အပိုင်း (၁)
Viewers 448

အပိုင်း (၁) ကွာရှင်းချင်နေတာလား... အိပ်မက်ပဲ မက်နေလိုက်!


VIP ဆေးရုံခန်း၏ အရှေ့၌ လူတစ်ယောက် ရပ်နေခဲ့သည်။ သူ၏ သွယ်လျကာ လှပသည့် လက်များက ဆေးသေတ္တာလေးပေါ်၌ ဖေးတင်နေသည်။ သူ၏ ဆွဲဆောင်မှု ရှိလှသော မျက်လုံးလေးများက တံခါးပေါ်သို့ ကျရောက်နေပြီး သူ့ မျက်နှာထက်တွင် ရှုပ်ထွေးနေသည့် အကြည့်တစ်ချက် ဖြတ်ပြေးသွားသည်။

အချိန်အတော်ကြာ တွေးပြီးနောက် သူက နောက်ဆုံး၌ တံခါးကို ညင်သာစွာ ခေါက်လိုက်သည်။


"ဝင်ခဲ့။" အထဲမှ ခပ်နိမ့်နိမ့်နှင့် အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။



ထိုအမျိုးသားလေး၏ လှပသော မျက်လုံးများက နက်မှောင်သွားပြီး သူက ချက်ချင်းပင် တံခါးကို ဖွင့်ကာ ဝင်သွားခဲ့သည်။



"ရွေ့ကော ကျွန်တော် ခင်ဗျားအတွက် ဆေးယူလာပေးတာ.." သူ၏ အသံက အနည်းငယ် စိုးရိမ်နေဟန် ရှိသည်။ သူ့မျက်လုံးများက သူ့ခြေဖျားကိုသာ ကြည့်နေပြီး ဆူပူအပြစ်ပေးခံရမှာ ကြောက်နေသော အမှားလုပ်မိသည့် ကလေးငယ်လေး တစ်ယောက်နှင့် တူနေပေသည်။



လူနာခန်းအတွင်း ပြတင်းပေါက်ဘေးတွင် ဆေးရုံလူနာဝတ်စုံ ဝတ်ဆင်ထားပြီး ဝှီးချဲလ်ပေါ် ထိုင်နေသည့် လူတစ်ယောက်က နှာမှုတ်ကာ သရော်လိုက်သည်။ "ရှန်ယွိ မင်းမှာ ပြစရာ မျက်နှာရှိသေးတယ်လား။"



ရှန်ယွိက ခေါင်းကိုမော့ကာ အံ့သြသွားသော်လည်း ကြောက်ရွံ့နေသည့် မျက်နှာကို ထုတ်ဖော်ပြလာသည်။ "ရွေ့ကော ကျွန်တော် တကယ် မရည်ရွယ်ခဲ့ပါဘူး။"



"ကျွန်တော် အဲဒီကားထဲက လူကို ယန်ရွေ့ချင်း လို့ ထင်ခဲ့...."



"အဲဒါကြောင့် မင်းက ဘရိတ်ကို ဖျက်ဆီးပစ်ခဲ့တာလား။" ဖုန်းစစ်ရွေ့၏ နှုတ်ခမ်းများက တင်းတင်းစေ့ထားကာ သူ့မျက်နှာထက်တွင် အေးစက်မှုတို့ စွန်းထင်းနေသည်။



ရှန်ယွိက အံ့သြထိတ်လန့်သွားခဲ့၏။ ထို့နောက် သူက စက္ကန့်ပိုင်းအတွင်း ပြန်တုံ့ပြန်လာသည်။ သူက ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းရင်း ငိုမဲ့မဲ့နှင့် ပြောလိုက်သည်။ "အဲဒါ ကျွန်တော် မဟုတ်ပါဘူး။ တကယ့်ကို ကျွန်တော် မဟုတ်ပါဘူး။"


-- 'ဘယ်သူက လူသတ်မှုရဲ့ ဥပဒေကိုသိလို့လဲအရူးပဲ အဲဒီလို လုပ်လိမ့်မယ်။'


"မင်း ဘာပြောလိုက်တာလဲ။" ဖုန်းစစ်ရွေ့၏ မျက်လုံးများက ရှန်ယွိအပေါ်၌ ခေတ္တ ရပ်တန့်သွားပြီး သံသယတချို့က သူ့မျက်နှာထက် ဖြတ်ပြေးသွားသည်။



ရှန်ယွိ၏ မျက်ဝန်းထောင့်များက အနည်းငယ် ရဲနေခဲ့သည်။ သူ့ နှုတ်ခမ်းလေးများက တုန်ယင်နေပြီး အဖြူရောင် ပါးပြင်များက သွေးဆုတ်ဖြူရော်နေ၏။ "ရွေ့ကော ကျွန်တော့်ကို ယုံပေးပါ။ ကျွန်တော် တကယ် ဘရိတ်မဖြတ်ခဲ့ပါဘူး။"


-- 'ခင်ဗျားရဲ့ ဆိုးဝါး နိမ့်ကျလှတဲ့ EQ ကြီးနဲ့ အဲဒါနဲ့ပဲ ထိုက်တန်တယ်ကြာပန်းဖြူတစ်ယောက်ရဲ့ လှည့်စားတာကို ခံနေရတယ်။'


ဖုန်းစစ်ရွေ့က ရှန်ယွိ၏ နှုတ်ခမ်းများကို စိုက်ကြည့်ရင်း အံကြိတ်လိုက်သည်။ "မင်း အဲဒါကို ထပ်ပြောရဲလား။"



"ရွေ့ကော ကျွန်တော့်ကို ယုံပါ။ ကျွန်တော် ခင်ဗျားကို အရမ်းချစ်တာ။ ဘယ်လိုလုပ် ထိခိုက်အောင် လုပ်ရမှာလဲ။" ရှန်ယွိက အချစ်စိတ်မွှန်နေသည့် အရူးတစ်ယောက်ကဲ့သို့ပင် ဖြစ်သည်။



သူက တုံးအကာ ဒေါသထွက်ချင်စရာ ကောင်းသည်။



ဖုန်းစစ်ရွေ့သည် ကားမတော်တဆမှုကြောင့် ထင်ယောင်ထင်မှား ဖြစ်နေသည်ဟု တွေးကာ စိတ်ဆိုးမာန်ဆိုးနှင့် နှာရိုးထိပ်အား ဖိညှစ်လိုက်သည်။ ထို့နောက် သူက အသံခပ်နိမ့်နိမ့်ဖြင့် ပြောလိုက်၏။ "ကွာရှင်းကြမယ်။"



"ကွာရှင်းမှာလား။" ရှန်ယွိက သူ့နားသူ မယုံနိုင် ဖြစ်သွားပုံရသည်။ သူ၏ မျက်လုံးများထဲ၌ အထိတ်တလန့်ဖြစ်မှုတို့ ရှိနေခဲ့၏။ "ကျွန်တော် မကွာရှင်းချင်ဘူး..."



