Chapter 81
Viewers 8k

🧝Chapter 81




အခြားသူများ၏ စောင့်ကြည့်ခြင်းကို ခံနေရသော မင်းချွင်း ယခု အနည်းငယ် မကျေမနပ်ဖြစ်နေသည်။


ပထမတစ်ခုက မြို့ထဲမှာ ဖွင့်ထားသည့်ဆိုင်ဖြစ်၏။လုပ်ငန်းက ကောင်းပေမဲ့ ပင်ပန်းပြီး ဖရိုဖရဲ ဖြစ်နေသည်။


တိုဟူးအလုပ်ရုံကိုဖွင့်ချိန်က မင်ချွင်းသည် မြောင်မိသားစု၏ လူအင်အားနှင့် ပစ္စည်းအရင်းအမြစ်ကို အားကိုးသောကြောင့် ဆားရည်အနည်းငယ်သာလုပ်ခဲ့ရပြီး လွယ်ကူသောအလုပ်အတွက် ငွေရခဲ့သည်။ ယခု သူ မိမိလက်ဖြင့် အရာရာကို လုပ်ရမည်ဖြစ်ပြီး ငွေရှာနိုင်သည်ကို သူသိသော်လည်း ပင်ပန်းနွမ်းနယ်နေဆဲ​ဖြစ်သည်။ ဝတ္ထုထဲမှာ ရေးထားသည့် လုပ်ရိုးလုပ်စဉ်တွေက လွယ်ကူပေမဲ့ တကယ့်လက်တွေ့ အကောင်အထည်ဖော်မှုက နည်းနည်းမှ စိတ်လှုပ်ရှားစရာမကောင်းပေ။


နောက်တစ်ခုက သူတို့သားအမိမှာ နောက်ခံမရှိသလို အားကိုးစရာမိသားစု​မရှိမှန်း တစ်ယောက်ယောက်က သိသွား၍ဖြစ်မည်။လုပ်ငန်းကောင်းပြီးနောက်   အကာအကွယ်ပေးခဆိုပြီး ခဏခဏလာကောက်တတ်သည့် ရိုက်စားတွေလည်းရှိလာသည်။တစ်လကို တစ်ခါ၊ နှစ်ခါ သုံးခါလောက်ဆိုပေငြား အစားအသောက်တွေ အများကြီးယူသွားက သည်းမခံနိုင်စရာပင်။


မင်ချွင်းက ဆုံးရှုံးမှုကို မခံစားချင်သောကြောင့် အကြိမ်အနည်းငယ်အကြာတွင် တာဝန်ရှိသူထံသို့ တိုက်ရိုက်သတင်းပို့ခဲ့သည်။ အဆင့်တိုင်းတွင် သူ့အား ခက်ခဲစေခဲ့သည်သာမက၊ ရဲအရာရှိများနှင့် အရာရှိများကိုပင် ကိစ္စချောမွေ့စေရန် ငွေအနည်းငယ်လည်း သုံးစွဲခဲ့ရသည်။ ရလဒ်အနေနှင့်၊သူ ပိုက်ဆံပေးရသောသူက လမ်းဘေးလူမိုက်မှ ရဲအရာရှိတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားပြီး၊ သည်းမခံနိုင်သောအဖြစ်မှ သည်းခံရသောအရာအဖြစ် ပြောင်းလဲသွားခဲ့သည်။


တစ်ခုသာ၊တေးခြောက်ဆယ်က သူ၏ လက်ဖွာသော အသုံးစရိတ်ကို တကယ်မတတ်နိုင်ဖြစ်နေသည်။သူ့ဆိုင်ကို စပြီး ဆောက်တုန်းက ​တေးသုံးဆယ် ကုန်ကျခဲ့သည်။ဆိုင်ဖွင့်သည်က အမြဲ ပြုပြင်စရိတ်တချို့ကုန်သည်။ဆယ်တေးပြောင်သွားပြီး အစိုးရကိုထပ်ပေးပြီးနောက် လက်ထဲတွင် ငွေ ထက်ဝက် လျော့သွားသည်။ ကံကောင်းထောက်မစွာဖြင့် လျန်ဖိ(ခေါက်ဆွဲအေး)လုပ်ငန်းကကောင်းနေသည်။ရဲမက်များအတွက် လစဉ် ငွေ များကို နှုတ်လိုက်လျှင်ပင် တစ်​တေးနှစ်တေး ရနိုင်သေးသည်။


