ဒုတိယထပ်ဝါရံတာတွင် ထိုင်နေသော လောင်လုက သူ့မျက်လုံးတွေကို ဖုံးအုပ်ရန် လက်မြှောက်လိုက်၏။ အကြောင်းမှာ ဒီနေ့ နေအရမ်းပူနေလို့မဟုတ်ဘဲ တခြားအရာတွေက သူ့မျက်လုံးတွေကို နာကျင်စေတယ်လို့ ခံစားရခြင်းကြောင့်သာ။
သူ လှည့်လိုက်ပြီး သူ့မိန်းမကျန်းဖျင်ကို ပြောလိုက်၏။ "ငါတို့သမီးကို လုအိုက်ဖျင်လို့ နာမည်ပေးဖို့ ငါပြောတုန်းက မင်းသဘောမတူခဲ့ဘူးလေ"
ဒီနာမည်က ပိုပြီးဟိတ်ဟန်များတယ်လေ။
ကျန်းဖျင် ဘာမှပြန်မပြောခင်မှာ လုရွှမ်(လုစန်းကျဲ)က အရင်ဆုံးပြောလိုက်၏။ "ကျေးဇူးပါ မား"
ကျန်းဖျင်: "…"
လုကျုံးရီက သူ့မေးစေ့သူကိုင်ထားရင်း 'ရှောင်းကျိုက်ဆီ ဖုန်းခေါ်ပြီးတော့ သူ့ညီဆီ အလည်လာဖို့ခေါ်ရမယ်။ ဒါမှ ဇနီးတစ်ယောက်ရှိတာဟာ ဘယ်လောက်ကောင်းသလဲဆိုတာ သူသိနိုင်မှာပေါ့။ တစ်မိသားစုလုံးမှာ သူတစ်ယောက်ပဲ လူပျိုကြီးဖြစ်နေတော့တာကိုး'
လုရွှမ်: "ကျွန်မ တချို့လူတွေနဲ့ တွေ့ဆုံဖို့သွားရင်ရော?"
လုကျုံးရီ: "? ? ? ! !"
ကျန်းဖျင်: "? ? ! ! ! !"
ဒီကလေးက နောက်တစ်ခါထပ်ပြီးအိမ်ထောင်မပြုချင်တော့တဲ့သူ မဟုတ်ဘူးလား?!
ညနေခင်းတွင် ဖက်ထုပ်လုပ်ရန် လူတစ်ဒါဇင်ကျော် စုဝေးနေခဲ့ကြပြီး တချို့က ဖက်ထုပ်လုပ်နေကြကာ တချို့က အသီးအရွက်တွေကို ရေဆေးနေကြ၏။
လောင်လုနှင့် ရှောင်လုတို့ သားအဖသည်လည်း နွေဦးပွဲတော်ကာရန်တူနှစ်ကြောင်းစပ်ကဗျာတွေကို အတူတကွ ရေးနေခဲ့သော်ငြား သူမရဲ့ ခဲအိုချန်မျန့်လောက် မလှပကြပါချေ။ ချန်မျန့်ရဲ့ လက်ရေးမှာ ပြောင်မြောက်သော်လည်း သူ့အဖေချန်ယွီပိုင်ရဲ့ လက်ရေးလှမှာ ပို၍ပင် ကောင်းမွန်ပါသေးသည်။
ကလေးတွေဟာ ကဗျာစာသားတွေကို ပြတင်းပေါက်တွေမှာ လိုက်ကပ်ကြကာ ပျော်ရွှင်နေကြ၏။ နှစ်သစ်ကူးညစာမစားမီအချိန်တွင် ချင်းရို့က ချန်ကျင်းဟွ၊ ချန်ကျွမ်းကျွမ်း၊ ချန်ကျင်းရိနှင့် ရှမင်ရှီးတို့ကို ခေါ်ကာ အုန်းမှုတ်ခွက်မီးအိမ်တွေ ထွန်းညှိရန် ခြံထဲသို့ သွားကြ၏။
ခြံထဲ၌ အုန်းမှုတ်ခွက်မီးအိမ်တွေကို တစ်ခုပြီးတစ်ခု လိုက်ထားခဲ့၍ ကြယ်လေးတွေ ကြွေကျလာသည့်အလားတူနေလျက်။ မီးရှူးမီးပန်းတွေမရှိသော်လည်း အနှီမီးအိမ်တွေကြောင့် နှစ်သစ်ကူးရဲ့ အငွေ့အသက်ကို အနည်းငယ် ပေါင်းထည့်နိုင်သွားခဲ့ပြီ။