"ရွေ့ကော ခင်ဗျား မကြိုက်တာအားလုံး ကျွန်တော် ပြောင်းလဲပါ့မယ်။ ကျွန်တော် ပြောင်းလဲပစ်ပါ့မယ်။ ကျွန်တော့်ကို ယုံကြည်ပေးပါ ရွေ့ကော။"



ဖုန်းစစ်ရွေ့က မျက်မှောင်ကြုတ်ကာ သူ၏ ရှည်လျားကျဥ်းမြောင်းသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူ၏ ပါးလျသော နှုတ်ခမ်းများက ဟလာခဲ့သည်။ သူက ရက်ရက်စက်စက် တစ်ခုခု ပြောလိုက်ကာနီးတွင် သူ့စိတ်ထဲ၌ လှောင်ပြောင်နေသော အသံတစ်ခု ထွက်ပေါ်လာလေသည်။


-- 'ကောင်းချက်နောက်ဆုံးတော့ ကွာရှင်းတော့မှာပဲငါ့ဘဝမှာ ဒီအခိုက်အတန့်လောက် ပျော်စရာကောင်းတာ ရှိနိုင်သေးရဲ့လား။ မကြာခင် ငါ့လက်ထဲကို ဆယ်ဘီလီယံတောင် ရောက်လာတော့မယ်ပိုက်ဆံရဲ့ ရနံ့တွေ သင်းပျံ့နေတဲ့ မင်္ဂလာစကားလေးပဲ။"


ဤတစ်ကြိမ်၌ ဖုန်းစစ်ရွေ့သည် သူ ထင်ယောင်ထင်မှား ဖြစ်နေခြင်းမဟုတ်ကြောင်း သေချာသွားခဲ့သည်။ သူ့ရှေ့မှ အလှပန်းအိုးက နှုတ်ခမ်းများကို တင်းကျပ်စွာ စေ့ပိတ်ထားပြီး မည်သည့်အသံမှ မပြုခဲ့ပေ။ ဖြစ်နိုင်သည်မှာ သူက ရှန်ယွိ၏ အတွေးများကို ကြားနေရခြင်းပင်။


-- 'ဘာလို့ စကားထပ်မပြောတော့တာလဲ။ နောက်တစ်ခါ ထပ်ပြီး နှောင့်နှေးစေဦးမလို့လား။ သုံးနှစ်တောင် ရှိနေပြီဟ။ ငါ ဒီလို တစ်ဝက်သေနေတဲ့ ဘဝမျိုးနဲ့ နေနေတာဒီလို ခံစားချက်မျိုး ဘာလို့ ငါ့ကို မြန်မြန်လေး လွတ်လပ်ခွင့်ပေးနိုင်သေးတာလဲ။'


-- 'ခင်ဗျားရဲ့ ကြာပန်းဖြူလေးနဲ့ နေလို့ရပြီလေ။ ငါကတော့ ငါ့ ဆယ်ဘီလီယံလေးနဲ့ ရွက်လွှင့်တော့မယ်။ အခုကစပြီး ငါတို့ ကိုယ့်လမ်းကိုယ် လျှောက်ကြပြီး ကိုယ့်တံတားကိုယ် ဖြတ်ကြမယ်။ ပြီးရင် ကိုယ့်အလုပ်ကိုယ် လုပ်ကြတာပေါ့။ တွေးကြည့်ရုံနဲ့တင် သာယာလှပလိုက်တာ။'


"ရွေ့ကော ကျွန်တော့်ကို တကယ် မကွာရှင်းဘူးမလားဟင်။" ရှန်ယွိက သတိမရှိသလို ဖုန်းစစ်ရွေ့ထံ ချဥ်းကပ်လာသည်။ သူက မည်သို့မှ မဖြစ်ခဲ့သလို လက်ထဲမှ ဆေးသေတ္တာလေးကို ဖွင့်ပြီး နူးညံ့ညင်သာသော အသံနှင့် ပြောလိုက်သည်။ "ဒါက အဘိုး ခင်ဗျားအတွက် ကျွန်တော့်ကို ယူသွားခိုင်းတဲ့ တရုတ်တိုင်းရင်းဆေးလေ။ ပူတုန်းလေး သောက်လိုက်နော်။"


-- 'လာစမ်းပါငါ့ကို စျေးပေါတယ်လို့ ပြောလေငါ့ စကားတွေ နားထောင်နဲ့အခုချက်ချင်းပဲ 'မင်း လူစကား နားလည်ဘူးလားအခုထွက်သွားစမ်းငါ မင်းရဲ့ ဟန်ဆောင်မှုတွေကို စိတ်ကုန်နေပြီ' လို့ ပြောလိုက်စမ်းပါဘာလို့ စကားမပြောတာလဲခင်ဗျား ဦးနှောက်က တစ်ခုခု ဖြစ်နေတာလား။'


"ဟမ်..." ဖုန်းစစ်ရွေ့က အံကိုကြိတ်ကာ ပြောလိုက်သည်။ "ထွက်သွား။"


ရှန်ယွိက စွပ်ပြုတ်ကို လောင်းထည့်ကာ သူ့ကို ရှုပ်ထွေးစွာ ကြည့်လာသည်။ "ရွေ့ကော ကျွန်တော့်ကို မမြင်ချင်ရင် ထွက်သွားပေးပါ့မယ်။ ဒါပေမယ့် ဆေးလေးတော့ သောက်လိုက်ပါနော်..."