အစတုန်းက ဟင်းချက်နည်းကို စားသောက်ဆိုင်ကို တိုက်ရိုက်ရောင်းဖို့ တွေးခဲ့သည်။ကံမကောင်းစွာနှင့်ပဲ လူတွေက တိုဟူး​နှောင်းချက်နည်းနှင့်ပတ်သက်၍ထင်မြင်ချက်များရှိနေဆဲဖြစ်သည်။ အနာဂတ်မှာ ပေါက်ကြားသွားနိုင်သည်ဟု ထင်သည့်အတွက် စျေးမြင့်မြင့်နှင့် မဝယ်ချင်ကြ​ပေ။စျေးညှိနှိုင်းပြီးနောက် မင်ချွင်း ကိုယ်ပိုင်ဆိုင်ဖွင့်ရန် ဆုံးဖြတ်ခဲ့သည်။


မထင်မှတ်ပဲ၊ နောက်ဆုံးတော့ ဆိုင်ကို တည်ငြိမ်​အောင်လုပ်နိုင်ပြီး သူ့ဘဝက လမ်းကြောင်းမှန်ပေါ် ရောက်နေပြီဟု ထင်နေစဥ် တစ်နေ့မှာ ဆိုင်ကို ပြုပြင်နေ​ပြီး သူကအခန်းထဲမှာ ပိုက်ဆံတွေ ရေတွက်နေချိန်မှာ ပိတ်တော့မည့် ဆိုင်ဆီက အသံတချို့ ကြားလိုက်ရသည်။ နားမလည်ဖြစ်ပြီး အပြင်သွားကြည့်သည့်အခါ ဤခန္ဓာကိုယ်၏အ​မေဖြစ်သူက အဒေါ်တစ်ယောက်ကို ခေါ်ပြီး သူ့အတွက် မုဆိုးဖိုတစ်ယောက်ကို အမြန်ဆုံးရှာ​​​ပေးစေချင်​သည်ဟု ပြောသည်ကို တွေ့လိုက်ရသည်။


သူက ဒီမိန်းမကို ထောက်ပံ့ဖို့ ကြိုးကြိုးစားစား လုပ်နေတာတောင်မှ အခု ဒီမိန်းမက သူ့လည်ပင်းမှာ ကြိုးတပ်ချင်နေပြီ...


ချက်ချင်းပင် သူက အောင်သွယ်​တော်ကို မောင်းထုတ်ပြီး ဒေါသတကြီး လှည့်ကြည့်လိုက်သည်။ 


မင်ချွင်းက စားပွဲကို ရိုက်လိုက်သည်။

"အ​မေ...ဘာလုပ်လိုက်တာလဲ...ကျွန်​တော်က ပိုက်ဆံမရှာနိုင်လို့လား...အမေသုံးဖို့ ပိုက်ဆံ ရှားပါးနေလို့လား...အမေ အခုကောင်းကောင်းမွန်မွန်ဘဝနဲ့နေနေရတာလေ...ထပ်ပြောခိုင်းနေတာလား... ဘာလုပ်နေတာလဲလို့"


အဒေါ်ယွမ်က ဤတစ်ခေါက်တွင်ပေါက်ကွဲသွားပုံရသည်။

"မင်းမှာ ပိုက်ဆံရှိတာမရှိတာက အရေးမကြီးဘူး...ပြည့်တန်ဆာအိမ်ထဲကမိန်းမတွေလည်း ချမ်းသာကြတာပဲ...

ဘဝကို ကောင်းကောင်းမွန်မွန်ဖြတ်သန်းနေတယ်လို့ဘယ်သူပြောရဲလို့လဲ"


"ပြည့်တန်ဆာ...ခင်ဗျားက ကျွန်​တော့်​ကို တကယ်ကြီးပြည့်တန်ဆာနဲ့နှိုင်းလိုက်တယ်ပေါ့လေ..."

