ သူတို့ဂရုစိုက်သင့်တာကို"
ဟွမ်ရှင်းရင်: "တော်တော့"
ကျန်းချန်ပေ့: "မရဘူး"
ဟွမ်ရှင်းရင်က သူမရဲ့ ခြံကို တွေးမိသွားတဲ့အခါတွင် ခေါင်းကိုက်လာရပြီ။ "ရှင် မအိုသေးပါဘူး၊ ဒါပေမဲ့ ရှင်က အခုကတည်းက ခေါင်းမာတဲ့အဘိုးကြီးဖြစ်နေပြီ"
ကျန်းချန်ပေ့: "…"
လောင်ဝမ်၊ သူ့မိန်းမနှင့် လောင်ဟယ်တို့က ချုံကျိုးကျွန်းတွင် ရက်အနည်းငယ်နေပြီးနောက် မြောက်ပိုင်းသို့ ပြန်သွားကြ၏။ လုကျုံးရီနှင့် ကျန်းဖျင်တို့ကတော့ ကျွန်းမှာ ခေတ္တနေထိုင်၍ နှစ်သစ်ကူးပြီးမှသာ ပြန်ရန် စီစဥ်ထားခဲ့ကြသည်။ သူတို့ရဲ့ ချွေးမအငယ်ဆုံးလေး ကလေးမွေးပြီးတဲ့အထိ နေဖြစ်ရင်လည်း နေဖြစ်နိုင်ပေမည်။
ချွေးမလေးမှာ အမြွှာကိုယ်ဝန်ရှိနေသလို သားငယ်ကလည်း အိမ်မှာ အမြဲရှိမနေတာကြောင့် သူမအား တစ်ယောက်ယောက်က စောင့်ရှောက်ပေးဖို့ လိုအပ်လေသည်။
ထို့အပြင် ကျန်းဖျင်က စစ်ဆရာဝန်ဖြစ်ခဲ့ဖူးတာကြောင့် လုယန်လည်း သူ့ဇနီးလေးအနားမှာ သူ့အမေရှိနေရင် ပိုစိတ်ချရသလို ခံစားရ၏။
မိသားစုခြံဝင်းအတွင်းရှိ လုယန်ရဲ့ နှစ်ထပ်အိမ်လေးဟာ သူ့မိဘတွေအတွက် လုံလောက်သည်ထက် ပိုနေသော်လည်း လုကျုံးရီနှင့် ကျန်းဖျင်တို့ကတော့ သူ့သားအိမ်မှာ မနေလိုကြောင်း ပြောခဲ့သည်။
"ငါတို့ အနီးနားက ရဲဘော်ဟောင်းရဲ့ အိမ်တစ်လုံးကို ငှားထားတယ်"
ဟုတ်ပါတယ်၊ လုကျုံးရီနှင့် သူ့မိန်းမက သူတို့ ဒီကျွန်းကမပြန်ခင်မှာ အနည်းဆုံးတော့ ဟင်းသီးဟင်းရွက် စိုက်ပျိုးသွားချင်ခဲ့သည်။
သားငယ်လေးရဲ့ ခြံဟာ သူတို့ချွေးမလေးရဲ့ အပိုင်ပင်။ သူတို့က ငှက်ကျားရဲ့ အသိုက်ကို အမြဲတမ်းယူထားလို့မရဘူးလေ။
ဟုတ်တာပေါ့၊ သူတို့လည်း ဟင်းသီးဟင်းရွက်နှင့် ပန်းပင်တွေစိုက်ပျိုးဖို့ နောက်ထပ်နေရာတစ်နေရာ ရှာချင်နေတာပဲလေ။
သူတို့သားလေး အိမ်မှာမရှိတဲ့အခါ သူတို့က ချွေးမလေးကို ကြည့်ရှုစောင့်ရှောက်ပေးမည်ဖြစ်၏။ ကိုယ်ဝန်ဆောင်ချိန်တွင် ဘေးမှာ တစ်ယောက်ယောက် အမြဲရှိနေသင့်သည်။ မတော်တဆချော်လဲမှာ၊ ပြုတ်ကျမှာကို စိုးရိမ်ရသလို လေ့ကျင့်ခန်းအတွက်လည်း တစ်နေ့ကို ကီလိုမီတာပေါင်းများစွာ လမ်းလျှောက်ရမည်ဖြစ်သည်။
မူလက ချင်းရို့တစ်ယောက် သူမရဲ့ ယောက္ခမတွေနဲ့အတူတူ နေထိုင်ရန် ပြင်ဆင်ထားခဲ့သည်။ သူမရဲ့ စိတ်ထဲတွင် ယောက္ခမနှင့် ချွေးမကြားက မရေမတွက်နိုင်သော တိုက်ပွဲများစွာကိုပင် စိတ်ကူးပုံဖော်ထားသေး၏။ သို့သော် သူမရဲ့ယောက္ခမတွေက သူတို့ခေါင်းကို ခါယမ်းကာ သူတို့နဲ့အတူတူ မနေလိုဘူးလို့ ပြောလာခဲ့လေသည်။
ချင်းရို့: "????!"