"ဒါက ပြန်သက်သာလာဖို့အတွက် ကောင်းတယ်လေ။" သူက ခဏ ရပ်သွားပြီးနောက် ထပ်ပြောလိုက်သည်။


-- 'ဟုတ်တာပေါ့။ ဒါက အချစ်ကို ပြသဖို့ မှန်ကန်တဲ့ နည်းလမ်းပဲဇနီးကို မောင်းထုတ်ပြီး ခင်ဗျားကို ကြာပန်းဖြူလေးက ကော်လို ကပ်နေနိုင်ယ့်ခွင့်အရေးကို ပေးလိုက်ပြီးရင် ငှက်မောင်နှံလို အတူတူ ပျံသန်းကြပေါ့ခင်ဗျားတို့ခွဲအတူ ဖြစ်လာမယ်လို့ မျှော်င့်ပါတယ်ဖုန်းစစ်ရွေ့ ခင်ဗျားကို ယုံကြည်ထားတယ်နော်။'


ဆူညံနေသည့် အသံက လိုက်ပါလာသည်။ ၎င်းသည် ဆေးရုံလူနာခန်းတံခါး ပိတ်သွားသည်နှင့် ရုတ်တရက် အဆုံးသတ်သွား၏။



ဖုန်းစစ်ရွေ့၏ မျက်နှာက အေးစက်ကာ မည်းမှောင်လာသည်။



ဆေးရုံအပြင်ဘက်သို့ လျှောက်ထွက်လာသော ရှန်ယွိက စိတ်လက်ပေါ့ပါးနေသည်။ သူ၏ နှုတ်ခမ်းများက လေးကိုင်းတစ်ခုကဲ့သို့ ကွေးညွှတ်နေ၏။ သူက နေကာမျက်မှန်ကို တပ်လိုက်ပြီး ပေါ့ပါးစွာ လမ်းလျှောက်နေစဥ် သူ့စိတ်ထဲမှ System ၏ အသံကို ရုတ်တရက် ကြားလိုက်ရသည်။



[အခုလေးတင် သရုပ်ဆောင်ပြသွားတာက သာမန်ပဲ။ မျက်ရည်လေးတောင် မရှိလိုက်ဘူး။]



ရှန်ယွိက နှုတ်ခမ်းကို မဲ့ရင်း ပြောလိုက်သည်။ 'မင်း ဘာသိလို့လဲဒါက အတိအကျကို အချစ်ကြီးတဲ့ လူတွေရဲ့ အပြုအမူမျိုးပဲ။'


[ခင်ဗျား မိသားစုရဲ့ ဘော့စ်က ခင်ဗျားကိုမှ မချစ်ဘဲနဲ့။ ကွာရှင်းဖို့ အချိန်ရောက်ရင် ကွာရှင်းရအောင်သာလုပ်။]



ရှန်ယွိက ထိုစကားလုံးများကို ကြားသည့်အခါ အနည်းငယ် နောင်တရသလို ခံစားလိုက်ရသည်'အောင်မြင်လုနီးပါးဖြစ်နေပြီကို သူက ဘာလို့ ရပ်လိုက်တာလဲ။'



'ငါ အရင်ဆုံး အစပြုပြီး ပြောလိုက်လို့ မရဘူးလား။'



[ကျိန်းသေမရဘူးလေ။ ဆယ်ဘီလီယံကို တွေးကြည့်။ ပြီးပြည့်စုံတဲ့ ဗီလိန်စနစ်အရ ခင်ဗျားက ဇာတ်ကြောင်းအရ ကာရိုက်တာကို ပြည့်စုံအောင် လုပ်ဆောင်ဖို့ လိုအပ်တယ်။]



ထိုအသံက ဆန်းကြယ်လှသော အသံနှင့် တူပေသည်။



ရှန်ယွိ၏ သရုပ်ဆောင်လမ်းကြောင်းက ချောမွေ့အောင်မြင်လာသည့်အခါ သူက ရုတ်တရက် သတိပြုမိခြင်းမရှိဘဲ အသည်းကင်ဆာ ​ဖြစ်ပွားခဲ့သည်။ ထို့နောက် သူက အဆုံးမရှိသည့် နောင်တများနှင့် သုံးလအတွင်း သေဆုံးသွားခဲ့သည်။



သူ နောက်တစ်ကြိမ် မျက်လုံးများ ဖွင့်လိုက်သည့်အခါ Danmei အမျိုးအစား ခွေးသွေးဝတ္ထုထဲမှ အဆိပ်ပြင်းသော ဗီလိန်တစ်ယောက် ဖြစ်လာလေသည်။ တစ်ချိန်တည်းတွင် သူသည် ဆယ်ဘီလီယံနှင့် ပြန်လည်မွေးဖွားနိုင်သည့် အခွင့်အရေးကို ဆုလာဘ်အဖြစ် ရရှိနိုင်သော စနစ်တစ်ခုနှင့် ချိတ်ဆက်မိသွားခဲ့သည်။



ထို့ကြောင့် သူက အမျိုးမျိုးသော ဇာတ်ကြောင်းတာဝန်များကို ပြီးမြောက်စေရန် အဆိပ်ပြင်းသော တာဝန်များကို ထမ်းဆောင်လာရပေသည်။



လူပြိန်းအဆိုတွင် ဗီလိန်ဟူသည်မှာ မကောင်းသော ကိစ္စများကို လုပ်ဆောင်သင့်သည်ဟူ၍ ဖြစ်သည်။



ထို့ကြောင့် ရှန်ယွိက တာဝန်ကျေပွန်စွာဖြင့် နောက်ဆုံးခြေလှမ်းထိရောက်အောင် လျှောက်လှမ်းခဲ့သည်။ သူသည် နောက်ဆုံးတွင် ကွာရှင်းစာချုပ်တစ်စောင်သာ လိုအပ်ပြီး ကြာပန်းဖြူနှင့် ပင့်ကျောင်းစီအီးအိုတို့ ထာဝရအတူတကွ ပေါင်းဖက်နိုင်ရန် ဆုတောင်းကာ သူ့လက်ထဲ၌ ဆယ်ဘီလီယံကို ကိုင်ပြီး မွေးရပ်မြေသို့ ပြန်၍ အနားယူနိုင်စွမ်း ရှိပေလိမ့်မည်။



အမှန်တွင် ပိုက်ဆံရခြင်းမရခြင်းက အရေးမကြီးလှပေ။ သူသည် ထိုချစ်သူစုံတွဲ လက်ထပ်သွားရန်သာ မြင်တွေ့ချင်ပေသည်။