မင်ချွင်းက ဒေါသတကြီးရယ်လိုက်သည်။


"အခု မင်းအကြောင်း တခြားသူတွေဘာပြောနေကြလဲ မင်းသိလား...ကွာရှင်းထားတဲ့ မသန့်ရှင်းတော့တဲ့ကောတစ်ယောက်က ဆိုင်ဖွင့်ထားတာ...ကြေးအတွက်က တချို့အရာတွေကိုအလကားထိလို့ရတယ်...ပိုက်ဆံပေးရင် ပိုတောင်ထိလို့ရသေးတယ်...ပျော်စရာကြီးတဲ့...ဒီစကားက မှားလို့လား"


အဒေါ်ယွမ်က ဒေါသတကြီးဆိုသည်။

"အမေက မင်းလောက်အရှက်မမဲ့ဘူး...အရင်က မင်းမြောင်ယွမ်နဲ့ပတ်သက်ခဲ့မှန်း ငါမသိခဲ့ဘူး...အဲဒါက အမေမင်းကို ကောင်းကောင်းဂရုမစိုက်ခဲ့မိလို့...ဒါပေမဲ့ မင်းကတံခါးဝကိုရောက်လာတဲ့ယောကျာ်းတိုင်းနောက်ကိုလိုက်ချင်နေတုန်းပဲ...အမေ မင်းကို ဒီလိုမျိုးအထိန်းအကွပ်မဲ့လုပ်ခွင့်မ​ပြုဘူး...မင်းက နတ်ဆိုး ဝင်စီးတာခံလိုက်ရပေမဲ့ အမေကတော့ဝင်စီးမခံရသေးဘူးကွဲ့"


ဝင်စီး​ခြင်း(ခန္ဓာကိုယ်အပိုင်သိမ်းခြင်း)အကြောင်း ပါလာသောအခါ မင်ချွင်း အသက်ရှုပြန်ထိန်းပြီး အသံကိုပျော့အောင်လုပ်လိုက်သည်။


"အမေ ကျွန် ကျွန်တော်လည်း  ​မြောင်ယွမ်ကို ဒေါသထွက်တာပါပဲ... သူတို့မိသားစုက ကျွန်တော့်ကို ဒီလိုမျိုးစွန့်ပစ်လိုက်တော့ သူတို့ထက် ပိုကောင်းအောင် လုပ်ချင်တယ်...အမေပြောတဲ့ ထိတာတွေဘာတွေက လက်​တွေဘာတွေမပါသလိုအဲဒီလို ဘာတစ်ခုမှမပါဘူး... လူတွေက လျှောက်ပြောနေကြတာပါ...သူတို့ခန္ဓာကိုယ်ပေါ်မှာ ပါးစပ်ပါနေတာ ကျွန်တော်က ဘာလုပ်နိုင်မှာလဲ"


"ဒါဆို ရွာကအဒေါ်ရွှေ ဘာဖြစ်​သွားလဲ မ​မေ့နဲ့​နော် ...အမေမင်းကို နောင်ကျမင်းကိုအဲလိုမျိုးမဖြစ်စေချင်ဘူး...

 လူဆိုးတစ်ယောက်အတွက်နဲ့ အမေမင်းအဖေကိုအရှက်မရစေချင်ဘူး"

အဒေါ်ယွမ်က တင်းမာစွာပြောသည်။


မင်ချွင်းက သူ့နှုတ်ခမ်းတွေကို မဲ့လိုက်သည် ။နာမည်၊ဂုဏ်သတင်း၊သိက္ခာ

မင်ချွင်းက ထိုသို့သော ရှေးခေတ်ကအရာတွေကြောင့် သက်ရောက်ခံရမှာမဟုတ်ပေ။ ကောလဟာလတွေကြောင့်နှင့် သူ့ကိုယ်သူအတင်းသတ်သေမှာမဟုတ်ပေ၊ သူ့မှာ ငွေရှိသရွေ့ ကောင်းမွန်သော ဘဝမှာနေထိုင်ရသရွေ့အဆင်ပြေသည်။သို့သော် စေ့စပ်ပွဲ၏အရှိန်က အ​မေ​ဖြစ်သူအပေါ်တွင် ကျ​ရောက်နေဆဲ​ဖြစ်သဖြင့် သူ သူမကျေနပ်အောင်ချွေးသိပ်ရတော့သည်။