ဘေးအိမ်မှ အစ်မဟွမ်က နှစ်သစ်ကူးနေ့မှာ မီးရှူးမီးပန်း မဖောက်နိုင်ပေမယ့် အမြောက်တွေပစ်မယ်လို့ ပြောတာကို ကြားလိုက်ရ၏။ (Me: သူက cannonလို့သုံးထားလို့ပါနော်) သက်တမ်းကုန်ဆုံးတော့မယ့် တချို့ပစ္စည်းတွေကို ယနေ့ည လေထုအငွေ့အသက်နှင့် လိုက်ဖက်အောင်လို့ အသုံးပြုဖို့လုပ်ထားကာ ချင်းရို့အား မကြောက်လန့်စေဖို့ ကြိုတင်ပြောပြထားလေသည်။
ချင်းရို့လည်း လှပသော အုန်းမှုတ်ခွက်မီးအိမ်နှစ်လုံးကို ဘေးအိမ်သို့ ပို့ပေးခဲ့သည်။
ညနေခင်း၌ နှစ်သစ်ကူးညစာစားသောက်ကြချိန်မှာ လူတစ်ဒါဇင်ကျော်ရှိနေသဖြင့် စည်ကားသိုက်မြိုက်နေကာ ဟင်းတွေလည်း စုံလင်လှ၏။ ထိုနေ့တွင် မိသားစုတိုင်းဟာ ရှားရှားပါးပါး ကောင်းမွန်လှသော နေ့တစ်နေ့ကို ဖြတ်သန်းနေကြသလို *"ဒုတိယစီနီယာအကိုကြီး"ကိုလည်း သတ်ကြပါသေးသည်။ (*ဝက်ကိုပြောတာပါ😆)
နှစ်သစ်၌ ဝက်တွေဟာ နေရာတိုင်းတွင် အသတ်ခံနေရပေသည်။
နှစ်သစ်ကူးအချိန်အခါသမယတွင် တပ်မတော်၊ စိုက်ပျိုးရေးခြံတွေ၊ အဖွဲ့အစည်းတွေနှင့် စာသင်ကျောင်းတွေတောင်မှ... ဝက်တွေကို သတ်ကြလေရဲ့။ အသားစားချင်နေကြတဲ့ ကလေးတွေဟာ အသားစားဖို့စောင့်နေကြလေပြီ။
ဤအချိန်မှာ လူတိုင်းက အဆီနည်းအသားတွေကို မကြိုက်ကြဘဲ အဆီများတာတွေကို လိုချင်ကြသည်။ အဆီများတဲ့အသားတွေဆိုရင် သူတို့ ဆီထုတ်လုပ်လို့လည်း ရတယ်လေ။ ချက်ပြီးသွားလို့ ကျန်နေတဲ့ဝက်အဆီတွေကတော့ ကလေးတွေအကြိုက် သွားရည်စာလေးပေါ့။
အရင်တုန်းက ချင်းရို့ဟာ ဝက်အဆီတွေကို စားရတာ မနှစ်သက်၊ အဲဒါက အဆီများလွန်းတယ်လို့ သူမထင်ခဲ့၏။ ယခုတော့ ဆီလက်ကျန်နည်းနေတာကြောင့်ဖြစ်ကောင်းဖြစ်နိုင်ပါရဲ့။ သူမ ဒီဝက်အဆီတွေကို အရမ်းလောဘတက်နေမိတယ်လေ။
သူမရဲ့ ယောက္ခမကျန်းဖျင်က အဲဒီဝက်အဆီတွေကို လှီးဖြတ်ကာ ကိတ်မုန့်ကြော်လုပ်မယ်လို့ ပြောလာရာ ချင်းရို့က ပဲအနှစ်နည်းနည်းထည့်ကာ နုတ်နုတ်စင်းထားတဲ့ ကြက်သွန်မြိတ် ဖြူးရန် အကြံပြုခဲ့သည်။ ရလာတဲ့ကိတ်မုန့်ကြော်မှာ အလွန့်အလွန်အရသာရှိလှ၏။ (T/N: etranမှာကလေ Lard cake, fried cakeလို့ ပြောထားတာရယ်၊ ကိုယ်လည်းအရမ်းကြီးမသိလို့၊ ဝက်ဆီနဲ့ပတ်သက်လို့ ဝက်ဆီဖတ်ကြော်ပဲသိတာမို့ပါ 😅)
