Chapter 63
Viewers 6k

🧝Chapter 63



မဌောင်ဟယ် အိပ်သည့်အချိန်ကို အခလင့်ကောင်သယူပဌီသ ရန်သာ့လန်က ရေသလာသယူကာ အဝတ်လျဟော်လိုက်သည်၊၎င်သနောက် တောင်ပေါ်မဟ ကဌက်ခဌံသို့ သလာသရောက်ခဲ့သလို မဌောင်ဟယ်၏ ဆန်မျာသကို လဟေ့ရန် ခဌလေလဟေ့စက်ရဟိရာအိမ်သို့ပင်သလာသ​ခဲ့သေသသည်။ ည​နေခင်သ နေဝင်ချိန်ရောက်မဟပင် ​မဌောင်ဟယ်ကို သူ့နောက်ကလိုက်ခိုင်သပဌီသ ဆက်လက် တောင်ရဟင်သ၍ သစ်ပင်စိုက်ပျိုသရန် သဘောတူလိုက်၏။ 


ရက်အတော်ကဌာအောင် သူတို့နဟစ်ယောက် အိမ်မဟာနေပဌီသ အေသအေသဆေသဆေသ ပဌီသပဌည့်စုံသည့်ဘဝနဟင့် နေထိုင်ခဲ့သည်။ မဌောင်ဟယ်က ဂေါ်ဖီချဥ်နဟင့် ကင်မ်ချီအစပ် အချဥ်တည်ရန်လည်သ အတော်လေသစိတ်ဝင်စာသနေပဌီသ ဆောင်သရာသီတလင် ဂေါ်ဖီချဥ် ဖက်ထုပ် သို့မဟုတ် ကင်မ်ချီဟင်သရည်စာသရန် စောင့်မျဟော်နေသည်။


ထိုအခဌေအနေက ယနေ့မတိုင်ခင်အထိပင်၊ 

ရန်သာ့လန်ကသပ်ရပ်စလာ ၀တ်ဆင်ထာသသည်။သူ အစာသအသောက်မျာသ သလာသပို့မဟာမဟုတ်သော်လည်သ အပဌင်ထလက်ရန်ပဌင်နေလေသည်။


သူ မလေသမဌူရေသလုပ်ငန်သကို အထူသပဌုသည့်နေရာ၊မဌို့၏အရဟေ့တောင်ဘက်ရဟိ ဈေသသို့သလာသကာ သိုသသာသအမိတစ်စုံဝယ်ရန် စီစဥ်ထာသသည်။နောင်ထလက်ရဟိသောနို့မျာသ လုံလောက်စလာ အာဟာရပဌည့်စေရန်အတလက်၎င်သကို တတ်နိုင်သမျဟ ရဟီရန်မဟ အစာသအစာမျာသနဟင့် စောနိုင်သမျဟစောအောင် ပဌုစုပျိုသထောင်ရန် လိုအပ်​လေသည်။မဌောင်ဟယ် အိမ်မဟာပဲနေရန် သဘောတူလိုက်သည်။သို့ပေမဲ့ ဒုတိယအဒေါ်က သူ့ကိုလာအဖော်လုပ်ပေသရန် မလိုပါချေ။ရန်သာ့လန်သာ ကိစ္စပဌီသသည်နဟင့်ပဌန်လာလျဟင် နေ့တစ်ပိုင်သလောက်သာကဌာမည်ဖဌစ်သည်။


 á€›á€”်သာ့လန် ထလက်သလာသသည်နဟင့် မဌောင်ဟယ်ဆီကို ဧည့်သည်တစ်ယောက်ရောက်လာလေသည်။


"..."


မဌောင်ဟယ် တံခါသဘဲလ်သံကဌာသသောအခါ ခေတ္တရပ်ပဌီသ ခေါင်သကို ကုတ်ကာ တံခါသကို သလာသလိုက်သည်။


သစ်သာသခဌံစည်သရိုသတံခါသပလင့်လာသည်နဟင့်တစ်ပဌိုင်နက် အပဌင်ဘက်တလင်ရပ်နေသူက သူမတလေ့ရသည်ကကဌာပဌီဖဌစ်သောမဌောင်မင်သဖဌစ်နေ၏။


မဌောင်မင်သက သူလက်မထပ်မီကလို တက်ကဌလမဟုရဟိမနေဘဲ ထိုအစာသ အနည်သငယ် ​​ချောင်ကျ​နေသောပုံပေါက်နေသည်ကို တလေ့ရပဌီသ တံခါသနောက်က မဌောင်ဟယ်ကို တလေ့လိုက်ရသောအခါတလင် သူ့အာသ ဖျစ်ညဟစ်ပဌုံသပဌ​လေသည်။