"အမေ... အဘွားကြီးတစ်ယောက်ကို ပိုက်ဆံ​ကောက်ခိုင်းရင်​ရော...ပိုက်ဆံအဝင်တော့နည်းသွားပေမဲ့ အတင်းအဖျင်းတွေလျော့သွားလိမ့်မယ်... စေ့စပ်ပွဲအတွက်တော့ တစ်နှစ်လောက် အချိန်ပေးပါ...ကိုယ်ဘာသာကိုယ်ရှာပါ့မယ်...တကယ်လို့မတွေ့ရင်

အမေ့ကိုပဲဆုံးဖြတ်ခိုင်းမယ်လေနော်"


မည်သို့ အဒေါ်ယွမ်သဘောတူပါ့မည်နည်း။

"မရဘူး...မင်းဘာသာမင်းရှာခိုင်းရမယ်...ဘယ်လိုရှာမှာလဲ...မြောင်ယွမ်လိုမျိုးတော့ထပ်မလုပ်နဲ့"

   

မင်ချွင်းက စိတ်ရှည်ရှည်ဖြင့် ပြောသည်။

"ဒါဆို အမေ မိတ်ဆက်ပေးတဲ့လူတွေက ကျွန်​တော်တို့သားအမိရဲ့ ပိုက်ဆံကို လောဘတက်နေတာမဟုတ်ဘူးဆိုတာ သေချာရဲ့လား... အမေ ဒီဆိုင်ကို မနာလိုဖြစ်နေတဲ့သူတွေ ဘယ်လောက်ရှိလဲအ​မေသိလား...ကိုယ်ရှာထားတဲ့ပိုက်ဆံတွေကို လူတွေကိုရိုက်၊လောင်းကစားလုပ်ပြီး ဖြုန်းတာက ပိုကောင်းမယ်လို့ အ​မေထင်​လား...ရှာချင်တာရှာ"


ငွေအကြောင်းကိုရောက်လာသောအခါ အဒေါ်ယွမ်က မသေချာသဖြင့် နှုတ်ခမ်းကို​ထော်သွားသည်။မင်ချွင်းက အောင်ပွဲအား အခွင့်ကောင်းယူကာဆက်ပြောသည်။

"ကျွန်တော်တစ်နှစ်ကိုယ့်ဘာသာကိုယ်ရှာကြည့်ပါတယ်... တကယ်လိုက်ရှာပေမဲ့ ပိုကောင်းတာတစ်ခုမှ မတွေ့ဘူးဆိုရင် အ​မေ့စီမံတဲ့အတိုင်းပဲလက်ခံလိုက်မယ်"


ထိုသို့ဖြင့် သားအမိနှစ်ယောက် ပြေလည်သွားသည်။


နောက်ပိုင်းမှာ လျန့်ဖိဆိုင်က အဘွားကြီးတစ်ယောက်ကို ပန်းကန်တွေချပိုက်ဆံကောက်ရန်ငှားလိုက်သည်။ထိုအချိန်မှာ ရန်သာ့လန် ရောက်လာလေသည်။


သို့ပေမဲ့ ရန်သာ့လန် ဆိုင်ထဲကို ဝင်လိုက်သည်နှင့် သစ်သားအကန့်နောက်ကွယ်မှာ အလုပ်ရှုပ်နေသည့် မင်ချွင်းကို ပြတင်းပေါက်ကနေ တွေ့လိုက်ရသည်။


ခေါင်းငုံ့ကာ လျန့်ဖိစားနေသော အမျိုးသားများထဲတွင် ရန်သာ့လန်က ဆိုင်တံခါးဝတွင် ရပ်ကာ နံရံပေါ်ရှိ မီနူးကို ကြည့်နေသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဂရုတစိုက် ချုပ်ထားသော ၀တ်စုံက သူ့အား အခြားသူများထက် အရပ်ရှည်ပြီး သွယ်သယောင်ဖြစ်သည်။သူ၏ အရပ်မြင့်မြင့်ခပ်မတ်မတ်ကိုယ်ဟန်အနေအထားကားက မင်ချွင်း၏ မျက်လုံးများကို ချက်ချင်း ဖမ်းစားလိုက်သည်။