ဤခရီးလမ်းတလျှောက်တွင် သူက သူ့ကိုယ်သူအတွက် အရင်းအမြစ်တချို့ ယူဆောင်ကာ သူ့ယခင်ဘဝမှ မပြည့်ဝခဲ့သော ဆန္ဒများကို ဖြည့်ဆည်းခဲ့သည်။



သူက ဆေးရုံမှ လျှောက်ထွက်လာပြီးနောက် အပြင်ဘက်တွင် နန်နီကားတစ်စီးက စောင့်ဆိုင်း​နေခဲ့သည်။



ရှန်ယွိက ကားထဲမဝင်ခင် သူ့ထံသို့ လျှောက်လာနေသော အလွန် ရုပ်ဆိုးသည့် ပုံရိပ်တစ်ခုအား ရိပ်ခနဲ မြင်လိုက်သည်။



သူသည် ထိုလူက မည်သူဖြစ်ကြောင်း သိရန် ဂရုတစိုက်ကြည့်ရန်ပင် မလိုအပ်ချေ။



ထိုသူမှာ ဦးနှောက်ပျက်နေသော ဇာတ်လိုက်၏ အချစ်ကလေးဖြစ်သော ကြာပန်းဖြူမှလွဲ၍ အခြားသူ ဖြစ်လိမ့်မည် မဟုတ်ပေ။ 



ရှန်ယွိက သူ့ကို အရေးတယူ မလုပ်ချင်သည့်အတွက်ကြောင့် မမြင်ချင်ဟန်ဆောင်ကာ ကားထဲသို့ ဝင်လိုက်သည်။ သို့သော် အားနည်းပြီး သူတော်ကောင်းယောင်ဆောင်ထားသည့် အသံတစ်ခုက သူ့ကို ရန်တန့်စေလိုက်သည်။ "ရှန်ယွိကော ပြန်တော့မလို့လား။"



"ကျွန်တော်က ဒီမှာ ရွေ့ကော ဒဏ်ရာရတယ်ဆိုလို့ လာကြည့်တာပါ။ အချိန်အကြာကြီး မနေပါဘူး။ ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့နော်။"



ရှန်ယွိက သူ့ခေါင်းကို လှည့်ကာ နူးညံ့လှသည့် အသွင်နှင့် ကြာပန်းဖြူ ယန်ရွေ့ချင်းနှင့် မျက်နှာချင်းဆိုင်လိုက်သည်။ "ဘာကိုအထင်လွဲရမှာလဲ။"



"မင်းက ငါ့ယောက်ျားကို မြှူဆွယ်ပြီး သူ့အိပ်ရာပေါ် တွယ်တက်ချင်နေတယ်လို့ အထင်လွဲရမှာလား။"



ယန်ရွေ့ချင်းက ထိုစကားလုံးများကို ကြားသောအခါ ရှက်သွေးဖြာသွားသည်။ ထို့နောက် သူက ချက်ချင်း ရှင်းပြလာ၏။ "ရှန်ယွိကော ကျွန်တော် တကယ် မလုပ်..."



သူက မရည်ရွယ်သလိုနှင့် ဘေးသို့ ကြည့်လိုက်ကာ ချက်ချင်း ရှန်ယွိကို ပြန်ကြည့်လာသည်။



ရှန်ယွိသည် ထိုသေးငယ်လှသည့် အမူအရာအပြောင်းအလဲကို ဖမ်းမိသွားကာ သူ၏ နှုတ်ခမ်းစွန်းတို့က ကောက်ကျစ်စွာ ကွေးညွှတ်သွားသည်။ သူက လျင်မြန်စွာ ရှေ့သို့ လှမ်းလာပြီး ကြာပန်းဖြူလေးကို တွန်းချလိုက်၏။ "မင်းကြောင့်ပဲ။ ရွေ့ကောက ငါ့ကို ကွာရှင်းချင်နေတာ။"



"ဒီလိုမျိုး ဟန်ဆောင်ပြီး မင်းက ငါ့ကို ဘာပြဖို့ ကြိုးစားနေတာလဲ။"



ယန်ရွေ့ချင်းက ပြုတ်ကျသွားခြင်းမှ အလွန် နာကျင်သွားသည့်အတွက် ခေါင်းကို မော့ကြည့်လိုက်ပြီး မျက်ရည်များအပြည့် ဖြစ်လာပေသည်။ "ရှန်ယွိကော ကျွန်တော်..."



သူက စကားပြော၍မပြီးခင် ဆေးရုံဝင်ပေါက်မှ ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာပေသည်။ "ရှန်ယွိ မင်း ဘာလုပ်နေတယ်လို့ ထင်လဲ။"



ရှန်ယွိသည် ရုတ်တရက် အေးစက်လှသည့် အပြစ်တင်သံကြောင့် ကြောက်လန့်သွားပုံရသည်။ သူက ခေတ္တမျှ တုန်ယင်နေပြီးနောက် ရှက်ရွံ့စွာနှင့် ခေါင်းလှည့်လာကာ အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်သည်။ "ရွေ့.. ရွေ့ကော.. ဒါက ကော ထင်သလို မဟုတ်ပါဘူး။ ကျွန်... ကျွန်တော်.. သူ့ကို မတွန်းခဲ့ပါဘူး။"


-- 'မြန်မြန် ငါ့ရဲ့ မပိရိတဲ့ အလိမ်အညာတွေကို ဖော်ထုတ်လိုက်! ကြာပန်းဖြူလေးအတွက် ရပ်တည်ပေးပြီး ငါ့ကို ပြင်းပြင်းထန်ထန် ဆူပူလိုက်စမ်းပါ။ ငါ့ကို အနိုင်ကျင့် စော်ကား ရိုက်နှက်ပြီး ဖုန်းမိသားစုကနေ မောင်းထုတ်ပစ်လိုက်တော့လေ!'


သက်တော်စောင့် တွန်းလာပေးသည့် ဝှီးချဲလ်ပေါ် ထိုင်နေသည့် ဖုန်းစစ်ရွေ့, "...."



ဒီငတုံးက ကွာရှင်းဖို့ပဲ တွေးနေတာလား။



ကွာရှင်းစရိတ် ဆယ်ဘီလီယံလေးအတွက်နဲ့လေ...။အပိုင်း (၁) ကွာရှင်းချင်နေတာလား... အိပ်မက်ပဲ မက်နေလိုက်!