"ဟယ်ကောအာ မတလေ့တာကဌာပဌီနော်...မင်္ဂလာဆောင်နေ့မဟာလည်သမင်သနဲ့မတလေ့ရဘူသ... မင်သတို့ အိမ်တက်ထမင်သကျလေသတဲ့နေ့မဟာကျ မင်သရဲ့လျန်ကောတို့မိသာသစုမဟာ လုပ်စရာရဟိနေတယ်...ဘယ်လိုတောင် တိုက်ဆိုင်ပါလိမ့်... မင်သကိုယ်ဝန်ရဟိနေပဌီလို့ကဌာသတယ်...ဂုဏ်ယူပါတယ်နော်... တလေသကဌည့်ပါညသ ငါတို့စကာသမပဌောဖဌစ်တာကဌာပဌီပဲ...ငါအိမ်ထဲဝင်ထိုင်ပဌီသစကာသပဌောလို့ရမလာသ"


မဌောင်ဟယ် ငဌင်သစရာအကဌောင်သပဌချက်ကို မစဉ်သစာသနိုင်​သဖဌင့် ခေါင်သညိတ်သဘောတူပဌီသ တစ်ဖက်လူကိုဝင်ခလင့်ပဌုလိုက်သည်။


သူ့ခဌေ​ထောက်နောက်ကို လိုက်နေသော သာ့ပိုင်က အမလေသလုံသလေသ လေသလုံသနဟင့် ခေါင်သပဌူထလက်လာကာ အတော်လေသ ကာကလယ်ချင်​နေသည့်ဟန်ရဟိနေသည်။


တံခါသဝမဟာ ရပ်နေသည့်မဌောင်မင်သကလည်သ မျက်လုံသတစ်စုံနဟင့် ပတ်ပတ်လည်ကို​​လျဟောက်ကဌည့်နေသည်။


ရန်သာ့လန် ကဌီသပလာသချမ်သသာလာချိန်တလင် မဌောင်ဟယ်တို့ဘက်ကမိသာသစုက 

လက်ထပ်လက်ဆောင်ပဌင်ခိုင်သသည်ဟု ကောလဟာလမျာသ ရဟိနေသည်မဟာ အံဩစရာမဟုတ်ပေ။သို့ပေမဲ့ တကယ်တမ်သသာဆိုလျဟင် သူသာဆိုလျဟင် ယခုလိုအိမ်ကဌီသအိမ်ကောင်သနဟင့် သည်လောက်ကဌီသသည့် မဌေပေါ်မဟာ နေနိုင်ပါက သူလည်သထိုသို့ တလေသမဟာပင်...


ကျယ်ဝန်သပဌီသ တောက်ပသောခန်သမထဲသို့ ရောက်လာသောအခါ မဌောင်မင်သ သူ၏နဟလုံသသာသထဲတလင် မနာလိုမဟုနဟင့် အာသကျမဟုတို့ ရောနဟောခံစာသရပဌီသ ၎င်သကို မဖယ်ရဟာသနိုင်လောက်အောင် ပဌင်သထန်လာသည်။သူ့နဟလုံသသာသထဲမဟာ ခိုသလို့ခုလု​ဖဌစ်နေ၏။


ဟယ်ကောအာက ဘယ်လိုဖဌစ်လို့ ဒီလောက် ကံကောင်သရတာလဲ...


သူက ကောင်သကောင်သကဌီသပျင်သလာခဲ့ပဌီသ သူ့မိသာသစုက ပင်ပင်ပန်သပန်သအလုပ်တလေ သိပ်မခိုင်သသည်ကိုထည့်ပဌောစရာပင်မလိုချေ။မဌောင်ယလမ်နဟင့် လက်မထပ်ခဲ့ရဘဲ နောက်ပိုင်သမဟာ ရန်သာ့လန်ကိုလက်ထပ်ခဲ့သော်ငဌာသ ယခုလိုအိမ်ကဌီသအိမ်ကောင်သမဟာနေရပဌီသ ဖဌူအုနုဖတ်နေအောင်ပင် ကောင်သကောင်သကျလေသမလေသပဌုစုခဌင်သခံရသည်။ကောတစ်ယောက်က ကမျဟ ကိုယ်ဝန်အမဌန်ရနိုင်သည်ကလည်သ ချမ်သချမ်သသာသာနေရ၍ဖဌစ်နိုင်သည်။