ချင်းရို့ရဲ့ အစ်မဖြစ်သူ ချင်းမျန့်ကလည်း နှစ်သစ်ကူးအကြိုနေ့မတိုင်မီတွင် ငါးဆုပ်လုံးတွေ၊ ကဏန်းလုံးတွေနှင့် ပုဇွန်လုံးတွေ အများကြီး ပြုလုပ်ထားကာ ရေခဲသေတ္တာထဲတွင် ထည့်သိမ်းထားခဲ့သည်။ ထပ်ပြောရမယ်ဆိုပါလျှင် ကလေးတွေဟာ ဒီလိုအသားလုံးတွေရဲ့ ဆွဲဆောင်မှုကို ငြင်းဆန်နိုင်မှာ မဟုတ်ပေဘူး။
ဟော့ပေါ့ဟင်းရည်ပူပူလေးတွင် အမျိုးမျိုးသော လှလှပပ အသားလုံးသေးသေးလေးတွေကို ထည့်ပြုတ်ထားကာ အရသာမှာ အံ့မခန်းပင်။
ချင်းမျန့်က ကျွမ်းကျင်စွာဖြင့် အသားလုံးတွေကို အဝိုင်းပုံ၊ တြိဂံပုံ၊ စတုရန်းပုံ၊ ဖက်ထုပ်ပုံ စသဖြင့် ပုံစံအမျိုးမျိုး ပြုလုပ်ထားခဲ့သည်။ အသားလုံးပြုလုပ်ရာတွင်လည်း မုန်လာဥနဲ့ ပြောင်းဖူးတွေကို ထပ်ထည့်ထားပါသေးသည်။ အသားလုံးတွေဟာ ပုံစံအမျိုးမျိုးဖြင့် ပြုတ်ထားတဲ့ဟင်းရည်ထဲမှာ ပေါလောပေါ်လာတဲ့အခါ ကလေးတွေရဲ့ ဗိုက်ထဲမှာ အငမ်းမရဖြစ်လာချေပြီ။
"မမရေ နင့်စိတ်ကူးတွေ အရမ်းကောင်းတာပဲနော်"
"အရမ်းကောင်းတာပဲ! အသားလုံးတွေနဲ့ စွပ်ပြုတ်ရည်က အရမ်းမွှေးလာတယ်ဟေ့!"
အနံ့မမွှေးဘဲနေပါ့မလား? ပင်လယ်စာလုံးတွေအများကြီး ထည့်ထားတာလေနော်။
ချင်းရို့က အသေးလေးနှစ်ယောက်အတွက် အသားလုံးတွေခပ်ထည့်ပေးလိုက်၏။ ချန်ကျွမ်းကျွမ်းနှင့် ချန်ကျင်းဟွတို့ဆို ပြောမနေပါနဲ့တော့၊ သူတို့က ပန်းကန်လုံးအကြီးကြီး လိုချင်နေကြတာလေ။
ရှမင်ရှီးဆိုတဲ့ ရှောင်ဖန့်လေးက အသားလုံးတွေကို စိုက်ကြည့်နေပြီးဖြစ်ရာ ချင်းရို့လည်း သူ့အား ပန်းကန်လုံးကြီးကြီးတစ်ပန်းကန် ခပ်ထည့်ပေးလိုက်သည်။
သူက အသားလုံးတွေစားနေစဉ်မှာပင် ဖက်ထုပ်ပန်းကန်ကို လှမ်းယူရန် တစ်ဖက်သို့ သွားခဲ့လေသည်။
ရှမင်ရှီးအမေကတော့ သူ့ကို ဂရုစိုက်ဖို့ပင် ပျင်းရိလွန်းနေကာ သူမကိုယ်သူမ စားသောက်ခြင်းတွင်သာ ပျော်မွေ့နေလေရဲ့။ အလွန်အကျွံစားပြီးတဲ့နောက် ကောင်းကင်ပေါ်တက်သွားရတော့မလို ခံစားမိနေခဲ့ရပြီ။
ချင်းရို့က အေးခဲတို့ဟူးတွေကို သူမကိုယ်တိုင်ချက်ပြုတ်နေသည်။ သူမ အရင်က အေးခဲထားတဲ့တိုဟူးတွေ အများကြီးလုပ်ထားပြီး ဟော့ပေါ့ထဲမှာဆို အေးခဲတို့ဟူးတွေက အရမ်းအရသာရှိတယ်လေ!