VIP ဆေးရုံခန်း၏ အရှေ့၌ လူတစ်ယောက် ရပ်နေခဲ့သည်။ သူ၏ သွယ်လျကာ လှပသည့် လက်များက ဆေးသေတ္တာလေးပေါ်၌ ဖေးတင်နေသည်။ သူ၏ ဆွဲဆောင်မှု ရှိလှသော မျက်လုံးလေးများက တံခါးပေါ်သို့ ကျရောက်နေပြီး သူ့ မျက်နှာထက်တွင် ရှုပ်ထွေးနေသည့် အကြည့်တစ်ချက် ဖြတ်ပြေးသွားသည်။ 


အချိန်အတော်ကြာ တွေးပြီးနောက် သူက နောက်ဆုံး၌ တံခါးကို ညင်သာစွာ ခေါက်လိုက်သည်။ 



"ဝင်ခဲ့။" အထဲမှ ခပ်နိမ့်နိမ့်နှင့် အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။ 



ထိုအမျိုးသားလေး၏ လှပသော မျက်လုံးများက နက်မှောင်သွားပြီး သူက ချက်ချင်းပင် တံခါးကို ဖွင့်ကာ ဝင်သွားခဲ့သည်။



"ရွေ့ကော ကျွန်တော် ခင်ဗျားအတွက် ဆေးယူလာပေးတာ.." သူ၏ အသံက အနည်းငယ် စိုးရိမ်နေဟန် ရှိသည်။ သူ့မျက်လုံးများက သူ့ခြေဖျားကိုသာ ကြည့်နေပြီး ဆူပူအပြစ်ပေးခံရမှာ ကြောက်နေသော အမှားလုပ်မိသည့် ကလေးငယ်လေး တစ်ယောက်နှင့် တူနေပေသည်။ 



လူနာခန်းအတွင်း ပြတင်းပေါက်ဘေးတွင် ဆေးရုံလူနာဝတ်စုံ ဝတ်ဆင်ထားပြီး ဝှီးချဲလ်ပေါ် ထိုင်နေသည့် လူတစ်ယောက်က နှာမှုတ်ကာ သရော်လိုက်သည်။ "ရှန်ယွိ မင်းမှာ ပြစရာ မျက်နှာရှိသေးတယ်လား။" 



ရှန်ယွိက ခေါင်းကိုမော့ကာ အံ့သြသွားသော်လည်း ကြောက်ရွံ့နေသည့် မျက်နှာကို ထုတ်ဖော်ပြလာသည်။ "ရွေ့ကော ကျွန်တော် တကယ် မရည်ရွယ်ခဲ့ပါဘူး။" 



"ကျွန်တော် အဲဒီကားထဲက လူကို ယန်ရွေ့ချင်း လို့ ထင်ခဲ့...." 



"အဲဒါကြောင့် မင်းက ဘရိတ်ကို ဖျက်ဆီးပစ်ခဲ့တာလား။" ဖုန်းစစ်ရွေ့၏ နှုတ်ခမ်းများက တင်းတင်းစေ့ထားကာ သူ့မျက်နှာထက်တွင် အေးစက်မှုတို့ စွန်းထင်းနေသည်။ 



ရှန်ယွိက အံ့သြထိတ်လန့်သွားခဲ့၏။ ထို့နောက် သူက စက္ကန့်ပိုင်းအတွင်း ပြန်တုံ့ပြန်လာသည်။ သူက ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းရင်း ငိုမဲ့မဲ့နှင့် ပြောလိုက်သည်။ "အဲဒါ ကျွန်တော် မဟုတ်ပါဘူး။ တကယ့်ကို ကျွန်တော် မဟုတ်ပါဘူး။" 


-- 'ဘယ်သူက လူသတ်မှုရဲ့ ဥပဒေကို မသိလို့လဲ။ အရူးပဲ အဲဒီလို လုပ်လိမ့်မယ်။' 


"မင်း ဘာပြောလိုက်တာလဲ။" ဖုန်းစစ်ရွေ့၏ မျက်လုံးများက ရှန်ယွိအပေါ်၌ ခေတ္တ ရပ်တန့်သွားပြီး သံသယတချို့က သူ့မျက်နှာထက် ဖြတ်ပြေးသွားသည်။ 



ရှန်ယွိ၏ မျက်ဝန်းထောင့်များက အနည်းငယ် ရဲနေခဲ့သည်။ သူ့ နှုတ်ခမ်းလေးများက တုန်ယင်နေပြီး အဖြူရောင် ပါးပြင်များက သွေးဆုတ်ဖြူရော်နေ၏။ "ရွေ့ကော ကျွန်တော့်ကို ယုံပေးပါ။ ကျွန်တော် တကယ် ဘရိတ်မဖြတ်ခဲ့ပါဘူး။" 


-- 'ခင်ဗျားရဲ့ ဆိုးဝါး နိမ့်ကျလှတဲ့ EQ ကြီးနဲ့ အဲဒါနဲ့ပဲ ထိုက်တန်တယ်။ ကြာပန်းဖြူတစ်ယောက်ရဲ့ လှည့်စားတာကို ခံနေရတယ်။'


ဖုန်းစစ်ရွေ့က ရှန်ယွိ၏ နှုတ်ခမ်းများကို စိုက်ကြည့်ရင်း အံကြိတ်လိုက်သည်။ "မင်း အဲဒါကို ထပ်ပြောရဲလား။" 



"ရွေ့ကော ကျွန်တော့်ကို ယုံပါ။ ကျွန်တော် ခင်ဗျားကို အရမ်းချစ်တာ။ ဘယ်လိုလုပ် ထိခိုက်အောင် လုပ်ရမှာလဲ။" ရှန်ယွိက အချစ်စိတ်မွှန်နေသည့် အရူးတစ်ယောက်ကဲ့သို့ပင် ဖြစ်သည်။ 



သူက တုံးအကာ ဒေါသထွက်ချင်စရာ ကောင်းသည်။ 



ဖုန်းစစ်ရွေ့သည် ကားမတော်တဆမှုကြောင့် ထင်ယောင်ထင်မှား ဖြစ်နေသည်ဟု တွေးကာ စိတ်ဆိုးမာန်ဆိုးနှင့် နှာရိုးထိပ်အား ဖိညှစ်လိုက်သည်။ ထို့နောက် သူက အသံခပ်နိမ့်နိမ့်ဖြင့် ပြောလိုက်၏။ "ကွာရှင်းကြမယ်။" 



"ကွာရှင်းမှာလား။" ရှန်ယွိက သူ့နားသူ မယုံနိုင် ဖြစ်သွားပုံရသည်။ သူ၏ မျက်လုံးများထဲ၌ အထိတ်တလန့်ဖြစ်မှုတို့ ရှိနေခဲ့၏။ "ကျွန်တော် မကွာရှင်းချင်ဘူး..." 