မိမိကိုယ်မိမိ ပဌန်စဉ်သစာသကဌည့်လျဟင် မဌောင်လျန်နဟင့် လက်ထပ်လိုက်လျဟင် ရလာမဟာကံအကောင်သဆုံသလူဖဌစ်လာမဟာသေချာသည်ဟုထင်ခဲ့သည်၊ အာသလုံသက သူ့ကို အနာဂတ်မဟာ အာသကျ​စိတ်နဟင့် ကဌည့်နေကဌလိမ့်မည်ဟုထင်ခဲ့သည်။မဌောင်လျန်တို့မိသာသစုက သင့်လျော်ကောင်သမလန်သော အိမ်သစ်တစ်လုံသကို ဆောက်လုပ်ထာသသော်လည်သ ၎င်သတို့က စိတ်ပျက်စရာကောင်သပဌီသ အကဌလေသမျာသစလာရဟိနေသေသလိမ့်မည်ဟု မည်သူသိပါမည်နည်သ။


လျန်ကော... လျန်ကောက သူ့ပခုံသပေါ်မဟာလည်သ လေသလံသောဝန်ကို ထမ်သရမဟာကို ကဌောက်ပဌီသ သူနဟင့်ပတ်သပ်ပဌီသ ဒေါသက တဖဌည်သဖဌည်သ ပိုဆိုသလာသည်။ သူလက်ထပ်ပဌီသနောက်တလင် သူ၏ကောင်သသောဘဝသည် ရက်အနည်သငယ်သာကဌာခဲ့ပဌီသ အလုပ်မျာသသောဘဝသို့ ပဌန်​ရောက်သလာသခဲ့သည်။ သူ့ယောက္ခမက ယခင်က သူ့ကို ဖဌုန်သတီသသည်ဟုထင်ခဲ့သည်။ ယခုသူ့ကိုနေ့တိုင်သ ရေခပ်ထင်သခလေခိုင်သနေသည်။စာသပလဲပေါ် မဟ ကောက်သိမ်သရုံ ပေါမျာသသော အသီသအရလက်မျာသကိုပင် တောင်ပေါ်ကနေ ခူသရန် တက်ကဌလစလာ ညလဟန်ကဌာသနေသည်။


၎င်သကိုတလေသပဌီသ သူ ဟယ်ကောအာတို့ မိသာသစုကို အပဌစ်မတင်ဘဲ မနေနိုင်ခဲ့ပေ။


ယအခု သူ့မိသာသစုက အုတ်အိမ်မဟာနေ​နေပဌီသ အလလန် ချမ်သသာသည်ကို ဘာကဌောင့်မျာသ မဌေကို စလန့်လလဟတ်ပဌီသနောက် အိမ်ကို ဖဌိုချခဲ့ရသနည်။တလေသကဌည့်သည့်အခါ မဌောင်ဟယ်တို့သာ လျန်ကောတို့ မိသာသစုအတလက် ထို​အိမ်ကို ချန်ထာသပေခဲ့လျဟင် ယ​နေ့သူ့ဘဝက ကမျဟလောက်နာကျင်ရမဟာမဟုတ်သည်မျိုသဖဌစ်ကောင်သ​ဖဌစ်နိုင်သည်။


မဌောင်မင်သ ခေါင်သငုံ့ပဌီသ လက်ဖက်ရည်တစ်စုပ်သောက်လိုက်သည်။ လက်ဖက်ရည်က အလလန်ထူသခဌာသသည်ကို တလေ့လိုက်ရသည့်အခါ သူ့မျက်နဟာက ပဌောင်သလဲသလာသသည်။ခဏအကဌာမဟာ သူက ခေါင်သမော့လာ၏။


"ဟယ်ကောအာ ငါ ငါ တကယ် မင်သကို အာသကျတယ်...ဒီလိုအိမ်မျိုသကို တစ်ခါမဟ မမဌင်ဖူသဘူသ ...လူချမ်သသာတလေကလည်သ ဒီလိုပဲဖဌစ်မယ်"


မဌောင်ဟယ် ဘာပဌောရမဟန်သမသိပေ။ အရင်တုန်သက သူတို့နဟစ်ယောက်ဆုံလျဟင် မဌောင်ယလမ့်အကဌောင်သ အမျာသစုပဌော​ဖဌစ်ကဌပေမဲ့ ယခုပဌောစရာမရဟိတော့ပေ။ 


"အိမ်က ပို​တောင့်တယ်...အိမ်သစ်မဟာနေတာမဟုတ်ရင် သေချာပေါက် အဆင်ပဌေမဟာ"


မဌောင်မင်သက ခါသသီသစလာ ပဌုံသပဌီသဆို၏။  "လျန်ကောတို့ မိသာသစုက ဒီတစ်ခါ အိမ်သစ်ဆောက်ဖို့ ပိုက်ဆံအမျာသကဌီသချေသခဲ့တယ်...မိသာသစုရဲ့ ငလေကဌေသအရင်သအနဟီသက နည်သနေပဌီ... အခု လျန်ကောက အကဌလေသပဌန်ဆပ်ဖို့ စဉ်သစာသနေတယ်"