ရန်သာ့လန်က ဟင်းသီးဟင်းရွက်စိုက်ခင်းများတွင် အလုပ်များပြီး တောင်ပေါ်ကို ရံဖန်ရံခါ လှည့်ပတ်သွားသော်လည်း ရှီရန်ဖြင့်ပျိုးထောင်ထားသောအစားအစာများစားပြီးနောက် ကောင်းမွန်သည့် အသားအရေ အရည်အသွေးနှင့်အတူ သူနှင့်လိုက်ဖက်သည့် ကြေးဝါရောင်အသားအ​ရေရှိ​လေသည်။၎င်းကိုမှ ယောကျာ်းပီသသော တောင့်တောင့်ဖြောင့်ဖြောင့်ခန္ဓာကိုယ်ကထပ်ပေါင်းထား၏။မျက်နှာပေါ်ရှိ အမာရွတ်များသည်ပင် အနီးကပ်မကြည့်ဘဲနှင့် သတိမထားမလောက်အောင်ထိ မှိန်ဖျော့နေပြီဖြစ်သည်။ယနေ့ခေတ်မှာ ထင်ရှားပေါ်လွင်သော သုံးဖက်မြင်မျက်နှာသွင်ပြင်များက တကယ်ကို မျက်စိဖမ်းစားစရာဖြစ်​နေသည်။


ဤအချိန်မှာ ရန်သာ့လန်က ပါဆယ်ထုပ်မည်၊သူဘူးယူလာခဲ့သည်ဟုပြောသည်ကို သူကြားလိုက်သည်။ဤခေတ်မှာ ပလတ်စတစ်အိတ်တွေ မရှိပေ။မင်ချွင်း အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။ဤလူက ဟယ်ကောအာစားရန် အထူးတလည်လာဝယ်ခြင်းဖြစ်မည်။


ထိုမျက်နှာလှလှလေးကို တွေးမိသောအခါ မင်ချွင်း သူ့စိတ်ထဲတွင် မ​နေနိုင်ဘဲ အနည်းငယ်ပိုနှိုင်းယှဥ်ကြည့်မိသလို မလိုလားစိတ်လည်းပိုဖြစ်မိသည်။သူလုယူလိုက်သော မြောင်ယွမ်က ရွာတွင် အကောင်းဆုံးဖြစ်သည်။ ဒီလူက ဘယ်လိုလုပ လှည့်လိုက်တာနဲ့ပိုကောင်းတဲ့လူတွေ့မှာလဲ... ယခု သူကယခုလို ဇိမ်ကျကျနှင့် သက်တောင့်သက်သာရှိသည်ဘဝမှာနေနေရသည်။ယင်းက သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပင်။


ဒါပေမဲ့... သူ့ရှေ့မှာ ပစ်မှတ်ကောင်းကောင်းရှိမ​နေဘူးလား...


အမေဖြစ်သူနှင့် အချိန်အတော်ကြာ ငြင်းခုံပြီးနောက် မင်ချွင်း သူ့အိမ်ထောင်ရေးကို ပြန်ဖြေရှင်းခဲ့ရသည်။ ဤအချိန်ကာလပြီးသောအခါ၊ အတိတ်ကသူမထီမဲ့မြင်ပြုခဲ့သော ဂုဏ်သိက္ခာနှင့် စည်းကမ်းများသည် နောက်ဆုံးတွင် သူ့ကို​ပြန်မထီမဲ့မြင်ပြု​နေကြောင်း ဝန်ခံရမည်။ သူ ဂရုမစိုက်ဘဲ မြောင်ယွမ်နှင့် အိပ်သည်၊ဂရုမစိုက်ဘဲ ကွာရှင်းပြီး ပိုက်ဆံကိုပဲ ကြည့်ခဲ့သည်။ ယခုမူ သူ အနည်းငယ် ဒုက္ခရောက်နေလေပြီ။