"ရွေ့ကော ခင်ဗျား မကြိုက်တာအားလုံး ကျွန်တော် ပြောင်းလဲပါ့မယ်။ ကျွန်တော် ပြောင်းလဲပစ်ပါ့မယ်။ ကျွန်တော့်ကို ယုံကြည်ပေးပါ ရွေ့ကော။" 



ဖုန်းစစ်ရွေ့က မျက်မှောင်ကြုတ်ကာ သူ၏ ရှည်လျားကျဥ်းမြောင်းသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူ၏ ပါးလျသော နှုတ်ခမ်းများက ဟလာခဲ့သည်။ သူက ရက်ရက်စက်စက် တစ်ခုခု ပြောလိုက်ကာနီးတွင် သူ့စိတ်ထဲ၌ လှောင်ပြောင်နေသော အသံတစ်ခု ထွက်ပေါ်လာလေသည်။ 


-- 'ကောင်းချက်။ နောက်ဆုံးတော့ ကွာရှင်းရတော့မှာပဲ။ ငါ့ဘဝမှာ ဒီအခိုက်အတန့်လောက် ပျော်စရာကောင်းတာ ရှိနိုင်သေးရဲ့လား။ မကြာခင် ငါ့လက်ထဲကို ဆယ်ဘီလီယံတောင် ရောက်လာတော့မယ်။ ပိုက်ဆံရဲ့ ရနံ့တွေ သင်းပျံ့နေတဲ့ မင်္ဂလာစကားလေးပဲ။" 


ဤတစ်ကြိမ်၌ ဖုန်းစစ်ရွေ့သည် သူ ထင်ယောင်ထင်မှား ဖြစ်နေခြင်းမဟုတ်ကြောင်း သေချာသွားခဲ့သည်။ သူ့ရှေ့မှ အလှပန်းအိုးက နှုတ်ခမ်းများကို တင်းကျပ်စွာ စေ့ပိတ်ထားပြီး မည်သည့်အသံမှ မပြုခဲ့ပေ။ ဖြစ်နိုင်သည်မှာ သူက ရှန်ယွိ၏ အတွေးများကို ကြားနေရခြင်းပင်။


-- 'ဘာလို့ စကားထပ်မပြောတော့တာလဲ။ နောက်တစ်ခါ ထပ်ပြီး နှောင့်နှေးစေဦးမလို့လား။ သုံးနှစ်တောင် ရှိနေပြီဟ။ ငါ ဒီလို တစ်ဝက်သေနေတဲ့ ဘဝမျိုးနဲ့ နေနေရတာ။ ဒီလို ခံစားချက်မျိုး။ ဘာလို့ ငါ့ကို မြန်မြန်လေး လွတ်လပ်ခွင့်မပေးနိုင်သေးရတာလဲ။'


-- 'ခင်ဗျားရဲ့ ကြာပန်းဖြူလေးနဲ့ နေလို့ရပြီလေ။ ငါကတော့ ငါ့ ဆယ်ဘီလီယံလေးနဲ့ ရွက်လွှင့်တော့မယ်။ အခုကစပြီး ငါတို့ ကိုယ့်လမ်းကိုယ် လျှောက်ကြပြီး ကိုယ့်တံတားကိုယ် ဖြတ်ကြမယ်။ ပြီးရင် ကိုယ့်အလုပ်ကိုယ် လုပ်ကြတာပေါ့။ တွေးကြည့်ရုံနဲ့တင် သာယာလှပလိုက်တာ။'


"ရွေ့ကော ကျွန်တော့်ကို တကယ် မကွာရှင်းဘူးမလားဟင်။" ရှန်ယွိက သတိမရှိသလို ဖုန်းစစ်ရွေ့ထံ ချဥ်းကပ်လာသည်။ သူက မည်သို့မှ မဖြစ်ခဲ့သလို လက်ထဲမှ ဆေးသေတ္တာလေးကို ဖွင့်ပြီး နူးညံ့ညင်သာသော အသံနှင့် ပြောလိုက်သည်။ "ဒါက အဘိုး ခင်ဗျားအတွက် ကျွန်တော့်ကို ယူသွားခိုင်းတဲ့ တရုတ်တိုင်းရင်းဆေးလေ။ ပူတုန်းလေး သောက်လိုက်နော်။" 


-- 'လာစမ်းပါ။ ငါ့ကို စျေးပေါတယ်လို့ ပြောလေ။ ငါ့ စကားတွေ နားမထောင်နဲ့။ အခုချက်ချင်းပဲ 'မင်း လူစကား နားမလည်ဘူးလား။ အခုထွက်သွားစမ်း။ ငါ မင်းရဲ့ ဟန်ဆောင်မှုတွေကို စိတ်ကုန်နေပြီ' လို့ ပြောလိုက်စမ်းပါ။ ဘာလို့ စကားမပြောတာလဲ။ ခင်ဗျား ဦးနှောက်က တစ်ခုခု ဖြစ်နေတာလား။' 


"ဟမ်..." ဖုန်းစစ်ရွေ့က အံကိုကြိတ်ကာ ပြောလိုက်သည်။ "ထွက်သွား။" 



ရှန်ယွိက စွပ်ပြုတ်ကို လောင်းထည့်ကာ သူ့ကို ရှုပ်ထွေးစွာ ကြည့်လာသည်။ "ရွေ့ကော ကျွန်တော့်ကို မမြင်ချင်ရင် ထွက်သွားပေးပါ့မယ်။ ဒါပေမယ့် ဆေးလေးတော့ သောက်လိုက်ပါနော်..." 



