Ch-103
Viewers 15k

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း 


အပိုင်း (၁၀၃)


လုစန်းကျဲက အားလပ်ရက်အများကြီးမရသဖြင့် နှစ်ရက်အတွင်း အဖွဲ့သို့ ပြန်သွားရမည်ဖြစ်သောကြောင့် ရှမင်ရှီးကို သူ့အဖိုးအဖွားရဲ့ စောင့်ရှောက်မှုအောက်တွင် ချန်ထားခဲ့ပေမည်။ 


"ဒေါ်လေး ဒေါ်လေး!! နှုတ်ဆက်ပါတယ် မား!!" 


လုမိသားစုရဲ့ တတိယအစ်မ: "..." သူမတော့ ထွက်သွားဖို့ ဝန်လေးနေပါပြီနော်။ 


သေးငယ်တဲ့အဖြစ်အပျက်လေးတစ်ခုလည်းရှိပါသေးသည်။ အဲဒါကတော့... လောင်ဝမ်နှင့် လုစန်းကျဲတို့ ဘလိုင်းဒိတ်တွေ့လုနီးပါးပဲ!!! ဒါပေမယ့် အဆုံးမှာတော့ ဘာမှဆက်မဖြစ်ခဲ့ကြ။ 


ထိုသတင်းကိုကြားတဲ့ ခေါင်းဆောင်လုကတော့ ရေနွေးတွေ ထွေးထုတ်လုနီးနီးပင်။ 


- မင်းကို ငါ့ညီအစ်ကိုလို့ သတ်မှတ်ထားတာလေ။ ဒါပေမဲ့ မင်းကတော့ ငါ့ယောက်ဖဖြစ်ချင်နေတယ်ပေါ့


လုစန်းကျဲက ဝမ်ယွမ်ကျန်းထက် သုံးနှစ်ပိုကြီးတယ်မလား


"သူက ငါ့တူလေးရဲ့ ပထွေးဖြစ်ချင်နေတုန်းပဲပေါ့? ဒါက ရှုပ်ထွေးလွန်းတာပဲကွာ


အဘယ်နတ်ဘုရားကများ လောင်ဝမ်နှင့် သူ့တတိယအစ်မတို့ကို အတူတူချိတ်ဆက်ပေးခဲ့ရတာလဲဟေ


"ငါ နောက်ရက်အနည်းငယ်ကျရင် လောင်ဝမ်ကို ငါတို့အိမ်လာဖို့ ဖိတ်လိုက်မယ်။ သူ အခုထိ ဘာလို့လက်တွဲဖော်မတွေ့သေးတာလဲ? ငါတောင်မှ ကလေးနှစ်ယောက်အဖေဖြစ်တော့မှာ..." ခေါင်းဆောင်လုကတော့ သူ့လက်ကို ပုဝါဖြင့်သုတ်နေရင်း သာမန်ကာလျှံကာဖြင့် ခပ်ရွဲ့ရွဲ့ပြောလေ၏။ "ကြည့်ဦး၊ လက်တွဲဖော်တစ်ယောက်ရှာရတာ အဲ့လောက်ကြီး ခက်ခဲနေလို့လား?" 


ဖြတ်သွားတဲ့ချင်းရို့က သူ့ရဲ့ မျက်နှာချောချောကို ဆိတ်ဆွဲလိုက်တော့သည်။ 


ရှင်ကိုယ့်ရှင် ဂုဏ်ဆာနေတာလား? အဲဒီတုန်းက ရှင်ဘယ်လောက်ဆိုးခဲ့သလဲ မှတ်မိရဲ့လား အရာရှိကြီးရဲ့


"အကန်းကြောင်က ကြွက်အသေနဲ့တွေ့ခဲ့တာပဲနော်


အဲဒီအချိန်တုန်းက သူမ အရမ်းမိုက်မဲခဲ့တာပဲလေ။ 


လုယန်နှင့် သူမရဲ့ ကံကြမ္မာကို ပြန်တွေးကြည့်ပါက သူမသာ မရူးမိုက်ခဲ့ရင်၊ ဒီလူက တိုက်ရိုက်မလုပ်ဆောင်ခဲ့ဘူးဆိုရင် သူမတို့နှစ်ယောက် အတူတူရှိကြဖို့ ခက်ခဲသွားလိမ့်မှာ။ 