ငါ့ယောက္ခမတွေက တော်တော့်ကို အတွေးအမြင်ဆန်းသစ်ကြတာပဲ၊ သူတို့ရဲ့ အိမ်ထောင်သည်ကလေးတွေနဲ့အတူတူ မနေချင်ဘူးပဲဟ။
ချင်းရို့က သူမယောက်ျားကို ပွေ့ဖက်ရင်း အေးလိုက်လေ၏။ "ရှင် ငယ်ငယ်တုန်းက ဘယ်လောက်ဆိုးတာလဲ? ရှင့်မိဘတွေက ရှင်နဲ့တောင် အတူတူမနေချင်တော့ဘူးနော်"
လုယန်: "ကိုယ်က အိမ်မှာ အငယ်ဆုံး၊ အပြင်မှာဆိုရင်တော့ ဘော့စ်ပဲ။ မင်း ကြောက်သွားပြီလား?"
"ကျွန်မ ကြောက်ပါပြီ၊ တကယ့်ကို ကြောက်ပါတယ်နော်။ လုကောရေ ကျွန်မတို့ရဲ့ အနာဂတ် ကလေးလေးတွေကို ရှင်ပဲ ပြုစုပျိုးထောင်တော့နော်"
ချင်းရို့က *ပိပိပုစွန်လေးနှစ်ကောင် မွေးလာမှာကို အမှန်တကယ် စိုးရိမ်နေခဲ့သည်။ (*လူဆိုးလေးနှစ်ယောက်)
တစ်ခါတစ်ရံတော့ မင်း လောကုတ္တရာဆိုင်ရာ အတွေးအခေါ်တွေမှာ အာရုံစိုက်သင့်တယ်နော်။ ချင်းရို့လည်း လေးနက်စွာ ဆုံးဖြတ်လိုက်ရာ "လုယန် ကျွန်မ မမွေးခင်အထိ ပိပိပုစွန်ကို မစားတော့ဖို့ စီစဉ်ထားတယ်။ ရှင်တော့စားလို့ရတယ်နော်"
လုယန် စိတ်ရှုပ်ထွေးစွာဖြင့် "ဘာလို့လဲ? ကလေးနဲ့ ပိပိပုစွန်နဲ့ ဘာဆိုင်လို့လဲ? မင်း ပိပိပုစွန်စားရတာ အရမ်းကြိုက်တာမဟုတ်ဘူးလား?"
ချင်းရို့: "…"
- ဘာလို့လဲဆိုတော့ ပိပိပုစွန်လေးနှစ်ကောင်မွေးလာမှာကို ကြောက်လို့လေ။
"ကျွန်မ ပိပိပုစွန်ကို အရမ်းစားရင် ကလေးတွေက ရှင့်လိုမျိုးဖြစ်သွားမှာ ကြောက်လို့ပေါ့"
လုယန်: "မင်းသဘောပါကွာ"
နောက်တစ်နေ့တွင် ချင်းရို့တစ်ယောက် သူမရဲ့ ဆုံးဖြတ်ချက်ကို ပယ်ဖျက်ပစ်လိုက်ရ၏။ ဘာကြောင့်မှန်းမသိပါချေ၊ သူမ ကိုယ်ဝန်ရှိလာပြီးနောက်ပိုင်း ပိပိပုစွန်ကို ချဥ်ခြင်းတက်နေလေသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးရဲ့ အကြိုက်နှင့် အစာစားချင်စိတ်ဟာ ကျိုးကြောင်းသင့်လျော်ခြင်းမရှိပါချေ။
ဤခေတ်၌ ပိပိပုစွန်တွေဟာ ဈေးမကြီးတဲ့အတွက် ကြိုက်သလောက်စားနိုင်လေ၏။
လုယန် ပိပိပုစွန်တွေကို စားတဲ့အခါ ချင်းရို့က လောဘတကြီးဖြင့် အများကြီးစားပစ်လိုက်သည်။
"မင်း ပိပိပုစွန်မစားတော့ဘူးလို့ ပြောထားတာမဟုတ်ဘူးလား?"