"ဒါက ပြန်သက်သာလာဖို့အတွက် ကောင်းတယ်လေ။" သူက ခဏ ရပ်သွားပြီးနောက် ထပ်ပြောလိုက်သည်။ 


-- 'ဟုတ်တာပေါ့။ ဒါက အချစ်ကို ပြသဖို့ မှန်ကန်တဲ့ နည်းလမ်းပဲ။ ဇနီးကို မောင်းထုတ်ပြီး ခင်ဗျားကို ကြာပန်းဖြူလေးက ကော်လို ကပ်နေနိုင်မယ့် အခွင့်အရေးကို ပေးလိုက်။ ပြီးရင် ငှက်မောင်နှံလို အတူတူ ပျံသန်းကြပေါ့။ ခင်ဗျားတို့ မခွဲအတူ ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။ ဖုန်းစစ်ရွေ့ ခင်ဗျားကို ယုံကြည်ထားတယ်နော်။'


ဆူညံနေသည့် အသံက လိုက်ပါလာသည်။ ၎င်းသည် ဆေးရုံလူနာခန်းတံခါး ပိတ်သွားသည်နှင့် ရုတ်တရက် အဆုံးသတ်သွား၏။ 



ဖုန်းစစ်ရွေ့၏ မျက်နှာက အေးစက်ကာ မည်းမှောင်လာသည်။



ဆေးရုံအပြင်ဘက်သို့ လျှောက်ထွက်လာသော ရှန်ယွိက စိတ်လက်ပေါ့ပါးနေသည်။ သူ၏ နှုတ်ခမ်းများက လေးကိုင်းတစ်ခုကဲ့သို့ ကွေးညွှတ်နေ၏။ သူက နေကာမျက်မှန်ကို တပ်လိုက်ပြီး ပေါ့ပါးစွာ လမ်းလျှောက်နေစဥ် သူ့စိတ်ထဲမှ System ၏ အသံကို ရုတ်တရက် ကြားလိုက်ရသည်။ 



[အခုလေးတင် သရုပ်ဆောင်ပြသွားတာက သာမန်ပဲ။ မျက်ရည်လေးတောင် မရှိလိုက်ဘူး။]



ရှန်ယွိက နှုတ်ခမ်းကို မဲ့ရင်း ပြောလိုက်သည်။ 'မင်း ဘာသိလို့လဲ။ ဒါက အတိအကျကို အချစ်ကြီးတဲ့ လူတွေရဲ့ အပြုအမူမျိုးပဲ။' 


[ခင်ဗျား မိသားစုရဲ့ ဘော့စ်က ခင်ဗျားကိုမှ မချစ်ဘဲနဲ့။ ကွာရှင်းဖို့ အချိန်ရောက်ရင် ကွာရှင်းရအောင်သာလုပ်။]



ရှန်ယွိက ထိုစကားလုံးများကို ကြားသည့်အခါ အနည်းငယ် နောင်တရသလို ခံစားလိုက်ရသည်။ 'အောင်မြင်လုနီးပါးဖြစ်နေပြီကို သူက ဘာလို့ ရပ်လိုက်ရတာလဲ။' 



'ငါ အရင်ဆုံး အစပြုပြီး ပြောလိုက်လို့ မရဘူးလား။' 



[ကျိန်းသေမရဘူးလေ။ ဆယ်ဘီလီယံကို တွေးကြည့်။ ပြီးပြည့်စုံတဲ့ ဗီလိန်စနစ်အရ ခင်ဗျားက ဇာတ်ကြောင်းအရ ကာရိုက်တာကို ပြည့်စုံအောင် လုပ်ဆောင်ဖို့ လိုအပ်တယ်။]



ထိုအသံက ဆန်းကြယ်လှသော အသံနှင့် တူပေသည်။ 



ရှန်ယွိ၏ သရုပ်ဆောင်လမ်းကြောင်းက ချောမွေ့အောင်မြင်လာသည့်အခါ သူက ရုတ်တရက် သတိပြုမိခြင်းမရှိဘဲ အသည်းကင်ဆာ ​ဖြစ်ပွားခဲ့သည်။ ထို့နောက် သူက အဆုံးမရှိသည့် နောင်တများနှင့် သုံးလအတွင်း သေဆုံးသွားခဲ့သည်။ 



သူ နောက်တစ်ကြိမ် မျက်လုံးများ ဖွင့်လိုက်သည့်အခါ Danmei အမျိုးအစား ခွေးသွေးဝတ္ထုထဲမှ အဆိပ်ပြင်းသော ဗီလိန်တစ်ယောက် ဖြစ်လာလေသည်။ တစ်ချိန်တည်းတွင် သူသည် ဆယ်ဘီလီယံနှင့် ပြန်လည်မွေးဖွားနိုင်သည့် အခွင့်အရေးကို ဆုလာဘ်အဖြစ် ရရှိနိုင်သော စနစ်တစ်ခုနှင့် ချိတ်ဆက်မိသွားခဲ့သည်။ 



ထို့ကြောင့် သူက အမျိုးမျိုးသော ဇာတ်ကြောင်းတာဝန်များကို ပြီးမြောက်စေရန် အဆိပ်ပြင်းသော တာဝန်များကို ထမ်းဆောင်လာရပေသည်။ 



လူပြိန်းအဆိုတွင် ဗီလိန်ဟူသည်မှာ မကောင်းသော ကိစ္စများကို လုပ်ဆောင်သင့်သည်ဟူ၍ ဖြစ်သည်။ 



ထို့ကြောင့် ရှန်ယွိက တာဝန်ကျေပွန်စွာဖြင့် နောက်ဆုံးခြေလှမ်းထိရောက်အောင် လျှောက်လှမ်းခဲ့သည်။ သူသည် နောက်ဆုံးတွင် ကွာရှင်းစာချုပ်တစ်စောင်သာ လိုအပ်ပြီး ကြာပန်းဖြူနှင့် ပင့်ကျောင်းစီအီးအိုတို့ ထာဝရအတူတကွ ပေါင်းဖက်နိုင်ရန် ဆုတောင်းကာ သူ့လက်ထဲ၌ ဆယ်ဘီလီယံကို ကိုင်ပြီး မွေးရပ်မြေသို့ ပြန်၍ အနားယူနိုင်စွမ်း ရှိပေလိမ့်မည်။ 



အမှန်တွင် ပိုက်ဆံရခြင်းမရခြင်းက အရေးမကြီးလှပေ။ သူသည် ထိုချစ်သူစုံတွဲ လက်ထပ်သွားရန်သာ မြင်တွေ့ချင်ပေသည်။ 