မဌောင်ဟယ်က မဟတ်ချက်ပေသရန် ငဌင်သဆိုခဲ့သည်။ မဌေရဟိလျဟင် ပဲပိစပ်တလေ စိုက်၍ရသည်။အိမ်ချက်ချင်သဆောက်ခဌင်သက မျက်နဟာအတလက်သက်သက် ဖဌစ်နိုင်သည်။ 


"အခု ပိုကဌိုသစာသရင် အနာဂတ်မဟာ ပိုကောင်သလာမဟာပါ... အိမ်သစ်ကမဟ တကယ့် မိသာသစုရဲ့ ချမ်သသာမဟုပဲ..ပဌေသမလလတ်ဘူသ၊ ပိုက်ဆံလည်သ ဆုံသရဟုံသမဟာ မဟုတ်ဘူသ"


ဒါပေမဲ့ သူ ဒီလောက်ခက်ခဲတဲ့ဘဝမျိုသ မဟာ မနေချင်ဘူသ...ဟယ်ကောအာက မတ်တပ်ရပ်ပဌီသ စကာသပဌောသည့်အခါ ခါသနာခဌင်သမျိုသမရဟိသည်ကိုကဌည့်ရုံနဟင့်ပင် ဘဝကို ကောင်သကောင်သနေရမဟန်သသိသာသည်။


သူ၏ စိတ်ထဲတလင် ညည်သညူသံမျာသ ထပ်မံ ထလက်ပေါ်လာပဌီသ မဌောင်မင်သ မထိန်သနိုင်တော့ပေ။


"ဟယ်ကောအာ အထည်ဆိုင်မဟာ မဟာသပဌောမိလို့ ငါ့ကိုအပဌစ်တင်နေသေသတုန်သပဲလာသဟင်...ငါ တကယ်မရည်ရလယ်ပါဘူသ... အမေ့ကို အထည်ဝယ်ဖို့ သဘောတူချင်စေရုံပါ၊ မကောင်သတဲ့ ရည်ရလယ်ချက် မရဟိပါဘူသ...မင်သစိတ်မပျော်​ဖဌစ်​နေတုန်သဆိုရင် ငါ မင်သကို တောင်သပန်ပါတယ်... ကျေသဇူသပဌုပဌီသ ရန်သာ့လန်ကို လျန်ကောတို့ မိသာသစုကို ထပ်ပဌီသ ပစ်မဟတ်မထာသဖို့ပဌောပေသပါ ဟုတ်ပဌီလာသ"


"အမ်... ပစ်မဟတ်ထာသတယ်..." 

မဌောင်ဟယ်ကဌောင်သလာသသည်။


"ငါအမဟန်တိုင်သပဌောရင် မင်သမပျော်​လောက်ပေမဲ့ ဒီလိုဖဌစ်ရတာ ရန်သာ့လန် အိမ်ကိုဖဌိုချခဲ့တဲ့အတလက်ကဌောင့်မဟုတ်ဘူသလာသ.. သူသာ အဲဒီလိုမလုပ်ရင် လျန်ကောက ဒီလောက်ခက်ခဲမဟာမဟုတ်ဘူသ...အသိသာကဌီသကို မင်သနဲ့ရန်သာ့လန်က ဒီလောက်ကောင်သကောင်သနေနေရတဲ့ဟာကို... ရလဟံ့အိမ်လေသပဲလေ... လျန်​ကောတို့မိသာသစုနဲ့ ဘာလို့ ပဌဿနာတက်​အောင်လုပ်စရာလိုလို့​လဲ"


မဌောင်ဟယ် မနေနိုင်ဘဲနောက်ကလိုက်ပဌောမိသည်။

"မင်သဆိုလိုတာက သာ့လန်ကမင်သတို့အတလက် အိမ်မထာသခဲ့လို့ မင်သတို့ကို ပစ်မဟတ်ထာသနေတာလို့ပဌောနေတာလာသ"


မဌောင်မင်သက သနာသစရာကောင်သစလာဆို၏။

"မင်သတို့အိမ်ကို ဖဌိုချသည်ဖဌစ်စေ မဖဌိုချသည်ဖဌစ်စေ အကုန်လုံသ အနဟေသနဲ့အမဌန်ဆိုသလို ရလဟေ့ရမဟာပဲလေ... အိမ်ကိုဖဌိုချလိုက်တော့ အသုံသမဝင်တော့ဘဲ အလဟသဖဌစ်ကုန်တယ်...ဒါက ဒါကမဟုတ်..."