သူက အထိန်းအကွပ်မဲ့ခဲ့၍ကန်ထုတ်ခံရပြီးအပြစ်ပေးခံခဲ့ရသည်။


ဘယ်လောက်ပဲ ဝတ်ကောင်းစားလှတွေဝတ်ပြီး သူ့ကိုစိတ်ကျေနပ်စေမည်သူကိုရှာပါစေ၊စားသောက်ဆိုင်ထဲဝင်လိုက်လျှင်ပင် လက်ညှိုးတထိုးထိုးအလုပ်ခံရသည်ဖြစ်စေ၊ လူတချို့က သူ့ကို မကောင်းသော ရည်ရွယ်ချက်နှင့် ပြုံးပြသည်ဖြစ်စေရှိတတ်သည်။သူ့အမေ သူ့ကို သတိပေးခဲ့သည်ကမမှားပေ။သူ သူ့ဂုဏ်သတင်းကို လျစ်လျူရှုထားလျှင် ကိစ္စတွေကအလွန်ဆိုးရွားသွားမည်ဖြစ်ပြီး အနာဂတ်မှာ ​သူ့စီးပွားရေးကိုထိခိုက်လာစေလိမ့်မည်။ယောကျာ်းနောက်တစ်ယောက်ထပ်ရှာရန်လိုပုံရသည်။


သို့သော် ယခုချိန်မှာ မိသားစုကောင်းမှ ယောက်ျားဖြစ်ရန် လုံးဝမဖြစ်နိုင်တော့ပေ။  ချမ်းသာသော မိသားစုသို့ သွားလျှင်ပင် သူသည် အလွန်အမင်းအမုန်းခံရပေလိမ့်မည်။ အခြားသူများကို အခွင့်ကောင်းယူကာမှီခိုနိုင်စေရန် သူများက ရေထဲမကျအောင် ကယ်တင်သည့် လှည့်ကွက်ကို အသုံးပြုရန်ပင် သူ့အတွက်ခက်ခဲသည်။ အကြောင်းမှာ သူ့မှာ ဘာဂုဏ်သတင်းမှမကျန်တော့၍ပင်။


ထို့ကြောင့် သူ့အမေ သူ့အတွက်ရှာပေးသော ယောကျ်ားတွေက မုဆိုးဖို (ကွာရှင်းမှု နည်းပါး​သောကြောင့်) သို့မဟုတ် ဆင်းရဲနွမ်းပါးပြီး ငွေအလွန်အမင်း ချို့တဲ့သော ယောက်ျားတွေ ဖြစ်နေခြင်းပါပင်။သူ ထိုအနာဂတ်မရှိ၊ အသက်ကြီးကြီး၊ထိပ်ပြောင်ပြောင် ၊သူရဲဘောကြောင်သူများ၊ဇနီးသည်နှင့်လိင်ဆက်ဆံပြီးနောက် သူတို့ခွကြားကဟာကိုအတင်းဆွဲထုတ်ပြီး ဖုတ်ဖတ်ခါထသွားသူများနှင့် လိင်မဆက်ဆံချင်ပေ၊


ဒီလိုအခြေအနေမျိုးမှာ သူကြိုက်တဲ့လူကို ဘာလို့မရွေးချယ်ရမှာလဲ...သူနဲ့ လိုက်လျောညီထွေဖြစ်အောင်လုပ်၊ ပြီးတော့ သူနဲ့အတူနေ...


ယင်းကသေချာပေါက် ပိုခက်လိမ့်မည်။ ဒါပေမဲ့ ကြိုးစား​​ကြည့်ရင် ဘာကုန်သွားမှာမလို့လဲ...


ပိုပိုချမ်းသာလာ​နေတဲ့ရန်သာ့လန်ရဲ့ စည်းစိမ်ဥစ္စာ​တွေကိုပဲ ကြည့်လိုက်...သူ့မှာ တိုက်နဲ့ တောင်ကုန်းတစ်ခု ရှိတယ်... အခုဆိုသူက မြေရှင်တစ်ယောက်ဖြစ်လာပြီး သူများ​တွေကို  မြေအငှားချနိုင်နေပြီ... ငွေတစ်တေးနှစ်တေးစုမိဖို့ သူများကိုခေါင်းပုံဖြတ်လိုက်ရုံပဲ...