ဤခရီးလမ်းတလျှောက်တွင် သူက သူ့ကိုယ်သူအတွက် အရင်းအမြစ်တချို့ ယူဆောင်ကာ သူ့ယခင်ဘဝမှ မပြည့်ဝခဲ့သော ဆန္ဒများကို ဖြည့်ဆည်းခဲ့သည်။ 



သူက ဆေးရုံမှ လျှောက်ထွက်လာပြီးနောက် အပြင်ဘက်တွင် နန်နီကားတစ်စီးက စောင့်ဆိုင်း​နေခဲ့သည်။ 



ရှန်ယွိက ကားထဲမဝင်ခင် သူ့ထံသို့ လျှောက်လာနေသော အလွန် ရုပ်ဆိုးသည့် ပုံရိပ်တစ်ခုအား ရိပ်ခနဲ မြင်လိုက်သည်။ 



သူသည် ထိုလူက မည်သူဖြစ်ကြောင်း သိရန် ဂရုတစိုက်ကြည့်ရန်ပင် မလိုအပ်ချေ။



ထိုသူမှာ ဦးနှောက်ပျက်နေသော ဇာတ်လိုက်၏ အချစ်ကလေးဖြစ်သော ကြာပန်းဖြူမှလွဲ၍ အခြားသူ ဖြစ်လိမ့်မည် မဟုတ်ပေ။  



ရှန်ယွိက သူ့ကို အရေးတယူ မလုပ်ချင်သည့်အတွက်ကြောင့် မမြင်ချင်ဟန်ဆောင်ကာ ကားထဲသို့ ဝင်လိုက်သည်။ သို့သော် အားနည်းပြီး သူတော်ကောင်းယောင်ဆောင်ထားသည့် အသံတစ်ခုက သူ့ကို ရန်တန့်စေလိုက်သည်။ "ရှန်ယွိကော ပြန်တော့မလို့လား။" 



"ကျွန်တော်က ဒီမှာ ရွေ့ကော ဒဏ်ရာရတယ်ဆိုလို့ လာကြည့်တာပါ။ အချိန်အကြာကြီး မနေပါဘူး။ ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့နော်။" 



ရှန်ယွိက သူ့ခေါင်းကို လှည့်ကာ နူးညံ့လှသည့် အသွင်နှင့် ကြာပန်းဖြူ ယန်ရွေ့ချင်းနှင့် မျက်နှာချင်းဆိုင်လိုက်သည်။ "ဘာကိုအထင်လွဲရမှာလဲ။" 



"မင်းက ငါ့ယောက်ျားကို မြှူဆွယ်ပြီး သူ့အိပ်ရာပေါ် တွယ်တက်ချင်နေတယ်လို့ အထင်လွဲရမှာလား။" 



ယန်ရွေ့ချင်းက ထိုစကားလုံးများကို ကြားသောအခါ ရှက်သွေးဖြာသွားသည်။ ထို့နောက် သူက ချက်ချင်း ရှင်းပြလာ၏။ "ရှန်ယွိကော ကျွန်တော် တကယ် မလုပ်..."



သူက မရည်ရွယ်သလိုနှင့် ဘေးသို့ ကြည့်လိုက်ကာ ချက်ချင်း ရှန်ယွိကို ပြန်ကြည့်လာသည်။ 



ရှန်ယွိသည် ထိုသေးငယ်လှသည့် အမူအရာအပြောင်းအလဲကို ဖမ်းမိသွားကာ သူ၏ နှုတ်ခမ်းစွန်းတို့က ကောက်ကျစ်စွာ ကွေးညွှတ်သွားသည်။ သူက လျင်မြန်စွာ ရှေ့သို့ လှမ်းလာပြီး ကြာပန်းဖြူလေးကို တွန်းချလိုက်၏။ "မင်းကြောင့်ပဲ။ ရွေ့ကောက ငါ့ကို ကွာရှင်းချင်နေတာ။" 



"ဒီလိုမျိုး ဟန်ဆောင်ပြီး မင်းက ငါ့ကို ဘာပြဖို့ ကြိုးစားနေတာလဲ။" 



ယန်ရွေ့ချင်းက ပြုတ်ကျသွားခြင်းမှ အလွန် နာကျင်သွားသည့်အတွက် ခေါင်းကို မော့ကြည့်လိုက်ပြီး မျက်ရည်များအပြည့် ဖြစ်လာပေသည်။ "ရှန်ယွိကော ကျွန်တော်..." 



သူက စကားပြော၍မပြီးခင် ဆေးရုံဝင်ပေါက်မှ ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာပေသည်။ "ရှန်ယွိ မင်း ဘာလုပ်နေတယ်လို့ ထင်လဲ။"



ရှန်ယွိသည် ရုတ်တရက် အေးစက်လှသည့် အပြစ်တင်သံကြောင့် ကြောက်လန့်သွားပုံရသည်။ သူက ခေတ္တမျှ တုန်ယင်နေပြီးနောက် ရှက်ရွံ့စွာနှင့် ခေါင်းလှည့်လာကာ အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်သည်။ "ရွေ့.. ရွေ့ကော.. ဒါက ကော ထင်သလို မဟုတ်ပါဘူး။ ကျွန်... ကျွန်တော်.. သူ့ကို မတွန်းခဲ့ပါဘူး။" 


-- 'မြန်မြန် ငါ့ရဲ့ မပိရိတဲ့ အလိမ်အညာတွေကို ဖော်ထုတ်လိုက်! ကြာပန်းဖြူလေးအတွက် ရပ်တည်ပေးပြီး ငါ့ကို ပြင်းပြင်းထန်ထန် ဆူပူလိုက်စမ်းပါ။ ငါ့ကို အနိုင်ကျင့် စော်ကား ရိုက်နှက်ပြီး ဖုန်းမိသားစုကနေ မောင်းထုတ်ပစ်လိုက်တော့လေ!' 


သက်တော်စောင့် တွန်းလာပေးသည့် ဝှီးချဲလ်ပေါ် ထိုင်နေသည့် ဖုန်းစစ်ရွေ့, "...." 



ဒီငတုံးက ကွာရှင်းဖို့ပဲ တွေးနေတာလား။



ကွာရှင်းစရိတ် ဆယ်ဘီလီယံလေးအတွက်နဲ့လေ...။