လုယန်က သူမရဲ့ လက်ကောက်ဝတ်လေးကို အပြုံးလေးနှင့် ဆွဲထားရင်း သူ့ဇနီးလေးရဲ့ ပါးပြင်ကို တိတ်တိတ်လေး အနမ်းပေးလိုက်ပြီး ဂုဏ်ယူစွာ လေချွန်၍ "ဒါက လျှပ်တပြက်စစ်ဆင်ရေးဆိုတာ သိသာတယ်လေကွာ။ တစ်ချက်တည်းနဲ့ မင်းကို ထိသွားတာပေါ့


ချင်းရို့က ရယ်မောကာဖြင့် ပြန်တွေးကြည့်လိုက်တော့ အဲဒီတုန်းက သူမ ဒါကို လောင်းကြေးထပ်လိုက်ရုံလေးပါပဲ။ ဒါပေမယ့် စက်ဘီးက မော်တော်ဆိုင်ကယ်အဖြစ် ပြောင်းလဲသွားခဲ့တာ။ 


ကဲ ငါ့ရဲ့ချစ်လှစွာသောဆိုင်ကယ်လေးကို စီးတာပေါ့။ 


"ကျွန်မကို အပေါ်ထပ် ချီသွားပေး၊ လမ်းမလျှောက်ချင်တော့ဘူး"  


ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ အလွန်တဇွတ်ထိုးနိုင်လေရဲ့။ 


ယနေ့ လုယန်က အိမ်မှာရှိနေပြီး သူမရဲ့ အစ်မနှင့် ခင်ပွန်းတို့က ပြန်သွားကြပြီဖြစ်သလို သူမရဲ့ ယောက္ခမတွေကလည်း သူတို့ခြံကို ပြုစုထိန်းသိမ်းဖို့အတွက် အိမ်ပြန်သွားကြလေပြီ။ ဘေးအိမ်က ကျန်းချန်ပေ့ကြည့်ဖို့အတွက် ခြံဝင်းလှလှလေးလုပ်ချင်ကြောင်း သူမရဲ့ ယောက္ခထီးက ပြောနေပါသေးသည်။ 


လောင်လုက သူ့လက်တွေကို ပွတ်သပ်ကာ တိုက်ပွဲကြီးကြီးတစ်ခု စတင်ရန် ဆုံးဖြတ်လိုက်လေ၏။ သူက နေကြာပန်းနှင့် ခြောက်လပန်းတွေကို အရမ်းသဘောကျသဖြင့် တစ်ခြံလုံးကို ၄င်းတို့နှင့် အလှဆင်ဖို့ ဆုံးဖြတ်ထားသည်။ 


 "ငါ့ခြံတစ်ခြံလုံးကို အဲဒီကျန်းမျိုးရိုးနဲ့ကောင်ကို မြင်စေချင်တယ်ကွ


ကျန်းဖျင်ကတော့ ဟင်းသီးဟင်းရွက်တွေကို စိုက်ပျိုးချင်နေတုန်းပဲ။ 


ကလေးနှစ်ယောက်ဖြစ်တဲ့ ချန်ကျင်းရိနှင့် ရှမင်ရှီးတို့က သူတို့ခြံထဲမှာပဲ ယာယီကစားနေကြပြီး ကြက်တွေရဲ့ အစောင့်အကြပ်အဖြစ် ပျော်ရွှင်စွာ တာဝန်ထမ်းဆောင်နေကြသည်။ မကြာသေးမီက နံနက်ခင်း၌ ကြက်မတွေဟာ ဥတွေဥနေခဲ့ကြကာ ကလေးတွေက နေ့တိုင်း ပျော်ပျော်ကြီး ကြက်ဥသွားကောက်ခဲ့ကြသည်။ 


ချင်းရို့ကလည်း ဟွားဟွားရဲ့ ခြံဝင်းကို ကူညီစောင့်ရှောက်ပေးဖို့ သဘောတူထားခဲ့၏။ ဟုတ်ပါတယ် သူမခြံမှာ ဂရုစိုက်စရာတွေသိပ်မရှိတဲ့အတွက် စိုးရိမ်နေစရာမလိုဘူးလေ။ 