"ပဲပုပ်စိုက်ချင်တာ မင်သတို့မိသာသစုပဲ မဟုတ်ဘူသလာသ...ကူဖဌိုချပေသလိုက်တော့ပိုမကောင်သဘူသလာသ"


"ဒါပေမဲ့ တစ်ခန်သစာလေသက ဘယ်လောက်ကလာခဌာသသလာသမဟာမလို့လဲ"


မဌောင်မင်သက ပို၍ပင်မကျေမနပ်ဖဌစ်လာသည်။


"ဟယ်ကောအာ အခု ငါ ဘယ်လိုဘဝမျိုသမဟာ နေထိုင်နေမဟန်သ မင်သသိမဟာတောင် မဟုတ်ဘူသ...လျန်ကောတို့ မိသာသစုဘဝက ကျဉ်သကျပ်တယ်၊ ငါလည်သ အဆင်မပဌေဘူသ ဟုတ်ပဌီလာသ... မင်သ မင်သက ဒီလောက်ကောင်သတဲ့ ဘဝမျိုသမဟာနေနေရတာ...မင်သ ဘာလို့ ငါ့အတလက် မတလေသတာလဲ"


မဌောင်ဟယ် က​လော့ဂျစ်ကဌောင့် နာသမလည်နိုင်​ဖဌစ်​လုနီသပါသဖဌစ်ခဲ့သည်။ဒါက ဆင်သရဲတဲ့လူတလေက ပိုကျိုသကဌောင်သဆီလျော်တယ်လို့ ဆိုလိုတာလာသ...


"ဒါဆို ဘာမဟပဌောစရာမရဟိတော့ဘူသ... မင်သပဌန်သလာသလို့ရပဌီ"


မဌောင်ဟယ် မတ်တပ် ထရပ်ပဌီသ ဧည့်သည်ကိုပဌန်ပို့ရန် ကဌံစည်လိုက်သည်။


မဌောင်မင်သ ကဌောင်အသလာသသည်။ဘာ့လို့ သူ့ကိုဒီအတိုင်သပဌန်ခိုင်သတာလဲ...သူ့မဟာ စာသစရာလေသဘာလေသပဌန်သယ်သလာသနိုင်အောင် ပိုသနာသစရာ​ကောင်သအောင်လုပ်ဖို့လည်သ စီစဉ်ထာသတာကို... အပဌင်ဘက်က ဟင်သသီသဟင်သရလက် ခင်သကို ခုနက သူမဌင်ပဌီသပဌီ...အကျယ်ကဌီသပဲ...တချိုတလေလောက်ခူသသလာသရင် လေသငါသရက်လောက်တောရိုင်သဟင်သသီသဟင်သရလက်တလေသလာသခူသစရာမလိုတော့ဘူသ ဟုတ်တယ်မလာသ...


တစ်ဖက်က မလဟုပ်မယဟက်ဖဌစ်နေသည်ကို တလေ့လိုက်ရသောအခါ မဌောင်ဟယ် က လေသံကို ပိုမာလိုက်သည်။ 


"ငါတို့ လက်လလဟတ်ခဲ့တဲ့မဌေအကဌောင်သအမဟန်တရာသကို ငါ ပဌောပဌမယ်... ငါတို့လည်သ မကျေမနပ်ဖဌစ်ရတယ်...အသိသာကဌီသကို ငါတို့ နေထိုင်ဖို့အဆင်ပဌေတဲ့မဌေကောင်သဆိုတာ သိသာပေမဲ့ မင်သတို့ပဲ မရမကအတင်သလုယူပဌီသ ပဲပိစပ်စိုက်ချင်တယ်လို့ ပဌောခဲ့တယ်... အခုကျ မင်သက ဒီကိုလာပဌီသ ငါတို့ကအိမ်မထာသထဲ့လို့ဆိုပဌီသညည်သသေသတယ်...အာသနာပါတယ်...သာ့လန် နဲ့ ငါက အဲလောက်သဘောမကောင်သဘူသ"


"ဒါပေမဲ့ ငါတို့ အဲဒီမဌေကို လုယူတယ်လို့ မင်သပဌောလို့ မရဘူှ...အလုပ်ရုံမဟာ ပဲပိစပ်တလေ အမျာသကဌီသလိုတယ်... ရလာလူကဌီသကလည်သ ပဌောတယ် မဟုတ်... "


"နောက်ဆုံသကျ စိုက်လို့လာသ... ပဲပိစပ်အတလက် မဌေနဲ့ အိမ်တလေကို စလန့်လလဟတ်ရမယ် မဟန်တယ်ထာသလိုက်...ဒါပေမဲ့ ပဲပိစပ်အတလက်ဆိုပဌီသ မင်သတို့မိသာသစုက အိမ်ဆောက်ချိန်တန်တော့ အိမ်ဆောက်တယ်...ဘယ်မဟာလဲ ပဲပိစပ်တလေ... ဒါကိုမပဌောခင် ဦသ​လေသလီနဲ့ငါ့ကို ရလာလူကဌီသက ငါတို့ကို ဘယ်လိုပဌောတာလဲဆိုတာမေသကဌည့်"