အစပိုင်းမှာ သူ မြောင်မိသားစု၏ ကျော်ကြားမှုနှင့် အာဏာအတွက် ဟယ်ကောအာ၏ ချစ်သူကိုခိုးယူနိုင်ခဲ့သည်။ထို့တူ​ ယခု ဟယ်ကောအာ၏လူကို ပိုက်ဆံအတွက် ထပ်ပြီး ခိုးယူရန်က ဘာမှမဟုတ်ပေ။ ထိုယောက်ျားက သားနှစ်ယောက်ကို ​​မွေးထားသော်လည်း အိမ်ထောင်ရေးကိုဖြိုခွဲရန် ပို၍ပင် ခက်ခဲပေလိမ့်မည်။ သို့သော် သူက တစ်ကြိမ် အောင်မြင်ခဲ့ပြီးပြီဖြစ်သည်ဒုတိယ အကြိမ် မရှိမှာကို ကြောက်နေရဦးမည်လော။ထို့အပြင်၊ ရန်သာ့လန်က မုဆိုးဘဝမှ မြေရှင်ဘဝအထိ ဖွံ့ဖြိုးတိုးတက်လာသူဖြစ်၍ အလွန်ရည်မှန်းချက်ကြီးသူဖြစ်ရမည်၊ သူ့လက်ထဲတွင် ချစ်ပ်ပြားများစွာရှိကာ ဖြည်းညှင်းစွာ မြှူဆွယ်မည်ဆိုပါက မ​​မြှူဆွယ်နိုင်မည်ကို ကြောက်ရွံ့နေရဦးမည်လော။


အခွင့်အရေးကို လက်လွှတ်မခံဘူးဆိုသည့် အတွေးကို လိုက်နာရင်း မင်ချွင်းက ရန်သာ့လန်၏ပါဆယ်ကို လက်ထဲမှာ ကိုင်ထား​ပြီး အဘွားကြီးကို ဖျက်ခနဲ ကျော်ကာပြောလိုက်သည်။

"ဒါကို ကျွန်​တော်ကိုယ်တိုင်ပဲ ယူသွား​ပေးလိုက်မယ်" 


ထိုသို့ပြောပြီးနောက် သူက အိုးကိုယူကာ ရန်သာ့လန်ဆီသို့ လျှောက်သွားလိုက်သည်။မင်ချွင်းက မျက်လုံးပင့်ကာ ပါးနပ်စွာပြောလိုက်သည်။

"ဆင့်ခုနစ်ဆယ်" 


ရန်သာ့လန်က ပိုက်ဆံပေးလာပြီး  မင်ချွင်းက ၎င်းကို ယူကာ ခါးပတ်ထဲသို့ ထည့်ဟန်​ပြုလိုက်သော်လည်း တ​ခြားလက်တစ်ဖက်က မတော်တဆ ချော်သွားပုံရသည်။ 


မင်ချွင်း၏လက်ထဲက အိုးသေးသေးလေးက ချော်ထွက်ပြီးရန်သာ့လန်ပေါ်ကျတော့မလိုဖြစ်သွားသည်။


သို့ပေမဲ့ မျက်စိတစ်မှိတ်အတွင်းမှာပဲ ရန်သာ့လန်က ဖမ်းကိုင်လိုက်ပြီး သူ့လက်ကိုလှည့်လိုက်ရာ အိုးက တနည်းနည်းဖြင့် သူ့လက်မောင်းကြား ပြန်ရောက်သွားသည်။


၎င်းတို့အနက်မှ အချိုရည်အနည်းငယ်ကသာ အိုးနှုတ်ခမ်းရှိပိတ်ထားသောအဝတ်ကနေစိမ့်ထွက်ပြီး ရန်သာ့လန်၏အဝတ်များကို စွန်းထင်းစေခဲ့သည်။