ချင်းရို့ မျက်ရည်တွေနဲ့ ပိပိပုစွန်ကို စားနေကာ "ကျွန်မလည်း မတတ်နိုင်ဘူး"
သူမက ပိပိပုစွန်ကို မစားဖို့ ရည်ရွယ်ထားလေလေ၊ သူမ ပိုပြီးစားချင်လေလေပဲ။
- ကံကြမ္မာက လူတွေကို တကယ်ပဲ လှည့်စားတတ်တယ်။
"ရှင့်မိဘတွေက သူတို့ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးပြီးသွားတဲ့အခါ ကျွန်မတို့ကို ညစာဖိတ်ကျွေးမယ်လို့ ပြောလိုက်တယ်"
လုယန် အေးအေးဆေးဆေးဖြင့် ပြောလာလေ၏။ "မသွားပါနဲ့"
ချင်းရို့: "…"
လုယန်ရဲ့ မိဘတွေက ကျွန်းပေါ်တွင် နေထိုင်ခဲ့ကြသည်။ ထိုအချိန်အတောအတွင်း စစ်ဦးစီးချုပ်လင်းက လုမိသားစုအိမ်မှာ ထမင်းတစ်နပ်လာစားခဲ့၏။ အနှီစစ်ဦးစီးချုပ်လင်းဟာ ချင်းရို့အတွက်တော့ သူစိမ်းမဟုတ်ပါချေ။ နောက်ဆုံးတစ်ခေါက်က သူမရဲ့ အစ်မနေရာမှာ ဆုံခဲ့ဖူးတဲ့ စွင်းမင်ဖန်း ညီမရဲ့ အိမ်ထောင်ဖက် ရှောင်းဝူဟာ စစ်ဦးစီးချုပ်လင်းရဲ့လက်အောက်မှာ အလုပ်လုပ်လေ၏။
စစ်ဦးစီးချုပ်လင်းဟာ လုယန်၏ လုပ်ဖော်ကိုင်ဖက်ပင်။ လုပြည်နယ်ဇာတိသားဖြစ်တဲ့ လုယန်ဟာ တပ်မတော်ထဲတွင် တူညီသောပြည်နယ်မှ အပေါင်းအသင်းများစွာရှိလေသည်။
ချင်းရို့က စစ်ဦးစီးချုပ်လင်းကို ပထမဆုံးမြင်တွေ့ချိန်မှာတော့ သူ့တစ်ကိုယ်လုံးတွင် "ဝမ်းနည်းပူဆွေးခြင်း"ဆိုတဲ့ စကားလုံးကို ရေးထားသည့်နှယ် သူမ ခံစားလိုက်ရသည်။
အနှီစစ်ဦးစီးချုပ်လင်းဟာ အလွန်စိတ်ဝင်စားဖွယ်ကောင်းလှ၏။ သူက ကမ်းရိုးတန်းတပ်များတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော်လည်း နောက်ပိုင်းမှာ ရေတပ်ဆီသို့ ပြောင်းရွှေ့ခံခဲ့ရတယ်လို့ ဆိုကြသည်။
နောက်ဆုံးအကြိမ် သူ ပင်လယ်ထဲသွားတုန်းက စစ်ဦးစီးချုပ်လင်းဟာ လှေပေါ်မှာ အော့အန်ခဲ့သဖြင့် ကြိုးတွေနဲ့ ချည်ထားခဲ့ရလေ၏။
လုယန်နှင့် ချင်းရို့တို့က ကမ်းစပ်တွင် ပွေ့ဖက်နေကြကာ ခွဲခွာရန် ဝန်လေးနေကြစဥ် ထိုသူကတော့ ဆိပ်ခံ၌ အိပ်မက်မက်နေသကဲ့သို့ တိတ်ဆိတ်စွာ တွေဝေနေခဲ့သည်။
ဆိုရိုးစကားအတိုင်း လူတွေက လှေပေါ်တက်ရင် မူးဝေကြတယ်၊ နောက်ပြီးတော့ လှေပေါ်ကဆင်းရင်လည်း မူးဝေကြတယ်တဲ့။
မကြာသေးမီကမှ သူ အဲဒီနေရာမှာ ကျင့်သားရလာခဲ့ကြောင်း၊ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဝမ်းနည်းနေတဲ့ခံစားချက်မှာ အနည်းငယ် နည်းပါးသွားကြောင်း သိခဲ့ရလေသည်။