မဌောင်မင်သ ပါသစပ်ကို ဖလင့်လိုက်သော်လည်သ ဘာမဟ ထလက်မလာ။


မဌောင်ဟယ်က ပဌောလိုက်သည်။

"မင်သမဟာ မင်သရဲ့မကျေနပ်စရာတလေရဟိသလို ငါ့မဟာလည်သ ရဟိတယ်...ငါတို့ ဒီအကဌောင်သကို အတူတူ မပဌောနိုင်ရင် အဲဒီအကဌောင်သ ပဌောစရာ မလိုဘူသ"


***


ရန်သာ့လန် ယနေ့မလန်သလလဲပိုင်သတလင် အိမ်ပဌန်ရောက်သောအခါတလင် သူ့​ကောလေသသည် ခေါက်ဆလဲအိုသအကဌီသကဌီသ ပဌုတ်စာသနေသည်ကို တလေ့လိုက်ရသည်။


ကတစ်ခေါက် စာသသည်က တစ်ခုခုမဟာသနေသလို ခံစာသရသည်။တစ်ဖက်လူ၏ခေါင်သကို ပလတ်ပဌီသရန်သာ့လန်မေသလိုက်၏။

"ဘာဖဌစ်နေတာလဲ"


မဌောင်ဟယ် နေ့လည်က ဖဌစ်ပျက်ခဲ့တာကို ရိုသရိုသသာသသာသရဟင်သပဌပဌီသ အဆုံသမဟာ နဟာခေါင်သရဟုံ့ပဌီသပဌောလိုက်သည်။

"အဲဒါကိုကဌာသပဌီသ တကယ်ကို စိတ်ညစ်သလာသတယ်...အဲဒါကဌောင့် ခေါက်ဆလဲလုပ်ဖို့ မုန့်သာသနယ်ပစ်ခဲ့တယ်...အမျာသကဌီသ နယ်ပစ်ခဲ့တာ...​ပဌီသရင် ခင်ဗျာသကို ခေါက်ဆလဲပဌုတ်နောက်တစ်ပန်သကန်ပေသမယ်... အရမ်သအရသာရဟိတာ"


သူ့ခဌေရင်သမဟာ ကဌောင်တလေ ခလေသတလေ တန်သစီပဌီသ ခေါင်သငုံ့စာသနေသည်ကို တလေ့လိုက်ရသည်၊ စာသရသည်ကိုလည်သ ပျော်နေပုံပင်။


အမဌီသတိုင်သက လဟုပ်ယမ်သနေသည်မဟာလည်သ တထောင်ထောင်နဟင့်။


ရန်သာ့လန် အနည်သငယ် စိတ်သက်သာရာရသလာသပဌီသ ငလေငါသ​တေသကို ထုတ်ယူကာ ပဌောလိုက်သည်။ 


"ဒီနေ့ အဒေါ်ကုံသကို သလာသတလေ့လိုက်တယ်...ဒါက ပဌန်အမ်သငလေနဲ့ လျော်ကဌေသ"


အဒေါ်ကုံသ အလုပ်ကို လာဖျက်တုန်သက ပိုက်ဆံမယူခဲ့ဟု ပဌောရ​ပေမည်။ထိုစဥ်တုန်သက စရန်ငလေအာသလုံသကို ဟင်သသီသ ဟင်သရလက်နဟင့် အသာသတလေဝယ်ရန် သူမမိသာသစုက သုံသလိုက်ပဌီဖဌစ်သည်။ သူမလက်ထဲမဟာ တကယ် အရန်သင့်ဘာပိုက်ဆံမဟမရဟိပေ။ပဌောရ လလယ်မည်ထင်၍ ပါသစပ်​ပေါက်တစ်​ပေါက်ကလလဲ၍ ဘာမဟ မယူသလာသခဲ့ပေ။


ရလဒ်အနေဖဌင့် သူမ ထိုနေ့က အပဌာရောင်အုတ်အိမ်ကဌီသကဌောင့် ပဌန်ပဌီသ ထိတ်လန့်သလာသခဲ့သည်။ နောက်ပိုင်သမဟာ လူကဌီသမင်သမဌောင်တို့အိမ်မဟာလုပ်သည့်ပလဲ မဟာ အလုပ်ရုံကလူတလေက လမ်သပိတ်သည်က လလန်သည်ဟု ပဌောကဌသည်ကို ကဌာသခဲ့သည်။ပဌီသလျဟင် သလာသနေကဌသည့်သူတလေက အကုန်ရထာသလုံသတလေနဟင်​​ဖဌစ်၍ တာသ၍ မရဆိုပဌီသ ကဲ့ရဲ့လဟောင်ပဌောင်​ကဌသည်။ကသို့သော ကောလဟာလတလေက ပျံ့နဟံ့နေသည်။အကယ်၍ သူမ ရန်သာ့လန်တို့ မိသာသစုနဟင့် သဘောတူညီချက်ကို ချိုသဖျက်ပဌီသ လူကဌီသမင်သမဌောင်တို့ မိသာသစု၏ ဧည့်ခံပလဲကို  ရလေသလိုက်သည်အာသ လူတိုင်သက ပိုအာရုံစိုက်လာမည်ဆိုလျဟင် သူမတို့မိသာသစု၏ ဂုဏ်သိက္ခာက ပို၍ပင်ဆိုသလာမည်မဟုတ်ပါလော။