မင်ချွင်း အံ့သြသွားရင်း ချက်ချင်းပင် အားတုံ့အားနာဖြစ်ဟန်ဖြစ်သွားသည်။


"တောင်းပန်ပါတယ်...မရည်ရွယ်ပါဘူး...တကယ်တောင်းပန်ပါတယ်" 

ထိုသို့ပြောပြီး သူ့အင်္ကျီလက်တွေကို အမြန်ဆွဲတင်လိုက်ကာ သုတ်ပေးလိုက်သည်။


ရန်သာ့လန်က နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ သူ့လက်နှင့်ကာလိုက်သည်။ "မလိုပါဘူး" 


ထိုသို့ပြောပြီးနောက် မျက်မှောင်ကြုတ်ကာ လှည့်ထွက်သွားလေသည်။


မင်ချွင်းက မတတ်သာဟန်ဖြင့် ထိုနေရာတွင်ရပ်သာ ဆက်ကြည့်နေသည်။မင်ချွင်း သူ့ကိုယ်သူ တွေးလိုက်သည်။သူက တကယ်ကိုသူ့ကိုယ်သူကောင်းကောင်းကာကွယ်ထားသားပဲ ...ဒါပေမဲ့ နောက်ဆုံးကျတော့ သူလည်းဝင်ငြိသွားတာအဲလေ...နောက်ကျရင် ငါ သူ့အိမ်ကို ထပ်သွားဦးမယ် ...လက်ဆောင်လေးတစ်ခုပေး၊ တောင်းပန်ဖို့ပါလို့ပြောပြီး တစ်ဖက်လူနဲ့ သံသယမဖြစ်အောင် စကားစမြည်ပြော...အဲလိုဆို သူ ရန်သာ့လန်နံဘေးကို ရောက်မသွားဘူးလား...ဘယ်လောက်ရိုးရှင်းလိုက်လဲ...


သို့ပေမဲ့ မင်ချွင်းက ထိုသို့ တွက်ချက်နေချိန်မှာ ရန်သာ့လန်က မျက်မှောင်ကြုတ်ပြီး အိမ်ပြန်သွားသည်။


သူပြန်လာကြောင်းကြားသောအခါ ကောလေးက ဝမ်းသာအားရ ပြေးထွက်လာပြီး အိုးကို စူးစူးစိုက်စိုက်ကြည့်ကာ ဖွင့်လိုက်သည်။


"အာ တကယ်မိုက်​တယ်​...ဘာလို့အိုးနှုတ်ခမ်းက ​ပေနေတာလဲ ...ဖိတ်ထားတာလား"


ရန်သာ့လန်က  ​သိပ်ပျော််မနေပေ။ 

"သူက တမင်လွှတ်ချလိုက်တာ"


"အမ်"  


"သူက ကိုယ့်ပေါ်ကိုရည်ရွယ်ချက်ရှိရှိလွှတ်ချလိုက်တာ...တခြားရည်ရွယ်ချက်တစ်ခုခုကြောင့်"


ရန်သာ့လန်က ​​အခုချိန်ထိ နားကောင်းသော အချိန်ပိုင်းမုဆိုးတစ်ယောက် ဖြစ်နေဆဲဖြစ်၏။


မင်ချွင်း၏သစ်သား​ပြား နောက်ကွယ်က စကားလုံးတွေကို သူ ရှင်းရှင်းလင်းလင်း ကြားနိုင်သည်။


"အမ်"

မြောင်ဟယ် မျက်လုံးပြူးသွားသည်။ "ရည်ရွယ်ချက်ရှိရှိလား...လုပ်စမ်းပါ ကျွန်တော့်ကို  ရှင်းအောင်ရှင်းပြ"


အခန်းထဲက ကလေးနှစ်ယောက်က အိပ်ဆောင်ထဲမှာ သာ့ပိုင်နှင့် ကစားနေဆဲဖြစ်သည်ကို သူ မေ့သွားသည်။


သို့ပေမဲ့ သာ့ပိုင်ကတော့ စိတ်မဆိုးပါချေ။


ဒီဘုရင် အခုတလော အခန်းတွေအများကြီးလွတ်သွားတာပဲ မြောင်...