ရှမင်ရှီးနှင့် ရှောင်ကျင်းရိလေးဟာ ဦးထုပ်လေးတွေ ဆောင်းထားကြ၏။ သူတို့ဆံပင်တွေကို ဟိုးကတည်းက ညှပ်သင့်နေပြီလေ။ သူတို့အအေးမမိအောင်လို့ လူကြီးတွေက ဦးထုပ်ဆောင်းပေးထားကြခြင်းပင်။ 


ရှောင်ဖန့်လေးက သူ့ဦးထုပ်ကို ကိုင်ထားရင်း အော်ပြောနေလျက် "လတစ်လရဲ့ ပထမဆုံးရက်မှာ သူတို့က သားကို ခေါင်းရိတ်မှာတဲ့။ သားဆံပင်တွေကို ရိတ်ခွင့်မပေးနိုင်ဘူး!!!" 


လုယန်က ရှောင်ဖန့်လေးရဲ့ ပါးဖောင်းဖောင်းလေးကို ဆွဲလိုက်ရင်း "မင်းကိုဘယ်သူပြောတာလဲ?" 


"အဘိုးပြောတာ


… 


ဝမ်ယွမ်ကျန်းသည် လုယန်အိမ်သို့ ဧည့်သည်အဖြစ်ထပ်မံရောက်ရှိလာချေပြီ။ အရင်တစ်ခေါက် ဘလိုင်းဒိတ်မှာ လုယန်ရဲ့ အစ်မဖြစ်သူနှင့် တွေ့ဆုံရလိမ့်မယ်လို့ သူမမျှော်လင့်ထားမိခဲ့။ 


ဟုတ်ပါတယ် သူမက လုယန်ရဲ့ အစ်မဖြစ်တယ်လို့ သူကြားမိတော့ သူမကို တွေ့ချင်တယ်လို့ သူပြောခဲ့တာပါပဲ။ 


လုယန်ရဲ့ အစ်မက ဘယ်လိုပုံစံမျိုးလဲဆိုတာ သူအရမ်းသိချင်နေခဲ့တာ။ ဒါပေါ့ တွေ့ဆုံကြပြီးတဲ့နောက် သူတို့နောက်တစ်ခါ ထပ်မဆုံဖြစ်ကြတော့ဘူးလေ။ 


ဝမ်ယွမ်ကျန်း သက်ပြင်းချလိုက်ရင်း... အိမ်ထောင်ပြုဖို့ တစ်ယောက်ယောက် ရှာရတာ ဘာလို့များ အရမ်းခက်ခဲနေရတာလဲကွာ? သူတို့ ချိန်းတွေ့ကြတာ အချိန်တစ်ခုရောက်လာတိုင်း သူလက်ထပ်ချင်တဲ့အကြောင်းပြောလိုက်တာနဲ့ သူတို့တွေ နောက်ပြန်ဆုတ်သွားကြတာပဲ။ 


လုယန် ဘယ်လိုများ အောင်မြင်သွားခဲ့တာတုန်း? ပြီးတော့ သူက ဒီလိုလှပတဲ့ဇနီးလေးကိုတောင် လက်ထပ်နိုင်ခဲ့တာ။ 


လောလောဆယ် အခြေအနေနှစ်ခုလုံးမကောင်းရင်တောင်မှ အိမ်ထောင်ရေးဟာ ညှိနှိုင်းဖို့လိုအပ်နေတုန်းပဲလေ။ နှစ်ဖက်မိသားစုအပေါ် မူတည်သလို သူတို့အချင်းချင်း ကျေနပ်မှုရှိရမှာဖြစ်ပြီး တပ်မတော်အထောက်အပံ့သာရှိ၍ တစ်ယောက်ကတော့ မိသားစုကို စောင့်ရှောက်ဖို့ ပို၍တာဝန်ယူရမှာ... 


လုယန်လိုမျိုး၊ သူတို့က တစ်ကြိမ်တွေ့ဆုံပြီးတာနဲ့ လက်ထပ်ခွင့်လျှောက်လွှာတင်ခဲ့သလို တစ်ဖက်ကလည်း ချက်ချင်းသဘောတူလိုက်တာ။ သူတို့နှစ်ယောက် စကားအများကြီး မပြောခဲ့တာတောင်မှ... 