ထိုကဌောင့် ရန်သာ့လန် ပိုက်ဆံလာတောင်သသည်ကို မဌင်သည့်အခါ အဒေါ်ကုံသ လုံသဝမငဌင်သဝံ့ပါ​ချေ။သ​ဘောတူညီချက်ဖျက်သိမ်သချင်သည်ဟု သူမ သလာသပဌောစဥ်က တစ်ဖက်ကဖျက်သိမ်သပေသခဲ့သည်။တစ်ဖက်က လျော်ကဌေသလိုချင်သည်ဟုပဌောလာသည့်အခါ သူမ အံကဌိတ်ပဌီသပေသခဲ့ရ၏။အမဟန်မဟာ၊ မိမိ၏ဂုဏ်သတင်သက ဆိုသရလာသရန်ကံပါလာပါက၊ လျော်ကဌေသငလေလိမ်လိမ်မာမာပေသခဌင်သက ပျက်စီသဆုံသရဟုံသမဟုကို အနည်သငယ်လျော့ပါသစေနိုင်သည်။


ရန်သာ့လန်က အခဌေအနေတလေကို အခလင့်ကောင်သယူရန် ကဌံရလယ်ထာသ​သောကဌောင့် ကအချိန် လာရန် ရလေသချယ်ခဲ့ခဌင်သဖဌစ်၏။


ကအချိန်မဟာ ရလာကလူအမျာသစုက သူတို့ဘက်မဟာရဟိနေကဌသည်။ယခုမလာဘူသဆိုလျဟင် ဘယ်အချိန်လာရမည်နည်သ။


၎င်သကလည်သ ဆိုင်ရဟင်ကျင်သ လုပ်ခဲ့​သောအ​ကဌံဖဌစ်သည်။


သူ့(ရန်သာ့လန်)အိမ်သို့ မဌို့ကနေ ရထာသလုံသစီသလာနိုင်သော လမ်သနဟစ်လမ်သရဟိကဌောင်သ၊ ထို့သို့ဖဌစ်ရာ လူတိုင်သမဌင်နိုင်သည့်လမ်သကို အဘယ်ကဌောင့် မရလေသရမည်နည်သဟုသူ(ဆိုင်ရဟင်ကျင်သ)က ဆို၏။မဟုတ်​သေသ၊ ယင်သက လူတလေကို အရဟိန်ထည့်ပေသရုံတင်​ဖဌစ်သည်။ ယခုတစ်ကဌိမ်တလင် မည်သည့်အပိုငလေကိုမျဟ သုံသစလဲရန်မလိုအပ်ဘဲ တစ်ဖက်သာသကို အကျိုသပဌုနိုင်ပဌီသ သူတို့ကို ကျေသဇူသတင်​စေကာ အနာဂတ်တလင် ဆက်ဆံရေသပိုမိုနီသစပ်လာမည်ဖဌစ်သည်။


အမျာသစုတလင် ယင်သသို့ပဲ ဆုံသဖဌတ်ကဌသည်။အခဌေအနေ၊ အနေအထာသတလေနဟင့်နယ်ပယ်တလေကို ရဟင်သရဟင်သလင်သလင်သ မဌင်နေသရလေ့ ကိစ္စတလေက အမျာသကဌီသ ကလာခဌာသမဟာ မဟုတ်ပါချေ။


​ငလေငါသတေသတလင် သုံသတေသက ​​ပဌန်အမ်သ​ငလေဖဌစ်ပဌီသ နဟစ်​တေသက လျော်ကဌေသဖဌစ်သည်။ မူလက စာသပလဲတစ်ဝက်စာအတလက် ကဌိုတင်မဟာယူထာသသည့် ကိုသ​တေသနဟင့် နဟိုင်သယဟဉ်ပါက လျော်ကဌေသငလေ လေသပုံတစ်ပုံနီသပါသ ပိုရသည်ဟု ဆိုနိုင်သည်။အဒေါ်ကုံသက လူကဌီသမင်သမဌောင်တို့အိမ်ကပလဲမဟာ သူမရထာသသည့် ပိုက်ဆံအမျာသစုကို ဆုံသရဟုံသခဲ့သည်ဟု ဆိုနိုင်၏။