ချင်းရို့ သူမကိုယ်တိုင် အေးခဲတို့ဟူးကို ချက်ပြုတ်လိုက်၏။ သူမ အရင်က အေးခဲထားတဲ့ တို့ဟူးများစွာ ပြုလုပ်ထားခဲ့ရာ ဟော့ပေါ့ထဲမှာ အေးခဲတို့ဖူးတွေဟာ အလွန့်အလွန်အရသာရှိနေလေရဲ့။ အရသာက အံမခန်းပါပဲနော်။
ချင်းရို့က သူမရဲ့အေးခဲတို့ဟူးတွေကို စားနေစဥ် လုယန်က လတ်လတ်ဆတ်ဆတ် ပြုတ်ထားတဲ့ ဖက်ထုပ်တစ်ပန်းကန်ကို သူ့ဇနီးလေးဆီယူလာကာ တစ်ခုခွံ့ကျွေးလိုက်၏။
ချင်းရို့ စားလိုက်တဲ့အခါ သူမ ကြေးဒင်္ဂါးတစ်ပြားကို ကိုက်မိသွားတယ်!
ချင်းရို့: "????"
လုယန်က သူမကို ချစ်ခင်မြတ်နိုးစွာ ပြုံးကြည့်နေရင်း "ဂုဏ်ပြုပါတယ်ကွာ၊ မင်းက တစ်ခုတည်းရှိတဲ့ကြေးဒင်္ဂါးပြားကို ရသွားတာပဲ၊ ကံကောင်းခြင်းဘုရင်ပဲဟေ့"
"လာမယ့်နှစ်မှာ ကံကောင်းပါစေ"
ချင်းရို့: "…"
ခေါင်းဆောင်လုရေ ရှင်လှည့်စားနေတာလို့ ကျွန်မသံသယရှိနေပြီနော်။
ကြေးဒင်္ဂါးပြားပါတဲ့ ဖက်ထုပ်ကို ယူလိုက်ပြီး သူမကို ခွံ့ပေးလိုက်တာမလား။
ဒါပေမယ့် ကိစ္စမရှိပါဘူးလေ။ သူမရဲ့ ခင်ပွန်းဖြစ်သူက လှည့်စားခဲ့တာဆိုရင်တောင်မှ သူမက ဒီနှစ်မှာ ကံကောင်းခြင်းရဲ့ ဘုရင်ဖြစ်ပြီပဲလေ။
ချင်းရို့ ပြုံးကာ အေးခဲတို့ဟူးတစ်ပိုင်း ကျွေးလိုက်၏။ ဒီဆောင်းရာသီက သိပ်မအေးပေမယ့် ဟော့ပေါ့ပူပူလေးစားရတာ ပိုစိတ်လှုပ်ရှားစရာကောင်းတယ်လေ။
"ဒီနေ့ နှစ်သစ်ကို လာကျင်းပတဲ့သူတွေ အရမ်းများလို့ ကျွန်မ အရမ်းသဘောကျတာပဲ"
"နောက်နှစ်ဆိုရင် ကလေးလေးနှစ်ယောက်ထပ်တိုးလာတော့မှာ"
Thanks for reading!