ခန်းဝင်ပစ္စည်းတွေအတွက်ကတော့ ပြောနေစရာမလိုပါဘူး။ 


ဝမ်ယွမ်ကျန်း: "..." သူတို့နှစ်ယောက် ဘယ်လိုများ စုံတွဲဖြစ်လာတာလဲဟေ


အစပိုင်းတွင် လုယန်က အလှတရားကြောင့် လုံးဝမူးဝေသွားရတယ်လို့ သူထင်ခဲ့ပေမယ့် နှစ်ဝက်ကျော်ကြာသွားခဲ့သော်လည်း ဇနီးမောင်နှံဟာ အတူတကွ ပျော်ပျော်ရွှင်ရွှင်နေနေကြတုန်းပဲ။ 


အစကတော့ အိမ်ထောင်ကျခါစဖြစ်လို့ဆိုရင်... အခုကျတော့ရော


လုယန်ဆီမှာ တကယ်ပဲ တစ်ယောက်နဲ့တစ်ယောက် ပေါင်းသင်းဆက်ဆံနိုင်တဲ့ ထူးခြားတဲ့ နည်းလမ်းတစ်ခုရှိနေတာများလား


ဝမ်ယွမ်ကျန်းက မိသားစုခြံဝင်းဆီသို့ တစ်ဖန်ရောက်ရှိလာပြန်ကာ ဝမ်းနည်းနေတဲ့မျက်နှာထားဖြင့် ဂိတ်တံခါးဝ၌ ရပ်လျက် အစောင့်တွေကို ကြည့်နေခဲ့သည်။ သူ ဒီကို ပြောင်းရွှေ့လာရတော့မယ်လို့ ခံစားရတဲ့အချိန်တိုင်း ခြေတစ်လှမ်းဝေးကွာနေတုန်းပဲကွာ။ 


အရင်ကအကြောင်းတွေကို ပြန်မပြောလိုပေမယ့် နောက်ပိုင်းတွင် ရှောင်ရှဲ့နှင့် ရှောင်ဟွမ်တို့လည်း နောက်ပြန်ဆုတ်သွားကြပြန်ရော။ တကယ်ပဲ သူ ထာဝရလူပျိုကြီး ဖြစ်သွားတော့မှာလား


မိုးခေါင်ရေရှားတဲ့ဒုက္ခကို ရင်ဆိုင်နေရသော နေရာများနှင့် ရေဘေးကြောင့် သေဆုံးသွားရသော နေရာများရှိကြသလိုမျိုး တစ်ခါတစ်ရံ နတ်ဘုရားက လူတွေနဲ့ ဆော့ကစားတတ်ပုံရ၏။ 


သူက ဇနီးတစ်ယောက်ရှာဖို့ အလေးအနက်ဖြစ်နေခဲ့ပေမယ့် အခုထိအိမ်ထောင်မပြုနိုင်သေးဘူး။ အလျင်မလိုတဲ့ ရဲဘော်လုကတော့ ခင်ပွန်းဘဝ၊ ဖခင်ဘဝကို ရောက်သွားခဲ့ချေပြီ။ 


ဝမ်ယွမ်ကျန်းက လုမိသားစုခြံတံခါးဆီသို့ လျှောက်သွားတဲ့အခါ အသက်ရှူမှားလုနီးနီးပင်။ ဘာလို့လဲဆိုတော့ လအနည်းငယ်ကြာပြီးတဲ့နောက် သူ့ရှေ့ကခြံဝင်းဟာ သူ့စိတ်ထဲက ခြံဝင်းနဲ့ အများကြီးကွဲပြားနေတာကြောင့်ပဲပေါ့။ 


ပျိုးပင်နည်းနည်းသာရှိတဲ့ စွန့်ပစ်ခြံဝင်းဟာ သစ်သီးဝလံတွေနှင့် ပန်းပင်တွေ ပြည့်နေတဲ့ လှပဝေဆာတဲ့ခြံတစ်ခြံအဖြစ် ပြောင်းသွားခဲ့တာပဲ။ 


Thanks for reading!