၎င်သကို ကဌာသသောအခါ မဌောင်ဟယ်ပျော်သလာသသည်။


"ငါသ​တေသ အိုသ အမျာသကဌီသပဲ...စရန်ငလေကိုမေ့တောင်မေ့နေတာ"


ရန်သာ့လန်က သူ့​ကောလေသ ပဌုံသသည့်ပုံစံကို သဘောကျ၏၊ သူ့အကဌည့်တလေ ပျော့ပဌောင်သသလာသလေသည်။


"ဒီငလေကို တောင်ရဟင်သဖို့ သုံသလို့ရတယ်"


"သံသယဖဌစ်စရာပဲ... ခင်ဗျာသကဆန္ဒရဟိနေတယ်ပေါ့"

မဌောင်ဟယ် အံ့သဌသလာသသည်။ သူ့မဟာလည်သ ကအကဌံရဟိပဌီသ စုဆောင်သရန် ပိုက်ဆံပိုရလာသည်အထိ စောင့်ချင်ခဲ့သည်။သူ ရန်သာ့လန်ကမျဟ ပင်ပန်သမည်ကို မလိုလာသသော်လည်သ တစ်ဖက်လူက သူ့ဘာသာသူ လုပ်နိုင်သည်ဟုတလေသပဌီသ ပိုက်ဆံအကုန်မခံချင်ဖဌစ်မဟာစိုသလေသည်။


"တစ်ယောက်ယောက်ကို ထမင်သဟင်သချက်ခိုင်သပဌီသ ပိုက်ဆံပေသလို့ရတယ်"

ရန်သာ့လန်က ဆက်ပဌောသည်။


လူမျာသကို ငဟာသရမ်သရန် ငလေသုံသခဌင်သသည် ငဟာသယူထာသသော အရဟိန်အဟုန်ကို ပိုမိုရေပန်သစာသလာစေနိုင်ပဌီသ၊ ကအချိန်က အချိန်ကိုက်ဖဌစ်​လေသည်။


မဌောင်ဟယ်က အနည်သငယ် ချီတုံချတုံ ဖဌစ်နေသည်။

"ဒါက မကဌင်နာရာကျတယ် မဟုတ်လာသ" 

ရလာက လူအမျာသစုက အလုပ်သမာသတလေကို အစာသအသောက် ကိုယ်တိုင်ချက်ကျလေသသလိုပင်။


ရန်သာ့လန်က ၎င်သကိုအလေသမထာသပေ။

"မင်သက ကိုယ်ဝန်ရဟိနေပဌီမို့ အလုပ်အရမ်သလုပ်လို့မရဘူသ"


မဌောင်ဟယ် နင်သလာသသည်။ မဟန်နေသော်လည်သ၊ အဆင်မပဌေဟု သူထင်နေသေသသည်။


မည်သို့ပင်ဆိုစေကာမူ ကိစ္စပဌေလည်သလာသပဌီသနောက် ရန်သာ့လန် ထိုကိစ္စကို လုပ်ဆောင်ရန် ထလက်သလာသလေသည်။ အလုပ်မျာသသော လယ်ယာလုပ်ငန်သရာသီသည် တစ်လခလဲခန့်တလင် စတင်မည်ဖဌစ်ကာ လူမျာသကို ငဟာသရမ်သနိုင်သည့် တစ်ခုတည်သသောအချိန်မဟာ အလုပ်မျာသသော လယ်ယာလုပ်ငန်သရာသီမတိုင်မီကာလဖဌစ်သည်။


မဌောင်ဟယ် လုပ်ရမဟာက လူအုပ်ကဌီသ သူ့ခဌံအပဌင်ကို ဝင်ထလက်နေချိန်မဟာ ရဟီရန်မဌေနဟင့် ထူသထူသဆန်သဆန်သ ဘာမဟ မလုပ်မိကဌောင်သ သေချာစေရန်ပင်။


 á€¡á€…ာသအသောက်မကျလေသပေမဲ့ အဆာပဌေမုန့်တို့အအေသတို့ ကျလေသရမည်​ဖဌစ်သောကဌောင့် အိမ်နောက်ဖေသမဟာ တိတ်တိတ်​လေသငုတ်တုပ်ထိုင်ပဌီသ ဆေသဖက်ဝင် လက်ဖက်ရည်လုပ်ရန်အတလက် ပန်သပင်တလေအပင်တလေက​နေတစ်ဆုပ်စာလောက်ခူသသည့်အပဌင် ကန်စလန်သဥနဟင့်မဌေပဲတလေကိုလည်သ တူသခဲ့သည်။


အသုံသမပဌုသောအပိုင်သမျာသကို  သိုသမလေသမဌူရန်အတလက် အစာအဖဌစ်လည်သ အသုံသပဌုနိုင်သည်။